ေျခခ်င္းဝတ္လည္သြားသည္ကို အေၾကာင္းျပကာ ကိုေမာင္ ယေန႔ညအိမ္မျပန္။ စက္ခ်ဳပ္ေနသည့္ သက္ထား ရဲ႕ေက်ာျပင္ ကို ေနာက္မွထိုင္ကာ ၾကည့္ေနသည္။ နံရံေပၚကနာရီကို လွမ္းၾကည့္လိုက္ေတာ့ လက္တံတိုက ၈ ဂဏန္းကိုၫႊန္ျပေနသည္။
"ထားငယ္ အိပ္ၾကမယ္ေလ။''
"ေမာင္ အရင္အိပ္ႏွင့္ပါလားေလ။ သက္ထား ဒါေလးလက္စသပ္ခ်င္လို႔။''
ကိုေမာင္ ေျခေထာက္တစ္ေခ်ာင္းတည္းႏွင့္၊ ေျခတစ္ေဖာင္႐ိုးနင္းကာ သက္ထား ဆီလွမ္းလာသည္။ သက္ထား ရဲ႕ပခံုးေလးေတြကိုကိုင္ကာ အေညာင္းအညာေျပေစရန္ ႏွိပ္နယ္ေပးသည္။
"ဟယ္ ေမာင္ ရယ္၊ ဘာလို႔ထလာရတာလဲ။ ေျခေထာက္နာေနတာကို။''
သက္ထား က စက္ခ်ဳပ္တဲ့ေနရာကထကာ ကိုေမာင့္ ကိုျပန္လည္တြဲေခၚလာသည္။
"ကိုယ္ က ထားငယ္ ေညာင္းေနမွာစိုးလို႔ပါ။''
"ေမာင္ ျပန္ထိုင္ေနာ္။''
သက္ထား က ကိုေမာင့္ ကို စတီခံုတြင္ျပန္ထိုင္ေစကာ အေနာက္ခနဝင္သြားသည္။ သိပ္မၾကာခင္ ေရေႏြးဇလံုနဲ႔အတူ ျပန္ထြက္လာသည္။ ကိုေမာင့္ ေျခေထာက္ႏွစ္ဖက္ကို ေရေႏြးထဲထည့္ကာ လည္သြားသည့္ေျခခ်င္းဝတ္ေနရာကို ႏွိပ္နယ္ေပးသည္။
"ထားငယ္ ေနပါ။ ဒီလိုလုပ္စရာမလိုပါဘူး။''
သက္ထား က ကိုေမာင့္ ကိုေမာ့ၾကည့္ကာ ျပံဳးျပသည္။
"သက္ထား လုပ္ေပးခ်င္လို႔ပါ။''
ေသခ်ာဂ႐ုတစိုက္ေလးႏွိပ္နယ္ေပးေနတဲ့ သက္ထား ကိုၾကည့္ကာ ကိုေမာင့္ ရင္ထဲ တစ္မ်ိဳးတစ္မည္ပင္။ ငံု႔ထားသည့္ ေခါင္းေလးေပၚ နမ္းလိုက္သည္။ တိုးေဝ့လာတဲ့ ခေရပန္းရနံေလး။
"ထား ရယ္။ ကိုယ္ ထား ကို သိပ္ခ်စ္တာပဲ။''
ထိုစကားက သက္ထား ကို ဝမ္းနည္းေစသည္။ ကိုေမာင္ သူ႔ကို အခ်စ္ပိုလာေလ၊ သူ ကိုေမာင့္ အနာဂတ္ကို ဖ်က္ဆီးမိမွာေၾကာက္ေလျဖစ္သည္။ ပိုခ်စ္လာလ်ွင္ ပိုနာက်င္ရတတ္သည္။
သက္ထား ေရေႏြးကိုျပန္သြားသြန္ကာ ကိုေမာင့္ ကို ခုတင္ဆီေရာက္သည္အထိ တြဲကူေပးသည္။ သက္ထား ကိုယ္လက္သန္႔စင္ၿပီးျပန္လာသည္အထိ ကိုေမာင္ မအိပ္ေသးဘဲ၊ ခုတင္ေပၚတြင္ ငုတ္တုတ္ေလးေစာင့္ေနသည္။
"ေမာင္ ဘာမ်ားလိုေသးလို႔လဲ ဟင္။ သက္ထား ဘာမ်ားလုပ္ေပးရမလဲ။''
