Omega အဖြစ်ကူးပြောင်းပြီးနောက...

נכתב על ידי NyeinHlaingZin123

86K 10K 135

Name - After Transmigrating Into an Omega, I Was Marked by the Enemy Type - Web Novel (CN) Author(s) - 十权 Mm... עוד

Description
1. ဇနီးလောင်းလေး Omega
2. pheromones တားဆီးတဲ့လည်ပတ်က ဘယ်မှာလဲ ?
3. ယန်ချုံးက သူဘာလုပ်ချင်တာလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားတယ်
4. လက်ထပ်ရမယ်
5. လိမ်လည်လှည့်စားနေတဲ့ စုံတွဲ!
6. မင်းရဲ့ Alpha ကမင်းရဲ့ estrus ကာလကို ကျော်ဖြတ်နိုင်အောင် ကူညီပေးလိမ့်မယ်
7. ဖူးရောင်နေတဲ့ နှုတ်ခမ်းတွေ
8. မင်းကိုအမှတ်အသားပေးဖို့အတွက် ငါ့ကိုတောင်းဆိုလာမှာကို ငါစောင့်နေတာ
9. လိမ္မာတဲ့ကောင်လေးဖြစ်ပါစေ။ အခန်းကအသံမလုံဘူးနော်
10. ကိုယ်မင်းကို ယာယီအမှတ်ပေးလို့ရမလား ?
11. မင်းမှာ Alpha ရှိနေပြီဆိုတာ လူတိုင်းသိသွားအောင်လို့
12. ဒီအနံ့ကနည်းနည်းရင်းနှီးတယ် ...
13. ဒါဆိုနင်လည်း ကျိရှင်းလန်ကို ကြိုက်နေတာပေါ့
14. မင်းမှာဘာလို့ တခြား Alphaရဲ့အနံ့ရှိနေရတာလဲ?
15. ဒါဆိုသူကမင်းကိုဘာလို့နမ်းတာလဲ?
16. အလွန်စိတ်လှုပ်ရှားဖွယ်ရာနှင့်ပျော်စရာ
17. မင်းကဒီပုံစံကိုကြိုက်တာလား?
18. သူ့ကိုနမ်း သူ့ကိုနမ်း!
19. ထိုနေရာမှ အခြားလူများက ယန်ချုံးကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေကြသည်
20.1 . သူ့ကိုရေချိုးဖို့ ငါ့အခန်းထဲကိုလွှတ်လိုက်
Surprise 🤍🤍🤍
20.2 . သူ့ကိုရေချိုးဖို့ ငါ့အခန်းထဲကိုလွှတ်လိုက်
20.3. သူ့ကိုရေချိုးဖို့ ငါ့အခန်းထဲကိုလွှတ်လိုက်
21. မင်းငါ့အခန်းထဲက heaterကိုဖျက်ဆီးခဲ့တာလား?
22. တစ်ယောက်ယောက်က ငါ့ကိုသတ်ရင်တောင် ကျိရှင်းလန်ကိုငါသိခွင့်မပေးနိုင်ဘူး
23. ငါ့ကိုနမ်း ပြီးရင် အဲဒါကိုငါမင်းကိုမွေးခွင့်ပြုပေးမယ်
24. ဒါဆို လန်လန် လို့ခေါ်ရအောင်
25. " လန်လန်၊ မင်းကအရမ်းတော်တဲ့ကြောင်ပေါက်လေးပဲ "
paid gp 😍😘
26. ရေချိုးခန်းမှန်နံရံက အမှန်တကယ်ကို တစ်ပိုင်းတစ်စမြင်နိုင်တယ်
27. ဒါဆို ငါ့ကို အစ်ကိုကြီးလို့ ခေါ်
28. ဘယ်သူပိုကောင်းလဲ၊ ငါလား ဒါမှမဟုတ် ရှဲ့ယွီလား?
29. မင်းနှလုံးခုန်နှုန်း ဘယ်လောက်မြန်လဲ?
30. မင်းလည်ပင်းမှာ ဘာတွေဖြစ်နေတာလဲ?
suprise
31. မင်းလည်ပင်းမှာ ဘာဖြစ်နေတာလဲ ?
32. မူးဝေနေချိန်တွင် ယန်ချုံးက သူ့နာမည်ကို တစ်ယောက်ယောက် ခေါ်လိုက်တဲ့အသံကိုကြားလ
33. ဒါတွေအားလုံး ငါ့ဥစ္စာ
34. ငါ့ကို ကမ်းလှမ်းဖို့ မင်းမှာ ရှင်းပြစရာတွေ မရှိဘူးလား
35. ငါလည်းမင်းကိုကြိုက်တယ်
36. မင်းကိုကုန်းပိုးပေးရမလား?
37. ဆယ့်ခုနစ်နှစ်အရွယ် ကျိရှင်းလန် က ဘာနဲ့တူလဲ?
38. လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရေးခဲ့တာပါ
39. သူ့ကိုယ်သူ လှည့်စားလုနီးပါးပဲ
40. ငါ သူ့ Pheromones ကိုလိုချင်တယ်
41. တံခါးဖွင့်!
42. ငါ့ကတိကို ဘယ်တုန်းက ဖျက်ဖူးလို့လဲ ?
43. လောလောဆယ် မင်းကို ငါ့ရနံ့နဲ့ လွှမ်းခြုံထားတယ်ဆိုတာ မင်းသိလား?
44. အမှတ်အသားပေးတယ်ဆိုတာကို မင်းနားလည်ရဲ့လား ?
45. ကျိရှင်းလန်က သူ့ခန္ဓာကိုယ်ကိုမက်မောနေတယ်!
46. မင်းမကြိုက်ဘူးလား?
47. မင်းကို ငါသတ်မယ် ဖောက်ပြန်တဲ့ ခွေးကောင်!
48. မင်းဘယ်သူလဲဆိုတာ ကျိရှင်းလန် မသိဘူးလို့ မင်းတစ်ကယ်ထင်နေတာလား?
49. အဲဒါက အရမ်းကြောက်စရာကောင်းတာပဲ!
50. ငါအဲ့တာကို အရမ်းကြိုက်တယ်
51. ငါ သူ့ကို အရင်ကတစ်ခါမှ မနမ်းခဲ့ဖူးဘူး။
52. မင်းငါ့ကိုမကြိုက်ရင် မင်းကိုသေအောင်ရိုက်မယ်။
53. ယန်ချုံးကို မှတ်မိသေးလား?
54. ထိုအချိန်တွင်၊ ယန်ချုံးက ငယ်ရွယ်သော မိမိကိုယ်ကို မြင်လိုက်သကဲ့သို့ ခံစားလိုက
55. လက်ထပ်စာချုပ်ကို သူ့မျက်နှာဆီ ပစ်ပေါက်လိုက်
56. တောထဲ၌ ချိန်းတွေ့ခြင်း
57. အခု မင်းကို နမ်းလို့ရပြီ
58. လက်ခံနိုင်စရာမရှိဘူး!
59. မင်းရဲ့ ပြစ်ဒဏ်က ငါနဲ့ တစ်နေကုန် ချိန်းတွေ့ရမယ်
60. "ဟေ့ ငါ့ဘောင်းဘီကို ဆွဲတာရပ်လိုက်တော့!"
61. မင်းရှက်နေပြီလား? အဲ့တာကသိပ်စောလွန်းတယ်မဟုတ်ဘူးလား?
62. ဒီကိုမြန်မြန်လာ
63. ချစ်တယ်နော်။ ကောင်းသောညလေးဖြစ်ပါစေ
64. ဒါကိုနောက်တစ်ကြိမ် လုပ်ဦးမှာလား ?
65 - ကျေးဇူးပြုပြီး ကာမစိတ်နိုးကြွနေတာကိုရပ်လိုက်
66 - နောက်ထပ်ချစ်သူကို အိမ်မှာထားထားတာလား?
67 - မကောင်းတဲ့အပြုအမူတစ်ခုလုပ်ခဲ့ပြီးတော့ အရှက်လည်းမရှိဘူး!
68. ကံကောင်းထောက်မစွာနဲ့ တစ်ခြားဘယ်သူမှမတွေ့ဘူး
69 - ပြေး!
70 - အရင်တုန်းကတော့ ငါတို့က ကျောင်း အိုင်ဒေါ တွေဖြစ်ခဲ့ဖူးတယ်။
71 - ဒီအမှုကို ဖြေရှင်းခဲ့တယ်
72 - ကြည့်လိုက်၊ ကျိရှင်းလန်က ယန်ချုံးကို ချစ်နေတုန်းပဲ။
73 - မင်းကိုယ်တိုင် ယန်ချုံးကိုသွားမေးလိုက်
74 - ကိုယ့်ကိုထပ်နမ်းရင် စဉ်းစားပေးမယ်
76 - ကျိရှင်းလန်က အရမ်းကောင်းတယ် ငါ သူ့ကို မကွာရှင်းချင်ဘူး
77 - တစ်စုံတစ်ယောက်က အသံကိုကြားပြီး ရောက်လာခဲ့သည်
78 - ငရဲကိုသွားလိုက်တော့ ကျိရှင်းလန်
79 - ငါသွားပါရစေ
80 - ချစ်ဖို့ကောင်းတဲ့အပြုအမူတွေ လာမလုပ်ပြနဲ့။ မင်းရဲ့အမှားတွေကို မင်းငြင်းလို့မ
သီတင်းကျွတ် ပရိုမိုးရှင်း
81 - ငါ့ခြေထောက်တွေကို လွှတ်!
82 - မင်းကို သေတဲ့အထိ အေးခဲသွားစေနိုင်တယ်
83 - စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်ပဲ!
84 - မင်းဘာလို့ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ?
85 - ဒီသကြားလုံးက မင်းရဲ့ pheromone အရသာနဲ့တူတယ်
86 - ချည်ထိုးထားတဲ့မာဖလာတွေ
တန်ဆောင်တိုင် ပရိုမိုးရှင်း 🎇🎆🎇
87. အလိမ်အညာတွေပေါ်လာပြီ
88. မဟုတ်ရင် မင်းကိုထိဖို့ နှလုံးသားရှိမှာမဟုတ်ဘူး။
89. အဲဒါက တကယ်ရုပ်ဆိုးတာမဟုတ်ဘူး အဲ့တာက?
90. မင်း ကလေးတွေကို ချစ်တတ်လား ?
91. အမြဲတမ်းလိုလို သူက သူ့ရဲ့အလင်းရောင်လေး
92. မင်းအတွက် စိတ်ပူတာလေးကိုပြနေတာလေ
93. ကလေးရဲ့အဖေက ဘယ်သူလဲ?
94. ကိုယ်ဝန်ဆောင်ပညာရေး
95. သူ၏တစ်ခုတည်းသောအိပ်မက်

