သက္ထား အိမ္ထဲ မဝံမရဲဝင္လာမိသည္။ ႏြယ္နီ က ပန္းအိပ္ရာထက္တြင္ ေအးခ်မ္းစြာ အိပ္ေပ်ာ္လ်က္။ သက္ထား ေျခေထာက္ေတြေတာင္ မခိုင္ျမဲခ်င္ေတာ့ေပ။ ေဘးနားမွ ထိန္းေပးထားသည့္ ကိုေမာင္ ေၾကာင့္သာ မဟုတ္လ်ွင္ သက္ထား ပစ္လဲက်သြားေလာက္ၿပီျဖစ္သည္။
ေအးစက္ေနသည့္ ႏြယ္နီ လက္ေလးေတြကို ဆုတ္ကိုင္လိုက္သည္။ သူကေတာ့ ေအးေအးခ်မ္းခ်မ္း ထြက္သြားပါေသာ္လည္း က်န္ခဲ့သည့္သူမ်ားမွာေတာ့ ေသာကမီးပူေလာင္လ်က္။
"ႏြယ္ ႏြယ္နီ ထပါအံုး။ သက္ထား ကို မေနာက္နဲ႔ေနာ္။ ႏြယ္နီ သက္ထား ကို ခ်ည္ထိုးသင္ေပးရအံုးမယ္ေလ။ ႏြယ္နီ အိပ္ေပ်ာ္ေနတာမလား။ အၾကာႀကီးအိပ္ေနရင္မေကာင္းဘူး။ ထေတာ့ေလ။ ထလို႔။''
လူ႔ေလာကႀကီးတြင္ ႏြယ္နီ မ႐ွိေတာ့ဘူး ဟူသည္က လက္ခံရခက္ခဲေနသည္။ ႏိုးလာေတာ့မည္ မဟုတ္သည္ကိုသိေတာ့လည္း ၾကားမည္ထင္၍ ေအာ္ေခၚေနမိသည္။ ကိုယ့္အရင္းႏွီးဆံုးသူအား ဆံုး႐ွံုးရသည့္ခံစားခ်က္သည္ကား ကမၻာႀကီးထက္ဝက္ကြဲသြားသည္ထက္ ပိုမိုဆိုးရြားသည္။
"ႏြယ္နီ မ႐ွိေတာ့ဘဲ သက္ထား ဘယ္လိုေနရမွာလဲ။ ႏြယ္နီ ႏြယ္နီ ေျပာေတာ့ ေပ်ာ္ပါတယ္ဆို။ ဘာေၾကာင့္ဒီလိုလုပ္ရတာလဲ။ ဘာေၾကာင့္လဲ။ ကိုေမာင္ ႏြယ္နီ႔ ကို ကူႏိႈးေပးပါအံုး။''
သက္ထား နာနာက်င္က်င္ ငိုကာခံစားေနရမႈကို ကိုေမာင္ မၾကည့္ရက္ပါေပ။ သူ႔အား ရင္ခြင္ထဲထည့္ကာ ဖက္ထားရင္းႏွင့္ပင္ ႏွစ္သိမ့္ေနမိသည္။
"သက္ထား ရိပ္မိသင့္တာ။ သက္ထား အေစာႀကီးတည္းက ရိပ္မိသင့္တာ။ သက္ထား ေတာင္းပန္ပါတယ္ ႏြယ္နီ ရယ္။ သက္ထား ေတာင္းပန္ပါတယ္။''
ဘဝတစ္ျခားထြက္ခြာသြားၿပီ ျဖစ္သၫ္႔ ႏြယ္နီ ကေတာ့ ထိုအသံမ်ားလံုးဝမၾကားသလို ပန္းအိပ္ရာထက္မွ ကိုယ္ေလးက မလႈပ္မယွက္။ သူ႔ပံုစံသည္ကား ယခုမွ ေအးခ်မ္းမႈကို ႐ွာေတြ႔သြားသည့္ႏွယ္။
သက္ထား ကိုေမာင္ ရင္ခြင္ထဲမွ ႐ုန္းထြက္ကာ ေဘးတြင္ လူေသေကာင္မ်က္ႏွာႏွင့္ လည္စည္းအနီအားကိုင္ကာ ရပ္ေနသည့္ ဦးဥကၠာယံ ဆီေျပးသြားသည္။
"အဲ့တာ ခင္ဗ်ားေၾကာင့္။ သက္ထား ခင္ဗ်ားကိုသတ္ၿပီးေထာင္ထဲဝင္မယ္။''
"ထားငယ္!!။''