အနားတိုးကပ္ကာ ေမးလာသည့္ သက္ထား ကို ေမြ႔ရာေပၚဆြဲတင္ကာ ေနာက္ေက်ာေပးလ်က္ ထိုင္ေစလိုက္သည္။
"ထားငယ္ လည္း စက္ခ်ဳပ္တဲ့အခါ ဇက္ေက်ာေတြတက္ေနမွာေပါ့။ ဒီေနရာမွာ ကိုယ့္ ကိုယံုလိုက္။ ကိုယ္က ဆရာႀကီးပဲေလ။''
ဇက္ေၾကာ ႏွိပ္ေပးေနသည့္ ကိုေမာင့္ ကို သက္ထား ျငင္းခ်င္ေပမယ့္၊ ကိုေမာင္ က သက္ထား ျငင္း၍မရေအာင္လုပ္ထားသည္။ ထမည္လုပ္တိုင္း ပခံုးကိုျပန္ကိုင္ကာ ထခြင့္မေပး။
"ေမာင္ ရယ္၊ ေတာ္ပါၿပီ။ သက္ထား ဇက္ေၾကာတက္တာ သက္သာသြားၿပီရယ္။''
"ေနာက္ဆို ကိုယ္ အေၾကာျပင္ဆိုင္ဖြင့္စားရမလား ထား။''
ကိုေမာင္ က ဇက္ေၾကာႏွိပ္ေနရာကရပ္ကာ သက္ထား ရဲ႕ ခါးကိုဖက္ရင္း ပခံုးေပၚေမးတင္ကာေမးသည္။
"ေမာင့္ သေဘာေလ။''
"မဟုတ္ဘူးေလကြာ။ ကိုယ္လိုခ်င္တာက ထား အတြက္ပဲ ႏွိပ္ေပးပါ ဆိုတဲ့ ထား ဆီကေတာင္းဆိုခ်က္ေလးေလ။''
သက္ထား က ခပ္ဟဟေလးရယ္ကာ...''ဘယ္လိုမ်ိဳးေၾကာင့္မ်ား သက္ထား က အဲ့လိုေတာင္းဆိုရဲပါ့မလဲ ေမာင္ ရဲ႕။''
"ဘာလို႔လဲဆိုေတာ့ ထား က ကိုယ့္ေကာင္ေလးမို႔လို႔ေလ။''
"ေပ်ာ္ေတာ္ဆက္ေလးဆို ေတာ္ပါၿပီ ေမာင္ ရယ္။''
"မေတာ္ပါဘူး။ ထား က ကိုယ့္ ရဲ႕ မိဖုရားေလး။''
သက္ထား က ကိုေမာင့္ ဘက္လွည့္လာကာ တည္ၾကည္တဲ့ မ်က္ႏွာနဲ႔ ေျပာသည္။
"မိထုရားေနရာကို အဖိုးတန္တဲ့သူအတြက္ ထားလိုက္ပါ ေမာင္ရယ္။ ၿပီးေတာ့ေလ သက္ထား ကိုေမာင္ ပဲေခၚပါရေစ။ ေမာင္ ကို သက္ထား ထက္ အသက္ႀကီးလို႔ ကို ထည့္ေခၚတယ္လို႔ ကိုေမာင္ မွတ္ေလေနာ့္။''
ကိုေမာင္ က သက္ထား ရဲ႕ပါးျပင္ေလးကို လက္နဲ႔ တယုတယက္ုင္လိုက္သည္။
"ကိုယ့္ အတြက္အဖိုးတန္ဆံုးက သက္ထား ပါပဲ။ ကိုေမာင္ လို႔ ေခၚခ်င္လဲ ထားငယ္ သေဘာပါ။''
သက္ထား လြန္သြားသည္ထင္သည့္ ေျခတစ္လွမ္းကို ျပန္ဆုတ္ျခင္းျဖစ္သည္။ ေမာင္ ဆိုသည့္ နာမ္စားေလးကို ကိုေမာင့္ လက္တြဲေဖာ္သာ ေခၚပါေစေလ။ သူကေတာ့ ကိုေမာင္ ဟုေခၚရရံုႏွင့္ပင္ ေက်နပ္သည္။
"သက္ထား တို႔ အိပ္ၾကရေအာင္ေလ။''
