အခန်း ၉.၂

3.1K 566 22
                                    

အခန်း ၉.၂

"စိတ်လှုပ်ရှားရပြီးတော့ လေးနက် သိမ်မွေ့တဲ့ ဒိတ်တွေကိုလည်း ငါတို့ အတူတူ ခံစားခဲ့ကြတယ်" မီးလောင်တယ်၊ ရေနစ်တယ်၊ ‌ဆွဲကြိုးချ သေတယ်၊ အမြင့်ပေါ်ကနေ ပြုတ်ကျ သေတယ်။

"အိပ်မက်လား တကယ်လားဆိုတာ ကိုတောင် ငါ မခွဲခြားနိုင်တော့တဲ့ အချိန်တွေလည်း ရှိတယ်"

ကျန်းလော့ ရုတ်တရက်ပြုံးလိုက်သည်။

"အိပ်မက်တစ်ခုထဲမှာဆိုရင် ... သူနဲ့ငါနဲ့ က အဆောက်အဦးအမြင့်တစ်ခုပေါ်မှာ ရပ်နေခဲ့ကြတာ ... သူက ပြောတယ် ... ငါသာ ဒီကနေခုန်ချလိုက်ရင် ငါ စိတ်တွေအေးချမ်းသွားပြီးတော့ ဘဝရဲ့ အခက်အခဲတွေကနေ လွတ်မြောက်သွား လိမ့်မယ်တဲ့"

သူ ပြောပြပြီးနောက် သူ့ဘေးနားက လူတွေကို ဝေ့ကြည့်လိုက်ပြီး သူ အံ့အား သင့်သွားခဲ့ရသည်။

"မင်းတို့အကုန်လုံးရဲ့ မျက်နှာထားတွေ က ဘာလို့‌မဲ့ရွဲ့နေကြတာလဲ"

"မကောင်းဆိုးဝါးဝိညာဉ်ကတော့ မကောင်းဆိုးဝါးဝိညာဉ်ပါပဲ ... ချီယုံက မကောင်းဆိုးဝါး ဖြစ်လာတာတောင်မှပဲ သူတော်ကောင်းဆန်နေတုန်းပဲ"ကျိုးကျုံးချိုး လေးလေးနက်နက် ပြော လိုက်သည်။

ကောကျူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အိပ်မက်ဆယ့်ရှစ်ထပ်... အဲတာကလည်း တော်တော်လေး ..."

"အဲတာက သတ်ပစ်ဖို့ ရည်ရွယ်နေတာပဲ မဟုတ်ဘူးလား" ကျိုးကျုံးချိုး နှာမှုတ် လိုက်သည်။ "စိတ်ညစ်စရာတွေကနေ လွတ်မြောက်ပြီးတော့ ဝမ်းနည်းမှုတွေကို မေ့သွားမယ်တဲ့လား။ အဲတာ တူတူပဲ မဟုတ်ဘူးလား။ ဘယ်လို အမှိုက်ကောင်လဲ။ ချီယုံကို ကယ်တင် လို့ရဦးမယ်လို့ ငါ ထင်ထားခဲ့တာ ဒါပေမယ့် အခုကြည့်ရတာတော့ သူ့ကို ကယ်ဖို့ ဆေးမရှိတော့ဘူးပဲ။ အိပ်မက် ဆယ့်ရှစ်ထပ်တဲ့လား ... စိတ်သိပ်မခိုင်တဲ့ သူတွေသာဆိုရင် နိုးတောင်လာမှာ မဟုတ်တော့ဘူး။ ချက်ချင်းကြီး မီးထလောင်တာပဲ ကြည့်ဦးလေ ... ကျန်းလော့သာ ‌နည်းနည်းနောက်ကျပြီး မှ နိုးလာမယ်ဆိုရင် ... သူ ဘာဖြစ်သွား လိမ့်မလဲ"

သူ အချိန်အကြာကြီး ထပ်အိပ်ပျော်နေ ဦးမှာကိုပဲ သူ ကြောက်မိသည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now