ကိုေမာင္ သက္ထား နဲ႔ ခ်စ္သူရည္းစားမျဖစ္ခင္တည္းက မနက္ဆိုခေရပင္ေအာက္ ညဆိုေဒၚပုအိမ္ကို အျမဲလာတတ္သည္။ ယခုလည္းပဲ ေျပာင္းလဲသြားျခင္းမ႐ွိ။ ည ၆နာရီေလးေက်ာ္လာၿပီမို႔ ေဒၚပု အိမ္ထြက္လာခဲ့သည္။
"ဟယ္ ေန႔တိုင္း သက္ထား ဆီလာတဲ့ လူႀကီးမင္း မလား။ ဒီေန႔ေတာ့စိတ္မေကာင္းစရာပဲ။ သက္ထား ကို လူႀကီးမင္းထက္ ဦးတဲ့သူတစ္ေယာက္႐ွိသြားၿပီ။ ဒီေန႔ တို႔နဲ႔ပဲေပ်ာ္ၾကမလား။''
ထိုေကာင္ေလးေတြ ဘယ္ေလာက္ပဲလွေနပါေစ။ ဘယ္ေလာက္ပဲ ဆြဲေဆာင္ေနပါေစ။ ကိုေမာင္ စိတ္မဝင္စား။ ေ႐ွ႕မွာ ပိတ္ရပ္ေနၾကတဲ့ သူတို႔ကို တြန္းဖယ္ကာ သက္ထား အခန္းဆီ ဂေရာေသာပါးေျပးတက္လာခဲ့သည္။
အခန္းထဲက ထြက္လာတဲ့ ခပ္တိုးတိုးညည္းသံက သူ႔စိတ္ကိုေပါက္ကြဲသြားေစသည္။ တံခါးကိုခပ္ၾကမ္းၾကမ္း တြန္းဖြင့္လိုက္ကာ သက္ထား လည္တိုင္လွလွကို ရမၼက္သည္းစြာ နမ္း႐ိႈက္ေနတဲ့ ထိုလူ႔ကို ဆြဲကာ ၾကမ္းျပင္ေပၚပစ္ခ်လိုက္သည္။
သည္းမခံႏိုင္ျဖစ္သြားတဲ့ စိတ္တို႔ေၾကာင့္ ထိုလူ႔ကိုအေပၚကေနမိုးကာ မ်က္ႏွာကို ငါးခ်က္ေျခာက္ခ်က္ေလာက္ဆင့္ထိုးလိုက္သည္။ ထိုလူက အစကေၾကာင္ေနေပမယ့္ သူလည္း ခနၶာကိုယ္ အေတာ္အတင့္ေတာင့္တင္းသူမို႔ ကိုေမာင့္ ကိုခုခံကာ ျပန္ထိုးေလသည္။
"ေတာ္ၾကပါေတာ့ ႐ွင္။ ေတာ္ၾကပါေတာ့။''
သက္ထား က အလယ္ကေန ၾကားဝင္ကာ ကိုေမာင့္ ကို ဝင္ဆြဲေလသည္။
"ကိုေမာင္ ရယ္။ ေတာ္ပါေတာ့ ႐ွင္။ ေတာ္လိုက္ပါေတာ့။''
ကိုေမာင္ သက္ထား ကိုထိခိုက္သြားမည္စိုး၍ အျပန္အလွန္ထိုးေနရာက ခ်က္ခ်င္းရပ္တန္႔လိုက္သည္။ သက္ထား က ခပ္တင္းတင္းဆုတ္ထားတဲ့ ကိုေမာင့္ လက္ေခ်ာင္းေတြေပၚ သူ႔လက္ေခ်ာင္းေလးေတြ တင္ကာ ယွက္သြယ္ထားသည္။
"ကိုေမာင္ စိတ္ေလ်ာ့ပါေနာ္။''
"မင္း ဘယ္ကေကာင္လဲ။ ငါ့ဟာငါပိုက္ဆံေပးၿပီး အိပ္တာမင္းနဲ႔ဘာဆိုင္လို႔လဲ။''
"ေအး မင္းဟာမင္း ဘယ္သူနဲ႔အိပ္အိပ္ ငါစိတ္မဝင္စားဘူး။ သက္ထား ဆိုရင္ေတာ့မရဘူး။''