သူႏွင့္ ခပ္လွမ္းလွမ္းတြင္ လွဲကာ အိပ္သြားသည့္ သက္ထား ကို သူကိုယ္တိုင္ပင္၊ ရင္ခြင္ထဲဆြဲယူကာ ေထြးေပြ႔ထားလိုက္သည္။ သူ႔ ရင္ေငြ႔အေႏြးဓာတ္ေၾကာင့္ သက္ထား အိမ္မက္လွလွမက္ကာ အိပ္ေကာင္းျခင္းအိပ္ေစခ်င္သည္။
နဖူးေပၚ အနမ္းေႁခြကာ ''ေကာင္းေသာညပါ။'' ဟု သက္ထား ကိုႏႈတ္ဆက္ရင္း ကိုေမာင္ လည္း အိပ္စက္ျခင္းဆီ ခရီးဆက္လိုက္သည္။
ကိုေမာင္ အျမဲတမ္းေလ်ွာက္ေနက် ေျမဝါလမ္းေလးဆီမွ ခေရပင္ႀကီးဆီ ေလ်ွာက္လာသည္။ သက္ထား က ခေရပင္ေအာက္ ပန္းေလးေတြေကာက္ကာ သီကံုးေနသည္။
"သက္ထား။'' ဟုလွမ္းေခၚလိုက္သည့္အခ်ိန္ ျမင္ကြင္းမွ သက္ထား ေပ်ာက္သြားခဲ့သည္။ ကိုေမာင္ ေယာင္လည္လည္ ေတာင္ၾကည့္ ေျမာက္ၾကည့္ျဖင့္ လိုက္႐ွာေနတုန္း ႐ုတ္နရက္ သက္ထား မ်က္စိေ႐ွ႕ျပန္ေရာက္လာသည္။
"ထားငယ္၊ ဘယ္ေရာက္သြားတာလဲ ကိုယ့္မွာ စိတ္ပူလိုက္ရတာကြာ။''
သက္ထား က ကိုေမာင္ ဆြဲကိုင္ထားသည့္ လက္ကိုျဖဳတ္ခ်ကာ ကိုေမာင့္ လက္ထဲ ခေရပန္းသံုးပြင့္ ျပန္ထည့္ေပးသည္။
"သက္ထား က ကိုေမာင္ နဲ႔မထိုက္တန္ပါဘူး။''
ထိုစကားတစ္ခြန္းေျပာကာ လွည့္ထြက္သြားသည္။ ကိုေမာင္ အခ်ိန္မွီ ဖမ္းဆြဲလိုက္ေပမယ့္ မ်က္စိေ႐ွ႕မွာတင္ သက္ထား က ျမဴမႈန္ေလးေတြအျဖစ္ေျပာင္းကာ ေပ်ာက္ကြယ္သြားသည္။
"သက္ထား'' ဟု အလန္႔တၾကားေခၚကာ ကိုေမာင္ ႏိုးလာသည္။ ရင္ခြင္ထဲတြင္ သက္ထား ႐ွိမေနေတာ့။ ခုတင္ေပၚက ေျပးဆင္းကာ သက္ထား ကိုလိုက္႐ွာမိသည္။
ဧည့္ခန္းထဲမွ ဘုရား႐ွိခိုးသံ ၾကားမွ ကိုေမာင့္ ရင္ထဲက အပူလံုးႀကီးက်ဆင္းသြားသည္။ ကိုေမာင္ မ်က္ႏွာမသစ္၊ သြားမတိုက္ရေသး ေသာ္လည္း၊ ဘုရားစင္ေ႐ွ႕ သက္ထား ေဘးတြင္ ဝင္ထိုင္လိုက္သည္။
သက္ထား ကေတာ့ ဘုရားစာအုပ္မွာကလြဲပီး ကိုေမာင့္ ဆီ အၾကည့္တစ္ခ်က္ မစြန္႔ၾကဲလာေပ။ ငါးပါးသီလ ခံယူသည္မွစ၍ ဓမၼစၾကၤာ၊ ပဌာန္း ၊ အမ်ွေဝသည္အထိ ကိုေမာင္ ႏိုးတစ္လွည့္၊ ငိုက္တစ္လွည့္ျဖင့္ ထိုင္ေစာင့္ေနသည္။
အမ်ွေဝ သာဓုေခၚၿပီးသည့္အခါ သက္ထား ကို အိမ္မက္အေၾကာင္းေျပာၿပီး၊ ထြက္မသြားရန္ ဂတိေတာင္းမည္ ဟုျပင္ဆင္လိုက္ေသာ္လည္း သက္ထား က ၁၀၈လံုး ပုတီးကိုင္ကာ ေမတၱာသုတ္ စရြတ္ေတာ့သည္။
