ေလာ့ခ္ခတ္ကာ ပိတ္ထားသည့္ အိပ္ခန္းတံခါးေလးေၾကာင့္ ကိုေမာင္ တံခါးကိုသာမွီရင္း ကတၱီပါအနီဘူးေလးကိုဆုတ္ကိုင္ရင္းျဖင့္ တစ္ညလံုးကုန္ဆံုးခဲ့သည္။ မနက္ေရာက္လ်ွင္ သက္ထား သူ႔ေတာင္းဆိုခ်က္ကို လက္ခံလာလိမ့္မည္ဟု ေမ်ွာ္လင့္ေနမိဆဲ ျဖစ္သည္။
သူႏွင့္သက္ထား သိပ္ခ်စ္ၾကသည္။ ခြဲခြာရမည့္အေၾကာင္းဆိုသည္မွာ မ႐ွိႏိုင္။ သူလက္ထပ္မည့္သူက သက္ထား၊ သက္ထား လက္ထပ္မည့္သူကလည္း သူသာျဖစ္လိမ့္မည္။
နာက်င္ေနသည့္ႏွလံုးသားအား ဦးေႏွာက္မွအတုအေယာင္စကားမ်ားျဖင့္ ႏွစ္သိမ့္ေပးေနခဲ့သည္။ တံခါးတစ္ဖက္မွ သက္ထား ကလည္း ကြဲေက်သြားၿပီျဖစ္တဲ့ ႏွလံုးသားေလးအား သိမ္းဆည္းလက္စ ခရီးေဆာင္အိတ္ထဲထည့္သိမ္းလိုက္သည္။
နက္ေနမထြက္ခင္အခ်ိန္ေလးတြင္ ထြက္သြားေတာ့မည္။ ဒီတိုင္း မသြားရက္သည္မို႔ မွတ္စုစာအုပ္ထဲမွ စာရြက္တစ္ရြက္အားျဖဲကာ မ်က္ရည္စေတြၿငိစြန္းေနသည့္ စာေၾကာင္းတစ္ခ်ိဳ႕ခ်ေရးလိုက္သည္။
""""သို႔ ကိုေမာင္...
သက္ထား ရဲ႕ မိုက္႐ူးရဲဆန္တဲ့ အခ်စ္ေတြက ကိုေမာင့္ ကို ေကာင္းမြန္တဲ့သူနဲ႔ ေတြ႔ဆံုခြင့္ရဖို႔ အဟန္႔အတားျဖစ္ေစခဲ့ၿပီ။
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ မိသားစုေလး ထူေထာင္ပါေနာ္ ကိုေမာင္။
မဂၤလာပြဲကို ဂုဏ္ျပဳပါတယ္။''''''
......
ေရာင္နီစပ်ိဳးလာကာ ေနမင္းႀကီး အေ႐ွ႕အရပ္မ်က္ႏွာက ေပၚထြက္လာသည္။ အိပ္ခန္းတံခါးကိုျဖည္းညင္းစြာဖြင့္ကာ တံခါးေဘးတြင္ အိပ္ေမာက်ေနၿပီျဖစ္တဲ့ ကိုေမာင့္ ကို ေနာက္ဆံုးတစ္ေခါက္အေနျဖင့္ ၾကည့္လိုက္သည္။
ကိုေမာင္ ႏွင့္ သူ က အစတည္းကမျဖစ္ႏိုင္သည့္အရာမို႔ လက္လႊတ္လိုက္ရသည္မွာေတာ့မဆန္း။ အနာဂတ္ ျပန္ေတြ႔မည့္အခ်ိန္တြင္ သူေရာ၊ ကိုေမာင္ေရာ၊ ေျပာင္းလဲႏွင့္ေလာက္ၿပီ။
မႏိုးတႏိုးျဖစ္ေနစဥ္ ဆြဲေခၚခံရတာေၾကာင့္ ကိုေမာင္ ႏိုးလာရသည္။ ဦးတင္ေမာင္ဦး က ျဖဴလ်လ်တိုက္ပံုႏွင့္ ေတာင္႐ွည္ ပုဆိုးအား ဝတ္ဆင္ခိုင္းသည္။ ေခါင္းေပါင္းပါ တပ္ဆင္ၿပီးသည့္အခါ မဂၤလာဝတ္စံုျဖစ္ေနမွန္း သတိထားမိသြားသည္။
