လက်တွဲဖော် ( My Dear )
By Yoeyarthit
13.6K 1K 872
အချစ်ဖြင့်တည်ဆောက်ထားသော အိမ်ထောင်ရေး.....။ အဆုံးသတ်ကရော........... More
အခန်း ( ၁ ) - နှစ်ယောက်တည်းကမ္ဘာ
အခန်း ( ၂ ) - ပိုင်စေနှင့် ဝေးတို့ရဲ့တွေ့ဆုံမှု
အခန်း ( ၃ ) - ဝေးရဲ့ရွေးချယ်မှု
အခန်း ( ၄ ) - အိမ်ထောင်သည်ဘဝဆိုတာ
အခန်း ( ၅ ) - မောင်နဲ့လည်ပတ်ခဲ့သော ပွဲစျေးည
အခန်း ( ၆ ) - အမှတ်တမဲ့ရင်းနှီးခဲ့ရပါသော သူစိမ်း
အခန်း ( ၇ ) - စုံတွဲလက်စွပ် ပြီးတော့ တက်တူး
အခန်း ( ၈ ) - မောင့်အတွက်ရည်ရွယ်၍
အခန်း ( ၉ ) - သူငယ်ချင်းဟောင်းနှင့်တွေ့ဆုံခြင်း
အခန်း ( ၁၀ ) - မောင့်ရဲ့ မွေးနေ့ဝယ်
အခန်း ( ၁၁ ) - ပျက်ပြယ်သွားခဲ့သော
အခန်း ( ၁၂ ) - အချစ်ရဲ့အာနိသင်
အခန်း ( ၁၃ ) - အသက်ဝင်နေဆဲ အတိတ်များ
အခန်း ( ၁၄ ) - ပထမဆုံးခြေလှမ်းဟုသတ်မှတ်သည်
အခန်း ( ၁၅ ) - အစပျိုးခဲ့မိသူ
အခန်း ( ၁၆ ) - သူတို့တွေ့ကြပြီ
အခန်း ( ၁၇ ) - မောင်မရှိသော ည
အခန်း - ( ၁၈ )
အခန်း ( ၁၉ ) - ပြန်လည်ဆုံတွေ့ချိန်
အခန်း ( ၂၀ ) - ကိုမြတ်ဦး+ပိုးကဗျာမှူး
အခန်း ( ၂၁ ) - သက္ကရာဇ်မှူး
အခန်း ( ၂၂ ) - တိမ်းညွှတ်လာသည့် သံယောဇဥ်
အခန်း ( ၂၃ ) - တရားဝင်မွေးစားခြင်း
!!!!!!
တောင်းဆိုခြင်း (ခ) အကူအညီတောင်းခံခြင်း။
အခန်း (၂၄) ရေစက်ဆိုး
အခန်း ( ၂၅) ရင်တွင်းဒဏ်ရာ
268 8 4
By Yoeyarthit
{ Unicode Version }
'' ရှင် အလုပ်မှာပြဿနာပေါ်တယ်လို့ပြောဦးမှာလား ''
ထုံးစံအတိုင်း နေပင်မဝင်သေး ထမင်းစားခန်းထဲရှိစားပွဲပေါ်တွင် အခန့်သားထိုင်ကာ ပုလင်းထောင်နေသည့် ယောက်ျားဖြစ်သူအား ပိုး ခနဲ့လိုက်သည်။
ရေခဲသေတ္တာအတွင်းမှ ရေတစ်ဘူးယူပြီးသည့်တိုင် တစ်ဖက်မှ တုန့်ပြန်မှုမရှိတာကြောင့် ထပ်မံစကားစလိုက်သည်။
'' ဒီနေ့တော့ စကားတောင်မပြောနိုင်ပုံပဲ ''
'' ပြဿနာမရှာစမ်းနဲ့ ပိုးကဗျာမှူး ''
လက်ထဲမှ အရက်ခွက်ကို ဆ နေရင်း မျက်ထောင့်နီကြီးဖြင့်လှည့်ကြည့်လာသည့်သူ့အား နှာခေါင်းရှုံလိုက်ပြီး ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။
'' အဲ့အကောင်မူးနေပြန်ပြီမလား ''
မိမိအခန်းဆီအလာ ဧည့်ခန်းမှ အမေဖြစ်သူစကားသံကြောင့် ပိုး ခြေလှမ်းတို့ရပ်တန့်သွားရသည်။
ပိုး ခေါင်းညိတ်ပြလိုက်သည့်အတွက် မေမေက မချိတင်ကဲရေရွတ်သည်။
'' ညည်း ယောက်ျားကိုမေးစမ်းပါဦးအေ၊ ဒီလိုပဲ အချိန်ပြည့်သောက်စားနေတော့မှာလားလို့ ''
'' ဟုတ် မေမေ။ သမီးကြည့်ထိန်းလိုက်ပါ့မယ် ''
'' အေးဟေ။ ကိုယ့်ယောက်ျားကိုယ်ကြည့်ထိန်း သမီး ''
'' ဟုတ် မေမေ။ သမီးရေချိုးလိုက်ဦးမယ် ''
'' အေး အေး ''
ပိုး အခန်းထဲရောက်တော့ ကုတင်ပေါ်ထိုင်ချလိုက်ပြီး ရေချိုးရန်ပြင်လိုက်သည်။
အတွေးပေါင်းများစွာနှင့်ရှိနေစဥ် နံရံဆီမှ မိသားစုဓာတ်ပုံကိုမြင်ပြီး မောင်ဖြစ်သူအား သတိရသွားသည်။
နေ့စဥ်နှင့်အမျှ မောင်ဖြစ်သူအား သတိရနေသည်မှာ တာဝန်ဝတ္တရားတစ်ခုကဲ့သို့ပင်။
ပိုးရဲ့မောင် ရိုးရာဝေး အိမ်မှထွက်သွားပြီးနောက်တွင် အခြေအနေတချို့ပြောင်းလဲသွားခဲ့သည်။
.