ထိုလူက ခပ္က်ယ္က်ယ္ ရယ္ေမာလိုက္သည္။
"မင္းကဘာမို႔လို႔လဲ။ သက္ထား က မင္းရဲ႕မယားမို႔လို႔လား။ မယားဆိုရင္ေတာင္ အေပ်ာ္မယားသာသာပဲ႐ွိမွာ။ မင္းရဲ႕အေပ်ာ္မယားကို ပိုက္ဆံေပးအိပ္တာမွားလို႔လားကြ။''
"မင္း ေခြးေကာင္။''
သက္ထား ဆြဲထားတဲ့ၾကားက ကိုေမာင္ လြတ္သြားကာ ထိုလူ႔မ်က္ႏွာေပၚ လက္သီးတစ္ခ်ိဳ႕ထပ္ေရာက္သြားသည္။ ကိုေမာင္ သက္ထား အားေစာ္ကားသည္ကိုမခံႏိုင္။
ကိုေမာင္ အိတ္ထဲမွယူေဆာင္လာသည့္ ေငြေၾကးတစ္ထုတ္ကို ထိုလူ႔မ်က္ႏွာဆီပစ္ေပါက္လိုက္သည္။
"မင္းႀကိဳက္တဲ့သူနဲ႔သြားအိပ္လိုက္။''
ကိုေမာင္ သက္ထား လက္ကိုဆြဲကာ အခန္းထဲက ထြက္လာသည္။ ထို႔ေနာက္ ေဒၚပုအိမ္မွ ထြက္ခြာကာ သူ႔ကားဆီေခၚလာခဲ့သည္။
"ကိုေမာင္။ ကိုေမာင္။''
သက္ထား ဆီ လွည့္လာတဲ့ ကိုေမာင့္ မ်က္ဝန္းေတြက ေဒါသမီးေတာက္ေလာင္ေနကာ ခက္ထန္တဲ့မ်က္ႏွာက သက္ထား ကိုေၾကာင္ရြံေစသည္။ ႐ုတ္တရက္ ကိုေမာင္ လက္ေျမႇာက္လိုက္တဲ့အခါ သက္ထား အ႐ိုင္ခံရေတာ့မည္ ထင္ၿပီး မ်က္လံုးကို ခပ္တင္းတင္းက်ပ္က်ပ္ ပိတ္ဆို႔လိုက္သည္။
သို႔ေသာ္ ကိုေမာင္ က သက္ထား ကို ေပြ႔ဖက္လိုက္ကာ ပခံုးေပၚ မ်က္ႏွာအပ္ရင္း အရမ္းကိုနာက်င္ေနသည့္ေလသံျဖင့္ေျပာလာသည္။
"သက္ထား ရယ္။ သက္ထား ကို ကိုယ္တစ္ေယာက္တည္းပိုင္ဆိုင္ခ်င္တယ္။ ကိုယ္တစ္ေယာက္တည္းထိေတြ႔ခ်င္တယ္။ ကိုယ္ အခ်စ္အတြက္အတၱေတြ သိပ္ႀကီးထြားလာခဲ့တယ္။ ကိုယ္ ဘယ္လိုလုပ္ရမလဲ သက္ထား ရယ္။ ကိုယ္ ဘယ္လိုလုပ္ရမလဲ။''
ကိုေမာင္ မ်က္ရည္ေတြ က်ေနမိသည္။ သူ႔ဘဝတြင္ အေမ ဆံုးသြားသည့္အခ်ိန္တြင္သာ ပထမဆံုးငိုခဲ့ျခင္းျဖစ္သည္။ ခု သက္ထား အေပၚထားသည့္ ႀကီးမားလာတဲ့ အခ်စ္အတြက္ေၾကာင့္ ဒုတိယအႀကိမ္ ငိုေႂကြးမိျပန္ၿပီျဖစ္သည္။
ပခံုးသားေပၚ စိုစြတ္လာတာေၾကာင့္ ကိုေမာင္ ငိုေနမွန္း သက္ထားသိလိုက္ရသည္။ ခ်စ္ရသူ သူ႔ေၾကာင့္ နာက်င္ၿပီး ငိုေႂကြးေနမွန္း သိတဲ့အခါ သက္ထား ရဲ႕ ႏွလံုးသားေလးပါ ထပ္တူထပ္မ်ွ နာက်င္ေၾကကြဲရသည္။
