သက်ထားThetthtar(Complete)

By Sweetie_Milk_Pudding

70.6K 5.2K 519

!BL! 1990ခုႏွစ္ မိန္းကေလးအဝတ္အစားဝတ္ၿပီး ေယာက္်ားပ်က္တစ္ေယာက္အေနနဲ႔အသက္ေမြးရတဲ့ သက္ထား ဆိုသူေကာင္ေလးကို စီးပြ... More

Part 1♥
Part 2 ♥
Part 3♥
Part 4♥
Part 5♥
Part 6♥
Part 7♥
Part 8♥
Part 9♥
Part 10♥
Part 11♥
Part 12♥
Part 13♥
Part 14♥
Part 15♥
Part 16♥
Part 17♥
Part 18♥
Part 19♥
Part 20 ♥
Part 21♥
Part 22♥
Part 23♥
Part 25♥
Part 26♥
Part 27♥
Part 28♥
Part 29♥
Part 30♥(Final)
Extra♥
Questions & Answers

Part 24♥

1.3K 128 6
By Sweetie_Milk_Pudding

ဦးဥကၠာယံ ေဆးရံုခန္းထဲဝင္လာသည့္အခါ ခပ္တိုးတိုးသီခ်င္း ညီးသံေလးကိုၾကားေနရသည္။ တံခါးဖြင့္သံၾကားေသာ္လည္း ညီ လွည့္ၾကည့္မလာဘဲ၊ ျပတင္းေပါက္ေဘာင္ေပၚတြင္ ေက်ာေပးထိုင္လ်က္ သီခ်င္းညီးေနေသးသည္။

"ညီ။''

ဦးဥကၠာယံ က ႏွင္းဆီပန္းစည္းအႀကီးႀကီးႏွင့္ ေခ်ာကလတ္ဘူးအား ကိုင္လ်က္ သူ႔ေနာက္တြင္ရပ္ေနသည္။ ဦးဥကၠာယံ ဆီမွ ေခၚသံေလးပဲ ဆိုလ်ွင္ေတာင္ အရည္ေပ်ာ္တတ္တဲ့ ညီ က ယခုအခါ အသည္းမာခ်င္ေယာင္ေဆာင္ထားေသာ္လည္း လက္ေဆာင္ေတြေၾကာင့္ ေပ်ာ့ေပ်ာင္းသြားရျပန္သည္။

"အန္ကယ္ယံ ပိုက္ဆံကုန္ေအာင္ ဘာလို႔ဝယ္လာရတာလဲ။''

"ညီ ႀကိဳက္မယ္ ထင္လို႔ပါ။ ကိုယ္ ေတာင္းပန္ပါတယ္။''

ပစ္ထားသည့္အခ်ိန္တုန္းက ပစ္ထားၿပီး၊ ယခုမွ ေတာင္းပန္လာေသာ္လည္း ညီ ခြင့္လႊတ္ပါသည္။ သူ ဦးဥကၠာယံ အေပၚကို နက္နက္နဲနဲ ခ်စ္ႏွစ္သက္ေနမိသည္ကိုး။ ဦးဥကၠာယံ ဆီမွ ပန္းစည္းႏွင့္ ေခ်ာကလက္ဘူးကိုယူလိုက္သည္။

"အန္ကယ္ယံ မေတာင္းပန္လည္း ညီ ခြင့္လႊတ္ၿပီးသားပါ။''

"ညီ ရယ္။ ကိုယ္သိပ္ခ်စ္လိုက္တာ။''

ဦးဥကၠာယံ ညီ့ ကို ရင္ခြင္ထဲေထြးေပြ႔ဖက္လိုက္သည္။ ညီ နာက်င္ေနသည္။ နာက်င္လြန္းသည္။ ကိုယ့္ကိုယ္ကို ေစ်းသိပ္ေပါေနမွန္းလဲသိသည္။ ဦးဥကၠာယံ အတြက္ဆိုလ်ွင္ အရာအားလံုး စြန္႔လႊတ္ေပးၿပီးသားပင္။

ဤအရာသည္ ဆူးပင္။ ဖက္တြယ္မိပါက ဆူး႐ွနာက်င္ရမည္ဟုေျပာလွ်င္ေတာင္ ညီ လႊတ္မခ်ဘဲ၊ ဆက္လက္ဖက္တြယ္အံုးမည္။ ဝဋ္ေႂကြးသည္လား၊ ေရစက္သည္လား၊ မခြဲျခားႏိုင္ေသာ္လည္း သူဦးဥကၠာယံ ကို ခ်စ္ေနအံုးမည္ျဖစ္သည္။
...

