ဒီအပြစ်သားက ရှင်သန်လို

De Swae_Nyoe

447K 69.5K 1.9K

ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာ... Mai multe

Description
အခန်း ၁.၁
အခန်း ၁.၂
အခန်း ၂.၁
အခန်း ၂.၂
အခန်း ၃.၁
အခန်း ၃.၂
အခန်း ၄.၁
အခန်း ၄.၂
အခန်း ၅.၁
အခန်း ၅.၂
အခန်း ၆.၁
အခန်း ၆.၂
အခန်း ၇.၁
အခန်း ၇.၂
အခန်း ၈.၁
အခန်း ၈.၂
အခန်း ၉.၁
အခန်း ၉.၂
အခန်း ၁၀
အခန်း ၁၁.၁
အခန်း ၁၁.၂
အခန်း ၁၂.၁
အခန်း ၁၂.၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇.၁
အခန်း ၁၇.၂
အခန်း ၁၈
အခန်း ၁၉.၁
အခန်း ၁၉.၂
အခန်း ၂၀.၁
အခန်း ၂၀.၂
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၂.၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆.၁
အခန်း ၂၆.၂
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၉.၁
အခန်း ၃၉.၂
အခန်း ၄၀.၁
အခန်း ၄၀.၂
အခန်း ၄၁.၁
အခန်း ၄၁.၂
အခန်း ၄၂.၁
အခန်း ၄၂.၂
အခန်း ၄၃.၁
အခန်း ၄၃.၂
အခန်း ၄၄
အခန်း ၄၅.၁
အခန်း ၄၅.၂
အခန်း ၄၆ Unicode
အခန္း ၄၆ Zawgyi
အခန်း ၄၇ Unicode
အခန္း ၄၇ Zawgyi
အခန်း ၄၈ Unicode
အခန္း ၄၈ Zawgyi
အခန်း ၄၉ Unicode
အခန္း ၄၉ Zawgyi
အခန်း ၅၀ Unicode
အခန္း ၅၀ Zawgyi
အခန်း ၅၁ Unicode
အခန္း ၅၁ Zawgyi
အခန်း ၅၂ Unicode
အခန္ း၅၂ Zawgyi
အခန်း ၅၃ Unicode
အခန္း ၅၃ Zawgyi
အခန်း ၅၄ Unicode
အခန္း ၅၄ Zawgyi
အခန်း ၅၅ Unicode
အခန္း၅၅ Zawgyi
အခန်း၅၆ Unicode
အခန္း ၅၆ Zawgyi
အခန်း ၅၇ Unicode
အခန္း ၅၇ Zawgyi
အခန်း ၅၈ Unicode
အခန္း ၅၈ Zawgyi
အခန်း ၅၉ Unicode
အခန္း၅၉ Zawgyi
အခန်း ၆၀ Unicode
အခန္း၆၀ Zawgyi
အခန်း ၆၁ Unicode
အခန္း ၆၁ Zawgyi
အခန်း ၆၂ Unicode
အခန္း ၆၂ Zawgyi
အခန်း ၆၃ Unicode
အခန္း ၆၃ Zawgyi
အခန်း ၆၄ Unicode
အခန္း ၆၄ Zawgyi
အခန်း ၆၅ Unicode
အခန္း ၆၅ Zawgyi
အခန်း ၆၆ Unicode
အခန္း ၆၆ Zawgyi
အခန်း ၆၇ Unicode
အခန္း ၆၇ Zawgyi
အခန်း ၆၈ Unicode
အခန္း ၆၈ Zawgyi
အခန်း ၆၉ Unicode
အခန္း ၆၉ Zawgyi
အခန်း ၇၀ Unicode
အခန္း ၇၀ Zawgyi
အခန်း ၇၁ Unicode
အခန္း ၇၁ Zawgyi
အခန်း ၇၂ Unicode
အခန္း ၇၂ Zawgyi
ပြီးဆုံးကြောင်း ကြေညာချက်!!
အခန်း ၇၃ Unicode
အခန္း ၇၃ Zawgyi
အခန်း ၇၄ Unicode
အခန္း ၇၄ Zawgyi
အခန်း ၇၅ Unicode
အခန္း ၇၅ Zawgyi
အခန်း ၇၆ Unicode
အခန္း ၇၆ Zawgyi
အခန်း ၇၇ Unicode
အခန္း ၇၇ Zawgyi
အခန်း ၇၈ Unicode
အခန္း ၇၈ Zawgyi
အခန်း ၇၉ Unicode
အခန္း ၇၉ Zawgyi
အခန်း ၈၀ Unicode
အခန္း ၈၀ Zawgyi
အခန်း ၈၁ Unicode
အခန္း ၈၁ Zawgyi
အခန်း ၈၂ Unicode
အခန္း ၈၂ Zawgyi
အခန်း ၈၃ Unicode
အခန္း ၈၃ Zawgyi
အခန်း ၈၄ Unicode
အခန္း ၈၄ Zawgyi
အခန်း ၈၅ Unicode
အခန္း ၈၅ Zawgyi
အခန်း ၈၆ Unicode
အခန္း ၈၆ Zawgyi
အခန်း ၈၇ Unicode
အခန္း ၈၇ Zawgyi
အခန်း ၈၈ Unicode
အခန္း ၈၈ Zawgyi
အခန်း ၈၉ Unicode
အခန္း ၈၉ Zawgyi
အခန်း ၉၀ Unicode
အခန္း ၉၀ Zawgyi
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အကြောင်းကြားစာ
💥Summer Rise Promotion စတင်ပါပြီ💥
☘️သင်္ကြန်ပရိုမိုးရှင်း
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅

အခန်း ၃၈

3.5K 636 46
De Swae_Nyoe

အခန်း ၃၈

လူမရှိသောသီးသန့်ခန်းထဲမှာ မီးမထွန်းထားဘဲ စားပွဲနှင့်ကုလားထိုင်တို့က အမှောင်ထဲမှာ ရှိနေခဲ့သည်၊ အနက်ရောင်မြူထုက ကျန်းလော့ကို ခေါင်းအစခြေအဆုံး ရစ်ပတ်ထားခဲ့ပြီး ဆံခြည်တစ်မျှင် လက်ချောင်းလေးတစ်ချောင်းတောင် မမြင်ရပေ။

ကျန်းလော့က သီးသန့်ခန်း၏နံရံမှာ အနက်ရောင်မြူထု၏ ဖိကပ်ထားခြင်းကို ခံထားရသည်။

သူ့‌လက်နှစ်ဖက်ကို ခေါင်းအထက်မှာ အနက်ရောင်မြူထု၏ တင်းကျပ်စွာဖြင့် ချုပ်ထားခြင်းကို ခံထားရပြီး ခြေချောင်းများက ကြမ်းပြင်ပေါ်မှာ တွဲလောင်းဖြစ်နေခဲ့သည်။ ကျန်းလော့ သူ့လက်ကို မော့ကြည့်လိုက်ပြီး မမြင်ရသောချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ ရုန်းကန်လိုက်သည်။

ရုန်းကန်မှုကြောင့် လက်ဖမိုးထက်မှာ သွေးကြောများ ထင်းထွက်နေခဲ့ပြီး နောက်ခံအနက်ရောင်ထက်မှာ တစ်မျိုးလေး ဆွဲဆောင်မှုရှိပြီး ရမ္မက်ဆန်နေခဲ့သည်။

အနက်ရောင်မြူထုက တဖြည်းဖြည်းနှင့် လူပုံစံပြောင်းလာပြီး ဖြူဖျော့ကာ အစိမ်းရောင်သန်းနေသော လက်တစ်ဖက်က အနက်ရောင်မြူထဲကနေ ထွက်လာပြီး ကျန်းလော့၏လက်ချောင်းပေါ်မှာ ညှင်သာစွာ တင်လာခဲ့သည်။

အသက်ကင်းမဲ့သော လက်တစ်ဖက်က လက်ချောင်းထိပ်ကနေ လျှောဆင်းလာပြီး လက်ဖမိုးပေါ်ရှိ သွေးကြောလေးများကို အသာလေး ပွတ်တိုက်သွားခဲ့ပြီး ကျန်းလော့၏ နှုတ်ခမ်းလေးကို ဆော့ကစားကာ နောက်ဆုံးမှာ ကျန်းလော့၏မေးရိုးကို ဖိညှပ်လာခဲ့သည်။

ကျန်းလော့ အံကြိတ်လိုက်ပြီး ခြေထောက်ကိုမြှောက်ကာ အရှေ့ကို ပိတ်ကန်လိုက်သည်။

သို့သော် ခြေထောက်က မကောင်းဆိုးဝါး၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ကွေးထားသောခြေထောက်က နောက်ထပ်‌သော အနက်ရောင်မြူ၏ ရစ်ပတ်ခြင်းကိုခံလိုက်ရပြီး လေထဲမှာ တန့်နေခဲ့သည်။ နောက်ထက်ဖြူဖျော့ဖျော့ သရဲလက်တစ်ဖက်က ရှည်လျားသော ခြေတံပေါ်ကို အယာအယာတင်လာခဲ့ပြီး ထိုကနေတစ်ဆင့် ဒူးကွေးကြားထဲကို ရောက်လာခဲ့သည်။

ထိုဟာက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် အေးစက်သော သရဲလက်နှင့် ထိခံရသည့်ခံစားချက်က အေးခဲနေ‌သောအလောင်းကောင်နှင့် ထိလိုက်ရသလိုပင်။ နှစ်ပေါင်းများစွာ အေးခဲနေခဲ့သော‌ရေခဲတုံးက လူကို ကြောက်ရွံ့ထိတ်လန့်မှုသာ ပေးစွမ်းနိုင်၏။

အခြေအနေ မကောင်းတော့ဘူး။

ကျန်းလော့၏ အန္တရာယ်ကို ခံစားမိနေသည့် အသိစိတ်က အော်ဟစ်လာခဲ့သည်။

မကောင်းဆိုးဝါး၏ လှုပ်ရှားမှုတိုင်းက အလွန်ပင် အကျိုးအကြောင်းမဆီလျော်ကာ အဓိပ္ပာယ်မရှိဖြစ်နေခဲ့ပြီး ဝူရှူးကွားအစီအရင်ထဲက ဟောချက်နှင့် တစ်ထပ်တည်းကျနေခဲ့သည်။ ကျန်းလော့ အံကြိတ်လိုက်ပြီး အန္တရာယ်ကို ခံစားမိနေသည့်အသိစိတ်က ပိုပိုပြင်းလာခဲ့ကာ သူ့နှုတ်ခမ်းကို ထိနေသော လက်ကနေရှောင်ဖို့အတွက် ခေါင်းကိုလှည့်ဖို့ ကြိုးစားပါသော်လည်း နောက်တခဏမှာပဲ မကောင်းဆိုးဝါး၏ မေးရိုးကိုဆုတ်ကိုင်ကာ ဆွဲလှည့်ခြင်းကိုခံလိုက်ရသည်။

ကျန်းလော့ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ "ချီယုံ ... မင်း ဘာလုပ်နေတာလဲ"

သည်လိုအခြေအနေမျိုးကို ကျန်းလော့ ဘယ်နှစ်ခါပဲစိတ်ကူးကြည့်ပါစေ သူ ဘယ်တော့မှ တွေးမိမှာမဟုတ်ပေ။

ဆံပင်အနက်ရောင်နှင့်လူငယ်လေးက ဒေါသ၊ အံ့ဩတုန်လှုပ်ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့ဆီကနေ သည်လိုပုံစံမျိုးကို တွေ့ရခဲ၍ မကောင်းဆိုးဝါး ရယ်လိုက်မိသည်။

နောက်တခဏမှာ မကောင်းဆိုးဝါးက အနက်ရောင်မြူထဲကနေ တစ်ကိုယ်လုံး ထွက်လာခဲ့သည်။

သားရေဖိနပ်က ကျန်းလော့၏ခြေထောက်ကြားကို ဝင်လာခဲ့ပြီး နံရံကို ထောက်ကန်လာခဲ့သည်။ ကျန်းလော့၏ ခြေထောက်ကို ရစ်ပတ်ထားခဲ့သော အနက်ရောင်မြူထုက ပျောက်ကွယ်သွားခဲ့ပြီး မကောင်းဆိုးဝါး၏လက်ဖြင့် အစားထိုးလာခဲ့ကာ ပေါင်ကနေတစ်ဆင့် ကျန်းလော့၏ ခြေသလုံးကို ညင်ညင်သာသာ ကိုင်တွယ်လာခဲ့သည်။

ဤအနေအထားက အတော်လေးကို ထူးဆန်းနေသည်။ ကျန်းလော့၏ မျက်နှာထားးက ထူးဆန်းသထက်ထူးဆန်းလာခဲ့ပြီး သူ့ခြေထောက်ကို လွတ်အောင်ရုန်းလိုက်သည်။

ချီယုံ၏မျက်နှာက သူ့အရှေ့မှာ ပေါ်လာခဲ့သည်။ မကောင်းဆိုးဝါး၏ မျက်နှာက အရင်အတိုင်းပဲ ပြီးပြည့်စုံနေဆဲဖြစ်ကာ နှာတံမြင့်မြင့် နဖူးကျယ်ကျယ်နှင့် နားထင်စပ်ထိ ရောက်နေ‌သော မျက်ခုံးရှည်ရှည်တို့က ကြည့်ကောင်းနေခဲ့သည်။ သို့သော် သည်တစ်ခေါက်မှာတော့ ချီယုံ၏ မျက်နှာထက်မှာ ကျန်းလော့ အရင်တစ်ခေါက်ကရိုက်ခဲ့သော ကြာပွတ်ရာရှိနေဆဲပင်။

ချီယုံ၏ဘယ်ဘက်ပါးပြင်ထက်မှာ တစ်လက်မလောက်ရှိသော အနီရောင် အမာရွတ်က ထင်းနေခဲ့ပြီး မကောင်းဆိုးဝါး၏ အရိုးအသွေးအသားထဲမှာ ပုန်းကွယ်နေခဲ့သော ရှုးသွပ်မှုတို့နှင့် ဘာကိုမှဂရုမစိုက်ခြင်းတို့က ထိုကြာပွတ်ရာကြောင့် အကုန်ပေါ်ထွက်လာခဲ့သည်။

မကောင်းတော့ဘူး။

အခြေအနေ အတော်ဆိုးနေပြီ။

ကျန်းလော့၏ သတိပေးခေါင်းလောင်းက နောက်တစ်ကြိမ် ထပ်မည်လာပြန်သည်။

သူ မကောင်းဆိုးဝါးကို ရာပေါင်းထောင်ပေါင်းများစွာသော အာရုံစိုက်မှုတို့ဖြင့် ကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် မကောင်းဆိုးဝါးဆီကနေ ဓားနှင့်ထိုးတာကိုသာ ကျန်းလော့ခံလိုက်ချင်သည် ယခုကဲ့သို့သော ထူးဆန်း‌နေသည့် ချီယုံကို ထိပ်တိုက်ရင်ဆိုင်ရမည့်အစားပေါ့။

ထူးဆန်းတယ် အရမ်းကိုထူးဆန်းနေတယ်။

အနောက်ကို ဆုတ်ပြီးရင်းဆုတ်နေသော ကျန်းလော့ကို မကောာင်းဆိုးဝါးက ခါးအနည်းကိုင်းပြီး ကြည့်လိုက်သည်။ "ကြည့်စမ်းပါဦး ဘယ်သူလေးလဲလို့"

