အခန်း ၄၀.၁

2.9K 530 4
                                    

အခန်း ၄၀.၁

ဤဟာကအောက်အခင်းဖြင့်အိပ်ရခြင်း၏ မကောင်းသည့်အချက်ဖြစ်သည်။ ကျန်းလော့က ‌သူ့ကံကြမ္မာသူလက်ခံလိုက်ပြီး ဆံပင်ကိုသိမ်းကာ သူ၏ဘယ်ညာမှာရှိနေသောသူများကို စောင်သုံးပြီးတော့ စည်းခြားထားလိုက်သည်။

ခက်ခဲသောညတစ်ညအပြီးမှာတော့ မနက်ခင်းခြောက်နာရီမှာ ယှဉ်ပြိုင်သူများက အနားယူသည့်အိမ်ကနေ ထွက်ခွာသွားကြရသည်။

လျောင်ဇီက ဖြည်းဖြည်းချင်းလှုပ်ရှားနေခဲ့ပြီး သူပစ္စည်းပစ္စများ သိမ်းဆည်းလို့ပြီးချိန်မှာ အခန်းထဲ၌ ဘယ်သူမှမရှိ‌ကြတော့ပေ။

သူက အလျင်မလိုဘဲ သူ့ခရီးဆောင်အိတ်ကိုဖွင့်ကာ အထဲကနေ လက်တစ်ဝါးစာ ပလတ်စတစ်အိတ်နှစ်ဆယ်ကို ထုတ်လိုက်သည်။ ထို့နောက် သူကလွဲပြီး တခြားပြိုင်ပွဲဝင်ဆယ့်နှစ်ယောက်၏ အိပ်ရာခင်းထက်က ဆံပင်မွှေးကို ကောက်လိုက်ပြီး အိတ်ထဲကိုထည့်ကာ ပိတ်လိုက်ပြီး တစ်ယောက်ချင်းစီ၏နာမည်ရေးလိုက်သည်။

သူပလတ်စတစ်အိတ်များကို သူ့ခရီးဆောင်အိတ်ထဲထည့်လိုက်ပြီး နောက်ဆုံးမှာ သူမနေ့ညကသိမ်းထားခဲ့သော အိတ်ကိုထုတ်လိုက်သည်။ ပလတ်စတစ်အိတ်အသေးလေးထဲမှာ ရှည်လျားသောဆံနွယ်တစ်ချောင်းက ရစ်ခွေနေခဲ့သည်။ ပြိုင်ပွဲဝင်များထဲမှာ တစ်ယောက်တည်း‌သောသူကပဲ ထိုကဲ့သို့သော ဆံပင်ရှည်မျိုးရှိသည်။

လျောင်ဇီက ထိုဆံနွယ်ရှည်ကို အချိန်အတော်ကြာ သိချင်စိတ်ဖြင့် ကြည့်နေမိပြီး သူ့ကိုယ်သူပြောလိုက်၏။ "ပန်းပျိုးသူ... မနေ့တုန်းက သခင်ကငါ့ကိုထိန်းချုပ်ပြီးတော့ ကျန်းလော့ရဲ့ဆံပင်ကို ဖိခိုင်းရတဲ့အကြောင်းရင်းက ဘာများဖြစ်လောက်လဲ"

"ဆံပင်ကိုလိုချင်လို့ဆိုရင်တောင် မနက်ထပြီးတော့ ကောက်လိုက်ရင်ရတာပဲမဟုတ်ဘူးလား"

အခန်းထဲမှာ သူတစ်ယောက်ကလွဲပြီး တခြားဘယ်သူမှမရှိပေ သို့သော် အသံတစ်သံက ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။ "ငါက ဘယ်လိုလုပ်ပြီးတော့ သခင်ရဲ့အတွေးကိုသိမှာလဲ... မင်းရဲ့အတွေးတွေကို သခင်ကဖတ်နိုင်တာပဲဟာ ... သူ့ကို မေးကြည့်လိုက်ပါလား"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now