75 - ငါ့ရဲ့ ဘယ်အပိုင်းက မကောင်းတာလဲ?

152 20 0
נכתב על ידי NyeinHlaingZin123

Unicode

ငါ့ရဲ့ ဘယ်အပိုင်းက မကောင်းတာလဲ?


 ခရမ်းချဉ်သီးကဲ့သို့ နီရဲနေသော်လည်း၊ နောက်ဆုံးမှာတော့ ယန်ချုံးက နောက်ထပ်အနမ်းအနည်းငယ်အတွက် ကျိရှင်းလန် ၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုကို သဘောတူနေဆဲဖြစ်သည်။  ထို့နောက် ရှဲ့ယွီကို တစ်ညတာအတွက် အိမ်သို့ ခေါ်လာခဲ့သည်။

ရှဲ့ယွီ အထဲသို့ ဝင်လိုက်သည်နှင့် ကြောင်ကို ပွေ့ဖက်ရန် စိတ်အားထက်သန်စွာ သွားခဲ့သည်။ သူတို့က အားကစားပွဲအတွင်း အရင်အကြိမ် တွေ့ဆုံခဲ့ကြသော်လည်း လန်လန်လေးက သူ့ကို မမှတ်မိတော့ပုံရသည်။  ဒါပေမယ့် မိုက်မဲတဲ့စုံတွဲက ၎င်းကို လျစ်လျူရှုထားပြီး အိမ်ရှိ ၎င်း၏အဆင့်အတန်းကို လျင်မြန်စွာ ကျဆင်းသွားစေသောကြောင့်၊ အနည်းဆုံး တစ်စုံတစ်ဦးမှ ၎င်းကို အရေးပါမှု အနည်းငယ်ပေးသည့်အတွက် ကြောင်ကလေးမှာ ပျော်ရွှင်နေခဲ့သည်၊ အကြောင်းမှာ ဒီအရာက ယခုအချိန်မှာ ရှားပါးနေပြီမလို့ပဲ။


ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဝပ်နေကာ ကြောင်လေးနဲ့ရှဲ့ယွီက ကစားရင်း “ဒီလန်လန်က ဟိုလန်လန်ထက် အများကြီး ပိုကောင်းတယ်” ဟု မြည်တမ်းလိုက်သည်။

  သူစကားပြောနေစဉ် ကျိရှင်းလန် ချက်ပြုတ်နေသည့် မီးဖိုချောင်ကို တစ်ချက်လှမ်းရှိုးလိုက်သည်။သူ ယန်ချုံးကို ဂရုစိုက်ပေးကတည်းက သူ့ရဲ့ ဟင်းချက်တဲ့စကေးက ပိုကောင်းလာခဲ့ပါတယ်။  မီးဖိုချောင်မှ အသံတွေက သူတို့၏ စကားဝိုင်းကို တိမ်မြုပ်သွားစေသောကြောင့် ကျိရှင်းလန်က ရှဲ့ယွီ ပြောတာကို မကြားလိုက်ပေ။

“ဒီကောင်က ဟင်းကိုဘယ်လိုကောင်းကောင်း ချက်ရမလဲဆိိုတာကိုသိတာလား?” ရှဲ့ယွီ ခေါင်းကုတ်လိုက်သည်။  “သခင်လေးတွေက ဟင်းချက်စရာ မလိုဘူးလို့ငါထင်တယ်”

မီးဖိုချောင်ထဲက အသံတွေကို နားထောင်ရင်း ယန်ချုံးက အိမ်မှာတုန်းက ကျိရှင်းလန်ဟာ များသောအားဖြင့် ချက်ပြုတ်ချင်စိတ်မရှိပေမယ့် ယန်ချုံးအတွက်တော့ အမြဲချက်ပြုတ်ပေးလေ့ရှိတာကို သတိရမိသွားတယ်။


ညစာပြင်ဆင်ပြီးသွားသောအခါ ကျိရှင်းလန်က ရုတ်တရက်လက်လှမ်းလိုက်ပြီး  အာလူးအမဲသားနှပ်ကို ရှဲ့ယွီဆီမှ ဖယ်လိုက်ကာ သူ့ရှေ့တွင် ကြက်သွန်မြိတ်ပန်းကန်ကို ချထားလိုက်သည်။  ရှဲ့ယွီ နားမလည်ဘဲ သူ့တူတွေကိုကိုင်ထားပြီး ကျိရှင်းလန်ကို စူးစမ်းကြည့်နေလေသည်။

ကျိရှင်းလန်က ယန်ချုံးရဲ့အရှေ့မှာ အာလူးအမဲသားနှပ်ပန်းကန်ကို ချလိုက်ပြီး“ ကြက်သွန်မြိတ်က မင်းရဲ့ ယန်စွမ်းအင်ကို ကူညီပေးနိုင်တယ်” ဟု အေးစက်စွာပြောလိုက်သည်။

“အဟွတ်-!” ဒီစကားလုံးတွေက ရှဲ့ယွီ အစား ယန်ချုံးကို သီးသွားစေခဲ့သည်။ ကျိရှင်းလန်က သူ့နောက်ကျောကို အလျင်အမြန် ပုတ်ပေးလိုက်သည်။


ရှဲ့ယွီက ကျိရှင်းလန်ရဲ့  ရှင်းလင်းသော သရော်လှောင်ပြောင်သည့် စကားလုံးများကို ကြားလိုက်ရပြီး ချက်ချင်းပင် ဒေါသတွေအချောင်းလိုက်ထွက်သွားသည်။ “ ကူညီတယ် ငါ့ခြေထောက်ကြီးကိုပဲကူညီ !”


ကျိရှင်းလန်က ဒေါသပေါက်ကွဲမှုကို လျစ်လျူရှုပြီး ယန်ချုံး ပန်းကန်ပြားထဲကအစားအစာကို ကူညီပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် ရှဲ့ယွီအား 'လူပျိုကောင် ' လို့ တီးတိုးရေရွတ်လိုက်သည်။

ယန်ချုံး အဲ့တာကို မမြင်ရသော်လည်း၊ ရှဲ့ယွီက သူတို့ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည်ကိုတော့ မြင်နေရသဖြင့် အဲ့တာကို လျစ်လျူမရှုနိုင်ခဲ့ပေ။  သူက ချက်ချင်းပြန်ခံပြောလိုက်တယ် “လူပျိုဖြစ်တာက ဘာများမှားလို့လဲ?! ငါကလူပျိုဖြစ်တယ်ဆိုရင်တောင် မင်းထက်တော့ ငါက ပိုကောင်းပါသေးတယ်!  မင်းက အဲဒီနယ်ပယ်မှာ မကောင်းဘူး!”

“  ... ငါ့က ဘာမကောင်းတာလဲ?”  ကျိရှင်းလန်က သူ့ရဲ့တူတွေကို ချလိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

“အင်း အဲ့တာက .....”