သူ့ဆံပင်က ကျန်းလော့၏နားရွက်ပေါ် ဖြတ်တိုက်သွားခဲ့ပြီး ယားကျိကျိဖြစ်လာစေသည်။ ချီယုံက ကျန်းလော့၏နားထဲကို တီးတိုးပြောလာခဲ့သည်။

"ဒါက ငါ့ကို ပျော်ပျော်ကြီးသေစေချင်နေတဲ့ ကျောင်းသားကျန်း မဟုတ်ဘူးလား"

မကောင်းဆိုးဝါးက အသက်မရှုသလို အသက်လည်းမရှိပေ သို့သော် မကောင်းဆိုးဝါး ရှူထုတ်လိုက်သော အေးစက်စက်လေငွေ့ကို ကျန်းလော့ ခံစားမိနေပြီး ထိုစကားများ၏ အဓိပ္ပာယ်ကလည်း သေချာပေါက် ကောင်းတဲ့ရည်ရွယ်ချက်တော့ မဟုတ်ပေ။

ချီးပဲ။

ကျန်းလော့ သူ့စိတ်ထဲကနေ မကောင်းဆိုးဝါးကို ထပ်တလဲလဲ ကျိန်ဆဲနေလိုက်သည် သို့သော် ထူးခြားပြီး ကတ်သီးကတ်သတ်နိုင်သော ခံစားချက်ကြီးက အခုထိ ပျောက်ကွယ်မသွားသေးဘဲ ပိုပြီးတော့တောင် တိုးသထက် တိုးလာခဲ့ကာ သူ့ကို ရှင်းမပြတတ်အောင်ပင် ရင်ထဲမှာ အနည်းငယ် စိုးထိတ်လာစေခဲ့သည်။ သူ ယင်ယန်လက်ကောက်ကို ဖွင့်ချင်ပါသော်လည်း အနက်ရောင်မြူက လက်ကိုချုပ်ထားခဲ့၍ သူ့မှာ နည်းနည်းလေးတောင် လှုပ်မရဖြစ်နေခဲ့သည်။

ကျန်းလော့၏မေးစေ့ကို ကိုင်ထားခဲ့သောလက်က ကျန်းလော့၏ အောက်နှုတ်ခမ်းလွှာကို ပွတ်သပ်လာခဲ့သည်။ အနက်ရောင်ဆံပင်နှင့်လူငယ်လေး တောင့်တင်းသွားပြီး မကောင်းဆိုးဝါး၏လက်ကို မရမကရှောင်လိုက်သည်။ မကောင်းဆိုးဝါး၏လက်က သူ့အပေါ်နှုတ်ခမ်းပေါ် ရောက်လာချိန်မှာတော့ ကျန်းလော့ သည်းမခံနိုင်တော့ဘဲ လက်ကိုကိုက်ချကာ အော်လိုက်သည်။

"သွားသေလိုက်"

အမိအရ ကိုက်ချလိုက်သော်လည်း ကိုက်မိလိုက်သည့်ဟာက အဝေးကို လွင့်ပါသွားသော အနက်ရောင်မြူဖြစ်နေခဲ့သည်။

ကျန်းလော့၏မေးစေ့ကို ချီယုံမော့လိုက်ပြီး အနက်ရောင်ဆံပင်နှင့် လူငယ်လေးကို ငုံ့ကြည့်လိုက်သည်။

သူ့နှလုံးသားထဲမှာ တစ်စုံတစ်ရာက ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့ပြီး မီးပဲသင့်နေသလို လှိုင်းပဲထန်နေသလိုပင်။ ထိုအရာကဘာမှန်း သူသေချာမသိသော်လည်း သည်လိုခံစားနေရတာက လိုက်ဖက်ညီစေသည့်အဆောင်နှင့် ချစ်သူ့ပန်း၏ပေါင်းစည်းမှုကြောင့် ဖြစ်လာသည့်အကျိုးဆက် ဆိုတာကိုတော့ သူသေချာပေါက်သိသည်။

ရည်ရွယ်ထားသောသူ၏ ‌မွေးရက်မရှိတော့ဘဲ ချီယုံ၏ ရေထဲကိုထည့်ဖျော်ခြင်းခံလိုက်ရသည့် အဆောင်က ထိုရေကိုသောက်လိုက်မိသည့် ဘယ်သူ့အပေါ်မဆို အကျိုးသက်ရောက်မှုရှိသည်။ ချီယုံက ကျန်းလော့ကို သောက်စေချင်ခဲ့သော်လည်း ထိုအစား သူကိုယ်တိုင်ပဲ သောက်ခဲ့မိသည်။

သို့သော် အခုလက်ရှိဖြစ်နေသည့် အနေအထားကတော့ သိပ်ပြီးတော့ မဆိုးပေ။

ကျန်းလော့ဆီမှာ သူအရင်တုန်းက မမြင်ဖူးခဲ့သော အနည်းငယ်စိုးထိတ်မှုကို တွေ့နေရသည်။

အံ့အားသင့်နေတဲ့အကြည့်၊ အနောက်ကို ပြန်ဆုတ်နေသည့်လှုပ်ရှားမှုနှင့် သူ့နှုတ်ခမ်းထက်က ထွက်ကျလာသော ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်တဲ့ စကားသံတွေ ။

ထိုအရာက ကျန်းလော့ကို မပျော်ရွှင်အောင် လုပ်နိုင်သရွေ့ ချီယုံ ကျေနပ်နေမိမှာပင်။

ချီယုံ ခေါင်းငုံ့လိုက်ပြီး ကျန်းလော့၏ နားသယ်သီးနားကို တိုးကပ်လိုက်သည်။ "ကျောင်းသားကျန်း ... ဆရာ မင်းကို နောက်ထပ်တစ်ခုထပ်သင်ပေးမယ်"

လေသံက မထိခလုတ်ထိခလုတ် ဖြစ်နေခဲ့ပြီး "မင်း ပြောခဲ့တဲ့စကားကို ... မင်း တကယ်လုပ်ရမယ်"

နားက လည်ပင်းနှင့်ကပ်လျက်ဖြစ်သည်။ လည်ပင်းဆိုတာမျိုးက သူများချဉ်းကပ်လာလျှင် ကတိကအောက်အဖြစ်ရဆုံးသော နေရာဖြစ်၏။ ကျန်းလော့က ခေါင်းကိုတစ်ဖက်စောင်းထားခဲ့၍ သူ့လည်ပင်းကို အချိန်မရွေး ကိုက်ခဲလာနိုင်သော သားရဲကြီး၏ပါးစပ်အောက်မှာ ရောက်နေရသလို ခံစားလာရသည်။

ချီယုံ ဘယ်လိုလုပ်ပြီးတော့ အရမ်းထူးဆန်းနေရတာလဲ။

သူ မကောင်းဆိုးဝါးကို တွန်းထုတ်ဖို့ကြိုးစားလိုက်သည် သို့သော် သူ့လက်ကို လှုပ်လို့လည်းမရသလို ခြေထောက်ကလည်း အချုပ်ခံထားရသည်။ ကျန်းလော့၏ မျက်နှာထားက ဖြူလိုက်နီလိုက်ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ သူ စိတ်ငြိမ်လာခဲ့သည်။

"ကျွန်တော်က အများကြီးပြောခဲ့တာဆိုတော့ ... ဆရာ ပြောချင်တာ ဘယ်စကားများလဲ"ကျန်းလော့၏ပါးစပ်ထောင့်က ကော့တက်လာခဲ့ပြီး သူရန်စလိုက်သည်။ "ဆရာက ကျွန်တော်ပြန်ကြိုက်လာတာကို လိုချင်နေတယ်ဆိုတဲ့ အကြောင်းတော့မဟုတ်ဘူးမလား"

သူ့ပါးစပ်က မကောင်းဆိုးဝါးကို အာရုံလွှဲနေသည့်အချိန်မှာ ကျန်းလော့၏ လက်က ယင်ယန်လက်ကောက်ကို လှုပ်လို့ရသလောက် လှုပ်နေခဲ့သည်။

အနက်ရောင်မြူက သူ့လက်ကို တင်းကျပ်နေအောင်ချုပ်ထားခဲ့၍ သူလက်ကို တစ်ဝက်လောက် အရင်လှည့်ပြီးမှ လှုပ်လို့ရခဲ့သည်။

"ဒါမှမဟုတ် ..."မကောင်းဆိုးဝါးကို ကျန်းလော့ ကြည့်လိုက်ပြီး ဟန်လုပ်ကာ ပြုံးပြလိုက်သည် "ကျွန်တော် လုပ်တာကို တကယ်ခံချင်နေတာလား"

မကောင်းဆိုးဝါးက တုန်လှုပ်မသွားဘဲ ကျန်းလော့၏ ပေါင်တံကို မထားခဲ့သော လက်က တဖြည်းဖြည်းချင်း အောက်ဆင်းလာခဲ့သည်။

ကျန်းလော့ သူ့ကို ပြင်းပြင်းထန်ထန် ပိတ်ကန်လိုက်သော်လည်း မကောင်းဆိုးဝါးကို ရွေ့သွားအောင် မလုပ်နိုင်ပေ၊ သူပဲ အသက်ပြင်းပြင်း ရှုရတာ အဖက်တင်သည်။

ကျန်းလော့ ခေါင်းကိုတစ်ဖက်စောင်းကာ အသက်ရှုလိုက်ရင်း ပထမဆုံးအကြိမ်အဖြစ် စကားကိုစည်းမစောင့်ဘဲပြောခဲ့မိလျှင် ဘယ်လိုအကျိုးဆက်နှင့် ကြုံရမလဲဆိုတာ သဘောပေါက်လာခဲ့သည်။

သို့သော် သူ နောက်တစ်ကြိမ်ထပ်လုပ်ခွင့် ရခဲ့ရင်တောင်မှပဲ သူ့ပါးစပ်ကို ကျန်းလော့ တားဆီးမှာမဟုတ်ပေ။

သူ့ခြေထောက်ကြားကနေ သားရေဖိနပ်က ပြန်ရုတ်သွားခဲ့သည်။ ချီယုံလုပ်သမျှ အပြုအမူတိုင်းက ကျန်းလော့၏ မျက်ခုံးကို လှုပ်စေခဲ့သည်။

ချီယုံက ပုံမှန်မဟုတ်ဘူး။

ဘာကပုံမှန်မဟုတ်နေတာလဲ။

ကျန်းလော့ ဤကိစ္စ၏ဇစ်မြစ်ကို တွေးရင်းနှင့် သူ့အတွေးတို့က စားပွဲပေါ်မှာ တင်ထားခဲ့သော ရေနွေးကြမ်းခွက်ဆီ ရောက်သွားခဲ့သည်။

ထိုရေနွေးခွက်ကြောင့် ချီယုံက သူ့ကို ပုံမှန်နှင့်မတူဘဲကြည့်လာတာ ဖြစ်နိုင်သည်။

သူ့မျက်နှာထက်ကနေ ချွေးများစီးကျလာခဲ့ပြီး ဆံပင်‌ထဲကို စီးဝင်သွားကာ အနက်ရောင်ဆံပင်၏ စုပ်ယူခြင်းကို ခံလိုက်ကြရသည်။ ကျန်းလော့ အလျော့မပေးဘဲ မကောင်းဆိုးဝါးကို ဆက်ကန်လိုက်ပြီး မကောင်းဆိုးဝါး၏ လက်မောင်းတစ်ဖက်ကို ကန်လိုက်နိုင်ကာ အဝတ်အစားပေါ်မှာ ခြေရာကြီးထင်ကျန်ရစ်ခဲ့သည်။

မကောင်းဆိုးဝါးက မျက်ခုံးပင့်လိုက်ပြီး ကျန်းလော့၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏သေးသွယ်သော ခြေကျင်းဝတ်ကို မကောင်းဆိုးဝါးက ညင်သာစွာ ပွတ်သပ်လာခဲ့ပြီး ဖြည်းဖြည်းချင်း ချီးကျူးလာခဲ့သည်။ "ကန်ချက်က တော်တော်လေးကောင်းတာပဲ"

ကျန်းလော့ အသက်ပြင်းပြင်း ရှုသွင်းလိုက်သော်လည်း စိတ်မထိန်းနိုင်ပေ။ "ချီးပဲ"

အဲဒီ့ရေနွေးကြမ်းထဲမှာ ဘာရှိနေတာလဲ။ ဘာမို့လို့ ချီယုံကို ဒီလိုပုံစံဖြစ်အောင် လုပ်နိုင်ရတာလဲ။

ကျန်းလော့ သူ့ကိုယ်သူစိတ်ငြိမ်အောင် လုပ်လိုက်ပြီး ရုတ်တရက် ပိုင်ချူး၏အိမ်မှာ ချီယုံပြောခဲ့တာကို ပြန်သတိရသွားမိ၏။

"ရေထဲကိုထည့်လိုက်ရင် အံ့ဩစရာကောင်းတဲ့ ရလဒ်ကို တွေ့ရလိမ့်မယ်"

လိုက်ဖက်ညီစေတဲ့အဆောင်ရဲ့ ပြာမှုန်တွေများလား။

ကျန်းလော့ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

ချီယုံက လိုက်ဖက်ညီစေသည့် အဆောင်ရဲ့ပြာမှုန်တွေ ထည့်ထားသောရေကို နဂိုက သူ့ကို သောက်စေချင်ခဲ့တာဖြစ်မည်။

ကျန်းလော့၏မျက်လုံးတို့ အေးစက်သွားခဲ့သည် သို့သော် သူ မြန်မြန်ဆန်ဆန်ပင် ပြန်တုံ့ပြန်လာ၏။ ရေနွေးကြမ်းကို သောက်မိသွားတဲ့သူက ချီယုံမဟုတ်ဘူးလား။

သူ တွန့်ချိုးထားသောမျက်ခုံးကို ဖြေလိုက်ပြီး ချီယုံကို ကြည့်လိုက်သည်။

လိုက်ဖက်ညီ‌စေသည့်အဆောင်က အသုံးဝင်ရင်တောင်မှပဲ မကောင်းဆိုးဝါးအပေါ် အကျိုးသက်ရောက်မှုက သိပ်ပြီးတော့ ကြာရှည်ခံမှာမဟုတ်လောက်ပေ။ အဆောင်၏ ထိန်းချုပ်မှုကိုခံထားရသော ပိုင်ချူး၏အခြေအနေကို ကျန်းလော့ ပြန်တွေးမိသွားပြီး ပျော်ရွှင်စွာဖြင့် ပြုံးလိုက်မိသည်။

ကိုယ့်ရန်သူကို ချစ်မိသွားတာကို ကြည့်နေရသည့်ခံစားချက်က ဘယ်လိုနေလဲ။ မကောင်းဆိုးဝါး၏ စိတ်ထဲမှာ အတော်လေးကို ဒေါသူပုန်ထနေလောက်သည်။

ကျန်းလော့ သူ၏အရာမရောက်သော ရုန်းကန်မှုကို ချက်ချင်းရပ်လိုက်ပြီး ပျင်းတိပျင်းရွှဲ့ဖြင့် ပြောလိုက်၏။

"ချီယုံ ... မင်းကငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ"

မကောင်းဆိုးဝါးက ပိုင်ချူးလို အရူးအမူးမဖြစ်ရင်တောင်မှပဲ သူအခုဖြစ်နေသည့် ပုံစံကိုကြည့်ရတာတော့ အတော်လေး အကျိုးသက်ရောက်မှုရှိသည့်ပုံပင်။ဤဟာက မကောင်းဆိုးဝါးကို ပြန်လက်စားချေနိုင်သော အခွင့်အရေးဖြစ်ပြီး ကျန်းလော့ ဤအခွင့်အရေးကို သေချာပေါက် ကောင်းကောင်းကြီးအသုံးချမှာပင်။