"ကိုေမာင္။ ေရမခ်ိဳးဘူးလား။ ဘာလို႔ႏႈတ္ခမ္းနီရာေတြ မပ်က္ရတာလဲ။''

လည္တိုင္ႏွင့္ ကိုယ္ေပၚတြင္ဆက္လက္႐ွိေနေသးသည့္ ႏႈတ္ခမ္းနီေတြေၾကာင့္ သက္ထား ခပ္လန္႔လန္႔ေမးလိုက္သည္။

"ခ်ိဳးၿပီးပါ့။ ထားငယ္ ႏႈတ္ခမ္းရာေလးမို႔ မဖ်က္ရက္ရက္လို႔ ေရေလာင္းၿပီး ဆပ္ျပာမတိုက္လာတာ။''

"ဟယ္ ျဖစ္မွျဖစ္ရေလ ကိုေမာင္ ရယ္။ ဘယ္လိုေတာင္ ညစ္ပတ္ရတာလဲ။''

"မညစ္ပတ္ပါဘူး။ ထားငယ္ အနမ္းေလးေတြနဲ႔တင္ ကိုယ္က သန္႔႐ွင္းေနၿပီးသား။ လာပါအံုး ကိုယ့္ကို ေမႊးေမႊးေပးပါအံုး။''

ရင္ခြင္ထဲ အတင္းဆြဲသြင္းကာ နမ္းခိုင္းေနသည့္ လူညစ္ပတ္ ကိုေမာင္ ဆီမွ သက္ထား ႐ုန္းကန္ေနသည္။ ထိုလူႀကီးရဲ႕ ေခ်းေတြ သူ႔ဆီကူးကုန္ေတာ့မည္။

အနမ္းမရဘဲ ေခါင္းေခါက္ခံလိုက္ရတာေၾကာင့္ အီလည္လည္ႏွင့္ ကိုေမာင္ ထြက္သြားရသည္။ လက္ေသးေသးေလးႏွင့္ သက္ထား က လက္ဆေတာ့ျပင္းသည္။ အခ်စ္ရဲ႕နာက်င္မႈပဲမို႔ ကိုေမာင္ ခံယူပါမည္။

သက္ထား ဆိုင္ခန္းမွ ထြက္ခါနီး ေနာက္ျပန္လွည့္ၾကည့္ကာ ငိုမဲ့ငိုမဲ့ မ်က္ႏွာေပးႏွင့္...''ထားငယ္ ကိုယ္ကိုတကယ္မနမ္းခ်င္ဘူးလား။''

ဒီလူႀကီးႏွင့္ေတာ့ ခက္ပါသည္။ ဆပ္ျပာမတိုက္ဘဲ အနမ္းလိုခ်င္ေသးသည္။ စက္ထား လက္ယက္ျပန္ေခၚလိုက္သည့္အခါ အၿမီးတႏွ့ံႏွ့ံႏွင့္ ေျပးလာသည္။ နဖူးေပၚက ေဝ့ဝဲေနတဲ့ ဆံပင္ေတြကိုသပ္တင္ေပးကာ အနမ္းေႁခြလိုက္သည္။

ျပံဳးေနသည့္ ႏႈတ္ခမ္းႀကီးက ကမ္ဘာပတ္ေတာ့မည့္အလား။ ထ္ု မ်က္ႏွာႀကီးႏွင့္ပင္ ကိုေမာင္ ထြက္ခြာသြားသည္။ သက္ထား စက္ခ်ဳပ္ေနသည့္အခ်ိန္ ျပန္လည္ေရာက္႐ွိလာၿပီး သက္ထား ရဲ႕ ဆံထိပ္ေလးကိုနမ္းကာ ခေရပန္းကံုးပန္ေပးၿပီး အျမန္ျပန္ေျပးသြားသည္။