ကိုေမာင္ ဘုရားစင္အေ႐ွ႕ေလးမွာတင္ အိပ္ငိုက္လာၿပီး သက္ထားေပါင္ေပၚေခါင္းအံုးရင္း ျပန္အိပ္ေပ်ာ္သြားသည္။ ပုဆိုးထဲေျခေထာက္ထည့္ကာ ေကြးေကြးေလး ေပါင္ေပၚအိပ္ေပ်ာ္ေနသည့္ ကိုေမာင့္ ကို သက္ထား ရယ္ခ်င္လာသလို၊ အသည္းယားမိသည္။
မည္သည့္အေၾကာင္းေၾကာင့္မ်ား ေျခေထာက္နာေနသည္ကို သတိမရဘဲ ေျပးလာသနည္း။ အိပ္ခ်င္သည္ကို ထပ္သြားမအိပ္ဘဲ အဘယ္ေၾကာင့္ ဘုရားစင္ေ႐ွ႕တြင္ လာအိပ္သနည္း။ သရဲအိမ္မက္မ်ား မက္သည္လား။
သက္ထား အမွတ္တမဲ့ ရယ္လိုက္မိသည္။ ပခံုးေပၚတြင္တင္ထားသည့္ ပုဝါကို ျဖန္႔ကာ ကိုေမာင့္ ကိုယ္ေပၚလႊားျခံဳေပးလိုက္သည္။ ေျခကိုက္မည္ဆိုး၍ တစ္ဖက္ကို ပုတီးကိုင္၊ က်န္တစ္ဖက္ကို ယပ္ေတာင္ ကိုင္ရင္း ယပ္ခပ္ေပးေနသည္။
ကိုေမာင္ ကေတာ့ သက္ထား ေပါင္ေပၚတြင္ ျပန္လည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားၿပီ ျဖစ္သည္။
............
Unnicode
ခြေချင်းဝတ်လည်သွားသည်ကို အကြောင်းပြကာ ကိုမောင် ယနေ့ညအိမ်မပြန်။ စက်ချုပ်နေသည့် သက်ထား ရဲ့ကျောပြင် ကို နောက်မှထိုင်ကာ ကြည့်နေသည်။ နံရံပေါ်ကနာရီကို လှမ်းကြည့်လိုက်တော့ လက်တံတိုက ၈ ဂဏန်းကိုညွှန်ပြနေသည်။
"ထားငယ် အိပ်ကြမယ်လေ။''
"မောင် အရင်အိပ်နှင့်ပါလားလေ။ သက်ထား ဒါလေးလက်စသပ်ချင်လို့။''
ကိုမောင် ခြေထောက်တစ်ချောင်းတည်းနှင့်၊ ခြေတစ်ဖောင်ရိုးနင်းကာ သက်ထား ဆီလှမ်းလာသည်။ သက်ထား ရဲ့ပခုံးလေးတွေကိုကိုင်ကာ အညောင်းအညာပြေစေရန် နှိပ်နယ်ပေးသည်။
"ဟယ် မောင် ရယ်၊ ဘာလို့ထလာရတာလဲ။ ခြေထောက်နာနေတာကို။''
သက်ထား က စက်ချုပ်တဲ့နေရာကထကာ ကိုမောင့် ကိုပြန်လည်တွဲခေါ်လာသည်။
"ကိုယ် က ထားငယ် ညောင်းနေမှာစိုးလို့ပါ။''
"မောင် ပြန်ထိုင်နော်။''
သက်ထား က ကိုမောင့် ကို စတီခုံတွင်ပြန်ထိုင်စေကာ အနောက်ခနဝင်သွားသည်။ သိပ်မကြာခင် ရေနွေးဇလုံနဲ့အတူ ပြန်ထွက်လာသည်။ ကိုမောင့် ခြေထောက်နှစ်ဖက်ကို ရေနွေးထဲထည့်ကာ လည်သွားသည့်ခြေချင်းဝတ်နေရာကို နှိပ်နယ်ပေးသည်။