.
.
သားဖြစ်သူကြောင့် စိတ်ခံစားနေရပြီး အအိပ်အစားပင်မမှန်တော့သည့် မိခင်အား ပိုး အနီးကပ်စောင့်ရှောက်ပေးရသည်။
အိမ်အကူကောင်မလေးရှိပေမဲ့ မေမေ့ဒေါသကိုသိတာကြောင့် အ်ိမ်အလုပ်တွေကိုသာ လက်မလည်အောင်လုပ်နေပြီး မေမေ့အနားကိုပင်မကပ်ရဲ။
ထို့အတွက် ပိုးလည်းအလုပ်ကို အချိန်ပိုင်းမျှသာသွားနိုင်ပြီး မေမေ့အားဂရုစိုက်ပေးနေရသည်။
အလုပ်သိပ်မသွားဖြစ်တာကလည်း ပိုးအတွက်နဲနဲတော့ စိတ်သက်သာရာရသည်။
ဝေးရဲ့ကိစ္စကို မိမိတို့မိသားစုသာသိပြီး ကြိတ်ဖြေရှင်းနိုင်ခဲ့သည်ဟူသည့်အတွေးတွေက အပြင်ပတ်ဝန်းကျင်မှ လူအချို့၏တီးတိုးမှုတွေကြား လွင့်ပြယ်သွားရ၏။
ဝေးတို့ကိစ္စက ဟိုးလေးတကျော်ကျော်မဖြစ်သည့်တိုင် လူအချို့ကတော့ သိနေခဲ့ပြီဖြစ်သည်။
လုပ်ငန်းခွင်မှ လုပ်ဖော်ကိုင်ဖက်အချို့ကလည်း သိချင်နေကြပေမဲ့ စကားတော့ စမလာခဲ့။
အချိန်အချို့တိုင်အောင် အနီးကပ်ပြုစုပေးလိုက်တော့ မေမေက ပုံမှန်အခြေအနေတိုင်းပြန်ဖြစ်လာခဲ့ပြီ။
တစ်နေ့....။
'' သြော် သမီး။ ပြန်လာပြီလား ''
အလုပ်မှပြန်လာသည့် ပိုးအား မေမေက တံခါးဝကနေကြို၏။
'' ဟုတ် မေမေ။ သမီး မေမေနဲ့မိတ်ဆက်ပေးဖို့ လူတစ်ယောက်ပါလာတယ် ''
မေမေက စူးစမ်းလိုသည့်အကြည့်နှင့်ကြည့်လိုက်ပြီး၊
'' ဘယ်သူလဲ သမီး ''
'' ကိုမြတ် လာလေ ''
ပိုး လှမ်းခေါ်လိုက်မှ ပိုးဘေးတွင်လာရပ်သည့် အမျိုးသားတစ်ဦး။
'' သူက... ''
'' ဒါ သမီးရဲ့ချစ်သူပါ မေမေ။ နာမည်က ကိုမြတ်ဦးတဲ့ ''
'' မင်္ဂလာပါ အန်တီ။ ကျွန်တော့်နာမည် မြတ်ဦးပါ ''
ကိုမြတ်ဦးက နှုတ်ဆတ်စကားဆိုလာပေမဲ့ မေမေကတော့ ဆွံ့အလို့နေသည်။
'' မေမေ.....မေမေ ''
'' ဟင် သြော်...လာကြလေ။ ဧည့်ခန်းထဲမှာပြောကြရအောင် ''
အားလုံးဧည့်ခန်းတွင် ဝင်ထိုင်လိုက်ပြီးနောက် အိမ်အကူကောင်မလေးက ကော်ဖီတည်ခင်းပေး၏။
'' ကျွန်တော် ပိုးနဲ့လက်ထပ်ဖို့ အန်တီ့ဆီလာခွင့်တောင်းတာပါ ''
'' ဘယ်လို ဘယ်လို ''
ကော်ဖီခွက်အားကိုင်ကာ သောက်ရန်ပြင်နေသည့် မေမေ့လက်တွေဟာ ရပ်တန့်သွားပြီး အသာလေးပြန်ချသည်။
ထို့နောက် သမီးဖြစ်သူအား လေးနက်သည့်မျက်ဝန်းတစ်စုံနှင့်ကြည့်နေလိုက်သည်။
'' လက်ထပ်မယ်ဟုတ်လား။ မင်းတို့သိတာဘယ်လောက်ကြာပြီလဲ ''
