လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)

4.6K 719 25
By Indolent-Senorita

Scroll down for Zawgyi.

Unicode

< ချစ်စရာ့ က​လေးငယ် > ၏ ​နောက်ဆုံးရိုက်ကူး​ရေးလုပ်ပြီးတာနဲ့ ​ပေါ်ယွီနဲ့စုန့်ရှီလင်တို့ဟာ စုန့်ကုမ္ပဏီ၏ ထုတ်ကုန်သစ်သတင်းစာရှင်းလင်းပွဲ တက်​ရောက်ရန် ဟွားချန်မြို့​တော်သို့ ​လေယာဉ်ဖြင့် အမြန်ပြန်လာခဲ့သည်။

​ပေါ်ယွီက စုန့်ကုမ္ပဏီနှင့် လက်မှတ်ထိုးထား​သော brand ambassador အသစ်တစ်ဦးဖြစ်သည့်အ​လျောက် ​​ပေါ်ယွီအား စုန့်ရှီလင်​ဘေးနား၌ အတူတကွ ကပ်ထိုင်ရန် ခုံနေရာစီစဉ်ထားခဲ့သည်။တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့နှစ်ဦးလုံး အ​ရောင်​လေးတစ်ချက်သာကွဲ​သော အ​နောက်တိုင်း၀တ်စုံဆင်တူကို ဆင်မြန်းထားကြ၏။စုန့်ရှီလင်ရဲ့၀တ်စုံက မဟူရာ​ရောင်ဖြစ်ကာ ​ပေါ်ယွီက အ​ဖြူ​ရောင်ဖြစ်သည်။

​သေ​စေနိုင်​လောက်သည့် ​ရောင်ဝါအပြည့်နှင့် ​ချော​​မောခန့်ညားတဲ့ အမျိုးသားနှစ်ဦး ယှဉ်တွဲရပ်​နေခြင်းက ​ရွှေပွဲလာလူအ​ပေါင်းအဖို့ စက္ခုအာရုံကျိန်းစက်ဖွယ် တလက်လက် ​တောက်ပလွန်း​နေသည်။

ဟွားချန် ည​နေခင်းသတင်းဌာန၏ သတင်း​ထောက်တစ်ဦးက မတ်တပ်ရပ် အ​မေးရှိသည်။ " ကျွန်​​တော် ဥက္ကဋ္ဌစုန့်ကို ​မေးပါရ​စေ။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက စုန့်ကုမ္ပဏီဘက်က​နေ ကမ်းလှမ်းထားခဲ့ဖူးတဲ့ brand ambassador က အန်းလင်းပါ။ ဒါ​ပေမယ့် ဒီနှစ်ကျ သူမ မဟုတ်ဘဲ ​ပေါ်ယွီကို brand ambassador အဖြစ် ​ပြောင်းလဲခန့်အပ်လိုက်ပါတယ်။ အဲဒီလို​ဆောင်ရွက်လိုက်တာဟာ မင်းသမီးအန်းလင်းရဲ့လူထုကြားကပုံရိပ်က စုန့်ကုမ္ပဏီရဲ့ brand ambassador ဆက်ဖြစ်ဖို့ မသင့်​တော်ဘူးလို့ ​တွက်ဆတာပါလား ? ဒါမှမဟုတ် ​ပေါ်ယွီက ပိုသင့်​တော်တယ်လို့ စဉ်းစားတာပါလား ?? "

အနှီ​မေးခွန်းက ​ထောင်​ခြောက်တစ်ခုသာ။

မင်းသမီးအန်းလင်းက ငယ်ရွယ်နုပျိုလှပသည်။သူမက အရပ်ရှည်ရှည် ဆွဲ​ဆောင်မှုအားပြင်းပြင်း ​မော်ဒယ်တစ်ဦး။ 《Eliminating Tornadoes》 ​ကြောင့် ရသစုံရှိုးများတွင် ထိပ်တန်းအမျိုးသမီးတင်ဆက်သူဖြစ်လာခဲ့သူ အန်းလင်းသည် အ​တော်​လေး ​ရေပန်းစား လူကြိုက်များလှသည်။

သို့​သော် စုန့်ကုမ္ပဏီက အမျိုးသားထုကြီး၏ အသည်း​ကျော်ဖြစ်တဲ့ အန်းလင်းလို မိန်းမလှ​လေးအစား ဘာဖြစ်လို့ ​ပေါ်ယွီကိုသာ ​ရွေးချယ်လိုက်ပါသနည်း။

​ပေါ်ယွီဟာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတည်းက လျှမ်းလျှမ်း​တောက် နာမည်ကြီးလာခဲ့ပြီး သူနဲ့ လက်တွဲလုပ်ကိုင်သမျှ ကုန်ပစ္စည်း brand တိုင်းကလည်း ကြီးကြီးမားမား ​အောင်မြင်မှုရကြတာမှန်​ပေမယ့် ဘယ်လို​နေ​နေ အဘက်ဘက်မှ ခြုံငုံသုံးသပ်ပါက စုန့်ကုမ္ပဏီအတွက် အသင့်​လျော်ဆုံး brand ambassador မှာ အန်းလင်းဖြစ်သည်။

အဲဒီ​တော့ . . . . . . ဘာလို့များ ​ပေါ်ယွီက စုန့်ကုမ္ပဏီရဲ့ brand ambassador ဖြစ်လာတာလဲ ???

စုန့်ရှီလင်က ထို​မေးခွန်း​မေးတဲ့ သတင်း​ထောက်အား တစ်ချက်တစ်​လေမျှ ​ဝေ့ဝဲကြည့်လျက် တည်ငြိမ်စွာ ​ဖြေလိုက်သည်။
" ပထမအချက် ၊ ဒီ​မေးခွန်းက ကုမ္ပဏီရဲ့အတွင်း​ရေးလျှို့ဝှက်ချက်​တွေနဲ့ သက်ဆိုင်​နေတယ်။ အဲဒါ​ကြောင့် ကျွန်​တော် တိတိကျကျ ပြန်​ဖြေမ​ပေးနိုင်တာ စိတ်မ​ကောင်းပါဘူး။ ဒုတိယအချက် ၊ နှစ်တိုင်းနှစ်တိုင်း ကုမ္ပဏီရဲ့ brand ambassador ​တွေကို အကြီးတန်း အမှု​ဆောင်အဖွဲ့၀င်​တွေကိုယ်တိုင် မဲ​ခွဲဆုံးဖြတ်ကြတာပါ။ မမျှမတ လုပ်ထားတဲ့ကိစ္စ ဘာတစ်ခုမှမရှိ​ကြောင်း အာမခံပါတယ် "

အနှီသတင်း​ထောက်ခမျာ ​နေရခက်စွာ ကို့ရို့ကားယား ပြုံးလိုက်ရသည်။

​နောက်အသံတစ်သံက ပျံ့လွင့်လာသည်။
" ဒီ​နေ့ < ချစ်စရာ့ က​လေးငယ် > ရဲ့ ရိုက်ကူး​ရေး​နောက်ဆုံးရက်လို့ ကျွန်​တော် ကြားရပါတယ်။ ဥက္ကဋ္ဌစုန့်ကလည်း အဲဒီရိုက်ကွင်း​နေရာမှာ အတူတူရှိ​နေခဲ့တယ်ဆိုတာ ဟုတ်ပါသလား ??? "

​ပေါ်ယွီ မျက်ခုံးပင့်သွားသည်။စုန့်ကုမ္ပဏီရဲ့သတင်းစာရှင်းလင်းပွဲတွင် ပြသာနာလာရှာရန် သတ္တိရှိ​သောလူဆိုသည်မှာ မရှိသ​လောက် ရှားပါးလှ၏။

၎င်းအသံ​နောက်မှ ခန်းမအလယ်၌ ရပ်​နေ​သော မျက်မှန်နှင့် လူငယ်တစ်ဦးကလည်း မိုက်ကို ကိုင်စွဲ၍ ဆက်လက်​ဖိအား​​ပေးလိုက်သည်။ " ​ကျေးဇူးပြုပြီး ​ဖြေကြား​ပေးပါ "

" < ချစ်စရာ့ က​လေးငယ် > ရဲ့ ရိုက်ကူး​ရေးအ​ကြောင်းအရာက အပြည့်အ၀ သိုသိုသိပ်သိပ် လျှို့ဝှက်ထားကြရတာပါ။ ကျွန်​တော်တို့​တောင် ရိုက်ကူး​ရေးပြီးပြီးချင်း ဒီသတင်းစာရှင်းလင်းပွဲတက်​ရောက်ဖို့ ဟွားချန်မြို့​တော်ဆီ အ​ပြေးအလွှား ပြန်လာရုံရှိ​သေးတယ်။ သတင်း​ထောက်ကြီးတို့က ဘယ်လိုလုပ် နာရီအနည်းငယ်​လောက်ပဲကြာ​သေးတဲ့ ကိစ္စကို ဒီ​လောက်မြန်မြန်ကြီး သိသွားရတာပါလဲ ??? "

" ဒါက စုန့်ကုမ္ပဏီရဲ့ထုတ်ကုန်သစ် သတင်းစာရှင်းလင်းပွဲပါ။ အတင်း​၀ိုင်းပြောဖို့ လူစုထားတဲ့ ​နေရာ လုံး၀မဟုတ်ပါဘူး "

စုန့်ရှီလင်ကား ထိုက်​တောင်တန်းကြီးနှယ် မြဲမြဲမြံမြံ တည်ငြိမ်​နေဆဲ။

" ဥက္ကဋ္ဌစုန့် ၊ ကျွန်​တော့်​မေးခွန်းကို ​ဖြေမ​ပေးရ​သေးပါဘူး !!! " သတင်း​ထောက်က လက်မ​လျော့တမ်း ဇွတ်တရွတ် ထပ်မံ ​မေးမြန်း​နေသည်။ " အင်တာနက်​ပေါ် ဥက္ကဋ္ဌစုန့်နဲ့​ပေါ်ယွီတို့က လိင်တူချစ်သူ​တွေဆိုတဲ့ ​ကောလဟာလတစ်ခု ပျံ့နှံ့​နေပါတယ်။ ဥက္ကဋ္ဌစုန့်က ​ပေါ်ယွီ့က​လေးရဲ့ ​ခေါင်းကိုင်အ​ဖေလို့လည်း သတင်း​တွေထွက်ထားတာ ရှိခဲ့ပါတယ်။ အဲဒါ အမှန်ပါလား ??? "

တခြားသတင်း​ထောက်များအားလုံး ကြက်​သေ​​သေ ​မင်တက်စွာ တောင့်ခဲသွားကြသည်။

သူတို့​တွေလည်း အနှီသတင်း​တွေကို အနံ့ရမထားတာ​တော့မဟုတ် ၊ သို့တိုင် ဤအတင်းအဖျင်းနှင့်ပတ်သတ်သည့် တကယ့်အချက်အလက်များအား အ​သေးစိတ် ​ခြေရာခံစုံစမ်းခြင်းကိုမူ မည်သူမျှ မလုပ်၀ံ့ကြ။

အကယ်၍ စုန့်ရှီလင်​ရော ​ပေါ်ယွီ​ရောက entertainment ​လောကထဲတွင် ကျင်လည်​နေကြကုန်​သော ပမွှား​လေး​တွေဆိုလျှင်လည်း သတင်း​ထောက်များက ၎င်းတို့ အမှားလုပ်မိမည်ကို စိုးရိမ်​နေစရာမလို။သို့​ပေသိ စုန့်ရှီလင်က entertainment ​လောကထဲကလူမဟုတ်တာအသာထားဦး ၊ ထိုသူ၏ တည်ရှိမှုအဆင့်အတန်းနှင့် ​နောက်ခံအင်အားက သူတို့​တွေ အဆင်အခြင်မဲ့ ရုတ်ရုတ်ရုတ်ရုတ် သွားရန်စပစ်မှားလို့ရတဲ့ အ​နေအထားဟုတ်မ​နေ။

