သက်ထားThetthtar(Complete)

נכתב על ידי Sweetie_Milk_Pudding

70.6K 5.2K 519

!BL! 1990ခုႏွစ္ မိန္းကေလးအဝတ္အစားဝတ္ၿပီး ေယာက္်ားပ်က္တစ္ေယာက္အေနနဲ႔အသက္ေမြးရတဲ့ သက္ထား ဆိုသူေကာင္ေလးကို စီးပြ... עוד

Part 1♥
Part 2 ♥
Part 3♥
Part 4♥
Part 5♥
Part 6♥
Part 7♥
Part 8♥
Part 9♥
Part 10♥
Part 11♥
Part 13♥
Part 14♥
Part 15♥
Part 16♥
Part 17♥
Part 18♥
Part 19♥
Part 20 ♥
Part 21♥
Part 22♥
Part 23♥
Part 24♥
Part 25♥
Part 26♥
Part 27♥
Part 28♥
Part 29♥
Part 30♥(Final)
Extra♥
Questions & Answers

Part 12♥

1.7K 161 19
נכתב על ידי Sweetie_Milk_Pudding

သက္ထား စက္နင္းခံုမွာထိုင္ေနရတဲ့အခ်ိန္ သူ႔ဘဝႀကီးအသစ္တစ္ဖန္ေမြးဖြားလာသလို ခ်က္ခ်င္းပင္ေျပာင္းလဲသြားသလိုခံစားရသည္။ ဆိုင္ေ႐ွ႕မ်က္ႏွာစာခံုေပၚတြင္ ခေရကံုးေလးေတြတင္ထားသည္မို႔ ေလသင့္တိုင္း ခေရပန္းရနံေလးေတြ သင္းသင္းပ်ံလ်က္။

"သက္ထား။ ပထမဆံုးေန႔မွာတင္ အလုပ္မ်ားေနၿပီလားကြယ္။''

ပါးကြက္ၾကားေလးႏွစ္ဖက္ကို ညီညာစြာလိမ္းျခယ္ထားၿပီး ဆံထံုးေပၚရစ္ေခြပတ္ကာဆင္ယင္ထားသည့္ ခေရပန္းကံုးေလးႏွင့္ သက္ထား က ယခင္ကထက္ ပုိ၍က်က္သေရ႐ွိေနသည္။

"မမ်ားပါဘူး ကိုေမာင္ ရဲ႕။ လာ၊ ထိုင္ေလ။''

သက္ထား က ဧည့္လက္ခံ စားပြဲဝိုင္းမွာထိုင္ခိုင္းကာ ေရေႏြးၾကမ္းပါတစ္ခါတည္းျပင္ေပးသည္။ လက္ဖက္သုတ္ေလးနဲ႔ပဲကမ္းေလးပါ အဆင္သင့္႐ွိေနသည္မို႔ ဧည့္ဝတ္ေက်ပြန္လွသည္။

"ဒါေလးက ကိုယ္ သက္ထား ကိုအပ္ခ်င္တဲ့ အက်ႌပံုစံေလး။''

"ဟင္။ မိန္းမဝတ္ အက်ႌပါလား ကိုေမာင္။''

"ဟုတ္တယ္။ ကိုယ္တို႔ လုပ္ငန္း႐ွင္ သမီးအတြက္ပါ။ သူမက ေမာ္ဒယ္ ဆိုေတာ့ ဒီတစ္ေခါက္ ေၾကာ္ညာ႐ိုက္ရမွာမို႔လို႔ေလ။''

သက္ထား လက္ခံလိုက္သည္။ ပထမဆံုး အပ္ထည္မို႔ ခု်ပ္ေနစဥ္ စိတ္လႈပ္႐ွားမိသည္ေတာ့ အမွန္ပင္။ ခပ္ႏုႏု ပိုးသား ဂါဝန္ က အတိုျဖစ္ေနေသာ္လည္း အျမင္မ႐ိုင္း။ ေခတ္ဆန္ကာလွပသည္။

"လာ မူရာ ။ ဒါ သက္ထား တဲ့။ ကိုယ္တို႔လုပ္ငန္းရဲ႕ ဒီဇိုင္နာအသစ္ေပါ့။''

