ဒီအပြစ်သားက ရှင်သန်လို

By Swae_Nyoe

447K 69.5K 1.9K

ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာ... More

Description
အခန်း ၁.၁
အခန်း ၁.၂
အခန်း ၂.၁
အခန်း ၂.၂
အခန်း ၃.၁
အခန်း ၃.၂
အခန်း ၄.၁
အခန်း ၄.၂
အခန်း ၅.၁
အခန်း ၅.၂
အခန်း ၆.၁
အခန်း ၆.၂
အခန်း ၇.၁
အခန်း ၇.၂
အခန်း ၈.၁
အခန်း ၈.၂
အခန်း ၉.၁
အခန်း ၉.၂
အခန်း ၁၀
အခန်း ၁၁.၁
အခန်း ၁၁.၂
အခန်း ၁၂.၁
အခန်း ၁၂.၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇.၁
အခန်း ၁၇.၂
အခန်း ၁၈
အခန်း ၁၉.၁
အခန်း ၁၉.၂
အခန်း ၂၀.၁
အခန်း ၂၀.၂
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၂.၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆.၁
အခန်း ၂၆.၂
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉.၁
အခန်း ၃၉.၂
အခန်း ၄၀.၁
အခန်း ၄၀.၂
အခန်း ၄၁.၁
အခန်း ၄၁.၂
အခန်း ၄၂.၁
အခန်း ၄၂.၂
အခန်း ၄၃.၁
အခန်း ၄၃.၂
အခန်း ၄၄
အခန်း ၄၅.၁
အခန်း ၄၅.၂
အခန်း ၄၆ Unicode
အခန္း ၄၆ Zawgyi
အခန်း ၄၇ Unicode
အခန္း ၄၇ Zawgyi
အခန်း ၄၈ Unicode
အခန္း ၄၈ Zawgyi
အခန်း ၄၉ Unicode
အခန္း ၄၉ Zawgyi
အခန်း ၅၀ Unicode
အခန္း ၅၀ Zawgyi
အခန်း ၅၁ Unicode
အခန္း ၅၁ Zawgyi
အခန်း ၅၂ Unicode
အခန္ း၅၂ Zawgyi
အခန်း ၅၃ Unicode
အခန္း ၅၃ Zawgyi
အခန်း ၅၄ Unicode
အခန္း ၅၄ Zawgyi
အခန်း ၅၅ Unicode
အခန္း၅၅ Zawgyi
အခန်း၅၆ Unicode
အခန္း ၅၆ Zawgyi
အခန်း ၅၇ Unicode
အခန္း ၅၇ Zawgyi
အခန်း ၅၈ Unicode
အခန္း ၅၈ Zawgyi
အခန်း ၅၉ Unicode
အခန္း၅၉ Zawgyi
အခန်း ၆၀ Unicode
အခန္း၆၀ Zawgyi
အခန်း ၆၁ Unicode
အခန္း ၆၁ Zawgyi
အခန်း ၆၂ Unicode
အခန္း ၆၂ Zawgyi
အခန်း ၆၃ Unicode
အခန္း ၆၃ Zawgyi
အခန်း ၆၄ Unicode
အခန္း ၆၄ Zawgyi
အခန်း ၆၅ Unicode
အခန္း ၆၅ Zawgyi
အခန်း ၆၆ Unicode
အခန္း ၆၆ Zawgyi
အခန်း ၆၇ Unicode
အခန္း ၆၇ Zawgyi
အခန်း ၆၈ Unicode
အခန္း ၆၈ Zawgyi
အခန်း ၆၉ Unicode
အခန္း ၆၉ Zawgyi
အခန်း ၇၀ Unicode
အခန္း ၇၀ Zawgyi
အခန်း ၇၁ Unicode
အခန္း ၇၁ Zawgyi
အခန်း ၇၂ Unicode
အခန္း ၇၂ Zawgyi
ပြီးဆုံးကြောင်း ကြေညာချက်!!
အခန်း ၇၃ Unicode
အခန္း ၇၃ Zawgyi
အခန်း ၇၄ Unicode
အခန္း ၇၄ Zawgyi
အခန်း ၇၅ Unicode
အခန္း ၇၅ Zawgyi
အခန်း ၇၆ Unicode
အခန္း ၇၆ Zawgyi
အခန်း ၇၇ Unicode
အခန္း ၇၇ Zawgyi
အခန်း ၇၈ Unicode
အခန္း ၇၈ Zawgyi
အခန်း ၇၉ Unicode
အခန္း ၇၉ Zawgyi
အခန်း ၈၀ Unicode
အခန္း ၈၀ Zawgyi
အခန်း ၈၁ Unicode
အခန္း ၈၁ Zawgyi
အခန်း ၈၂ Unicode
အခန္း ၈၂ Zawgyi
အခန်း ၈၃ Unicode
အခန္း ၈၃ Zawgyi
အခန်း ၈၄ Unicode
အခန္း ၈၄ Zawgyi
အခန်း ၈၅ Unicode
အခန္း ၈၅ Zawgyi
အခန်း ၈၆ Unicode
အခန္း ၈၆ Zawgyi
အခန်း ၈၇ Unicode
အခန္း ၈၇ Zawgyi
အခန်း ၈၈ Unicode
အခန္း ၈၈ Zawgyi
အခန်း ၈၉ Unicode
အခန္း ၈၉ Zawgyi
အခန်း ၉၀ Unicode
အခန္း ၉၀ Zawgyi
အခန်း ၉၁
အခန်း ၉၂
အခန်း ၉၃
အခန်း ၉၄
အခန်း ၉၅
အခန်း ၉၆
အခန်း ၉၇
အခန်း ၉၈
အခန်း ၉၉
အခန်း ၁၀၀
အခန်း ၁၀၁
အခန်း ၁၀၂
အခန်း ၁၀၃
အခန်း ၁၀၄
အခန်း ၁၀၅
အခန်း ၁၀၆
အခန်း ၁၀၇
အခန်း ၁၀၈
အခန်း ၁၀၉
အခန်း ၁၁၀
အကြောင်းကြားစာ
💥Summer Rise Promotion စတင်ပါပြီ💥
☘️သင်္ကြန်ပရိုမိုးရှင်း
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅

အခန်း ၃၆

2.9K 594 12
By Swae_Nyoe

အခန်း ၃၆

တပည့်ဖြစ်သူက စကားတစ်ချို့ကို တီးတိုးပြောပြီး ကျန်းလော့ကို နှစ်သိမ့်ပေးလာခဲ့သည်။ ကျန်းလော့ သူ၏ ညိုးငယ်လွမ်းဆွေးမှုကို အဝေးပို့လိုက်ပြီး တပည့်ဖြစ်သူကို အားရှိသည့် အပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်"

ပူဆွေးမှုကို တောင့်ခံနေသည့် အမူအရာလေးက ထိရှလွယ်ပြီး လှပနေခဲ့သည်။တပည့်ဖြစ်သူက သူ့ကို မျက်လုံးမှေးကျဉ်း၍ ကြည့်လိုက်ပြီး လက်ကိုင်ပုဝါကိုထုတ်ကာ ကျန်းလော့ကို ပေးလိုက်သည်၊ ပါးစပ်ကလည်း ‌နွေးနွေးထွေးထွေး ပြောလိုက်၏။ "သေသွားတဲ့သူတွေက ပြန်ရှင်မလာနိုင်တော့ဘူးလေ"

ဖုန်းလီက တိုက်တိုက်ဆိုင်ဆိုင်ပင် အော်ခေါ်လာခဲ့သည်။ "ကျန်းလော့"

ကျန်းလော့ တပည့်ဖြစ်သူဆီက လက်ကိုင်ပုဝါကို ယူလိုက်ပြီး မရှိသော မျက်ရည်‌ကို သုတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ... အစ်ကို့ရဲ့နာမည်က ဘယ်သူ...."

တပည့်က ပြောလာခဲ့၏။ "အစ်ကို့ကို စီနီယာအစ်ကိုချောင်လို့ပဲ ခေါ်ပါ"

စီနီယာအစ်ကိုချောင်ကို ကျန်းလော့ ကျေးဇူးတင်လိုက်ပြီး ဖုန်းလီဆီ သွားလိုက်သည်။ "လူကြီးမင်းဖုန်း"

ဖုန်းလီက သူ့ကို ဝမ်းနည်းနေသည့် အမူအရာဖြင့် ကြည့်လာခဲ့ပြီး သူ၏ ကြည့်ကောင်းသော မျက်ခုံးကို တွန့်ချိုးထားခဲ့ကာ တဲ့တိုးပင် ပြောလာခဲ့သည်။

"မင်း ငါ့ကို ဆရာအဖြစ်တော်ချင်လား"

ဖုန်းလီကို ဆရာတင်ရမယ်။ သေချာပေါက်ကို ကျန်းလော့ ဆန္ဒရှိတာပေါ့။

မူလစာအုပ်ထဲက ဇာတ်လိုက်ကသာ သူ့ဆရာဖြစ်လာခဲ့လျှင် သူ့ဘဝကို ကယ်တင်နိုင်မည့် အသက်ကယ်ကတ်ကြီး ရလိုက်သလိုဖြစ်မှာပင်။ ချန်ဖိက သူ့ကိုဘာလို့ ထျန်းစစ်ဖူကို ခေါ်လာခဲ့လဲဆိုတာ ကျန်းလော့ သဘောပေါက်သွားခဲ့သည် သို့သော် သူ ချက်ချင်းသဘောမတူလိုက်ပေ။

"လူကြီးမင်းဖုန်း ... ကျွန်တော့မှာ ဆရာရှိပြီးသားပါ"

ချန်ဖိ မြန်မြန်ပင် ပြောလိုက်၏။ "အဲတာက အဆင်ပြေပါတယ် ... ဆရာ့အတွက် စိတ်မပူပါနဲ့။ မင်းလည်း အရွယ်ရောက်လာပြီလေ ပြီးတော့ ဆရာက မင်းကို ဘာမှဖြစ်ဖြစ်မြောက်မြောက် မသင်ပေးခဲ့မိဘူး... ဆရာတစ်ယောက်ရဲ့ တာဝန်တွေကို လစ်ဟင်းခဲ့မိတယ်။ ဟောဒီ့က ကောင်းကင်ဘုံ အရှင်သခင်က မင်းရဲ့ဦးလေးပဲ။ ဒါကြောင့်မို့ သူ သင်ပေးမယ်ဆိုတော့ ဆရာ စိတ်အေးသွားပါပြီ။ မင်း အတွက်လည်း ဝမ်းသာမိတယ်"