သူ့ပါးစပ်ထောင့်က အထက်သို့ အယာအယာမြင့်တက်သွားခဲ့ပြီး မျက်လုံးထဲမှာ တမင်တကာလုပ်ထားသော သည်းမခံနိုင်မှုနှင့် ပျင်းရိမှုတို့ကို လှစ်ဟပြလာခဲ့သည်။ "မင်းဒီလိုလုပ်ရင် ငါမုန်းတယ်"

စကားကို ရပ်လိုက်ပြီး ချီယုံကို ကျန်းလော့ ပရောပရည်လုပ်လိုက်သည်။ "မင်းလည်း ငါမုန်းတာကို မခံချင်ဘူးမလား"

ပိုင်ချူး၏အခြေအနေအရဆိုလျှင် ဒီလိုစကားမျိုးက မကောင်းဆိုးဝါးကို သူ့ကို "ချစ်လာစေရန်"မက်လုံးကောင်းကောင်း ပေးလိုက်တာပင်။

မကောင်းဆိုးဝါးက သူ့ကို စူးစိုက်ကြည့်လာပြီးနောက်မှာ ကျန်းလော့၏စကားအတိုင်း လွှတ်ပေးလာခဲ့သည်။ ကျန်းလော့ သူ့လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး နောက်ဆုံးမှာ ခြေထောက်နှင့်ကြမ်းပြင် ထိသွားခဲ့သည်။ သူပြုံးလိုက်ပြီး လေချွန်လိုက်သည်။

လိုက်ဖက်ညီစေတဲ့အဆောင်၊ ဘယ်လိုတောင်ကောင်းလိုက်တဲ့ ပစ္စည်းလဲ။

ကျန်းလော့ ဖန်စားပွဲဆီကို လျှောက်သွားကာ ထိုင်ချလိုက်သည်။ သူ စီးကရက်ကို ရှိုက်လိုက်ပြီး သည်လိုအခြေအနေရောက်နေသော ချီယုံကို သူဘယ်လိုအခွင့်အရေးယူရင် ကောင်းမလဲဟု တွေးတောလိုက်သည်။

သူ့လက်ကို နောက်ပစ်လိုက်ပြီး ကိုယ်နေဟန်ထားက ကြည့်ကောင်းနေခဲ့သည်။

မကောင်းဆိုးဝါးက အဆောင်၏ထိန်းချုပ်မှုအောက်မှာ ရှိနေမည့်အချိန်အကန့်အသတ်ကို သူမသိပေ။ ထို့ကြောင့် သူ့ကို အချိန်ရှိတုန်း မြန်မြန်စပြီး အခွင့်ကောင်းယူကာ လစ်ထွက်ရမည်။

သူ စီးကရက်ကို တစ်ရှိုက်ဖွာလိုက်သည် ကျန်းလော့ ခေါင်းကို တစ်ဖက်သို့ အနည်းငယ်စောင်းထားခဲ့ပြီး သူ့ဆံပင်က ပခုံးထက်မှာ ကျနေခဲ့၏။ အကြံကောင်းတစ်ခုက သူ့အတွေးထဲ ပေါ်လာခဲ့ပြီး သူနှုတ်ခမ်းကို အနည်းငယ် ကွေးညွတ်လိုက်ကာ အသံကို နည်းနည်းမြှင့်၍ပြောလိုက်သည်။ "ဒူးထောက်လိုက်"

ကျန်းလော့က ခြေချိတ်ထိုင်ထားခဲ့သည်၊ သူ့မျက်နှာကို ဆေးလိပ့်ငွေ့တွေက ကာဆီးထားခဲ့ပြီး သူမဲ့ပြုံးပြုံးလိုက်စဉ်မှာ သူ၏လည်စလုတ်က ဆက်စီကျစွာ အထက်အောက်လှုပ်ရှားသွားခဲ့သည်။ "ငါ့ခြေထောက်နားမှာ ဒူးထောက်လိုက်"

ချီယုံက မလှုပ်ရှားပေ။

ကျန်းလော့ မှီပြီးထိုင်နေသည့်ပုံစံကို ပြင်လိုက်ပြီး ဒူးခေါင်းပေါ် လက်တင်ကာ မေးထောကပြီး ချီယုံကို မျက်စိမှိတ်ပြလိုက်သည်။ "ငါ မင်းကို ကြိုက်လာမှာကို မလိုချင်ဘူးလား"

ထိုစကားက မကောင်းဆိုးဝါး၏ ချက်ကောင်းကို ထိသွားသည့်ပုံပင်၊ သူ့ဆီကို ခြေတစ်လှမ်းလှမ်းလာပြီးတော့ ရေရွတ်လာခဲ့သည်။

"ဒါကတော်တော်လေးကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ကမ်းလှမ်းချက်ပဲ..."

ကျန်းလော့ သူ့ကိုယ်သူပြောလိုက်မိသည်၊ ချီယုံတော့ တကယ်ရူးသွားပြီဆိုပြီး။

သို့သော် သူကတော့ ချီယုံရူးသွပ်လေလေ ပိုကြိုက်လေလေပင်၊ သူကသေဆိုလျှင် သေနိုင်တဲ့အထိ ရူးသွပ်လျှင်ပိုကောင်းသည်။

မကောင်းဆိုးဝါးက ရှေ့တိုးလာတာကို ကျန်းလော့ စောင့်စားလိုက်သည် သို့‌သော် သူ့သတိကိုလွှတ်မထားဘဲ ယင်ယန်လက်ကောက်ကို ဖွင့်ဖို့ရာ အသင့်ပြင်ထားခဲ့သည်။

မကောင်းဆိုးဝါးက သူ့ခြေထောက်နားကိုရောက်လာခဲ့ပြီး အနည်းငယ်ကွေးညွတ်ကာ ဒူးထောက်ဖို့ ပြင်လိုက်သည်။သူက ဒူးထောက်တာတောင်မှပဲ ကြော့မော့နေခဲ့ပြီး အရှက်ခွဲ‌ခံနေရသည့်ပုံမပေါက်ဘဲ သူ၏ရှင်ဘုရင်ကို ခစားနေသော သူရဲကောင်းတစ်ယောက်၏ပုံစံ ပေါက်နေခဲ့သည်။

ချီးယုံ၏ခါးကို ကျန်းလော့ ခြေချောင်းဖြင့်ကန်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ပုံစံက အရမ်းထောင်လွှားလွန်းနေတယ်လေ ... မင်း အချစ်ကို ဘယ်လိုခယပြီးတော့ တောင်းခံရလဲဆိုတာ မသိဘူးလား"

"နှိမ့်ချပြီးတော့ သနားစဖွယ်ကောင်းပြီး စုတ်ချာချာလေး ဖြစ်နေရမယ်"ကျန်းလော့ ကြမ်းပြင်နှင့် ဒူးခေါင်းထိလုဆဲဆဲဖြစ်နေသော မကောင်းဆိုးဝါးကို ကြည့်ကာ ဖြည်းဖြည်းချင်းလေး ပြောလိုက်သည်။ "ငါ့ကို စိတ်ပျော်အောင်လုပ်ပေးရမယ် ... သဘောပေါက်လား"

မကောင်းဆိုးဝါးက ချက်ချင်းသဘောပေါက်သွားခဲ့သည်။ "သဘောပေါက်ပြီ"

သို့သော် နောက်တခဏမှာပဲ မကောင်းဆိုးဝါးက အလျင်အမြန်ထရပ်ကာ ကျန်းလော့ကို ဖိလိုက်ပြီး အနက်ရောင်မြူအစား လက်တစ်ဖက်တည်းဖြင့် ကျန်းလော့၏ လက်နှစ်ဖက်ကို ချုပ်လိုက်သည်။ ခြေထောက်ကို ကျန်းလော့ပေါင်တံကြား တိုးဝင်လိုက်ပြီး ကျန်းလော့ကို ဖန်စားပွဲအဝိုင်းပေါ် ဖိချလိုက်သည်။

ကြည်လင်နေသော ဖန်စားပွဲထက်မှာ အနက်ရောင်ဆံပင်များ ပြန့်ကျဲသွားခဲ့ပြီး ကျန်းလော့၏ မျက်လုံးများက အံ့အားသင့်သွားခဲ့ကြသည်။

မကောင်းဆိုးဝါးက ပြုံးလိုက်သည်။ "ဒါပေမဲ့ ငါကတော့ ငါ့ကိုငါပျော်အောင်လုပ်ဖို့က အရေးကြီးဆုံးလို့ထင်တယ်"

အနက်ရောင်ဆံပင်နှင့်လူငယ်လေး၏ မယုံကြည်နိုင်သည့်အမူအရာလေးက မကောင်းဆိုးဝါးကို ရယ်မိစေသည်။

သူ၏အေးစက်နေသော လက်ချောင်းထိပ်က ကျန်းလော့၏မျက်လုံးထောင့်မှာ ကျဆင်းလာခဲ့သည်။

"လှလိုက်တဲ့ မျက်လုံးလေးတွေ"

ပြုံးရင်းဖြင့် လက်ကိုအောက်လျှောချလိုက်ပြီး "ဒီပါးစပ်လေးကလည်း လှတာပဲ"

"မင်းငါ့ကို ပျော်အောင်လုပ်ချင်ရင်"မကောင်းဆိုးဝါးက အန္တရာယ်ရှိစွာဖြင့် ပြောလာခဲ့သည်။

"ဒီလောက်နဲ့ မလုံလောက်ဘူး"

သူ့လက်မကို နေရာရွှေ့လိုက်သည်။

သို့သော် အဆောင်၏အကျိုးသက်ရောက်မှုက မကောင်းဆိုးဝါးအပေါ်ကနေ အချိန်ဘယ်လောက်မှ မကြာလိုက်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

မကောင်းဆိုးဝါး ရပ်တန့်သွားခဲ့ပြီး သူ့အောက်မှာရောက်နေသော လူငယ်လေးကို ကြည့်လိုက်သည်။

အနက်ရောင်ဆံပင်နှင့်လူငယ်လေးက အသက်ကို အသက်ကိုပြင်းပြင်းရှုနေခဲ့ပြီး သူ့အဝတ်အစားကလည်း ဖရိုဖရဲဖြစ်နေခဲ့သည်၊ နှုတ်ခမ်းတစ်စုံကလည်း ချီယုံ၏လက်ကြောင့် နီရဲနေခဲ့ပြီး မျက်လုံးထောင့်တို့က ရဲပတောင်းခတ်ကာ ချီယုံကို မီးဝင်းဝင်းတောက်သည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ချီယုံ မျက်ခုံးပင့်လိုက်သည်။

"မင်းက အရမ်းရဲတာပဲ"မကောင်းဆိုးဝါးက ကျန်းလော့ လည်ပင်းကို လက်ဖြင့်ညှစ်လိုက်သည်။ "ငါ့ကို ဒူးထောက်ခိုင်းရဲတယ်ပေါ့လေ"

မကောင်းဆိုးဝါး သတိပြန်ကပ်လာပြီပဲ။

ကျန်းလော့ အေးစက်စက်ရယ်လိုက်ပြီး မကောင်စဆိုးဝါး၏ အဓိကနေရာကို ချက်ချင်းပိတ်ကန်ပစ်လိုက်သည်။ ကျန်းလော့က ယင်ယန်လက်ကောက်ကို ဖွင့်ထားနှင့်ပြီးပြီဖြစ်ကာ ရွှေရောင်စပါးကြီးမြွေကြီးက အနက်ရောင်မြူကို ဖြိုခွင်းပြီး ချီယုံဆီ တစ်ရှိန်ထိုးပြေးသွားခဲ့သည်။

မြွေ၏တိုက်ခိုက်ပုံက ကျန်းလော့၏ စိတ်အခြေအနေနှင့် သက်ဆိုင်နေခဲ့ပြီး သူ၏သွေးချင်းချင်းနီနေသော ပါးစပ်ကိုဖြဲကာ မြစ်ကမ်းနံဘေးမှာတုန်းကထက်ပင် ပိုပြီးတော့ ရက်ရက်စက်စက် တိုက်ခိုက်လာခဲ့သည်။

ချီယုံ ထိုဟာကိုရှောင်တိမ်းလိုက်သည် သို့သော် နောက်တစ်စက္ကန့်မှာပင် ကျန်းလော့၏လက်သီးနှင် မိတ်ဆက်လိုက်ရသည်။

ကျန်းလော့၏ လက်သီးကို အဆောင်ဖြင့် ပတ်ထားခဲ့ပြီး ထိုးချက်ကအားပြင်းသည်။ သို့သော် ထိုလက်သီးက မကောင်းဆိုးဝါးကို ထိုးမိချိန်မှာ လူပုံစံက အနက်ရောင်မြူအသွင်ပြောင်းကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ကျန်းလော့ သူ့လက်ကောက်ဝတ်ကို ပွတ်လိုက်ပြီး အခန်းထဲက အမှောင်ထုကို လှည့်ပတ်ကြည့်လိုက်သည်။

တံခါး၏အပြင်ဘက်ကနေ ခေါက်သံထွက်ပေါ်လာခဲ့သည်။

စီနီယာအစ်ကိုချောင်၏အသံက ထွက်ပေါ်လာခဲ့၏။ "ဂျနီယာညီလေး... မင်း ဒီထဲမှာလား"

သရုပ်ဆောင်တော်တော်ကောင်းတာပဲ။

ကျန်းလော့ လက်သီးပြင်လိုက်ပြီး တံခါးအပြင်ကိုထွက်ကာ ဘာစကားမှပြောမနေဘဲ စီနီယာအစ်ကိုချောင်၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့် ပိတ်ထိုးပစ်လိုက်သည်။

စီနီယာအစ်ကိုချောင်က အနောက်ကို ခြေနှစ်လမ်းဆုတ်သွားခဲ့ပြီး နေရာမှာပဲ ရပ်ကာ ဘာဖြစ်သွားလဲဆိုတာကို သဘောမပေါက်သည့်ပုံပင်။

"ဂျုနီယာညီလေး ..."