'' သိတာကတော့ အထက်တန်းကျောင်းကတည်းကပါမေမေ။ အလုပ်ကိစ္စနဲ့ ပြန်တွေ့ကြတာပါ ''
'' ဟုတ်ပါတယ် အန်တီ။ ပြီးတော့ ပိုးနဲ့ကျွန်တော်က အခုဆို ချစ်သူသက်တမ်း တစ်နှစ်ကျော်၊နှစ်နှစ်နီးနီးရှိနေပါပြီ ''
'' မြန်လိုက်တာသမီးရယ်။ မေမေလည်း ဘာတစ်ခုမှမသိရပါလား ''
မေမေက ပုံမှန်အတိုင်းပြောနေပေမဲ့ ထိုအထဲတွင် ခနဲ့မှုတစ်ချို့ပါဝင်နေမှန်း ပိုး သိသည်။.
'' သမီး ပြောပြမလို့ပါပဲ။ ဒါပေမဲ့ သမီးမပြောရဲတာနဲ့..... ''
'' မပြောရဲဘူးဆိုပြီး ဒီအခြေအနေထိရောက်သွားတယ်ပေါ့ ''
တင်းမာလာသည့် သားအမိနှစ်ယောက်ရဲ့စကားဝိုင်းထဲ ကိုမြတ်ဦးဝင်ဖြန်ဖြေလိုက်ရ၏။
'' ဟို ဒီကိစ္စအတွက် ပိုးကို အပြစ်မတင်ပါနဲ့။ ကျွန်တော့်ကိုပဲအပြစ်တင်ပါ။ ဒါတွေအားလုံးဟာ ကျွန်တော့်ရဲ့အစီအစဥ်တွေပါ ''
'' သြော် အဲ့လိုလား ''
အဲ့ညက ကိုမြတ်ဦးပြန်သွားခဲ့သည့်တိုင် ပိုးနဲ့ဒေါ်ယုယလှိုင်တို့၏ စစ်အေးတိုက်ပွဲသည်ကား မရပ်စဲသေး။
'' ဒီလိုကိစ္စတွေကြောင့်ပဲ ညည်းမောင်အိမ်ကထွက်သွားရတာ ညည်းအသိပဲလေ ''
'' ........... ''
'' ငါ့သား အချစ်နောက်လိုက်ပြီး လမ်းမှားကိုရောက်သွားကတည်းက မအေဖြစ်တဲ့ငါက နှလုံးကွဲမတတ်ခံစားခဲ့ရတာပါအေ။ အခု ဒဏ်ရာတွေတောင်မကျက်သေးဘူး ညည်းက နောက်ထပ်ဒဏ်ရာတွေထပ်ပေးဦးမလို့လား သမီးရယ် ''
'' အဲ့လိုမဟုတ်ပါဘူး မေမေရယ်။ ကိုမြတ်ဦးကလည်း လူကောင်းတစ်ယောက်ပါ ''
'' လူဆိုတာ အပေါ်ယံကြည့်ပြီး ကောင်းတယ်၊မကောင်းဘူး ​ပြောလို့မရဘူးသမီး။ မေမေတို့က အသက်ကြီးပြီ။ အတွေ့အကြုံတွေ၊လူပေါင်းစုံတွေနဲ့တွေ့ခဲ့ပြီးပြီ။ အပွေးမြင်အပင်သိဆိုသလို ဒီမောင်ရင်ဟာ မေမေ့မျက်စိထဲသိပ်တော့ ဘဝင်မကျဘူးသမီး ''
'' သမီးဘဝတစ်လျှောက်လုံး မေမေ့ရဲ့စီမံခန့်ခွဲမှုအောက်မှာ ခေါင်းညိတ်နေခဲ့တာပါ။ မေမေ့ဆန္ဒမှန်သမျှ သမီးအကုန်လိုက်လျောပေးနေခဲ့ပြီးပြီ။ အခု သမီးရဲ့အချစ်ရေးမှာတော့ သမီးဆန္ဒအတိုင်းသမီးဆုံးဖြတ်ချင်တယ်မေမေ ''
'' မေမေ့သမီးက စကားတွေတောင်တတ်နေပါရောလား ''
ပိုး မေမေ့ကို ဘာမျှပြန်မပြောမိ။
နှစ်ယောက်သား ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်ကျသွားကြ၏။
'' သားလေးကို ဆုံးရှုံးလိုက်ရသလို သမီးကိုလည်းမေမေ ဆုံးရှုံးရမှာစိုးရိမ်လို့ပါ။ အခုတောင် သားလေး ဘယ်ဆီမှာ ဘယ်လိုတွေနေ,နေလဲ မသိပါဘူး ''