"ေတာင္းပန္ပါတယ္ ကိုေမာင္ ရယ္။ သက္ထား ေတာင္းပန္ပါတယ္။ ဒါ သက္ထား ရဲ႕ အသက္ေမြးဝမ္းေက်ာင္း ျဖစ္ေနေတာ့ သက္ထား မလုပ္ခ်င္ဖူးဆိုရင္ေတာင္၊ သက္ထား ဆက္လုပ္ေနရအံုးမွာပဲ။''
သက္ထား လည္း မ်က္ရည္ေတြ စီးက်လာကာ ကိုေမာင့္ ကို ေတာင္းပန္မိသည္။ ကိုေမာင္ က သက္ထား ရဲ႕ ေခါင္းေလးကို ခပ္ဖြဖြပုတ္ေပးကာ ေတာင္းပန္ရန္မလိုေၾကာင္းေျပာသည္။
"သက္ထား အမွားမဟုတ္ပါဘူး သက္ထား ရယ္။ ကိုယ္တို႔ ဒီလိုျဖစ္လာေစခဲ့တဲ့ ကံၾကမၼာႀကီးကိုပဲ အျပစ္တင္လိုက္ၾကရေအာင္ေနာ္။ သက္ထား မွာ ဘာအမွားမွမ႐ွိပါဘူးကြယ္။ ဘာအမွားမွ မ႐ွိပါဘူး။''
ကိုေမာင္ က မ်က္ရည္ေတြ ၾကားထဲကျပံဳးျပကာ သက္ထား ရဲ႕ မ်က္ရည္စေတြကို သုတ္ေပးေနသည္။ သက္ထား သူ႔ကို တန္ဖိုးထားၿပီးခ်စ္ေပးလြန္းေနတဲ့ ထိုလူ႔အေပၚ အားနာသလို စိတ္မေကာင္းျဖစ္ေနမိသည္။
"ကိုေမာင္ ရယ္။'' ဟုသာ နမည္ေလးေခၚၿပီး ခပ္နိမ္နိမ့္ေလးသက္ျပင္းခ်လိုက္သည္။
...
ႏြယ္နီ အျပင္းဖ်ားလ်က္႐ွိကာ ဘာေကြၽးေကြၽး မစားဘူးဟုသာ ျငင္းလ်က္႐ွိသည္။ ဦးဥကၠာယံ က ဆန္ျပဳတ္ပန္းကန္ကိုင္ကာ ေဒါသထြက္လ်က္႐ွိသည္။
"ညီသုတ မင္းေသမ်ားေသခ်င္ေနတာလား။ ေသခ်င္ရင္တစ္ေယာက္တည္းေသ၊ ငါေခၚထားတာေၾကာင့္ ဒီလိုျပသနာျဖစ္ၿပီး ေသသြားရပါတယ္ဆိုၿပီး ငါ့ကိုပါလာဆြဲမထည့္နဲ႔။''
ဦးဥကၠာယံ ဘာေျပာေျပာ ႏြယ္နီ စားခ်င္စိတ္မ႐ွိ။ ယခင္ေန႔က ဟင္းပန္းကန္ထဲက ဆံခ်ည္ေတြနဲ႔ေက်ာက္ခဲေတြသာ ျမင္ေနမိသည္။
ဦးဥကၠာယံ က လူေတြကိုဂ႐ုမစိုက္တတ္သလို၊ တစ္ခါမွလည္း ဂ႐ုမစိုက္ေပးဖူးခဲ့။ ႏြယ္နီ က ပထမဦးဆံုးသာ ျဖစ္သည္။ စိတ္မ႐ွည္ေတာ့တဲ့ ဦးဥကၠာယံ က ႏြယ္နီ႔ ကိုဆြဲထူကာ ဇြန္းအျပည့္ ဆန္ျပဳတ္ေတြကို ပါးစပ္ထဲ ထိုးထည့္တိုက္လိုက္သည္။
