အခန်း ၁၀

3.1K 566 39
                                    

အခန်း ၁၀

ကျန်းလော့ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မင်းက ငါ့ရဲ့ အင်းစာရွက်ကို ဝယ်ချင်တာလား"

သူ တကယ်မေးချင်ခဲ့တာက "ငါ ဒီ အင်းစာရွက်ကို ရောင်းလို့ရတယ်ပေါ့"ဟူ၍ပင်။

ကောကျူ မျက်နှာလွှဲလိုက်ပြီး "ငါ ... ငါ ဝယ်ချင်ပေမယ့် ... ငါ့မှာ ပိုက်ဆံမရှိဘူး ..."

ကျန်းလော့ "......"

ကောကျူရဲ့ စကားတွေက ကျန်းလော့ ကို နောက်နေတဲ့ပုံ တော်တော်လေးပေါက် နေပေမယ့် သူ့မျက်နှာပေါ်ရှိ အမူအရာ ကတော့ ထိုသို့မဟုတ်ကြောင်း ပြနေခဲ့ သည်။ ကျန်းလော့ သူ့မျက်နှာပေါ်ရှိ သိမ်မွေ့သောမျက်နှာထားကို ထိုအတိုင်း ပဲထားကာ စုတ်တံကိုချပြီး အင်းစာရွက် ကို ကောက်ယူလိုက်သည်။

ကောကျူရဲ့ အကြည့်တွေက အင်းစာရွက် မှာ ကပ်ပါလာခဲ့ပြီး ... ကျန်းလော့ သူ့ရဲ့ မျက်နှာအမူအရာက စစ်မှန်ကြောင်း သေချာအောင် လေ့လာစိစစ်ပြီးနောက် မှာ အင်းစာရွက်ကို သူ့ဆီ ဒီတိုင်းပဲ ပေးလိုက်သည်။

"မင်းဟာ ဖြစ်သွားပြီ"

ကောကျူ ဝမ်းသာသွားခဲ့ပြီး "ငါ့ကို ပေးတာလား"

ကျန်းလော့ ပုခုံးတွန့်ကာ "အင်း ... မင်းပဲ လိုချင်နေတာ မဟုတ်ဘူးလား"

သည်အင်းစာရွက်ကို ဆွဲဖို့ရန်အတွက် ကျန်းလော့ အားတောင်မှ သိပ်မစိုက် လိုက်ရချေ။ အခုလို လွယ်လွယ်ကူကူ နှင့် လုပ်ထားတဲ့အရာတစ်ခုကို အကျိုးအမြတ်ရအောင် ပေးလိုက်ရတာ က တော်တော်လေးတန်သည်။

ကောကျူ အင်းစာရွက်ကို ကိုင်ထားရင်း နဲ့ ဆွံ့အနေခဲ့ပြီးမှ ရင်ထဲခံစားသွားရကာ ပြောလာခဲ့သည်။

"ကျန်းလော့... ငါ မင်းအတွက် တောက်တိုမယ်ရတွေ လုပ်ပေးနိုင်ပါ တယ်။ ငါ့မှာ ပိုက်ဆံတော့မရှိပေမယ့် ငါ မင်းအတွက် အဝတ်တွေလျှော်ပေးနိုင် တယ် စားပြီးသားပန်းကန်တွေကိုလည်း ဆေးပေးနိုင်ပါတယ်။ ငါက အဲလိုနေရာ တွေမှာ အရမ်းအတွေ့အကြုံရှိတယ်"

ကောကျူကို ကျန်းလော့ အမတအရှင်ရဲ့ ဂုဏ်ကျက်သရေတွေနှင့် ကြည့်လိုက်ပြီး နောက် ပိုက်ဆံတွေ တက်ကြွမှုတွေနှင့် ပြည့်လျှံနေသော လုယုံရိကို လှမ်းကြည့် လိုက်သည် ထို့နောက် ကမ္ဘာကြီးက အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲဟု တွေးမိသည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now