ကိုေမာင္ အခ်ိန္မီ သက္ထား ကိုလွမ္းတားႏိုင္ခဲ့သည္။ ဦးဥကၠာယံ ကလည္း ထိုေနရာမွ မေရြ႔ပါေပ။
"သက္ထား ခင္ဗ်ားကိုသတ္ၿပီး ေထာင္ထဲဝင္မယ္။''
သက္ထား က ကိုေမာင့္ ရင္ခြင္ထဲျပန္ေရာက္သြားေသာ္လည္း ဦးဥကၠာယံ အား စူးစူးဝါးဝါးၾကည့္ကာ ထိုစကားကိုသာေျပာေနသည္။
"ထားငယ္ စိတ္ထိန္းပါအံုး။ ထားငယ္။ ထားငယ္။''
သက္ထား မ်က္ဝန္းမ်ားမွိတ္က်ကာ သတိလစ္သြားၿပီျဖစ္သည္။ ထိုအခ်ိန္ထိ မ်က္ရည္မ်ားစီးက်ေနသည္က မရပ္တန္႔ခဲ့ပါေပ။
"သက္ထား။ သက္ထား။ ထပါအံုး။''
သက္ထား ခပ္စူးစူးအလင္းေရာင္ေတြေၾကာင့္ မ်က္လံုးအေတာ္ေလးမဖြင့္ႏိုင္ေပ။ ေနသားက်သြားသည့္အခါမွ ၾကည့္လိုက္တဲ့အခါ ႏြယ္နီ က သူ႔ေ႐ွ႕ေရာက္ေနသည္။
သက္ထား မည္သည့္အရာမွ စဥ္းစားမေနေတာ့ဘဲ၊ ႏြယ္နီ အား ဖက္လိုက္သည္။
"ႏြယ္နီ၊ သက္ထား ေလ၊ သက္ထား အိမ္မက္ဆိုးႀကီးမက္တယ္။ အိမ္မက္ထဲမွာ ႏြယ္နီ မ႐ွိေတာ့ဘူးတဲ့။''
သက္ထား က ထိုသို႔ေျပာကာ ငိုေလသည္။ ႏြယ္နီ က သက္ထား ရဲ႕ ေက်ာကုန္းေလးကိုပုတ္ေပးကာ....''ႏြယ္နီ သက္ထား ကိုႏႈတ္ဆက္ဖို႔လာခဲ့တာ။''
"ဟင့္အင္း။ မရဘူး။ သက္ထား၊ သက္ထား ခြင့္မျပဳဘူး။''
"ႏြယ္နီ ဒီမွာေပ်ာ္ေနၿပီေလ။''
"ႏြယ္နီ အဲ့လိုပဲ အျမဲေျပာေနတာမဟုတ္လား။''
ႏြယ္နီ ဆီမွ စကားသံ ခနတိတ္သြားသည္။
"သက္ထား။ အန္ကယ္ယံ ကို မမုန္းပါနဲ႔ေနာ္။ သူ႔အမွားလံုးဝမဟုတ္ပါဘူး။ ဒါ ႏြယ္နီ ကိုယ္တိုင္ေရြးခ်ယ္ခဲ့တာပါ။ သက္ထား ေပ်ာ္ေအာင္ေနေနာ္။ ႏြယ္နီ ႏႈတ္ဆက္တယ္။''
ထိုေနာင္ဘဝကူးကာ ေနာက္ဆံုးႏႈတ္ဆက္ခ်ိန္အထိ ႏြယ္နီ သက္ထား ကို အားက်ဆဲပင္။ သူသည္လည္း တစ္ခါေလာက္ ေႏြးေထြးၾကင္နာမႈကို ရခဲ့သင့္ပါသည္။ ထြက္ခြာသြားသည့္အခါ ဒဏ္ရာေတြပလပြႏွင့္ ႏွလံုးသားအစား၊ အၾကင္နာႏွလံုးသားကိုသာ ယူေဆာင္သြားခ်င္မိခဲ့သည္။
သက္ထား ႏြယ္နီ႔ ကို ဆြဲထားခ်င္ခဲ့ေသာ္လည္း ေလထဲမွာတင္ ႏြယ္နီ က ေပ်ာက္ကြယ္သြားခဲ့သည္။ ေပ်ာ္ေအာင္ေနတဲ့လား နီယ္နီ ေတာင္ မေပ်ာ္ရႊင္ခဲ့ရဘဲ ထြက္ခြာသြားရသည္ကို၊ သူကေရာ ေပ်ာ္ေအာင္ေနႏိုင္ဖို႔ ကံဇာတာပါမည္တဲ့လား။