"ထားငယ် နေပါ။ ဒီလိုလုပ်စရာမလိုပါဘူး။''
သက်ထား က ကိုမောင့် ကိုမော့ကြည့်ကာ ပြုံးပြသည်။
"သက်ထား လုပ်ပေးချင်လို့ပါ။''
သေချာဂရုတစိုက်လေးနှိပ်နယ်ပေးနေတဲ့ သက်ထား ကိုကြည့်ကာ ကိုမောင့် ရင်ထဲ တစ်မျိုးတစ်မည်ပင်။ ငုံ့ထားသည့် ခေါင်းလေးပေါ် နမ်းလိုက်သည်။ တိုးဝေ့လာတဲ့ ခရေပန်းရနံလေး။
"ထား ရယ်။ ကိုယ် ထား ကို သိပ်ချစ်တာပဲ။''
ထိုစကားက သက်ထား ကို ဝမ်းနည်းစေသည်။ ကိုမောင် သူ့ကို အချစ်ပိုလာလေ၊ သူ ကိုမောင့် အနာဂတ်ကို ဖျက်ဆီးမိမှာကြောက်လေဖြစ်သည်။ ပိုချစ်လာလျှင် ပိုနာကျင်ရတတ်သည်။
သက်ထား ရေနွေးကိုပြန်သွားသွန်ကာ ကိုမောင့် ကို ခုတင်ဆီရောက်သည်အထိ တွဲကူပေးသည်။ သက်ထား ကိုယ်လက်သန့်စင်ပြီးပြန်လာသည်အထိ ကိုမောင် မအိပ်သေးဘဲ၊ ခုတင်ပေါ်တွင် ငုတ်တုတ်လေးစောင့်နေသည်။
"မောင် ဘာများလိုသေးလို့လဲ ဟင်။ သက်ထား ဘာများလုပ်ပေးရမလဲ။''
အနားတိုးကပ်ကာ မေးလာသည့် သက်ထား ကို မွေ့ရာပေါ်ဆွဲတင်ကာ နောက်ကျောပေးလျက် ထိုင်စေလိုက်သည်။
"ထားငယ် လည်း စက်ချုပ်တဲ့အခါ ဇက်ကျောတွေတက်နေမှာပေါ့။ ဒီနေရာမှာ ကိုယ့် ကိုယုံလိုက်။ ကိုယ်က ဆရာကြီးပဲလေ။''
ဇက်ကြော နှိပ်ပေးနေသည့် ကိုမောင့် ကို သက်ထား ငြင်းချင်ပေမယ့်၊ ကိုမောင် က သက်ထား ငြင်း၍မရအောင်လုပ်ထားသည်။ ထမည်လုပ်တိုင်း ပခုံးကိုပြန်ကိုင်ကာ ထခွင့်မပေး။
"မောင် ရယ်၊ တော်ပါပြီ။ သက်ထား ဇက်ကြောတက်တာ သက်သာသွားပြီရယ်။''
"နောက်ဆို ကိုယ် အကြောပြင်ဆိုင်ဖွင့်စားရမလား ထား။''
ကိုမောင် က ဇက်ကြောနှိပ်နေရာကရပ်ကာ သက်ထား ရဲ့ ခါးကိုဖက်ရင်း ပခုံးပေါ်မေးတင်ကာမေးသည်။
"မောင့် သဘောလေ။''
"မဟုတ်ဘူးလေကွာ။ ကိုယ်လိုချင်တာက ထား အတွက်ပဲ နှိပ်ပေးပါ ဆိုတဲ့ ထား ဆီကတောင်းဆိုချက်လေးလေ။''
သက်ထား က ခပ်ဟဟလေးရယ်ကာ...''ဘယ်လိုမျိုးကြောင့်များ သက်ထား က အဲ့လိုတောင်းဆိုရဲပါ့မလဲ မောင် ရဲ့။''
"ဘာလို့လဲဆိုတော့ ထား က ကိုယ့်ကောင်လေးမို့လို့လေ။''