ဒီဇိုင္နာ ဆိုသည့္ အသံုးအႏႈန္းက သက္ထား ရင္ထဲလႈပ္ခတ္သြားသည္။ ေယာက်ာ္းပ်က္ တစ္ေယာက္က ဒီဇိုင္နာျဖစ္ႏိုင္ရဲ႕လားဆိုသည့္ အေတြးဝင္မိသည္။

"မူရာ ပါ။ ေနာက္ဆို သက္ထား ကိုပဲ အားကိုးေတာ့မယ္ေနာ္။''

လိမ္ေကာက္ေနတဲ့ဆံႏြယ္၊ ထဘီခပ္တိုတိုႏွင့္ ငယ္ရြယ္ႏုနယ္မႈအျပည့္နဲ႔သူမက သိပ္ကိုလွပလြန္းသည္။ အလွဘုရင္မဆိုသည့္ ဂုဏ္ပုဒ္ကသူမနဲ႔ လိုက္ဖက္လြန္းေနသည္။

သက္ထား ခ်ဳပ္ထားတဲ့ ဖဲသားဂါဝန္ေလးက သူမရဲ႕ေကာက္ေၾကာင္းအလွေၾကာင့္ ပိုထင္ေပၚလာသည္။ သူမကိုၾကည့္ေနသည့္ ကိုေမာင့္ မ်က္ဝန္းေတြကို သဝန္တိုမိေပမယ့္၊ သူ႔မွာ ထိုကဲ့သို႔ အဆင့္မ်ိဳးမ႐ွိ။

ကိုေမာင့္ ကို ခ်ဳပ္ကိုင္ဖို႔အခြင့္အေရးမ႐ွိသလို၊ အပိုင္သိမ္းႏိုင္ထို႔ အေနအထားလည္းမ႐ွိ။

အေတြးေတြ ေယာက္ယက္ခတ္ေနတုန္း၊ မူရာ က သက္ထား လက္ကို ဆြဲကိုင္ကာ ခ်ီးက်ဴးစကားဆိုသည္။

"သိပ္လွတာပဲ သက္ထား ရယ္။ မူရာ အရမ္းသေဘာက်တယ္။ ေနာက္ဆိုလည္း မူရာ့ အထည္ေတြကို သက္ထား ပဲခ်ဳပ္ေပးေနာ္။''

ပုရိသေယာက္်ားတိုင္း ယခုကဲ့သို႔ ခ်စ္စရာေကာင္းေအာင္ေျပာတတ္သည့္ မူရာ့ ပံုစံေလးႏွင့္ ခြၽဲခြၽဲႏြဲ႔ႏြဲ႔ဟန္ပန္ေလးေတြၾကား အသည္းေတြ တျဖဳတ္ျဖဳန္ေႂကြကုန္မည္ဆိုတာအမွန္ပင္။

ကိုေမာင္ က သက္ထား လက္အား ဆုတ္ကိုင္ထားသည့္ မူရာ့ လက္ကို ျဖည္းျဖည္းခ်င္း ျဖဳတ္ခ်လိုက္သည္။

"ဟုတ္ပါၿပီ မူရာ ရယ္။ ေနာက္ဆို မူရာ့ အက်ႌေတြကို သက္ထား ပဲခ်ဳပ္ေတာ့မွာ။''

"မူရာ အရမ္းေပ်ာ္တာပဲ။ ေၾကာ္ညာထြက္ရင္ သက္ထား ကို မူရာျပမယ္ေနာ္။ ကင္မရာထဲ သက္ထား ခ်ဳပ္ေပးထားတဲ့ အက်ႌေလးနဲ႔ မူရာ ဘယ္ေလာက္လွလဲ ျမင္ခ်င္ေနၿပီ။''

မူရာ က စကားေတြ တတြတ္တြတ္ေျပာကာ ထြက္သြားသည္။ သူမ ကို လာႀကိဳသည့္ကား႐ွိေနတာမို႔ ကိုေမာင္ လိုက္မပို႔ေတာ့။ မူရာ ထြက္သြားၿပီးသည့္ေနာက္ ကိုေမာင္ က ႐ုတ္တရက္ႀကီး သက္ထား ကိုဖက္လာသည္။