တစ္ေန႔မွ ကိုေမာင္ ဝတၱရားမပ်က္ကြပ္ခဲ့ပါေပ။ သက္ထား ေခါင္းေပၚတြင္ ေန႔တိုင္း ခေရပန္းကံုးေလး႐ွိေနတတ္သည္။ သက္ထား ထိုလူႀကီးကို လက္မလွြတ္ႏိုင္ေတာ့ဘူးထင္ပါသည္။ ကိုေမာင္ ေျပာသလို ေဘးလူေတြ၊ ၾကားလူေတြကို ဂ႐ုမစိုက္ဘဲ တစ္ခါေလာက္ေနၾကည့္ရမည္လား။

ဧည့္ခန္းထဲက ဖုန္းသံျမည္လာတာေၾကာင့္ သက္ထား အေျပးအလႊားေလးဖုန္းသြားကိုင္လိုက္သည္။

"ဟယ္လို။''

"ထားငယ္ ကိုယ္ ထားငယ္ အတြက္ဝမ္းသာစရာသတင္း႐ွိတယ္။ ထားငယ္ ကို ကိုယ္တို႔လုပ္ငန္းဘက္က မူရာ ရဲ႕ ဒီဇိုင္းဖန္တီးသူအျဖစ္ခန္႔အပ္လိုက္တယ္။''

"ဟယ္ တကယ္ႀကီးလား။ ဟုတ္ေရာဟုတ္ရဲ႕လား ကိုေမာင္ ရယ္။''

"တကယ္ပါ ထားငယ္ ရဲ႕။ ကိုယ္ ညေရာက္ရင္ ထားငယ္ ကို ပြဲတက္ဖို႔ လာေခၚမယ္ေနာ္။''

သက္ထား ကိုေမာင္ ႏွင့္အတူ အလုပ္တြဲလုပ္ရေတာ့မည္။ အိမ္မက္သည္လား။ တကယ္သည္လား။ မသဲကြဲေတာ့ပါ။

စားေသာက္ဆိုင္တစ္ခုမွာ က်င္းပသည့္ ႐ိုး႐ိုးပြဲေလးတစ္ခုပင္။ ကိုေမာင္ ကားသြားထားသည္မို႔ သက္ထား အရင္ဆံုးဆိုင္ထဲဝင္လာခဲ့သည္။ အလုပ္သမားေတြၾကားထဲမွ စကားသံတိုးတိုးက သက္ထား ရင္ထဲတုန္လႈပ္သြားသည္။

"မင္းၾကားၿပီးၿပီလား။ အဲ့ဒီဇိုင္းဖန္တီးသူက အပ်က္ေကာင္ဆို။''

"အေျခာက္မဟုတ္ဘူးလားကြ။''

"မိန္းမလ်ာထင္ပါတယ္ ဟယ္။''

"သူက သူေဌးကိုျခဴစားေနတာဆို။''

"သူေဌးကလည္း ဘာေၾကာင့္ အဲ့လိုေယာက္်ားကိုမ်ား မႊန္ေနရတာလဲ မသိဘူး။''

"ခုလည္း ဒီမွာအလုပ္ဝင္ခြင့္ရတာသူေဌးေၾကာင့္တဲ့။ သူေဌး ေထာက္ခံေပးလို႔ လို႔ေျပာတယ္။''

"အဲ့လိုေကာင္ကို သူေဌးက လူရာဝင္ေစခ်င္ေနတာပဲ။ တကယ္ပဲ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ။''

ထိုတစ္ေယာက္တစ္ခြန္း စကားဝိုင္းထဲ သက္ထား မဝင္ရဲပါေပ။ ျပန္သာလွည့္ျပန္လိုက္ေတာ့မည္။ ကိုေမာင္ ႏွင့္ အလုပ္တြဲလုပ္ရန္ကိုလည္း စြန္႔လႊတ္လိုက္ေတာ့မည္။ ညေနက စိတ္ကူးကို သက္ထား အမွန္တကယ္ အေကာင္အထည္ေဖာ္ႏိုင္မည္မဟုတ္ေပ။