သူတို႔လို ေယာက္်ားပ်က္ေတြရဲ႕ ဇာတ္သိမ္းသည္ကားထိုကဲ့သို႔ပင္ပဲလား။ သက္ထား ႏိုးထလာသည့္အခါ အျဖဴေရာင္ေဆးရံု မ်က္ႏွာက်က္က ဆီးႀကိဳလ်က္။
ေဘးနားတြင္ ကိုေမာင္ က သက္ထား လက္ေလးအားဆုတ္ကိုင္ကာ အိပ္ေပ်ာ္လ်က္႐ွိသည္။ ျပတင္းေပါက္မွ လွမ္းၾကည့္လိုက္သည့္အခါ အခ်ိန္ကိုက္ေႂကြက်သြားသည့္ ၾကယ္ေလးက ႏြယ္နီ အလား။
မ်က္ရည္ေတြ တသြင္သြင္စီးက်ေနမိသည္။ ဘဝအားေ႐ွ႕ဆက္ႏိုင္မည့္ ခြန္အားေတြေပးသနားရန္ ဆုေတာင္းေနသည္။ ကိုေမာင္ ကိုခ်စ္သည္။ လက္လႊတ္ရမည္ကို စိုးထိတ္သည္။ ဆြဲထားရန္လည္း သတၱိမ႐ွိ။
သူ႔ဘဝသည္ေကာ မည္ကဲ့သို႔ေ႐ွ႕ဆက္ျဖစ္မည္နည္း။
...
ရက္လည္ ဆြမ္းသြပ္တရားပြဲတြင္ ေရစက္ခ်သည့္ထဲ သက္ထား ရဲ႕ မ်က္ရည္ေတြလဲေရာပါသြားသည္။ ျဖစ္ႏိုင္မည္ဆို ထိုအရာအား အိမ္မက္တစ္ခုသာ ျဖစ္သြားေစခ်င္မိသည္။
ခေရပန္းေလးေတြ တျဖဳန္ျဖဳတ္ေႂကြကာပ်ံ့က်ဲက်ေနသည့္ ခေရပင္ႀကီးကို သက္ထား ေမာ့ၾကည့္ေနသည္။ ကိုေမာင္ က သက္ထား ရဲ႕ ပခံုးေလးကိုဆုတ္ကိုင္လိုက္သည္။
"ထားငယ္။''
"ေႂကြက်သြားရင္ေရာ သက္ထား တို႔ဘဝက ခေရပန္းေလးလို ေမႊးႏိုင္ပါ့မလား။''
ေတြးေတြးဆဆ ေျပာလာသည့္ သက္ထား မ်က္ဝန္းေတြက ဝမ္းနည္း အားငယ္မႈအျပည့္။
"ထားငယ္။ ထားငယ္ ေတာ့ ထြက္သြားလို႔မျဖစ္ဘူး။ ထားငယ္ မ႐ွိရင္ ကိုယ္ေသမွာ။''
သက္ထား နာက်င္ေနေသာ္လည္း ႏႈတ္ခမ္းပါးေလးျပံဳးကာ ကိုေမာင္ အား ေခါင္းေခါက္လိုက္သည္။
"ဘယ္လို နိမိတ္မ႐ွိ။ နိမာမ႐ွိ ေတြေျပာေနတာလဲ ကိုေမာင္။''
သက္ထား ရဲ႕ အျပံဳးခပ္ႏုႏုေလးကိုေတြ႔မွ ကိုေမာင္ စိတ္ခ်မိပါေလသည္။ ဝမ္းနည္းေနေသာ္လည္း ေခါင္းေခါက္သည္မွာေတာ့သည္။ အား႐ွိေသးေၾကာင့္ ခန္႔မွန္းမိတာေၾကာင့္ စိုးရိမ္စိတ္ တစ္ဝက္ေလ်ာ့ရသည္။
ဆိုင္တြင္ ငူငူငိုင္ငိုင္ထိုင္ေနသည္ကို ကိုေမာင္ မၾကည့္ရက္တာေၾကာင့္ အခ်ိန္ခနေလာက္ ေပ်ာ္ရႊင္လို ေပ်ာ္ရႊင္ညား ညေစ်းတန္းကိုေခၚသြားခဲ့သည္။
သက္ထား အၾကည့္တစ္ခ်က္ စြန္႔က်ဲလိုက္သည့္ မုန္႔မွန္သမ်ွ သက္ထား လက္ထဲေရာက္လာသည္။ သက္ထား မွာ မည္သည္ကိုမွ မၾကည့္ရဲေတာ့သလို။