"အေဖ။ တကယ္ႀကီးလား။ က်ေတာ္ နဲ႔ သက္ထား ကိုသေဘာတူလိုက္ၿပီေပါ့။''
ကိုေမာင္ ထင္သည္က သူႏွင့္ သက္ထား တို႔၏ မဂၤလာဧည့္ခံပြဲ။ ဦးတင္ေမာင္ဦး က ေခါင္းလည္းမညိမ့္သလို၊ ေထာက္ခံေၾကာင္းလည္းမျပ။ သို႔ေသာ္ ကိုေမာင္ ကေတာ့ သက္ထား ႏွင့္လက္ထပ္ရမည္ဟု ထင္ေနဆဲ။
မဂၤလာခန္းမအား သြားသည့္လမ္းတြင္ ကိုေမာင္ အေတြးယာဥ္ထဲေမ်ာေနမိသည္။ သက္ထား ႏွင့္ သတိုးသမီး ဝတ္စံုေလးအားတြဲဖက္ျမင္ေနၿပီျဖစ္သည္။ သို႔မဟုတ္ သတို႔သားဝတ္စံုသည္ပဲလား။
မည္သို႔ျဖစ္ေနပါေစ။ သက္ထား သာဆိုလ်ွင္ လိုက္ဖက္ေနလိမ့္မည္။ ျမင္ခ်င္မိပါသည္။ တစ္ဘဝလံုး သူ႔ေဘးတြင္ အတူ႐ွိေနမည့္ သက္ထား ကို။
မနက္ကိုးနာရီရထား။ မၾကာခင္ ဘူတာဆိုက္ေရာက္ေတာ့မည္။ ဓာတ္ပံုဆိုင္ မဖြင့္ေသးေသာ္လည္း၊ ဆိုင္႐ွင္ေက်းဇူးႏွင့္ ပံုေလးထုတ္ခြင့္ရခဲ့သည္။
ဒါေလးက အိမ္မက္တစ္ခု။ ယခုအခ်ိန္ေလာက္ဆို ကိုေမာင္ လက္႐ွိပစၥဳပၸန္ ဇနီးေလးႏွင့္ အတူတကြ မဂၤလာဓာတ္ပံုေလး ႐ိုက္ႏွင့္ေနေလာက္ၿပီ။
ပိုက္ဆံအိတ္ထဲတြင္ ခေရပန္းေျခာက္သံုးပြင့္ႏွင့္အတူ ဓာတ္ပံုေလးအား ထည့္ကာသိမ္းဆည္းလိုက္သည္။ အိမ္မက္ဆိုသည္မွာ ႏိုးထရစျမဲျဖစ္သည္။ အမွတ္တရေလးေတြေတာ့သိမ္းဆည္းထားခ်င္မိေသးသည္။
ခေရပန္းေရာင္းေနသည့္ ကေလးငယ္ဆီမွ ခေရပန္းကံုးေလးဝယ္ကာ ဆံထံုးတြင္ ရစ္ေခြပတ္တင္လိုက္သည္။ ယေန႔မွစ၍ သူ႔အား ခေရပန္းပန္ေပးမည့္သူ မ႐ွိေတာ့ၿပီ။
ဆိုက္ေရာက္လာသည့္ ရထားေပၚ တက္သြားေလသည္။ ကိုေမာင္ ေပ်ာ္ရႊင္ဖို႔ ေမ်ွာ္လင့္မိပါသည္။ သက္ျပင္းခပ္နိမ့္နိမ့္ေလးခ်ကာ က်န္ရစ္သြားသည့္ ဘူတာအားေနာက္ျပန္လွည့္ၾကည့္မိသည္။
သက္ထား ၏ ႏွလံုးသားႏွင့္ ခ်စ္ရသူလည္း ထိုေနရာမွာ က်န္ရစ္ခဲ့ေလၿပီ။ ယခင္က ၾကားခဲ့ဖူးသည့္ စာေလးတစ္ေၾကာင္းအား ျပန္ေတြးမိသည္။
"လူတစ္ေယာက္ကို သိပ္ခ်စ္မိသြားရင္ ပိုင္ဆိုင္မႈကိုမလိုခ်င္ေတာ့ဘူး။ သူ႔ကိုဘယ္လိုခ်စ္ေပးရမလဲ၊ ဘယ္လိုနည္းမ်ိဳးနဲ႔ ခ်စ္ေပးတာအေကာင္းဆံုးလဲဆိုတာပဲ စဥ္းစားမိလိမ့္မည္ တဲ့။''
...