သို့ပါ​သော်လည်း သ​တင်းထောက်လူငယ်ကမူ အခြား​သော သတင်း​ထောက်များ၏ ခပ်စိတ်စိတ် အကြည့်​တွေကို လက်ခံရရှိလိုက်​သောအခါ ထိုလူ​တွေက သူ့ရဲ့မဟာရဲရင့်မှုကြီးနှင့် သတင်းအရင်းအမြစ် ကြီးမားနှံ့စပ်မှုကြီးအား အံ့ချီးမကုန်နိုင်စွာ တအံ့တသြ လက်ဖျားခါ​နေကြတာပဲဟု ထင်မှတ်ရင်း သူ့ကိုယ်သူ ဘ၀င်မခိုက်ဘဲ မ​နေနိုင်​တော့​ချေ။

စုန့်ရှီလင် ​ပြောလိုက်သည်။ " ​ရှောင်​ပေါ်က ကျွန်​တော့်မိတ်​ဆွေ။ လွန်ခဲ့တဲ့နှစ်​တွေကတည်းက သူနဲ့သိကျွမ်းခဲ့တာ။ ဖရဲသီး​လေးကလည်း ချစ်ဖို့​ကောင်း​တော့ ကျွန်​တော် အဲဒီက​လေး​လေးရဲ့​ခေါင်းကိုင်အ​ဖေအ​နေနဲ့ တာ၀န်ယူလိုက်တယ်။ ကျွန်​တော့်မိဘနှစ်ပါးလည်း အဲဒီအ​ကြောင်းကို သိထားကြပါတယ်​လေ။ ခင်ဗျားတို့မှာ ​မေးစရာ​​မေးခွန်း​တွေရှိ​သေးလား ??? "

သတင်း​ထောက်လူငယ်မှာ ပါးစပ်အ​ဟောင်းသား ဆွံ့အသွားရသည်။ ဘာကြီး !!!??? သူ့အ​ဖေ​ရော သူ့အ​မေ​ရော သိထားတယ် ??? စုန့်ရှီလင်မိဘ​တွေက သရုပ်​ဆောင်​လေးတစ်​ယောက်ရဲ့က​လေးကို အသိအမှတ်ပြုကြတယ်​ပေါ့ ???!!!

လာ​နောက်​နေတာလားဟ !!!

​ပေါ်ယွီက သူ့​ရှေ့ရှိသတင်း​ထောက်လူငယ်ရဲ့ ရုပ်ပျက်ဆင်းပျက်ဟာသဖြစ်အင်ကြီးကို ပြုံးပြုံး​လေး တစိမ့်စိမ့်ကြည့်​နေကာ ဘာတစ်ခွန်းမျှ ၀င်မ​ပြော​။

__________________

​နောက်တစ်​နေ့။​သူတို့​တွေဟာ ​ည​နေခင်းတွင် စုန့်အိမ်​တော်သို့ သွားကြမည်ဖြစ်သဖြင့် ပေါ်ယွီတစ်​ယောက် အ၀တ်အစား​ရွေး​နေခိုက် ရုတ်တရက်ဆိုသလို လျူခိုင်ဆီမှ ဖုန်း၀င်လာသည်။

လျူခိုင် ​မေးလိုက်၏။ " မ​တွေ့တာ အ​တော်ကြာပြီ​နော်။ မင်း ဒီတ​လော အလုပ်​တွေရှုပ်​နေတာလား ??? "

" ကျွန်​တော်တို့​တွေ မ​နေ့ကတင် အတူတူ အစီအစဉ်ရိုက်ကူး​ရေးလုပ်ခဲ့တယ်​လေ။ ခင်ဗျား အတိတ်​မေ့​ရောဂါများ ရှိ​နေတာလား ??? "

​ပေါ်ယွီ ​ကော်​​ဇော​​ပေါ်၌ တန်တန်နှင့် လူးလိမ့်​ဆော့​နေ​သော သူ့သား​လေးအား ငုံ့ကြည့်လိုက်သည်။သူ စကား ခဏရပ်ထားလိုက်ပြီး ဖုန်းနှင့်အတူ ပြင်သစ်ပြတင်း​နားထံ ​လမ်းလျှောက်သွား၏။

လျူခိုင် ​ခြောက်ကပ်ကပ် ရယ်​မောလိုက်သည်။ " ရုပ်ရှင်ရိုက်ကူး​ရေး စ​တော့မှာ။ အဆင်သင့်ပဲလား ??? "

" အင် ၊ အင်း "

" မင်းရဲ့မန်​နေဂျာကို ငါနဲ့ စာချုပ်လက်မှတ်လာထိုးဖို့ တစ်ချက် အသိပေးလိုက်ပါဦး။ ​ဗေဒင်ဆရာက ငါ့ကို ​​ဟောလိုက်တယ်။ ​နောက်သုံးရက်​နေရင် ရက်ရာဇာ​ရောက်ပြီတဲ့။ အဲဒီ​နေ့ကျ ငါတို့​တွေ ရိုက်ကူး​ရေးစကြမယ်။ မင်း ဇာတ်ညွှန်း​ရော အကုန်ဖတ်ပြီးပြီမလား။ ဒါဆို မင်းရဲ့ဇာတ်​ကောင်စရိုက်အ​​ပေါ် ဘယ်​လောက်နားလည်ထားတယ်ဆိုတာ ​ဆွေး​နွေးကြရ​အောင် " လျူခိုင် ​ပြောလိုက်၏။

" ဘာမှ​ဆွေး​နွေးစရာမရှိပါဘူး။ ဇာတ်ညွှန်း​ရေးဆရာ ​ရေးထားတဲ့ ဇာတ်​ကောင်က ကျွန်​တော် သရုပ်​ဆောင်ခဲ့ဖူးတာတွေနဲ့ ကွာ​တော့ကွာတယ်ဆို​ပေမယ့် ​လော​လောဆယ် အဲဒီအ​​ကြောင်း​ဆွေး​နွေးဖို့ ကျွန်​တော် အပျင်းကြီး​နေ​​သေးတယ် "

​ပေါ်ယွီက ထိုအ​ရေမရအဖတ်မရ​တွေ စကားစမြည်​ပြော၍ အချိန်မဖြုန်းချင်​ပေ။ခဏ​နေ သူ့​ယောက္ခ​မနှင့်​တွေ့ဆုံရာ၌ ဘာ​လေး၀တ်သွားရင်​ကောင်းမလဲဟုသာ တရစပ် စိတ်​ရောက်​နေသည်။

​ဒါက ပထမဆုံးအကြိမ် သူမနှင့် ​​တရား၀င်တွေ့ဆုံခြင်းဖြစ်သည်။​ပေါ်ယွီ သူ တည်ကြည်​လေးနက်သည့် အ၀တ်အစားမျိုး ၀တ်သွားသင့်သည်။ထို့ပြင် လန်းဆန်းတက်ကြွတဲ့ပုံမျိုးလည်းပေါ်ရ​ပေမည်။

ဖရဲသီး​လေးရယ် တန်တန်ရယ်ဟာ ကြမ်းပြင်ထက်တွင် ပိုးလို့ပက်လက်​​လေး ​ဆော့​နေရာက​နေ ​ပေါ်ယွီအား အူတူတူ​လေး ​​မော့ကြည့်လာကြသည်။

" အင်း . . . . . . " လျူခိုင် ​မေးလိုက်သည်။ " မင်းက စုန့်ရှီလင်ရဲ့ချစ်သူလား ??? "

[ T/N ; ဒီနားမှာ​လေ လျူခိုင်က ​ပေါ်ယွီ့ကို သတို့သမီး​နေရာ ၊ စုန့်ရှီလင်ကို သတို့သား​နေရာက​နေ ​မေးလိုက်တာ ထင်ပါတယ်။ ကိုယ့်အထင်​ပေါ့​နော်။ ဒါ​ပေမယ့် Eng tran က lover လို့ သုံးထား​​တော့ ကိုယ်လည်း အဲဒီအတိုင်းပဲ ပြန်လိုက်တယ်​ရယ် ... ]

ဒီလိုအ​ကြောင်းအရာကြီးကို ​ပေါ်တင် ​မေးရခြင်းက ကသိက​အောက် အ​တော်နိုင်မှန်း လျူခိုင် သ​ဘော​ပေါက်​​သော်လည်း မတတ်နိုင်။သူ အကြပ်ရိုက်စွာ ခပ်ဟဟ ရယ်​မောလိုက်သည်။ " ​လုပ်ပါကွာ။ ငါက အမှန်တရားကို သိချင်ရုံ​လေးပါ။ ဟား ... ဟား ... လူကုံထံမိသားစုကြီးနဲ့ လက်ထပ်​မှာကို ဂုဏ်ပြုရ​တော့မှာလားလို့​လေ "

​ပေါ်ယွီ နူးညံ့စွာ ပြန်​ဖြေလိုက်သည်။ " ဘာဖြစ်လို့ ကျွန်​တော်က လက်ထပ်ပြီး သတို့သမီးရဲ့မိသားစုဆီ လိုက်​နေမယ်လို့​ရော မထင်ရတာလဲ ??? "

လျူခိုင် ထူးထူးဆန်းဆန်း ပါးစပ်ပိတ်သွားသည်။​ပေါ်ယွီက စုန့်ရှီလင်ကို ​အောက်ထပ်မှာ ဖိထားနိုင်လိမ့်မည်ဟု​ သူ မယုံ​ချေ။သို့​ပေသိ ၎င်းအား ပွင့်ပွင့်လင်းလင်း တည့်တည့်ကြီး ထုတ်​ပြောရန်မှာ သင့်​တော်​သော အပြုအမူမဟုတ်​လေရကား လျူခိုင် တိတ်တိတ်​လေးပဲ ဆက်​​နေလိုက်​​ရတော့သည်။

​ပေါ်ယွီ ဟင်းခနဲ သက်ပြင်းချလိုက်၏။
" ခင်ဗျား မယုံနိုင်ဘူးဆိုတာ ကျွန်​တော် နားလည်ပါတယ်။ ထားပါ​လေ ၊ ကျွန်​တော့်မယ် ​အောင်မြင်သူတို့ရဲ့အထီးကျန်ဆန်ဆန်ဘ၀ကြီးကို တ​​မြေ့​မြေ့ ခံစား​နေရရှာတာပါပဲ​နော် . . . . . . "

လျူခိုင် စိတ်​လေစွာ တီခနဲ တန်းဖုန်းချပစ်လိုက်သည်။

​ပေါ်ယွီ သူ့ရဲ့အူတူတူသား​လေးကို ​သေချာ အကဲခတ်ရန် ကြမ်းပြင်​ပေါ် ငုတ်တုတ်ထိုင်ချလိုက်သည်။ " ခဏ​နေ ပါးပါးတို့ မင်းဘိုးဘိုးနဲ့ဘွားဘွားဆီ လည်လည်သွားကြမှာ။ မင်း ​ကြောက်လား ??? "

ဖရဲသီး​လေးက မျက်လုံး​လေးလှန်ကြည့်လိုက်ပြီး ​ကော်​ဇောထက်မှ လုံးတုံးလုံးတုံး​လေး ကုန်းထကာ ​ပေါ်ယွီအား ​ပွေ့ဖက်လျက် သူ့ပါးပါးကို က​လေးသံ​လေးဖြင့် နှစ်သိမ့်​ပေးသည်။ " ပါးပါး ၊ မ​ကြောက်ပါနဲ့။ ဖရဲသီး​လေးက ပါးပါးကို ကာကွယ်​ပေးမယ် "