"ဘာလို႔လဲ ကိုေမာင္။ ဘာျဖစ္လို႔လဲ ဟင္။''

"သက္ထား အျမင္မွာ မူရာ က အရမ္းလွလား ဟင္။''

တကယ္ေတာ့ ထိုေမးခြန္းကို သက္ထား လည္း ကိုေမာင့္ အားေမးခ်င္ေနခဲ့တာျဖစ္သည္။

"ကိုေမာင္ ေရာ ဘယ္လိုထင္လဲ။''

"သူမကလွတယ္။ သက္ထား ကို မမွီဘူး။ သက္ထား က ကိုယ့္ရင္ထဲပထမပဲ။ ကိုယ့္ရဲ႕အလွဘုရင္ေရာ ဘုရင္မေရာက သက္ထား ပဲ။ ကိုယ့္ ႏွလံုးသားတစ္ခုလံုးကလည္း သက္ထား ပဲ။ သက္ထား မွ သက္ထား ျဖစ္ေနတာပါ။ သက္ထား ဘက္ကေရာ။''

"သက္... သက္ထား လည္း အတူတူပါပဲ ကိုေမာင္ ရယ္။''

ကိုေမာင္ က စိုးမိုးလြန္းလို႔ကိုခက္ေနတာပါ ဆိုသည့္ စကားကို သက္ထား ႐ွက္တာေၾကာင့္ ထုတ္မေျပာရဲေပ။

"သက္ထား ရဲ႕ ဒီလို ႐ိုး႐ိုးယဥ္ယဥ္ ပံုေလးကို ကိုယ္ ခ်စ္တယ္။ အကယ္လို႔ သက္ထား ေျပာင္းလဲသြားမယ္ဆိုလည္း ကိုယ္ ခ်စ္အံုးမွာပဲ။ ဒါေပမယ့္..... မိန္းကေလးတစ္ေယာက္ေၾကာင့္ ေျပာင္းလဲသြားမယ္ဆိုရင္ေတာ့ ကိုယ္ရင္ကြဲရလိမ့္မယ္။''

ကိုေမာင္ က သူ႔ကို မူရာ ႏွင့္ သဝန္တိုေနသည္လား။ ထိုကဲ့သို႔ ကိုယ့္ဘက္ကိုယ္ေတြးသည္က မိုက္မဲရာက်ေပမယ့္ ေပ်ာ္ရႊင္ေစသည္။ သူ ကိုေမာင့္ ကို သဝန္တိုေနသလို ကိုေမာင္ ကလည္း သူ႔ကို သဝန္တိုေနေလသည္။

သဝန္တိုျခင္းဆိုသည္မွာ ခ်စ္ျခင္းမွ ဆင္းသက္လာသည့္အရာျဖစ္ၿပီး မေကာင္းသည့္အရာတစ္ခုဟု မွတ္ယူလို႔မရႏိုင္။ သို႔ေသာ္ ေကာင္းမြန္သည့္အရာေတာ့လည္း ဟုတ္မေန။

"ကိုေမာင္ သဝန္တိုတာလား ဟင္။''

သက္ထား တစ္ခါေလာက္ အရဲစြန္႔ေမးလိုက္သည္။

"ဟုတ္တယ္။ ကိုယ္ သဝန္တိုတယ္။ သက္ထား ကို ခ်စ္လို႔ သဝန္တိုတယ္။''

သက္ထား ခပ္ႏုႏုေလးျပံဳးလိုက္သည္။ ထို႔ေနာက္ သူ႔ဘက္မွ ဦးစြာ ပထမဦးဆံုး ကိုေမာင့္ ပါးျပင္ေပၚ အနမ္းေႁခြလိုက္သည္။ မ်က္လံုးျပဴးကာ ၾကက္ေသေသသြားတဲ့ ကိုေမာင့္ မ်က္ႏွာက မွတ္တမ္းတင္လို႔ရႏိုင္သည္။