(၁၀ ႏွစ္ၾကာၿပီးေနာက္)
ယခင္လြန္ခဲ့ေသာ ေႏြရာသီမ်ားကဲ့သို႔ ခေရပန္းေလးေတြေဖြးေဖြးလႈပ္ ေႂကြက်ေနသည္။ ပန္းေလးေတြလိုက္ေကာက္ရင္းႏွင့္ တူညီစြာ ေကာက္မိသြားၾကသည့္ လက္တစ္စံု။
သနပ္ခါး ပါးကြက္ၾကားေလး ႏွင့္ က်စ္ဆံၿမီးႏွစ္ဖက္စည္းထားသည့္ ကေလးမေလးက သူ႔အား ေမာ့လို႔ၾကည့္သည္။ လက္ထဲက ေကာက္ကာထားသည့္ ခေရပန္းပြင့္ေလးေတြကို ကေလးမေလးအားေပးလိုက္သည္။
"ေရာ့ ဒီမွာ မီးမီး အတြက္။''
"ဟုတ္ တီတီ။ ေက်းဇူးတင္ပါတယ္။''
"အိေျနၵ။ ဘယ္ေတြေလ်ွာက္သြားေနတာလဲ။''
ထိုလူ႔အသံအား သက္ထား ရဲရဲျကီးမွတ္မိပါေသးသည္။ ႏွစ္ေတြအေတာ္ေလးၾကာသြားေသာ္လည္း သူ႔အခ်စ္ေတြက ေျပာင္းလဲမသြားသည္မို႔။ လြမ္းဆြတ္ျပန္လာသည့္ ထိုေနရာေလးေတြ ကိုေမာင္ ႐ွိေနေသးသည္။
"သက္ သက္ထား။''
"ကိုေမာင္။''
သက္ထား ယခင္စေတြ႔တုန္းက အျပံဳးေလးကဲ့သို႔ ခ်ိဳသာစြာျပံဳးျပသည္။ ေလေလးတစ္ခ်က္အေဝ့ ခေရပန္းရနံေလးေတြ သင္းပ်ံေမႊးေနသည္။
"ကိုေမာင့္ သမီးေလးလား။''
သက္ထား ထိုေမခြန္းအေျဖအား လက္ခံသည္ဆိုတာထက္ ျငင္းဆိုေစခ်င္သည္။
"ဟုတ္တယ္။ ကိုယ့္သမီးေလး။ အိေျနၵ တဲ့။''
"ေတာ္ေတာ္ေလးေတာင္ ႀကီးလာၿပီေနာ္။''
"ထားငယ္ ဒီကိုျပန္လာတာလား။''
ဟုတ္သည္ ဟုေျဖေစခ်င္သည္။
"ဟင့္အင္း။ သက္ထား ခနအလည္လာတာ။ ဒါဆို... သက္ထား သြားေတာ့မယ္ေနာ္။''
"ေကာင္းပါၿပီ။''
ထြက္ခြားသြားသည့္ သက္ထား အားေငးၾကည့္ေနမိသည္။ ႏွစ္ေတြ လေတြ အသက္ေတြေျပာင္းလဲသြားေသာ္လည္း ခ်စ္ရသူမွာ ေျပာင္းလဲမသြားပါေပ။ သက္ထား သည္သာ သူ႔ဘဝရဲ႕ ခ်စ္ရသူျဖစ္သည္။
"ေမာင္ဦး ဘာေတြ ငိုင္ေနတာလဲ။''
"ဘာမွမဟုတ္ပါဘူး တင္ျမင့္ ရာ။''
"ငါ့ သမီး ကိုျပန္လာေခၚတာ။ ထိန္းေပးတာ ေက်းဇူးပဲကြာ။''
အိေျနၵ က တင္ျမင့္ ႏွင့္အတူ ျပန္သြားခ်ိန္ ကိုေမာင္ ခေရပင္ေအာက္မွာသာ ထိုင္ရင္းက်န္ခဲ့သည္။ သက္ထား က သူ႔မိန္းမ မည္သူလဲဆိုသည္ေတာင္ မေမးခဲ့။ သူသည္လည္း သက္ထား ကိုသာ ေစာင့္ေနသည္ျဖစ္ေၾကာင္း မေျပာမိခဲ့။
....