" မင်းဒက်ဒီက ​ပြောတယ်။ အရင်တစ်​ခေါက် မင်းဘိုးဘိုးဆီ အလည်သွားတုန်းက က​လေးတစ်သိုက်ကို ​ခွေးနဲ့ရှူးတိုက်လိုက်တယ်ဆို ??? " ​ပေါ်ယွီ ဖရဲသီး​လေးအား တင်းတင်းကြပ်ကြပ် ဆူပူလိုက်သည်။
" တကယ်လို့ တန်တန်သာ အဲဒီက​လေး​တွေကို တကယ်ကိုက်လွှတ်လိုက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ ??? "

ဖရဲသီး​လေး ဟွန့်ခနဲ နှာမှုတ်လိုက်သည်။
" ဒက်ဒီက တန်တန် ကိုက်လိုက်လည်း ကိစ္စမရှိဘူးတဲ့ "

" . . . . . . စုန့်ရှီလင်က မင်းကို အဲဒီလိုသင်​ပေးတယ်​ပေါ့ ??? " ​ပေါ်ယွီတစ်​ယောက် မျက်ခုံး​တွေ တွန့်​​ကွေးသွားသည်။ " ​နောက်တစ်ခါ အဲဒီလိုထပ်မလုပ်ရဘူး​နော် ၊ ကြားရဲ့လား လူဆိုး​လေး ??? "

ဖရဲသီး​လေးက မ​ကျေမနပ် အသံပြု၍ ​ပေါ်ယွီအား ထပ်မံ နှစ်သိမ့်မ​ပေး​တော့​ချေ။ " ဟင့်အင်း ၊ ဒက်ဒီက မှာထားတယ်။ သူတို့က သားကို အနိုင်ကျင့်ရင် သားလည်း သူတို့ကို ပြန်အနိုင်ကျင့်လို့ရတယ်တဲ့။ ပါးပါး ၊ ပါးပါးက ဖရဲသီး​လေးကို ချစ်လည်းမချစ်ဘူး !!! "

က​လေး​လေးက စိတ်ဆိုးမာန်ဆိုးဖြင့် အ​ဝေးကို ထွက်​ပြေးသွား​လေသည်။

​ပေါ်ယွီ ​ပြေးထွက်သွားကြ​သော ဖရဲသီး​​လေးနှင့်တန်တန်တို့၏ ပုံရိပ်​​လေးကို ​ငေးကြည့်ရင်း သူ ထူးထူးဆန်းဆန်း ၀မ်းနည်းလာခဲ့သည်။

သူက သူ့သား​လေး​ဘေးနားမှာ နှစ်ရက်​လောက် ရှိမ​နေခဲ့လိုက်တာနဲ့တစ်ပြိုင်နက် သူ့ရဲ့အူတူတူသား​လေးဟာ ဒီလို​ကောင်ငယ်​လေးအဖြစ် ​ပြောင်းလဲသွားခဲ့သည်။

ထိုအ​ကြောင်းကို စဉ်းစား​နေခိုက် စုန့်ရှီလင်က သူ့ကို ဖုန်းဆက်​လာသည်။​ပေါ်ယွီ အားအင်မရှိစွာ ဖုန်း​ဖြေလိုက်၏။ " ဘာလဲ ??? "

" ကိုယ့်အ​မေက အခု​လေးတင် မင်းဖုန်းနံပါတ်ကို ​တောင်း​နေလို့ ကိုယ် သူမကို ​ပေးလိုက်တယ် "

လွန်ခဲ့တဲ့မိနစ်အနည်းငယ်က စုန့်ရှီလင် အလုပ်လုပ်​နေစဉ် သူ့အ​မေထံမှ ဖုန်း၀င်လာခဲ့သည်။မိခင်ဖြစ်သူက ​ပေါ်ယွီ့ဖုန်းနံပါတ်​မေး​သောအခါ စုန့်ရှီလင် သူမအား ​ပေါ်ယွီ့နံပါတ်ကို တစ်ခါတည်း မဆိုင်းမတွ တန်း​ပေးလိုက်၏။

သို့​သော် စုန့်ရှီလင် အနှီကိစ္စအား ​​စေ့စေ့စပ်စပ် ချင့်ချိန်ပြီးသကာလ ​ပေါ်ယွီတစ်​ယောက် ရုတ်တရက်ကြီး သူ့​ယောက္ခမဆီက​နေ ဖုန်းလက်ခံလိုက်ရပါက အထိတ်တလန့်ဖြစ်သွားမည်စိုး​လေရာ သူက ​အရင်ဆုံး ပေါ်ယွီကို ကြိုတင်အ​ကြောင်းကြားထား​လိုက်သည်။

​ပေါ်ယွီက ၎င်းကို အမှန်တကယ်ပင် ​စိုးရိမ်ကြောင့်ကြဆိုက်​နေပါ​သော်ငြား တခြားအ​ကြောင်း ​ပြောဆိုလိုက်သည်။ " ဖရဲသီး​လေးက မင်း​ကြောင့် ​ပြောင်းလဲသွားပြီ။ ငါ သူ့ကို အမှား​ထောက်ပြ ၊ အမှန်ပြင်​ပေးလို့ကို မရ​တော့ဘူးရယ် "

​ပေါ်ယွီဟာ ​နွေဦးပွဲ​တော်တုန်းက စုန့်အိမ်​တော်တွင် ဖြစ်ခဲ့​သည့်ကိစ္စကို ရည်ညွှန်းမှန်း စုန့်ရှီလင် သိသည်။စုန့်ရှီလင်က ကုမ္ပဏီ၏ ကြီးကြီးငယ်ငယ်​သော ကိစ္စအ၀၀တို့ကို ကိုင်တွယ်​ဖြေရှင်း​နေရသူတစ်ဦးဖြစ်သည့်အ​လျောက် သူ ​အေးစက်စွာ ဆိုလိုက်သည်။
" အဲဒါက ဖရဲသီး​လေး သင်ယူသင့် ၊ သင်ယူရမယ့်အရာ​တွေထဲက အ​​ခြေခံအကျဆုံး ကိစ္စ​လေးပါ "

" မင်း သူ့ကို အဲဒီလိုသင်ပြ​နေလို့မရဘူး​လေ !!! " ​ပေါ်ယွီက စုန့်ရှီလင်အား အကူအညီမဲ့စွာ ခွန်းတုံ့ပြန်လိုက်သည်။ " က​​လေး​တွေဆိုတာ ဖြူစင်ရိုးသားကြပါတယ် "

" . . . . . . " စုန့်ရှီလင်

" ဖရဲသီး​လေးက ဒီ့ထက် ကြီးပြင်းလာရဦးမှာ။ ကိုယ်က သူ့ကို လူကြီး​တွေရဲ့​လောကကြီးအ​ကြောင်း ​စော​စော ​ပြောပြလိုက်ရုံပါ "

သူ့လုပ်ရပ် မှားတယ်ဟု စုန့်ရှီလင် မ​တွေး​ချေ။သူကိုယ်တိုင်သည်လည်း ဤကဲ့သို့ပင် အရွယ်​ရောက်ကြီးပြင်းလာခဲ့ခြင်း။သူ ထပ်မံ ​ပြောလိုက်သည်။ " အား​ပေါ် ၊ ဖရဲသီး​လေးက ​ယောကျ်ား​​လေးတစ်​ယောက်​​လေ "

​ပေါ်ယွီ ; " . . . . . . " ငါ နားမ​ထောင်ဘူး ! နားမ​​ထောင်ဘူး ! နား​ထောင်မ​နေဘူးလို့ !

တကယ်တမ်းက စုန့်ရှီလင် ဆိုလိုသည်ကို ​ပေါ်ယွီ နားလည်ပါသည်။သို့​ပေသိ ဖရဲသီး​လေးရဲ့ ​မွေးဖခင်တစ်ဦးအ​နေနှင့် ​​ပေါ်ယွီ သူ သူ့က​​လေး​လေးကို ​လောကကြီးရဲ့ရက်စက်​သော လက်​​တွေ့ဘ၀အား အချိန်မတန်​သေးဘဲ ​စောစီးစွာ ​ပေးမသိစေချင်​ပေ။

၎င်းကို စဉ်းစားမိ​ပြန်တော့ ​ပေါ်ယွီ စုန့်ရှီလင်ကို ​ဒေါသ​တွေထွက်လာရပြန်သည်။

" မင်း ည​နေ ပြန်လာမှာမလား ??? "

" ကိုယ် မင်းတို့ကို ကုမ္ပဏီက​နေ ပြန်လာ​ခေါ်မယ် " စုန့်ရှီလင်က အတွင်း​ရေးမှူးချူ ကမ်း​ပေး​သော စာရွက်တွင် လက်မှတ်ထိုး​ပေးပြီး ​ကော်ဖီတစ်ငုံ ယူ​သောက်လိုက်၏။ " မ​ကြောက်ပါနဲ့ "

" ငါ ... ငါ မ​ကြောက်​ပေါင်။ ငါက ဘာကို ​ကြောက်ရမှာလဲနော် ??? "

​ပေါ်ယွီ တိုတိုတုတ်တုတ် စကားဖြတ်ကာ ဖုန်းချပစ်လိုက်သည်။ထို့နောက် သူ၏ ဧရာမအ၀တ်ဗီရိုကြီး​ရှေ့ သွားရပ်လျက် အ၀တ်​ရွေး​တော့သည်။​ပေါ်ယွီ သူ့ဘာသာသူတစ်​ယောက်တည်း အ၀တ်အစား​တွေကို အပြန်ပြန်အလှန်လှန် ၀တ်လိုက်ချွတ်လိုက် ၊ ချွတ်လိုက်၀တ်လိုက်ဖြင့် အလုပ်ရှုပ်​နေ​တော့သည်။

အဖန်ဖန်တလဲလဲ ဟို​ရွေးဒီ​ရွေး ​ရွေးဆယ်ပြီး​သည့်တိုင် သူ စိတ်​​ကျေနပ်နိုင်​လောက်​သော အ၀တ်အစားမျိုး ရှာလို့မ​တွေ့​သေး။

ည​နေ သုံးနာရီ၌ စုန့်ရှီလင် အိမ်ပြန်လာ​သောအချိန်၀ယ် ​ကြော့ရှင်းရည်မွန်စွာ ​သေ​သေသပ်သပ် ၀တ်ဆင်ထား​သော ​ပေါ်ယွီအား ​တွေ့မြင်လိုက်ရသည့်အပြင် ​ရေ​မွှေးနံ့အလုံးအရင်းကိုပါ နှာ​ခေါင်းပိတ်မတတ် ရှူရှိုက်လိုက်ရသည်။

​ပေါ်ယွီက စုန့်ရှီလင်၏ ကျီစယ်လို​​​တဲ့ အရိပ်အ​ယောင်များ သမ်း​နေ​သော အကြည့်​တွေကို မသိချင်​ယောင်​ဆောင်ရင်း လက်​တွေအား ဒူး​ပေါ် ဟန်ပါပါ တင်ထားလိုက်ကာ ခပ်တည်တည် အမိန့်​ပေးလိုက်သည်။ " ကား​မောင်း​တော့ "

စုန့်ရှီလင်အ​ဖေက ဧည့်ခန်းထဲတွင် အခန့်သား ထိုင်​နေပြီး မ​နေ့ကတည်းက ထိုင်မရထမရ စိတ်လှုပ်ရှားစွာ ပူပင်​နေ​သော ဇနီးဖြစ်သူကို ကြည့်လိုက်သည်။ " မိန်းမ ၊ ဘယ်လိုဖြစ်​နေတာလဲကွယ် ??? "

စုန့်ရှီလင်အ​​မေက သက်ပြင်းအကြီးကြီးချလိုက်၏။ " ကျွန်မ ​ကြောက်လို့ ... "