"သက္ထား မလား။ လာေလ။ ဘာရပ္လုပ္ေနတာလဲ။''

"မူရာ။ သက္ထား၊ သက္ထား ျပန္ေတာ့မလို႔။''

မူရာ က သက္ထား လက္ကိုဆြဲကာ အထဲဝင္ရန္ ဖိတ္ေခၚေသာ္လည္း သက္ထား ျငင္းလိုက္သည္။

"ခုမွေရာက္တာမဟုတ္လား။ ဘာလို႔ျပန္မွာလဲ။ လာပါ။''

ဆြဲထားသည့္ မူရာ့ လက္ဆီမွ သက္ထား ႐ုန္းလိုက္သည္။ မူရာ့ ကို ဘာမွဆက္မေျပာေတာ့ဘဲ၊ ခါးေလးၫြတ္ကာ ႏႈတ္ဆက္ရင္း ေျပးထြက္လာသည္။ ကားထားရာမွ ျပန္လာသည့္ ကိုေမာင္ က စားေသာက္ဆိုင္ထဲမွ ေျပးထြက္လာသည့္ သက္ထား ကိုေတြ႔လိုက္ရသည္။

သက္ထား ေနာက္ေျပးလိုက္ကာ ရပ္တန့္ေစလိုက္ေတာ့ ငိုေနသည့္ သက္ထား ကိုေတြ႔ရသည္။ ကိုေမာင့္ ရင္အစံုပူေလာင္သြားေစသည္။

"ကိုေမာင္ ရယ္ သက္ထား က လူရာမဝင္ေတာ့တဲ့ ေယာက္်ားပ်က္ပါ။ သက္ထား ကို လူရာဝင္ေအာင္လုပ္ဖို႔ အတင္းႀကိဳးစားမေနပါနဲ႔။ ကိုေမာင္ ပဲ သိကၡာက်ရလိမ့္မယ္။''

သက္ထား က ငိုသံေလးႏွင့္ ေျပာသည္။ ကိုေမာင္ သက္ထား ကို ရင္ခြင္ထဲ တင္းတင္းၾကပ္ၾကပ္ဖက္တြယ္ရံုမွလြဲပီး မည္သည့္စကားမွျပန္မေျပာေပ။ သက္ထား နာက်င္ရလ်ွင္ သူပါ နာက်င္သည္။ သက္ထား ငိုလ်ွင္ သူပါမ်က္ရည္မဆည္ႏိုင္ေပ။

"ထားငယ္ ကိုယ္ေတာင္းပန္ပါတယ္။ ကိုယ္ ထားငယ္ ကို ကိုယ့္အနားအနီးဆံုးထားေစခ်င္ခဲ့တာ။ ကိုယ့္ တစ္ကိုယ္ေကာင္းဆန္မႈက ထားငယ္ အတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေစမိၿပီ။''

သက္ထား ငိုေနရာကေမာ့ၾကည့္မိတဲ့အခါ ကိုေမာင္ ပါ မ်က္ရည္ေတြစီးက်ေနသည္ကို ေတြ႔ရသည္။ ကိုေမာင္ သူ႔ေၾကာင့္ ငိုရျပန္ေလၿပီ။ သက္ထား သူ႔မ်က္ရည္ေတြကို လက္နဲ႔ ခပ္ၾကမ္းၾကမ္း သုတ္ပလိုက္သည္။

ထို႔ေနာက္ ကိုေမာင့္ မ်က္ႏွာဆီ လက္လွမ္းကာ လက္မျဖင့္ စီးက်ေနသည့္ ကိုေမာင့္ မ်က္ရည္ေတြကိုပါ သုတ္ေပးလိုက္သည္။

"သက္ထား မငိုေတာ့ဘူးေနာ္။ ကိုေမာင္ လည္း မငိုနဲ႔ေတာ့။''

"ကိုယ့္ မွာ ဒီလုပ္ငန္းမ႐ွိေတာ့ရင္ေတာင္၊ သက္ထား နဲ႔ပဲ ေနခ်င္တယ္။ သက္ထား မ႐ွိလို႔ေတာ့မျဖစ္ဘူး။''

သက္ထား ေဖာင္းမို႔မို႔နီရဲရဲ မ်က္ဝန္းေလးေတြက မ်က္ရည္ေတြ ဝိုင္းကာ ကိုေမာင့္ မား မမွိတ္မသုန္ၾကည့္ေနသည္။ မတန္လိုက္တာ ကိုေမာင္ ရယ္။ ကိုေမာင့္ ရဲ႕ အဆံုးမဲ့ခ်စ္ျခင္းေတြကို သက္ထား လို လူဆီမွာ ျဖဳန္းပစ္ေနတာ၊ မတန္လိုက္တာ။
......