မဂၤလာခန္းမေ႐ွ႕မွ ဆိုင္းဘုတ္က ေမာင္ကိုေမာင္ဦး ႏွင့္ မခင္မူရာ ဟူ၍ျဖစ္ေနခဲ့သည္။ သတို႔သမီးသည္လည္း သက္ထား မဟုတ္။ မူရာ သာ။
ကိုေမာင္ ခ်က္ခ်င္းပင္ ခန္းမထဲက ေျပးထြက္လာသည္။ လူေတြအေုပါႏွင့္ လူေတြအၾကည့္အား ဂ႐ုမစိုက္ပါေပ။
"ေမာင္ဦး မင္း ဒီကေန ေျခတစ္လွမ္းေရြ႔တာနဲ႔ ငါ့သားမဟုတ္ေတာ့ဘူး။''
ဖခင္ေအာ္ေျပာသည့္ စကားကို ကိုေမာင္ ၾကားေသာ္လည္း မရပ္တန္႔သြားပါေပ။ သူ သက္ထား ကို လိုအပ္သည္။ သူ႔ေဘးတြင္ သက္ထား ႐ွိေနမွျဖစ္မည္။
"သက္ထား ေတာင္းပန္ပါတယ္။ ကိုယ့္ကို ေစာင့္ေနေပးပါ။''
လမ္းတစ္ဖက္တြင္ ဘူတာ႐ွိေနသည္။ ဆိုက္ေရာက္လာသည့္ ရထား အားျမင္ေနရသည္။ အလ်င္အျမန္ျဖတ္ကူးလာသည့္ လမ္းတြင္ ကားတိုက္ခံရမည္ဟု မထင္မိပါေပ။
လႈပ္မရေတာ့သည့္ ေျခေထာက္ႏွင့္ ေသြးစက္လက္တို႔အား လ်စ္လ်ဴ႐ႈကာ တြားသြားရင္း ရထားဆီ ဦးတည္လာသည္။ ကံမေကာင္းစြာ ရထားေပၚတက္သြားသည့္ သက္ထား အားျမင္ေတြ႔ခဲ့ရေသာ္လည္း လွမ္းတားႏိုင္ျခင္းမ႐ွိေတာ့ပါ။
ထြက္ခြာသြားသည့္ ရထားကိုသာ ဒဏ္ရာမ်ားႏွင့္ ၾကည့္ရင္းက်န္ရစ္ခဲ့ရသည္။ ေနာက္ဆံုးေတာ့ သက္ထား သူ့ဆီမွ ထြက္ခြာသြားၿပီ။
ပထမအႀကိမ္ ဆြဲထားျခင္း မရႏိုင္ခဲ့သလို ဒုတိယ တစ္ႀကိမ္တြင္လည္း မဆြဲထားႏိုင္ခဲ့ပါ။
ထိုအတိုင္းေလးသာ သူတို႔ ထာဝရ ေဝးသြားခဲ့ရသည္။
...End...
Unnicode
လော့ခ်ခတ်ကာ ပိတ်ထားသည့် အိပ်ခန်းတံခါးလေးကြောင့် ကိုမောင် တံခါးကိုသာမှီရင်း ကတ္တီပါအနီဘူးလေးကိုဆုတ်ကိုင်ရင်းဖြင့် တစ်ညလုံးကုန်ဆုံးခဲ့သည်။ မနက်ရောက်လျှင် သက်ထား သူ့တောင်းဆိုချက်ကို လက်ခံလာလိမ့်မည်ဟု မျှော်လင့်နေမိဆဲ ဖြစ်သည်။
သူနှင့်သက်ထား သိပ်ချစ်ကြသည်။ ခွဲခွာရမည့်အကြောင်းဆိုသည်မှာ မရှိနိုင်။ သူလက်ထပ်မည့်သူက သက်ထား၊ သက်ထား လက်ထပ်မည့်သူကလည်း သူသာဖြစ်လိမ့်မည်။
နာကျင်နေသည့်နှလုံးသားအား ဦးနှောက်မှအတုအယောင်စကားများဖြင့် နှစ်သိမ့်ပေးနေခဲ့သည်။ တံခါးတစ်ဖက်မှ သက်ထား ကလည်း ကွဲကျေသွားပြီဖြစ်တဲ့ နှလုံးသားလေးအား သိမ်းဆည်းလက်စ ခရီးဆောင်အိတ်ထဲထည့်သိမ်းလိုက်သည်။
နက်နေမထွက်ခင်အချိန်လေးတွင် ထွက်သွားတော့မည်။ ဒီတိုင်း မသွားရက်သည်မို့ မှတ်စုစာအုပ်ထဲမှ စာရွက်တစ်ရွက်အားဖြဲကာ မျက်ရည်စတွေငြိစွန်းနေသည့် စာကြောင်းတစ်ချို့ချရေးလိုက်သည်။
""""သို့ ကိုမောင်...