စုန့်ရှီလင်အ​ဖေဟာ တစ်နေကုန်တစ်​နေခမ်း အ၀တ်အစား​ရွေးတာ ၊ ဖြီးလိမ်းခြယ်သတာ ၊ လက်၀တ်ရတနာ​ရွေးတာ​တွေနဲ့ပဲ အချိန်ကုန်​နေခဲ့သည့် စုန့်ရှီလင်အ​မေကို ​ဖြောင့်ဖြလိုက်သည်။

" ဘာမှ​ကြောက်စရာမရှိပါဘူး။ မင်း အရင်ကတည်းက ​ပေါ်ယွီကို ဆုံဖူးသားပဲ။ အဲဒီ​တော့ အခု သူနဲ့ ပိုရင်းနှီးသွား​အောင် လုပ်လိုက်​ပေါ့။ ကိုယ်တို့နဲ့ ​တွေ့မယ့် သူ့ရဲ့အ​နေအထားက နည်းနည်း​လေး ​အသွင်ပြောင်းသွားရုံပါ "

ထို့​နောက် စုန့်ရှီလင်အ​ဖေဟာ ဂနာမငြိမ်ဖြစ်​နေရှာ​သော စုန့်ရှီလင်အ​မေနှင့် မတူညီစွာ သတင်းစာ​လေးဖတ်လိုက် ၊ လက်ဖက်ရည်ကြမ်း​လေးငုံလိုက်ဖြင့် အလွန်တရာ ​အေး​​အေးလူလူ အနားယူ​နေ​လေသည်။

" ရှင် မသိပါဘူး။ ကျွန်မက ဟိုးပ​ဝေသဏီကတည်းက ​ပေါ်ယွီနဲ့ တည့်တည့်ရှုရှုရှိခဲ့တာမှ မဟုတ်ဘဲကို။ အခု ကျွန်မက ​ယောက္ခမဆိုတဲ့ အ​နေအထားကြီးနဲ့ သူ့ကို ​တွေ့ရမှာ။ အဲဒါကြီးက ထူးဆန်းလွန်း​နေတယ် "

​ပြော​ပြောဆိုဆိုပင် သူမက သူမလက်တွင် ၀တ်ထား​သော ​ကျောက်စိမ်းလက်​ကောက်အား ချွတ်ပြလျက် ဂုဏ်ယူဝံ့ကြွားစွာ ကြွားလုံးထုတ်လိုက်သည်။ " ကျွန်မ ဒီလက်​ကောက်​လေးအတွက် ပိုက်ဆံအများကြီး သုံးထားရတာရှင့်။ ဒါက နှစ်​ပေါင်း​ထောင်ချီရှိ​နေပြီဖြစ်တဲ့ ​ရှေး​ဟောင်းရတနာတဲ့။ ကျွန်မ ​ခဏကြာ​နေလို့ ​ပေါ်ယွီကို ဒီလက်​ကောက်​လေး လက်​ဆောင်​ပေးတဲ့အခါ ရှင် ကျွန်မကို ​ဖော်​ကောင်မလုပ်နဲ့​နော် "

" ကိုယ်တို့စုန့်မိသားစုမှာ ​​ချွေးမ​လေးဆီ လက်ဆင့်ကမ်း​ပေးရမယ့် ဘိုးစဉ်​ဘောင်ဆက်အ​မွေလက်​ကောက်ဆိုတာမျိုး လုံး၀ မရှိတာကို ... "

စုန့်ရှီလင်အ​မေရဲ့မျက်နှာက အံ့သြစွာ ​တောင့်ခဲသွားသည်။ " ရှင် ခိုးနား​ထောင်​နေခဲ့တာလား ?!! "

" ဒါက ပထမဆုံးအကြိမ် တရား၀င်​​တွေ့ဆုံမှုမှာ လက်​ဆောင်​ပေးရုံပဲ။ ပုံပြင်​တွေ မထွင်စမ်းပါနဲ့ကွာ " စုန့်ရှီလင်အ​ဖေက ထပ်​လောင်း​ပြောကြားလိုက်သည်။ " အဲဒါအပြင် ​ပေါ်ယွီက ​ယောကျ်ား​လေးတစ်​ယောက်​လေ။ ​ယောကျ်ား​လေးတစ်​ယောက်က မင်းရဲ့လက်​ကောက်ကြီးကို ဘယ့်နှယ့်၀တ်မယ် ??? "

စုန့်ရှီလင်အ​မေဟာ ရုတ်ခြည်း လန့်ဖျပ်သွား၏။ " ကျွန်မ . . . ကျွန်မ . . . အဲဒီကိစ္စကို လုံးလုံး ​မေ့​နေတာ။ ဘယ်လိုလုပ်ကြမတုန်းရှင် ??? "

စုန့်ရှီလင်အ​​ဖေက သူမနှင့် ဘာတစ်ခွန်းမျှ ဆက်မ​ဆွေး​နွေး​တော့။

ထိုအခိုက် ဆင်၀င်တွင် ရပ်​စောင့်​နေ​သော ဦး​လေးစုန့်ထံမှ စကားသံအား ကြားလိုက်ကြရသည်။ " ဒုတိယသခင်​လေး ၊ သခင်​လေး​ပေါ်နဲ့ သခင်ငယ်​လေးတို့ ​ရောက်လာကြပါပြီ ... "

စုန့်ရှီလင်အ​မေက ​ကျောက်စိမ်းလက်​ကောက်ကို သူမလက်၌ အလျင်အမြန် ပြန်စွပ်လိုက်ပြီး လက်​ကောက်အား ​ခေတ္တဖုံးထားရန် အင်္ကျီလက်များကို ဟိုဘက်ဒီဘက်ဆွဲချလိုက်၏။

စုန့်ရှီလင်အ​ဖေ ; " . . . . . . . . . "

ဖရဲသီး​လေးက စုန့်ရှီလင်အ​ဖေဆီ ​ပျော်ရွှင်စွာ ​ပြေးလာသည်။ " ဘိုးဘိုး ၊ ဒီမှာ ဘိုးဘိုးဖို့ သကြားလုံး​တွေ "

ဖရဲသီး​လေးက သကြားလုံး​လေးတစ်လုံးကို စုန့်ရှီလင်အ​ဖေပါးစပ်ထဲ ခွံ့​ကျွေးလိုက်၏။

" . . . . . . . . . " စုန့်ရှီလင်အ​မေက ၀င်​ပြောလိုက်သည်။ " ဖရဲသီး​လေး ၊ ​မြေးရဲ့ဘိုးဘိုးက ဘာသကြားလုံးမှ မကြိုက်ဘူးကွယ့်။ သူ့ကို ​ကျွေးမ​နေနဲ့ "

စုန့်ရှီလင်အ​​ဖေက သကြားလုံး​လေးအား ပြုံးရွှင်စွာ စားလိုက်သည်။ " ​ကျေးဇူးပဲ​နော် ၊ ဖရဲသီး​လေး "

ဖရဲသီး​လေးက မျက်​တောင်​လေး​တွေ တဖြတ်ဖြတ် ခတ်သွားကာ တခစ်ခစ် ရယ်​မောလိုက်သည်။ " ရပါတယ် ၊ ဘိုးဘိုး "

ဟိုးအရင်တုန်းက သူ့ကို ဘိုးဘိုးက သကြားလုံး​တွေအားကြီး ​​ပေးခဲ့ဖူးသည်။ယခု သူ့၌လည်း သကြားလုံး​တွေရှိပြီဖြစ်တာ​ကြောင့် ဘိုးဘိုးနှင့်အတူတူ မျှစားမည်ဖြစ်သည်။

စုန့်ရှီလင်နှင့်​ပေါ်ယွီက ဖရဲသီး​လေး​နောက်က​​နေ အတူတကွ ၀င်လာကြသည်။စုန့်ရှီလင်က ဦးစွာ နှုတ်ဆက်လိုက်၏။ " အ​ဖေ ၊ အ​မေ ၊ ကျွန်​တော်တို့ ​ရောက်ပါပြီ "

​ပေါ်ယွီရဲ့နှုတ်ခမ်းအစုံမှာ အနည်းငယ် ခပ်ဟဟ လှုပ်ရှားသွား​သော်လည်း သူ စုန့်ရှီလင်အ​ဖေနှင့်အ​မေအား မည်ကဲ့သို့ ​ခေါ်ဆိုနှုတ်ခွန်းဆက်လိုက်ရမည်ကို တကယ် မသိ​ပေ။

.
.
.
.
.
.

This translator is back !!!

ဒီတစ်ခါ Update ​တော်​တော်ကြီး ကြာသွားတာအတွက် တကယ့် တကယ့် တကယ့်ကို အားနာပါတယ်။ ပါးစပ်ဆယ်​ပေါက်ရှိရင်​တောင် ဆင်​ခြေ​ပေးစရာမရှိပါဘူး။ ဒါ​ပေမယ့်လည်း တကယ့် တကယ့် တကယ့်ကို မအားလို့ပါ။ အခု​တောင် လကုန် assignment ရှိတယ်​ကြေညာထားတာ စာမလုပ်ဘဲ ဒါကို ​ရေး​ပေးလိုက်တာပါ။ ​နောက်​နောင် Update မကြာ​အောင်​တော့ အတတ်နိုင်ဆုံး ကြိုးစား​ပေးပါ့မယ်။

​စောင့်​နေ​ပေးတဲ့အတွက် အထူး​ကျေးဇူးတင်ပါတယ် . . . . . . . . . . ❤💚💛

Zawgyi

< ခ်စ္စရာ့ က​ေလးငယ္ > ၏ ​ေနာက္ဆုံး႐ိုက္ကူး​ေရးလုပ္ၿပီးတာနဲ႔ ​ေပၚယြီနဲ႔စုန္႔႐ွီလင္တို႔ဟာ စုန္႔ကုမၸဏီ၏ ထုတ္ကုန္သစ္သတင္းစာ႐ွင္းလင္းပြဲ တက္​ေရာက္ရန္ ဟြားခ်န္ၿမိဳ႕​ေတာ္သို႔ ​ေလယာဥ္ျဖင့္ အျမန္ျပန္လာခဲ့သည္။

​ေပၚယြီက စုန္႔ကုမၸဏီႏွင့္ လက္မွတ္ထိုးထား​ေသာ brand ambassador အသစ္တစ္ဦးျဖစ္သည့္အ​ေလ်ာက္ ​​ေပၚယြီအား စုန္႔႐ွီလင္​ေဘးနား၌ အတူတကြ ကပ္ထိုင္ရန္ ခုံေနရာစီစဥ္ထားခဲ့သည္။တိုက္တိုက္ဆိုင္ဆိုင္ပင္ သူတို႔ႏွစ္ဦးလုံး အ​ေရာင္​ေလးတစ္ခ်က္သာကြဲ​ေသာ အ​ေနာက္တိုင္း၀တ္စုံဆင္တူကို ဆင္ျမန္းထားၾက၏။စုန္႔႐ွီလင္ရဲ႕၀တ္စုံက မဟူရာ​ေရာင္ျဖစ္ကာ ​ေပၚယြီက အ​ျဖဴ​ေရာင္ျဖစ္သည္။

​ေသ​ေစႏိုင္​ေလာက္သည့္ ​ေရာင္ဝါအျပည့္ႏွင့္ ​ေခ်ာ​​ေမာခန္႔ညားတဲ့ အမ်ိဳးသားႏွစ္ဦး ယွဥ္တြဲရပ္​ေနျခင္းက ​ေ႐ႊပြဲလာလူအ​ေပါင္းအဖို႔ စကၡဳအာ႐ုံက်ိန္းစက္ဖြယ္ တလက္လက္ ​ေတာက္ပလြန္း​ေနသည္။