Unnicode

ဦးဥက္ကာယံ ဆေးရုံခန်းထဲဝင်လာသည့်အခါ ခပ်တိုးတိုးသီချင်း ညီးသံလေးကိုကြားနေရသည်။ တံခါးဖွင့်သံကြားသော်လည်း ညီ လှည့်ကြည့်မလာဘဲ၊ ပြတင်းပေါက်ဘောင်ပေါ်တွင် ကျောပေးထိုင်လျက် သီချင်းညီးနေသေးသည်။

"ညီ။''

ဦးဥက္ကာယံ က နှင်းဆီပန်းစည်းအကြီးကြီးနှင့် ချောကလတ်ဘူးအား ကိုင်လျက် သူ့နောက်တွင်ရပ်နေသည်။ ဦးဥက္ကာယံ ဆီမှ ခေါ်သံလေးပဲ ဆိုလျှင်တောင် အရည်ပျော်တတ်တဲ့ ညီ က ယခုအခါ အသည်းမာချင်ယောင်ဆောင်ထားသော်လည်း လက်ဆောင်တွေကြောင့် ပျော့ပျောင်းသွားရပြန်သည်။

"အန်ကယ်ယံ ပိုက်ဆံကုန်အောင် ဘာလို့ဝယ်လာရတာလဲ။''

"ညီ ကြိုက်မယ် ထင်လို့ပါ။ ကိုယ် တောင်းပန်ပါတယ်။''

ပစ်ထားသည့်အချိန်တုန်းက ပစ်ထားပြီး၊ ယခုမှ တောင်းပန်လာသော်လည်း ညီ ခွင့်လွှတ်ပါသည်။ သူ ဦးဥက္ကာယံ အပေါ်ကို နက်နက်နဲနဲ ချစ်နှစ်သက်နေမိသည်ကိုး။ ဦးဥက္ကာယံ ဆီမှ ပန်းစည်းနှင့် ချောကလက်ဘူးကိုယူလိုက်သည်။

"အန်ကယ်ယံ မတောင်းပန်လည်း ညီ ခွင့်လွှတ်ပြီးသားပါ။''

"ညီ ရယ်။ ကိုယ်သိပ်ချစ်လိုက်တာ။''

ဦးဥက္ကာယံ ညီ့ ကို ရင်ခွင်ထဲထွေးပွေ့ဖက်လိုက်သည်။ ညီ နာကျင်နေသည်။ နာကျင်လွန်းသည်။ ကိုယ့်ကိုယ်ကို ဈေးသိပ်ပေါနေမှန်းလဲသိသည်။ ဦးဥက္ကာယံ အတွက်ဆိုလျှင် အရာအားလုံး စွန့်လွှတ်ပေးပြီးသားပင်။

ဤအရာသည် ဆူးပင်။ ဖက်တွယ်မိပါက ဆူးရှနာကျင်ရမည်ဟုပြောလျှင်တောင် ညီ လွှတ်မချဘဲ၊ ဆက်လက်ဖက်တွယ်အုံးမည်။ ဝဋ်ကြွေးသည်လား၊ ရေစက်သည်လား၊ မခွဲခြားနိုင်သော်လည်း သူဦးဥက္ကာယံ ကို ချစ်နေအုံးမည်ဖြစ်သည်။
...