ဖုန်းလီက ချန်ဖိ စကားပြောပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်လိုက်သည်။

ကျန်းလော့က ကသိကအောက် ဖြစ်နေတဲ့ပုံပေါ်ပြီး သူမလုပ်ချင်မှာစိုး၍ ချန်ဖိက သူ့ကို စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ ဖုန်းလီ သူ့ဘက်ကနေစပြီး တပည့်လက်ခံခြင်းမျိုး မရှိခဲ့သလို တစ်ဖက်လူကလည်း အင်တင်တင် ဖြစ်နေခဲ့သည်။ သူ့ရင်ထဲမှာ ဘယ်လိုခံစားနေရလဲဆိုတာ မပြောတတ်တော့ပေ။ အတိုးချုံးပြောရရင်တော့ သူ့အတွက် နည်းနည်းအသစ်အဆန်း ဖြစ်နေခဲ့သည်။

တစ်ခဏလောက်ကြာပြီးနောက် ကျန်းလော့ နောက်ဆုံးမှာ ခေါင်းညိမ့်လာခဲ့သည်။ "ဟုတ်ကဲ့ ... ကျွန်တော် လူကြီးမင်းဖုန်းကို ကျွန်တော့်ဆရာအဖြစ် လက်ခံပါ့မယ်"

တပည့်လက်ခံသည့် လုပ်ရိုးလုပ်စဉ်က ရှုပ်ထွေးပြီး တစ်ပြိုင်နက်တည်းမှာ ရိုးစင်းသည်။ ကောင်းကင်ဘုံ ဆရာသခင်၏ တပည့်လက်ခံသည့် လုပ်ရိုးလုပ်စဉ်က သာမန်လူများ တပည့်လက်ခံရာတွင်လုပ်သည့် လုပ်ရိုးလုပ်စဉ်နှင့် ကွာခြားမှုမရှိပေ။ ကျန်းလော့ ညွှန်ကြားချက်‌ကို တစ်ဆင့်ချင်းဆီလိုက်လုပ်ပြီး နောက်ဆုံးမှာ ဖုန်းလီအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

ဖုန်းလီက ရေ‌နွေးကို တစ်ငုံသောက်လိုက်ချိန်မှာ ဆရာတပည့်ဆက်ဆံရေးက အတည်ဖြစ်သွားခဲ့သည်။

မလိုအပ်သည့်လူများ ထွက်သွားပြီးချိန်မှာ ကျန်းလော့ကို စာကြည့်ခန်းဆီ ဖုန်းလီ ခေါ်သွားလိုက်သည်။ "မင်း တတိယအဆင့်ပြိုင်ပွဲရဲ့ တည်နေရာကိုတော့ သိနှင့်ပြီးပြီမလား"

ကျန်းလော့ ခေါင်းညိမ့်လိုက်၏။ "ရှန်းရှိမှာလို့တော့ ပြောပါတယ်"

ဖုန်းလီ ထိုင်ချလိုက်ပြီး ပြောလာခဲ့၏ယ "ငါ မင်းရဲ့ကံကြမ္မာကို မနေ့တုန်းက ဖတ်ကြည့်တော့ တော်တော်လေး ဆိုးနေတာကို တွေ့လိုက်ရတယ်"

ကျန်းလော့၏အပြုံး တောင့်တင်းသွားခဲ့သည်။

ဖုန်းလီ၏လေသံက အနိမ့်အမြင့်မရှိ တစ်ပြေးတည်းဖြစ်နေခဲ့ပြီး သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည့်စကားက ကြောက်စရာကောင်းသည့်ဟာ မဟုတ်သည့်အတိုင်းပင်။

"တတိယအဆင့်မှာ မင်းအန္တရာယ်နဲ့ ကြုံတွေ့ရလိမ့်မယ်။ ဒီရက်တွေမှာ မင်း ကျောင်းသွားတဲ့ အချိန်ကလွဲပြီးတော့ ကျန်တဲ့အချိန်တွေကို ဖုန်းမိသားစုရဲ့ အိမ်မှာပဲနေပြီး ... မင်းရဲ့ စွမ်းရည်တွေကို တိုးတက်လာအောင် လုပ်ရမယ်"

ကျန်းလော့ ခေါင်းကို သေသေချာချာ ညိမ့်ပြလိုက်၏။ "ကျွန်တော် နားလည်ပါပြီ"

ဖုန်းလီက ပြောလိုက်သည်။ "မင်းရဲ့ ဘယ်ဘက်အခြမ်းမှာရှိနေတဲ့ စာအုပ်တွေ အကုန်လုံးကို ဆယ်ရက်အတွင်းမှာ ပြီးအောင်ဖတ်ရမယ်"

ကျန်းလော့ ခေါင်းလှည့်ကြည့်လိုက်ချိန်မှာ စာအုပ်စင်နှင့်အပြည့် စာအုပ်တွေကို တွေ့လိုက်ရသည်။ "ရှန်းဟိုင်ကျင်း"ကနေစလို့ "ပြောင်းလဲလာသော စာပေများ"နှင့် "ချင်းဝူကျင်း"ကနေစလို့ "မြေမြှုပ်သင်္ဂြိုလ်သည့်"အကြောင်းရေးထားခဲ့သော စာအုပ်များသာမက၊ ခေါင်းတစ်လုံးစာလောက်ရှိသော "နေရာအသီးသီးက ‌ရိုးရာဓလေ့များ"စသော စာအုပ်များလည်း ရှိနေသေးသည်၊ ထိုစာအုပ်စင်ပေါ်မှာ တင်ထားခဲ့သော စာအုပ်များ၏ အလေးချိန်က အနည်းဆုံး ကီလိုဂရမ်လောက် အချို့လောက်တော့ ရှိသည်။

"....."ကျန်းလော့ "ဒါတွေအကုန်လုံးကို ဆယ်ရက်အတွင်းမှာ ဖတ်ရမှာလား"

ဖုန်းလီ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ခေါင်းညိမ့်လိုက်သည်။

"အခုကနေစပြီး ဖတ်ကြတာပေါ့"

သူ ပြောပြီးနောက် စာကြည့်ခန်းထဲကနေ ထွက်သွားခဲ့သည်။

ဖုန်းလီက သူတပည့်ခံဖို့ တုံ့ဆိုင်းနေခဲ့သည့်အပေါ် ပြန်လက်စားချေနေသည်ဟု ကျန်းလော့ အကြောင်းပြချက် ခိုင်လုံစွာဖြင့် သံသယဝင်မိသည် သို့သော် သူ ဘာမှမတတ်နိုင်ဘဲ ဖုန်းလီ ခိုင်းသမျှကို လုပ်ရမှာပင်။ ထို့ကြောင့် သူ စာအုပ်စင်အပေါ်ဆုံးထပ်က မဖတ်ရသေးသော နှစ်အုပ်ကို ကျန်းလော့ ယူလိုက်ပြီး ကော်ဇောပေါ်ထိုင်ချကာ စဖတ်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူ စာအုပ်အချို့ကို ဖတ်နှင့်ပြီးသား ဖြစ်နေခဲ့သည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဖိအားက ပြင်းထန်သော်လည်း ပြီးမြောက်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ကျန်းလော့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားချိန်မှာ မှောင်တောင်နေပြီဖြစ်၏။ ဖုန်းမိသားစု၏ တပည့်များက သူ့အတွက် အခန်းတစ်ခန်းကို ပြင်ထားပေးခဲ့၍ ကျန်းလော့လည်း အားနာမနေတော့ဘဲ ထျန်းစစ်ဖူမှာ တစ်ညအိပ်လိုက်တော့သည်။

နောက်‌တစ်နေ့ မနက်စော‌စော အရုဏ်မတက်သေးခင်မှာပဲ ကျန်းလော့ တံခါးခေါက်သံကြောင့် နိုးသွားခဲ့သည်။ သူ အိပ်ရာကနေထပြီး တံခါးဖွင့်လိုက်၏။ "ဘယ်သူပါလဲ"

တံခါးအပြင်ဘက်မှာတော့ သူနှင့်အရင်က ဆုံခဲ့ဖူးသည့် စီနီယာအစ်ကိုချောင်က ချောင်ချိချိ ဝတ်ရုံကို ဝတ်ထားပြီးတော့ မတ်တပ်ရပ်နေခဲ့သည်။

"ဂျုနီယာညီလေး ... မင်းရဲ့ မနက်ခင်း လေ့ကျင့်ခန်းကိုစဖို့ အချိန်ရောက်ပြီ"

ကျန်းလော့ "....."

