အခန်း ၈.၂

2.9K 560 9
                                    

အခန်း ၈.၂

မြင်ကွင်းကို ရှုစားပြီးနောက်မှာ ကျန်းလော့ ပိုပြီးနေလို့ ကောင်းလာခဲ့ပြီး ရှုခင်းတွေကို နေ့လည် တစ်ခင်းကြီး ကြည့်ပြီး သွားချိန်မှာတော့ သူ စိတ်ပေါ့ ပါးသွားကာ အိပ်ရေးပျက်ထားတာတွေ အတွက် အစားပြန်အိပ်ဖို့ အခန်းထဲကို ပြန်ဝင် သွားလိုက်သည်။

ကျောင်းဝန်းထဲမှာရှိသော လေထုက အင်မတန် လတ်ဆတ်ပြီး ကျန်းလော့ အိပ်ပျော်သွားဖို့ အချိန်သိပ်မကြာလိုက်ချေ။

ညက နက်သထက် နက်လာခဲ့သည်။

သစ်ပင်ထက်မှာ နားနေခဲ့သော စာကလေးငှက်လေးက သူ့အတောင်ပံ တွေကို ဖြန့်ကာ ဝရံတာပေါ်ဆင်းသက် လာခဲ့သည်။ ထို့နောက်မှာတော့ သူ့ရဲ့ အတောင်ပံတွေကို ထပ်ဖြန့်ပြီး အိပ်ခန်း ထဲသို့ပျံကာ ခုတင်ပေါ်မှာ နားလိုက် သည်။

သူ့ရဲ့ပါးစပ်ထဲက သွေးစက်ကို ကျန်းလော့ ရဲ့ နဖူးပေါ် စာကလေး ထွေးချလိုက် သည်။

အရောင်ရင့်ရင့် သွေးစက်က အမျိုးအမည် မသိရသောအလင်းတစ်ခု လက်သွားခဲ့ပြီး ကျန်းလော့ မျက်မှောင် ကြုတ်ကာ အိပ်မောကျခြင်းထဲသို့ သက်ဆင်းသွားတော့သည်။

......

ကျန်းလော့ ချွေးတွေနှင့် ရွှဲနစ်နေတာကို ခံစားလိုက်ရသည်။

အသက်ရှုသံတွေက လေးလံလာပြီး ခက်ခဲလာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး မီးထဲရောက်နေသလို ‌ခံစားနေရပြီး သူ့ရဲ့ နှာဖျားဝမှာ တဖြည်းဖြည်းနှင့် လောင်ကျွမ်းနေ‌သော အနံ့တွေ ရလာခဲ့ သည်။

အသက်ကိုရှုသွင်းတယ် ... ရှုထုတ်တယ်။

စိတ်ပိုင်းဆိုင်ရာအရတော့ သူ တဖြည်း ဖြည်းနှင့် သတိပြန်ကပ်လာခဲ့ပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာတော့ တောင်ကြီး တစ်တောင်က သူ့ကိုဖိထားခဲ့သလိုမျိုး ခံစားနေရပြီး ကြွက်သားလေးတစ်ခု တောင် သူမလှုပ်နိုင်ချေ။

ဖာခ့်။

သရဲစီးနေတာပဲ။

ကျန်းလော့ သူ့မျက်လုံးတွေကို ဖွင့်ကြည့် ဖို့ ရုန်းကန်နေချိန်မှာ တစ်စုံတစ်ယောက် ရဲ့ ရယ်သံကို သူ့နားထဲမှာ ကြားလိုက်ရပြီး သူ့ကို ဖိထားခဲ့သော လေးလံမှုကြီးက ချက်ချင်းဆိုသလို ပျောက်သွားခဲ့ကာ သူ မျက်လုံးတွေကို ဗြက်ခနဲ ဖွင့်လိုက်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now