"ကိုမောင်။ ရေမချိုးဘူးလား။ ဘာလို့နှုတ်ခမ်းနီရာတွေ မပျက်ရတာလဲ။''

လည်တိုင်နှင့် ကိုယ်ပေါ်တွင်ဆက်လက်ရှိနေသေးသည့် နှုတ်ခမ်းနီတွေကြောင့် သက်ထား ခပ်လန့်လန့်မေးလိုက်သည်။

"ချိုးပြီးပါ့။ ထားငယ် နှုတ်ခမ်းရာလေးမို့ မဖျက်ရက်ရက်လို့ ရေလောင်းပြီး ဆပ်ပြာမတိုက်လာတာ။''

"ဟယ် ဖြစ်မှဖြစ်ရလေ ကိုမောင် ရယ်။ ဘယ်လိုတောင် ညစ်ပတ်ရတာလဲ။''

"မညစ်ပတ်ပါဘူး။ ထားငယ် အနမ်းလေးတွေနဲ့တင် ကိုယ်က သန့်ရှင်းနေပြီးသား။ လာပါအုံး ကိုယ့်ကို မွှေးမွှေးပေးပါအုံး။''

ရင်ခွင်ထဲ အတင်းဆွဲသွင်းကာ နမ်းခိုင်းနေသည့် လူညစ်ပတ် ကိုမောင် ဆီမှ သက်ထား ရုန်းကန်နေသည်။ ထိုလူကြီးရဲ့ ချေးတွေ သူ့ဆီကူးကုန်တော့မည်။

အနမ်းမရဘဲ ခေါင်းခေါက်ခံလိုက်ရတာကြောင့် အီလည်လည်နှင့် ကိုမောင် ထွက်သွားရသည်။ လက်သေးသေးလေးနှင့် သက်ထား က လက်ဆတော့ပြင်းသည်။ အချစ်ရဲ့နာကျင်မှုပဲမို့ ကိုမောင် ခံယူပါမည်။

သက်ထား ဆိုင်ခန်းမှ ထွက်ခါနီး နောက်ပြန်လှည့်ကြည့်ကာ ငိုမဲ့ငိုမဲ့ မျက်နှာပေးနှင့်...''ထားငယ် ကိုယ်ကိုတကယ်မနမ်းချင်ဘူးလား။''

ဒီလူကြီးနှင့်တော့ ခက်ပါသည်။ ဆပ်ပြာမတိုက်ဘဲ အနမ်းလိုချင်သေးသည်။ စက်ထား လက်ယက်ပြန်ခေါ်လိုက်သည့်အခါ အမြီးတန့ှံန့ှံနှင့် ပြေးလာသည်။ နဖူးပေါ်က ဝေ့ဝဲနေတဲ့ ဆံပင်တွေကိုသပ်တင်ပေးကာ အနမ်းခြွေလိုက်သည်။

ပြုံးနေသည့် နှုတ်ခမ်းကြီးက ကမ်ဘာပတ်တော့မည့်အလား။ ထ်ု မျက်နှာကြီးနှင့်ပင် ကိုမောင် ထွက်ခွာသွားသည်။ သက်ထား စက်ချုပ်နေသည့်အချိန် ပြန်လည်ရောက်ရှိလာပြီး သက်ထား ရဲ့ ဆံထိပ်လေးကိုနမ်းကာ ခရေပန်းကုံးပန်ပေးပြီး အမြန်ပြန်ပြေးသွားသည်။

တစ်နေ့မှ ကိုမောင် ဝတ္တရားမပျက်ကွပ်ခဲ့ပါပေ။ သက်ထား ခေါင်းပေါ်တွင် နေ့တိုင်း ခရေပန်းကုံးလေးရှိနေတတ်သည်။ သက်ထား ထိုလူကြီးကို လက်မလှွတ်နိုင်တော့ဘူးထင်ပါသည်။ ကိုမောင် ပြောသလို ဘေးလူတွေ၊ ကြားလူတွေကို ဂရုမစိုက်ဘဲ တစ်ခါလောက်နေကြည့်ရမည်လား။

ဧည့်ခန်းထဲက ဖုန်းသံမြည်လာတာကြောင့် သက်ထား အပြေးအလွှားလေးဖုန်းသွားကိုင်လိုက်သည်။

"ဟယ်လို။''

"ထားငယ် ကိုယ် ထားငယ် အတွက်ဝမ်းသာစရာသတင်းရှိတယ်။ ထားငယ် ကို ကိုယ်တို့လုပ်ငန်းဘက်က မူရာ ရဲ့ ဒီဇိုင်းဖန်တီးသူအဖြစ်ခန့်အပ်လိုက်တယ်။''