သက်ထား ရဲ့ မိုက်ရူးရဲဆန်တဲ့ အချစ်တွေက ကိုမောင့် ကို ကောင်းမွန်တဲ့သူနဲ့ တွေ့ဆုံခွင့်ရဖို့ အဟန့်အတားဖြစ်စေခဲ့ပြီ။
ပျော်ပျော်ရွှင်ရွှင် မိသားစုလေး ထူထောင်ပါနော် ကိုမောင်။
မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်။''''''
......
ရောင်နီစပျိုးလာကာ နေမင်းကြီး အရှေ့အရပ်မျက်နှာက ပေါ်ထွက်လာသည်။ အိပ်ခန်းတံခါးကိုဖြည်းညင်းစွာဖွင့်ကာ တံခါးဘေးတွင် အိပ်မောကျနေပြီဖြစ်တဲ့ ကိုမောင့် ကို နောက်ဆုံးတစ်ခေါက်အနေဖြင့် ကြည့်လိုက်သည်။
ကိုမောင် နှင့် သူ က အစတည်းကမဖြစ်နိုင်သည့်အရာမို့ လက်လွှတ်လိုက်ရသည်မှာတော့မဆန်း။ အနာဂတ် ပြန်တွေ့မည့်အချိန်တွင် သူရော၊ ကိုမောင်ရော၊ ပြောင်းလဲနှင့်လောက်ပြီ။
မနိုးတနိုးဖြစ်နေစဉ် ဆွဲခေါ်ခံရတာကြောင့် ကိုမောင် နိုးလာရသည်။ ဦးတင်မောင်ဦး က ဖြူလျလျတိုက်ပုံနှင့် တောင်ရှည် ပုဆိုးအား ဝတ်ဆင်ခိုင်းသည်။ ခေါင်းပေါင်းပါ တပ်ဆင်ပြီးသည့်အခါ မင်္ဂလာဝတ်စုံဖြစ်နေမှန်း သတိထားမိသွားသည်။
"အဖေ။ တကယ်ကြီးလား။ ကျတော် နဲ့ သက်ထား ကိုသဘောတူလိုက်ပြီပေါ့။''
ကိုမောင် ထင်သည်က သူနှင့် သက်ထား တို့၏ မင်္ဂလာဧည့်ခံပွဲ။ ဦးတင်မောင်ဦး က ခေါင်းလည်းမညိမ့်သလို၊ ထောက်ခံကြောင်းလည်းမပြ။ သို့သော် ကိုမောင် ကတော့ သက်ထား နှင့်လက်ထပ်ရမည်ဟု ထင်နေဆဲ။
မင်္ဂလာခန်းမအား သွားသည့်လမ်းတွင် ကိုမောင် အတွေးယာဉ်ထဲမျောနေမိသည်။ သက်ထား နှင့် သတိုးသမီး ဝတ်စုံလေးအားတွဲဖက်မြင်နေပြီဖြစ်သည်။ သို့မဟုတ် သတို့သားဝတ်စုံသည်ပဲလား။
မည်သို့ဖြစ်နေပါစေ။ သက်ထား သာဆိုလျှင် လိုက်ဖက်နေလိမ့်မည်။ မြင်ချင်မိပါသည်။ တစ်ဘဝလုံး သူ့ဘေးတွင် အတူရှိနေမည့် သက်ထား ကို။
မနက်ကိုးနာရီရထား။ မကြာခင် ဘူတာဆိုက်ရောက်တော့မည်။ ဓာတ်ပုံဆိုင် မဖွင့်သေးသော်လည်း၊ ဆိုင်ရှင်ကျေးဇူးနှင့် ပုံလေးထုတ်ခွင့်ရခဲ့သည်။
ဒါလေးက အိမ်မက်တစ်ခု။ ယခုအချိန်လောက်ဆို ကိုမောင် လက်ရှိပစ္စုပ္ပန် ဇနီးလေးနှင့် အတူတကွ မင်္ဂလာဓာတ်ပုံလေး ရိုက်နှင့်နေလောက်ပြီ။