ထျန်းစစ်ဖူမှာ ဘယ်လိုတောင် ချာတူးလံတဲ့ စည်းကမ်းတွေ ရှိနေတာလဲကွာ။

သူ အဝတ်အစားကို မလဲချင်လဲချင်နှင့် လဲလိုက်ပြီး သူ့ကော်လံကိုမကာ အစ်ကိုချောင်၏ နောက်ကိုလိုက်ပြီး မနက်ခင်းလေ့ကျင့်ခန်း လုပ်လိုက်သည်။

စီနီယာအစ်ကိုချောင်က ပုံစံကြည့်တော့ ပိန်သည်ဟုထင်ရသော်လည်း ပြေးနေတဲ့အချိန်မှာတောင်မှပဲ အသက်ရှုသံ ပြောင်းမသွားခဲ့ပေ။ ကျန်းလော့၏ ကိုယ်ခံအားကလည်း ရက်အတော်ကြာ လေ့ကျင့်ပြီးနောက်မှာ ပြန်‌ကောင်းလာခဲ့ပြီဖြစ်သည်။ ပြေးနေရင်းနှင့် ပျင်းလာသည့်ပုံပင်၊ စီနီယာအစ်ကိုချောင်က စကားစပြီး မေးလာခဲ့၏။ "ဂျုနီယာညီလေး ... မင်း အဲဒီ့မကောင်းဆိုးဝါးကို ဘယ်လိုလုပ်ပြီးတော့ ကြိုက်သွားခဲ့တာလဲ"

အစ်ကိုချောင်ကလည်း ယယ်ရွှင်ကဲ့သို့ အတင်းအဖျင်းကို သဘောကျသည့်သူဟု မှတ်ယူထားခဲ့ပြီဖြစ်သည့် ကျန်းလော့က ကျွမ်းကျင်လိမ္မာစွာဖြင့် ပြောလိုက်၏။ "ပြောပြရရင် အရှည်ကြီးပဲ"အစ်ကိုချောင်က ပြန်ပြောလာခဲ့သည်။ "အစ်ကိုတို့ ဆယ်ပတ်တောင်‌ ပြေးရမှာဆိုတော့ ... ဖြေးဖြေးချင်းပြောလည်း ရပါတယ်"

ငါးမိနစ်လောက် ပြေးပြီးနောက်မှာ ကျန်းလော့ သူနှင့်ချီယုံကြားက ဇာတ်လမ်းကို ပြောပြလိုက်သည်။ အစ်ကိုချောင်က စိတ်ဝင်တစား နားထောင်လာခဲ့ပြီး အဆုံးမှာ မျက်လုံးထဲ အရောင်လဲ့လာခဲ့ပြီး သူတို့နှစ်ယောက်၏ဇာတ်လမ်းကြောင့် ခံစားသွားရသည့်ပုံပင်။ ထို့နောက် စိတ်ရင်းဖြင့် ပြောလာခဲ့သည်။

"မင်းအတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်"

ကျန်းလော့ သက်ပြင်းချလိုက်၏။

နောက်ဆုံးတစ်ပတ်ရောက်ချိန်မှာ သူတို့နှစ်ယောက် ပြေးနေရာကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြသည်။ ဇာတ်လမ်းကို နားထောင်ရတာ မဝသေးသည့်အလား အစ်ကိုချောင်က သူတို့ဖြတ်လာခဲ့သော လူလုပ်ရေကန်ကြီးကို အားတက်သရော လက်ညိုးထိုးပြလာခဲ့သည်။

"မင်းတို့ ရေကန်နားမှာရော ချိန်းတွေ့ခဲ့ကြသေးလား"

ကျန်းလော့ ပေါ့ပေါ့ပါးပါးပင် ‌ခေါင်းညိမ့်ပြလိုက်ပြီး "ရေကန်က ညဘက်ဆိုရင် အတွဲတွေနဲ့ ပြည့်နေတာလေ။ သူ ကျွန်တော့်ကို ခေါ်သွားတဲ့အခါကျရင် လူရှင်းတဲ့နေရာကို သေချာရွေးခေါ်သွားခဲ့တာ"

"အဲလိုလား"အစ်ကိုချောင်၏အပြုံးက နက်ရှိုင်းလာခဲ့၏။ "ရိုမန်တစ်ဆန်လိုက်တာ။ ညဘက်ရေကန်မှာ ဖြာကျနေတဲ့ လရောင်ကလည်း အရမ်းလှနေမှာပဲ ... ဟုတ်တယ်မလား"

"ဘယ်သူကရော မဟုတ်ဘူးလို့ ပြောလို့လဲ"ကျန်းလော့၏မျက်လုံးထဲမှာ အတိတ်က အမှတ်တရများကို ပြန်လှစ်ဟပြလာခဲ့ပြီး သူ ခါးသက်သက် ရယ်လိုက်၏။ "အဲတာက ကျွန်တော့်ရဲ့ မှတ်ဉာဏ်ထဲမှာ အလှပဆုံးသောပုံရိပ်ပဲ"

အစ်ကိုချောင်က နွေးထွေးစွာဖြင့် ပြောလာခဲ့သည်။ "အစ်ကို တွေးကြည့်လို့ရပါတယ်"

အပြန်လမ်းမှာ အစ်ကိုချောင်က မေးခွန်းအများကြီးကို မလျော့သော စိတ်ဝင်စားမှုတို့ဖြင့် မေးလာခဲ့သည်။

"မကောင်းဆိုးဝါးနဲ့ မင်းဘယ်လို အတွင်းကျကျ ကိစ္စတွေရော လုပ်ခဲ့သေးလဲ"

ဝမ်ယမ်လန်ကလည်း အရင်တုန်းက ဒီမေးခွန်းကို မေးခဲ့ဖူးသည်။ ကျန်းလော့ သူ့နှုတ်ခမ်းကို ကသိကအောက်ဖြင့် တွန့်လိုက်ပြီး "လုပ်သင့်တာရော မလုပ်သင့်တာရော အကုန်လုပ်ခဲ့ပြီးပြီ"

သူ့မျက်ခုံးများက မြင့်တက်သွားခဲ့ပြီး မျက်လုံးထဲမှာ ရယ်ချင်စိတ်အပြည့်နှင့် မုန်းတီးမှု အရိပ်အယောင် အနည်းငယ်လည်း ထင်ဟပ်နေခဲ့သည်။ "ကျွန်တော်က တဏှာကိစ္စတွေကို သိပ်စိတ်ထဲမထားပေမယ့်လည်း ကိုယ့်ပါတနာက လိုအပ်နေတာကို ဘယ်ယောက်ျားကများ တွန့်ဆုတ်နေမှာတဲ့လဲ။ သူက သရဲဖြစ်‌နေရင်တောင်မှပဲ သူလည်း လုပ်ဖို့‌တော့ လိုသေးတာပဲမလား"

သူစကားကို နှစ်ခွပြောလိုက်ပြီး သွယ်ဝိုက်သောနည်းလမ်းဖြင့် သူက အထက်ကလူဖြစ်ကြောင်း ရည်ညွှန်းကာ ချီယုံကို ပါးနပ်စွာဖြင့် သိက္ခာချလိုက်သည်။

ကျန်းလော့ သူ့အဖြေနှင့်ပတ်သတ်ပြီး အတော်လေးကို စိတ်တိုင်းကျမိသည်။

အစ်ကိုချောင်က ရုတ်တရက် ထရယ်လာခဲ့ပြီး ကျန်းလော့၏ သံသယဖြစ်သောအကြည့်နှင့် ဆုံသွားခဲ့၏။ သူ ရယ်သံကို မနည်းထိန်းလိုက်ပြီး လက်ယမ်းပြကာ ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ညီလေး အရှေ့ကို ကြည့်လိုက်ပါဦး ... ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ထျန်းစစ်ဖူထဲကို ခွင့်ပြုချက်မရှိဘဲ ခိုးဝင်လာတဲ့ပုံပဲ"

သူ ညွှန်ပြလိုက်သောနေရာကို ကျန်းလော့ ကြည့်လိုက်ရာ အမှန်တကယ်ပင် သစ်ပင်၏အနောက်မှာ လူပုံစံတစ်ခုက ပုန်းကွယ်နေခဲ့သည်။

သူနှင့် အစ်ကိုချောင်တို့ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ပြလိုက်ကြပြီး သစ်ပင်အနားကို ခြေသံမကြားရအောင် တိုးကပ်သွားလိုက်ပြီး ကြည့်လိုက်ချိန်မှာ သိမ်မွေ့သောမိတ်ကပ်ပုံစံကို လိမ်းခြယ်ထားခဲ့သည့် အမျိုးသမီးတစ်ယောက်က သစ်ပင်အနောက်မှာ ပုန်းနေတာကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏မျက်နှာကို တီဗီဇာတ်လမ်း တော်တော်များများမှာ တွေ့ရလေ့ရှိသည်။ သူမက အခုနာမည်ကြီးနေသော ထိပ်တန်းအနုပညာရှင်များထဲက တစ်ယောက်ပင်။ ပြန်စဉ်းစားကြည့်ပြီးနောက်မှာ ထိုသူ၏နာမည်က ပိုင်ချူးဖြစ်မှန်း ပြန်သတိရသွားခဲ့သည်။

"မဒမ်"အစ်ကိုချောင်က အရင်ပြောလာခဲ့၏။ "ဘယ်လိုလုပ်ပြီးတော့ ထျန်းစစ်ဖူထဲကို ရောက်နေတာလဲ"

မင်းသမီးက အံ့အားသင့်သွားပြီး ထအော်မိတော့မတတ် ဖြစ်သွားခဲ့သည်။ ‌ကံကောင်းထောက်မစွာဖြင့် သူမ၏ ဆင်ခြင်တုံတရားက သူမခန္ဓာကိုယ်၏ တုံ့ပြန်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး သူမပါးစပ်ကို အချိန်မှီပိတ်ကာ ဖြူဖျော့သွားသောမျက်နှာဖြင့် ခေါင်းကို တစ်ဖက်လှည့်သွားခဲ့သည်။

အနီးကပ်ကြည့်လိုက်တော့မှပဲ မင်းသမီး၏ မိတ်ကပ်လိမ်းခြယ်ထားသော မျက်နှာအောက်က တကယ့်အစစ်အမှန် အခြေအနေကို သိလာရသည်။ မျက်ကွင်းက ညိုမဲနေခဲ့ပြီး သူမ၏ပါးပြင်ထက်က ရှက်သွေးဖြာနေ‌တာကလည်း သဘာဝမကျဘဲ တစ်ချက်ကြည့်ရုံနဲ့တင် မိတ်ကပ်နှင့်လုပ်ထားမှန်း သိသာနေခဲ့သည်။ သူမ၏နှုတ်ခမ်းက ‌ခြောက်သွေ့ကာ ကွဲအက်နေခဲ့ပြီး ၊ မျက်သားတို့က နီရဲနေခဲ့သည်။ မိတ်ကပ်ထူထူကတောင်မှပဲ သူမ၏ ပင်ပန်းနွမ်းလျမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

ပိုင်ချူးက ဒီလိုအခြေအနေဖြစ်နေတာ အတော်လေးကြာနေပြီမှန်း ကျန်းလော့ သတိရသွားခဲ့သည်။ သူ့ဖုန်းကို တခါတလေသုံးချိန်မှာ စဉ်းလဲသော မီဒီယာတချို့က ပိုင်ချူးကို ဆေးသုံးနေတာလားဆိုပြီး မေးခွန်းထုတ်ထားကြတာကို တွေ့ရလေ့ရှိသည်။