“အဟွတ် အဟွတ် အဟွတ်!” ယန်ချုံးက သူ့ကို အရိပ်အမြွက်ပြောနေတာကို သဘောပေါက်လိုက်တော့ ရှဲ့ယွီ ချက်ချင်း ပါးစပ်ပိတ်လိုက်တယ်။  ထို့နောက် ကျိရှင်းလန် ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ သူဘာမှမပြောတော့ပေ။

ကျိရှင်းလန် ကလည်း ငတုံးမဟုတ်ဘူး။  သူတို့နှစ်ယောက် မျက်လုံးချင်းစကားပြောနေတာကို သူမြင်လိုက်ချိန်မှာပဲ သူ့စိတ်ထဲမှာ မေးခွန်းတချို့ ပေါက်သွားတယ်။  သူတို့ဘာတွေလုပ်နေတယ်ဆိုတာ စဥ်းစားမရဘဲ မျက်လုံးတွေမှေးပြီး သူတို့ကိုအကဲခတ်လိုက်ပေမယ့် ဘာတွေဖြစ်နေလဲဆိုတာ မပြောနိုင်သေးဘူး။


အခု ကျိရှင်းလန်က ယန်ချုံး အတွက် အစားအစာကို ဘယ်လိုယူနေသလဲဆိုတာကို မြင်လိုက်ရသဖြင့် ရှဲ့ယွီက နောက်မှာချန်ထားခဲ့ရန် ငြင်းဆန်ခဲ့ပြီး ယန်ချုံးရဲ့ပန်းကန်လုံးထဲသို့ အစားအစာများ စတင်ထည့်ပေးလိုက်သည်။

တစ်ဖက်သားကို လွန်လွန်ကဲကဲ မဖြစ်စေလိုသဖြင့် နှစ်ယောက်စလုံး စားပွဲပေါ်ရှိ အစားအစာအားလုံးကို ယန်ချုံး၏ပန်းကန်လုံးထဲသို့ ထည့်လိုက်သကဲ့သို့ ပြိုင်ဆိုင်လိုက်ကြသည်။

ဘေစင်ရှေ့မှာ ရပ်နေသည့်တိုင် ကျိရှင်းလန်ရဲ့ပုံစံက ထိပ်တန်းအဆင့် ပန်းကန်ဆေးစက်ကဲ့သို့ ခံ့ညားနေပုံရသည်။


 ပန်းကန်တွေကို ခြောက်အောင်သုတ်နေစဥ်တွင် သူရှဲ့ယွီနှင့် စကားပြောခဲ့သည်။

“  အဲ့နယ်ပယ်မှာ ငါက မကောင်းဘူးလို့ မင်းဘာလို့ထင်ရတာလဲ?”ကျိရှင်းလန်က အခုမှပေါ် လာသလိုပဲ မေးလိုက်တယ်။

ရှဲ့ယွီ က “ငါမင်းကို မပြောပြဘူး”လို့ သဘာဝအတိုင်းပဲညီတူညီမျှ ပြန်ဖြေလိုက်သည်။

“......…” 

ဒီကလေးနဲ့ စကားပြောရတာ ခက်ခဲနေပေမယ့် ကျိရှင်းလန် က ဆက်ပြီး လက်မလျှော့ဘူး။  “အဲ့တာကို ယန်ချုံးက မင်းကို​ပြောပြခဲ့တာလား?”

ကျိရှင်းလန်က ပန်းကန်များကိုခြောက်အောင်သုတ်နေစဥ် ရှဲ့ယွီ၏လက်က ခဏရပ်တန့်သွားသည်ကို သတိပြုမိပြီး သူမှန်းဆချက်ကမှန်ကန်ကြောင်း သူသိလိုက်သည်။  ဒါပေမယ့် ရှဲ့ယွီ က “ငါမင်းကို မပြောပြဘူး” လို့ အခိုင်အမာနဲ့ ထပ်ခါတလဲလဲ ပြောနေပါသေးတယ်။

“သူ မင်းကို ဘာပြောပြလဲ?”ကျိရှင်းလန်က သူ၏ ရောင်ဝါက သုညအောက် ဒီဂရီ အနည်းငယ် ကျဆင်းသွားပုံရပြီး သူ့မျက်လုံးများကိုမှေးကျဥ်းထားလိုက်သည်။

  ရှဲ့ယွီကခေါင်းကို လှည့်ကြည့်လိုက်ရာ ကျိရှင်းလန်ရဲ့ အမူအရာက မိုးတိမ်မည်းကဲ့သို့ မှောင်မိုက်သွားသည်ကို တွေ့လိုက်ရသည်။  လောလောဆယ်မှာတော့ သူ့ခံစားချက်တွေကို ဖမ်းဆုပ်ရခက်ခဲပါတယ်။


ကျိရှင်းလန်က ဘာကိုမှ မကြောက်ပေမယ့် အခုချိန်မှာတော့ သူတကယ်ကို ထိတ်လန့်နေခဲ့တယ်။


ရှဲ့ယွီက နောက်ဆုံးပန်းကန်ပြားကို ညင်သာစွာချလိုက်ပြီး သူ့မျက်နှာပေါ်တွင် သနားစရာကောင်းသည့်အမူအရာဖြင့် ကျိရှင်းလန်ကို လှည့်ကြည့်လိုက်သည်။သူ့ကိုယ်တိုင်ထက် အားနည်းတဲ့သူကို ကြည့်နေသလိုမျိုးပေါ့။ ဒါကြောင့် တခြားယောကျ်ားလေးကို နှစ်သိမ့်ဖို့ မကူညီနိုင်ခဲ့ဘူး။

အဲ့နယ်ပယ်မှာ မကောင်းတဲ့ Alphaက အမှန်တကယ်ပင် သနားစရာကောင်းလှသည်။

“သိမ်ငယ်စိတ်ထားမနေပါနဲ့ ဘရားသားရာ” ရှဲ့ယွီက သူ့လက်တွေကို ရေသုတ်လိုက်ပြီး ကျိရှင်းလန် ရဲ့ ပုခုံးကို ကြင်နာစွာ ပုတ်လိုက်ပြီး “ငါဘယ်သူ့ကိုမှ မပြောပါဘူး။ အဲ့တာကို ပြောရရင် ငါ တရုတ်တိုင်းရင်းဆေးဆရာကြီးတစ်ဦးကို သိတယ်။  သူက ငါ့အိမ်အောက်မှာ နေတယ်ပြီးတော့ အဲဒီနယ်ပယ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကုသရာမှာလည်း အထူးကျွမ်းကျင်တယ်။  တော်တော်ထိရောက်တယ်လို့ကြားတယ်။ လူတွေက သူ့ကို နေ့တိုင်း နဖူးစည်းတွေ ပို့ချင်နေကြတာ။မင်းသိချင် …....?”

လူချောလေးရဲ့ အကြည့်တွေက အေးစက်နေပြီး သူ့အမူအရာမှာ အေးခဲနေသည်။ ရှည်လျားတဲ့ ဆံပင်အနည်းငယ်က သူ့ရဲ့ဘေးဘက်တစ်ခြမ်းကို ဖုံးအုပ်ထားသည်။  ကျိရှင်းလန်က သူ့ခေါင်းကို ဘေးသို့ လှည့်လိုက်ပြီး “မသိချင်ဘူး!”လို့ ခေါင်းမာစွာနဲ့ စိတ်ဆိုးသည့်အသံဖြင့်ပြောလိုက်သည်။

ကျိရှင်းလန်က တားမြစ်တဲ့ပုံပေါက်ပြီး ကုသရန် ငြင်းဆန်နေသည့်ပုံကို ရှဲ့ယွီ မြင်သောအခါတွင် သူက အတွင်းစိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး ယန်ချုံး ၏ အနာဂတ် sex lifeအတွက် စိုးရိမ်နေမိသည်။

ကျိရှင်းလန်က ရုပ်ရည်ချောမောသော်လည်း ကြည့်ကောင်းရုံမျှဖြင့် ဆာလောင်မှုက မကျေနပ်နိုင်ပေ!

မဟုတ်သေးဘူး ကျိရှင်းလန်ကို ဆေးကုဖို့ သူ့သူဌေးနဲ့ စကားပြောဖို့ အစောဆုံးအခွင့်အရေးကို ရှာရမယ်။

ယန်ချုံးက ဆိုဖာပေါ်တွင်ထိုင်ကာ ရုပ်ရှင်ကြည့်ရင်း ကြောင်ကို ထိန်းထားလိုက်သည်။  မီးဖိုချောင်ထဲက လူနှစ်ယောက်က ဘယ်လို 'ပညာရပ်ဆိုင်ရာ ဟောပြောပွဲ'လုပ်နေလဲဆိုတာကို  သူမသိဘူး။

ကျိရှင်းလန်က အခန်းထဲကို တစ်ခုခုသွားယူတဲ့အခါ ရှဲ့ယွီက တိတ်တဆိတ်သွားပြီး တရုတ်တိုင်းရင်းဆေးသမားတော်နဲ့ တိုင်ပင်ဖို့ ယန်ချုံးကို ပြောလိုက်တယ်။

ယန်ချုံးက ခါးသီးစွာနဲ့  ပြုံးပြပြီး "ငါတို့ အဲဒါကို နောက်မှပြောမယ်" လို့ပြောလိုက်တယ်။

ရှဲ့ယွီကို လှည့်ဖြားဖို့အတွက်သာ သူပြောခဲ့တာဖြစ်သည်။  ကျိရှင်းလန်က အဲ့ကိစ္စမှာ ဘာပြဿနာမှ မရှိပါဘူး။  တကယ်တော့ ယန်ချုံးက သူ့မှာ စွမ်းအင်နည်းနည်း များလွန်းတယ်လို့ ထင်ခဲ့တာ။

သူသာ သွားပြီး တရုတ်တိုင်းရင်းဆေးသမားကို ရှာခဲ့မယ်ဆိုရင် ယန်ချုံးကို သတ်ပစ်တော့မှာပဲ ။

မဟုတ်ဘူး!  သူဘယ်လိုမှ သွားမလားလို့မေးဖို့ မဖြစ်နိုင်ဘူး!