သက္ထား အနမ္းေပးေပးၿပီးခ်င္း ႐ွက္ျပံဳးေလးျပံဳးေနမိသည္။ နားရြက္ဖ်ားေလးေတြပါရဲေနကာ မခို႔တ႐ို႔ပံုစံေလးက လုပ္ခ်င္ရာလုပ္ၿပီးေက်နပ္ေနသည့္ ပံုေလးျဖစ္သည္။

ကိုေမာင္ အသည္းေတြယားလာၿပီး သက္ထား ကို ခပ္တင္းတင္း ဖက္ကာခ်ီေျမႇာက္လိုက္သည္။

"ဟာ ကိုေမာင္ ဘာလုပ္တာလဲ။ သက္ထား ျပဳတ္က်သြားမယ္။''

"ဟာကြာ သက္ထား ရာ။ ကိုယ္ သက္ထား ကို ခ်စ္လြန္းလို႔ ဘယ္လိုလုပ္ရမလဲကြာ။''

သက္ထား အားရပါးရရယ္ေနမိသည္။ ဒါ သံုးႏွစ္အတြင္း ပထမဆံုးအႀကိမ္ လြတ္လြတ္လပ္လပ္ ရယ္ေမာျခင္းျဖစ္သည္။ တစ္ခါတစ္ေလ က်ျပန္ေတာ့လည္း ဦးေႏွာက္က တားျမစ္ျခားထားတဲ့စည္းေတြကို ႏွလံုးသားကေဖာက္ဖ်က္ ဖ်က္ဆီးတတ္ေလသည္။
...
အပ္ခ်ဳပ္ေနတုန္း ကိုေမာင္ က ေဘးနားကေန တစ္စိမ့္စိမ့္ထိုင္ၾကည့္ေနသည္။ အၾကည့္ေတြက လူကိုရင္ခုန္ေစတာမို႔ ခ်ဳပ္႐ိုးလမ္းေၾကာင္းေတြလြဲကုန္သည္။

"ကိုေမာင္ ဘယ္လိုျဖစ္လို႔တုန္း။ ဒီမွာ သက္ထား အမွားေတြအမ်ားႀကီးျဖစ္ကုန္ၿပီ။''

"ကိုယ့္ေၾကာင့္ဆို ေတာင္းပန္ပါတယ္ သက္ထား ရယ္။ ဒါေပမယ့္ ကိုယ့္အမွားမဟုတ္ဘူး။ ကိုယ့္ကိုၾကည့္ေအာင္ ဆြဲေဆာင္လြန္းေနတဲ့ သက္ထား မွားတာ။''

သူ႔အျပစ္ကို ကိုယ့္အျပစ္ ျဖစ္ေအာင္လုက္သည့္ ကိုေမာင့္ ကို သက္ထား ႏွင္ပဲထုတ္ရမလို၊ ဆက္ပဲထားရေတာ့မလို ျဖစ္သြားသည္။

"ေျပာစမ္းပါအုံး။ ဒီစကားေတြဘယ္သူ႔ဆီက သင္လာတာတုန္။''

"ဝတၳဳစာအုပ္ေတြထဲကနဲ႔ ကိုယ့္ႏွလံုးသားစီကပါ။''

"ကိုေမာင္ တို႔ တတ္လည္းတတ္ႏိုင္ပါေပ့။''

သက္ထား ခ်ဳပ္ထည္ဆီ အာရံုပို႔ထားတုန္း ကိုေမာင္ က ေရြးခ်ယ္စရာ ေမးခြန္းတစ္ခုေမးလာသည္။

"သက္ထား ျပဇာတ္ ႀကိဳက္လား။ ႐ုပ္႐ွင္ၾကည့္မလား။''

"ဟင္ ဘာလို႔လဲ ကိုေမာင္။''

"ကိုယ္ သက္ထား နဲ႔ ခ်ိန္းေတြ႔ခ်င္လို႔ပါ။''

ကိုေမာင္ က ပုန္းလ်ိႈးကြယ္လ်ိႈးလုပ္မေနဘဲ၊ တည့္တိုးေျပာေတာ့သည္။ မ်က္လံုးေလးကလည္ကလည္ႏွင့္ သက္ထား က ဘာေျပာရမလဲမသိ။