"ဟယ် တကယ်ကြီးလား။ ဟုတ်ရောဟုတ်ရဲ့လား ကိုမောင် ရယ်။''

"တကယ်ပါ ထားငယ် ရဲ့။ ကိုယ် ညရောက်ရင် ထားငယ် ကို ပွဲတက်ဖို့ လာခေါ်မယ်နော်။''

သက်ထား ကိုမောင် နှင့်အတူ အလုပ်တွဲလုပ်ရတော့မည်။ အိမ်မက်သည်လား။ တကယ်သည်လား။ မသဲကွဲတော့ပါ။

စားသောက်ဆိုင်တစ်ခုမှာ ကျင်းပသည့် ရိုးရိုးပွဲလေးတစ်ခုပင်။ ကိုမောင် ကားသွားထားသည်မို့ သက်ထား အရင်ဆုံးဆိုင်ထဲဝင်လာခဲ့သည်။ အလုပ်သမားတွေကြားထဲမှ စကားသံတိုးတိုးက သက်ထား ရင်ထဲတုန်လှုပ်သွားသည်။

"မင်းကြားပြီးပြီလား။ အဲ့ဒီဇိုင်းဖန်တီးသူက အပျက်ကောင်ဆို။''

"အခြောက်မဟုတ်ဘူးလားကွ။''

"မိန်းမလျာထင်ပါတယ် ဟယ်။''

"သူက သူဌေးကိုခြူစားနေတာဆို။''

"သူဌေးကလည်း ဘာကြောင့် အဲ့လိုယောက်ျားကိုများ မွှန်နေရတာလဲ မသိဘူး။''

"ခုလည်း ဒီမှာအလုပ်ဝင်ခွင့်ရတာသူဌေးကြောင့်တဲ့။ သူဌေး ထောက်ခံပေးလို့ လို့ပြောတယ်။''

"အဲ့လိုကောင်ကို သူဌေးက လူရာဝင်စေချင်နေတာပဲ။ တကယ်ပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ။''

ထိုတစ်ယောက်တစ်ခွန်း စကားဝိုင်းထဲ သက်ထား မဝင်ရဲပါပေ။ ပြန်သာလှည့်ပြန်လိုက်တော့မည်။ ကိုမောင် နှင့် အလုပ်တွဲလုပ်ရန်ကိုလည်း စွန့်လွှတ်လိုက်တော့မည်။ ညနေက စိတ်ကူးကို သက်ထား အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။

"သက်ထား မလား။ လာလေ။ ဘာရပ်လုပ်နေတာလဲ။''

"မူရာ။ သက်ထား၊ သက်ထား ပြန်တော့မလို့။''

မူရာ က သက်ထား လက်ကိုဆွဲကာ အထဲဝင်ရန် ဖိတ်ခေါ်သော်လည်း သက်ထား ငြင်းလိုက်သည်။

"ခုမှရောက်တာမဟုတ်လား။ ဘာလို့ပြန်မှာလဲ။ လာပါ။''

ဆွဲထားသည့် မူရာ့ လက်ဆီမှ သက်ထား ရုန်းလိုက်သည်။ မူရာ့ ကို ဘာမှဆက်မပြောတော့ဘဲ၊ ခါးလေးညွတ်ကာ နှုတ်ဆက်ရင်း ပြေးထွက်လာသည်။ ကားထားရာမှ ပြန်လာသည့် ကိုမောင် က စားသောက်ဆိုင်ထဲမှ ပြေးထွက်လာသည့် သက်ထား ကိုတွေ့လိုက်ရသည်။

သက်ထား နောက်ပြေးလိုက်ကာ ရပ်တန့်စေလိုက်တော့ ငိုနေသည့် သက်ထား ကိုတွေ့ရသည်။ ကိုမောင့် ရင်အစုံပူလောင်သွားစေသည်။

"ကိုမောင် ရယ် သက်ထား က လူရာမဝင်တော့တဲ့ ယောက်ျားပျက်ပါ။ သက်ထား ကို လူရာဝင်အောင်လုပ်ဖို့ အတင်းကြိုးစားမနေပါနဲ့။ ကိုမောင် ပဲ သိက္ခာကျရလိမ့်မယ်။''