အကင္ဆိုင္ေ႐ွ႕ေရာက္သည့္အခါ ၾကက္ကင္အနံေမႊးေမႊးေၾကာင့္ အကင္ဗန္းေပၚ သက္ထား အၾကည့္ပို႔လိုက္မိသည္။ ခ်က္ခ်င္း အကင္စံုေရြးကာ ကင္ခိုင္းသည့္ ကိုေမာင္ ပါေလ။
"ကိုေမာင္။ ပိုက္ဆံေတြ ေပါေနတာလား။''
သက္ထား ခပ္တိုးတိုးအနားကပ္ကာ ကိုေမာင္ အားဆူလိုက္သည္။ ကိုေမာင္ က ခပ္ျပံဳးျပံဳးပင္။ သူလုပ္တာမွန္ေနသည့္ပံု ေခါင္းေမာ့ရင္ေကာ့ထားသည္။
သက္ထား မ်က္မွန္ေတြေရာင္းသည့္ ဆိုင္အေရာက္တြင္ ေနကာမ်က္မွန္တစ္လက္ဝယ္လိုက္ရသည္။ ထိုအခါမွ ကိုေမာင္ သူဘာၾကည့္လဲ မျမင္ရေတာ့မွာပင္။
ညအေမွာင္ ေနကာမ်က္မွန္ႏွင့္ သက္ထား ကို လမ္းသြားလမ္းလာလူေတြက ရယ္ၾကသည္။ ကိုေမာင္ အပါအဝင္။ သက္ထား ခလုတ္တစ္ခါတိုက္သည့္အခါ ကိုေမာင္ က ထိန္းေပးေသာ္လည္း ရယ္ေနသည္။
ထိုရယ္ေနသည့္ သူ႔အား သက္ထား ၾကည့္မရေတာ့ဘဲ ဗိုက္ေခါက္လိမ္ဆြဲလိုက္သည္။
"အားပါးပါး။ ဗိုက္ေခါက္ျပတ္ပါၿပီဗ်။''
"ရယ္ခ်င္အံုး။ ခု သက္ထား အရယ္ခံေနရတာ ဘယ္သူ႔ေၾကာင့္လဲ။''
ကိုေမာင္ က မသိျခင္ေထာင္ေထာင္ကာ...''ကိုယ့္ေၾကာင့္လား။''
"ဟုတ္တယ္ေလ ခင္ဗ်ားႀကီးေၾကာင့္။ ပိုက္ဆံေတြေလ်ွာက္ျဖဳန္းပစ္ေနတဲ့ ခင္ဗ်ားႀကီးေၾကာင့္ေပါ့။''
သက္ထား က ေျပာလည္းေျပာ ဗိုက္ေခါက္လဲ လိမ္ထားသည္။ သက္ထား လက္စြမ္းက ကိုေမာင္ ပင္ မ်က္ရည္ဝဲတက္လာရသည္။
"ဟုတ္ၿပီ။ ဟုတ္ၿပီ။ ကိုယ္မွားပါတယ္။ ဗိုက္ေခါက္ဆြဲတာေလ်ွာ့ပါအံုး မမေလးရဲ႕။''
"ဘယ္သူက မမေလးလဲ။''
သက္ထား လက္ပိုတင္းသြားသည္။ ကိုေမာင္ ေတာ့ ဗိုက္ေၾကာျပတ္ၿပီထင္ပါရဲ႕။
"ကိုကိုေလး။ ကိုကိုေလး။ ထားငယ္ ထားငယ္ ကိုယ့္ ဗိုက္ျပတ္ေတာ့မယ္။''
သက္ထား လႊတ္ေပးလိုက္သည္။ ေျခေဆာင့္ကာ ကိုေမာင့္ အား ေက်ာေပးရပ္လိုက္ၿပီး စိတ္ဆိုးသည့္ပံုျပသည္။
"ၾကည့္စမ္းပါအံုး စိတ္ဆိုးေနတာလား။''
ကိုေမာင္ က သက္ထား ကိုလိုက္စတာေၾကာင့္ သက္ထား ျပံဳးသြားသည္။ သက္ထား အျပံဳးေလးေတြ ျမင္ေတာ့မွပဲ ကိုေမာင္ စိတ္ခ်မ္းသာသြားေတာ့သည္။ ဗိုက္ေခါက္နာၿပီး ပိုက္ဆံကုန္သြားေသာ္လည္း တန္ပါသည္ေလ။
........