"အစ်ကို ... ကျွန်တော်တောင်းပန်ပါတယ်"ကျန်းလော့ ဟန်ဆောင်တောင်းပန်လိုက်၏။

"အစ်ကို့ကို ကျွန်တော်တစ်ခြားတစ်ယောက်နဲ့ မှားသွားလို့ပါ။ အဆင်ပြေရဲ့လား"

သူ သွားပြီးတော့ စစ်ဆေးလိုက်သည်၊ စီနီယာအစ်ကို၏ မျက်နှာတစ်ဖက်က ညိုမဲနေပြီဖြစ်ပြီး ဒဏ်ရာကို ကြည့်ရပုံအရဆိုလျှင် သိပ်မကြာခင်မှာပဲ ရောင်ကိုင်းလာလောက်သည်။

"အစ်ကိုချောင်"ကျန်းလော့ ပြောလိုက်၏။ "ကျွန်တော် တကယ်တောင်းပန်ပါတယ် ဒါမှမဟုတ် ကျွန်တော် ဆေးရုံကိုလိုက်ခဲ့ပေးမယ်လေ"

စီနီယာအစ်ကိုချောင်က ခေါင်းယမ်းပြလာ၏။ "ထားလိုက်ပါတော့ ဂျုနီယာညီလေး ... အသေးအမွှားဒဏ်ရာလေးပါ ... အဆင်ပြေပါတယ်"

"တကယ်အဆင်ပြေလို့လား"ကျန်းလော့ ဂရုတစိုက်ဖြင့်မေးလိုက်၏။

အစ်ကိုချောင်က ဒဏ်ရာကိုထိလိုက်ပြီး နှစ်သိမ့်သည့်အပြုံး ပြုံးပြလာခဲ့သည်။ "မစိုးရိမ်ပါနဲ့"

"‌ဒါနဲ့"သူမေးလိုက်သည်။ "ညီလေးက ဘယ်လိုလုပ်ပြီးတော့ လူမရှိတဲ့အခန်းထဲ ရောက်နေတာလဲ"

"ကျွန်တော့်အသိတစ်ယောက်နဲ့ တွေ့လို့ပါ"ကျန်းလော့ အပြုံးမဟုတ်သော အပြုံးတစ်ပွင့်ပြုံးလိုက်သည်။ "ပြီးတော့ စကားနည်းနည်း‌ပြောခဲ့ကြတာ"

အစ်ကိုချောင်က သူ့ကို တုံ့ဆိုင်းစွာဖြင့် မေးလာခဲ့သည်။ "နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ခဲ့ကြလို့လား"

အနက်ရောင်ဆံပင်နှင့်လူငယ်လေး၏ ပုံစံက အနိုင်ကျင့်ခံထားရသလိုပင်။ သူ့မျက်နှာထက်မှာ ဒေါသအရိပ်အယောင် ခပ်ရေးရေးရှိနေခဲ့ပြီး အဝတ်အစားကလည်း ဖရိုဖရဲဖြစ်နေခဲ့သည်၊ လက်ကောက်ဝတ်မှာလည်း လက်ရာကြီး ထင်နေရစ်ခဲ့သည့်ပုံစံက ပြောလို့မထွက်သောတစ်စုံတစ်ရာနှင့် ကြုံခဲ့ရသည့်ပုံပေါက်နေခဲ့သည်။

ကျန်းလော့ ပြတ်ပြတ်သားသားဖြေလိုက်သည်။ "ကျွန်တော် အဆင်ပြေပါတယ်"

"တော်သေးတာပေါ့"စီနီယာအစ်ကိုက ထိုဟာကိုတွေ့ချိန်မှာ နောက်ထပ်ဆက်ပြောမ‌လာတော့ပေ။ "ဒီလိုဆိုရင် ညီလေး ... အစ်ကိုတို့ နေ့လည်စာပြန်စားကြတော့မလား"

"မစားတော့ဘူး... အစ်ကို"ကျန်းလော့ သည်မကောင်းဆိုးဝါးနှင့် အတူဆက်ပြီး ရှိမနေချင်တော့ပေ။"ကျွန်တော် နေ့လည်ပိုင်းအတန်းရှိသေးတယ် ... နောက်ကျနေမှာစိုးလို့ အရင်သွားနှင့်တော့မယ်"

အစ်ကိုချောင်က ခေါင်းညိမ့်ပြလာပြီး သူစားသောက်ဆိုင်ထဲကနေ ထွက်သွားတာကို ကြည့်နေခဲ့သည်။

ကျန်းလော့၏နောက်ကျော ပျောက်ကွယ်သွားချိန်မှာ အစ်ကိုချောင် လူမရှိသည့်အခန်းကို တွန်းဖွင့်ကာ အမှောင်ထဲကိုဖြတ်လျှောက်လိုက်ပြီး ဖန်စားပွဲဝိုင်းပေါ်က လျှပ်စစ်စီးကရက်ကို ရှာတွေ့လိုက်သည်။

သူ ဆေးလိပ်ကို တစ်ငုံရှိုက်လိုက်ပြီး အငွေ့ကို မှုတ်ထုတ်လိုက်သည်၊ သူ၏ သာမန်ဆန်သောမျက်နှာက ချက်ချင်းဆိုသလို ဆွဲဆောင်မှုရှိလာခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ချီယုံက အစ်ကိုချောင်ကို ကြိုးဆွဲထားခဲ့တာမဟုတ်ဘဲ သူနှင့်ဖုန်းလီ တိုက်ခိုက်လို့ပြီးခါနီးမှာ ဝင်ပူးလိုက်တာဖြစ်သည်။

ရလဒ်အနေနဲ့ကတော့ သည်ခန္ဓာကိုယ် ကြုံတွေ့ရသော ပြင်ပနာကျင်မှုမှန်သမျှကို သူလည်း ခံစားရသည်။

ဥမပမာအနေနဲ့ပြောရလျှင် ဒီတခဏမှာ လိုက်ဖက်ညီစေသည့်အဆောင် တစ်ခွက်က သူ့ခန္ဓာကိုယ်ထဲမှာ အင်းစက်များက အတွင်းကလီကနေစလို့ အသွေးအသားအထိ တတိတိ ကိုက်ဖြတ်နေသလို ခံစားနေရသည်။ အရိုးများက ယားယံလွန်း၍ သူ့ခန္ဓာကိုယ်ထဲမှာ အကောင်များပေါက်လာပြီးတော့ အရိုးများကို ကိုက်ဖြတ်စေချင်သည့် အထိပင်။

သူရေနွေးကြမ်းခွက်ထဲကို ပေါ့ပေါ့ပါးပါးပင်ထည့်လိုက်သော ‌အောက်လမ်းအဆောင်က လူတစ်ယောက်ကို ငရဲကျနေသလို နာကျင်စေသည်၊ သို့သော် ချီယုံ၏အမူအရာကတော့ လုံးဝပြောင်းလဲသွားခြင်းမရှိပေ။

သူသက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။ "ဒီလို နာကျင်မှုမျိုးကို မခံစားရတာတောင် အတော်ကြာသွားပြီပဲ"

ကျန်းလော့ ကျောင်းကိုပြန်ရောက်သွားချိန်မှာ အချိန်ကအတော်စောသေး၏။

သူနေ့လည်စာမစားရသေးသော်လည်ူ စားချင်စိတ်မရှိပေ။ သူ့အဆောင်ခန်းကို အပြေးသွားလိုက်ပြီး ရေချိုးကာ မကောင်းဆိုးဝါး၏ အထိခံခဲ့ရသော နေရာမှန်သမျှကို အသေအချာ တိုက်ချွတ်ဆေးကြောလိုက်သည်။

မကောင်းဆိုးဝါး၏အချစ်က သောက်ရမ်းကို လေးလံလွန်းသည်။ ကံကောင်းထောက်မစွာဖြင့် ဆယ့်ငါးမိနစ်ထဲ ဖြစ်လို့သာပင်။ တခြားသူများ၏အချစ်က ပေးဆပ်ခြင်းဖြစ်သော်လည်း သူကတော့ သူ့ကိုယ်သူပျော်အောင်လုပ်သည့် အရူးကောင်ဖြစ်သည်။

ကျန်းလော့ သူ့ကိုယ်သူသန့်ရှင်းရေးလုပ်ပြီးချိန်က အတန်းစတော့မည့်အချိန်နှင့် ကွက်တိပင်။ သူအဆောင်ခန်းထဲကနေ ထွက်လာချိန်မှာ စင်္ကြန်လမ်းပေါ်တွင် ပစ္စည်းထည့်သောပုံးများ အထပ်လိုက် ရောက်နေတာကို တွေ့လိုက်ရသည်။

သူ ပစ္စည်းပုံးများကို ရှောင်ကွင်းပြီးတော့ အတန်းတက်ခေါင်းလောင်းမထိုးခင် အခန်းထဲကို ဝင်သွားလိုက်သည်။

လုယုံရိက အံ့ဩတကြီးဖြင့် ပြောလာခဲ့သည်။ "ငါတို့မင်းကို ဒီနေ့မလာတော့ဘူးလို့ထင်နေတာ"

ကျန်းလော့ "ဘာလို့အဲလိုပြောရတာလဲ"

"ဖုန်းလီက မင်းကို တပည့်အဖြစ်နဲ့ လက်ခံလိုက်တယ်ဆိုတဲ့အကြောင်း ငါတို့ကြားတယ်လေ"လုယုံရိက ရိုးရိုးသားသားပင် ‌ပြန်ဖြေလာခဲ့သည်။ "မင်းကို ပြိုင်ပွဲစမယ့်အချိန်ထိ ထျန်းစစ်ဖူထဲမှာ ပိတ်ခံထားရမယ်ထင်နေတာ"

ကျန်းလော့ ပြုံးလိုက်ပြီး"ထျန်းစစ်ဖူနဲ့ ကျောင်းနဲ့ကို အသွားအပြန်လုပ်မှာလေ"

အတန်းစချိန်မှာ မထင်မှတ်ထားဘဲ ဆရာက ကျောင်းသားသစ်တစ်ယောက်ကို ခေါ်လာခဲ့သည်။

"ဒီနေ့ကစပြီး ချီယယ်က ဆရာတို့ကျောင်းကိုပြောင်းလာခဲ့ပြီ"ဆရာက ပါရမီရှင်ကျောင်းသားတစ်ယောက် ထပ်ရောက်လာခဲ့၍ အသံက ပျော်မြူးနေခဲ့သည်။ "အကုန်လုံး ချီယယ်ကို ကြိုဆိုလိုက်ကြရအောင်"

အောက်မှာထိုင်နေကြသော လူရှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီးမှ တစ်ပြိုင်နက်တည်း လက်ခုပ်တီးလိုက်ကြသည်။

ချီယယ်က ဆရာ၏ဘေးနားမှာ မာနကြီးပြီး စိတ်ဆတ်သောအသွင်ဖြင့် မတ်တပ်ရပ်နေခဲ့သည်။

သူ့အကြည့်က ကျောင်းသားအားလုံးဆီ ဝေ့ဝိုက်သွားခဲ့ပြီး ကျန်းလော့ကို တွေ့ချိန်မှာ သူ့မျက်လုံးထဲတွင် ရုတ်တရက် မီးပွားတစ်စ တောက်လောင်လာခဲ့သည်။

စင်္ကြန်လမ်းပေါ်မှာရှိနေသော ပစ္စည်းထည့်သည့်ပုံးများက ချီယယ်၏ ပစ္စည်းများဖြစ်ပြီး သူ အဆောင်ကို ပြောင်းလာမှန်း ကျန်းလော့ ချက်ချင်း ‌သဘောပေါက်သွားခဲ့သည်။

ချီယယ်၏ ချီမိသားစုကလည်း မျိုးနွယ်စုခြောက်စုထဲက တစ်စုဖြစ်သည်။ သူတို့က အမျိုးမျိူးအထွေထွေကို သင်ယူကြပြီး ဟိုစပ်စပ် ဒီစပ်စပ်ရှိကြသည်။ ထို့ကြောင့် တစ်ခုတည်းကို သိပ်ပြီးတော့ ကျွမ်းကျင်သည်ဟု ပြောလို့မရသော်လည်း ချီမိသားစုက လွန်ခဲ့သည့်မျိုးဆက်သုံးခုကနေစပြီး မျိုးဆက်တိုင်းက ပြောင်မြောက်သော ဝိညာဉ်စွမ်းအားပါရမီ အရည်အချင်းရှိလာကြသည်။

ထိုပါရမီက သူတို့ကို စွယ်စုံရပြီး သင်ယူသမျှတိုင်းကို ကျွမ်းကျင်‌ပိုင်နိုင်လာစေသည်။ ထိုမျိုးဆက်သစ်များက သူတို့၏ချီမိသားစုနေရာကို ကာကွယ်ပြီး မိသားစုခြောက်စုထဲကနေ ဘယ်တော့မှနေရာမပျောက်သွားအောင် ထိန်းသိမ်းထားကြသည်။

ချီယယ်က ဒီနေ့ခေတ်လူငယ်ထဲမှာ အရည်အချင်းအရှိဆုံးထဲက တစ်ယောက်ဖြစ်သည်။

သူ့ကိုယ်သူမိတ်ဆက်ပြီးနောက်မှာ ကျန်းလော့၏ဘေးနားကို ချီယယ် ဝင်ထိုင်လိုက်သည်။

ရုပ်နယ်လွန်အတန်းတစ်ခုလုံးမှာ အသစ်ရောက်လာသော ချီယယ်ကို ပေါင်းထည့်လိုက်လျှင် လူကိုးယောက်သာရှိသည်။ လူကိုးယောက် တစ်ခုံကို သုံးယောက်စီထိုင်လိုက်ရာ စုစုပေါင်း သုံးတန်းဖြစ်သွားခဲ့၏။ ကျန်းလော့က အလယ်မှာဖြစ်ပြီး တစ်ဖက်မှာ စိုင်းလောင်အာထိုင်ပြီး ချီယယ်ကတော့ နောက်တစ်ဖက်မှာဖြစ်သည်။

စိုင်းလောင်အာကတော့ မိတ်ဆွေမို့လို့ အဆင်ပြေသည်။ သို့သော် ချီယယ်ကတော့ သူကျောင်းပြောင်းလာရသည့် ရည်ရွယ်ချက်က ကျောင်းတက်ရုံတစ်ခုတင်မဟုတ်ဟု ကျန်းလော့ခံစားရသည်။

ချီယယ်က ထိုင်ချလိုက်ပြီး အတန်းကို စိတ်ဝင်တစားနှင့် လိုက်နားထောင်လိုက်သည်။ အတန်းပြီးသွားချိန်မှာ သူ မာန်ပါပါဖြင့် ထရပ်လိုက်ပြီး ကျန်းလော့ထံသွားကာ ရင်းနှီးနေသော စကားကြမ်းကြမ်းတို့ကို ပြောလာခဲ့သည်။

"နောက်တစ်ဆင့်ကျရင် ... ပထမနေရာကို ငါယူမှာ"

***Paid gp မှာ ၉၄ အထိတောင် ရောက်သွားပြီတဲ့။ သူတို့ တင်တာ မြန်လိုက်တာ။ ဒီမှာလည်း အဲလို တင်ချင်လိုက်တာ။ ကျုပ်လည်း အဲလို စကေးနဲ့ တင်လိုက်ရင် သူတို့ စွဲညို့ကို Team Leader အဖြစ်ကနေ မဲခွဲဆုံးဖြတ်ပြီးတော့ ဖြုတ်ချကြလိမ့်မယ်။ ဒီတော့ ကိုယ်တွေက ဖြည်းဖြည်းနဲ့ မှန်မှန်လေး သွားကြတာပေါ့နော်။***

အခန္း ၃၈

လူမရွိေသာသီးသန႔္ခန္းထဲမွာ မီးမထြန္းထားဘဲ စားပြဲႏွင့္ကုလားထိုင္တို႔က အေမွာင္ထဲမွာ ရွိေနခဲ့သည္၊ အနက္ေရာင္ျမဴထုက က်န္းေလာ့ကို ေခါင္းအစေျခအဆုံး ရစ္ပတ္ထားခဲ့ၿပီး ဆံျခည္တစ္မွ်င္ လက္ေခ်ာင္းေလးတစ္ေခ်ာင္းေတာင္ မျမင္ရေပ။

က်န္းေလာ့က သီးသန႔္ခန္း၏နံရံမွာ အနက္ေရာင္ျမဴထု၏ ဖိကပ္ထားျခင္းကို ခံထားရသည္။

သူ႔‌လက္ႏွစ္ဖက္ကို ေခါင္းအထက္မွာ အနက္ေရာင္ျမဴထု၏ တင္းက်ပ္စြာျဖင့္ ခ်ဳပ္ထားျခင္းကို ခံထားရၿပီး ေျခေခ်ာင္းမ်ားက ၾကမ္းျပင္ေပၚမွာ တြဲေလာင္းျဖစ္ေနခဲ့သည္။ က်န္းေလာ့ သူ႔လက္ကို ေမာ့ၾကည့္လိုက္ၿပီး မျမင္ရေသာခ်ဳပ္ေႏွာင္မႈကေန လြတ္ေျမာက္ဖို႔ ႐ုန္းကန္လိုက္သည္။