"ကိုယ္ ႐ုပ္႐ွင္လက္မွတ္ေရာ၊ ျပဇာတ္ အတြက္ ဖ်ာေရာ ဝယ္ထားတယ္။''

"အို... သက္ထား ဒါေတြမသိပါဘူး။ ကိုေမာင္ သာ ႀကိဳက္သလို စီစဥ္လိုက္ပါ။''

သက္ထား ကိုေမာင္ ဘယ္ကိုေခၚေခၚ လိုက္မည္ျဖစ္သည္။ သူက ေစ်းေပါသည္ဟုဆိုႏိုင္သလို၊ ကိုေမာင့္ ကို ခ်စ္တာေၾကာင့္လည္းျဖစ္သည္။

*ေယာက္်ားပ်က္ တစ္ေယာက္ရဲ႕ အခ်စ္က ေစ်းေပါသည္လား။*
.......

Unnicode

သက်ထား စက်နင်းခုံမှာထိုင်နေရတဲ့အချိန် သူ့ဘဝကြီးအသစ်တစ်ဖန်မွေးဖွားလာသလို ချက်ချင်းပင်ပြောင်းလဲသွားသလိုခံစားရသည်။ ဆိုင်ရှေ့မျက်နှာစာခုံပေါ်တွင် ခရေကုံးလေးတွေတင်ထားသည်မို့ လေသင့်တိုင်း ခရေပန်းရနံလေးတွေ သင်းသင်းပျံလျက်။

"သက်ထား။ ပထမဆုံးနေ့မှာတင် အလုပ်များနေပြီလားကွယ်။''

ပါးကွက်ကြားလေးနှစ်ဖက်ကို ညီညာစွာလိမ်းခြယ်ထားပြီး ဆံထုံးပေါ်ရစ်ခွေပတ်ကာဆင်ယင်ထားသည့် ခရေပန်းကုံးလေးနှင့် သက်ထား က ယခင်ကထက် ပို၍ကျက်သရေရှိနေသည်။

"မများပါဘူး ကိုမောင် ရဲ့။ လာ၊ ထိုင်လေ။''

သက်ထား က ဧည့်လက်ခံ စားပွဲဝိုင်းမှာထိုင်ခိုင်းကာ ရေနွေးကြမ်းပါတစ်ခါတည်းပြင်ပေးသည်။ လက်ဖက်သုတ်လေးနဲ့ပဲကမ်းလေးပါ အဆင်သင့်ရှိနေသည်မို့ ဧည့်ဝတ်ကျေပွန်လှသည်။

"ဒါလေးက ကိုယ် သက်ထား ကိုအပ်ချင်တဲ့ အကျႌပုံစံလေး။''

"ဟင်။ မိန်းမဝတ် အကျႌပါလား ကိုမောင်။''

"ဟုတ်တယ်။ ကိုယ်တို့ လုပ်ငန်းရှင် သမီးအတွက်ပါ။ သူမက မော်ဒယ် ဆိုတော့ ဒီတစ်ခေါက် ကြော်ညာရိုက်ရမှာမို့လို့လေ။''

သက်ထား လက်ခံလိုက်သည်။ ပထမဆုံး အပ်ထည်မို့ ခုျပ်နေစဉ် စိတ်လှုပ်ရှားမိသည်တော့ အမှန်ပင်။ ခပ်နုနု ပိုးသား ဂါဝန် က အတိုဖြစ်နေသော်လည်း အမြင်မရိုင်း။ ခေတ်ဆန်ကာလှပသည်။

"လာ မူရာ ။ ဒါ သက်ထား တဲ့။ ကိုယ်တို့လုပ်ငန်းရဲ့ ဒီဇိုင်နာအသစ်ပေါ့။''

ဒီဇိုင်နာ ဆိုသည့် အသုံးအနှုန်းက သက်ထား ရင်ထဲလှုပ်ခတ်သွားသည်။ ယောကျာ်းပျက် တစ်ယောက်က ဒီဇိုင်နာဖြစ်နိုင်ရဲ့လားဆိုသည့် အတွေးဝင်မိသည်။