ပိုက်ဆံအိတ်ထဲတွင် ခရေပန်းခြောက်သုံးပွင့်နှင့်အတူ ဓာတ်ပုံလေးအား ထည့်ကာသိမ်းဆည်းလိုက်သည်။ အိမ်မက်ဆိုသည်မှာ နိုးထရစမြဲဖြစ်သည်။ အမှတ်တရလေးတွေတော့သိမ်းဆည်းထားချင်မိသေးသည်။
ခရေပန်းရောင်းနေသည့် ကလေးငယ်ဆီမှ ခရေပန်းကုံးလေးဝယ်ကာ ဆံထုံးတွင် ရစ်ခွေပတ်တင်လိုက်သည်။ ယနေ့မှစ၍ သူ့အား ခရေပန်းပန်ပေးမည့်သူ မရှိတော့ပြီ။
ဆိုက်ရောက်လာသည့် ရထားပေါ် တက်သွားလေသည်။ ကိုမောင် ပျော်ရွှင်ဖို့ မျှော်လင့်မိပါသည်။ သက်ပြင်းခပ်နိမ့်နိမ့်လေးချကာ ကျန်ရစ်သွားသည့် ဘူတာအားနောက်ပြန်လှည့်ကြည့်မိသည်။
သက်ထား ၏ နှလုံးသားနှင့် ချစ်ရသူလည်း ထိုနေရာမှာ ကျန်ရစ်ခဲ့လေပြီ။ ယခင်က ကြားခဲ့ဖူးသည့် စာလေးတစ်ကြောင်းအား ပြန်တွေးမိသည်။
"လူတစ်ယောက်ကို သိပ်ချစ်မိသွားရင် ပိုင်ဆိုင်မှုကိုမလိုချင်တော့ဘူး။ သူ့ကိုဘယ်လိုချစ်ပေးရမလဲ၊ ဘယ်လိုနည်းမျိုးနဲ့ ချစ်ပေးတာအကောင်းဆုံးလဲဆိုတာပဲ စဉ်းစားမိလိမ့်မည် တဲ့။''
...
(၁၀ နှစ်ကြာပြီးနောက်)
ယခင်လွန်ခဲ့သော နွေရာသီများကဲ့သို့ ခရေပန်းလေးတွေဖွေးဖွေးလှုပ် ကြွေကျနေသည်။ ပန်းလေးတွေလိုက်ကောက်ရင်းနှင့် တူညီစွာ ကောက်မိသွားကြသည့် လက်တစ်စုံ။
သနပ်ခါး ပါးကွက်ကြားလေး နှင့် ကျစ်ဆံမြီးနှစ်ဖက်စည်းထားသည့် ကလေးမလေးက သူ့အား မော့လို့ကြည့်သည်။ လက်ထဲက ကောက်ကာထားသည့် ခရေပန်းပွင့်လေးတွေကို ကလေးမလေးအားပေးလိုက်သည်။
"ရော့ ဒီမှာ မီးမီး အတွက်။''
"ဟုတ် တီတီ။ ကျေးဇူးတင်ပါတယ်။''
"အိနြေ္ဒ။ ဘယ်တွေလျှောက်သွားနေတာလဲ။''
ထိုလူ့အသံအား သက်ထား ရဲရဲကြီးမှတ်မိပါသေးသည်။ နှစ်တွေအတော်လေးကြာသွားသော်လည်း သူ့အချစ်တွေက ပြောင်းလဲမသွားသည်မို့။ လွမ်းဆွတ်ပြန်လာသည့် ထိုနေရာလေးတွေ ကိုမောင် ရှိနေသေးသည်။
"သက် သက်ထား။''
"ကိုမောင်။''
သက်ထား ယခင်စတွေ့တုန်းက အပြုံးလေးကဲ့သို့ ချိုသာစွာပြုံးပြသည်။ လေလေးတစ်ချက်အဝေ့ ခရေပန်းရနံလေးတွေ သင်းပျံမွှေးနေသည်။
"ကိုမောင့် သမီးလေးလား။''
သက်ထား ထိုမေခွန်းအဖြေအား လက်ခံသည်ဆိုတာထက် ငြင်းဆိုစေချင်သည်။
"ဟုတ်တယ်။ ကိုယ့်သမီးလေး။ အိနြေ္ဒ တဲ့။''
"တော်တော်လေးတောင် ကြီးလာပြီနော်။''