႐ုန္းကန္မႈေၾကာင့္ လက္ဖမိုးထက္မွာ ေသြးေၾကာမ်ား ထင္းထြက္ေနခဲ့ၿပီး ေနာက္ခံအနက္ေရာင္ထက္မွာ တစ္မ်ိဳးေလး ဆြဲေဆာင္မႈရွိၿပီး ရမၼက္ဆန္ေနခဲ့သည္။

အနက္ေရာင္ျမဴထုက တျဖည္းျဖည္းႏွင့္ လူပုံစံေျပာင္းလာၿပီး ျဖဴေဖ်ာ့ကာ အစိမ္းေရာင္သန္းေနေသာ လက္တစ္ဖက္က အနက္ေရာင္ျမဴထဲကေန ထြက္လာၿပီး က်န္းေလာ့၏လက္ေခ်ာင္းေပၚမွာ ညႇင္သာစြာ တင္လာခဲ့သည္။

အသက္ကင္းမဲ့ေသာ လက္တစ္ဖက္က လက္ေခ်ာင္းထိပ္ကေန ေလွ်ာဆင္းလာၿပီး လက္ဖမိုးေပၚရွိ ေသြးေၾကာေလးမ်ားကို အသာေလး ပြတ္တိုက္သြားခဲ့ၿပီး က်န္းေလာ့၏ ႏႈတ္ခမ္းေလးကို ေဆာ့ကစားကာ ေနာက္ဆုံးမွာ က်န္းေလာ့၏ေမး႐ိုးကို ဖိညႇပ္လာခဲ့သည္။

က်န္းေလာ့ အံႀကိတ္လိုက္ၿပီး ေျခေထာက္ကိုေျမႇာက္ကာ အေရွ႕ကို ပိတ္ကန္လိုက္သည္။

သို႔ေသာ္ ေျခေထာက္က မေကာင္းဆိုးဝါး၏ တားဆီးျခင္းကို ခံလိုက္ရသည္။

ေကြးထားေသာေျခေထာက္က ေနာက္ထပ္‌ေသာ အနက္ေရာင္ျမဴ၏ ရစ္ပတ္ျခင္းကိုခံလိုက္ရၿပီး ေလထဲမွာ တန႔္ေနခဲ့သည္။ ေနာက္ထက္ျဖဴေဖ်ာ့ေဖ်ာ့ သရဲလက္တစ္ဖက္က ရွည္လ်ားေသာ ေျခတံေပၚကို အယာအယာတင္လာခဲ့ၿပီး ထိုကေနတစ္ဆင့္ ဒူးေကြးၾကားထဲကို ေရာက္လာခဲ့သည္။

ထိုဟာက ဘာမွမဟုတ္ဘူးလို႔ ထင္ရေပမယ့္ ေအးစက္ေသာ သရဲလက္ႏွင့္ ထိခံရသည့္ခံစားခ်က္က ေအးခဲေန‌ေသာအေလာင္းေကာင္ႏွင့္ ထိလိုက္ရသလိုပင္။ ႏွစ္ေပါင္းမ်ားစြာ ေအးခဲေနခဲ့ေသာ‌ေရခဲတုံးက လူကို ေၾကာက္႐ြံ႕ထိတ္လန႔္မႈသာ ေပးစြမ္းႏိုင္၏။

အေျခအေန မေကာင္းေတာ့ဘူး။

က်န္းေလာ့၏ အႏၲရာယ္ကို ခံစားမိေနသည့္ အသိစိတ္က ေအာ္ဟစ္လာခဲ့သည္။

မေကာင္းဆိုးဝါး၏ လႈပ္ရွားမႈတိုင္းက အလြန္ပင္ အက်ိဳးအေၾကာင္းမဆီေလ်ာ္ကာ အဓိပၸာယ္မရွိျဖစ္ေနခဲ့ၿပီး ဝူရႉးကြားအစီအရင္ထဲက ေဟာခ်က္ႏွင့္ တစ္ထပ္တည္းက်ေနခဲ့သည္။ က်န္းေလာ့ အံႀကိတ္လိုက္ၿပီး အႏၲရာယ္ကို ခံစားမိေနသည့္အသိစိတ္က ပိုပိုျပင္းလာခဲ့ကာ သူ႔ႏႈတ္ခမ္းကို ထိေနေသာ လက္ကေနေရွာင္ဖို႔အတြက္ ေခါင္းကိုလွည့္ဖို႔ ႀကိဳးစားပါေသာ္လည္း ေနာက္တခဏမွာပဲ မေကာင္းဆိုးဝါး၏ ေမး႐ိုးကိုဆုတ္ကိုင္ကာ ဆြဲလွည့္ျခင္းကိုခံလိုက္ရသည္။

က်န္းေလာ့ အသံတိုးတိုးျဖင့္ က်ိန္ဆဲလိုက္သည္။ "ခ်ီယုံ ... မင္း ဘာလုပ္ေနတာလဲ"

သည္လိုအေျခအေနမ်ိဳးကို က်န္းေလာ့ ဘယ္ႏွစ္ခါပဲစိတ္ကူးၾကည့္ပါေစ သူ ဘယ္ေတာ့မွ ေတြးမိမွာမဟုတ္ေပ။

ဆံပင္အနက္ေရာင္ႏွင့္လူငယ္ေလးက ေဒါသ၊ အံ့ဩတုန္လႈပ္ျခင္းတို႔ျဖင့္ ျပည့္ႏွက္ေနခဲ့သည္။ သူ႔ဆီကေန သည္လိုပုံစံမ်ိဳးကို ေတြ႕ရခဲ၍ မေကာင္းဆိုးဝါး ရယ္လိုက္မိသည္။

ေနာက္တခဏမွာ မေကာင္းဆိုးဝါးက အနက္ေရာင္ျမဴထဲကေန တစ္ကိုယ္လုံး ထြက္လာခဲ့သည္။

သားေရဖိနပ္က က်န္းေလာ့၏ေျခေထာက္ၾကားကို ဝင္လာခဲ့ၿပီး နံရံကို ေထာက္ကန္လာခဲ့သည္။ က်န္းေလာ့၏ ေျခေထာက္ကို ရစ္ပတ္ထားခဲ့ေသာ အနက္ေရာင္ျမဴထုက ေပ်ာက္ကြယ္သြားခဲ့ၿပီး မေကာင္းဆိုးဝါး၏လက္ျဖင့္ အစားထိုးလာခဲ့ကာ ေပါင္ကေနတစ္ဆင့္ က်န္းေလာ့၏ ေျခသလုံးကို ညင္ညင္သာသာ ကိုင္တြယ္လာခဲ့သည္။

ဤအေနအထားက အေတာ္ေလးကို ထူးဆန္းေနသည္။ က်န္းေလာ့၏ မ်က္ႏွာထားးက ထူးဆန္းသထက္ထူးဆန္းလာခဲ့ၿပီး သူ႔ေျခေထာက္ကို လြတ္ေအာင္႐ုန္းလိုက္သည္။

ခ်ီယုံ၏မ်က္ႏွာက သူ႔အေရွ႕မွာ ေပၚလာခဲ့သည္။ မေကာင္းဆိုးဝါး၏ မ်က္ႏွာက အရင္အတိုင္းပဲ ၿပီးျပည့္စုံေနဆဲျဖစ္ကာ ႏွာတံျမင့္ျမင့္ နဖူးက်ယ္က်ယ္ႏွင့္ နားထင္စပ္ထိ ေရာက္ေန‌ေသာ မ်က္ခုံးရွည္ရွည္တို႔က ၾကည့္ေကာင္းေနခဲ့သည္။ သို႔ေသာ္ သည္တစ္ေခါက္မွာေတာ့ ခ်ီယုံ၏ မ်က္ႏွာထက္မွာ က်န္းေလာ့ အရင္တစ္ေခါက္က႐ိုက္ခဲ့ေသာ ၾကာပြတ္ရာရွိေနဆဲပင္။

ခ်ီယုံ၏ဘယ္ဘက္ပါးျပင္ထက္မွာ တစ္လက္မေလာက္ရွိေသာ အနီေရာင္ အမာ႐ြတ္က ထင္းေနခဲ့ၿပီး မေကာင္းဆိုးဝါး၏ အ႐ိုးအေသြးအသားထဲမွာ ပုန္းကြယ္ေနခဲ့ေသာ ရႈးသြပ္မႈတို႔ႏွင့္ ဘာကိုမွဂ႐ုမစိုက္ျခင္းတို႔က ထိုၾကာပြတ္ရာေၾကာင့္ အကုန္ေပၚထြက္လာခဲ့သည္။

မေကာင္းေတာ့ဘူး။

အေျခအေန အေတာ္ဆိုးေနၿပီ။

က်န္းေလာ့၏ သတိေပးေခါင္းေလာင္းက ေနာက္တစ္ႀကိမ္ ထပ္မည္လာျပန္သည္။

သူ မေကာင္းဆိုးဝါးကို ရာေပါင္းေထာင္ေပါင္းမ်ားစြာေသာ အာ႐ုံစိုက္မႈတို႔ျဖင့္ ၾကည့္လိုက္သည္။ အမွန္အတိုင္းေျပာရလွ်င္ မေကာင္းဆိုးဝါးဆီကေန ဓားႏွင့္ထိုးတာကိုသာ က်န္းေလာ့ခံလိုက္ခ်င္သည္ ယခုကဲ့သို႔ေသာ ထူးဆန္း‌ေနသည့္ ခ်ီယုံကို ထိပ္တိုက္ရင္ဆိုင္ရမည့္အစားေပါ့။

ထူးဆန္းတယ္ အရမ္းကိုထူးဆန္းေနတယ္။

အေနာက္ကို ဆုတ္ၿပီးရင္းဆုတ္ေနေသာ က်န္းေလာ့ကို မေကာာင္းဆိုးဝါးက ခါးအနည္းကိုင္းၿပီး ၾကည့္လိုက္သည္။ "ၾကည့္စမ္းပါဦး ဘယ္သူေလးလဲလို႔"

သူ႔ဆံပင္က က်န္းေလာ့၏နား႐ြက္ေပၚ ျဖတ္တိုက္သြားခဲ့ၿပီး ယားက်ိက်ိျဖစ္လာေစသည္။ ခ်ီယုံက က်န္းေလာ့၏နားထဲကို တီးတိုးေျပာလာခဲ့သည္။

"ဒါက ငါ့ကို ေပ်ာ္ေပ်ာ္ႀကီးေသေစခ်င္ေနတဲ့ ေက်ာင္းသားက်န္း မဟုတ္ဘူးလား"

မေကာင္းဆိုးဝါးက အသက္မရႈသလို အသက္လည္းမရွိေပ သို႔ေသာ္ မေကာင္းဆိုးဝါး ရႉထုတ္လိုက္ေသာ ေအးစက္စက္ေလေငြ႕ကို က်န္းေလာ့ ခံစားမိေနၿပီး ထိုစကားမ်ား၏ အဓိပၸာယ္ကလည္း ေသခ်ာေပါက္ ေကာင္းတဲ့ရည္႐ြယ္ခ်က္ေတာ့ မဟုတ္ေပ။

ခ်ီးပဲ။

က်န္းေလာ့ သူ႔စိတ္ထဲကေန မေကာင္းဆိုးဝါးကို ထပ္တလဲလဲ က်ိန္ဆဲေနလိုက္သည္ သို႔ေသာ္ ထူးျခားၿပီး ကတ္သီးကတ္သတ္ႏိုင္ေသာ ခံစားခ်က္ႀကီးက အခုထိ ေပ်ာက္ကြယ္မသြားေသးဘဲ ပိုၿပီးေတာ့ေတာင္ တိုးသထက္ တိုးလာခဲ့ကာ သူ႔ကို ရွင္းမျပတတ္ေအာင္ပင္ ရင္ထဲမွာ အနည္းငယ္ စိုးထိတ္လာေစခဲ့သည္။ သူ ယင္ယန္လက္ေကာက္ကို ဖြင့္ခ်င္ပါေသာ္လည္း အနက္ေရာင္ျမဴက လက္ကိုခ်ဳပ္ထားခဲ့၍ သူ႔မွာ နည္းနည္းေလးေတာင္ လႈပ္မရျဖစ္ေနခဲ့သည္။

က်န္းေလာ့၏ေမးေစ့ကို ကိုင္ထားခဲ့ေသာလက္က က်န္းေလာ့၏ ေအာက္ႏႈတ္ခမ္းလႊာကို ပြတ္သပ္လာခဲ့သည္။ အနက္ေရာင္ဆံပင္ႏွင့္လူငယ္ေလး ေတာင့္တင္းသြားၿပီး မေကာင္းဆိုးဝါး၏လက္ကို မရမကေရွာင္လိုက္သည္။ မေကာင္းဆိုးဝါး၏လက္က သူ႔အေပၚႏႈတ္ခမ္းေပၚ ေရာက္လာခ်ိန္မွာေတာ့ က်န္းေလာ့ သည္းမခံႏိုင္ေတာ့ဘဲ လက္ကိုကိုက္ခ်ကာ ေအာ္လိုက္သည္။

"သြားေသလိုက္"

အမိအရ ကိုက္ခ်လိုက္ေသာ္လည္း ကိုက္မိလိုက္သည့္ဟာက အေဝးကို လြင့္ပါသြားေသာ အနက္ေရာင္ျမဴျဖစ္ေနခဲ့သည္။

က်န္းေလာ့၏ေမးေစ့ကို ခ်ီယုံေမာ့လိုက္ၿပီး အနက္ေရာင္ဆံပင္ႏွင့္ လူငယ္ေလးကို ငုံ႔ၾကည့္လိုက္သည္။

သူ႔ႏွလုံးသားထဲမွာ တစ္စုံတစ္ရာက ျပင္းျပင္းထန္ထန္ တုန္ခါေနခဲ့ၿပီး မီးပဲသင့္ေနသလို လႈိင္းပဲထန္ေနသလိုပင္။ ထိုအရာကဘာမွန္း သူေသခ်ာမသိေသာ္လည္း သည္လိုခံစားေနရတာက လိုက္ဖက္ညီေစသည့္အေဆာင္ႏွင့္ ခ်စ္သူ႔ပန္း၏ေပါင္းစည္းမႈေၾကာင့္ ျဖစ္လာသည့္အက်ိဳးဆက္ ဆိုတာကိုေတာ့ သူေသခ်ာေပါက္သိသည္။

ရည္႐ြယ္ထားေသာသူ၏ ေမြးရက္မရွိေတာ့ဘဲ ခ်ီယုံ၏ ေရထဲကိုထည့္ေဖ်ာ္ျခင္းခံလိုက္ရသည့္ အေဆာင္က ထိုေရကိုေသာက္လိုက္မိသည့္ ဘယ္သူ႔အေပၚမဆို အက်ိဳးသက္ေရာက္မႈရွိသည္။ ခ်ီယုံက က်န္းေလာ့ကို ေသာက္ေစခ်င္ခဲ့ေသာ္လည္း ထိုအစား သူကိုယ္တိုင္ပဲ ေသာက္ခဲ့မိသည္။

သို႔ေသာ္ အခုလက္ရွိျဖစ္ေနသည့္ အေနအထားကေတာ့ သိပ္ၿပီးေတာ့ မဆိုးေပ။

က်န္းေလာ့ဆီမွာ သူအရင္တုန္းက မျမင္ဖူးခဲ့ေသာ အနည္းငယ္စိုးထိတ္မႈကို ေတြ႕ေနရသည္။

အံ့အားသင့္ေနတဲ့အၾကည့္၊ အေနာက္ကို ျပန္ဆုတ္ေနသည့္လႈပ္ရွားမႈႏွင့္ သူ႔ႏႈတ္ခမ္းထက္က ထြက္က်လာေသာ ေဒါသတႀကီးႏွင့္ က်ိန္ဆဲလိုက္တဲ့ စကားသံေတြ ။