Unnicode
သက်ထား အိမ်ထဲ မဝံမရဲဝင်လာမိသည်။ နွယ်နီ က ပန်းအိပ်ရာထက်တွင် အေးချမ်းစွာ အိပ်ပျော်လျက်။ သက်ထား ခြေထောက်တွေတောင် မခိုင်မြဲချင်တော့ပေ။ ဘေးနားမှ ထိန်းပေးထားသည့် ကိုမောင် ကြောင့်သာ မဟုတ်လျှင် သက်ထား ပစ်လဲကျသွားလောက်ပြီဖြစ်သည်။
အေးစက်နေသည့် နွယ်နီ လက်လေးတွေကို ဆုတ်ကိုင်လိုက်သည်။ သူကတော့ အေးအေးချမ်းချမ်း ထွက်သွားပါသော်လည်း ကျန်ခဲ့သည့်သူများမှာတော့ သောကမီးပူလောင်လျက်။
"နွယ် နွယ်နီ ထပါအုံး။ သက်ထား ကို မနောက်နဲ့နော်။ နွယ်နီ သက်ထား ကို ချည်ထိုးသင်ပေးရအုံးမယ်လေ။ နွယ်နီ အိပ်ပျော်နေတာမလား။ အကြာကြီးအိပ်နေရင်မကောင်းဘူး။ ထတော့လေ။ ထလို့။''
လူ့လောကကြီးတွင် နွယ်နီ မရှိတော့ဘူး ဟူသည်က လက်ခံရခက်ခဲနေသည်။ နိုးလာတော့မည် မဟုတ်သည်ကိုသိတော့လည်း ကြားမည်ထင်၍ အော်ခေါ်နေမိသည်။ ကိုယ့်အရင်းနှီးဆုံးသူအား ဆုံးရှုံးရသည့်ခံစားချက်သည်ကား ကမ်ဘာကြီးထက်ဝက်ကွဲသွားသည်ထက် ပိုမိုဆိုးရွားသည်။
"နွယ်နီ မရှိတော့ဘဲ သက်ထား ဘယ်လိုနေရမှာလဲ။ နွယ်နီ နွယ်နီ ပြောတော့ ပျော်ပါတယ်ဆို။ ဘာကြောင့်ဒီလိုလုပ်ရတာလဲ။ ဘာကြောင့်လဲ။ ကိုမောင် နွယ်နီ့ ကို ကူနှိုးပေးပါအုံး။''
သက်ထား နာနာကျင်ကျင် ငိုကာခံစားနေရမှုကို ကိုမောင် မကြည့်ရက်ပါပေ။ သူ့အား ရင်ခွင်ထဲထည့်ကာ ဖက်ထားရင်းနှင့်ပင် နှစ်သိမ့်နေမိသည်။
"သက်ထား ရိပ်မိသင့်တာ။ သက်ထား အစောကြီးတည်းက ရိပ်မိသင့်တာ။ သက်ထား တောင်းပန်ပါတယ် နွယ်နီ ရယ်။ သက်ထား တောင်းပန်ပါတယ်။''
ဘဝတစ်ခြားထွက်ခွာသွားပြီ ဖြစ်သည့် နွယ်နီ ကတော့ ထိုအသံများလုံးဝမကြားသလို ပန်းအိပ်ရာထက်မှ ကိုယ်လေးက မလှုပ်မယှက်။ သူ့ပုံစံသည်ကား ယခုမှ အေးချမ်းမှုကို ရှာတွေ့သွားသည့်နှယ်။
သက်ထား ကိုမောင် ရင်ခွင်ထဲမှ ရုန်းထွက်ကာ ဘေးတွင် လူသေကောင်မျက်နှာနှင့် လည်စည်းအနီအားကိုင်ကာ ရပ်နေသည့် ဦးဥက္ကာယံ ဆီပြေးသွားသည်။
"အဲ့တာ ခင်ဗျားကြောင့်။ သက်ထား ခင်ဗျားကိုသတ်ပြီးထောင်ထဲဝင်မယ်။''
"ထားငယ်!!။''