ႏြယ္နီ က ၿမိဳခ်လိုက္ရမည့္အစား ခုတင္ေဘးကိုခ်က္ခ်င္းျပန္ေထြးထုတ္လိုက္သည္။ ဦးဥကၠာယံ က လႊတ္ခနဲ ေဒါသထြက္သြားၿပီး ႏြယ္နီ႔ ကို လက္ရြယ္လိုက္မိသည္။
ျဖဴေဖ်ာ့ႏုန္းခ်ိေနတဲ့ ႏြယ္နီ႔ မ်က္ႏွာေလးေၾကာင့္ ေလေပၚေျမႇာက္ကာ ရြယ္ထားသည့္ လက္ေအာက္ကိုျပန္က်သြားသည္။ ႏြယ္နီ႔ အေပၚ ေဒါသကို ဆန္ျပဳတ္ပန္းကန္ေပၚသာ ပံုခ်လိုက္ၿပီး နံရံဆီပစ္ေပါက္ ႐ိုက္ခြဲလိုက္သည္။
"ေဒၚတိုး ခင္ဗ်ားပဲ ဂ႐ုစိုက္ေပးလိုက္ေတာ့။''
ဦးဥကၠာယံ က ေမြ႔ရာေပၚ လွဲအိပ္ေနတဲ့ ႏြယ္နီ႔ ကိုတစ္ခ်က္ၾကည့္ကာ ခပ္ျမန္ျမန္ေျခလွမ္းေတြနဲ႔အတူ ထြက္ခြာသြားသည္။
ေဒၚတိုး က ခ်က္ခ်င္းပူပူေႏြးေႏြး ဆန္ျပဳတ္ပန္ကန္နဲ႔အတူ ေရာက္လာသည္။ ႏြယ္နီ႔ ကို ေဖးမထူေပးလိုက္ကာ စီးက်လ်က္႐ွိသည့္မ်က္ရည္စေတြကို သုတ္ေပးလိုက္သည္။
"မငိုနဲ႔ေတာ့ေနာ္ ႏြယ္နီ။ ဒါေလး စားလိုက္ပါအံုး။''
ႏြယ္နီ က သူ႔ကိုခြံေကြၽးလာသည့္ ဇြန္းကို လက္ေလးနဲ႔ကာလိုက္သည္။
"ေတာင္းပန္ပါတယ္ ႀကီးေမ။ ႏြယ္နီ စားခ်င္စိတ္မ႐ွိလို႔။''
ေဒၚတိုး က ဖိအားေပးဆက္မေကြၽးေတာ့ဘဲ ႏြယ္နီ႔ ေဘးတြင္ထိုင္ကာ သူကိုယ္တိုင္စားေသာက္ျပသည္။
"အမယ္ေလး ေကာင္းလိုက္ပါဘိ။ ဆန္ျပဳတ္နံေလးကေမႊးေနတာပဲ။ ၾကက္သားေလးေတြကလည္း အိညက္ေနေရာ။ အစပ္အဟပ္ကလည္း တည့္ပါ့။ အရသာ႐ွိလိုက္တာ။''
စားလည္းစားျပ ပါးစပ္ကလည္းထိုကဲ့သို႔ေျပာေနသည္။ တစ္ခါတစ္ခါ ႏြယ္နီ႔ ေ႐ွ႕ ဆန္ျပဳတ္ပန္းကန္ျဖတ္ျဖတ္သြားၿပီး ဆန္ျပဳတ္ရဲ႕ခပ္သင္းသင္းရနံကို ခံစားေစသည္။
ႏြယ္နီ စားခ်င္စိတ္မ႐ွိေသာ္လည္း သံုးရက္ေလာက္အထိ ဘာအသားေသာက္မွမဝင္ထားသည့္ ဗိုက္က ေဒၚတိုး ရဲ႕ ဆြဲေဆာင္မႈေအာင္မွာ အသံျမည္လာသည္။
"ေဟာ ဘာအသံေလးပါလိမ့္။ တစ္ေယာက္ေယာက္ကမ်ား ေဟာဒီက ဆန္ျပဳတ္ကိုေတာင္းဆိုေနတာပါလား။''
ေဒၚတိုး က ခပ္ရႊတ္ရႊတ္ေနာက္ေနာက္ စၿပီး ႏြယ္နီ႔ ဆီ ဆန္ျပဳတ္တစ္စြန္း ဦးတည္လာသည္။ ဆနၵျပေနတဲ့ ဗိုက္ေၾကာင့္ ႏြယ္နီ မ်က္စိမွိတ္ကာ ၿမိဳခ်လိုက္သည္။