"ထားငယ် ဒီကိုပြန်လာတာလား။''
ဟုတ်သည် ဟုဖြေစေချင်သည်။
"ဟင့်အင်း။ သက်ထား ခနအလည်လာတာ။ ဒါဆို... သက်ထား သွားတော့မယ်နော်။''
"ကောင်းပါပြီ။''
ထွက်ခွားသွားသည့် သက်ထား အားငေးကြည့်နေမိသည်။ နှစ်တွေ လတွေ အသက်တွေပြောင်းလဲသွားသော်လည်း ချစ်ရသူမှာ ပြောင်းလဲမသွားပါပေ။ သက်ထား သည်သာ သူ့ဘဝရဲ့ ချစ်ရသူဖြစ်သည်။
"မောင်ဦး ဘာတွေ ငိုင်နေတာလဲ။''
"ဘာမှမဟုတ်ပါဘူး တင်မြင့် ရာ။''
"ငါ့ သမီး ကိုပြန်လာခေါ်တာ။ ထိန်းပေးတာ ကျေးဇူးပဲကွာ။''
အိနြေ္ဒ က တင်မြင့် နှင့်အတူ ပြန်သွားချိန် ကိုမောင် ခရေပင်အောက်မှာသာ ထိုင်ရင်းကျန်ခဲ့သည်။ သက်ထား က သူ့မိန်းမ မည်သူလဲဆိုသည်တောင် မမေးခဲ့။ သူသည်လည်း သက်ထား ကိုသာ စောင့်နေသည်ဖြစ်ကြောင်း မပြောမိခဲ့။
....
မင်္ဂလာခန်းမရှေ့မှ ဆိုင်းဘုတ်က မောင်ကိုမောင်ဦး နှင့် မခင်မူရာ ဟူ၍ဖြစ်နေခဲ့သည်။ သတို့သမီးသည်လည်း သက်ထား မဟုတ်။ မူရာ သာ။
ကိုမောင် ချက်ချင်းပင် ခန်းမထဲက ပြေးထွက်လာသည်။ လူတွေအေုပါနှင့် လူတွေအကြည့်အား ဂရုမစိုက်ပါပေ။
"မောင်ဦး မင်း ဒီကနေ ခြေတစ်လှမ်းရွေ့တာနဲ့ ငါ့သားမဟုတ်တော့ဘူး။''
ဖခင်အော်ပြောသည့် စကားကို ကိုမောင် ကြားသော်လည်း မရပ်တန့်သွားပါပေ။ သူ သက်ထား ကို လိုအပ်သည်။ သူ့ဘေးတွင် သက်ထား ရှိနေမှဖြစ်မည်။
"သက်ထား တောင်းပန်ပါတယ်။ ကိုယ့်ကို စောင့်နေပေးပါ။''
လမ်းတစ်ဖက်တွင် ဘူတာရှိနေသည်။ ဆိုက်ရောက်လာသည့် ရထား အားမြင်နေရသည်။ အလျင်အမြန်ဖြတ်ကူးလာသည့် လမ်းတွင် ကားတိုက်ခံရမည်ဟု မထင်မိပါပေ။
လှုပ်မရတော့သည့် ခြေထောက်နှင့် သွေးစက်လက်တို့အား လျစ်လျူရှုကာ တွားသွားရင်း ရထားဆီ ဦးတည်လာသည်။ ကံမကောင်းစွာ ရထားပေါ်တက်သွားသည့် သက်ထား အားမြင်တွေ့ခဲ့ရသော်လည်း လှမ်းတားနိုင်ခြင်းမရှိတော့ပါ။
ထွက်ခွာသွားသည့် ရထားကိုသာ ဒဏ်ရာများနှင့် ကြည့်ရင်းကျန်ရစ်ခဲ့ရသည်။ နောက်ဆုံးတော့ သက်ထား သူ့ဆီမှ ထွက်ခွာသွားပြီ။
ပထမအကြိမ် ဆွဲထားခြင်း မရနိုင်ခဲ့သလို ဒုတိယ တစ်ကြိမ်တွင်လည်း မဆွဲထားနိုင်ခဲ့ပါ။
ထိုအတိုင်းလေးသာ သူတို့ ထာဝရ ဝေးသွားခဲ့ရသည်။
...End...