အစ်ကိုချောင်ကတော့ သူ့အရှေ့မှာ ရှိနေသည့် အမျိုးသမီးကို ဘယ်သူမှန်း လုံးဝမမှတ်မိသည့်ပုံပင်။

"မဒမ် ... ထျန်းစစ်ဖူထဲကို ခွင့်ပြုချက်မရှိဘဲ ‌ကျုးကျော်လို့မရပါဘူး"

ပိုင်ချူးက ရုတ်တရက်ဆိုသလို မျက်ရည်များကျကာ ငိုလာခဲ့သည်။ "ဆရာ... ကျေးဇူးပြုပြီးတော့ ကျွန်မကို ကောင်းကင်ဘုံအရှင်သခင်နဲ့ တွေ့ခွင့်ပေးပါ ... တောင်းဆိုပါတယ်"

သူမ ဘယ်မိတ်ကပ်အမျိုးအစားကို သုံးထားလဲဆိုတာ ကျန်းလော့ မသိသော်လည်း သူမအခုလို ငိုကြီးချက်မဖြင့် ငိုယိုနေတာတောင်မှပဲ သူမ၏မိတ်ကပ်က ပျံ့ပြီး‌တော့ ပေပွမသွားခဲ့ပေ။ ထိုအစား သူမကို သနားစဖွယ်ဖြစ်လာစေပြီး လူကို စိတ်ပျော့လာစေ၏။

စီနီယာအစ်ကိုချောင်က စိတ်နုလိမ့်မည်ဟု ကျန်းလော့ နဂိုက ထင်ထားခဲ့သည် သို့သော် သူ ထင်မထားမိအောင်ပင် အစ်ကိုချောင်က ကြင်နာတတ်သည့် လေသံလေးနှင့် ညှာတာမှုမရှိ ငြင်းလာခဲ့သည်။

"ကောင်းကင်ဘုံ အရှင်သခင်ကို တွေ့ချင်တယ်ဆိုရင် ... ကျေးဇူးပြုပြီးတော့ တံခါးအပြင်ဘက်မှာ စောင့်ပေးပါ"

ပိုင်ချူး အံ့အားသင့်သွားခဲ့ပြီး အစ်ကိုချောင်ကို ကြေကွဲသောအကြည့်ဖြင့် ကြည့်လာခဲ့သည်။ "ဆရာသခင်ရယ် ... ကျွန်မမှာ အရမ်းကိုအရေးကြီးတဲ့ ကိစ္စလေးတစ်ခု ရှိနေလို့ပါ ... ကျေးဇူးပြုပြီး လိုက်လျောပေးလို့ မရဘူးလား"

စီနီယာအစ်ကိုချောင်၏ ခြေထောက်ကို ဖက်ပြီးတော့ သူမ တောင်းပန်လိုက်ချင်သော်လည်း ‌ဤသာမန်မျက်နှာနှင့်သူက သူမထင်ထားတာထက်ပင် ပိုပြီးတော့ အကြင်နာမဲ့နေခဲ့သည်။ သူမ လက်ကို အနည်းငယ် မြှောက်လိုက်ရုံနဲ့တင် စီနီယာအစ်ကိုချောင်က နောက်ကို ကြိုဆုတ်ထားလိုက်၏။

"စိတ်မကောင်းပါဘူး... ဒါက ကျွန်တော်တို့ ထျန်းစစ်ဖူရဲ့ စည်းကမ်းမို့လို့ပါ"

သူ့ပုံစံက ကြင်နာတတ်ပုံပေါက်ပြီး လေသံက ယဉ်ကျေးနေသော်လည်း ပိုင်ချူး အနည်းငယ် အေးစက်သလို ခံစားလာရသည်။ သူမ တမင်တကာမလုပ်ပါဘဲ တုန်ရီသွားမိပြီး သူမ၏ရှိုက်သံကို ထိန်းချုပ်ကာ ပြောလိုက်သည်။

"ကောင်းကင်ဘုံ အရှင်သခင်ကို တွေ့ခွင့်ရဖို့မလွယ်မှန်း ကျွန်မ သိပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်မ သူ့ကို မတွေ့ချင်ပါဘူး။ ထျန်းစစ်ဖူထဲမှာ အစွမ်းထက်တဲ့လူတွေ အများကြီးရှိပြီးတော့ ကျွန်မရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် သူတစ်ယောက်ယောက်ကိုပဲ တွေ့ချင်တာပါ။ ဆရာ... ကျွန်မရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မလားဟင်။ ကျွန်မ ပိုက်ဆံတွေ အများကြီး ပေးနိုင်ပါတယ်။ ကျွန်မမှာ တကယ် ပိုက်ဆံရှိပါတယ်။ တကယ်ပါ"

စီနီယာအစ်ကိုချောင်က ထိုအမျိုးသမီးကို အပေါ်စီးကနေ ကြည့်နေခဲ့ပြီး သူ့မျက်လုံးထဲမှာ နွေးထွေးမှုဆိုတာ တစ်စက်လေးတောင် ‌မရှိချေ။ သူ ငြင်းဖို့ရာပြင်လိုက်ပေမယ့် ဘာကိုစိတ်ကူးမိသွားလို့လဲမသိ‌ ရုတ်တရက် ပြုံးလာခဲ့၏။

"ကျွန်တော်တို့တွေ တစ်နေရာရာမှာ သွားထိုင်ပြီးတော့ စကားပြောကြရအောင်လေ။ ခင်ဗျားကို ကျွန်တော် ကူညီပေးနိုင်တယ်ဆိုရင် ... အစွမ်းကုန် ကြိုးစားပြီးတော့ ကူညီပေးပါ့မယ်"

တိုက်တိုက်ဆိုင်ဆိုင်ပင် အနီးမှာ အရိပ်ခိုနားနေဖို့ရန်အတွက် ဆောက်ထားသော အဆောင်ငယ်လေးတစ်ခု ရှိနေခဲ့သည်။ အမျိုးသမီး၏ ဝမ်းမြောက်သွားသော အမူအရာကို ကြည့်လိုက်ရင်း ကျန်းလော့ မနေနိုင်တော့ဘဲ အစ်ကိုချောင်၏ ကြင်နာတတ်မှုအပေါ် သက်ပြင်းချလိုက်မိသည်။

"အစ်ကိုချောင် ... သူမက ဘယ်လိုပြဿနာနဲ့ ကြုံတွေ့နေရလဲဆိုတာ သိလို့လား။ ဘာမှမသိသေးဘဲနဲ့ ကူညီပေးမယ်လို့ ကတိပေးလိုက်ရင် ဘယ်ဖြစ်ပါ့မလဲ"

အစ်ကိုချောင် "အဆင်ပြေပါတယ်။ အစ်ကို့ရဲ့လုပ်နိုင်စွမ်းကို ကျော်သွားရင် သူမကို ငြင်းလိုက်မှာပါ။ နားထောင်ပေးရုံပဲဟာ ... အချိန်သိပ်ကုန်မှာ မဟုတ်ပါဘူး"

ကျန်းလော့ သူ့ရင်ထဲမှာ သက်ပြင်းချလိုက်မိသည်၊ ဒီလူက တော်တော်လေးကို ကြင်နာတတ်တာပဲ။

သူတို့သုံးယောက် အဆောင်ငယ်လေးဆီ သွားလိုက်ကြသည်။ မင်းသမီးက ဘေးဘီကို အကျင့်ပါ‌နေသည့်အတိုင်း ကြည့်မိသွားပြီးမှ သူမအခုရောက်နေတဲ့ နေရာက ထျန်းစစ်ဖူဖြစ်ပြီးတော့ ဤထဲမှာ ပါပါရာဇီတစ်‌ယောက်မှ မရှိမှန်း သတိရသွားပြီး စိတ်အေးသွားခဲ့သည်။

သူမလက်ထဲက အိတ်ကို သူမဆုပ်ကိုင်ထားခဲ့ပြီး ပြင်းပြသည့် အချစ်နှင့်အမုန်း ရောထွေးနေ‌သော အမူအရာဖြင့် ပြောလာခဲ့သည်။

"ကျွန်မ ... ကျွန်မ ယောင်္ကျားတစ်ယောက်နဲ့ ချစ်မိနေတယ်"

"ကျွန်မ သူ့ကို အရမ်းချစ်တယ်။ သူ့ကို ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျွန်မကို အနုပညာလောကထဲကနေ အနားယူဖို့ ‌သူပြောလာခဲ့တုန်းက ကျွန်မ တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိမ့်ပစ်ချင်ခဲ့တယ်"

ပိုင်ချူး သူမ လက်ချောင်းများကို ငုံ့ကြည့်ပြီး ရေရွတ်လိုက်သည်။

"သူစားရတာကြိုက်တဲ့ ဟင်းချက်သင်တန်းကို ကျွန်မ စာရင်းသွင်းခဲ့တယ်။ သူက ဘယ်လိုစတိုင်မျိုးကိုကြိုက်လဲ ... သူ ကြိုက်တဲ့ပုံစံလို ကျွန်မ လိုက်ဝတ်ခဲ့တယ်။ သူက ကျွန်မဖုန်းထဲမှာ ဆန့်ကျင်ဘက်လိင်တွေရဲ့ ဖုန်းနံပါတ်တွေရှိနေတာ မကြိုက်ဘူးလို့ပြောတော့... ကျွန်မရဲ့မိတ်ဆွေတွေ၊ ယောင်္ကျားလေးသူငယ်ချင်းတွေနဲ့ အရေးပါတဲ့ဖုန်းနံပါတ်တွေကို ကျွန်မ အကုန်ဖျက်ပစ်ခဲ့တယ် ....ကျွန်မ..."