ဟြားခ်န္ ည​ေနခင္းသတင္းဌာန၏ သတင္း​ေထာက္တစ္ဦးက မတ္တပ္ရပ္ အ​ေမး႐ွိသည္။ " ကြၽန္​​ေတာ္ ဥကၠ႒စုန္႔ကို ​ေမးပါရ​ေစ။ လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းက စုန္႔ကုမၸဏီဘက္က​ေန ကမ္းလွမ္းထားခဲ့ဖူးတဲ့ brand ambassador က အန္းလင္းပါ။ ဒါ​ေပမယ့္ ဒီႏွစ္က် သူမ မဟုတ္ဘဲ ​ေပၚယြီကို brand ambassador အျဖစ္ ​ေျပာင္းလဲခန္႔အပ္လိုက္ပါတယ္။ အဲဒီလို​ေဆာင္႐ြက္လိုက္တာဟာ မင္းသမီးအန္းလင္းရဲ႕လူထုၾကားကပုံရိပ္က စုန္႔ကုမၸဏီရဲ႕ brand ambassador ဆက္ျဖစ္ဖို႔ မသင့္​ေတာ္ဘူးလို႔ ​တြက္ဆတာပါလား ? ဒါမွမဟုတ္ ​ေပၚယြီက ပိုသင့္​ေတာ္တယ္လို႔ စဥ္းစားတာပါလား ?? "

အႏွီ​ေမးခြန္းက ​ေထာင္​ေျခာက္တစ္ခုသာ။

မင္းသမီးအန္းလင္းက ငယ္႐ြယ္ႏုပ်ိဳလွပသည္။သူမက အရပ္႐ွည္႐ွည္ ဆြဲ​ေဆာင္မႈအားျပင္းျပင္း ​ေမာ္ဒယ္တစ္ဦး။ 《Eliminating Tornadoes》 ​ေၾကာင့္ ရသစုံ႐ိႈးမ်ားတြင္ ထိပ္တန္းအမ်ိဳးသမီးတင္ဆက္သူျဖသ္လာခဲ့သူ အန္းလင္းသည္ အ​ေတာ္​ေလး ​ေရပန္းစား လူႀကိဳက္မ်ားလွသည္။

သို႔​ေသာ္ စုန္႔ကုမၸဏီက အမ်ိဳးသားထုႀကီး၏ အသည္း​ေက်ာ္ျဖစ္တဲ့ အန္းလင္းလို မိန္းမလွ​ေလးအစား ဘာျဖစ္လို႔ ​ေပၚယြီကိုသာ ​ေ႐ြးခ်ယ္လိုက္ပါသနည္း။

​ေပၚယြီဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကတည္းက လွ်မ္းလွ်မ္း​ေတာက္ နာမည္ႀကီးလာခဲ့ၿပီး သူနဲ႔ လက္တြဲလုပ္ကိုင္သမွ် ကုန္ပစၥည္း brand တိုင္းကလည္း ႀကီးႀကီးမားမား ​ေအာင္ျမင္မႈရၾကတာမွန္​ေပမယ့္ ဘယ္လို​ေန​ေန အဘက္ဘက္မွ ျခဳံငုံသုံးသပ္ပါက စုန္႔ကုမၸဏီအတြက္ အသင့္​ေလ်ာ္ဆုံး brand ambassador မွာ အန္းလင္းျဖစ္သည္။

အဲဒီ​ေတာ့ . . . . . . ဘာလို႔မ်ား ​ေပၚယြီက စုန္႔ကုမၸဏီရဲ႕ brand ambassador ျဖစ္လာတာလဲ ???

စုန္႔႐ွီလင္က ထို​ေမးခြန္း​ေမးတဲ့ သတင္း​ေထာက္အား တစ္ခ်က္တစ္​ေလမွ် ​ေဝ့ဝဲၾကည့္လ်က္ တည္ၿငိမ္စြာ ​ေျဖလိုက္သည္။
" ပထမအခ်က္ ၊ ဒီ​ေမးခြန္းက ကုမၸဏီရဲ႕အတြင္း​ေရးလွ်ိဳ႕ဝွက္ခ်က္​ေတြနဲ႔ သက္ဆိုင္​ေနတယ္။ အဲဒါ​ေၾကာင့္ ကြၽန္​ေတာ္ တိတိက်က် ျပန္​ေျဖမ​ေပးႏိုင္တာ စိတ္မ​ေကာင္းပါဘူး။ ဒုတိယအခ်က္ ၊ ႏွစ္တိုင္းႏွစ္တိုင္း ကုမၸဏီရဲ႕ brand ambassador ​ေတြကို အႀကီးတန္း အမႈ​ေဆာင္အဖြဲ႕၀င္​ေတြကိုယ္တိုင္ မဲ​ခြဲဆုံးျဖတ္ၾကတာပါ။ မမွ်မတ လုပ္ထားတဲ့ကိစၥ ဘာတစ္ခုမွမ႐ွိ​ေၾကာင္း အာမခံပါတယ္ "

အႏွီသတင္း​ေထာက္ခမ်ာ ​ေနရခက္စြာ ကို႔႐ို႕ကားယား ျပဳံးလိုက္ရသည္။

​ေနာက္အသံတစ္သံက ပ်ံ႕လြင့္လာသည္။
" ဒီ​ေန႔ < ခ်စ္စရာ့ က​ေလးငယ္ > ရဲ႕ ႐ိုက္ကူး​ေရး​ေနာက္ဆုံးရက္လို႔ ကြၽန္​ေတာ္ ၾကားရပါတယ္။ ဥကၠ႒စုန္႔ကလည္း အဲဒီ႐ိုက္ကြင္း​ေနရာမွာ အတူတူ႐ွိ​ေနခဲ့တယ္ဆိုတာ ဟုတ္ပါသလား ??? "

​ေပၚယြီ မ်က္ခုံးပင့္သြားသည္။စုန္႔ကုမၸဏီရဲ႕သတင္းစာ႐ွင္းလင္းပြဲတြင္ ျပသာနာလာ႐ွာရန္ သတၱိ႐ွိ​ေသာလူဆိုသည္မွာ မ႐ွိသ​ေလာက္ ႐ွားပါးလွ၏။

၎အသံ​ေနာက္မွ ခန္းမအလယ္၌ ရပ္​ေန​ေသာ မ်က္မွန္ႏွင့္ လူငယ္တစ္ဦးကလည္း မိုက္ကို ကိုင္စြဲ၍ ဆက္လက္​ဖိအား​​ေပးလိုက္သည္။ " ​ေက်းဇူးျပဳၿပီး ​ေျဖၾကား​ေပးပါ "

" < ခ်စ္စရာ့ က​ေလးငယ္ > ရဲ႕ ႐ိုက္ကူး​ေရးအ​ေၾကာင္းအရာက အျပည့္အ၀ သိုသိုသိပ္သိပ္ လွ်ိဳ႕ဝွက္ထားၾကရတာပါ။ ကြၽန္​ေတာ္တို႔​ေတာင္ ႐ိုက္ကူး​ေရးၿပီးၿပီးခ်င္း ဒီသတင္းစာ႐ွင္းလင္းပြဲတက္​ေရာက္ဖို႔ ဟြားခ်န္ၿမိဳ႕​ေတာ္ဆီ အ​ေျပးအလႊား ျပန္လာ႐ုံ႐ွိ​ေသးတယ္။ သတင္း​ေထာက္ႀကီးတို႔က ဘယ္လိုလုပ္ နာရီအနည္းငယ္​ေလာက္ပဲၾကာ​ေသးတဲ့ ကိစၥကို ဒီ​ေလာက္ျမန္ျမန္ႀကီး သိသြားရတာပါလဲ ??? "

" ဒါက စုန္႔ကုမၸဏီရဲ႕ထုတ္ကုန္သစ္ သတင္းစာ႐ွင္းလင္းပြဲပါ။ အတင္း​ဝိုင္းေျပာဖို႔ လူစုထားတဲ့ ​ေနရာ လုံး၀မဟုတ္ပါဘူး "

စုန္႔႐ွီလင္ကား ထိုက္​ေတာင္တန္းႀကီးႏွယ္ ၿမဲၿမဲျမံျမံ တည္ၿငိမ္​ေနဆဲ။

" ဥကၠ႒စုန္႔ ၊ ကြၽန္​ေတာ္႕​ေမးခြန္းကို ​ေျဖမ​ေပးရ​ေသးပါဘူး !!! " သတင္း​ေထာက္က လက္မ​ေလ်ာ့တမ္း ဇြတ္တ႐ြတ္ ထပ္မံ ​ေမးျမန္း​ေနသည္။ " အင္တာနက္​ေပၚ ဥကၠ႒စုန္႔နဲ႔​ေပၚယြီတို႔က လိင္တူခ်စ္သူ​ေတြဆိုတဲ့ ​ေကာလဟာလတစ္ခု ပ်ံ႕ႏွံ႔​ေနပါတယ္။ ဥကၠ႒စုန္႔က ​ေပၚယြီ႕က​ေလးရဲ႕ ​ေခါင္းကိုင္အ​ေဖလို႔လည္း သတင္း​ေတြထြက္ထားတာ ႐ွိခဲ့ပါတယ္။ အဲဒါ အမွန္ပါလား ??? "

တျခားသတင္း​ေထာက္မ်ားအားလုံး ၾကက္​ေသ​​ေသ ​မင္တက္စြာ ေတာင့္ခဲသြားၾကသည္။

သူတို႔​ေတြလည္း အႏွီသတင္း​ေတြကို အနံ႔ရမထားတာ​ေတာ့မဟုတ္ ၊ သို႔တိုင္ ဤအတင္းအဖ်င္းႏွင့္ပတ္သတ္သည့္ တကယ့္အခ်က္အလက္မ်ားအား အ​ေသးစိတ္ ​ေျခရာခံစုံစမ္းျခင္းကိုမူ မည္သူမွ် မလုပ္ဝံ့ၾက။

အကယ္၍ စုန္႔႐ွီလင္​ေရာ ​ေပၚယြီ​ေရာက entertainment ​ေလာကထဲတြင္ က်င္လည္​ေနၾကကုန္​ေသာ ပမႊား​ေလး​ေတြဆိုလွ်င္လည္း သတင္း​ေထာက္မ်ားက ၎တို႔ အမွားလုပ္မိမည္ကို စိုးရိမ္​ေနစရာမလို။သို႔​ေပသိ စုန္႔႐ွီလင္က entertainment ​ေလာကထဲကလူမဟုတ္တာအသာထားဦး ၊ ထိုသူ၏ တည္႐ွိမႈအဆင့္အတန္းႏွင့္ ​ေနာက္ခံအင္အားက သူတို႔​ေတြ အဆင္အျခင္မဲ့ ႐ုတ္႐ုတ္႐ုတ္႐ုတ္ သြားရန္စပစ္မွားလို႔ရတဲ့ အ​ေနအထားဟုတ္မ​ေန။

သို႔ပါ​ေသာ္လည္း သ​တင္းေထာက္လူငယ္ကမူ အျခား​ေသာ သတင္း​ေထာက္မ်ား၏ ခပ္စိတ္စိတ္ အၾကည့္​ေတြကို လက္ခံရ႐ွိလိုက္​ေသာအခါ ထိုလူ​ေတြက သူ႕ရဲ႕မဟာရဲရင့္မႈႀကီးႏွင့္ သတင္းအရင္းအျမစ္ ႀကီးမားႏွံ႔စပ္မႈႀကီးအား အံ့ခ်ီးမကုန္ႏိုင္စြာ တအံ့တၾသ လက္ဖ်ားခါ​ေနၾကတာပဲဟု ထင္မွတ္ရင္း သူ႕ကိုယ္သူ ဘ၀င္မခိုက္ဘဲ မ​ေနႏိုင္​ေတာ့​ေခ်။

စုန္႔႐ွီလင္ ​ေျပာလိုက္သည္။ " ​ေ႐ွာင္​ေပၚက ကြၽန္​ေတာ္႕မိတ္​ေဆြ။ လြန္ခဲ့တဲ့ႏွစ္​ေတြကတည္းက သူနဲ႔သိကြၽမ္းခဲ့တာ။ ဖရဲသီး​ေလးကလည္း ခ်စ္ဖို႔​ေကာင္း​ေတာ့ ကြၽန္​ေတာ္ အဲဒီက​ေလး​ေလးရဲ႕​ေခါင္းကိုင္အ​ေဖအ​ေနနဲ႔ တာ၀န္ယူလိုက္တယ္။ ကြၽန္​ေတာ္႕မိဘႏွစ္ပါးလည္း အဲဒီအ​ေၾကာင္းကို သိထားၾကပါတယ္​ေလ။ ခင္ဗ်ားတို႔မွာ ​ေမးစရာ​​ေမးခြန္း​ေတြ႐ွိ​ေသးလား ??? "

သတင္း​ေထာက္လူငယ္မွာ ပါးစပ္အ​ေဟာင္းသား ဆြံ႕အသြားရသည္။ ဘာႀကီး !!!??? သူ႕အ​ေဖ​ေရာ သူ႕အ​ေမ​ေရာ သိထားတယ္ ??? စုန္႔႐ွီလင္မိဘ​ေတြက သ႐ုပ္​ေဆာင္​ေလးတစ္​ေယာက္ရဲ႕က​ေလးကို အသိအမွတ္ျပဳၾကတယ္​ေပါ့ ???!!!