ပြောရင်းနှင့်မျက်ရည်စတို့ဝေ့သီလာသည့် အမေဖြစ်သူနားတိုးကာပွေ့ဖက်လိုက်ရင်း၊
'' မောင်လေးအကြောင်း ရသလောက်စုံစမ်းထားပါတယ် မေမေရယ်။ ဘာမှစိတ်မပူနဲ့နော်။ သတင်းအတိအကျရတာနဲ့ သမီးတို့တွေမောင်လေးနောက်လိုက်သွားကြမယ်လေ ''
'' မေမေ သမီးကိုထပ်ပြီး မဆုံးရှုံးချင်ဘူးသမီးရယ် ''
'' ဘယ်နည်းနဲ့မှ အဲ့လိုဖြစ်စရာအကြောင်းမရှိပါဘူး မေမေရယ်။ စိတ်ချ သမီးမေမေ့နားမှာ တသက်လုံးရှိနေပေးမှာပါ ''
ထိုနေ့ညက သားအမိနှစ်ယောက်လုံး ညစာပင်မစားဖြစ်ကြဘဲ အိပ်ရာဝင်ခဲ့ကြတော့၏။
################
ထိုနေ့က မိတ်ဆက်ပေးပြီးနောက်ပိုင်း ကိုမြတ်ဦးသည် ပိုးတို့အိမ်တွင် အဝင်အထွက်ရှိလာခဲ့သည်။
ပိုးကိုအလုပ်သွားရန်လာကြိုသည်မျိုးရှိသလို ပိုးကြိုက်တတ်သည့်မုန့်တွေလာပို့တာမျိုးလည်းရှိပြန်သည်။
တစ်ခါတစ်ခါ အနာဂတ်ယောက္ခမလောင်းအတွက် လက်ဆောင်ပဏ္ဍာများပင်ပါလာတတ်၏။
ဒေါ်ယုယလှိုင်သည်လည်း လိုလိုလားလားမဟုတ်ပေမဲ့ လူကြီးပီပီအလိုက်အထိုက်တော့နေပေးသည်။
နှစ်ဦးနှစ်ဖက် ပြဿနာတတ်ခဲ့လျှင် ကြားထဲမှခံစားရမည့်သူမှာ မိမိ၏သမီးပင်မဟုတ်လား။
ဒုတိယအကြိမ်အဖြစ် သမီးရဲ့ဆန္ဒကိုသာ ပိတ်ပင်တားမြစ်ခဲ့လျှင် အရင်တစ်ခါ သားနှင့်ဝေးကွာခဲ့ရသလို အခုလည်း သမီးနှင့်ဝေးကွာသွားရမည်ကို တွေးပူမိ၏။
ထိုသို့ဝင်ထွက်နေရင်းကပင် စကားလက်ဆုံကျတိုင်း လက်ထက်ခွင့်ပေးဖို့ ထပ်တလဲလဲတောင်းဆိုနေသည်လည်း အခက်သား။
ပြတ်ပြတ်သားသားငြင်းကာ ပထုတ်လိုက်ချင်ပေမဲ့ သမီးဖြစ်သူကိုယ်တိုင်ကလည်း ကိုမြတ်ဦးဘက်ပါနေသည့်အတွက် အတင်းအကြပ်မလုပ်သာ။
ကိစ္စသာအကြီးအကျယ်​ဖြစ်သွားခဲ့လျှင် ပတ်ဝန်းကျင်တွင်ထပ်ပြီး လူပြောစရာဖြစ်နေပေမည်။
ဒုတိယအကြိမ်မြောက် ထပ်မံပြီး ဂုဏ်၊သိက္ခာကို အထိအခိုက်ခံ၍မရ။
ထိုဂုဏ်၊သိက္ခာ ဆိုတာလည်း ဒေါ်ယုယလှိုင်၏ ဒုတိယအသက်တစ်ခုနှယ်။
ထိုသို့ဖြင့် ကျောက်ဆောင်၊ကျောက်သားများပင် နှဲ့လွန်းရင်လှုပ်သကဲ့သို့ နေ့စဥ်နှင့်အမျှ ကိုမြတ်ဦးရဲ့တောင်းဆိုစကားတွေကြောင့် ဒေါ်ယုယလှိုင်တစ်ယောက် တင်းမထားနိုင်တော့။
ထိန်းမထားနိုင်ဆိုသလို ကိုမြတ်ဦးကလည်း ခေတ်လူငယ်ပီပီ ယောက္ခမကို ချုပ်နိုင်သည့်အကွက်တွေကို အသုံးချသည်။