သက်ထား က ငိုသံလေးနှင့် ပြောသည်။ ကိုမောင် သက်ထား ကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖက်တွယ်ရုံမှလွဲပီး မည်သည့်စကားမှပြန်မပြောပေ။ သက်ထား နာကျင်ရလျှင် သူပါ နာကျင်သည်။ သက်ထား ငိုလျှင် သူပါမျက်ရည်မဆည်နိုင်ပေ။

"ထားငယ် ကိုယ်တောင်းပန်ပါတယ်။ ကိုယ် ထားငယ် ကို ကိုယ့်အနားအနီးဆုံးထားစေချင်ခဲ့တာ။ ကိုယ့် တစ်ကိုယ်ကောင်းဆန်မှုက ထားငယ် အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမိပြီ။''

သက်ထား ငိုနေရာကမော့ကြည့်မိတဲ့အခါ ကိုမောင် ပါ မျက်ရည်တွေစီးကျနေသည်ကို တွေ့ရသည်။ ကိုမောင် သူ့ကြောင့် ငိုရပြန်လေပြီ။ သက်ထား သူ့မျက်ရည်တွေကို လက်နဲ့ ခပ်ကြမ်းကြမ်း သုတ်ပလိုက်သည်။

ထို့နောက် ကိုမောင့် မျက်နှာဆီ လက်လှမ်းကာ လက်မဖြင့် စီးကျနေသည့် ကိုမောင့် မျက်ရည်တွေကိုပါ သုတ်ပေးလိုက်သည်။

"သက်ထား မငိုတော့ဘူးနော်။ ကိုမောင် လည်း မငိုနဲ့တော့။''

"ကိုယ့် မှာ ဒီလုပ်ငန်းမရှိတော့ရင်တောင်၊ သက်ထား နဲ့ပဲ နေချင်တယ်။ သက်ထား မရှိလို့တော့မဖြစ်ဘူး။''

သက်ထား ဖောင်းမို့မို့နီရဲရဲ မျက်ဝန်းလေးတွေက မျက်ရည်တွေ ဝိုင်းကာ ကိုမောင့် မား မမှိတ်မသုန်ကြည့်နေသည်။ မတန်လိုက်တာ ကိုမောင် ရယ်။ ကိုမောင့် ရဲ့ အဆုံးမဲ့ချစ်ခြင်းတွေကို သက်ထား လို လူဆီမှာ ဖြုန်းပစ်နေတာ၊ မတန်လိုက်တာ။
......

Continue Reading

You'll Also Like

253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
75.8K 5.4K 32
ဘဝမွာ ကိုယ့္ကို ေ႐ွ႕ေဆာင္လမ္းျပ လုပ္ပီး ဆံုးမေပးမယ့္သူ တစ္ေယာက္ေတာ့ လိုအပ္တယ္👨‍🏫 ဘဝမွာ ကိုယ့္ကို ေ႐ွ႕ေဆာင္လမ္းျပ လုပ္ပီး ဆံုးမေပးမယ့္သူ တစ္ေယာက္ေတာ...
30.5K 1.8K 23
အိမ်ထောင်ရှင်တစ်ယောက်ဖြစ်တဲ့ ကိုယ်က မင်းနဲ့ဘယ်တော့မှ နီးစပ်မှာမဟုတ်သလို ကိုယ့်ဘက်ကလည်း ဆုံစည်းဖို့ကြိုးစားမှာမဟုတ်ဘူး ကိုယ့်ရဲ့အချစ်တွေက သမီးလေးပေါ်မ...
2.8K 210 7
တစ်ဖက်သတ် ချစ်နေရတာဟာ ၀ဋ်တစ်ခုလိုဘဲ။ ကိုယ့်ကို ချစ်တယ်လို့ ပြေမယ့် စကားကို စောင့်နေရတာလား ၀ဋ်ဆိုတဲ့ ပူလောင်မှုတစ်ခုပါဘဲ။ ဘာကြောင့် ထိုအပူတွေကြားမှာ...