သူမက ရုတ်တရက် ခေါင်းမော့လာပြီး ကျန်းလော့နှင့် အစ်ကိုချောင်ကို မျှော်လင့်ချက်ပျက်သုန်းနေသည့် ပုံစံဖြင့် ကြည့်လာခဲ့သည်။

"ကျွန်မ ပြုစားခံနေရတယ်လို့ ကျွန်မ သံသယရှိတယ်"

ဘာလို့ လူတစ်ယောက်ကို အရမ်းချစ်မိနေတာကို ပြုစား‌ခံနေရတယ်လို့ သံသယရှိရတာလဲ။

--------

အခန္း ၃၆

တပည့္ျဖစ္သူက စကားတစ္ခ်ိဳ႕ကို တီးတိုးေျပာၿပီး က်န္းေလာ့ကို ႏွစ္သိမ့္ေပးလာခဲ့သည္။ က်န္းေလာ့ သူ၏ ညိဳးငယ္လြမ္းေဆြးမႈကို အေဝးပို႔လိုက္ၿပီး တပည့္ျဖစ္သူကို အားရွိသည့္ အၿပဳံးတစ္ပြင့္ ၿပဳံးျပလိုက္သည္။

"ကြၽန္ေတာ္ အဆင္ေျပပါတယ္"

ပူေဆြးမႈကို ေတာင့္ခံေနသည့္ အမူအရာေလးက ထိရွလြယ္ၿပီး လွပေနခဲ့သည္။တပည့္ျဖစ္သူက သူ႔ကို မ်က္လုံးေမွးက်ဥ္း၍ ၾကည့္လိုက္ၿပီး လက္ကိုင္ပုဝါကိုထုတ္ကာ က်န္းေလာ့ကို ေပးလိုက္သည္၊ ပါးစပ္ကလည္း ေႏြးေႏြးေထြးေထြး ေျပာလိုက္၏။ "ေသသြားတဲ့သူေတြက ျပန္ရွင္မလာႏိုင္ေတာ့ဘူးေလ"

ဖုန္းလီက တိုက္တိုက္ဆိုင္ဆိုင္ပင္ ေအာ္ေခၚလာခဲ့သည္။ "က်န္းေလာ့"

က်န္းေလာ့ တပည့္ျဖစ္သူဆီက လက္ကိုင္ပုဝါကို ယူလိုက္ၿပီး မရွိေသာ မ်က္ရည္‌ကို သုတ္လိုက္သည္။

"ေက်းဇူးတင္ပါတယ္ စီနီယာအစ္ကို ... အစ္ကို႔ရဲ႕နာမည္က ဘယ္သူ...."

တပည့္က ေျပာလာခဲ့၏။ "အစ္ကို႔ကို စီနီယာအစ္ကိုေခ်ာင္လို႔ပဲ ေခၚပါ"

စီနီယာအစ္ကိုေခ်ာင္ကို က်န္းေလာ့ ေက်းဇူးတင္လိုက္ၿပီး ဖုန္းလီဆီ သြားလိုက္သည္။ "လူႀကီးမင္းဖုန္း"

ဖုန္းလီက သူ႔ကို ဝမ္းနည္းေနသည့္ အမူအရာျဖင့္ ၾကည့္လာခဲ့ၿပီး သူ၏ ၾကည့္ေကာင္းေသာ မ်က္ခုံးကို တြန႔္ခ်ိဳးထားခဲ့ကာ တဲ့တိုးပင္ ေျပာလာခဲ့သည္။

"မင္း ငါ့ကို ဆရာအျဖစ္ေတာ္ခ်င္လား"

ဖုန္းလီကို ဆရာတင္ရမယ္။ ေသခ်ာေပါက္ကို က်န္းေလာ့ ဆႏၵရွိတာေပါ့။

မူလစာအုပ္ထဲက ဇာတ္လိုက္ကသာ သူ႔ဆရာျဖစ္လာခဲ့လွ်င္ သူ႔ဘဝကို ကယ္တင္ႏိုင္မည့္ အသက္ကယ္ကတ္ႀကီး ရလိုက္သလိုျဖစ္မွာပင္။ ခ်န္ဖိက သူ႔ကိုဘာလို႔ ထ်န္းစစ္ဖူကို ေခၚလာခဲ့လဲဆိုတာ က်န္းေလာ့ သေဘာေပါက္သြားခဲ့သည္ သို႔ေသာ္ သူ ခ်က္ခ်င္းသေဘာမတူလိုက္ေပ။

"လူႀကီးမင္းဖုန္း ... ကြၽန္ေတာ့မွာ ဆရာရွိၿပီးသားပါ"

ခ်န္ဖိ ျမန္ျမန္ပင္ ေျပာလိုက္၏။ "အဲတာက အဆင္ေျပပါတယ္ ... ဆရာ့အတြက္ စိတ္မပူပါနဲ႔။ မင္းလည္း အ႐ြယ္ေရာက္လာၿပီေလ ၿပီးေတာ့ ဆရာက မင္းကို ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္ မသင္ေပးခဲ့မိဘူး... ဆရာတစ္ေယာက္ရဲ႕ တာဝန္ေတြကို လစ္ဟင္းခဲ့မိတယ္။ ေဟာဒီ့က ေကာင္းကင္ဘုံ အရွင္သခင္က မင္းရဲ႕ဦးေလးပဲ။ ဒါေၾကာင့္မို႔ သူ သင္ေပးမယ္ဆိုေတာ့ ဆရာ စိတ္ေအးသြားပါၿပီ။ မင္း အတြက္လည္း ဝမ္းသာမိတယ္"

ဖုန္းလီက ခ်န္ဖိ စကားေျပာၿပီးသည္အထိ စိတ္ရွည္လက္ရွည္ ေစာင့္လိုက္သည္။

က်န္းေလာ့က ကသိကေအာက္ ျဖစ္ေနတဲ့ပုံေပၚၿပီး သူမလုပ္ခ်င္မွာစိုး၍ ခ်န္ဖိက သူ႔ကို စကားအနည္းငယ္ တီးတိုးေျပာလိုက္သည္။ ဖုန္းလီ သူ႔ဘက္ကေနစၿပီး တပည့္လက္ခံျခင္းမ်ိဳး မရွိခဲ့သလို တစ္ဖက္လူကလည္း အင္တင္တင္ ျဖစ္ေနခဲ့သည္။ သူ႔ရင္ထဲမွာ ဘယ္လိုခံစားေနရလဲဆိုတာ မေျပာတတ္ေတာ့ေပ။ အတိုးခ်ဳံးေျပာရရင္ေတာ့ သူ႔အတြက္ နည္းနည္းအသစ္အဆန္း ျဖစ္ေနခဲ့သည္။

တစ္ခဏေလာက္ၾကာၿပီးေနာက္ က်န္းေလာ့ ေနာက္ဆုံးမွာ ေခါင္းညိမ့္လာခဲ့သည္။ "ဟုတ္ကဲ့ ... ကြၽန္ေတာ္ လူႀကီးမင္းဖုန္းကို ကြၽန္ေတာ့္ဆရာအျဖစ္ လက္ခံပါ့မယ္"

တပည့္လက္ခံသည့္ လုပ္႐ိုးလုပ္စဥ္က ရႈပ္ေထြးၿပီး တစ္ၿပိဳင္နက္တည္းမွာ ႐ိုးစင္းသည္။ ေကာင္းကင္ဘုံ ဆရာသခင္၏ တပည့္လက္ခံသည့္ လုပ္႐ိုးလုပ္စဥ္က သာမန္လူမ်ား တပည့္လက္ခံရာတြင္လုပ္သည့္ လုပ္႐ိုးလုပ္စဥ္ႏွင့္ ကြာျခားမႈမရွိေပ။ က်န္းေလာ့ ၫႊန္ၾကားခ်က္‌ကို တစ္ဆင့္ခ်င္းဆီလိုက္လုပ္ၿပီး ေနာက္ဆုံးမွာ ဖုန္းလီအတြက္ ေရေႏြးတစ္ခြက္ ငွဲ႔ေပးလိုက္သည္။

ဖုန္းလီက ေရ‌ေႏြးကို တစ္ငုံေသာက္လိုက္ခ်ိန္မွာ ဆရာတပည့္ဆက္ဆံေရးက အတည္ျဖစ္သြားခဲ့သည္။

မလိုအပ္သည့္လူမ်ား ထြက္သြားၿပီးခ်ိန္မွာ က်န္းေလာ့ကို စာၾကည့္ခန္းဆီ ဖုန္းလီ ေခၚသြားလိုက္သည္။ "မင္း တတိယအဆင့္ၿပိဳင္ပြဲရဲ႕ တည္ေနရာကိုေတာ့ သိႏွင့္ၿပီးၿပီမလား"

က်န္းေလာ့ ေခါင္းညိမ့္လိုက္၏။ "ရွန္းရွိမွာလို႔ေတာ့ ေျပာပါတယ္"

ဖုန္းလီ ထိုင္ခ်လိုက္ၿပီး ေျပာလာခဲ့၏ယ "ငါ မင္းရဲ႕ကံၾကမၼာကို မေန႔တုန္းက ဖတ္ၾကည့္ေတာ့ ေတာ္ေတာ္ေလး ဆိုးေနတာကို ေတြ႕လိုက္ရတယ္"

က်န္းေလာ့၏အၿပဳံး ေတာင့္တင္းသြားခဲ့သည္။

ဖုန္းလီ၏ေလသံက အနိမ့္အျမင့္မရွိ တစ္ေျပးတည္းျဖစ္ေနခဲ့ၿပီး သူ ေပါ့ေပါ့ပါးပါး ေျပာလိုက္သည့္စကားက ေၾကာက္စရာေကာင္းသည့္ဟာ မဟုတ္သည့္အတိုင္းပင္။

"တတိယအဆင့္မွာ မင္းအႏၲရာယ္နဲ႔ ႀကဳံေတြ႕ရလိမ့္မယ္။ ဒီရက္ေတြမွာ မင္း ေက်ာင္းသြားတဲ့ အခ်ိန္ကလြဲၿပီးေတာ့ က်န္တဲ့အခ်ိန္ေတြကို ဖုန္းမိသားစုရဲ႕ အိမ္မွာပဲေနၿပီး ... မင္းရဲ႕ စြမ္းရည္ေတြကို တိုးတက္လာေအာင္ လုပ္ရမယ္"

က်န္းေလာ့ ေခါင္းကို ေသေသခ်ာခ်ာ ညိမ့္ျပလိုက္၏။ "ကြၽန္ေတာ္ နားလည္ပါၿပီ"