ယောက္ခမက ရေဆိုရေ၊မီးဆိုမီးအားလုံးအဆင်ပြေအောင် ဖြည့်ဆည်းပေးပြီး ယောက္ခမအကြိုက်ကိုလိုက်သည်။
ဝေး အိမ်ကထွက်သွားပြီး (၉)လအကြာ၊ ဒေါ်ယုယလှိုင်အားဖွင့်ပြောပြပြီး (၃)လအကြာတွင် ကိုမြတ်ဦးနှင့် ပိုးတို့လက်ထပ်ခဲ့ကြသည်။
လက်ထပ်ပွဲကိုလည်း တအားခမ်းနားတာမျိုးမဟုတ်ဘဲ တရားရုံးတွင်လက်မှတ်ထိုးသည်။
မိတ်ဆွေအပေါင်းအသင်းအချို့သာပါသည့် ဧည့်ခံပွဲကျင်းပပြီး မိဘမဲ့ကလေးကျောင်းတွင် တစ်ရက်တာအာဟာရဒါနတည်ခင်းပြီး လိုအပ်သည့်ငွေကြေးအချို့ထောက်ပံ့လှူဒါန်းပြီး မင်္ဂလာအချိန်အခါအဖြစ် ဖြတ်သန်းခဲ့ကြ၏။
'' အများအမြင်မှာလည်း ကျွန်တော်တို့နှစ်ယောက်တွဲသွားတွဲလာလုပ်နေတော့ ပိုးရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွက်ရမယ်မလား။ တပူးပူးတတွဲတွဲလုပ်နေပြီး လက်မထပ်သေးရင် လူပြောစရာဖြစ်နေမှာပေါ့ အန်တီ ''
ဆိုသည့်စကား ကိုမြတ်ဦး၏နှုတ်ထွက်စကားတို့သည် ဒေါ်ယုယလှိုင်ရင်ထဲ အကြိမ်ကြိမ်ကြားယောင်နေ၏။
တိုက်ခန်းငှားနေသည့် ကိုမြတ်ဦးတစ်ယောက် ပိုးနှင့်လက်ထပ်ပြီး ပိုးတို့အိမ်တွင် လာနေတော့သည်။
မိဘတွေမရှိတော့ဘဲ ဘဝကိုတစ်ဦးတည်းသာဖြတ်သန်းပြီး ရောင်းထားခဲ့သည့် တိုက်ခန်းမှရငွေများအား ယောက္ခမဖြစ်သူထံအပ်ထား၏။
ထိုသို့ ယောက္ခမနှင့်မိန်းမအား ယုံကြည်အောင် အချိုသတ်နိုင်သည်ကလည်း ကိုမြတ်ဦးရဲ့ပါရမီလိုပင်ဖြစ်နေခြင်းပင်။
ခင်ပွန်းကောင်းတစ်ယောက် ရထားသည်ဟုထင်နေသည့် ပိုးသည်လည်း လက်ထပ်ပြီး (၅)လခန့်ကြာမှသာ သူ့အမှားသူသိသွားခဲ့သည်။
လက်မထပ်ခင်က လိမ္မာပြီးအလိုက်သိသည့် ကိုမြတ်ဦးသည် လက်ထပ်ပြီးမှသာ သရုပ်မှန်ပေါ်လာခဲ့သည်။
တကယ်တမ်း လူရိုးလူအေးဟုသိထားသည့် ကိုမြတ်ဦးသည် အလောင်းကစားဝိဇ္ဇာဖြစ်ပြီး အကြွေးအချို့လည်းရှိနေသူဖြစ်၏။
တိုက်ခန်းရောင်းပြီးအပ်ထားသည့် ငွေများနှင့် သူအသုံးလိုတိုင်း ပိုးဆီမှထုတ်ယူသည့်ငွေများက မိုးနဲ့မြေလိုကွာခြားလို့နေသည်။
တစ်ခါထုတ် (၁၅)သိန်းဆိုတာ အသာလေးပင်။
တစ်လ၊တစ်လကို သိန်း(၈၀)ခန့်ရှိပြီး ပိုးက ဒေါ်ယုယလှိုင်မသိအောင်ဖုံးထားပေးသည်။
ထို့ကြောင့်လည်း ကိုမြတ်ဦးသည် ရောင့်တတ်လာကာ ပိုပိုဆိုးလာခဲ့၏။
ချစ်သူရည်းစားဘဝကတည်းက အင်ဂျင်နီယာတစ်ဦးဖြစ်သည့်ပိုးသည် ကိုမြတ်ဦး၏ဆောက်လုပ်ရေးကုမ္ပဏီနှင့်လက်တွဲနေကျဖြစ်သည်။