ကိုမောင် အချိန်မီ သက်ထား ကိုလှမ်းတားနိုင်ခဲ့သည်။ ဦးဥက္ကာယံ ကလည်း ထိုနေရာမှ မရွေ့ပါပေ။
"သက်ထား ခင်ဗျားကိုသတ်ပြီး ထောင်ထဲဝင်မယ်။''
သက်ထား က ကိုမောင့် ရင်ခွင်ထဲပြန်ရောက်သွားသော်လည်း ဦးဥက္ကာယံ အား စူးစူးဝါးဝါးကြည့်ကာ ထိုစကားကိုသာပြောနေသည်။
"ထားငယ် စိတ်ထိန်းပါအုံး။ ထားငယ်။ ထားငယ်။''
သက်ထား မျက်ဝန်းများမှိတ်ကျကာ သတိလစ်သွားပြီဖြစ်သည်။ ထိုအချိန်ထိ မျက်ရည်များစီးကျနေသည်က မရပ်တန့်ခဲ့ပါပေ။
"သက်ထား။ သက်ထား။ ထပါအုံး။''
သက်ထား ခပ်စူးစူးအလင်းရောင်တွေကြောင့် မျက်လုံးအတော်လေးမဖွင့်နိုင်ပေ။ နေသားကျသွားသည့်အခါမှ ကြည့်လိုက်တဲ့အခါ နွယ်နီ က သူ့ရှေ့ရောက်နေသည်။
သက်ထား မည်သည့်အရာမှ စဉ်းစားမနေတော့ဘဲ၊ နွယ်နီ အား ဖက်လိုက်သည်။
"နွယ်နီ၊ သက်ထား လေ၊ သက်ထား အိမ်မက်ဆိုးကြီးမက်တယ်။ အိမ်မက်ထဲမှာ နွယ်နီ မရှိတော့ဘူးတဲ့။''
သက်ထား က ထိုသို့ပြောကာ ငိုလေသည်။ နွယ်နီ က သက်ထား ရဲ့ ကျောကုန်းလေးကိုပုတ်ပေးကာ....''နွယ်နီ သက်ထား ကိုနှုတ်ဆက်ဖို့လာခဲ့တာ။''
"ဟင့်အင်း။ မရဘူး။ သက်ထား၊ သက်ထား ခွင့်မပြုဘူး။''
"နွယ်နီ ဒီမှာပျော်နေပြီလေ။''
"နွယ်နီ အဲ့လိုပဲ အမြဲပြောနေတာမဟုတ်လား။''
နွယ်နီ ဆီမှ စကားသံ ခနတိတ်သွားသည်။
"သက်ထား။ အန်ကယ်ယံ ကို မမုန်းပါနဲ့နော်။ သူ့အမှားလုံးဝမဟုတ်ပါဘူး။ ဒါ နွယ်နီ ကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ သက်ထား ပျော်အောင်နေနော်။ နွယ်နီ နှုတ်ဆက်တယ်။''
ထိုနောင်ဘဝကူးကာ နောက်ဆုံးနှုတ်ဆက်ချိန်အထိ နွယ်နီ သက်ထား ကို အားကျဆဲပင်။ သူသည်လည်း တစ်ခါလောက် နွေးထွေးကြင်နာမှုကို ရခဲ့သင့်ပါသည်။ ထွက်ခွာသွားသည့်အခါ ဒဏ်ရာတွေပလပွနှင့် နှလုံးသားအစား၊ အကြင်နာနှလုံးသားကိုသာ ယူဆောင်သွားချင်မိခဲ့သည်။
သက်ထား နွယ်နီ့ ကို ဆွဲထားချင်ခဲ့သော်လည်း လေထဲမှာတင် နွယ်နီ က ပျောက်ကွယ်သွားခဲ့သည်။ ပျော်အောင်နေတဲ့လား နီယ်နီ တောင် မပျော်ရွှင်ခဲ့ရဘဲ ထွက်ခွာသွားရသည်ကို၊ သူကရော ပျော်အောင်နေနိုင်ဖို့ ကံဇာတာပါမည်တဲ့လား။
