အခန်း ၉၂

926 138 0
                                    

အပိုင်း (၉၂) သရဲငါးကောင်ရွှေ့ပြောင်း အစီအရင်

ကျန်းလော် "............."

သူသည် တိတ်ဆိတ်သွားကာ ပြောလိုက်သည်။

"မေးခွန်းကောင်းပဲ"

သူပြုံးလိုက်ပြီး ဟုတ်ကြောင်းဖြေလိုက်မှ ကောကျူသည် ကျန်းလော်ဘယ်လိုလုပ်ပြီး အဲ့ဒီလူက သူကိုယ်တိုင်ပါလို့ သိလဲ သဘောပေါက်သွားရသည်။

"ဒါပေမဲ့ အခုအဲ့ဒါ ငါဟုတ်မဟုတ်က အဓိကမကျဘူး"

ကောကျူ

"ကျန်းလော် ဒီကိစ္စက တကယ်အရေးကြီးတာနော်"

ယခုလို လူတိုင်းက သူတို့ကို စိတ်ဝင်တစားကြည့်နေကြချိန်တွင် အလိုက်သင့် သရုပ်ဆောင်ကြရန် ခက်ခဲသည်။ ကျန်းလော်သည် ပြီးပြည့်စုံစွာပြောသည်။

"ဒီလောက်ကတော့ ဘာမှမဟုတ်ပါဘူးကွာ"

သူသည် လူချမ်းသာတစ်ယောက်လို ပြုံးလိုက်ပြီး ကပ္ပတိန်ကို ခေါင်းညိတ်၍ မေးဆတ်ပြလိုက်သည်။ ကျန်းလော်ထင်သည်မှာ သူ့ကို ဒီလိုကျဉ်းထဲကျပ်ထဲပို့သူသည် ချီယုံသာဖြစ်နိုင်သည် ဟုထင်သည်။ သူသည် တစ်စုံတစ်ယောက်ကို ဝင်ပူးထားမည့် ချီယုံ့ကို လိုက်ရှာသည်။ သို့သော် ချီယုံ့ကို လူတိုင်းထံတွင် လုံးဝမတွေ့ပေ။

ကောကျူသည် အလွန်ထိတ်လန့်နေပြီး ဆက်ပြောနေသေးသည်။

"ငါတို့ဘာလုပ်ကြမလဲ ဘယ်လိုလုပ်မလဲလို့ ငါတို့မှာ ပိုက်ဆံတစ်ပြားမှမှမရှိတာ၊ ငါအကောင်းဆုံးမင်းအတွက်လုပ်ပေးနိုင်မှာက ငါ့ကျောက်ကပ်ထုတ်ရောင်းဖို့ပဲကွ သားကြီးရေ ဒါနဲ့ ကျောက်ကပ်တစ်လုံးကို ဘယ်လောက်လောက်ရလဲ မင်းသိလား"

လေလံပွဲအပြီးတွင် ပထမအသုတ်မှ လူဆယ်ယောက်သည် ကပ္ပတိန်ထံသို့ သွား၍ ငွေချေရသည်။ ကျန်းလော်သည် မီးစင်ကြည့်ကရန် သူ့ဘေးမှတစ်ယောက်ကို မျက်နှာပြောင်စွာ ကြားဖြတ်ပြီး ကပ္ပတိန်ထံသို့ သွားလိုက်သည်။ သို့သော် ကပ္ပတိန်သည် သူ့ကိုပြုံးပြ၍

"မစ်စတာကျုံး လူကြီးမင်းအတွက် ငွေပေးချေပြီးပါပြီ"

ကျန်းလော်သည် အေးခဲသွားပြီး ရယ်မောလိုက်ကာ

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now