ရှဲ့ယွီက သူ့ဘောစ့်က ဒါကို အရေးမကြီးသလို လျစ်လျူရှုတာကို မြင်တော့ စိုးရွံ့သွားတယ်။

ဒါက အရေးတကြီးကိစ္စပါ၊ နောက်မှ ဘယ်လိုပြောရမလဲ ? ကျိရှင်းလန်  စောစော ဆေးကုသမှု ခံယူရင် ပျောက်ကင်းဖို့ မျှော်လင့်ချက် ပိုရှိလေလေ !

“မဟုတ်ဘူး!” ရှဲ့ယွီက ယန်ချုံး လက်ကိုဆွဲကိုင်လိုက်ပြီး  ပြောလာတယ်  "ဘောစ့် မင်းကငါ့ကိုယုံရမယ်။  မင်းလည်း ယောကျာ်းတစ်ယောက်ပဲ၊ ဒီကိစ္စက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိထားရမယ်"

"မင်းဘာလုပ်နေတာလဲ ?"  ကျိရှင်းလန် ခေါင်းအုံးနဲ့ စောင်နဲ့ယူပြီး အခန်းထဲက ထွက်လာတော့ ရှောင်ယွီရဲ့လက်ကို ကိုင်ထားတဲ့ ရှဲ့ယွီက ဘယ်သူသိလဲလို့ ပြောနေတာကို တွေ့လိုက်ရတယ်။

ရှဲ့ယွီက မကောင်းတာတစ်ခုခုပြောနေတယ်လို့ ကောက်ချက်ချလိုက်တယ် ပြီးတော့ တရုတ်တိုင်းရင်းဆေးဆရာကြီးအကြောင်းကို ရှဲ့ယွီက ယန်ချုံးအား တောင်စဥ်ရေမရတွေလျှောက်ပြောလိုက်မှာကို စိုးရိမ်မိသည်။

ရှဲ့ယွီ သူ့ကိုမြင်သောအခါ ယန်ချုံးလက်ကို ဆတ်ခနဲလွှတ်ပြီး နှာခေါင်းကို ပွတ်သပ်လိုက်သည်။

မဟုတ်ဘူး၊ ဒီအတိုင်းပဲ ပြီးသွားအောင် လုပ်လို့မရဘူး။  စိတ်ရှည်သည်းခံပြီး စိတ်ပြောင်းအောင်လုပ်ရမယ်

ကျိရှင်းလန်က စိတ်တိုနေသော်လည်း ရှဲ့ယွီက သူ့အခြေအနေကို ဆိုးရွားသွားစေပြီး ဆေးကုသခြင်းထက် ကျော်လွန်သွားအောင် စောင့်ကြည့်နေရုံဖြင့် မပြီးနိုင်ပေ။

ကျိရှင်းလန်၏ အကြည့်များသည် ရှဲ့ယွီနဲ့ ယန်ချုံး အကြားအကွာအဝေးတစ်ခုဖန်တီးရန်ဖိအားပေးခဲ့သည်။  ထို့နောက် သူ့လက်ထဲက စောင်နှင့် ခေါင်းအုံးကို  ဆိုဖာပေါ်တွင် ချလိုက်ပြီး ပြောလိုက်တယ် “ငါတို့အိမ်မှာ ခုတင်တစ်လုံးပဲ ရှိတယ်။  မင်းဒီမှာအိပ်လို့ရတယ်"

သူတို့မှာ စတုရန်းမီတာတစ်ရာကျော်ရှိတဲ့ တိုက်ခန်းမှာ အိပ်ရာတစ်လုံးပဲ ရှိတယ်လား ?

ရှဲ့ယွီ တောင်မှ သူ့ကို မယုံခဲ့ဘူး။

ကျိရှင်းလန်က ယုန်တစ်ကောင်ကို စိုက်ကြည့်နေသော ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်ကဲ့သို့ ယန်ချုံးကို ကြည့်နေသည်ကို သူမြင်သောအခါတွင် သူဘာဖြစ်နေကြောင်း ချက်ချင်း သဘောပေါက်သွားသည်။

ကျိရှင်းလန်က တိုက်ခန်းတွင် ကုတင်တစ်လုံးတည်းသာရှိသဖြင့် ယန်ချုံးကို သူနှင့် အတူအိပ်ရန် တမင်တကာ အတင်းအကြပ်ခိုင်းစေခဲ့တာကြောင့် သူအလိုရှိသမျှကို လုပ်နိုင်ခဲ့သည်။

ဘယ်လောက်ကြောက်စရာကောင်းလဲ?

ရေချိုးပြီးနောက်မှာ ယန်ချုံးက ကုတင်ပေါ် တင်းမာစွာ လှဲချလိုက်သည်။  ကျိရှင်းလန်ကို နမ်းမည်ဟု ကတိပေးခဲ့သော်လည်း ယခုအခါ အနည်းငယ် ရှက်နေခဲ့သည် ။

ကျိရှင်းလန် နဲ့ အကြိမ်ပေါင်း မည်မျှလောက် ကြိုက်သည်ဖြစ်စေ ယန်ချုံးက သူ့မျက်နှာနှင့် ဆွဲဆောင်မှုရှိသော မျက်လုံးများကို မြင်လိုက်ရသည်နှင့် သူ့နှလုံးသားသည် ပြေးလွှားနေဆဲဖြစ်ပြီး သူက လူပျိုကောင်လေးလို  အမြဲ အနိုင်ကျင့်ခံရတတ်သည်။ 

ကျိရှင်းလန်က သူ့အတွက် ငှက်သိုက်ဟင်းချိုချက်ရန် သွားခဲ့သည်။  ပန်းကန်လုံးကို အခန်းထဲ ယူလာသောအခါ ယန်ချုံးက စောင်နှင့်ထုပ်ထားပြီး ကုတင်ပေါ်တွင် လူးလဲနေသည်ကို တွေ့လိုက်ရသည်။

ယန်ချုံးက သတိမထားမိသေးဘဲ ကျိရှင်းလန်ကိုတွေ့လိုက်သည်နှင့် ပျော်ရွှင်မှု ချက်ချင်းပေါ်လာသည်။  သူ လှည့်ပတ်နေတာကို ရပ်လိုက်ပြီး ကုတင်စွန်းမှာ ထိုင်လိုက်တယ်။

  ကျိရှင်းလန်က သူ့ဘေးတွင်ထိုင်ကာ ငှက်သိုက်ဟင်းကို ကိုယ်တိုင်ကိုယ်ကျ ကျွေးသည်။

ယန်ချုံးက ညဘက်တွင် ငှက်သိုက်ဟင်းချိုချက်ပြုတ်ရန် အလွန်ခက်ခဲကြောင်းနှင့် ကျိရှင်းလန်က ဂရုစိုက်နေခြင်းဖြစ်ကြောင်းကို သိသည်။  "မင်းဘာလို့ဒီလောက်ဒုက္ခခံနေရတာလဲ ?  ငါတို့နောက်ကျအိပ်တော့မယ့်ဟာ"

"နောက်ကျရင်အိပ်မယ်လို့ ဘယ်သူပြောလဲ? "  ကျိရှင်းလန်က ပန်းကန်အလွတ်ကို ကုတင်ဘေးရှိ စားပွဲပေါ်တင်လိုက်ပြီး သူ့လက်တစ်ဖက်ကို ယန်ချုံးရဲ့ ညဝတ်အင်္ကျီကို  အောက်သို့ တပြိုင်နက် ဆွဲချလိုက်သည်။

ယန်ချုံးက အရမ်းနောက်ကျနေပြီလို့ထင်ပြီး အိပ်တာကလွဲရင် တခြားဘာလုပ်ရမှာလဲလို့ တွေးရင်း ထိတွေ့ခွင့်ပေးလိုက်တယ် ။

ယန်ချုံးရဲလ ညဝတ်အင်္ကျီကို ကျေနပ်စွာ ဖြုန်းတီးပြီးနောက် ကျိရှင်းလန်က သူ့အင်္ကျီကို ကြယ်သီးဖြုတ်ရန် ငြိမ်သက်စွာ ထထိုင်လိုက်သည်။ “ကိုယ်က မကောင်းဘူးလို့ပြောတာကို ကြားခဲ့တယ်” ဟု လေသံမာမာဖြင့် ပြောလာသည်။

ယန်ချုံးက ချက်ချင်း သူ့ကျောရိုးတောင့်တင်းသွားသည်ကို ခံစားလိုက်ရပြီး အေးစက်သော ချွေးများ ထွက်လာကာ ထုံကျင်သွားသလို ခံစားလိုက်ရသည်။  မိုးကြိုးပစ်ခံလိုက်ရသလိုပဲ !