သူတို့လို ယောက်ျားပျက်တွေရဲ့ ဇာတ်သိမ်းသည်ကားထိုကဲ့သို့ပင်ပဲလား။ သက်ထား နိုးထလာသည့်အခါ အဖြူရောင်ဆေးရုံ မျက်နှာကျက်က ဆီးကြိုလျက်။
ဘေးနားတွင် ကိုမောင် က သက်ထား လက်လေးအားဆုတ်ကိုင်ကာ အိပ်ပျော်လျက်ရှိသည်။ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်အခါ အချိန်ကိုက်ကြွေကျသွားသည့် ကြယ်လေးက နွယ်နီ အလား။
မျက်ရည်တွေ တသွင်သွင်စီးကျနေမိသည်။ ဘဝအားရှေ့ဆက်နိုင်မည့် ခွန်အားတွေပေးသနားရန် ဆုတောင်းနေသည်။ ကိုမောင် ကိုချစ်သည်။ လက်လွှတ်ရမည်ကို စိုးထိတ်သည်။ ဆွဲထားရန်လည်း သတ္တိမရှိ။
သူ့ဘဝသည်ကော မည်ကဲ့သို့ရှေ့ဆက်ဖြစ်မည်နည်း။
...
ရက်လည် ဆွမ်းသွပ်တရားပွဲတွင် ရေစက်ချသည့်ထဲ သက်ထား ရဲ့ မျက်ရည်တွေလဲရောပါသွားသည်။ ဖြစ်နိုင်မည်ဆို ထိုအရာအား အိမ်မက်တစ်ခုသာ ဖြစ်သွားစေချင်မိသည်။
ခရေပန်းလေးတွေ တဖြုန်ဖြုတ်ကြွေကာပျံ့ကျဲကျနေသည့် ခရေပင်ကြီးကို သက်ထား မော့ကြည့်နေသည်။ ကိုမောင် က သက်ထား ရဲ့ ပခုံးလေးကိုဆုတ်ကိုင်လိုက်သည်။
"ထားငယ်။''
"ကြွေကျသွားရင်ရော သက်ထား တို့ဘဝက ခရေပန်းလေးလို မွှေးနိုင်ပါ့မလား။''
တွေးတွေးဆဆ ပြောလာသည့် သက်ထား မျက်ဝန်းတွေက ဝမ်းနည်း အားငယ်မှုအပြည့်။
"ထားငယ်။ ထားငယ် တော့ ထွက်သွားလို့မဖြစ်ဘူး။ ထားငယ် မရှိရင် ကိုယ်သေမှာ။''
သက်ထား နာကျင်နေသော်လည်း နှုတ်ခမ်းပါးလေးပြုံးကာ ကိုမောင် အား ခေါင်းခေါက်လိုက်သည်။
"ဘယ်လို နိမိတ်မရှိ။ နိမာမရှိ တွေပြောနေတာလဲ ကိုမောင်။''
သက်ထား ရဲ့ အပြုံးခပ်နုနုလေးကိုတွေ့မှ ကိုမောင် စိတ်ချမိပါလေသည်။ ဝမ်းနည်းနေသော်လည်း ခေါင်းခေါက်သည်မှာတော့သည်။ အားရှိသေးကြောင့် ခန့်မှန်းမိတာကြောင့် စိုးရိမ်စိတ် တစ်ဝက်လျော့ရသည်။
ဆိုင်တွင် ငူငူငိုင်ငိုင်ထိုင်နေသည်ကို ကိုမောင် မကြည့်ရက်တာကြောင့် အချိန်ခနလောက် ပျော်ရွှင်လို ပျော်ရွှင်ညား ညဈေးတန်းကိုခေါ်သွားခဲ့သည်။
သက်ထား အကြည့်တစ်ချက် စွန့်ကျဲလိုက်သည့် မုန့်မှန်သမျှ သက်ထား လက်ထဲရောက်လာသည်။ သက်ထား မှာ မည်သည်ကိုမှ မကြည့်ရဲတော့သလို။