"မူရာ ပါ။ နောက်ဆို သက်ထား ကိုပဲ အားကိုးတော့မယ်နော်။''

လိမ်ကောက်နေတဲ့ဆံနွယ်၊ ထဘီခပ်တိုတိုနှင့် ငယ်ရွယ်နုနယ်မှုအပြည့်နဲ့သူမက သိပ်ကိုလှပလွန်းသည်။ အလှဘုရင်မဆိုသည့် ဂုဏ်ပုဒ်ကသူမနဲ့ လိုက်ဖက်လွန်းနေသည်။

သက်ထား ချုပ်ထားတဲ့ ဖဲသားဂါဝန်လေးက သူမရဲ့ကောက်ကြောင်းအလှကြောင့် ပိုထင်ပေါ်လာသည်။ သူမကိုကြည့်နေသည့် ကိုမောင့် မျက်ဝန်းတွေကို သဝန်တိုမိပေမယ့်၊ သူ့မှာ ထိုကဲ့သို့ အဆင့်မျိုးမရှိ။

ကိုမောင့် ကို ချုပ်ကိုင်ဖို့အခွင့်အရေးမရှိသလို၊ အပိုင်သိမ်းနိုင်ထို့ အနေအထားလည်းမရှိ။

အတွေးတွေ ယောက်ယက်ခတ်နေတုန်း၊ မူရာ က သက်ထား လက်ကို ဆွဲကိုင်ကာ ချီးကျူးစကားဆိုသည်။

"သိပ်လှတာပဲ သက်ထား ရယ်။ မူရာ အရမ်းသဘောကျတယ်။ နောက်ဆိုလည်း မူရာ့ အထည်တွေကို သက်ထား ပဲချုပ်ပေးနော်။''

ပုရိသယောက်ျားတိုင်း ယခုကဲ့သို့ ချစ်စရာကောင်းအောင်ပြောတတ်သည့် မူရာ့ ပုံစံလေးနှင့် ချွဲချွဲနွဲ့နွဲ့ဟန်ပန်လေးတွေကြား အသည်းတွေ တဖြုတ်ဖြုန်ကြွေကုန်မည်ဆိုတာအမှန်ပင်။

ကိုမောင် က သက်ထား လက်အား ဆုတ်ကိုင်ထားသည့် မူရာ့ လက်ကို ဖြည်းဖြည်းချင်း ဖြုတ်ချလိုက်သည်။

"ဟုတ်ပါပြီ မူရာ ရယ်။ နောက်ဆို မူရာ့ အကျႌတွေကို သက်ထား ပဲချုပ်တော့မှာ။''

"မူရာ အရမ်းပျော်တာပဲ။ ကြော်ညာထွက်ရင် သက်ထား ကို မူရာပြမယ်နော်။ ကင်မရာထဲ သက်ထား ချုပ်ပေးထားတဲ့ အကျႌလေးနဲ့ မူရာ ဘယ်လောက်လှလဲ မြင်ချင်နေပြီ။''

မူရာ က စကားတွေ တတွတ်တွတ်ပြောကာ ထွက်သွားသည်။ သူမ ကို လာကြိုသည့်ကားရှိနေတာမို့ ကိုမောင် လိုက်မပို့တော့။ မူရာ ထွက်သွားပြီးသည့်နောက် ကိုမောင် က ရုတ်တရက်ကြီး သက်ထား ကိုဖက်လာသည်။

"ဘာလို့လဲ ကိုမောင်။ ဘာဖြစ်လို့လဲ ဟင်။''

"သက်ထား အမြင်မှာ မူရာ က အရမ်းလှလား ဟင်။''

တကယ်တော့ ထိုမေးခွန်းကို သက်ထား လည်း ကိုမောင့် အားမေးချင်နေခဲ့တာဖြစ်သည်။

"ကိုမောင် ရော ဘယ်လိုထင်လဲ။''

"သူမကလှတယ်။ သက်ထား ကို မမှီဘူး။ သက်ထား က ကိုယ့်ရင်ထဲပထမပဲ။ ကိုယ့်ရဲ့အလှဘုရင်ရော ဘုရင်မရောက သက်ထား ပဲ။ ကိုယ့် နှလုံးသားတစ်ခုလုံးကလည်း သက်ထား ပဲ။ သက်ထား မှ သက်ထား ဖြစ်နေတာပါ။ သက်ထား ဘက်ကရော။''