ဖုန္းလီက ေျပာလိုက္သည္။ "မင္းရဲ႕ ဘယ္ဘက္အျခမ္းမွာရွိေနတဲ့ စာအုပ္ေတြ အကုန္လုံးကို ဆယ္ရက္အတြင္းမွာ ၿပီးေအာင္ဖတ္ရမယ္"

က်န္းေလာ့ ေခါင္းလွည့္ၾကည့္လိုက္ခ်ိန္မွာ စာအုပ္စင္ႏွင့္အျပည့္ စာအုပ္ေတြကို ေတြ႕လိုက္ရသည္။ "ရွန္းဟိုင္က်င္း"ကေနစလို႔ "ေျပာင္းလဲလာေသာ စာေပမ်ား"ႏွင့္ "ခ်င္းဝူက်င္း"ကေနစလို႔ "ေျမျမႇဳပ္သၿဂႋဳလ္သည့္"အေၾကာင္းေရးထားခဲ့ေသာ စာအုပ္မ်ားသာမက၊ ေခါင္းတစ္လုံးစာေလာက္ရွိေသာ "ေနရာအသီးသီးက ႐ိုးရာဓေလ့မ်ား"စေသာ စာအုပ္မ်ားလည္း ရွိေနေသးသည္၊ ထိုစာအုပ္စင္ေပၚမွာ တင္ထားခဲ့ေသာ စာအုပ္မ်ား၏ အေလးခ်ိန္က အနည္းဆုံး ကီလိုဂရမ္ေလာက္ အခ်ိဳ႕ေလာက္ေတာ့ ရွိသည္။

"....."က်န္းေလာ့ "ဒါေတြအကုန္လုံးကို ဆယ္ရက္အတြင္းမွာ ဖတ္ရမွာလား"

ဖုန္းလီ အမူအရာ ေျပာင္းလဲသြားျခင္းမရွိဘဲ ေခါင္းညိမ့္လိုက္သည္။

"အခုကေနစၿပီး ဖတ္ၾကတာေပါ့"

သူ ေျပာၿပီးေနာက္ စာၾကည့္ခန္းထဲကေန ထြက္သြားခဲ့သည္။

ဖုန္းလီက သူတပည့္ခံဖို႔ တုံ႔ဆိုင္းေနခဲ့သည့္အေပၚ ျပန္လက္စားေခ်ေနသည္ဟု က်န္းေလာ့ အေၾကာင္းျပခ်က္ ခိုင္လုံစြာျဖင့္ သံသယဝင္မိသည္ သို႔ေသာ္ သူ ဘာမွမတတ္ႏိုင္ဘဲ ဖုန္းလီ ခိုင္းသမွ်ကို လုပ္ရမွာပင္။ ထို႔ေၾကာင့္ သူ စာအုပ္စင္အေပၚဆုံးထပ္က မဖတ္ရေသးေသာ ႏွစ္အုပ္ကို က်န္းေလာ့ ယူလိုက္ၿပီး ေကာ္ေဇာေပၚထိုင္ခ်ကာ စဖတ္လိုက္၏။

ကံေကာင္းေထာက္မစြာျဖင့္ သူ စာအုပ္အခ်ိဳ႕ကို ဖတ္ႏွင့္ၿပီးသား ျဖစ္ေနခဲ့သည္။ ေယဘုယ်အားျဖင့္ ေျပာရလွ်င္ ဖိအားက ျပင္းထန္ေသာ္လည္း ၿပီးေျမာက္ဖို႔ မျဖစ္ႏိုင္တာေတာ့ မဟုတ္ေပ။

က်န္းေလာ့ စာအုပ္တစ္အုပ္ ဖတ္ၿပီးသြားခ်ိန္မွာ ေမွာင္ေတာင္ေနၿပီျဖစ္၏။ ဖုန္းမိသားစု၏ တပည့္မ်ားက သူ႔အတြက္ အခန္းတစ္ခန္းကို ျပင္ထားေပးခဲ့၍ က်န္းေလာ့လည္း အားနာမေနေတာ့ဘဲ ထ်န္းစစ္ဖူမွာ တစ္ညအိပ္လိုက္ေတာ့သည္။

ေနာက္‌တစ္ေန႔ မနက္ေစာ‌ေစာ အ႐ုဏ္မတက္ေသးခင္မွာပဲ က်န္းေလာ့ တံခါးေခါက္သံေၾကာင့္ ႏိုးသြားခဲ့သည္။ သူ အိပ္ရာကေနထၿပီး တံခါးဖြင့္လိုက္၏။ "ဘယ္သူပါလဲ"

တံခါးအျပင္ဘက္မွာေတာ့ သူႏွင့္အရင္က ဆုံခဲ့ဖူးသည့္ စီနီယာအစ္ကိုေခ်ာင္က ေခ်ာင္ခ်ိခ်ိ ဝတ္႐ုံကို ဝတ္ထားၿပီးေတာ့ မတ္တပ္ရပ္ေနခဲ့သည္။

"ဂ်ဳနီယာညီေလး ... မင္းရဲ႕ မနက္ခင္း ေလ့က်င့္ခန္းကိုစဖို႔ အခ်ိန္ေရာက္ၿပီ"

က်န္းေလာ့ "....."

ထ်န္းစစ္ဖူမွာ ဘယ္လိုေတာင္ ခ်ာတူးလံတဲ့ စည္းကမ္းေတြ ရွိေနတာလဲကြာ။

သူ အဝတ္အစားကို မလဲခ်င္လဲခ်င္ႏွင့္ လဲလိုက္ၿပီး သူ႔ေကာ္လံကိုမကာ အစ္ကိုေခ်ာင္၏ ေနာက္ကိုလိုက္ၿပီး မနက္ခင္းေလ့က်င့္ခန္း လုပ္လိုက္သည္။

စီနီယာအစ္ကိုေခ်ာင္က ပုံစံၾကည့္ေတာ့ ပိန္သည္ဟုထင္ရေသာ္လည္း ေျပးေနတဲ့အခ်ိန္မွာေတာင္မွပဲ အသက္ရႈသံ ေျပာင္းမသြားခဲ့ေပ။ က်န္းေလာ့၏ ကိုယ္ခံအားကလည္း ရက္အေတာ္ၾကာ ေလ့က်င့္ၿပီးေနာက္မွာ ျပန္‌ေကာင္းလာခဲ့ၿပီျဖစ္သည္။ ေျပးေနရင္းႏွင့္ ပ်င္းလာသည့္ပုံပင္၊ စီနီယာအစ္ကိုေခ်ာင္က စကားစၿပီး ေမးလာခဲ့၏။ "ဂ်ဳနီယာညီေလး ... မင္း အဲဒီ့မေကာင္းဆိုးဝါးကို ဘယ္လိုလုပ္ၿပီးေတာ့ ႀကိဳက္သြားခဲ့တာလဲ"

အစ္ကိုေခ်ာင္ကလည္း ယယ္႐ႊင္ကဲ့သို႔ အတင္းအဖ်င္းကို သေဘာက်သည့္သူဟု မွတ္ယူထားခဲ့ၿပီျဖစ္သည့္ က်န္းေလာ့က ကြၽမ္းက်င္လိမၼာစြာျဖင့္ ေျပာလိုက္၏။ "ေျပာျပရရင္ အရွည္ႀကီးပဲ"အစ္ကိုေခ်ာင္က ျပန္ေျပာလာခဲ့သည္။ "အစ္ကိုတို႔ ဆယ္ပတ္ေတာင္‌ ေျပးရမွာဆိုေတာ့ ... ေျဖးေျဖးခ်င္းေျပာလည္း ရပါတယ္"

ငါးမိနစ္ေလာက္ ေျပးၿပီးေနာက္မွာ က်န္းေလာ့ သူႏွင့္ခ်ီယုံၾကားက ဇာတ္လမ္းကို ေျပာျပလိုက္သည္။ အစ္ကိုေခ်ာင္က စိတ္ဝင္တစား နားေထာင္လာခဲ့ၿပီး အဆုံးမွာ မ်က္လုံးထဲ အေရာင္လဲ့လာခဲ့ၿပီး သူတို႔ႏွစ္ေယာက္၏ဇာတ္လမ္းေၾကာင့္ ခံစားသြားရသည့္ပုံပင္။ ထို႔ေနာက္ စိတ္ရင္းျဖင့္ ေျပာလာခဲ့သည္။

"မင္းအတြက္ အရမ္းစိတ္မေကာင္းျဖစ္မိတယ္"

က်န္းေလာ့ သက္ျပင္းခ်လိုက္၏။

ေနာက္ဆုံးတစ္ပတ္ေရာက္ခ်ိန္မွာ သူတို႔ႏွစ္ေယာက္ ေျပးေနရာကေန ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္လာခဲ့ၾကသည္။ ဇာတ္လမ္းကို နားေထာင္ရတာ မဝေသးသည့္အလား အစ္ကိုေခ်ာင္က သူတို႔ျဖတ္လာခဲ့ေသာ လူလုပ္ေရကန္ႀကီးကို အားတက္သေရာ လက္ညိဳးထိုးျပလာခဲ့သည္။

"မင္းတို႔ ေရကန္နားမွာေရာ ခ်ိန္းေတြ႕ခဲ့ၾကေသးလား"

က်န္းေလာ့ ေပါ့ေပါ့ပါးပါးပင္ ေခါင္းညိမ့္ျပလိုက္ၿပီး "ေရကန္က ညဘက္ဆိုရင္ အတြဲေတြနဲ႔ ျပည့္ေနတာေလ။ သူ ကြၽန္ေတာ့္ကို ေခၚသြားတဲ့အခါက်ရင္ လူရွင္းတဲ့ေနရာကို ေသခ်ာေ႐ြးေခၚသြားခဲ့တာ"

"အဲလိုလား"အစ္ကိုေခ်ာင္၏အၿပဳံးက နက္ရႈိင္းလာခဲ့၏။ "႐ိုမန္တစ္ဆန္လိုက္တာ။ ညဘက္ေရကန္မွာ ျဖာက်ေနတဲ့ လေရာင္ကလည္း အရမ္းလွေနမွာပဲ ... ဟုတ္တယ္မလား"