'အိုး မဟုတ်ဘူး!  ရှဲ့ယွီက  ပဲတွေကို ဖိတ်ခဲ့တာလား? '

'ဒါက မကောင်းတော့ဘူး'

ယန်ချုံးက အလိုလိုပြေးဖို့ ကြိုးစားလိုက်တယ်။  ဒါပေမယ့် သူ မတ်တပ်ထရပ်လိုက်ချိန်မှာတော့ ကျိရှင်းလန်က သူ့ကို ဗီရိုနဲ့ ကပ်လိုက်ပြီး သူ့လက်ကောက်ဝတ်တွေကို ကြိုးနဲ့ ချည်နှောင်လိုက်ပါတယ်။

အေးမြသောလေနုအေးက သူ့အရေပြားကို တိုက်ခတ်လာသောကြောင့် သူ့ဘောင်းဘီက ခြေကျင်းဝတ်များထိ ပြုတ်ကျသွားသည်ကို ယန်ချုံး သဘောပေါက်သွားစေသည်။

သူ့ရဲ့ ရှည်လျားလှသော ခြေသလုံးတွေက မရည်ရွယ်ဘဲ တုန်လှုပ်သွားသည်။  အဲ့တာကအအေးကြောင့်လား ကြောက်လို့လားဆိုတာကို  မည်သူမျှမသိပေ။

သူ အံကြိတ်ကာ ခေါင်းကို လှည့်ပြီး သူ့နောက်တွင် ရပ်နေသော လူကို ကြည့်လိုက်သည်။  မျက်နှာကျက်မီးက သူ့ကို အပြင်လောက အလင်းတန်းတစ်ခုအောက်မှာ ပစ်ချခံထားရသလိုပဲ ။  ချောမောလှပသော Alphaသည် အဆောတလျင်ပင် သူ့လက်စွပ်များကို ပြောင်ပြောင်တင်းတင်း ချွတ်လိုက်သည်။  သူ့နှုတ်ခမ်းပေါ်မှ ခပ်ညစ်ညစ် အပြုံးကြောင့် ယန်ချုံးက ဒူးထောက်လုနီးပါး ဖြစ်သွားသည်။

ဒါပေမယ့် သူပြုတ်မကျခင် ကျိရှင်းလန်က သူ့ကိုဖမ်းပြီး နားရွက်နားကို ပြောလာတယ်   "ကိုယ့်ရဲ့ဘယ်ဟာက မကောင်းတာလဲ ? "

ကျိရှင်းလန်ရဲ့ လှပသောမျက်နှာက နတ်သမီးတစ်ပါးဖြစ်သော်လည်း သူ့မျက်လုံးထဲတွင် အန္တရာယ်ရှိသောအကြည့်က နတ်ဆိုးတစ်ကောင်လိုဖြစ်နေသည်။

" အဆင်ပြေတယ် ?  ကိုယ်ကိုပြော ကိုယ့်ရဲ့ဘယ်ဟာက မကောင်းတာလဲ ?"

...........

T/N 1 : ကျိရှင်းလန် ယန်ချုံးက သူ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး မင်းသူ့ကို လိမ်ညာနေမှန်း သိလာတဲ့အချိန်အထိ မင်းစောင့်ရုံပါပဲ...

T/N 2- ကျိရှင်းလန်ကို သနားစရာကောင်းစွာ ကြည့်နေသည် (ရှဲ့ယွီလို )






•••••••

Zawgyi

ငါ့ရဲ႕ ဘယ္အပိုင္းက မေကာင္းတာလဲ?

 ခရမ္းခ်ဥ္သီးကဲ့သို႔ နီရဲေနေသာ္လည္း၊ ေနာက္ဆုံးမွာေတာ့ ယန္ခ်ဳံးက ေနာက္ထပ္အနမ္းအနည္းငယ္အတြက္ က်ိရွင္းလန္ ၏ က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိေသာ ေတာင္းဆိုမႈကို သေဘာတူေနဆဲျဖစ္သည္။  ထို႔ေနာက္ ရွဲ႕ယြီကို တစ္ညတာအတြက္ အိမ္သို႔ ေခၚလာခဲ့သည္။

ရွဲ႕ယြီ အထဲသို႔ ဝင္လိုက္သည္ႏွင့္ ေၾကာင္ကို ေပြ႕ဖက္ရန္ စိတ္အားထက္သန္စြာ သြားခဲ့သည္။ သူတို႔က အားကစားပြဲအတြင္း အရင္အႀကိမ္ ေတြ႕ဆုံခဲ့ၾကေသာ္လည္း လန္လန္ေလးက သူ႔ကို မမွတ္မိေတာ့ပုံရသည္။  ဒါေပမယ့္ မိုက္မဲတဲ့စုံတြဲက ၎ကို လ်စ္လ်ဴရႈထားၿပီး အိမ္ရွိ ၎၏အဆင့္အတန္းကို လ်င္ျမန္စြာ က်ဆင္းသြားေစေသာေၾကာင့္၊ အနည္းဆုံး တစ္စုံတစ္ဦးမွ ၎ကို အေရးပါမႈ အနည္းငယ္ေပးသည့္အတြက္ ေၾကာင္ကေလးမွာ ေပ်ာ္႐ႊင္ေနခဲ့သည္၊ အေၾကာင္းမွာ ဒီအရာက ယခုအခ်ိန္မွာ ရွားပါးေနၿပီမလို႔ပဲ။


ဧည့္ခန္းၾကမ္းျပင္ေပၚတြင္ ဝပ္ေနကာ ေၾကာင္ေလးနဲ႔ရွဲ႕ယြီက ကစားရင္း “ဒီလန္လန္က ဟိုလန္လန္ထက္ အမ်ားႀကီး ပိုေကာင္းတယ္” ဟု ျမည္တမ္းလိုက္သည္။

  သူစကားေျပာေနစဥ္ က်ိရွင္းလန္ ခ်က္ျပဳတ္ေနသည့္ မီးဖိုေခ်ာင္ကို တစ္ခ်က္လွမ္းရႈိးလိုက္သည္။သူ ယန္ခ်ဳံးကို ဂ႐ုစိုက္ေပးကတည္းက သူ႔ရဲ႕ ဟင္းခ်က္တဲ့စေကးက ပိုေကာင္းလာခဲ့ပါတယ္။  မီးဖိုေခ်ာင္မွ အသံေတြက သူတို႔၏ စကားဝိုင္းကို တိမ္ျမဳပ္သြားေစေသာေၾကာင့္ က်ိရွင္းလန္က ရွဲ႕ယြီ ေျပာတာကို မၾကားလိုက္ေပ။

“ဒီေကာင္က ဟင္းကိုဘယ္လိုေကာင္းေကာင္း ခ်က္ရမလဲဆိိုတာကိုသိတာလား?” ရွဲ႕ယြီ ေခါင္းကုတ္လိုက္သည္။  “သခင္ေလးေတြက ဟင္းခ်က္စရာ မလိုဘူးလို႔ငါထင္တယ္”

မီးဖိုေခ်ာင္ထဲက အသံေတြကို နားေထာင္ရင္း ယန္ခ်ဳံးက အိမ္မွာတုန္းက က်ိရွင္းလန္ဟာ မ်ားေသာအားျဖင့္ ခ်က္ျပဳတ္ခ်င္စိတ္မရွိေပမယ့္ ယန္ခ်ဳံးအတြက္ေတာ့ အၿမဲခ်က္ျပဳတ္ေပးေလ့ရွိတာကို သတိရမိသြားတယ္။


ညစာျပင္ဆင္ၿပီးသြားေသာအခါ က်ိရွင္းလန္က ႐ုတ္တရက္လက္လွမ္းလိုက္ၿပီး  အာလူးအမဲသားႏွပ္ကို ရွဲ႕ယြီဆီမွ ဖယ္လိုက္ကာ သူ႔ေရွ႕တြင္ ၾကက္သြန္ၿမိတ္ပန္းကန္ကို ခ်ထားလိုက္သည္။  ရွဲ႕ယြီ နားမလည္ဘဲ သူ႔တူေတြကိုကိုင္ထားၿပီး က်ိရွင္းလန္ကို စူးစမ္းၾကည့္ေနေလသည္။

က်ိရွင္းလန္က ယန္ခ်ဳံးရဲ႕အေရွ႕မွာ အာလူးအမဲသားႏွပ္ပန္းကန္ကို ခ်လိုက္ၿပီး“ ၾကက္သြန္ၿမိတ္က မင္းရဲ႕ ယန္စြမ္းအင္ကို ကူညီေပးႏိုင္တယ္” ဟု ေအးစက္စြာေျပာလိုက္သည္။

“အဟြတ္-!” ဒီစကားလုံးေတြက ရွဲ႕ယြီ အစား ယန္ခ်ဳံးကို သီးသြားေစခဲ့သည္။ က်ိရွင္းလန္က သူ႔ေနာက္ေက်ာကို အလ်င္အျမန္ ပုတ္ေပးလိုက္သည္။


ရွဲ႕ယြီက က်ိရွင္းလန္ရဲ႕  ရွင္းလင္းေသာ သေရာ္ေလွာင္ေျပာင္သည့္ စကားလုံးမ်ားကို ၾကားလိုက္ရၿပီး ခ်က္ခ်င္းပင္ ေဒါသေတြအေခ်ာင္းလိုက္ထြက္သြားသည္။ “ ကူညီတယ္ ငါ့ေျခေထာက္ႀကီးကိုပဲကူညီ !”