"သက်... သက်ထား လည်း အတူတူပါပဲ ကိုမောင် ရယ်။''

ကိုမောင် က စိုးမိုးလွန်းလို့ကိုခက်နေတာပါ ဆိုသည့် စကားကို သက်ထား ရှက်တာကြောင့် ထုတ်မပြောရဲပေ။

"သက်ထား ရဲ့ ဒီလို ရိုးရိုးယဉ်ယဉ် ပုံလေးကို ကိုယ် ချစ်တယ်။ အကယ်လို့ သက်ထား ပြောင်းလဲသွားမယ်ဆိုလည်း ကိုယ် ချစ်အုံးမှာပဲ။ ဒါပေမယ့်..... မိန်းကလေးတစ်ယောက်ကြောင့် ပြောင်းလဲသွားမယ်ဆိုရင်တော့ ကိုယ်ရင်ကွဲရလိမ့်မယ်။''

ကိုမောင် က သူ့ကို မူရာ နှင့် သဝန်တိုနေသည်လား။ ထိုကဲ့သို့ ကိုယ့်ဘက်ကိုယ်တွေးသည်က မိုက်မဲရာကျပေမယ့် ပျော်ရွှင်စေသည်။ သူ ကိုမောင့် ကို သဝန်တိုနေသလို ကိုမောင် ကလည်း သူ့ကို သဝန်တိုနေလေသည်။

သဝန်တိုခြင်းဆိုသည်မှာ ချစ်ခြင်းမှ ဆင်းသက်လာသည့်အရာဖြစ်ပြီး မကောင်းသည့်အရာတစ်ခုဟု မှတ်ယူလို့မရနိုင်။ သို့သော် ကောင်းမွန်သည့်အရာတော့လည်း ဟုတ်မနေ။

"ကိုမောင် သဝန်တိုတာလား ဟင်။''

သက်ထား တစ်ခါလောက် အရဲစွန့်မေးလိုက်သည်။

"ဟုတ်တယ်။ ကိုယ် သဝန်တိုတယ်။ သက်ထား ကို ချစ်လို့ သဝန်တိုတယ်။''

သက်ထား ခပ်နုနုလေးပြုံးလိုက်သည်။ ထို့နောက် သူ့ဘက်မှ ဦးစွာ ပထမဦးဆုံး ကိုမောင့် ပါးပြင်ပေါ် အနမ်းခြွေလိုက်သည်။ မျက်လုံးပြူးကာ ကြက်သေသေသွားတဲ့ ကိုမောင့် မျက်နှာက မှတ်တမ်းတင်လို့ရနိုင်သည်။

သက်ထား အနမ်းပေးပေးပြီးချင်း ရှက်ပြုံးလေးပြုံးနေမိသည်။ နားရွက်ဖျားလေးတွေပါရဲနေကာ မခို့တရို့ပုံစံလေးက လုပ်ချင်ရာလုပ်ပြီးကျေနပ်နေသည့် ပုံလေးဖြစ်သည်။

ကိုမောင် အသည်းတွေယားလာပြီး သက်ထား ကို ခပ်တင်းတင်း ဖက်ကာချီမြှောက်လိုက်သည်။

"ဟာ ကိုမောင် ဘာလုပ်တာလဲ။ သက်ထား ပြုတ်ကျသွားမယ်။''

"ဟာကွာ သက်ထား ရာ။ ကိုယ် သက်ထား ကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲကွာ။''

သက်ထား အားရပါးရရယ်နေမိသည်။ ဒါ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် ရယ်မောခြင်းဖြစ်သည်။ တစ်ခါတစ်လေ ကျပြန်တော့လည်း ဦးနှောက်က တားမြစ်ခြားထားတဲ့စည်းတွေကို နှလုံးသားကဖောက်ဖျက် ဖျက်ဆီးတတ်လေသည်။
...
အပ်ချုပ်နေတုန်း ကိုမောင် က ဘေးနားကနေ တစ်စိမ့်စိမ့်ထိုင်ကြည့်နေသည်။ အကြည့်တွေက လူကိုရင်ခုန်စေတာမို့ ချုပ်ရိုးလမ်းကြောင်းတွေလွဲကုန်သည်။