လာ​ေနာက္​ေနတာလားဟ !!!

​ေပၚယြီက သူ႕​ေ႐ွ႕႐ွိသတင္း​ေထာက္လူငယ္ရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ဟာသျဖစ္အင္ႀကီးကို ျပဳံးျပဳံး​ေလး တစိမ့္စိမ့္ၾကည့္​ေနကာ ဘာတစ္ခြန္းမွ် ၀င္မ​ေျပာ​။

__________________

​ေနာက္တစ္​ေန႔။​သူတို႔​ေတြဟာ ​ည​ေနခင္းတြင္ စုန္႔အိမ္​ေတာ္သို႔ သြားၾကမည္ျဖစ္သျဖင့္ ေပၚယြီတစ္​ေယာက္ အ၀တ္အစား​ေ႐ြး​ေနခိုက္ ႐ုတ္တရက္ဆိုသလို လ်ဴခိုင္ဆီမွ ဖုန္း၀င္လာသည္။

လ်ဴခိုင္ ​ေမးလိုက္၏။ " မ​ေတြ႕တာ အ​ေတာ္ၾကာၿပီ​ေနာ္။ မင္း ဒီတ​ေလာ အလုပ္​ေတြ႐ႈပ္​ေနတာလား ??? "

" ကြၽန္​ေတာ္တို႔​ေတြ မ​ေန႔ကတင္ အတူတူ အစီအစဥ္႐ိုက္ကူး​ေရးလုပ္ခဲ့တယ္​ေလ။ ခင္ဗ်ား အတိတ္​ေမ့​ေရာဂါမ်ား ႐ွိ​ေနတာလား ??? "

​ေပၚယြီ ​ေကာ္​​ေဇာ​​ေပၚ၌ တန္တန္ႏွင့္ လူးလိမ့္​ေဆာ့​ေန​ေသာ သူ႕သား​ေလးအား ငုံ႔ၾကည့္လိုက္သည္။သူ စကား ခဏရပ္ထားလိုက္ၿပီး ဖုန္းႏွင့္အတူ ျပင္သစ္ျပတင္း​နားထံ ​လမ္းေလွ်ာက္သြား၏။

လ်ဴခိုင္ ​ေျခာက္ကပ္ကပ္ ရယ္​ေမာလိုက္သည္။ " ႐ုပ္႐ွင္႐ိုက္ကူး​ေရး စ​ေတာ့မွာ။ အဆင္သင့္ပဲလား ??? "

" အင္ ၊ အင္း "

" မင္းရဲ႕မန္​ေနဂ်ာကို ငါနဲ႔ စာခ်ဳပ္လက္မွတ္လာထိုးဖို႔ တစ္ခ်က္ အသိေပးလိုက္ပါဦး။ ​ေဗဒင္ဆရာက ငါ့ကို ​​ေဟာလိုက္တယ္။ ​ေနာက္သုံးရက္​ေနရင္ ရက္ရာဇာ​ေရာက္ၿပီတဲ့။ အဲဒီ​ေန႔က် ငါတို႔​ေတြ ႐ိုက္ကူး​ေရးစၾကမယ္။ မင္း ဇာတ္ၫႊန္း​ေရာ အကုန္ဖတ္ၿပီးၿပီမလား။ ဒါဆို မင္းရဲ႕ဇာတ္​ေကာင္စ႐ိုက္အ​​ေပၚ ဘယ္​ေလာက္နားလည္ထားတယ္ဆိုတာ ​ေဆြး​ေႏြးၾကရ​ေအာင္ " လ်ဴခိုင္ ​ေျပာလိုက္၏။

" ဘာမွ​ေဆြး​ေႏြးစရာမ႐ွိပါဘူး။ ဇာတ္ၫႊန္း​ေရးဆရာ ​ေရးထားတဲ့ ဇာတ္​ေကာင္က ကြၽန္​ေတာ္ သ႐ုပ္​ေဆာင္ခဲ့ဖူးတာေတြနဲ႔ ကြာ​ေတာ့ကြာတယ္ဆို​ေပမယ့္ ​ေလာ​ေလာဆယ္ အဲဒီအ​​ေၾကာင္း​ေဆြး​ေႏြးဖို႔ ကြၽန္​ေတာ္ အပ်င္းႀကီး​ေန​​ေသးတယ္ "

​ေပၚယြီက ထိုအ​ေရမရအဖတ္မရ​ေတြ စကားစျမည္​ေျပာ၍ အခ်ိန္မျဖဳန္းခ်င္​ေပ။ခဏ​ေန သူ႕​ေယာကၡ​မႏွင့္​ေတြ႕ဆုံရာ၌ ဘာ​ေလး၀တ္သြားရင္​ေကာင္းမလဲဟုသာ တရစပ္ စိတ္​ေရာက္​ေနသည္။

​ဒါက ပထမဆုံးအႀကိမ္ သူမႏွင့္ ​​တရား၀င္ေတြ႕ဆုံျခင္းျဖစ္သည္။​ေပၚယြီ သူ တည္ၾကည္​ေလးနက္သည့္ အ၀တ္အစားမ်ိဳး ၀တ္သြားသင့္သည္။ထို႔ျပင္ လန္းဆန္းတက္ႂကြတဲ့ပုံမ်ိဳးလည္းေပၚရ​ေပမည္။

ဖရဲသီး​ေလးရယ္ တန္တန္ရယ္ဟာ ၾကမ္းျပင္ထက္တြင္ ပိုးလို႔ပက္လက္​​ေလး ​ေဆာ့​ေနရာက​ေန ​ေပၚယြီအား အူတူတူ​ေလး ​​ေမာ့ၾကည့္လာၾကသည္။

" အင္း . . . . . . " လ်ဴခိုင္ ​ေမးလိုက္သည္။ " မင္းက စုန္႔႐ွီလင္ရဲ႕ခ်စ္သူလား ??? "

[ T/N ; ဒီနားမွာ​ေလ လ်ဴခိုင္က ​ေပၚယြီ႕ကို သတို႔သမီး​ေနရာ ၊ စုန္႔႐ွီလင္ကို သတို႔သား​ေနရာက​ေန ​ေမးလိုက္တာ ထင္ပါတယ္။ ကိုယ့္အထင္​ေပါ့​ေနာ္။ ဒါ​ေပမယ့္ Eng tran က lover လို႔ သုံးထား​​ေတာ့ ကိုယ္လည္း အဲဒီအတိုင္းပဲ ျပန္လိုက္တယ္​ရယ္ ... ]

ဒီလိုအ​ေၾကာင္းအရာႀကီးကို ​ေပၚတင္ ​ေမးရျခင္းက ကသိက​ေအာက္ အ​ေတာ္ႏိုင္မွန္း လ်ဴခိုင္ သ​ေဘာ​ေပါက္​​ေသာ္လည္း မတတ္ႏိုင္။သူ အၾကပ္႐ိုက္စြာ ခပ္ဟဟ ရယ္​ေမာလိုက္သည္။ " ​လုပ္ပါကြာ။ ငါက အမွန္တရားကို သိခ်င္႐ုံ​ေလးပါ။ ဟား ... ဟား ... လူကုံထံမိသားစုႀကီးနဲ႔ လက္ထပ္​မွာကို ဂုဏ္ျပဳရ​ေတာ့မွာလားလို႔​ေလ "

​ေပၚယြီ ႏူးညံ့စြာ ျပန္​ေျဖလိုက္သည္။ " ဘာျဖစ္လို႔ ကြၽန္​ေတာ္က လက္ထပ္ၿပီး သတို႔သမီးရဲ႕မိသားစုဆီ လိုက္​ေနမယ္လို႔​ေရာ မထင္ရတာလဲ ??? "

လ်ဴခိုင္ ထူးထူးဆန္းဆန္း ပါးစပ္ပိတ္သြားသည္။​ေပၚယြီက စုန္႔႐ွီလင္ကို ​ေအာက္ထပ္မွာ ဖိထားႏိုင္လိမ့္မည္ဟု​ သူ မယုံ​ေခ်။သို႔​ေပသိ ၎အား ပြင့္ပြင့္လင္းလင္း တည့္တည့္ႀကီး ထုတ္​ေျပာရန္မွာ သင့္​ေတာ္​ေသာ အျပဳအမူမဟုတ္​ေလရကား လ်ဴခိုင္ တိတ္တိတ္​ေလးပဲ ဆက္​​ေနလိုက္​​ရေတာ့သည္။

​ေပၚယြီ ဟင္းခနဲ သက္ျပင္းခ်လိုက္၏။
" ခင္ဗ်ား မယုံႏိုင္ဘူးဆိုတာ ကြၽန္​ေတာ္ နားလည္ပါတယ္။ ထားပါ​ေလ ၊ ကြၽန္​ေတာ္႕မယ္ ​ေအာင္ျမင္သူတို႔ရဲ႕အထီးက်န္ဆန္ဆန္ဘ၀ႀကီးကို တ​​ေျမ့​ေျမ့ ခံစား​ေနရ႐ွာတာပါပဲ​ေနာ္ . . . . . . "

လ်ဴခိုင္ စိတ္​ေလစြာ တီခနဲ တန္းဖုန္းခ်ပစ္လိုက္သည္။

​ေပၚယြီ သူ႕ရဲ႕အူတူတူသား​ေလးကို ​ေသခ်ာ အကဲခတ္ရန္ ၾကမ္းျပင္​ေပၚ ငုတ္တုတ္ထိုင္ခ်လိုက္သည္။ " ခဏ​ေန ပါးပါးတို႔ မင္းဘိုးဘိုးနဲ႔ဘြားဘြားဆီ လည္လည္သြားၾကမွာ။ မင္း ​ေၾကာက္လား ??? "

ဖရဲသီး​ေလးက မ်က္လုံး​ေလးလွန္ၾကည့္လိုက္ၿပီး ​ေကာ္​ေဇာထက္မွ လုံးတုံးလုံးတုံး​ေလး ကုန္းထကာ ​ေပၚယြီအား ​ေပြ႕ဖက္လ်က္ သူ႕ပါးပါးကို က​ေလးသံ​ေလးျဖင့္ ႏွစ္သိမ့္​ေပးသည္။ " ပါးပါး ၊ မ​ေၾကာက္ပါနဲ႔။ ဖရဲသီး​ေလးက ပါးပါးကို ကာကြယ္​ေပးမယ္ "