အကင်ဆိုင်ရှေ့ရောက်သည့်အခါ ကြက်ကင်အနံမွှေးမွှေးကြောင့် အကင်ဗန်းပေါ် သက်ထား အကြည့်ပို့လိုက်မိသည်။ ချက်ချင်း အကင်စုံရွေးကာ ကင်ခိုင်းသည့် ကိုမောင် ပါလေ။
"ကိုမောင်။ ပိုက်ဆံတွေ ပေါနေတာလား။''
သက်ထား ခပ်တိုးတိုးအနားကပ်ကာ ကိုမောင် အားဆူလိုက်သည်။ ကိုမောင် က ခပ်ပြုံးပြုံးပင်။ သူလုပ်တာမှန်နေသည့်ပုံ ခေါင်းမော့ရင်ကော့ထားသည်။
သက်ထား မျက်မှန်တွေရောင်းသည့် ဆိုင်အရောက်တွင် နေကာမျက်မှန်တစ်လက်ဝယ်လိုက်ရသည်။ ထိုအခါမှ ကိုမောင် သူဘာကြည့်လဲ မမြင်ရတော့မှာပင်။
ညအမှောင် နေကာမျက်မှန်နှင့် သက်ထား ကို လမ်းသွားလမ်းလာလူတွေက ရယ်ကြသည်။ ကိုမောင် အပါအဝင်။ သက်ထား ခလုတ်တစ်ခါတိုက်သည့်အခါ ကိုမောင် က ထိန်းပေးသော်လည်း ရယ်နေသည်။
ထိုရယ်နေသည့် သူ့အား သက်ထား ကြည့်မရတော့ဘဲ ဗိုက်ခေါက်လိမ်ဆွဲလိုက်သည်။
"အားပါးပါး။ ဗိုက်ခေါက်ပြတ်ပါပြီဗျ။''
"ရယ်ချင်အုံး။ ခု သက်ထား အရယ်ခံနေရတာ ဘယ်သူ့ကြောင့်လဲ။''
ကိုမောင် က မသိခြင်ထောင်ထောင်ကာ...''ကိုယ့်ကြောင့်လား။''
"ဟုတ်တယ်လေ ခင်ဗျားကြီးကြောင့်။ ပိုက်ဆံတွေလျှောက်ဖြုန်းပစ်နေတဲ့ ခင်ဗျားကြီးကြောင့်ပေါ့။''
သက်ထား က ပြောလည်းပြော ဗိုက်ခေါက်လဲ လိမ်ထားသည်။ သက်ထား လက်စွမ်းက ကိုမောင် ပင် မျက်ရည်ဝဲတက်လာရသည်။
"ဟုတ်ပြီ။ ဟုတ်ပြီ။ ကိုယ်မှားပါတယ်။ ဗိုက်ခေါက်ဆွဲတာလျှော့ပါအုံး မမလေးရဲ့။''
"ဘယ်သူက မမလေးလဲ။''
သက်ထား လက်ပိုတင်းသွားသည်။ ကိုမောင် တော့ ဗိုက်ကြောပြတ်ပြီထင်ပါရဲ့။
"ကိုကိုလေး။ ကိုကိုလေး။ ထားငယ် ထားငယ် ကိုယ့် ဗိုက်ပြတ်တော့မယ်။''
သက်ထား လွှတ်ပေးလိုက်သည်။ ခြေဆောင့်ကာ ကိုမောင့် အား ကျောပေးရပ်လိုက်ပြီး စိတ်ဆိုးသည့်ပုံပြသည်။
"ကြည့်စမ်းပါအုံး စိတ်ဆိုးနေတာလား။''
ကိုမောင် က သက်ထား ကိုလိုက်စတာကြောင့် သက်ထား ပြုံးသွားသည်။ သက်ထား အပြုံးလေးတွေ မြင်တော့မှပဲ ကိုမောင် စိတ်ချမ်းသာသွားတော့သည်။ ဗိုက်ခေါက်နာပြီး ပိုက်ဆံကုန်သွားသော်လည်း တန်ပါသည်လေ။
........