အခန်း ၃၆

2.9K 586 12
                                    

အခန်း ၃၆

တပည့်ဖြစ်သူက စကားတစ်ချို့ကို တီးတိုးပြောပြီး ကျန်းလော့ကို နှစ်သိမ့်ပေးလာခဲ့သည်။ ကျန်းလော့ သူ၏ ညိုးငယ်လွမ်းဆွေးမှုကို အဝေးပို့လိုက်ပြီး တပည့်ဖြစ်သူကို အားရှိသည့် အပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်"

ပူဆွေးမှုကို တောင့်ခံနေသည့် အမူအရာလေးက ထိရှလွယ်ပြီး လှပနေခဲ့သည်။တပည့်ဖြစ်သူက သူ့ကို မျက်လုံးမှေးကျဉ်း၍ ကြည့်လိုက်ပြီး လက်ကိုင်ပုဝါကိုထုတ်ကာ ကျန်းလော့ကို ပေးလိုက်သည်၊ ပါးစပ်ကလည်း ‌နွေးနွေးထွေးထွေး ပြောလိုက်၏။ "သေသွားတဲ့သူတွေက ပြန်ရှင်မလာနိုင်တော့ဘူးလေ"

ဖုန်းလီက တိုက်တိုက်ဆိုင်ဆိုင်ပင် အော်ခေါ်လာခဲ့သည်။ "ကျန်းလော့"

ကျန်းလော့ တပည့်ဖြစ်သူဆီက လက်ကိုင်ပုဝါကို ယူလိုက်ပြီး မရှိသော မျက်ရည်‌ကို သုတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ... အစ်ကို့ရဲ့နာမည်က ဘယ်သူ...."

တပည့်က ပြောလာခဲ့၏။ "အစ်ကို့ကို စီနီယာအစ်ကိုချောင်လို့ပဲ ခေါ်ပါ"

စီနီယာအစ်ကိုချောင်ကို ကျန်းလော့ ကျေးဇူးတင်လိုက်ပြီး ဖုန်းလီဆီ သွားလိုက်သည်။ "လူကြီးမင်းဖုန်း"

ဖုန်းလီက သူ့ကို ဝမ်းနည်းနေသည့် အမူအရာဖြင့် ကြည့်လာခဲ့ပြီး သူ၏ ကြည့်ကောင်းသော မျက်ခုံးကို တွန့်ချိုးထားခဲ့ကာ တဲ့တိုးပင် ပြောလာခဲ့သည်။

"မင်း ငါ့ကို ဆရာအဖြစ်တော်ချင်လား"

ဖုန်းလီကို ဆရာတင်ရမယ်။ သေချာပေါက်ကို ကျန်းလော့ ဆန္ဒရှိတာပေါ့။

မူလစာအုပ်ထဲက ဇာတ်လိုက်ကသာ သူ့ဆရာဖြစ်လာခဲ့လျှင် သူ့ဘဝကို ကယ်တင်နိုင်မည့် အသက်ကယ်ကတ်ကြီး ရလိုက်သလိုဖြစ်မှာပင်။ ချန်ဖိက သူ့ကိုဘာလို့ ထျန်းစစ်ဖူကို ခေါ်လာခဲ့လဲဆိုတာ ကျန်းလော့ သဘောပေါက်သွားခဲ့သည် သို့သော် သူ ချက်ချင်းသဘောမတူလိုက်ပေ။

"လူကြီးမင်းဖုန်း ... ကျွန်တော့မှာ ဆရာရှိပြီးသားပါ"

ချန်ဖိ မြန်မြန်ပင် ပြောလိုက်၏။ "အဲတာက အဆင်ပြေပါတယ် ... ဆရာ့အတွက် စိတ်မပူပါနဲ့။ မင်းလည်း အရွယ်ရောက်လာပြီလေ ပြီးတော့ ဆရာက မင်းကို ဘာမှဖြစ်ဖြစ်မြောက်မြောက် မသင်ပေးခဲ့မိဘူး... ဆရာတစ်ယောက်ရဲ့ တာဝန်တွေကို လစ်ဟင်းခဲ့မိတယ်။ ဟောဒီ့က ကောင်းကင်ဘုံ အရှင်သခင်က မင်းရဲ့ဦးလေးပဲ။ ဒါကြောင့်မို့ သူ သင်ပေးမယ်ဆိုတော့ ဆရာ စိတ်အေးသွားပါပြီ။ မင်း အတွက်လည်း ဝမ်းသာမိတယ်"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now