" မင္းဒက္ဒီက ​ေျပာတယ္။ အရင္တစ္​ေခါက္ မင္းဘိုးဘိုးဆီ အလည္သြားတုန္းက က​ေလးတစ္သိုက္ကို ​ေခြးနဲ႔႐ွဴးတိုက္လိုက္တယ္ဆို ??? " ​ေပၚယြီ ဖရဲသီး​ေလးအား တင္းတင္းၾကပ္ၾကပ္ ဆူပူလိုက္သည္။
" တကယ္လို႔ တန္တန္သာ အဲဒီက​ေလး​ေတြကို တကယ္ကိုက္လႊတ္လိုက္ျဖစ္ရင္ ဘယ္လိုလုပ္မလဲ ??? "

ဖရဲသီး​ေလး ဟြန္႔ခနဲ ႏွာမႈတ္လိုက္သည္။
" ဒက္ဒီက တန္တန္ ကိုက္လိုက္လည္း ကိစၥမ႐ွိဘူးတဲ့ "

" . . . . . . စုန္႔႐ွီလင္က မင္းကို အဲဒီလိုသင္​ေပးတယ္​ေပါ့ ??? " ​ေပၚယြီတစ္​ေယာက္ မ်က္ခုံး​ေတြ တြန္႔​​ေကြးသြားသည္။ " ​ေနာက္တစ္ခါ အဲဒီလိုထပ္မလုပ္ရဘူး​ေနာ္ ၊ ၾကားရဲ႕လား လူဆိုး​ေလး ??? "

ဖရဲသီး​ေလးက မ​ေက်မနပ္ အသံျပဳ၍ ​ေပၚယြီအား ထပ္မံ ႏွစ္သိမ့္မ​ေပး​ေတာ့​ေခ်။ " ဟင့္အင္း ၊ ဒက္ဒီက မွာထားတယ္။ သူတို႔က သားကို အႏိုင္က်င့္ရင္ သားလည္း သူတို႔ကို ျပန္အႏိုင္က်င့္လို႔ရတယ္တဲ့။ ပါးပါး ၊ ပါးပါးက ဖရဲသီး​ေလးကို ခ်စ္လည္းမခ်စ္ဘူး !!! "

က​ေလး​ေလးက စိတ္ဆိုးမာန္ဆိုးျဖင့္ အ​ေဝးကို ထြက္​ေျပးသြား​ေလသည္။

​ေပၚယြီ ​ေျပးထြက္သြားၾက​ေသာ ဖရဲသီး​​ေလးႏွင့္တန္တန္တို႔၏ ပုံရိပ္​​ေလးကို ​ေငးၾကည့္ရင္း သူ ထူးထူးဆန္းဆန္း ၀မ္းနည္းလာခဲ့သည္။

သူက သူ႕သား​ေလး​ေဘးနားမွာ ႏွစ္ရက္​ေလာက္ ႐ွိမ​ေနခဲ့လိုက္တာနဲ႔တစ္ၿပိဳင္နက္ သူ႕ရဲ႕အူတူတူသား​ေလးဟာ ဒီလို​ေကာင္ငယ္​ေလးအျဖစ္ ​ေျပာင္းလဲသြားခဲ့သည္။

ထိုအ​ေၾကာင္းကို စဥ္းစား​ေနခိုက္ စုန္႔႐ွီလင္က သူ႕ကို ဖုန္းဆက္​လာသည္။​ေပၚယြီ အားအင္မ႐ွိစြာ ဖုန္း​ေျဖလိုက္၏။ " ဘာလဲ ??? "

" ကိုယ့္အ​ေမက အခု​ေလးတင္ မင္းဖုန္းနံပါတ္ကို ​ေတာင္း​ေနလို႔ ကိုယ္ သူမကို ​ေပးလိုက္တယ္ "

လြန္ခဲ့တဲ့မိနစ္အနည္းငယ္က စုန္႔႐ွီလင္ အလုပ္လုပ္​ေနစဥ္ သူ႕အ​ေမထံမွ ဖုန္း၀င္လာခဲ့သည္။မိခင္ျဖစ္သူက ​ေပၚယြီ႕ဖုန္းနံပါတ္​ေမး​ေသာအခါ စုန္႔႐ွီလင္ သူမအား ​ေပၚယြီ႕နံပါတ္ကို တစ္ခါတည္း မဆိုင္းမတြ တန္း​ေပးလိုက္၏။

သို႔​ေသာ္ စုန္႔႐ွီလင္ အႏွီကိစၥအား ​​ေစ့ေစ့စပ္စပ္ ခ်င့္ခ်ိန္ၿပီးသကာလ ​ေပၚယြီတစ္​ေယာက္ ႐ုတ္တရက္ႀကီး သူ႕​ေယာကၡမဆီက​ေန ဖုန္းလက္ခံလိုက္ရပါက အထိတ္တလန္႔ျဖစ္သြားမည္စိုး​ေလရာ သူက ​အရင္ဆုံး ေပၚယြီကို ႀကိဳတင္အ​ေၾကာင္းၾကားထား​လိုက္သည္။

​ေပၚယြီက ၎ကို အမွန္တကယ္ပင္ ​စိုးရိမ္ေၾကာင့္ၾကဆိုက္​ေနပါ​ေသာ္ျငား တျခားအ​ေၾကာင္း ​ေျပာဆိုလိုက္သည္။ " ဖရဲသီး​ေလးက မင္း​ေၾကာင့္ ​ေျပာင္းလဲသြားၿပီ။ ငါ သူ႕ကို အမွား​ေထာက္ျပ ၊ အမွန္ျပင္​ေပးလို႔ကို မရ​ေတာ့ဘူးရယ္ "

​ေပၚယြီဟာ ​ေႏြဦးပြဲ​ေတာ္တုန္းက စုန္႔အိမ္​ေတာ္တြင္ ျဖစ္ခဲ့​သည့္ကိစၥကို ရည္ၫႊန္းမွန္း စုန္႔႐ွီလင္ သိသည္။စုန္႔႐ွီလင္က ကုမၸဏီ၏ ႀကီးႀကီးငယ္ငယ္​ေသာ ကိစၥအ၀၀တို႔ကို ကိုင္တြယ္​ေျဖ႐ွင္း​ေနရသူတစ္ဦးျဖစ္သည့္အ​ေလ်ာက္ သူ ​ေအးစက္စြာ ဆိုလိုက္သည္။
" အဲဒါက ဖရဲသီး​ေလး သင္ယူသင့္ ၊ သင္ယူရမယ့္အရာ​ေတြထဲက အ​​ေျခခံအက်ဆုံး ကိစၥ​ေလးပါ "

" မင္း သူ႕ကို အဲဒီလိုသင္ျပ​ေနလို႔မရဘူး​ေလ !!! " ​ေပၚယြီက စုန္႔႐ွီလင္အား အကူအညီမဲ့စြာ ခြန္းတုံ႔ျပန္လိုက္သည္။ " က​​ေလး​ေတြဆိုတာ ျဖဴစင္႐ိုးသားၾကပါတယ္ "

" . . . . . . " စုန္႔႐ွီလင္

" ဖရဲသီး​ေလးက ဒီ့ထက္ ႀကီးျပင္းလာရဦးမွာ။ ကိုယ္က သူ႕ကို လူႀကီး​ေတြရဲ႕​ေလာကႀကီးအ​ေၾကာင္း ​ေစာ​ေစာ ​ေျပာျပလိုက္႐ုံပါ "

သူ႕လုပ္ရပ္ မွားတယ္ဟု စုန္႔႐ွီလင္ မ​ေတြး​ေခ်။သူကိုယ္တိုင္သည္လည္း ဤကဲ့သို႔ပင္ အ႐ြယ္​ေရာက္ႀကီးျပင္းလာခဲ့ျခင္း။သူ ထပ္မံ ​ေျပာလိုက္သည္။ " အား​ေပၚ ၊ ဖရဲသီး​ေလးက ​ေယာက်္ား​​ေလးတစ္​ေယာက္​​ေလ "

​ေပၚယြီ ; " . . . . . . " ငါ နားမ​ေထာင္ဘူး ! နားမ​​ေထာင္ဘူး ! နား​ေထာင္မ​ေနဘူးလို႔ !

တကယ္တမ္းက စုန္႔႐ွီလင္ ဆိုလိုသည္ကို ​ေပၚယြီ နားလည္ပါသည္။သို႔​ေပသိ ဖရဲသီး​ေလးရဲ႕ ​ေမြးဖခင္တစ္ဦးအ​ေနႏွင့္ ​​ေပၚယြီ သူ သူ႕က​​ေလး​ေလးကို ​ေလာကႀကီးရဲ႕ရက္စက္​ေသာ လက္​​ေတြ႕ဘ၀အား အခ်ိန္မတန္​ေသးဘဲ ​ေစာစီးစြာ ​ေပးမသိေစခ်င္​ေပ။

၎ကို စဥ္းစားမိ​ျပန္ေတာ့ ​ေပၚယြီ စုန္႔႐ွီလင္ကို ​ေဒါသ​ေတြထြက္လာရျပန္သည္။

" မင္း ည​ေန ျပန္လာမွာမလား ??? "

" ကိုယ္ မင္းတို႔ကို ကုမၸဏီက​ေန ျပန္လာ​ေခၚမယ္ " စုန္႔႐ွီလင္က အတြင္း​ေရးမႉးခ်ဴ ကမ္း​ေပး​ေသာ စာ႐ြက္တြင္ လက္မွတ္ထိုး​ေပးၿပီး ​ေကာ္ဖီတစ္ငုံ ယူ​ေသာက္လိုက္၏။ " မ​ေၾကာက္ပါနဲ႔ "

" ငါ ... ငါ မ​ေၾကာက္​ေပါင္။ ငါက ဘာကို ​ေၾကာက္ရမွာလဲေနာ္ ??? "

​ေပၚယြီ တိုတိုတုတ္တုတ္ စကားျဖတ္ကာ ဖုန္းခ်ပစ္လိုက္သည္။ထို႔ေနာက္ သူ၏ ဧရာမအ၀တ္ဗီ႐ိုႀကီး​ေ႐ွ႕ သြားရပ္လ်က္ အ၀တ္​ေ႐ြး​ေတာ့သည္။​ေပၚယြီ သူ႕ဘာသာသူတစ္​ေယာက္တည္း အ၀တ္အစား​ေတြကို အျပန္ျပန္အလွန္လွန္ ၀တ္လိုက္ခြၽတ္လိုက္ ၊ ခြၽတ္လိုက္၀တ္လိုက္ျဖင့္ အလုပ္႐ႈပ္​ေန​ေတာ့သည္။

အဖန္ဖန္တလဲလဲ ဟို​ေ႐ြးဒီ​ေ႐ြး ​ေ႐ြးဆယ္ၿပီး​သည့္တိုင္ သူ စိတ္​​ေက်နပ္ႏိုင္​ေလာက္​ေသာ အ၀တ္အစားမ်ိဳး ႐ွာလို႔မ​ေတြ႕​ေသး။

ည​ေန သုံးနာရီ၌ စုန္႔႐ွီလင္ အိမ္ျပန္လာ​ေသာအခ်ိန္၀ယ္ ​ေၾကာ့႐ွင္းရည္မြန္စြာ ​ေသ​ေသသပ္သပ္ ၀တ္ဆင္ထား​ေသာ ​ေပၚယြီအား ​ေတြ႕ျမင္လိုက္ရသည့္အျပင္ ​ေရ​ေမႊးနံ႔အလုံးအရင္းကိုပါ ႏွာ​ေခါင္းပိတ္မတတ္ ႐ွဴ႐ိႈက္လိုက္ရသည္။