က်ိရွင္းလန္က ေဒါသေပါက္ကြဲမႈကို လ်စ္လ်ဴရႈၿပီး ယန္ခ်ဳံး ပန္းကန္ျပားထဲကအစားအစာကို ကူညီေပးခဲ့ၿပီး တစ္ခ်ိန္တည္းမွာပင္ ရွဲ႕ယြီအား 'လူပ်ိဳေကာင္ ' လို႔ တီးတိုးေရ႐ြတ္လိုက္သည္။

ယန္ခ်ဳံး အဲ့တာကို မျမင္ရေသာ္လည္း၊ ရွဲ႕ယြီက သူတို႔ရဲ႕မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနသည္ကိုေတာ့ ျမင္ေနရသျဖင့္ အဲ့တာကို လ်စ္လ်ဴမရႈႏိုင္ခဲ့ေပ။  သူက ခ်က္ခ်င္းျပန္ခံေျပာလိုက္တယ္ “လူပ်ိဳျဖစ္တာက ဘာမ်ားမွားလို႔လဲ?! ငါကလူပ်ိဳျဖစ္တယ္ဆိုရင္ေတာင္ မင္းထက္ေတာ့ ငါက ပိုေကာင္းပါေသးတယ္!  မင္းက အဲဒီနယ္ပယ္မွာ မေကာင္းဘူး!”

“  ... ငါ့က ဘာမေကာင္းတာလဲ?”  က်ိရွင္းလန္က သူ႔ရဲ႕တူေတြကို ခ်လိုက္ၿပီး ေအးစက္စြာ ၿပဳံးလိုက္သည္။

“အင္း အဲ့တာက .....”

“အဟြတ္ အဟြတ္ အဟြတ္!” ယန္ခ်ဳံးက သူ႔ကို အရိပ္အႁမြက္ေျပာေနတာကို သေဘာေပါက္လိုက္ေတာ့ ရွဲ႕ယြီ ခ်က္ခ်င္း ပါးစပ္ပိတ္လိုက္တယ္။  ထို႔ေနာက္ က်ိရွင္းလန္ ဘယ္ေလာက္ပဲ ႀကိဳးစားခဲ့ပါေစ သူဘာမွမေျပာေတာ့ေပ။

က်ိရွင္းလန္ ကလည္း ငတုံးမဟုတ္ဘူး။  သူတို႔ႏွစ္ေယာက္ မ်က္လုံးခ်င္းစကားေျပာေနတာကို သူျမင္လိုက္ခ်ိန္မွာပဲ သူ႔စိတ္ထဲမွာ ေမးခြန္းတခ်ိဳ႕ ေပါက္သြားတယ္။  သူတို႔ဘာေတြလုပ္ေနတယ္ဆိုတာ စဥ္းစားမရဘဲ မ်က္လုံးေတြေမွးၿပီး သူတို႔ကိုအကဲခတ္လိုက္ေပမယ့္ ဘာေတြျဖစ္ေနလဲဆိုတာ မေျပာႏိုင္ေသးဘူး။


အခု က်ိရွင္းလန္က ယန္ခ်ဳံး အတြက္ အစားအစာကို ဘယ္လိုယူေနသလဲဆိုတာကို ျမင္လိုက္ရသျဖင့္ ရွဲ႕ယြီက ေနာက္မွာခ်န္ထားခဲ့ရန္ ျငင္းဆန္ခဲ့ၿပီး ယန္ခ်ဳံးရဲ႕ပန္းကန္လုံးထဲသို႔ အစားအစာမ်ား စတင္ထည့္ေပးလိုက္သည္။

တစ္ဖက္သားကို လြန္လြန္ကဲကဲ မျဖစ္ေစလိုသျဖင့္ ႏွစ္ေယာက္စလုံး စားပြဲေပၚရွိ အစားအစာအားလုံးကို ယန္ခ်ဳံး၏ပန္းကန္လုံးထဲသို႔ ထည့္လိုက္သကဲ့သို႔ ၿပိဳင္ဆိုင္လိုက္ၾကသည္။

ေဘစင္ေရွ႕မွာ ရပ္ေနသည့္တိုင္ က်ိရွင္းလန္ရဲ႕ပုံစံက ထိပ္တန္းအဆင့္ ပန္းကန္ေဆးစက္ကဲ့သို႔ ခံ့ညားေနပုံရသည္။


 ပန္းကန္ေတြကို ေျခာက္ေအာင္သုတ္ေနစဥ္တြင္ သူရွဲ႕ယြီႏွင့္ စကားေျပာခဲ့သည္။

“  အဲ့နယ္ပယ္မွာ ငါက မေကာင္းဘူးလို႔ မင္းဘာလို႔ထင္ရတာလဲ?”က်ိရွင္းလန္က အခုမွေပၚ လာသလိုပဲ ေမးလိုက္တယ္။

ရွဲ႕ယြီ က “ငါမင္းကို မေျပာျပဘူး”လို႔ သဘာဝအတိုင္းပဲညီတူညီမွ် ျပန္ေျဖလိုက္သည္။

“......…” 

ဒီကေလးနဲ႔ စကားေျပာရတာ ခက္ခဲေနေပမယ့္ က်ိရွင္းလန္ က ဆက္ၿပီး လက္မေလွ်ာ့ဘူး။  “အဲ့တာကို ယန္ခ်ဳံးက မင္းကို​ေျပာျပခဲ့တာလား?”

က်ိရွင္းလန္က ပန္းကန္မ်ားကိုေျခာက္ေအာင္သုတ္ေနစဥ္ ရွဲ႕ယြီ၏လက္က ခဏရပ္တန္႔သြားသည္ကို သတိျပဳမိၿပီး သူမွန္းဆခ်က္ကမွန္ကန္ေၾကာင္း သူသိလိုက္သည္။  ဒါေပမယ့္ ရွဲ႕ယြီ က “ငါမင္းကို မေျပာျပဘူး” လို႔ အခိုင္အမာနဲ႔ ထပ္ခါတလဲလဲ ေျပာေနပါေသးတယ္။

“သူ မင္းကို ဘာေျပာျပလဲ?”က်ိရွင္းလန္က သူ၏ ေရာင္ဝါက သုညေအာက္ ဒီဂရီ အနည္းငယ္ က်ဆင္းသြားပုံရၿပီး သူ႔မ်က္လုံးမ်ားကိုေမွးက်ဥ္းထားလိုက္သည္။

  ရွဲ႕ယြီကေခါင္းကို လွည့္ၾကည့္လိုက္ရာ က်ိရွင္းလန္ရဲ႕ အမူအရာက မိုးတိမ္မည္းကဲ့သို႔ ေမွာင္မိုက္သြားသည္ကို ေတြ႕လိုက္ရသည္။  ေလာေလာဆယ္မွာေတာ့ သူ႔ခံစားခ်က္ေတြကို ဖမ္းဆုပ္ရခက္ခဲပါတယ္။


က်ိရွင္းလန္က ဘာကိုမွ မေၾကာက္ေပမယ့္ အခုခ်ိန္မွာေတာ့ သူတကယ္ကို ထိတ္လန႔္ေနခဲ့တယ္။


ရွဲ႕ယြီက ေနာက္ဆုံးပန္းကန္ျပားကို ညင္သာစြာခ်လိုက္ၿပီး သူ႔မ်က္ႏွာေပၚတြင္ သနားစရာေကာင္းသည့္အမူအရာျဖင့္ က်ိရွင္းလန္ကို လွည့္ၾကည့္လိုက္သည္။သူ႔ကိုယ္တိုင္ထက္ အားနည္းတဲ့သူကို ၾကည့္ေနသလိုမ်ိဳးေပါ့။ ဒါေၾကာင့္ တျခားေယာက်္ားေလးကို ႏွစ္သိမ့္ဖို႔ မကူညီႏိုင္ခဲ့ဘူး။

အဲ့နယ္ပယ္မွာ မေကာင္းတဲ့ Alphaက အမွန္တကယ္ပင္ သနားစရာေကာင္းလွသည္။

“သိမ္ငယ္စိတ္ထားမေနပါနဲ႔ ဘရားသားရာ” ရွဲ႕ယြီက သူ႔လက္ေတြကို ေရသုတ္လိုက္ၿပီး က်ိရွင္းလန္ ရဲ႕ ပုခုံးကို ၾကင္နာစြာ ပုတ္လိုက္ၿပီး “ငါဘယ္သူ႔ကိုမွ မေျပာပါဘူး။ အဲ့တာကို ေျပာရရင္ ငါ တ႐ုတ္တိုင္းရင္းေဆးဆရာႀကီးတစ္ဦးကို သိတယ္။  သူက ငါ့အိမ္ေအာက္မွာ ေနတယ္ၿပီးေတာ့ အဲဒီနယ္ပယ္နဲ႔ ပတ္သက္တဲ့ ျပႆနာေတြကို ကုသရာမွာလည္း အထူးကြၽမ္းက်င္တယ္။  ေတာ္ေတာ္ထိေရာက္တယ္လို႔ၾကားတယ္။ လူေတြက သူ႔ကို ေန႔တိုင္း နဖူးစည္းေတြ ပို႔ခ်င္ေနၾကတာ။မင္းသိခ်င္ …....?”