"ပျော်တော်ဆက်လေးဆို တော်ပါပြီ မောင် ရယ်။''
"မတော်ပါဘူး။ ထား က ကိုယ့် ရဲ့ မိဖုရားလေး။''
သက်ထား က ကိုမောင့် ဘက်လှည့်လာကာ တည်ကြည်တဲ့ မျက်နှာနဲ့ ပြောသည်။
"မိထုရားနေရာကို အဖိုးတန်တဲ့သူအတွက် ထားလိုက်ပါ မောင်ရယ်။ ပြီးတော့လေ သက်ထား ကိုမောင် ပဲခေါ်ပါရစေ။ မောင် ကို သက်ထား ထက် အသက်ကြီးလို့ ကို ထည့်ခေါ်တယ်လို့ ကိုမောင် မှတ်လေနော့်။''
ကိုမောင် က သက်ထား ရဲ့ပါးပြင်လေးကို လက်နဲ့ တယုတယက်ုင်လိုက်သည်။
"ကိုယ့် အတွက်အဖိုးတန်ဆုံးက သက်ထား ပါပဲ။ ကိုမောင် လို့ ခေါ်ချင်လဲ ထားငယ် သဘောပါ။''
သက်ထား လွန်သွားသည်ထင်သည့် ခြေတစ်လှမ်းကို ပြန်ဆုတ်ခြင်းဖြစ်သည်။ မောင် ဆိုသည့် နာမ်စားလေးကို ကိုမောင့် လက်တွဲဖော်သာ ခေါ်ပါစေလေ။ သူကတော့ ကိုမောင် ဟုခေါ်ရရုံနှင့်ပင် ကျေနပ်သည်။
"သက်ထား တို့ အိပ်ကြရအောင်လေ။''
သူနှင့် ခပ်လှမ်းလှမ်းတွင် လှဲကာ အိပ်သွားသည့် သက်ထား ကို သူကိုယ်တိုင်ပင်၊ ရင်ခွင်ထဲဆွဲယူကာ ထွေးပွေ့ထားလိုက်သည်။ သူ့ ရင်ငွေ့အနွေးဓာတ်ကြောင့် သက်ထား အိမ်မက်လှလှမက်ကာ အိပ်ကောင်းခြင်းအိပ်စေချင်သည်။
နဖူးပေါ် အနမ်းခြွေကာ ''ကောင်းသောညပါ။'' ဟု သက်ထား ကိုနှုတ်ဆက်ရင်း ကိုမောင် လည်း အိပ်စက်ခြင်းဆီ ခရီးဆက်လိုက်သည်။
ကိုမောင် အမြဲတမ်းလျှောက်နေကျ မြေဝါလမ်းလေးဆီမှ ခရေပင်ကြီးဆီ လျှောက်လာသည်။ သက်ထား က ခရေပင်အောက် ပန်းလေးတွေကောက်ကာ သီကုံးနေသည်။
"သက်ထား။'' ဟုလှမ်းခေါ်လိုက်သည့်အချိန် မြင်ကွင်းမှ သက်ထား ပျောက်သွားခဲ့သည်။ ကိုမောင် ယောင်လည်လည် တောင်ကြည့် မြောက်ကြည့်ဖြင့် လိုက်ရှာနေတုန်း ရုတ်နရက် သက်ထား မျက်စိရှေ့ပြန်ရောက်လာသည်။
"ထားငယ်၊ ဘယ်ရောက်သွားတာလဲ ကိုယ့်မှာ စိတ်ပူလိုက်ရတာကွာ။''
သက်ထား က ကိုမောင် ဆွဲကိုင်ထားသည့် လက်ကိုဖြုတ်ချကာ ကိုမောင့် လက်ထဲ ခရေပန်းသုံးပွင့် ပြန်ထည့်ပေးသည်။
"သက်ထား က ကိုမောင် နဲ့မထိုက်တန်ပါဘူး။''