"ကိုမောင် ဘယ်လိုဖြစ်လို့တုန်း။ ဒီမှာ သက်ထား အမှားတွေအများကြီးဖြစ်ကုန်ပြီ။''

"ကိုယ့်ကြောင့်ဆို တောင်းပန်ပါတယ် သက်ထား ရယ်။ ဒါပေမယ့် ကိုယ့်အမှားမဟုတ်ဘူး။ ကိုယ့်ကိုကြည့်အောင် ဆွဲဆောင်လွန်းနေတဲ့ သက်ထား မှားတာ။''

သူ့အပြစ်ကို ကိုယ့်အပြစ် ဖြစ်အောင်လုက်သည့် ကိုမောင့် ကို သက်ထား နှင်ပဲထုတ်ရမလို၊ ဆက်ပဲထားရတော့မလို ဖြစ်သွားသည်။

"ပြောစမ်းပါအုံး။ ဒီစကားတွေဘယ်သူ့ဆီက သင်လာတာတုန်။''

"ဝတၳုစာအုပ်တွေထဲကနဲ့ ကိုယ့်နှလုံးသားစီကပါ။''

"ကိုမောင် တို့ တတ်လည်းတတ်နိုင်ပါပေ့။''

သက်ထား ချုပ်ထည်ဆီ အာရုံပို့ထားတုန်း ကိုမောင် က ရွေးချယ်စရာ မေးခွန်းတစ်ခုမေးလာသည်။

"သက်ထား ပြဇာတ် ကြိုက်လား။ ရုပ်ရှင်ကြည့်မလား။''

"ဟင် ဘာလို့လဲ ကိုမောင်။''

"ကိုယ် သက်ထား နဲ့ ချိန်းတွေ့ချင်လို့ပါ။''

ကိုမောင် က ပုန်းလျှိုးကွယ်လျှိုးလုပ်မနေဘဲ၊ တည့်တိုးပြောတော့သည်။ မျက်လုံးလေးကလည်ကလည်နှင့် သက်ထား က ဘာပြောရမလဲမသိ။

"ကိုယ် ရုပ်ရှင်လက်မှတ်ရော၊ ပြဇာတ် အတွက် ဖျာရော ဝယ်ထားတယ်။''

"အို... သက်ထား ဒါတွေမသိပါဘူး။ ကိုမောင် သာ ကြိုက်သလို စီစဉ်လိုက်ပါ။''

သက်ထား ကိုမောင် ဘယ်ကိုခေါ်ခေါ် လိုက်မည်ဖြစ်သည်။ သူက ဈေးပေါသည်ဟုဆိုနိုင်သလို၊ ကိုမောင့် ကို ချစ်တာကြောင့်လည်းဖြစ်သည်။

*ယောက်ျားပျက် တစ်ယောက်ရဲ့ အချစ်က ဈေးပေါသည်လား။*
.......





המשך קריאה

You'll Also Like

440K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
FEARLESS נכתב על ידי Su

ספרות חובבים

1.6K 118 2
ဒီေလာကႀကီးမွာေလ ႐ူးေလာက္ေအာင္ခ်စ္ခ့ဲၾကလည္း ေသမတတ္မုန္းသြားႏိုင္တယ္ဆိုတာ ကိုကို႔ကို ျပမယ္ Xingdae Unicode ဒီလောကကြီးမှာလေ ရူးလောက်အောင်ချစ်ခဲ့ကြလည်း သ...
817K 46.9K 35
Seme.. ရက်ချိန်းမင်းသွင် Uke.....ရူယျာတိန်း (အမွှာတွေမလို့ပုံသဏ္ဍန်ချင်းခွဲမရအောင်တူနေလည်း..ကိုကိုချစ်တာ မင်းကိုပဲ..M-preg) A/N ဤဇာတ်လမ်းပါအကြောင်းအရ...
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