လူေခ်ာေလးရဲ႕ အၾကည့္ေတြက ေအးစက္ေနၿပီး သူ႔အမူအရာမွာ ေအးခဲေနသည္။ ရွည္လ်ားတဲ့ ဆံပင္အနည္းငယ္က သူ႔ရဲ႕ေဘးဘက္တစ္ျခမ္းကို ဖုံးအုပ္ထားသည္။  က်ိရွင္းလန္က သူ႔ေခါင္းကို ေဘးသို႔ လွည့္လိုက္ၿပီး “မသိခ်င္ဘူး!”လို႔ ေခါင္းမာစြာနဲ႔ စိတ္ဆိုးသည့္အသံျဖင့္ေျပာလိုက္သည္။

က်ိရွင္းလန္က တားျမစ္တဲ့ပုံေပါက္ၿပီး ကုသရန္ ျငင္းဆန္ေနသည့္ပုံကို ရွဲ႕ယြီ ျမင္ေသာအခါတြင္ သူက အတြင္းစိတ္ထဲ၌ သက္ျပင္းခ်လိုက္ၿပီး ယန္ခ်ဳံး ၏ အနာဂတ္ sex lifeအတြက္ စိုးရိမ္ေနမိသည္။

က်ိရွင္းလန္က ႐ုပ္ရည္ေခ်ာေမာေသာ္လည္း ၾကည့္ေကာင္း႐ုံမွ်ျဖင့္ ဆာေလာင္မႈက မေက်နပ္ႏိုင္ေပ!

မဟုတ္ေသးဘူး က်ိရွင္းလန္ကို ေဆးကုဖို႔ သူ႔သူေဌးနဲ႔ စကားေျပာဖို႔ အေစာဆုံးအခြင့္အေရးကို ရွာရမယ္။

ယန္ခ်ဳံးက ဆိုဖာေပၚတြင္ထိုင္ကာ ႐ုပ္ရွင္ၾကည့္ရင္း ေၾကာင္ကို ထိန္းထားလိုက္သည္။  မီးဖိုေခ်ာင္ထဲက လူႏွစ္ေယာက္က ဘယ္လို 'ပညာရပ္ဆိုင္ရာ ေဟာေျပာပြဲ'လုပ္ေနလဲဆိုတာကို  သူမသိဘူး။

က်ိရွင္းလန္က အခန္းထဲကို တစ္ခုခုသြားယူတဲ့အခါ ရွဲ႕ယြီက တိတ္တဆိတ္သြားၿပီး တ႐ုတ္တိုင္းရင္းေဆးသမားေတာ္နဲ႔ တိုင္ပင္ဖို႔ ယန္ခ်ဳံးကို ေျပာလိုက္တယ္။

ယန္ခ်ဳံးက ခါးသီးစြာနဲ႔  ၿပဳံးျပၿပီး "ငါတို႔ အဲဒါကို ေနာက္မွေျပာမယ္" လို႔ေျပာလိုက္တယ္။

ရွဲ႕ယြီကို လွည့္ျဖားဖို႔အတြက္သာ သူေျပာခဲ့တာျဖစ္သည္။  က်ိရွင္းလန္က အဲ့ကိစၥမွာ ဘာျပႆနာမွ မရွိပါဘူး။  တကယ္ေတာ့ ယန္ခ်ဳံးက သူ႔မွာ စြမ္းအင္နည္းနည္း မ်ားလြန္းတယ္လို႔ ထင္ခဲ့တာ။

သူသာ သြားၿပီး တ႐ုတ္တိုင္းရင္းေဆးသမားကို ရွာခဲ့မယ္ဆိုရင္ ယန္ခ်ဳံးကို သတ္ပစ္ေတာ့မွာပဲ ။

မဟုတ္ဘူး!  သူဘယ္လိုမွ သြားမလားလို႔ေမးဖို႔ မျဖစ္ႏိုင္ဘူး!

ရွဲ႕ယြီက သူ႔ေဘာစ့္က ဒါကို အေရးမႀကီးသလို လ်စ္လ်ဴရႈတာကို ျမင္ေတာ့ စိုး႐ြံ႕သြားတယ္။

ဒါက အေရးတႀကီးကိစၥပါ၊ ေနာက္မွ ဘယ္လိုေျပာရမလဲ ? က်ိရွင္းလန္  ေစာေစာ ေဆးကုသမႈ ခံယူရင္ ေပ်ာက္ကင္းဖို႔ ေမွ်ာ္လင့္ခ်က္ ပိုရွိေလေလ !

“မဟုတ္ဘူး!” ရွဲ႕ယြီက ယန္ခ်ဳံး လက္ကိုဆြဲကိုင္လိုက္ၿပီး  ေျပာလာတယ္  "ေဘာစ့္ မင္းကငါ့ကိုယုံရမယ္။  မင္းလည္း ေယာက်ာ္းတစ္ေယာက္ပဲ၊ ဒီကိစၥက ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ မင္းသိထားရမယ္"

"မင္းဘာလုပ္ေနတာလဲ ?"  က်ိရွင္းလန္ ေခါင္းအုံးနဲ႔ ေစာင္နဲ႔ယူၿပီး အခန္းထဲက ထြက္လာေတာ့ ေရွာင္ယြီရဲ႕လက္ကို ကိုင္ထားတဲ့ ရွဲ႕ယြီက ဘယ္သူသိလဲလို႔ ေျပာေနတာကို ေတြ႕လိုက္ရတယ္။

ရွဲ႕ယြီက မေကာင္းတာတစ္ခုခုေျပာေနတယ္လို႔ ေကာက္ခ်က္ခ်လိုက္တယ္ ၿပီးေတာ့ တ႐ုတ္တိုင္းရင္းေဆးဆရာႀကီးအေၾကာင္းကို ရွဲ႕ယြီက ယန္ခ်ဳံးအား ေတာင္စဥ္ေရမရေတြေလွ်ာက္ေျပာလိုက္မွာကို စိုးရိမ္မိသည္။

ရွဲ႕ယြီ သူ႔ကိုျမင္ေသာအခါ ယန္ခ်ဳံးလက္ကို ဆတ္ခနဲလႊတ္ၿပီး ႏွာေခါင္းကို ပြတ္သပ္လိုက္သည္။

မဟုတ္ဘူး၊ ဒီအတိုင္းပဲ ၿပီးသြားေအာင္ လုပ္လို႔မရဘူး။  စိတ္ရွည္သည္းခံၿပီး စိတ္ေျပာင္းေအာင္လုပ္ရမယ္

က်ိရွင္းလန္က စိတ္တိုေနေသာ္လည္း ရွဲ႕ယြီက သူ႔အေျခအေနကို ဆိုး႐ြားသြားေစၿပီး ေဆးကုသျခင္းထက္ ေက်ာ္လြန္သြားေအာင္ ေစာင့္ၾကည့္ေန႐ုံျဖင့္ မၿပီးႏိုင္ေပ။

က်ိရွင္းလန္၏ အၾကည့္မ်ားသည္ ရွဲ႕ယြီနဲ႔ ယန္ခ်ဳံး အၾကားအကြာအေဝးတစ္ခုဖန္တီးရန္ဖိအားေပးခဲ့သည္။  ထို႔ေနာက္ သူ႔လက္ထဲက ေစာင္ႏွင့္ ေခါင္းအုံးကို  ဆိုဖာေပၚတြင္ ခ်လိုက္ၿပီး ေျပာလိုက္တယ္ “ငါတို႔အိမ္မွာ ခုတင္တစ္လုံးပဲ ရွိတယ္။  မင္းဒီမွာအိပ္လို႔ရတယ္"

သူတို႔မွာ စတုရန္းမီတာတစ္ရာေက်ာ္ရွိတဲ့ တိုက္ခန္းမွာ အိပ္ရာတစ္လုံးပဲ ရွိတယ္လား ?

ရွဲ႕ယြီ ေတာင္မွ သူ႔ကို မယုံခဲ့ဘူး။

က်ိရွင္းလန္က ယုန္တစ္ေကာင္ကို စိုက္ၾကည့္ေနေသာ ဆာေလာင္ေနတဲ့ ဝံပုေလြတစ္ေကာင္ကဲ့သို႔ ယန္ခ်ဳံးကို ၾကည့္ေနသည္ကို သူျမင္ေသာအခါတြင္ သူဘာျဖစ္ေနေၾကာင္း ခ်က္ခ်င္း သေဘာေပါက္သြားသည္။

က်ိရွင္းလန္က တိုက္ခန္းတြင္ ကုတင္တစ္လုံးတည္းသာရွိသျဖင့္ ယန္ခ်ဳံးကို သူႏွင့္ အတူအိပ္ရန္ တမင္တကာ အတင္းအၾကပ္ခိုင္းေစခဲ့တာေၾကာင့္ သူအလိုရွိသမွ်ကို လုပ္ႏိုင္ခဲ့သည္။

ဘယ္ေလာက္ေၾကာက္စရာေကာင္းလဲ?