ထိုအချိန်က အဆင်ပြေခဲ့ပေမဲ့ လက်ထပ်ပြီးနောက်တွင် ကိုမြတ်ဦး၏ကုမ္ပဏီသည် အခွံသာရှိပြီး အဆံမရှိ​ကြောင်းသိခွင့်ရသည်။
အလောင်းကစား​ကြောင့်တင်နေသည့် အကြွေးများဆပ်ရန်အတွက်  အလုပ်တွင် စာရင်းတင်ထားသည့် ပစ္စည်းများအစား အရည်အသွေးမပြည့်မှီသည့် ပစ္စည်းများနှင့် အစားထိုးသုံးခဲ့သည်။
ထိုမှရသည့်ငွေများဖြင့်အကြွေးဆပ်ခဲ့သည့်တိုင် မလောက်ငှသည့်အတွက် ပိုးဆီမှ ငွေများထု​တ်ယူရခြင်းဖြစ်၏။
တချို့အိမ်ရှင်များက အခြေအနေကိုသိသွားသည့်အတွက် လျော်ကြေးပေးရသည့်အခါမျိုးလည်းရှိသည်။
နောက်ဆုံးအလုပ်ပင်မလုပ်တော့ဘဲ ပိုးတို့လုပ်စာကိုသာ အခန့်သားထိုင်စားတော့သည်။
ဒီအတိုင်းတော့ ဘယ်ဟုတ်ပါ့မလဲ။ ယမကာလေးမှီဝဲရင်းပေါ့။
အလုပ်ကမလုပ်တော့သည့်အပြင် အကြွေးတချို့တို့ကလည်းကျန်နေသည့်အတွက် ပိုးထံမှလက်ဖြန့်တောင်းကာ အကြွေးဆပ်သည်။
သည်အခြေအနေရောက်တော့မှသာ သူ့ကိုယ်သူမှားမှန်း ပိုးသိခဲ့ရသည်။
သည်အချိန်ရောက်မှ မှားမှန်းသိတော့ ဘာဆက်လုပ်နိုင်ပါ့မလား။
ကိုယ်ကတဲ့ဇာတ် ကိုယ်နိုင်အောင်ကရမည့်ဆိုရိုးစကားလည်းရှိသည်လေ။
.
.
.
တစ်ရက်။ ပိုးတစ်ယောက် အိမ်တွင်အနားယူသည့်ရက်။
( Ringtone)
ဧည့်ခန်းအတွင်းမှ အိမ်ဖုန်းမြည်သံကြောင့် အနားတွင်ရှိနေသည့် ပိုး ဖုန်းဖြေလိုက်သည်။
'' ဟယ်လို ''
တစ်ဖက်မှအမျိုးသမီးတစ်ဦး၏အသံကို စကြားရသည်။
အသံပြာပြာနှင့် ဒေါသထွက်နေသည့်အသံကြောင့် လူကြီးပိုင်းဖြစ်မည်ဟုတွေးကာ ယဥ်ယဥ်ကျေးကျေးသာတုန့်ပြန်လိုက်၏။
'' ဟယ်လို...ဘယ်သူလဲမသိဘူးရှင် ''
'' ကိုမြတ်ဦးရှိလား။ သူနဲ့ပဲ ပြောချင်တယ်။ သူရှိလား ''
စကားပြောပုံကိုက မာရည်ကျောရည်နှင့် ပိုး ရုတ်တရက် ကြောင်အသွားရသည်။
အပြင်ထွက်သွားသည့် ကိုမြတ်ဦးကြောင့် မရှိသည့်အကြောင်း ပြန်ပြောလိုက်၏။
'' အေးအေး...သူလာရင်ပြောလိုက်ဦး။ ကိုယ့်သမီးတစ်ယောက်လုံး သေလုမတတ်ဖြစ်နေတာကို ပစ်ပြီး ဘယ်အလေလိုက်နေတာလဲလို့ပြောပေးစမ်းပါအေ။ သူ့မိန်းမ သီရိလို့​ပြောလိုက် ''
ပြောချင်ရာပြောပြီး ချသွားသည့် တဖက်ကလူအား ဘာမျှမတုန့်ပြန်လိုက်ရဘဲ ဖုန်းကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။
