အခန်း ၃.၁

3.8K 600 23
                                    

အခန်း ၃.၁

မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေထဲမှာ ထိုကဲ့သို့သော အနက်ရောင်မြူမျိုးကို ဘယ်တုန်းကမှ တွေ့ခဲ့ခြင်းမျိုးမရှိချေ။

ကျန်းလော့ ဤကိစ္စကို သူ့စိတ်ထဲမှာပဲ ထားလိုက်ပြီးနောက် သူဌေးနောက်ကို လိုက်၍ အိပ်ပျော်နေသောမင်းသမီး လေးအပြင်အဆင်နှင့် အခန်းဆီသွား လိုက်သည်။

ထိုဟာက အခန်းရဲ့အလယ်မှာ ကုတင် ကြီးသုံးလုံးရှိသော သုံးခန်းတွဲကြီးဖြစ်ပြီး အခန်းအပြင်အဆင်က မိန်းကလေးတွေ ရဲ့ အိပ်မက်ဆန်ဆန် ခံစားမှုရသ အပြည့် အဝပင်။ အနောက်ဘက်မှာ ဖွင့်ထားတဲ့ ပြတင်းပေါက်တံခါးကို မထိမိစေဖို့ အစိမ်းရောင်အပင်လေးတွေ စိုက်ထားတဲ့ ပန်းအိုးကို နံရံထောင့်မှာ ထားထားခဲ့ သည်။

သူဌေးက တံခါးနားမှာ ရပ်၍ အခန်းကို ကြောက်ရွံ့နေသော အမူအရာဖြင့် ကြည့် နေခဲ့သည် အခန်းထဲမှာရှိနေသော မကောင်းဆိုးဝါး တစ်ကောင်ကောင်က သူ့ကို ဝါးမျိုတော့မည့်သကဲ့သို့။

"လွန်ခဲ့တဲ့တစ်လလောက်က ပျောက်သွားကြတဲ့ ဧည့်သည်သုံးယောက် ဒီအခန်းကို ငှားရမ်းခဲ့ကြတယ်။ မိန်းကလေး သုံးယောက်ပေါ့။ သူတို့ တွေက ဆက်ဆံရေးလည်း ကောင်းကြ ပြီးတော့ ကျောင်းတက်နေတုန်းပဲ ရှိသေး တာ။ စောင့်ကြည့်ကင်မရာ မပျက်ခင် တုန်းက သူတို့တွေ အနားယူဖို့ရာအတွက် သူ့တို့ အခန်းကိုပြန်သွားကြတာကို ရိုက်မိလိုက်တယ် ဒါပေမယ့် နောက်နေ့ ကျတော့ တစ်ယောက်မှ ထွက်မလာ‌ကြ ဘူး။ ဦးလေးတို့ တံခါးကို ဖွင့်ကြည့် လိုက်တဲ့အခါကျ သူတို့တွေမရှိကြ တော့တာကို တွေ့လိုက်ရတယ်"

သူဌေးဖြစ်သူ နှစ်ကြိမ်တောင် တုန်တုန် ခိုက်ခိုက်ဖြစ်သွားခဲ့ပြီး သူ့မျက်လုံးတွေ ထဲရှိ အကြောက်တရားတွေ ‌ထွက်ပြူလာ ခဲ့သည်။ "သူတို့နဲ့ အခန်းချင်းကပ်ရပ်မှာ နေကြတဲ့ သူတို့ရဲ့အဖော် ကောင်လေး နှစ်ယောက်ကလည်း အဲဒီ့မိန်းကလေး တွေ တစ်ညလုံးအပြင်ပြန်ထွက်မလာတဲ့ အကြောင်းကို သက်သေခံနိုင်တယ် ... သူတို့တွေ အိပ်ရာမဝင်ကြခင်က အဲဒီ့ ကောင်လေးနှစ်ယောက်ကိုတောင် နှုတ်ဆက်သွားကြသေးတယ်။ သူတို့တွေ မရှိကြတော့မှန်း သိသိချင်းပဲ ဦးလေးတို့ ရဲကို အကြောင်းကြားခဲ့ကြတယ်။ ဟိုတယ်တစ်ခုလုံးကို မြေလှန်ရှာခဲ့‌ပေ မယ့်လည်း သူတို့ရဲ့အရိပ်အယောင်ကို တောင်မှ မတွေ့ခဲ့ရဘူး"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now