ျပန္လည္ပ်ိဳ႕တက္လာသည္ကို ထိန္းခ်ဳပ္လိုက္ၿပီး ျဖည္းျဖည္းခ်င္းၿမိဳခ်လိုက္သည္။ ေဒၚတိုး ကလည္း သူ႔ေက်ာကုန္းကို အေပပၚကေနေအာက္ ျဖည္းျဖည္းခ်င္း ပြတ္ေပးလ်က္႐ွိသည္။
ေဒၚတိုး ရဲ႕ ႀကိဳးစားေပးမႈေၾကာင့္ ႏြယ္နီ ဆန္ျပဳတ္တစ္ပန္းကန္ ကုန္စင္သြားခဲ့သည္။ ပ်ိဳ႕တက္မႈေတြ႐ွိေသးေပမယ့္ အေတာ္ေလး ေနလို႔ထိုင္လို႔ေကာင္းသြားၿပီျဖစ္သည္။
"ေက်းဇူးတင္ပါတယ္ ႀကီးေမ။''
"ႏြယ္နီ တစ္ခုခုလိုရင္ ႀကီးေမကို ေခါ္လိုက္ေနာ္။ ႀကီးေမေအာက္ထပ္မွာ႐ွိမယ္။''
ႏြယ္နီ ေနမေကာင္းရာကေန ခပ္ထူထူေထာင္ေထာင္ေလး ျပန္ျဖစ္လာၿပီမို႔ အနားသပ္ဖို႔သာလိုေတာ့သည့္ လည္စည္းေလးကိုဆက္ထိုးေနသည္။ ဦးဥကၠာယံ ရဲ႕ လည္ပင္းတြင္ပတ္ထားမည့္အခ်ိန္ကို ႀကိဳေတြးကာ ရင္ခုန္ေနမိၿပီျဖစ္သည္။
......
Unnicode
ကိုမောင် သက်ထား နဲ့ ချစ်သူရည်းစားမဖြစ်ခင်တည်းက မနက်ဆိုခရေပင်အောက် ညဆိုဒေါ်ပုအိမ်ကို အမြဲလာတတ်သည်။ ယခုလည်းပဲ ပြောင်းလဲသွားခြင်းမရှိ။ ည ၆နာရီလေးကျော်လာပြီမို့ ဒေါ်ပု အိမ်ထွက်လာခဲ့သည်။
"ဟယ် နေ့တိုင်း သက်ထား ဆီလာတဲ့ လူကြီးမင်း မလား။ ဒီနေ့တော့စိတ်မကောင်းစရာပဲ။ သက်ထား ကို လူကြီးမင်းထက် ဦးတဲ့သူတစ်ယောက်ရှိသွားပြီ။ ဒီနေ့ တို့နဲ့ပဲပျော်ကြမလား။''
ထိုကောင်လေးတွေ ဘယ်လောက်ပဲလှနေပါစေ။ ဘယ်လောက်ပဲ ဆွဲဆောင်နေပါစေ။ ကိုမောင် စိတ်မဝင်စား။ ရှေ့မှာ ပိတ်ရပ်နေကြတဲ့ သူတို့ကို တွန်းဖယ်ကာ သက်ထား အခန်းဆီ ဂရောသောပါးပြေးတက်လာခဲ့သည်။
အခန်းထဲက ထွက်လာတဲ့ ခပ်တိုးတိုးညည်းသံက သူ့စိတ်ကိုပေါက်ကွဲသွားစေသည်။ တံခါးကိုခပ်ကြမ်းကြမ်း တွန်းဖွင့်လိုက်ကာ သက်ထား လည်တိုင်လှလှကို ရမ္မက်သည်းစွာ နမ်းရှိုက်နေတဲ့ ထိုလူ့ကို ဆွဲကာ ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။