"ဘယ္သူကေရာ မဟုတ္ဘူးလို႔ ေျပာလို႔လဲ"က်န္းေလာ့၏မ်က္လုံးထဲမွာ အတိတ္က အမွတ္တရမ်ားကို ျပန္လွစ္ဟျပလာခဲ့ၿပီး သူ ခါးသက္သက္ ရယ္လိုက္၏။ "အဲတာက ကြၽန္ေတာ့္ရဲ႕ မွတ္ဉာဏ္ထဲမွာ အလွပဆုံးေသာပုံရိပ္ပဲ"

အစ္ကိုေခ်ာင္က ေႏြးေထြးစြာျဖင့္ ေျပာလာခဲ့သည္။ "အစ္ကို ေတြးၾကည့္လို႔ရပါတယ္"

အျပန္လမ္းမွာ အစ္ကိုေခ်ာင္က ေမးခြန္းအမ်ားႀကီးကို မေလ်ာ့ေသာ စိတ္ဝင္စားမႈတို႔ျဖင့္ ေမးလာခဲ့သည္။

"မေကာင္းဆိုးဝါးနဲ႔ မင္းဘယ္လို အတြင္းက်က် ကိစၥေတြေရာ လုပ္ခဲ့ေသးလဲ"

ဝမ္ယမ္လန္ကလည္း အရင္တုန္းက ဒီေမးခြန္းကို ေမးခဲ့ဖူးသည္။ က်န္းေလာ့ သူ႔ႏႈတ္ခမ္းကို ကသိကေအာက္ျဖင့္ တြန႔္လိုက္ၿပီး "လုပ္သင့္တာေရာ မလုပ္သင့္တာေရာ အကုန္လုပ္ခဲ့ၿပီးၿပီ"

သူ႔မ်က္ခုံးမ်ားက ျမင့္တက္သြားခဲ့ၿပီး မ်က္လုံးထဲမွာ ရယ္ခ်င္စိတ္အျပည့္ႏွင့္ မုန္းတီးမႈ အရိပ္အေယာင္ အနည္းငယ္လည္း ထင္ဟပ္ေနခဲ့သည္။ "ကြၽန္ေတာ္က တဏွာကိစၥေတြကို သိပ္စိတ္ထဲမထားေပမယ့္လည္း ကိုယ့္ပါတနာက လိုအပ္ေနတာကို ဘယ္ေယာက္်ားကမ်ား တြန႔္ဆုတ္ေနမွာတဲ့လဲ။ သူက သရဲျဖစ္‌ေနရင္ေတာင္မွပဲ သူလည္း လုပ္ဖို႔‌ေတာ့ လိုေသးတာပဲမလား"

သူစကားကို ႏွစ္ခြေျပာလိုက္ၿပီး သြယ္ဝိုက္ေသာနည္းလမ္းျဖင့္ သူက အထက္ကလူျဖစ္ေၾကာင္း ရည္ၫႊန္းကာ ခ်ီယုံကို ပါးနပ္စြာျဖင့္ သိကၡာခ်လိုက္သည္။

က်န္းေလာ့ သူ႔အေျဖႏွင့္ပတ္သတ္ၿပီး အေတာ္ေလးကို စိတ္တိုင္းက်မိသည္။

အစ္ကိုေခ်ာင္က ႐ုတ္တရက္ ထရယ္လာခဲ့ၿပီး က်န္းေလာ့၏ သံသယျဖစ္ေသာအၾကည့္ႏွင့္ ဆုံသြားခဲ့၏။ သူ ရယ္သံကို မနည္းထိန္းလိုက္ၿပီး လက္ယမ္းျပကာ ေျပာလိုက္သည္။

"ဘာမွမျဖစ္ပါဘူး။ ညီေလး အေရွ႕ကို ၾကည့္လိုက္ပါဦး ... ၾကည့္ရတာ တစ္ေယာက္ေယာက္ကေတာ့ ထ်န္းစစ္ဖူထဲကို ခြင့္ျပဳခ်က္မရွိဘဲ ခိုးဝင္လာတဲ့ပုံပဲ"

သူ ၫႊန္ျပလိုက္ေသာေနရာကို က်န္းေလာ့ ၾကည့္လိုက္ရာ အမွန္တကယ္ပင္ သစ္ပင္၏အေနာက္မွာ လူပုံစံတစ္ခုက ပုန္းကြယ္ေနခဲ့သည္။

သူႏွင့္ အစ္ကိုေခ်ာင္တို႔ တစ္ေယာက္ကို တစ္ေယာက္ မ်က္စပစ္ျပလိုက္ၾကၿပီး သစ္ပင္အနားကို ေျခသံမၾကားရေအာင္ တိုးကပ္သြားလိုက္ၿပီး ၾကည့္လိုက္ခ်ိန္မွာ သိမ္ေမြ႕ေသာမိတ္ကပ္ပုံစံကို လိမ္းျခယ္ထားခဲ့သည့္ အမ်ိဳးသမီးတစ္ေယာက္က သစ္ပင္အေနာက္မွာ ပုန္းေနတာကို ေတြ႕လိုက္ရသည္။ ထိုအမ်ိဳးသမီး၏မ်က္ႏွာကို တီဗီဇာတ္လမ္း ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရေလ့ရွိသည္။ သူမက အခုနာမည္ႀကီးေနေသာ ထိပ္တန္းအႏုပညာရွင္မ်ားထဲက တစ္ေယာက္ပင္။ ျပန္စဥ္းစားၾကည့္ၿပီးေနာက္မွာ ထိုသူ၏နာမည္က ပိုင္ခ်ဴးျဖစ္မွန္း ျပန္သတိရသြားခဲ့သည္။

"မဒမ္"အစ္ကိုေခ်ာင္က အရင္ေျပာလာခဲ့၏။ "ဘယ္လိုလုပ္ၿပီးေတာ့ ထ်န္းစစ္ဖူထဲကို ေရာက္ေနတာလဲ"

မင္းသမီးက အံ့အားသင့္သြားၿပီး ထေအာ္မိေတာ့မတတ္ ျဖစ္သြားခဲ့သည္။ ကံေကာင္းေထာက္မစြာျဖင့္ သူမ၏ ဆင္ျခင္တုံတရားက သူမခႏၶာကိုယ္၏ တုံ႔ျပန္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး သူမပါးစပ္ကို အခ်ိန္မွီပိတ္ကာ ျဖဴေဖ်ာ့သြားေသာမ်က္ႏွာျဖင့္ ေခါင္းကို တစ္ဖက္လွည့္သြားခဲ့သည္။

အနီးကပ္ၾကည့္လိုက္ေတာ့မွပဲ မင္းသမီး၏ မိတ္ကပ္လိမ္းျခယ္ထားေသာ မ်က္ႏွာေအာက္က တကယ့္အစစ္အမွန္ အေျခအေနကို သိလာရသည္။ မ်က္ကြင္းက ညိဳမဲေနခဲ့ၿပီး သူမ၏ပါးျပင္ထက္က ရွက္ေသြးျဖာေန‌တာကလည္း သဘာဝမက်ဘဲ တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ မိတ္ကပ္ႏွင့္လုပ္ထားမွန္း သိသာေနခဲ့သည္။ သူမ၏ႏႈတ္ခမ္းက ေျခာက္ေသြ႕ကာ ကြဲအက္ေနခဲ့ၿပီး ၊ မ်က္သားတို႔က နီရဲေနခဲ့သည္။ မိတ္ကပ္ထူထူကေတာင္မွပဲ သူမ၏ ပင္ပန္းႏြမ္းလ်မႈကို မဖုံးကြယ္ႏိုင္ခဲ့ေပ။

ပိုင္ခ်ဴးက ဒီလိုအေျခအေနျဖစ္ေနတာ အေတာ္ေလးၾကာေနၿပီမွန္း က်န္းေလာ့ သတိရသြားခဲ့သည္။ သူ႔ဖုန္းကို တခါတေလသုံးခ်ိန္မွာ စဥ္းလဲေသာ မီဒီယာတခ်ိဳ႕က ပိုင္ခ်ဴးကို ေဆးသုံးေနတာလားဆိုၿပီး ေမးခြန္းထုတ္ထားၾကတာကို ေတြ႕ရေလ့ရွိသည္။

အစ္ကိုေခ်ာင္ကေတာ့ သူ႔အေရွ႕မွာ ရွိေနသည့္ အမ်ိဳးသမီးကို ဘယ္သူမွန္း လုံးဝမမွတ္မိသည့္ပုံပင္။

"မဒမ္ ... ထ်န္းစစ္ဖူထဲကို ခြင့္ျပဳခ်က္မရွိဘဲ က်ဳးေက်ာ္လို႔မရပါဘူး"

ပိုင္ခ်ဴးက ႐ုတ္တရက္ဆိုသလို မ်က္ရည္မ်ားက်ကာ ငိုလာခဲ့သည္။ "ဆရာ... ေက်းဇူးျပဳၿပီးေတာ့ ကြၽန္မကို ေကာင္းကင္ဘုံအရွင္သခင္နဲ႔ ေတြ႕ခြင့္ေပးပါ ... ေတာင္းဆိုပါတယ္"

သူမ ဘယ္မိတ္ကပ္အမ်ိဳးအစားကို သုံးထားလဲဆိုတာ က်န္းေလာ့ မသိေသာ္လည္း သူမအခုလို ငိုႀကီးခ်က္မျဖင့္ ငိုယိုေနတာေတာင္မွပဲ သူမ၏မိတ္ကပ္က ပ်ံ႕ၿပီး‌ေတာ့ ေပပြမသြားခဲ့ေပ။ ထိုအစား သူမကို သနားစဖြယ္ျဖစ္လာေစၿပီး လူကို စိတ္ေပ်ာ့လာေစ၏။

စီနီယာအစ္ကိုေခ်ာင္က စိတ္ႏုလိမ့္မည္ဟု က်န္းေလာ့ နဂိုက ထင္ထားခဲ့သည္ သို႔ေသာ္ သူ ထင္မထားမိေအာင္ပင္ အစ္ကိုေခ်ာင္က ၾကင္နာတတ္သည့္ ေလသံေလးႏွင့္ ညႇာတာမႈမရွိ ျငင္းလာခဲ့သည္။

