အခန်း ၇၃ Unicode

2.4K 518 7
                                    

အပိုင်း (၇၃) ချီအိမ်မှ အောင်အောင်မြင်မြင် ထွက်ခွာ

ချီယုံသည် အနည်းငယ်အာရုံပျံ့နေသည်။ သူသည် ခေါင်းကုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှနာကျင်မှုသည် ဆုတ်ဖြဲနေသလိုပင် သို့သော် ထိုသို့နာကျင်နေရင်းမှ ဆန္ဒတစ်ခုသည် နှလုံးသားထဲမှ ပြင်းပြစွာတောက်လောင်နေသည်။ အံ့ဩဖွယ်ခံစားချက်ပင် ။ သူ့နှလုံးသားကို ပုရွက်ဆိတ်များတက်နေသလို ရွစိရွစိဖြစ်နေပြီး သူသည်လည်း သကြားလုံးကို မြင်နေရပြီး မစားရသော ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေသည်။ 

ချီယုံသည် စာအုပ်ကိုပိတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူသည် စာအုပ်အဖုံးကို စည်းချက်ညီညီလက်ချောင်းနှင့် ခေါက်လိုက်ပြီး လည်ချောင်းထဲသို့တက်လာသောသွေးများကို ပြန်မျိုချလိုက်ကာ အပြုံးအကြီးကြီးပြုံးနေသည်။ 

‘ကျန်းလောကို လူကိုယ်တိုင် နောက်တစ်ခေါက်ထပ်တွေ့ချင်တယ်’

လျောင်ဇီသည် သူ့သခင်နှင့် သခင့်ချစ်သူနှစ်ယောက်၏ အချစ်ကစားပွဲကို လိုက်မမှီတော့ပေ။ သူသည် လှောင်သလိုလို ရွဲ့သလိုလို နှစ်ကြိမ်လောက်ပြုံးလိုက်ပြီး 

“အဲ့ဒီလိုလား”

သို့သော် လျောင်ဇီစကားပြောလို့ပြီးသွားပြီး အချိန်ကြာသည်အထိ သူ့သခင်ဘက်က ဘာမှပြောသံမကြားပေ။ ထို့ကြောင့် သူသည် သူ့သခင်က သူ့ကို စကားမပြောချင်တော့မှန်း သဘောပေါက်သွားသည်။ လျောင်ဇီသည် သက်ပြင်းချလိုက်ပြီး သူ့ဘေးမှ ထန်ပိကို အတွန့်တက်လိုက်သည်။

“သခင်ကလေ နေ့တိုင်းတစ်ခေါက်လောက်တော့ ပျောက်ပျောက်သွားတယ်နော် ပြီးတော့ သူဘယ်သွားလဲ ဘယ်သူမှ မသိရဘူး”

ထို့နောက် သူ့ကိုယ်သူပြောလိုက်ပုံဖြင့်

“ဟွာပိလို သခင့်ဘေးမှာအကြာဆုံးခစားဖူးတဲ့သူတောင် မသိရဘူး”

ထန်ပိသည် သတိပေးလိုက်သည်။

“သခင့်ကို ကျော်ပြီး ဘာမှမသိချင်နဲ့”

လျောင်ဇီသည် ပုခုံးတွန့်လိုက်ပြီး အကြောင်းအရာပြောင်းလိုက်သည်။ 

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now