​ေပၚယြီက စုန္႔႐ွီလင္၏ က်ီစယ္လို​​​တဲ့ အရိပ္အ​ေယာင္မ်ား သမ္း​ေန​ေသာ အၾကည့္​ေတြကို မသိခ်င္​ေယာင္​ေဆာင္ရင္း လက္​ေတြအား ဒူး​ေပၚ ဟန္ပါပါ တင္ထားလိုက္ကာ ခပ္တည္တည္ အမိန္႔​ေပးလိုက္သည္။ " ကား​ေမာင္း​ေတာ့ "

စုန္႔႐ွီလင္အ​ေဖက ဧည့္ခန္းထဲတြင္ အခန္႔သား ထိုင္​ေနၿပီး မ​ေန႔ကတည္းက ထိုင္မရထမရ စိတ္လႈပ္႐ွားစြာ ပူပင္​ေန​ေသာ ဇနီးျဖစ္သူကို ၾကည့္လိုက္သည္။ " မိန္းမ ၊ ဘယ္လိုျဖစ္​ေနတာလဲကြယ္ ??? "

စုန္႔႐ွီလင္အ​​ေမက သက္ျပင္းအႀကီးႀကီးခ်လိုက္၏။ " ကြၽန္မ ​ေၾကာက္လို႔ ... "

စုန္႔႐ွီလင္အ​ေဖဟာ တစ္ေနကုန္တစ္​ေနခမ္း အ၀တ္အစား​ေ႐ြးတာ ၊ ၿဖီးလိမ္းျခယ္သတာ ၊ လက္၀တ္ရတနာ​ေ႐ြးတာ​ေတြနဲ႔ပဲ အခ်ိန္ကုန္​ေနခဲ့သည့္ စုန္႔႐ွီလင္အ​ေမကို ​ေျဖာင့္ျဖလိုက္သည္။

" ဘာမွ​ေၾကာက္စရာမ႐ွိပါဘူး။ မင္း အရင္ကတည္းက ​ေပၚယြီကို ဆုံဖူးသားပဲ။ အဲဒီ​ေတာ့ အခု သူနဲ႔ ပိုရင္းႏွီးသြား​ေအာင္ လုပ္လိုက္​ေပါ့။ ကိုယ္တို႔နဲ႔ ​ေတြ႕မယ့္ သူ႕ရဲ႕အ​ေနအထားက နည္းနည္း​ေလး ​အသြင္ေျပာင္းသြား႐ုံပါ "

ထို႔​ေနာက္ စုန္႔႐ွီလင္အ​ေဖဟာ ဂနာမၿငိမ္ျဖစ္​ေန႐ွာ​ေသာ စုန္႔႐ွီလင္အ​ေမႏွင့္ မတူညီစြာ သတင္းစာ​ေလးဖတ္လိုက္ ၊ လက္ဖက္ရည္ၾကမ္း​ေလးငုံလိုက္ျဖင့္ အလြန္တရာ ​ေအး​​ေအးလူလူ အနားယူ​ေန​ေလသည္။

" ႐ွင္ မသိပါဘူး။ ကြၽန္မက ဟိုးပ​ေဝသဏီကတည္းက ​ေပၚယြီနဲ႔ တည့္တည့္႐ႈ႐ႈ႐ွိခဲ့တာမွ မဟုတ္ဘဲကို။ အခု ကြၽန္မက ​ေယာကၡမဆိုတဲ့ အ​ေနအထားႀကီးနဲ႔ သူ႕ကို ​ေတြ႕ရမွာ။ အဲဒါႀကီးက ထူးဆန္းလြန္း​ေနတယ္ "

​ေျပာ​ေျပာဆိုဆိုပင္ သူမက သူမလက္တြင္ ၀တ္ထား​ေသာ ​ေက်ာက္စိမ္းလက္​ေကာက္အား ခြၽတ္ျပလ်က္ ဂုဏ္ယူဝံ့ႂကြားစြာ ႂကြားလုံးထုတ္လိုက္သည္။ " ကြၽန္မ ဒီလက္​ေကာက္​ေလးအတြက္ ပိုက္ဆံအမ်ားႀကီး သုံးထားရတာ႐ွင့္။ ဒါက ႏွစ္​ေပါင္း​ေထာင္ခ်ီ႐ွိ​ေနၿပီျဖစ္တဲ့ ​ေ႐ွး​ေဟာင္းရတနာတဲ့။ ကြၽန္မ ​ခဏၾကာ​ေနလို႔ ​ေပၚယြီကို ဒီလက္​ေကာက္​ေလး လက္​ေဆာင္​ေပးတဲ့အခါ ႐ွင္ ကြၽန္မကို ​ေဖာ္​ေကာင္မလုပ္နဲ႔​ေနာ္ "

" ကိုယ္တို႔စုန္႔မိသားစုမွာ ​​ေခြၽးမ​ေလးဆီ လက္ဆင့္ကမ္း​ေပးရမယ့္ ဘိုးစဥ္​ေဘာင္ဆက္အ​ေမြလက္​ေကာက္ဆိုတာမ်ိဳး လုံး၀ မ႐ွိတာကို ... "

စုန္႔႐ွီလင္အ​ေမရဲ႕မ်က္ႏွာက အံ့ၾသစြာ ​ေတာင့္ခဲသြားသည္။ " ႐ွင္ ခိုးနား​ေထာင္​ေနခဲ့တာလား ?!! "

" ဒါက ပထမဆုံးအႀကိမ္ တရား၀င္​​ေတြ႕ဆုံမႈမွာ လက္​ေဆာင္​ေပး႐ုံပဲ။ ပုံျပင္​ေတြ မထြင္စမ္းပါနဲ႔ကြာ " စုန္႔႐ွီလင္အ​ေဖက ထပ္​ေလာင္း​ေျပာၾကားလိုက္သည္။ " အဲဒါအျပင္ ​ေပၚယြီက ​ေယာက်္ား​ေလးတစ္​ေယာက္​ေလ။ ​ေယာက်္ား​ေလးတစ္​ေယာက္က မင္းရဲ႕လက္​ေကာက္ႀကီးကို ဘယ့္ႏွယ့္၀တ္မယ္ ??? "

စုန္႔႐ွီလင္အ​ေမဟာ ႐ုတ္ျခည္း လန္႔ဖ်ပ္သြား၏။ " ကြၽန္မ . . . ကြၽန္မ . . . အဲဒီကိစၥကို လုံးလုံး ​ေမ့​ေနတာ။ ဘယ္လိုလုပ္ၾကမတုန္း႐ွင္ ??? "

စုန္႔႐ွီလင္အ​​ေဖက သူမႏွင့္ ဘာတစ္ခြန္းမွ် ဆက္မ​ေဆြး​ေႏြး​ေတာ့။

ထိုအခိုက္ ဆင္၀င္တြင္ ရပ္​ေစာင့္​ေန​ေသာ ဦး​ေလးစုန္႔ထံမွ စကားသံအား ၾကားလိုက္ၾကရသည္။ " ဒုတိယသခင္​ေလး ၊ သခင္​ေလး​ေပၚနဲ႔ သခင္ငယ္​ေလးတို႔ ​ေရာက္လာၾကပါၿပီ ... "

စုန္႔႐ွီလင္အ​ေမက ​ေက်ာက္စိမ္းလက္​ေကာက္ကို သူမလက္၌ အလ်င္အျမန္ ျပန္စြပ္လိုက္ၿပီး လက္​ေကာက္အား ​ေခတၱဖုံးထားရန္ အက်ႌလက္မ်ားကို ဟိုဘက္ဒီဘက္ဆြဲခ်လိုက္၏။

စုန္႔႐ွီလင္အ​ေဖ ; " . . . . . . . . . "

ဖရဲသီး​ေလးက စုန္႔႐ွီလင္အ​ေဖဆီ ​ေပ်ာ္႐ႊင္စြာ ​ေျပးလာသည္။ " ဘိုးဘိုး ၊ ဒီမွာ ဘိုးဘိုးဖို႔ သၾကားလုံး​ေတြ "

ဖရဲသီး​ေလးက သၾကားလုံး​ေလးတစ္လုံးကို စုန္႔႐ွီလင္အ​ေဖပါးစပ္ထဲ ခြံ႕​ေကြၽးလိုက္၏။

" . . . . . . . . . " စုန္႔႐ွီလင္အ​ေမက ၀င္​ေျပာလိုက္သည္။ " ဖရဲသီး​ေလး ၊ ​ေျမးရဲ႕ဘိုးဘိုးက ဘာသၾကားလုံးမွ မႀကိဳက္ဘူးကြယ့္။ သူ႕ကို ​ေကြၽးမ​ေနနဲ႔ "

စုန္႔႐ွီလင္အ​​ေဖက သၾကားလုံး​ေလးအား ျပဳံး႐ႊင္စြာ စားလိုက္သည္။ " ​ေက်းဇူးပဲ​ေနာ္ ၊ ဖရဲသီး​ေလး "

ဖရဲသီး​ေလးက မ်က္​ေတာင္​ေလး​ေတြ တျဖတ္ျဖတ္ ခတ္သြားကာ တခစ္ခစ္ ရယ္​ေမာလိုက္သည္။ " ရပါတယ္ ၊ ဘိုးဘိုး "

ဟိုးအရင္တုန္းက သူ႕ကို ဘိုးဘိုးက သၾကားလုံး​ေတြအားႀကီး ​​ေပးခဲ့ဖူးသည္။ယခု သူ႕၌လည္း သၾကားလုံး​ေတြ႐ွိၿပီျဖစ္တာ​ေၾကာင့္ ဘိုးဘိုးႏွင့္အတူတူ မွ်စားမည္ျဖစ္သည္။

စုန္႔႐ွီလင္ႏွင့္​ေပၚယြီက ဖရဲသီး​ေလး​ေနာက္က​​ေန အတူတကြ ၀င္လာၾကသည္။စုန္႔႐ွီလင္က ဦးစြာ ႏႈတ္ဆက္လိုက္၏။ " အ​ေဖ ၊ အ​ေမ ၊ ကြၽန္​ေတာ္တို႔ ​ေရာက္ပါၿပီ "

​ေပၚယြီရဲ႕ႏႈတ္ခမ္းအစုံမွာ အနည္းငယ္ ခပ္ဟဟ လႈပ္႐ွားသြား​ေသာ္လည္း သူ စုန္႔႐ွီလင္အ​ေဖႏွင့္အ​ေမအား မည္ကဲ့သို႔ ​ေခၚဆိုႏႈတ္ခြန္းဆက္လိုက္ရမည္ကို တကယ္ မသိ​ေပ။

.
.
.
.
.
.

This translator is back !!!

ဒီတစ္ခါ Update ​ေတာ္​ေတာ္ႀကီး ၾကာသြားတာအတြက္ တကယ့္ တကယ့္ တကယ့္ကို အားနာပါတယ္။ ပါးစပ္ဆယ္​ေပါက္႐ွိရင္​ေတာင္ ဆင္​ေျခ​ေပးစရာမ႐ွိပါဘူး။ ဒါ​ေပမယ့္လည္း တကယ့္ တကယ့္ တကယ့္ကို မအားလို႔ပါ။ အခု​ေတာင္ လကုန္ assignment ႐ွိတယ္​ေၾကညာထားတာ စာမလုပ္ဘဲ ဒါကို ​ေရး​ေပးလိုက္တာပါ။ ​ေနာက္​ေနာင္ Update မၾကာ​ေအာင္​ေတာ့ အတတ္ႏိုင္ဆုံး ႀကိဳးစား​ေပးပါ့မယ္။

​ေစာင့္​ေန​ေပးတဲ့အတြက္ အထူး​ေက်းဇူးတင္ပါတယ္ . . . . . . . . . . ❤💚💛

Continue Reading

You'll Also Like

79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
127K 17.7K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
503K 83.3K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
241K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်