ထိုအရာက က်န္းေလာ့ကို မေပ်ာ္႐ႊင္ေအာင္ လုပ္ႏိုင္သေ႐ြ႕ ခ်ီယုံ ေက်နပ္ေနမိမွာပင္။

ခ်ီယုံ ေခါင္းငုံ႔လိုက္ၿပီး က်န္းေလာ့၏ နားသယ္သီးနားကို တိုးကပ္လိုက္သည္။ "ေက်ာင္းသားက်န္း ... ဆရာ မင္းကို ေနာက္ထပ္တစ္ခုထပ္သင္ေပးမယ္"

ေလသံက မထိခလုတ္ထိခလုတ္ ျဖစ္ေနခဲ့ၿပီး "မင္း ေျပာခဲ့တဲ့စကားကို ... မင္း တကယ္လုပ္ရမယ္"

နားက လည္ပင္းႏွင့္ကပ္လ်က္ျဖစ္သည္။ လည္ပင္းဆိုတာမ်ိဳးက သူမ်ားခ်ဥ္းကပ္လာလွ်င္ ကတိကေအာက္အျဖစ္ရဆုံးေသာ ေနရာျဖစ္၏။ က်န္းေလာ့က ေခါင္းကိုတစ္ဖက္ေစာင္းထားခဲ့၍ သူ႔လည္ပင္းကို အခ်ိန္မေ႐ြး ကိုက္ခဲလာႏိုင္ေသာ သားရဲႀကီး၏ပါးစပ္ေအာက္မွာ ေရာက္ေနရသလို ခံစားလာရသည္။

ခ်ီယုံ ဘယ္လိုလုပ္ၿပီးေတာ့ အရမ္းထူးဆန္းေနရတာလဲ။

သူ မေကာင္းဆိုးဝါးကို တြန္းထုတ္ဖို႔ႀကိဳးစားလိုက္သည္ သို႔ေသာ္ သူ႔လက္ကို လႈပ္လို႔လည္းမရသလို ေျခေထာက္ကလည္း အခ်ဳပ္ခံထားရသည္။ က်န္းေလာ့၏ မ်က္ႏွာထားက ျဖဴလိုက္နီလိုက္ျဖစ္ေနခဲ့ၿပီး ေနာက္ဆုံးမွာ သူ စိတ္ၿငိမ္လာခဲ့သည္။

"ကြၽန္ေတာ္က အမ်ားႀကီးေျပာခဲ့တာဆိုေတာ့ ... ဆရာ ေျပာခ်င္တာ ဘယ္စကားမ်ားလဲ"က်န္းေလာ့၏ပါးစပ္ေထာင့္က ေကာ့တက္လာခဲ့ၿပီး သူရန္စလိုက္သည္။ "ဆရာက ကြၽန္ေတာ္ျပန္ႀကိဳက္လာတာကို လိုခ်င္ေနတယ္ဆိုတဲ့ အေၾကာင္းေတာ့မဟုတ္ဘူးမလား"

သူ႔ပါးစပ္က မေကာင္းဆိုးဝါးကို အာ႐ုံလႊဲေနသည့္အခ်ိန္မွာ က်န္းေလာ့၏ လက္က ယင္ယန္လက္ေကာက္ကို လႈပ္လို႔ရသေလာက္ လႈပ္ေနခဲ့သည္။

အနက္ေရာင္ျမဴက သူ႔လက္ကို တင္းက်ပ္ေနေအာင္ခ်ဳပ္ထားခဲ့၍ သူလက္ကို တစ္ဝက္ေလာက္ အရင္လွည့္ၿပီးမွ လႈပ္လို႔ရခဲ့သည္။

"ဒါမွမဟုတ္ ..."မေကာင္းဆိုးဝါးကို က်န္းေလာ့ ၾကည့္လိုက္ၿပီး ဟန္လုပ္ကာ ၿပဳံးျပလိုက္သည္ "ကြၽန္ေတာ္ လုပ္တာကို တကယ္ခံခ်င္ေနတာလား"

မေကာင္းဆိုးဝါးက တုန္လႈပ္မသြားဘဲ က်န္းေလာ့၏ ေပါင္တံကို မထားခဲ့ေသာ လက္က တျဖည္းျဖည္းခ်င္း ေအာက္ဆင္းလာခဲ့သည္။

က်န္းေလာ့ သူ႔ကို ျပင္းျပင္းထန္ထန္ ပိတ္ကန္လိုက္ေသာ္လည္း မေကာင္းဆိုးဝါးကို ေ႐ြ႕သြားေအာင္ မလုပ္ႏိုင္ေပ၊ သူပဲ အသက္ျပင္းျပင္း ရႈရတာ အဖက္တင္သည္။

က်န္းေလာ့ ေခါင္းကိုတစ္ဖက္ေစာင္းကာ အသက္ရႈလိုက္ရင္း ပထမဆုံးအႀကိမ္အျဖစ္ စကားကိုစည္းမေစာင့္ဘဲေျပာခဲ့မိလွ်င္ ဘယ္လိုအက်ိဳးဆက္ႏွင့္ ႀကဳံရမလဲဆိုတာ သေဘာေပါက္လာခဲ့သည္။

သို႔ေသာ္ သူ ေနာက္တစ္ႀကိမ္ထပ္လုပ္ခြင့္ ရခဲ့ရင္ေတာင္မွပဲ သူ႔ပါးစပ္ကို က်န္းေလာ့ တားဆီးမွာမဟုတ္ေပ။

သူ႔ေျခေထာက္ၾကားကေန သားေရဖိနပ္က ျပန္႐ုတ္သြားခဲ့သည္။ ခ်ီယုံလုပ္သမွ် အျပဳအမူတိုင္းက က်န္းေလာ့၏ မ်က္ခုံးကို လႈပ္ေစခဲ့သည္။

ခ်ီယုံက ပုံမွန္မဟုတ္ဘူး။

ဘာကပုံမွန္မဟုတ္ေနတာလဲ။

က်န္းေလာ့ ဤကိစၥ၏ဇစ္ျမစ္ကို ေတြးရင္းႏွင့္ သူ႔အေတြးတို႔က စားပြဲေပၚမွာ တင္ထားခဲ့ေသာ ေရေႏြးၾကမ္းခြက္ဆီ ေရာက္သြားခဲ့သည္။

ထိုေရေႏြးခြက္ေၾကာင့္ ခ်ီယုံက သူ႔ကို ပုံမွန္ႏွင့္မတူဘဲၾကည့္လာတာ ျဖစ္ႏိုင္သည္။

သူ႔မ်က္ႏွာထက္ကေန ေခြၽးမ်ားစီးက်လာခဲ့ၿပီး ဆံပင္‌ထဲကို စီးဝင္သြားကာ အနက္ေရာင္ဆံပင္၏ စုပ္ယူျခင္းကို ခံလိုက္ၾကရသည္။ က်န္းေလာ့ အေလ်ာ့မေပးဘဲ မေကာင္းဆိုးဝါးကို ဆက္ကန္လိုက္ၿပီး မေကာင္းဆိုးဝါး၏ လက္ေမာင္းတစ္ဖက္ကို ကန္လိုက္ႏိုင္ကာ အဝတ္အစားေပၚမွာ ေျခရာႀကီးထင္က်န္ရစ္ခဲ့သည္။

မေကာင္းဆိုးဝါးက မ်က္ခုံးပင့္လိုက္ၿပီး က်န္းေလာ့၏ ေျခက်င္းဝတ္ကို ဆုပ္ကိုင္လိုက္သည္။ သူ၏ေသးသြယ္ေသာ ေျခက်င္းဝတ္ကို မေကာင္းဆိုးဝါးက ညင္သာစြာ ပြတ္သပ္လာခဲ့ၿပီး ျဖည္းျဖည္းခ်င္း ခ်ီးက်ဴးလာခဲ့သည္။ "ကန္ခ်က္က ေတာ္ေတာ္ေလးေကာင္းတာပဲ"

က်န္းေလာ့ အသက္ျပင္းျပင္း ရႈသြင္းလိုက္ေသာ္လည္း စိတ္မထိန္းႏိုင္ေပ။ "ခ်ီးပဲ"

အဲဒီ့ေရေႏြးၾကမ္းထဲမွာ ဘာရွိေနတာလဲ။ ဘာမို႔လို႔ ခ်ီယုံကို ဒီလိုပုံစံျဖစ္ေအာင္ လုပ္ႏိုင္ရတာလဲ။

က်န္းေလာ့ သူ႔ကိုယ္သူစိတ္ၿငိမ္ေအာင္ လုပ္လိုက္ၿပီး ႐ုတ္တရက္ ပိုင္ခ်ဴး၏အိမ္မွာ ခ်ီယုံေျပာခဲ့တာကို ျပန္သတိရသြားမိ၏။

"ေရထဲကိုထည့္လိုက္ရင္ အံ့ဩစရာေကာင္းတဲ့ ရလဒ္ကို ေတြ႕ရလိမ့္မယ္"

လိုက္ဖက္ညီေစတဲ့အေဆာင္ရဲ႕ ျပာမႈန္ေတြမ်ားလား။

က်န္းေလာ့ ခ်က္ခ်င္းပင္ သေဘာေပါက္သြားခဲ့သည္။

ခ်ီယုံက လိုက္ဖက္ညီေစသည့္ အေဆာင္ရဲ႕ျပာမႈန္ေတြ ထည့္ထားေသာေရကို နဂိုက သူ႔ကို ေသာက္ေစခ်င္ခဲ့တာျဖစ္မည္။

က်န္းေလာ့၏မ်က္လုံးတို႔ ေအးစက္သြားခဲ့သည္ သို႔ေသာ္ သူ ျမန္ျမန္ဆန္ဆန္ပင္ ျပန္တုံ႔ျပန္လာ၏။ ေရေႏြးၾကမ္းကို ေသာက္မိသြားတဲ့သူက ခ်ီယုံမဟုတ္ဘူးလား။

သူ တြန႔္ခ်ိဳးထားေသာမ်က္ခုံးကို ေျဖလိုက္ၿပီး ခ်ီယုံကို ၾကည့္လိုက္သည္။

လိုက္ဖက္ညီ‌ေစသည့္အေဆာင္က အသုံးဝင္ရင္ေတာင္မွပဲ မေကာင္းဆိုးဝါးအေပၚ အက်ိဳးသက္ေရာက္မႈက သိပ္ၿပီးေတာ့ ၾကာရွည္ခံမွာမဟုတ္ေလာက္ေပ။ အေဆာင္၏ ထိန္းခ်ဳပ္မႈကိုခံထားရေသာ ပိုင္ခ်ဴး၏အေျခအေနကို က်န္းေလာ့ ျပန္ေတြးမိသြားၿပီး ေပ်ာ္႐ႊင္စြာျဖင့္ ၿပဳံးလိုက္မိသည္။

ကိုယ့္ရန္သူကို ခ်စ္မိသြားတာကို ၾကည့္ေနရသည့္ခံစားခ်က္က ဘယ္လိုေနလဲ။ မေကာင္းဆိုးဝါး၏ စိတ္ထဲမွာ အေတာ္ေလးကို ေဒါသူပုန္ထေနေလာက္သည္။

က်န္းေလာ့ သူ၏အရာမေရာက္ေသာ ႐ုန္းကန္မႈကို ခ်က္ခ်င္းရပ္လိုက္ၿပီး ပ်င္းတိပ်င္း႐ႊဲ႕ျဖင့္ ေျပာလိုက္၏။

"ခ်ီယုံ ... မင္းကငါ့ကို ေဒါသထြက္ေအာင္ လုပ္ေနတာပဲ"

မေကာင္းဆိုးဝါးက ပိုင္ခ်ဴးလို အ႐ူးအမူးမျဖစ္ရင္ေတာင္မွပဲ သူအခုျဖစ္ေနသည့္ ပုံစံကိုၾကည့္ရတာေတာ့ အေတာ္ေလး အက်ိဳးသက္ေရာက္မႈရွိသည့္ပုံပင္။ဤဟာက မေကာင္းဆိုးဝါးကို ျပန္လက္စားေခ်ႏိုင္ေသာ အခြင့္အေရးျဖစ္ၿပီး က်န္းေလာ့ ဤအခြင့္အေရးကို ေသခ်ာေပါက္ ေကာင္းေကာင္းႀကီးအသုံးခ်မွာပင္။

သူ႔ပါးစပ္ေထာင့္က အထက္သို႔ အယာအယာျမင့္တက္သြားခဲ့ၿပီး မ်က္လုံးထဲမွာ တမင္တကာလုပ္ထားေသာ သည္းမခံႏိုင္မႈႏွင့္ ပ်င္းရိမႈတို႔ကို လွစ္ဟျပလာခဲ့သည္။ "မင္းဒီလိုလုပ္ရင္ ငါမုန္းတယ္"

စကားကို ရပ္လိုက္ၿပီး ခ်ီယုံကို က်န္းေလာ့ ပေရာပရည္လုပ္လိုက္သည္။ "မင္းလည္း ငါမုန္းတာကို မခံခ်င္ဘူးမလား"

ပိုင္ခ်ဴး၏အေျခအေနအရဆိုလွ်င္ ဒီလိုစကားမ်ိဳးက မေကာင္းဆိုးဝါးကို သူ႔ကို "ခ်စ္လာေစရန္"မက္လုံးေကာင္းေကာင္း ေပးလိုက္တာပင္။

မေကာင္းဆိုးဝါးက သူ႔ကို စူးစိုက္ၾကည့္လာၿပီးေနာက္မွာ က်န္းေလာ့၏စကားအတိုင္း လႊတ္ေပးလာခဲ့သည္။ က်န္းေလာ့ သူ႔လက္ေကာက္ဝတ္ကို ပြတ္လိုက္ၿပီး ေနာက္ဆုံးမွာ ေျခေထာက္ႏွင့္ၾကမ္းျပင္ ထိသြားခဲ့သည္။ သူၿပဳံးလိုက္ၿပီး ေလခြၽန္လိုက္သည္။

လိုက္ဖက္ညီေစတဲ့အေဆာင္၊ ဘယ္လိုေတာင္ေကာင္းလိုက္တဲ့ ပစၥည္းလဲ။

က်န္းေလာ့ ဖန္စားပြဲဆီကို ေလွ်ာက္သြားကာ ထိုင္ခ်လိုက္သည္။ သူ စီးကရက္ကို ရႈိက္လိုက္ၿပီး သည္လိုအေျခအေနေရာက္ေနေသာ ခ်ီယုံကို သူဘယ္လိုအခြင့္အေရးယူရင္ ေကာင္းမလဲဟု ေတြးေတာလိုက္သည္။

သူ႔လက္ကို ေနာက္ပစ္လိုက္ၿပီး ကိုယ္ေနဟန္ထားက ၾကည့္ေကာင္းေနခဲ့သည္။

မေကာင္းဆိုးဝါးက အေဆာင္၏ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနမည့္အခ်ိန္အကန႔္အသတ္ကို သူမသိေပ။ ထို႔ေၾကာင့္ သူ႔ကို အခ်ိန္ရွိတုန္း ျမန္ျမန္စၿပီး အခြင့္ေကာင္းယူကာ လစ္ထြက္ရမည္။

သူ စီးကရက္ကို တစ္ရႈိက္ဖြာလိုက္သည္ က်န္းေလာ့ ေခါင္းကို တစ္ဖက္သို႔ အနည္းငယ္ေစာင္းထားခဲ့ၿပီး သူ႔ဆံပင္က ပခုံးထက္မွာ က်ေနခဲ့၏။ အႀကံေကာင္းတစ္ခုက သူ႔အေတြးထဲ ေပၚလာခဲ့ၿပီး သူႏႈတ္ခမ္းကို အနည္းငယ္ ေကြးၫြတ္လိုက္ကာ အသံကို နည္းနည္းျမႇင့္၍ေျပာလိုက္သည္။ "ဒူးေထာက္လိုက္"

က်န္းေလာ့က ေျခခ်ိတ္ထိုင္ထားခဲ့သည္၊ သူ႔မ်က္ႏွာကို ေဆးလိပ့္ေငြ႕ေတြက ကာဆီးထားခဲ့ၿပီး သူမဲ့ၿပဳံးၿပဳံးလိုက္စဥ္မွာ သူ၏လည္စလုတ္က ဆက္စီက်စြာ အထက္ေအာက္လႈပ္ရွားသြားခဲ့သည္။ "ငါ့ေျခေထာက္နားမွာ ဒူးေထာက္လိုက္"

ခ်ီယုံက မလႈပ္ရွားေပ။

က်န္းေလာ့ မွီၿပီးထိုင္ေနသည့္ပုံစံကို ျပင္လိုက္ၿပီး ဒူးေခါင္းေပၚ လက္တင္ကာ ေမးေထာကၿပီး ခ်ီယုံကို မ်က္စိမွိတ္ျပလိုက္သည္။ "ငါ မင္းကို ႀကိဳက္လာမွာကို မလိုခ်င္ဘူးလား"

ထိုစကားက မေကာင္းဆိုးဝါး၏ ခ်က္ေကာင္းကို ထိသြားသည့္ပုံပင္၊ သူ႔ဆီကို ေျခတစ္လွမ္းလွမ္းလာၿပီးေတာ့ ေရ႐ြတ္လာခဲ့သည္။

"ဒါကေတာ္ေတာ္ေလးကို ဆြဲေဆာင္ႏိုင္စြမ္းရွိတဲ့ ကမ္းလွမ္းခ်က္ပဲ..."