"ေကာင္းကင္ဘုံ အရွင္သခင္ကို ေတြ႕ခ်င္တယ္ဆိုရင္ ... ေက်းဇူးျပဳၿပီးေတာ့ တံခါးအျပင္ဘက္မွာ ေစာင့္ေပးပါ"

ပိုင္ခ်ဴး အံ့အားသင့္သြားခဲ့ၿပီး အစ္ကိုေခ်ာင္ကို ေၾကကြဲေသာအၾကည့္ျဖင့္ ၾကည့္လာခဲ့သည္။ "ဆရာသခင္ရယ္ ... ကြၽန္မမွာ အရမ္းကိုအေရးႀကီးတဲ့ ကိစၥေလးတစ္ခု ရွိေနလို႔ပါ ... ေက်းဇူးျပဳၿပီး လိုက္ေလ်ာေပးလို႔ မရဘူးလား"

စီနီယာအစ္ကိုေခ်ာင္၏ ေျခေထာက္ကို ဖက္ၿပီးေတာ့ သူမ ေတာင္းပန္လိုက္ခ်င္ေသာ္လည္း ဤသာမန္မ်က္ႏွာႏွင့္သူက သူမထင္ထားတာထက္ပင္ ပိုၿပီးေတာ့ အၾကင္နာမဲ့ေနခဲ့သည္။ သူမ လက္ကို အနည္းငယ္ ေျမႇာက္လိုက္႐ုံနဲ႔တင္ စီနီယာအစ္ကိုေခ်ာင္က ေနာက္ကို ႀကိဳဆုတ္ထားလိုက္၏။

"စိတ္မေကာင္းပါဘူး... ဒါက ကြၽန္ေတာ္တို႔ ထ်န္းစစ္ဖူရဲ႕ စည္းကမ္းမို႔လို႔ပါ"

သူ႔ပုံစံက ၾကင္နာတတ္ပုံေပါက္ၿပီး ေလသံက ယဥ္ေက်းေနေသာ္လည္း ပိုင္ခ်ဴး အနည္းငယ္ ေအးစက္သလို ခံစားလာရသည္။ သူမ တမင္တကာမလုပ္ပါဘဲ တုန္ရီသြားမိၿပီး သူမ၏ရႈိက္သံကို ထိန္းခ်ဳပ္ကာ ေျပာလိုက္သည္။

"ေကာင္းကင္ဘုံ အရွင္သခင္ကို ေတြ႕ခြင့္ရဖို႔မလြယ္မွန္း ကြၽန္မ သိပါတယ္။ အမွန္တိုင္းေျပာရရင္ ကြၽန္မ သူ႔ကို မေတြ႕ခ်င္ပါဘူး။ ထ်န္းစစ္ဖူထဲမွာ အစြမ္းထက္တဲ့လူေတြ အမ်ားႀကီးရွိၿပီးေတာ့ ကြၽန္မရဲ႕ျပႆနာကို ေျဖရွင္းေပးႏိုင္မယ့္ သူတစ္ေယာက္ေယာက္ကိုပဲ ေတြ႕ခ်င္တာပါ။ ဆရာ... ကြၽန္မရဲ႕ ျပႆနာကို ေျဖရွင္းေပးႏိုင္မလားဟင္။ ကြၽန္မ ပိုက္ဆံေတြ အမ်ားႀကီး ေပးႏိုင္ပါတယ္။ ကြၽန္မမွာ တကယ္ ပိုက္ဆံရွိပါတယ္။ တကယ္ပါ"

စီနီယာအစ္ကိုေခ်ာင္က ထိုအမ်ိဳးသမီးကို အေပၚစီးကေန ၾကည့္ေနခဲ့ၿပီး သူ႔မ်က္လုံးထဲမွာ ေႏြးေထြးမႈဆိုတာ တစ္စက္ေလးေတာင္ မရွိေခ်။ သူ ျငင္းဖို႔ရာျပင္လိုက္ေပမယ့္ ဘာကိုစိတ္ကူးမိသြားလို႔လဲမသိ‌ ႐ုတ္တရက္ ၿပဳံးလာခဲ့၏။

"ကြၽန္ေတာ္တို႔ေတြ တစ္ေနရာရာမွာ သြားထိုင္ၿပီးေတာ့ စကားေျပာၾကရေအာင္ေလ။ ခင္ဗ်ားကို ကြၽန္ေတာ္ ကူညီေပးႏိုင္တယ္ဆိုရင္ ... အစြမ္းကုန္ ႀကိဳးစားၿပီးေတာ့ ကူညီေပးပါ့မယ္"

တိုက္တိုက္ဆိုင္ဆိုင္ပင္ အနီးမွာ အရိပ္ခိုနားေနဖို႔ရန္အတြက္ ေဆာက္ထားေသာ အေဆာင္ငယ္ေလးတစ္ခု ရွိေနခဲ့သည္။ အမ်ိဳးသမီး၏ ဝမ္းေျမာက္သြားေသာ အမူအရာကို ၾကည့္လိုက္ရင္း က်န္းေလာ့ မေနႏိုင္ေတာ့ဘဲ အစ္ကိုေခ်ာင္၏ ၾကင္နာတတ္မႈအေပၚ သက္ျပင္းခ်လိုက္မိသည္။

"အစ္ကိုေခ်ာင္ ... သူမက ဘယ္လိုျပႆနာနဲ႔ ႀကဳံေတြ႕ေနရလဲဆိုတာ သိလို႔လား။ ဘာမွမသိေသးဘဲနဲ႔ ကူညီေပးမယ္လို႔ ကတိေပးလိုက္ရင္ ဘယ္ျဖစ္ပါ့မလဲ"

အစ္ကိုေခ်ာင္ "အဆင္ေျပပါတယ္။ အစ္ကို႔ရဲ႕လုပ္ႏိုင္စြမ္းကို ေက်ာ္သြားရင္ သူမကို ျငင္းလိုက္မွာပါ။ နားေထာင္ေပး႐ုံပဲဟာ ... အခ်ိန္သိပ္ကုန္မွာ မဟုတ္ပါဘူး"

က်န္းေလာ့ သူ႔ရင္ထဲမွာ သက္ျပင္းခ်လိုက္မိသည္၊ ဒီလူက ေတာ္ေတာ္ေလးကို ၾကင္နာတတ္တာပဲ။

သူတို႔သုံးေယာက္ အေဆာင္ငယ္ေလးဆီ သြားလိုက္ၾကသည္။ မင္းသမီးက ေဘးဘီကို အက်င့္ပါ‌ေနသည့္အတိုင္း ၾကည့္မိသြားၿပီးမွ သူမအခုေရာက္ေနတဲ့ ေနရာက ထ်န္းစစ္ဖူျဖစ္ၿပီးေတာ့ ဤထဲမွာ ပါပါရာဇီတစ္‌ေယာက္မွ မရွိမွန္း သတိရသြားၿပီး စိတ္ေအးသြားခဲ့သည္။

သူမလက္ထဲက အိတ္ကို သူမဆုပ္ကိုင္ထားခဲ့ၿပီး ျပင္းျပသည့္ အခ်စ္ႏွင့္အမုန္း ေရာေထြးေန‌ေသာ အမူအရာျဖင့္ ေျပာလာခဲ့သည္။

"ကြၽန္မ ... ကြၽန္မ ေယာက်ၤားတစ္ေယာက္နဲ႔ ခ်စ္မိေနတယ္"

"ကြၽန္မ သူ႔ကို အရမ္းခ်စ္တယ္။ သူ႔ကို ဘယ္ေလာက္ေတာင္ခ်စ္လဲဆိုရင္ ကြၽန္မကို အႏုပညာေလာကထဲကေန အနားယူဖို႔ သူေျပာလာခဲ့တုန္းက ကြၽန္မ တုံ႔ဆိုင္းမႈမရွိဘဲ ေခါင္းညိမ့္ပစ္ခ်င္ခဲ့တယ္"

ပိုင္ခ်ဴး သူမ လက္ေခ်ာင္းမ်ားကို ငုံ႔ၾကည့္ၿပီး ေရ႐ြတ္လိုက္သည္။

"သူစားရတာႀကိဳက္တဲ့ ဟင္းခ်က္သင္တန္းကို ကြၽန္မ စာရင္းသြင္းခဲ့တယ္။ သူက ဘယ္လိုစတိုင္မ်ိဳးကိုႀကိဳက္လဲ ... သူ ႀကိဳက္တဲ့ပုံစံလို ကြၽန္မ လိုက္ဝတ္ခဲ့တယ္။ သူက ကြၽန္မဖုန္းထဲမွာ ဆန႔္က်င္ဘက္လိင္ေတြရဲ႕ ဖုန္းနံပါတ္ေတြရွိေနတာ မႀကိဳက္ဘူးလို႔ေျပာေတာ့... ကြၽန္မရဲ႕မိတ္ေဆြေတြ၊ ေယာက်ၤားေလးသူငယ္ခ်င္းေတြနဲ႔ အေရးပါတဲ့ဖုန္းနံပါတ္ေတြကို ကြၽန္မ အကုန္ဖ်က္ပစ္ခဲ့တယ္ ....ကြၽန္မ..."

သူမက ႐ုတ္တရက္ ေခါင္းေမာ့လာၿပီး က်န္းေလာ့ႏွင့္ အစ္ကိုေခ်ာင္ကို ေမွ်ာ္လင့္ခ်က္ပ်က္သုန္းေနသည့္ ပုံစံျဖင့္ ၾကည့္လာခဲ့သည္။

"ကြၽန္မ ျပဳစားခံေနရတယ္လို႔ ကြၽန္မ သံသယရွိတယ္"

ဘာလို႔ လူတစ္ေယာက္ကို အရမ္းခ်စ္မိေနတာကို ျပဳစား‌ခံေနရတယ္လို႔ သံသယရွိရတာလဲ။

--------

Continue Reading

You'll Also Like

80.6K 12.6K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
6.7K 924 4
Author(s) 多金少女猫 Status in COO 3 Chapters (Completed) Associated Names 作祟的完美雕像 It just my fan translate and I don't own this story ~
107K 17.3K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
368K 68K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...