ေရခ်ိဳးၿပီးေနာက္မွာ ယန္ခ်ဳံးက ကုတင္ေပၚ တင္းမာစြာ လွဲခ်လိုက္သည္။  က်ိရွင္းလန္ကို နမ္းမည္ဟု ကတိေပးခဲ့ေသာ္လည္း ယခုအခါ အနည္းငယ္ ရွက္ေနခဲ့သည္ ။

က်ိရွင္းလန္ နဲ႔ အႀကိမ္ေပါင္း မည္မွ်ေလာက္ ႀကိဳက္သည္ျဖစ္ေစ ယန္ခ်ဳံးက သူ႔မ်က္ႏွာႏွင့္ ဆြဲေဆာင္မႈရွိေသာ မ်က္လုံးမ်ားကို ျမင္လိုက္ရသည္ႏွင့္ သူ႔ႏွလုံးသားသည္ ေျပးလႊားေနဆဲျဖစ္ၿပီး သူက လူပ်ိဳေကာင္ေလးလို  အၿမဲ အႏိုင္က်င့္ခံရတတ္သည္။ 

က်ိရွင္းလန္က သူ႔အတြက္ ငွက္သိုက္ဟင္းခ်ိဳခ်က္ရန္ သြားခဲ့သည္။  ပန္းကန္လုံးကို အခန္းထဲ ယူလာေသာအခါ ယန္ခ်ဳံးက ေစာင္ႏွင့္ထုပ္ထားၿပီး ကုတင္ေပၚတြင္ လူးလဲေနသည္ကို ေတြ႕လိုက္ရသည္။

ယန္ခ်ဳံးက သတိမထားမိေသးဘဲ က်ိရွင္းလန္ကိုေတြ႕လိုက္သည္ႏွင့္ ေပ်ာ္႐ႊင္မႈ ခ်က္ခ်င္းေပၚလာသည္။  သူ လွည့္ပတ္ေနတာကို ရပ္လိုက္ၿပီး ကုတင္စြန္းမွာ ထိုင္လိုက္တယ္။

  က်ိရွင္းလန္က သူ႔ေဘးတြင္ထိုင္ကာ ငွက္သိုက္ဟင္းကို ကိုယ္တိုင္ကိုယ္က် ေကြၽးသည္။

ယန္ခ်ဳံးက ညဘက္တြင္ ငွက္သိုက္ဟင္းခ်ိဳခ်က္ျပဳတ္ရန္ အလြန္ခက္ခဲေၾကာင္းႏွင့္ က်ိရွင္းလန္က ဂ႐ုစိုက္ေနျခင္းျဖစ္ေၾကာင္းကို သိသည္။  "မင္းဘာလို႔ဒီေလာက္ဒုကၡခံေနရတာလဲ ?  ငါတို႔ေနာက္က်အိပ္ေတာ့မယ့္ဟာ"

"ေနာက္က်ရင္အိပ္မယ္လို႔ ဘယ္သူေျပာလဲ? "  က်ိရွင္းလန္က ပန္းကန္အလြတ္ကို ကုတင္ေဘးရွိ စားပြဲေပၚတင္လိုက္ၿပီး သူ႔လက္တစ္ဖက္ကို ယန္ခ်ဳံးရဲ႕ ညဝတ္အက်ႌကို  ေအာက္သို႔ တၿပိဳင္နက္ ဆြဲခ်လိုက္သည္။

ယန္ခ်ဳံးက အရမ္းေနာက္က်ေနၿပီလို႔ထင္ၿပီး အိပ္တာကလြဲရင္ တျခားဘာလုပ္ရမွာလဲလို႔ ေတြးရင္း ထိေတြ႕ခြင့္ေပးလိုက္တယ္ ။

ယန္ခ်ဳံးရဲလ ညဝတ္အက်ႌကို ေက်နပ္စြာ ျဖဳန္းတီးၿပီးေနာက္ က်ိရွင္းလန္က သူ႔အက်ႌကို ၾကယ္သီးျဖဳတ္ရန္ ၿငိမ္သက္စြာ ထထိုင္လိုက္သည္။ “ကိုယ္က မေကာင္းဘူးလို႔ေျပာတာကို ၾကားခဲ့တယ္” ဟု ေလသံမာမာျဖင့္ ေျပာလာသည္။

ယန္ခ်ဳံးက ခ်က္ခ်င္း သူ႔ေက်ာ႐ိုးေတာင့္တင္းသြားသည္ကို ခံစားလိုက္ရၿပီး ေအးစက္ေသာ ေခြၽးမ်ား ထြက္လာကာ ထုံက်င္သြားသလို ခံစားလိုက္ရသည္။  မိုးႀကိဳးပစ္ခံလိုက္ရသလိုပဲ !

'အိုး မဟုတ္ဘူး!  ရွဲ႕ယြီက  ပဲေတြကို ဖိတ္ခဲ့တာလား? '

'ဒါက မေကာင္းေတာ့ဘူး'

ယန္ခ်ဳံးက အလိုလိုေျပးဖို႔ ႀကိဳးစားလိုက္တယ္။  ဒါေပမယ့္ သူ မတ္တပ္ထရပ္လိုက္ခ်ိန္မွာေတာ့ က်ိရွင္းလန္က သူ႔ကို ဗီ႐ိုနဲ႔ ကပ္လိုက္ၿပီး သူ႔လက္ေကာက္ဝတ္ေတြကို ႀကိဳးနဲ႔ ခ်ည္ေႏွာင္လိုက္ပါတယ္။

ေအးျမေသာေလႏုေအးက သူ႔အေရျပားကို တိုက္ခတ္လာေသာေၾကာင့္ သူ႔ေဘာင္းဘီက ေျခက်င္းဝတ္မ်ားထိ ျပဳတ္က်သြားသည္ကို ယန္ခ်ဳံး သေဘာေပါက္သြားေစသည္။

သူ႔ရဲ႕ ရွည္လ်ားလွေသာ ေျခသလုံးေတြက မရည္႐ြယ္ဘဲ တုန္လႈပ္သြားသည္။  အဲ့တာကအေအးေၾကာင့္လား ေၾကာက္လို႔လားဆိုတာကို  မည္သူမွ်မသိေပ။

သူ အံႀကိတ္ကာ ေခါင္းကို လွည့္ၿပီး သူ႔ေနာက္တြင္ ရပ္ေနေသာ လူကို ၾကည့္လိုက္သည္။  မ်က္ႏွာက်က္မီးက သူ႔ကို အျပင္ေလာက အလင္းတန္းတစ္ခုေအာက္မွာ ပစ္ခ်ခံထားရသလိုပဲ ။  ေခ်ာေမာလွပေသာ Alphaသည္ အေဆာတလ်င္ပင္ သူ႔လက္စြပ္မ်ားကို ေျပာင္ေျပာင္တင္းတင္း ခြၽတ္လိုက္သည္။  သူ႔ႏႈတ္ခမ္းေပၚမွ ခပ္ညစ္ညစ္ အၿပဳံးေၾကာင့္ ယန္ခ်ဳံးက ဒူးေထာက္လုနီးပါး ျဖစ္သြားသည္။

ဒါေပမယ့္ သူျပဳတ္မက်ခင္ က်ိရွင္းလန္က သူ႔ကိုဖမ္းၿပီး နား႐ြက္နားကို ေျပာလာတယ္   "ကိုယ့္ရဲ႕ဘယ္ဟာက မေကာင္းတာလဲ ? "

က်ိရွင္းလန္ရဲ႕ လွပေသာမ်က္ႏွာက နတ္သမီးတစ္ပါးျဖစ္ေသာ္လည္း သူ႔မ်က္လုံးထဲတြင္ အႏၲရာယ္ရွိေသာအၾကည့္က နတ္ဆိုးတစ္ေကာင္လိုျဖစ္ေနသည္။

" အဆင္ေျပတယ္ ?  ကိုယ္ကိုေျပာ ကိုယ့္ရဲ႕ဘယ္ဟာက မေကာင္းတာလဲ ?"

...........

T/N 1 : က်ိရွင္းလန္ ယန္ခ်ဳံးက သူ႔ကိုယ္ဝန္နဲ႔ ပတ္သက္ၿပီး မင္းသူ႔ကို လိမ္ညာေနမွန္း သိလာတဲ့အခ်ိန္အထိ မင္းေစာင့္႐ုံပါပဲ...

T/N 2- က်ိရွင္းလန္ကို သနားစရာေကာင္းစြာ ၾကည့္ေနသည္ (ရွဲ႕ယြီလို )






#26.9.2022

המשך קריאה

You'll Also Like

1.3M 94.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
327K 8.3K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
534K 44.1K 43
အချစ်ဆိုတာ တစ်သက်လုံးနေလာတဲ့ cool guy type ကြီးကနေ ခဏချင်း cute boy typeကိုပြောင်းသွားစေတာမျိုး
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...