မျက်ဝန်းအိမ်တွင် ရစ်ဝိုင်းလာသည့် မျက်ရည်စတို့အား မသိမသာပုတ်ထုတ်လိုက်ပြီး ဖုန်းခွက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။
မိနစ်ဝက်ခန့်ကြာမှ ဖုန်းအားနေရာတကျထားပြီး ဧည့်ခန်းဆိုဖာတွင် အသာလေးဝင်ထိုင်လိုက်၏။
ထိုနေရာတွင် တည်တည်ငြိမ်ငြိမ်ထိုင်နေလိုက်ပြီး ကိုမြတ်ဦးအားစောင့်နေလိုက်သည်။
နေ့လယ် (၁၁)ခွဲခန့်တွင် ကိုမြတ်ဦးပြန်ရောက်လာပြီး လက်ထဲတွင်လည်း သူ့ရိက္ခာထုတ်အား ဆွဲလာသေးသည်။
နိုင်ငံခြားဖြစ် အရက်ပုလင်းများအား ထုတ်ပိုးထားသည့် အိတ်များသာဖြစ်ပေလိမ့်မည်။
ဧည့်ခန်းတွင်ထိုင်နေသည့်ပိုးအား မြင်လျက်နဲ့ပင် မသိကျိုးကျွံပြုကာ အပေါ်ထပ်သို့တက်သွားသည်။
ပိုလည်း ကိုမြတ်ဦးနောက်လိုက်လာခဲ့ပြီး၊
'' နေဦး ''
နှစ်ယောက်သားလှေကားထိပ်တွင် ဆုံသည်။
'' ရှင့်ဟာမ ဖုန်းဆက်တယ် ''
ထိုအခါ ကိုမြတ်ဦး ရေချိန်မှန်နေသည့်ရီဝေသော မျက်လုံးများနှင့်ဆိုက်ကြည့်လာသည်။
'' ဘယ်သူ ''
'' ရှင့်မိန်းမ သီရိလေ ''
'' သြော် အဲ့ဒီတော့ ''
ကိုမြတ်ဦး၏ပုံစံသည်ကား သူ့လျှို့ဝှက်ချက်အားသိသွားသည့်ပိုးကို တုန်လှုပ်သွားခြင်းမရှိဘဲ မျက်နှာပြောင်တိုက်နေသည်။
'' ရှင့် လျှို့ဝှက်ချက်ကို ကျွန်မသိသွားပြီလေ။ ''
'' အဲ့ဒီတော့ ငါကပျော်ပေးရမှာလား ''
ပိုး ခပ်ခြောက်ခြောက်တစ်ချက်ရယ်လိုက်ပြီး၊
'' သူခိုး လူမိဖြစ်သွားတာ ရှင်မရှက်ဘူးလား ''
'' မင်းတော်လိုက်တော့ ''
ကိုမြတ်ဦး ပိုးအား ​ရှောင်ကာ အခန်းထဲသွားဖို့ပြင်တော့ ပိုးက လှမ်းဆွဲထားသည်။
'' ရှင်ဘာလို့ ကျွန်မကိုလိမ်ခဲ့တာလဲ။ ရှင့်မှာ မယားနဲ့သားနဲ့ရှိတာ ဘာလို့မပြောခဲ့တာလဲ ''
ပြောရင်းကျလာသည့် မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ပစ်လိုက်သည်။
စင်စစ် ထိုမျက်ရည်တို့သည် စိတ်တိုနာကျဥ်းမှု၊ အလိမ်ခံလိုက်ရမှုတို့ကြောင့် ဒေါသထွက်ခြင်း၏ပြယုဂ်ပင်။
'' ဟားဟား...ငါကလိမ်ခဲ့တာလား။ ပညာတတ်၊အင်ဂျင်နီယာမကြီးဖြစ်တဲ့မင်းက သိပ်တုံးအတာပဲ။ ငါကိုယ်တိုင်သိပ်မလိမ်ရလိုက်ပါဘူး။ မင်းကိုယ်တိုင်ကိုက တုံးနေပြီးသားပဲ ဟားဟား ''
'' ရှင်က အောက်တန်းစားပဲ ''
!ဖြန်း!
ကိုမြတ်ဦး ခေါင်းလည်ထွက်သွားရပြီး ပါးပြင်တစ်ဖက်နီရဲသွားကာ ပူရှိန်းသွားရသည်။
'' မင်း... ''
!ခလွမ်း!