ထိုစကားတစ်ခွန်းပြောကာ လှည့်ထွက်သွားသည်။ ကိုမောင် အချိန်မှီ ဖမ်းဆွဲလိုက်ပေမယ့် မျက်စိရှေ့မှာတင် သက်ထား က မြူမှုန်လေးတွေအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားသည်။
"သက်ထား'' ဟု အလန့်တကြားခေါ်ကာ ကိုမောင် နိုးလာသည်။ ရင်ခွင်ထဲတွင် သက်ထား ရှိမနေတော့။ ခုတင်ပေါ်က ပြေးဆင်းကာ သက်ထား ကိုလိုက်ရှာမိသည်။
ဧည့်ခန်းထဲမှ ဘုရားရှိခိုးသံ ကြားမှ ကိုမောင့် ရင်ထဲက အပူလုံးကြီးကျဆင်းသွားသည်။ ကိုမောင် မျက်နှာမသစ်၊ သွားမတိုက်ရသေး သော်လည်း၊ ဘုရားစင်ရှေ့ သက်ထား ဘေးတွင် ဝင်ထိုင်လိုက်သည်။
သက်ထား ကတော့ ဘုရားစာအုပ်မှာကလွဲပီး ကိုမောင့် ဆီ အကြည့်တစ်ချက် မစွန့်ကြဲလာပေ။ ငါးပါးသီလ ခံယူသည်မှစ၍ ဓမ္မစင်္ကြာ၊ ပဌာန်း ၊ အမျှဝေသည်အထိ ကိုမောင် နိုးတစ်လှည့်၊ ငိုက်တစ်လှည့်ဖြင့် ထိုင်စောင့်နေသည်။
အမျှဝေ သာဓုခေါ်ပြီးသည့်အခါ သက်ထား ကို အိမ်မက်အကြောင်းပြောပြီး၊ ထွက်မသွားရန် ဂတိတောင်းမည် ဟုပြင်ဆင်လိုက်သော်လည်း သက်ထား က ၁၀၈လုံး ပုတီးကိုင်ကာ မေတ္တာသုတ် စရွတ်တော့သည်။
ကိုမောင် ဘုရားစင်အရှေ့လေးမှာတင် အိပ်ငိုက်လာပြီး သက်ထားပေါင်ပေါ်ခေါင်းအုံးရင်း ပြန်အိပ်ပျော်သွားသည်။ ပုဆိုးထဲခြေထောက်ထည့်ကာ ကွေးကွေးလေး ပေါင်ပေါ်အိပ်ပျော်နေသည့် ကိုမောင့် ကို သက်ထား ရယ်ချင်လာသလို၊ အသည်းယားမိသည်။
မည်သည့်အကြောင်းကြောင့်များ ခြေထောက်နာနေသည်ကို သတိမရဘဲ ပြေးလာသနည်း။ အိပ်ချင်သည်ကို ထပ်သွားမအိပ်ဘဲ အဘယ်ကြောင့် ဘုရားစင်ရှေ့တွင် လာအိပ်သနည်း။ သရဲအိမ်မက်များ မက်သည်လား။
သက်ထား အမှတ်တမဲ့ ရယ်လိုက်မိသည်။ ပခုံးပေါ်တွင်တင်ထားသည့် ပုဝါကို ဖြန့်ကာ ကိုမောင့် ကိုယ်ပေါ်လွှားခြုံပေးလိုက်သည်။ ခြေကိုက်မည်ဆိုး၍ တစ်ဖက်ကို ပုတီးကိုင်၊ ကျန်တစ်ဖက်ကို ယပ်တောင် ကိုင်ရင်း ယပ်ခပ်ပေးနေသည်။
ကိုမောင် ကတော့ သက်ထား ပေါင်ပေါ်တွင် ပြန်လည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီ ဖြစ်သည်။
............