အခန်း ၃၄

3K 555 3
                                    

အခန်း ၃၄

အရင်းကနေစပြီး အဖျားအထိ ဆံနွယ်တစ်ချောင်းလုံးက ဖုန်မှုန့်မတင်အောင်ပင် ဖြူဆွတ်နေခဲ့ပြီး ဆံပင်ညှပ်ဆိုင်များမှာ တွေ့ရသော အဖြူရောင်ဆံပင်ဆိုးဆေးထက်တောင် ကြည့်ရတာ ပိုပြီးတော့ သဘာဝကျနေခဲ့သည်။

ကျန်းလော့နှင့် မှန်ထဲရှိ အနက်ရောင်ဆံပင်နှင့်ကောင်လေးတို့ မျက်လုံးချင်းဆုံသွားကြပြီး သူမျက်မှောင်ကြုတ်လိုက်မိသည်။

ခွမ့်ကျိန်းက သူ့မျက်နှာကိုကြည့်ပြီး ရိုးရိုးစင်းစင်းပင် ချီးမွမ်းလာခဲ့သည်။ "ကြည့်ကောင်းတယ်"

လုယုံရိ ရှေ့တိုးလာပြီး ပြောလိုက်၏။ "ကျန်းလော့ ... မင်း‌ဒီနေ့ အပြင်သွားပြီးတော့ မင်းဆံပင်ကို အရောင်ဆိုးခဲ့တာလား။မင်းက နည်းနည်းလေးပဲ ဆိုးလာတော့ အနီးကပ်မကြည့်ရင် ‌မြင်တောင်မမြင်ရဘူး။ ဒါပေမဲ့ အဲတာအရေးမကြီးပါဘူး ... မင်းနဲ့ လိုက်တာတော့ တော်တော်လေးလိုက်တယ်"

ကျန်း‌လော့ ဘာမှပြန်မဖြေဘဲ သူ၏ အနက်ရောင်ဆံပင်ကြားထဲကနေ အဖြူရောင်ဆံပင်ကို ကိုင်ကြည့်လိုက်၏။ လုယုံရိ ပြောသလိုပင် အဖြူရောင်ဆံပင်လေးက ပုလဲတန်းလေးကဲ့သို့ သူ့ဆံပင်ထက်မှာ အလှဆင်နေခဲ့သည်၊ သူ၏အေးစက်စက်နိုင်မှုက ကျန်းလော့၏အလှကို ထိန်းပေးနေခဲ့သလိုပင်။ သို့သော် ထိုပုံစံက ကြည့်ကောင်းနေသော်လည်း ကျန်းလော့ ‌ဒေါသထွက်လာမိသည်။

သရဲဆီကနေ ယူသွားခံလိုက်ရတာက ထိုဆံပင်၏ အသက်ဓာတ်နှင့် ပျိုမြစ်မှုဖြစ်သည်။ ဤဆံနွယ်က ထပ်ပြီးတော့ ရှည်လာဦးမှာပင် သို့သော် ဘယ်လောက်ပဲရှည်လာပါစေ အရောင်ကတော့ အမြဲအဖြူရောင် ဖြစ်နေတော့မှာပင်၊ ထိုဆံနွယ်က ဘဝ၏နေဝင်ချိန်ထဲကို စောစောစီးစီး ဝင်ရောက်သွားသည့်အလား။

နေ့တိုင်းလိုလို ညနက်ချိန်ထိနေပြီး ပုံဆွဲရသော ဒီဇိုင်နာတစ်ယောက်အတွက် သူ့ဆံပင်ထက်ပိုပြီး အရေးကြီးတာ ဘာမှမရှိပေ။ မကောင်းဆိုးဝါးသာ သူ့အရှေ့မှာ ရှိနေခဲ့ပါက ကျန်းလော့ ထိုမကောင်းဆိုးဝါး၏ တရားလွန်ချောမောသော မျက်နှာကို လက်သီးနှင့် ပိတ်ထိုးပြီးလောက်ပြီဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now