လက်ထဲမှအရက်ပုလင်းတွေကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး ပိုးရဲ့လည်ပင်းအားညှစ်သည်။
အရက်အရှိန်ကြောင့် နီရဲနေသည့်မျက်နှာကြီးနှင့် မသတီစွာ အံကြိတ်ပြီးညှစ်နေသည်မှာ ပိုးမျက်နှာပါရဲလာတော့သည်။
'' ခွေးမျိုး။ ခွေးကောင် ငါ့သမီးကိုလွှတ်စမ်း ''
အခန်းရှေ့မှ ပူညံ့ပူညံ့အသံများကြောင့် အခန်းထဲတွင် အနားယူနေသည့် ဒေါိယုယလှိုင်တစ်ယောက် မြင်လိုက်ရသည့်မြင်ကွင်းက သည်းခြေခိုက်နာကျင်ရသည်။
ငယ်စဥ်ကတည်းကပင် မထိရက်သည့် ပိုးမွေးသလိုမွေးခဲ့ရသည့် သမီးအား ကိုယ်ထိလက်ရောက်လုပ်နေသည့် သမက်အဆိုးအပေကောင်အား ဒေါသထွက်မိသည်။
အနီးရှိပန်းအိုးအား ဆွဲယူကာ ခေါင်းအားရိုက်ခွဲလိုက်မှ ပိုးအသက်ရှူချောင်သွား၏။
ကိုမြတ်ဦး သူ့ခေါင်းထက်မှစီးကျလာသည့် သွေးတွေကိုစမ်းလိုက်ပြီး၊
'' အဘွားကြီး ခင်ဗျား ''
ဒုတိယအကြိမ်မြောက် ပစ်မှတ်သည်ကား ဒေါ်ယုယလှိုင်ပင်။
'' အစ်... ''
လက်ဖျံတစ်လျှောက် အကြောများထောင်နေအောင် ဒေါ်ယုယလှိုင်အားညှစ်နေသည့် ကိုမြတ်ဦးတွင် လူစိတ်ဆိုတာနတ္ထိ။
'' မေမေ ''
ပိုး ကြံရာမရသည်အဆုံး စောစောက ကျကွဲသွားသည့် အရက်ပုလင်းကွဲစအားယူကာ ကိုမြတ်ဦး နံကြားအားထိုးသွင်းလိုက်၏။
'' အား ''
ကိုမြတ်ဦး နာကျင်မှုကြောင့် ဒေါ်ယုယလှိုင်အားတွန်းထုတ်လိုက်ရာ ​လှေကားတစ်လျှောက် တလှိမ့်ခေါက်ကွေးကျသွားတော့သည်။
'' မေမေ့ ''
ပိုး စိုးရိမ်တကြီး အမေဖြစ်သူဆီပြေးသွားကာ ပွေ့လိုက်ချိန် ဒေါ်ယုယလှိုင်ခေါင်းတွင် သွေးများရဲရဲနီနေသည်။
'' ဟာ ''
ကိုမြတ်ဦးလည်း ဒဏ်ရာကိုပင် ဂရုမထားနိုင်ပဲ အမြန်ဆင်းကာ ပိုးတို့ကိုကျော်ပြီး ခြံပြင်သို့ထွက်ပြေးလေသည်။
အရေးထဲ အိမ်အကူကောင်မလေးက ရွာဘုရားပွဲသွားတာကြောင့် တအိမ်လုံးပိုးတို့သားအမိသာရှိသည်။
'' မေမေ....မေမေ့ ကယ်ကြပါဦး ''
အားကိုးရမည့်သူ ဘယ်သူမှမရှိသည့်တိုင် ကောက်ရိုးတမျှင်စာ မျှော်လင့်ချက်လေးဖြင့် အော်ဟစ်အကူအညီတောင်းမိသည်မှာ အရူးတစ်ယောက်နှယ်။
'' အွင့် ''
မိနှစ်ပိုင်းပင်မခြား ကိုမြတ်ဦးတစ်ယောက် ပိုးတို့ရှေ့ လေးဘက်ထောက်သားပုံကျသွားသည်မှာ သတိပင်မရတော့။
'' မပိုး အန်တီ့ကို ဆေးရုံအမြန်ပို့ရအောင် ''
'' ဟင်....ပိုင် ပိုင်စေသားလား ''
ဟုတ်ပါသည်။ မျက်ရည်တွေ​ကြောင့် ဝေဝါးနေသည့်မြင်ကွင်းထဲမှ ပုံရိပ်သည်ကား သူ့မောင်လေး၏ချစ်ဦးသူ ပိုင်စေသားဆိုသည့်သူပင်။
___________________________________________________________________
( 6.12.2022)
အသစ်တပိုင်းလာခဲ့ပါပြီ။
နောက်အပိုင်းတွေလည်း လာပါ့မယ်နော်။
vote,comment လေးထားခဲ့ပေးပြီး စျေးဗန်းလေးလည်းကူပေးကြပါဦးလို့
########################
{ Zawgyi Version }
{ Unicode Version }
'' အေး အေး ''
.
.
.
အိမ်အကူကောင်မလေးရှိပေမဲ့ မေမေ့ဒေါသကိုသိတာကြောင့် အျိမျအလုပျတှကေိုသာ လက်မလည်အောင်လုပ်နေပြီး မေမေ့အနားကိုပင်မကပ်ရဲ။
တစ်နေ့....။
'' သြော် သမီး။ ပြန်လာပြီလား ''
'' ဘယ်သူလဲ သမီး ''
'' ကိုမြတ် လာလေ ''
'' သူက... ''
'' မေမေ.....မေမေ ''
'' ဘယ်လို ဘယ်လို ''
'' သြော် အဲ့လိုလား ''
'' ........... ''
################