က်န္းေလာ့ သူ႔ကိုယ္သူေျပာလိုက္မိသည္၊ ခ်ီယုံေတာ့ တကယ္႐ူးသြားၿပီဆိုၿပီး။

သို႔ေသာ္ သူကေတာ့ ခ်ီယုံ႐ူးသြပ္ေလေလ ပိုႀကိဳက္ေလေလပင္၊ သူကေသဆိုလွ်င္ ေသႏိုင္တဲ့အထိ ႐ူးသြပ္လွ်င္ပိုေကာင္းသည္။

မေကာင္းဆိုးဝါးက ေရွ႕တိုးလာတာကို က်န္းေလာ့ ေစာင့္စားလိုက္သည္ သို႔‌ေသာ္ သူ႔သတိကိုလႊတ္မထားဘဲ ယင္ယန္လက္ေကာက္ကို ဖြင့္ဖို႔ရာ အသင့္ျပင္ထားခဲ့သည္။

မေကာင္းဆိုးဝါးက သူ႔ေျခေထာက္နားကိုေရာက္လာခဲ့ၿပီး အနည္းငယ္ေကြးၫြတ္ကာ ဒူးေထာက္ဖို႔ ျပင္လိုက္သည္။သူက ဒူးေထာက္တာေတာင္မွပဲ ေၾကာ့ေမာ့ေနခဲ့ၿပီး အရွက္ခြဲ‌ခံေနရသည့္ပုံမေပါက္ဘဲ သူ၏ရွင္ဘုရင္ကို ခစားေနေသာ သူရဲေကာင္းတစ္ေယာက္၏ပုံစံ ေပါက္ေနခဲ့သည္။

ခ်ီးယုံ၏ခါးကို က်န္းေလာ့ ေျခေခ်ာင္းျဖင့္ကန္လိုက္ၿပီး ေပါ့ေပါ့ပါးပါးပင္ ေျပာလိုက္သည္။

"ပုံစံက အရမ္းေထာင္လႊားလြန္းေနတယ္ေလ ... မင္း အခ်စ္ကို ဘယ္လိုခယၿပီးေတာ့ ေတာင္းခံရလဲဆိုတာ မသိဘူးလား"

"ႏွိမ့္ခ်ၿပီးေတာ့ သနားစဖြယ္ေကာင္းၿပီး စုတ္ခ်ာခ်ာေလး ျဖစ္ေနရမယ္"က်န္းေလာ့ ၾကမ္းျပင္ႏွင့္ ဒူးေခါင္းထိလုဆဲဆဲျဖစ္ေနေသာ မေကာင္းဆိုးဝါးကို ၾကည့္ကာ ျဖည္းျဖည္းခ်င္းေလး ေျပာလိုက္သည္။ "ငါ့ကို စိတ္ေပ်ာ္ေအာင္လုပ္ေပးရမယ္ ... သေဘာေပါက္လား"

မေကာင္းဆိုးဝါးက ခ်က္ခ်င္းသေဘာေပါက္သြားခဲ့သည္။ "သေဘာေပါက္ၿပီ"

သို႔ေသာ္ ေနာက္တခဏမွာပဲ မေကာင္းဆိုးဝါးက အလ်င္အျမန္ထရပ္ကာ က်န္းေလာ့ကို ဖိလိုက္ၿပီး အနက္ေရာင္ျမဴအစား လက္တစ္ဖက္တည္းျဖင့္ က်န္းေလာ့၏ လက္ႏွစ္ဖက္ကို ခ်ဳပ္လိုက္သည္။ ေျခေထာက္ကို က်န္းေလာ့ေပါင္တံၾကား တိုးဝင္လိုက္ၿပီး က်န္းေလာ့ကို ဖန္စားပြဲအဝိုင္းေပၚ ဖိခ်လိုက္သည္။

ၾကည္လင္ေနေသာ ဖန္စားပြဲထက္မွာ အနက္ေရာင္ဆံပင္မ်ား ျပန႔္က်ဲသြားခဲ့ၿပီး က်န္းေလာ့၏ မ်က္လုံးမ်ားက အံ့အားသင့္သြားခဲ့ၾကသည္။

မေကာင္းဆိုးဝါးက ၿပဳံးလိုက္သည္။ "ဒါေပမဲ့ ငါကေတာ့ ငါ့ကိုငါေပ်ာ္ေအာင္လုပ္ဖို႔က အေရးႀကီးဆုံးလို႔ထင္တယ္"

အနက္ေရာင္ဆံပင္ႏွင့္လူငယ္ေလး၏ မယုံၾကည္ႏိုင္သည့္အမူအရာေလးက မေကာင္းဆိုးဝါးကို ရယ္မိေစသည္။

သူ၏ေအးစက္ေနေသာ လက္ေခ်ာင္းထိပ္က က်န္းေလာ့၏မ်က္လုံးေထာင့္မွာ က်ဆင္းလာခဲ့သည္။

"လွလိုက္တဲ့ မ်က္လုံးေလးေတြ"

ၿပဳံးရင္းျဖင့္ လက္ကိုေအာက္ေလွ်ာခ်လိုက္ၿပီး "ဒီပါးစပ္ေလးကလည္း လွတာပဲ"

"မင္းငါ့ကို ေပ်ာ္ေအာင္လုပ္ခ်င္ရင္"မေကာင္းဆိုးဝါးက အႏၲရာယ္ရွိစြာျဖင့္ ေျပာလာခဲ့သည္။

"ဒီေလာက္နဲ႔ မလုံေလာက္ဘူး"

သူ႔လက္မကို ေနရာေ႐ႊ႕လိုက္သည္။

သို႔ေသာ္ အေဆာင္၏အက်ိဳးသက္ေရာက္မႈက မေကာင္းဆိုးဝါးအေပၚကေန အခ်ိန္ဘယ္ေလာက္မွ မၾကာလိုက္ဘဲ ေပ်ာက္ကြယ္သြားခဲ့သည္။

မေကာင္းဆိုးဝါး ရပ္တန႔္သြားခဲ့ၿပီး သူ႔ေအာက္မွာေရာက္ေနေသာ လူငယ္ေလးကို ၾကည့္လိုက္သည္။

အနက္ေရာင္ဆံပင္ႏွင့္လူငယ္ေလးက အသက္ကို အသက္ကိုျပင္းျပင္းရႈေနခဲ့ၿပီး သူ႔အဝတ္အစားကလည္း ဖ႐ိုဖရဲျဖစ္ေနခဲ့သည္၊ ႏႈတ္ခမ္းတစ္စုံကလည္း ခ်ီယုံ၏လက္ေၾကာင့္ နီရဲေနခဲ့ၿပီး မ်က္လုံးေထာင့္တို႔က ရဲပေတာင္းခတ္ကာ ခ်ီယုံကို မီးဝင္းဝင္းေတာက္သည့္ အၾကည့္ျဖင့္ စိုက္ၾကည့္ေနခဲ့သည္။

ခ်ီယုံ မ်က္ခုံးပင့္လိုက္သည္။

"မင္းက အရမ္းရဲတာပဲ"မေကာင္းဆိုးဝါးက က်န္းေလာ့ လည္ပင္းကို လက္ျဖင့္ညႇစ္လိုက္သည္။ "ငါ့ကို ဒူးေထာက္ခိုင္းရဲတယ္ေပါ့ေလ"

မေကာင္းဆိုးဝါး သတိျပန္ကပ္လာၿပီပဲ။

က်န္းေလာ့ ေအးစက္စက္ရယ္လိုက္ၿပီး မေကာင္စဆိုးဝါး၏ အဓိကေနရာကို ခ်က္ခ်င္းပိတ္ကန္ပစ္လိုက္သည္။ က်န္းေလာ့က ယင္ယန္လက္ေကာက္ကို ဖြင့္ထားႏွင့္ၿပီးၿပီျဖစ္ကာ ေ႐ႊေရာင္စပါးႀကီးေႁမြႀကီးက အနက္ေရာင္ျမဴကို ၿဖိဳခြင္းၿပီး ခ်ီယုံဆီ တစ္ရွိန္ထိုးေျပးသြားခဲ့သည္။

ေႁမြ၏တိုက္ခိုက္ပုံက က်န္းေလာ့၏ စိတ္အေျခအေနႏွင့္ သက္ဆိုင္ေနခဲ့ၿပီး သူ၏ေသြးခ်င္းခ်င္းနီေနေသာ ပါးစပ္ကိုၿဖဲကာ ျမစ္ကမ္းနံေဘးမွာတုန္းကထက္ပင္ ပိုၿပီးေတာ့ ရက္ရက္စက္စက္ တိုက္ခိုက္လာခဲ့သည္။

ခ်ီယုံ ထိုဟာကိုေရွာင္တိမ္းလိုက္သည္ သို႔ေသာ္ ေနာက္တစ္စကၠန႔္မွာပင္ က်န္းေလာ့၏လက္သီးႏွင္ မိတ္ဆက္လိုက္ရသည္။

က်န္းေလာ့၏ လက္သီးကို အေဆာင္ျဖင့္ ပတ္ထားခဲ့ၿပီး ထိုးခ်က္ကအားျပင္းသည္။ သို႔ေသာ္ ထိုလက္သီးက မေကာင္းဆိုးဝါးကို ထိုးမိခ်ိန္မွာ လူပုံစံက အနက္ေရာင္ျမဴအသြင္ေျပာင္းကာ ခ်က္ခ်င္းေပ်ာက္ကြယ္သြားခဲ့သည္။

က်န္းေလာ့ သူ႔လက္ေကာက္ဝတ္ကို ပြတ္လိုက္ၿပီး အခန္းထဲက အေမွာင္ထုကို လွည့္ပတ္ၾကည့္လိုက္သည္။

တံခါး၏အျပင္ဘက္ကေန ေခါက္သံထြက္ေပၚလာခဲ့သည္။

စီနီယာအစ္ကိုေခ်ာင္၏အသံက ထြက္ေပၚလာခဲ့၏။ "ဂ်နီယာညီေလး... မင္း ဒီထဲမွာလား"

သ႐ုပ္ေဆာင္ေတာ္ေတာ္ေကာင္းတာပဲ။

က်န္းေလာ့ လက္သီးျပင္လိုက္ၿပီး တံခါးအျပင္ကိုထြက္ကာ ဘာစကားမွေျပာမေနဘဲ စီနီယာအစ္ကိုေခ်ာင္၏ မ်က္ႏွာတည့္တည့္ကို လက္သီးျဖင့္ ပိတ္ထိုးပစ္လိုက္သည္။

စီနီယာအစ္ကိုေခ်ာင္က အေနာက္ကို ေျခႏွစ္လမ္းဆုတ္သြားခဲ့ၿပီး ေနရာမွာပဲ ရပ္ကာ ဘာျဖစ္သြားလဲဆိုတာကို သေဘာမေပါက္သည့္ပုံပင္။

"ဂ်ဳနီယာညီေလး ..."

"အစ္ကို ... ကြၽန္ေတာ္ေတာင္းပန္ပါတယ္"က်န္းေလာ့ ဟန္ေဆာင္ေတာင္းပန္လိုက္၏။

"အစ္ကို႔ကို ကြၽန္ေတာ္တစ္ျခားတစ္ေယာက္နဲ႔ မွားသြားလို႔ပါ။ အဆင္ေျပရဲ႕လား"

သူ သြားၿပီးေတာ့ စစ္ေဆးလိုက္သည္၊ စီနီယာအစ္ကို၏ မ်က္ႏွာတစ္ဖက္က ညိဳမဲေနၿပီျဖစ္ၿပီး ဒဏ္ရာကို ၾကည့္ရပုံအရဆိုလွ်င္ သိပ္မၾကာခင္မွာပဲ ေရာင္ကိုင္းလာေလာက္သည္။

"အစ္ကိုေခ်ာင္"က်န္းေလာ့ ေျပာလိုက္၏။ "ကြၽန္ေတာ္ တကယ္ေတာင္းပန္ပါတယ္ ဒါမွမဟုတ္ ကြၽန္ေတာ္ ေဆး႐ုံကိုလိုက္ခဲ့ေပးမယ္ေလ"

စီနီယာအစ္ကိုေခ်ာင္က ေခါင္းယမ္းျပလာ၏။ "ထားလိုက္ပါေတာ့ ဂ်ဳနီယာညီေလး ... အေသးအမႊားဒဏ္ရာေလးပါ ... အဆင္ေျပပါတယ္"

"တကယ္အဆင္ေျပလို႔လား"က်န္းေလာ့ ဂ႐ုတစိုက္ျဖင့္ေမးလိုက္၏။

အစ္ကိုေခ်ာင္က ဒဏ္ရာကိုထိလိုက္ၿပီး ႏွစ္သိမ့္သည့္အၿပဳံး ၿပဳံးျပလာခဲ့သည္။ "မစိုးရိမ္ပါနဲ႔"

"ဒါနဲ႔"သူေမးလိုက္သည္။ "ညီေလးက ဘယ္လိုလုပ္ၿပီးေတာ့ လူမရွိတဲ့အခန္းထဲ ေရာက္ေနတာလဲ"

"ကြၽန္ေတာ့္အသိတစ္ေယာက္နဲ႔ ေတြ႕လို႔ပါ"က်န္းေလာ့ အၿပဳံးမဟုတ္ေသာ အၿပဳံးတစ္ပြင့္ၿပဳံးလိုက္သည္။ "ၿပီးေတာ့ စကားနည္းနည္း‌ေျပာခဲ့ၾကတာ"

အစ္ကိုေခ်ာင္က သူ႔ကို တုံ႔ဆိုင္းစြာျဖင့္ ေမးလာခဲ့သည္။ "ႏွစ္ေယာက္ၾကားမွာ တစ္ခုခု ျဖစ္ခဲ့ၾကလို႔လား"

အနက္ေရာင္ဆံပင္ႏွင့္လူငယ္ေလး၏ ပုံစံက အႏိုင္က်င့္ခံထားရသလိုပင္။ သူ႔မ်က္ႏွာထက္မွာ ေဒါသအရိပ္အေယာင္ ခပ္ေရးေရးရွိေနခဲ့ၿပီး အဝတ္အစားကလည္း ဖ႐ိုဖရဲျဖစ္ေနခဲ့သည္၊ လက္ေကာက္ဝတ္မွာလည္း လက္ရာႀကီး ထင္ေနရစ္ခဲ့သည့္ပုံစံက ေျပာလို႔မထြက္ေသာတစ္စုံတစ္ရာႏွင့္ ႀကဳံခဲ့ရသည့္ပုံေပါက္ေနခဲ့သည္။

က်န္းေလာ့ ျပတ္ျပတ္သားသားေျဖလိုက္သည္။ "ကြၽန္ေတာ္ အဆင္ေျပပါတယ္"

"ေတာ္ေသးတာေပါ့"စီနီယာအစ္ကိုက ထိုဟာကိုေတြ႕ခ်ိန္မွာ ေနာက္ထပ္ဆက္ေျပာမ‌လာေတာ့ေပ။ "ဒီလိုဆိုရင္ ညီေလး ... အစ္ကိုတို႔ ေန႔လည္စာျပန္စားၾကေတာ့မလား"

"မစားေတာ့ဘူး... အစ္ကို"က်န္းေလာ့ သည္မေကာင္းဆိုးဝါးႏွင့္ အတူဆက္ၿပီး ရွိမေနခ်င္ေတာ့ေပ။"ကြၽန္ေတာ္ ေန႔လည္ပိုင္းအတန္းရွိေသးတယ္ ... ေနာက္က်ေနမွာစိုးလို႔ အရင္သြားႏွင့္ေတာ့မယ္"

အစ္ကိုေခ်ာင္က ေခါင္းညိမ့္ျပလာၿပီး သူစားေသာက္ဆိုင္ထဲကေန ထြက္သြားတာကို ၾကည့္ေနခဲ့သည္။

က်န္းေလာ့၏ေနာက္ေက်ာ ေပ်ာက္ကြယ္သြားခ်ိန္မွာ အစ္ကိုေခ်ာင္ လူမရွိသည့္အခန္းကို တြန္းဖြင့္ကာ အေမွာင္ထဲကိုျဖတ္ေလွ်ာက္လိုက္ၿပီး ဖန္စားပြဲဝိုင္းေပၚက လွ်ပ္စစ္စီးကရက္ကို ရွာေတြ႕လိုက္သည္။

သူ ေဆးလိပ္ကို တစ္ငုံရႈိက္လိုက္ၿပီး အေငြ႕ကို မႈတ္ထုတ္လိုက္သည္၊ သူ၏ သာမန္ဆန္ေသာမ်က္ႏွာက ခ်က္ခ်င္းဆိုသလို ဆြဲေဆာင္မႈရွိလာခဲ့သည္။

ဒီတစ္ႀကိမ္မွာေတာ့ ခ်ီယုံက အစ္ကိုေခ်ာင္ကို ႀကိဳးဆြဲထားခဲ့တာမဟုတ္ဘဲ သူႏွင့္ဖုန္းလီ တိုက္ခိုက္လို႔ၿပီးခါနီးမွာ ဝင္ပူးလိုက္တာျဖစ္သည္။

ရလဒ္အေနနဲ႔ကေတာ့ သည္ခႏၶာကိုယ္ ႀကဳံေတြ႕ရေသာ ျပင္ပနာက်င္မႈမွန္သမွ်ကို သူလည္း ခံစားရသည္။

ဥမပမာအေနနဲ႔ေျပာရလွ်င္ ဒီတခဏမွာ လိုက္ဖက္ညီေစသည့္အေဆာင္ တစ္ခြက္က သူ႔ခႏၶာကိုယ္ထဲမွာ အင္းစက္မ်ားက အတြင္းကလီကေနစလို႔ အေသြးအသားအထိ တတိတိ ကိုက္ျဖတ္ေနသလို ခံစားေနရသည္။ အ႐ိုးမ်ားက ယားယံလြန္း၍ သူ႔ခႏၶာကိုယ္ထဲမွာ အေကာင္မ်ားေပါက္လာၿပီးေတာ့ အ႐ိုးမ်ားကို ကိုက္ျဖတ္ေစခ်င္သည့္ အထိပင္။

သူေရေႏြးၾကမ္းခြက္ထဲကို ေပါ့ေပါ့ပါးပါးပင္ထည့္လိုက္ေသာ ေအာက္လမ္းအေဆာင္က လူတစ္ေယာက္ကို ငရဲက်ေနသလို နာက်င္ေစသည္၊ သို႔ေသာ္ ခ်ီယုံ၏အမူအရာကေတာ့ လုံးဝေျပာင္းလဲသြားျခင္းမရွိေပ။

သူသက္ျပင္းခ်လိုက္ၿပီး သူ႔ကိုယ္သူေျပာလိုက္သည္။ "ဒီလို နာက်င္မႈမ်ိဳးကို မခံစားရတာေတာင္ အေတာ္ၾကာသြားၿပီပဲ"

က်န္းေလာ့ ေက်ာင္းကိုျပန္ေရာက္သြားခ်ိန္မွာ အခ်ိန္ကအေတာ္ေစာေသး၏။

သူေန႔လည္စာမစားရေသးေသာ္လည္ူ စားခ်င္စိတ္မရွိေပ။ သူ႔အေဆာင္ခန္းကို အေျပးသြားလိုက္ၿပီး ေရခ်ိဳးကာ မေကာင္းဆိုးဝါး၏ အထိခံခဲ့ရေသာ ေနရာမွန္သမွ်ကို အေသအခ်ာ တိုက္ခြၽတ္ေဆးေၾကာလိုက္သည္။

မေကာင္းဆိုးဝါး၏အခ်စ္က ေသာက္ရမ္းကို ေလးလံလြန္းသည္။ ကံေကာင္းေထာက္မစြာျဖင့္ ဆယ့္ငါးမိနစ္ထဲ ျဖစ္လို႔သာပင္။ တျခားသူမ်ား၏အခ်စ္က ေပးဆပ္ျခင္းျဖစ္ေသာ္လည္း သူကေတာ့ သူ႔ကိုယ္သူေပ်ာ္ေအာင္လုပ္သည့္ အ႐ူးေကာင္ျဖစ္သည္။

က်န္းေလာ့ သူ႔ကိုယ္သူသန႔္ရွင္းေရးလုပ္ၿပီးခ်ိန္က အတန္းစေတာ့မည့္အခ်ိန္ႏွင့္ ကြက္တိပင္။ သူအေဆာင္ခန္းထဲကေန ထြက္လာခ်ိန္မွာ စၾကၤန္လမ္းေပၚတြင္ ပစၥည္းထည့္ေသာပုံးမ်ား အထပ္လိုက္ ေရာက္ေနတာကို ေတြ႕လိုက္ရသည္။

သူ ပစၥည္းပုံးမ်ားကို ေရွာင္ကြင္းၿပီးေတာ့ အတန္းတက္ေခါင္းေလာင္းမထိုးခင္ အခန္းထဲကို ဝင္သြားလိုက္သည္။

လုယုံရိက အံ့ဩတႀကီးျဖင့္ ေျပာလာခဲ့သည္။ "ငါတို႔မင္းကို ဒီေန႔မလာေတာ့ဘူးလို႔ထင္ေနတာ"

က်န္းေလာ့ "ဘာလို႔အဲလိုေျပာရတာလဲ"

"ဖုန္းလီက မင္းကို တပည့္အျဖစ္နဲ႔ လက္ခံလိုက္တယ္ဆိုတဲ့အေၾကာင္း ငါတို႔ၾကားတယ္ေလ"လုယုံရိက ႐ိုး႐ိုးသားသားပင္ ျပန္ေျဖလာခဲ့သည္။ "မင္းကို ၿပိဳင္ပြဲစမယ့္အခ်ိန္ထိ ထ်န္းစစ္ဖူထဲမွာ ပိတ္ခံထားရမယ္ထင္ေနတာ"

က်န္းေလာ့ ၿပဳံးလိုက္ၿပီး"ထ်န္းစစ္ဖူနဲ႔ ေက်ာင္းနဲ႔ကို အသြားအျပန္လုပ္မွာေလ"

အတန္းစခ်ိန္မွာ မထင္မွတ္ထားဘဲ ဆရာက ေက်ာင္းသားသစ္တစ္ေယာက္ကို ေခၚလာခဲ့သည္။

"ဒီေန႔ကစၿပီး ခ်ီယယ္က ဆရာတို႔ေက်ာင္းကိုေျပာင္းလာခဲ့ၿပီ"ဆရာက ပါရမီရွင္ေက်ာင္းသားတစ္ေယာက္ ထပ္ေရာက္လာခဲ့၍ အသံက ေပ်ာ္ျမဴးေနခဲ့သည္။ "အကုန္လုံး ခ်ီယယ္ကို ႀကိဳဆိုလိုက္ၾကရေအာင္"

ေအာက္မွာထိုင္ေနၾကေသာ လူရွစ္ေယာက္စလုံး အံ့အားသင့္သြားၾကၿပီးမွ တစ္ၿပိဳင္နက္တည္း လက္ခုပ္တီးလိုက္ၾကသည္။

ခ်ီယယ္က ဆရာ၏ေဘးနားမွာ မာနႀကီးၿပီး စိတ္ဆတ္ေသာအသြင္ျဖင့္ မတ္တပ္ရပ္ေနခဲ့သည္။

သူ႔အၾကည့္က ေက်ာင္းသားအားလုံးဆီ ေဝ့ဝိုက္သြားခဲ့ၿပီး က်န္းေလာ့ကို ေတြ႕ခ်ိန္မွာ သူ႔မ်က္လုံးထဲတြင္ ႐ုတ္တရက္ မီးပြားတစ္စ ေတာက္ေလာင္လာခဲ့သည္။

စၾကၤန္လမ္းေပၚမွာရွိေနေသာ ပစၥည္းထည့္သည့္ပုံးမ်ားက ခ်ီယယ္၏ ပစၥည္းမ်ားျဖစ္ၿပီး သူ အေဆာင္ကို ေျပာင္းလာမွန္း က်န္းေလာ့ ခ်က္ခ်င္း သေဘာေပါက္သြားခဲ့သည္။

ခ်ီယယ္၏ ခ်ီမိသားစုကလည္း မ်ိဳးႏြယ္စုေျခာက္စုထဲက တစ္စုျဖစ္သည္။ သူတို႔က အမ်ိဳးမ်ိဴးအေထြေထြကို သင္ယူၾကၿပီး ဟိုစပ္စပ္ ဒီစပ္စပ္ရွိၾကသည္။ ထို႔ေၾကာင့္ တစ္ခုတည္းကို သိပ္ၿပီးေတာ့ ကြၽမ္းက်င္သည္ဟု ေျပာလို႔မရေသာ္လည္း ခ်ီမိသားစုက လြန္ခဲ့သည့္မ်ိဳးဆက္သုံးခုကေနစၿပီး မ်ိဳးဆက္တိုင္းက ေျပာင္ေျမာက္ေသာ ဝိညာဥ္စြမ္းအားပါရမီ အရည္အခ်င္းရွိလာၾကသည္။

ထိုပါရမီက သူတို႔ကို စြယ္စုံရၿပီး သင္ယူသမွ်တိုင္းကို ကြၽမ္းက်င္‌ပိုင္ႏိုင္လာေစသည္။ ထိုမ်ိဳးဆက္သစ္မ်ားက သူတို႔၏ခ်ီမိသားစုေနရာကို ကာကြယ္ၿပီး မိသားစုေျခာက္စုထဲကေန ဘယ္ေတာ့မွေနရာမေပ်ာက္သြားေအာင္ ထိန္းသိမ္းထားၾကသည္။

ခ်ီယယ္က ဒီေန႔ေခတ္လူငယ္ထဲမွာ အရည္အခ်င္းအရွိဆုံးထဲက တစ္ေယာက္ျဖစ္သည္။

သူ႔ကိုယ္သူမိတ္ဆက္ၿပီးေနာက္မွာ က်န္းေလာ့၏ေဘးနားကို ခ်ီယယ္ ဝင္ထိုင္လိုက္သည္။

႐ုပ္နယ္လြန္အတန္းတစ္ခုလုံးမွာ အသစ္ေရာက္လာေသာ ခ်ီယယ္ကို ေပါင္းထည့္လိုက္လွ်င္ လူကိုးေယာက္သာရွိသည္။ လူကိုးေယာက္ တစ္ခုံကို သုံးေယာက္စီထိုင္လိုက္ရာ စုစုေပါင္း သုံးတန္းျဖစ္သြားခဲ့၏။ က်န္းေလာ့က အလယ္မွာျဖစ္ၿပီး တစ္ဖက္မွာ စိုင္းေလာင္အာထိုင္ၿပီး ခ်ီယယ္ကေတာ့ ေနာက္တစ္ဖက္မွာျဖစ္သည္။

စိုင္းေလာင္အာကေတာ့ မိတ္ေဆြမို႔လို႔ အဆင္ေျပသည္။ သို႔ေသာ္ ခ်ီယယ္ကေတာ့ သူေက်ာင္းေျပာင္းလာရသည့္ ရည္႐ြယ္ခ်က္က ေက်ာင္းတက္႐ုံတစ္ခုတင္မဟုတ္ဟု က်န္းေလာ့ခံစားရသည္။

ခ်ီယယ္က ထိုင္ခ်လိုက္ၿပီး အတန္းကို စိတ္ဝင္တစားႏွင့္ လိုက္နားေထာင္လိုက္သည္။ အတန္းၿပီးသြားခ်ိန္မွာ သူ မာန္ပါပါျဖင့္ ထရပ္လိုက္ၿပီး က်န္းေလာ့ထံသြားကာ ရင္းႏွီးေနေသာ စကားၾကမ္းၾကမ္းတို႔ကို ေျပာလာခဲ့သည္။

"ေနာက္တစ္ဆင့္က်ရင္ ... ပထမေနရာကို ငါယူမွာ"

***Paid gp မွာ ၉၄ အထိေတာင္ ေရာက္သြားၿပီတဲ့။ သူတို႔ တင္တာ ျမန္လိုက္တာ။ ဒီမွာလည္း အဲလို တင္ခ်င္လိုက္တာ။ က်ဳပ္လည္း အဲလို စေကးနဲ႔ တင္လိုက္ရင္ သူတို႔ စြဲညိဳ႕ကို Team Leader အျဖစ္ကေန မဲခြဲဆုံးျဖတ္ၿပီးေတာ့ ျဖဳတ္ခ်ၾကလိမ့္မယ္။ ဒီေတာ့ ကိုယ္ေတြက ျဖည္းျဖည္းနဲ႔ မွန္မွန္ေလး သြားၾကတာေပါ့ေနာ္။***

Continuă lectura

O să-ți placă și

23.2K 1.9K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
107K 17.3K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
69.4K 8.9K 29
ဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