သည်းမခံနိုင်ဖြစ်သွားတဲ့ စိတ်တို့ကြောင့် ထိုလူ့ကိုအပေါ်ကနေမိုးကာ မျက်နှာကို ငါးချက်ခြောက်ချက်လောက်ဆင့်ထိုးလိုက်သည်။ ထိုလူက အစကကြောင်နေပေမယ့် သူလည်း ခန္ဓာကိုယ် အတော်အတင့်တောင့်တင်းသူမို့ ကိုမောင့် ကိုခုခံကာ ပြန်ထိုးလေသည်။
"တော်ကြပါတော့ ရှင်။ တော်ကြပါတော့။''
သက်ထား က အလယ်ကနေ ကြားဝင်ကာ ကိုမောင့် ကို ဝင်ဆွဲလေသည်။
"ကိုမောင် ရယ်။ တော်ပါတော့ ရှင်။ တော်လိုက်ပါတော့။''
ကိုမောင် သက်ထား ကိုထိခိုက်သွားမည်စိုး၍ အပြန်အလှန်ထိုးနေရာက ချက်ချင်းရပ်တန့်လိုက်သည်။ သက်ထား က ခပ်တင်းတင်းဆုတ်ထားတဲ့ ကိုမောင့် လက်ချောင်းတွေပေါ် သူ့လက်ချောင်းလေးတွေ တင်ကာ ယှက်သွယ်ထားသည်။
"ကိုမောင် စိတ်လျော့ပါနော်။''
"မင်း ဘယ်ကကောင်လဲ။ ငါ့ဟာငါပိုက်ဆံပေးပြီး အိပ်တာမင်းနဲ့ဘာဆိုင်လို့လဲ။''
"အေး မင်းဟာမင်း ဘယ်သူနဲ့အိပ်အိပ် ငါစိတ်မဝင်စားဘူး။ သက်ထား ဆိုရင်တော့မရဘူး။''
ထိုလူက ခပ်ကျယ်ကျယ် ရယ်မောလိုက်သည်။
"မင်းကဘာမို့လို့လဲ။ သက်ထား က မင်းရဲ့မယားမို့လို့လား။ မယားဆိုရင်တောင် အပျော်မယားသာသာပဲရှိမှာ။ မင်းရဲ့အပျော်မယားကို ပိုက်ဆံပေးအိပ်တာမှားလို့လားကွ။''
"မင်း ခွေးကောင်။''
သက်ထား ဆွဲထားတဲ့ကြားက ကိုမောင် လွတ်သွားကာ ထိုလူ့မျက်နှာပေါ် လက်သီးတစ်ချို့ထပ်ရောက်သွားသည်။ ကိုမောင် သက်ထား အားစော်ကားသည်ကိုမခံနိုင်။
ကိုမောင် အိတ်ထဲမှယူဆောင်လာသည့် ငွေကြေးတစ်ထုတ်ကို ထိုလူ့မျက်နှာဆီပစ်ပေါက်လိုက်သည်။
"မင်းကြိုက်တဲ့သူနဲ့သွားအိပ်လိုက်။''
ကိုမောင် သက်ထား လက်ကိုဆွဲကာ အခန်းထဲက ထွက်လာသည်။ ထို့နောက် ဒေါ်ပုအိမ်မှ ထွက်ခွာကာ သူ့ကားဆီခေါ်လာခဲ့သည်။
"ကိုမောင်။ ကိုမောင်။''
သက်ထား ဆီ လှည့်လာတဲ့ ကိုမောင့် မျက်ဝန်းတွေက ဒေါသမီးတောက်လောင်နေကာ ခက်ထန်တဲ့မျက်နှာက သက်ထား ကိုကြောင်ရွံစေသည်။ ရုတ်တရက် ကိုမောင် လက်မြှောက်လိုက်တဲ့အခါ သက်ထား အရိုင်ခံရတော့မည် ထင်ပြီး မျက်လုံးကို ခပ်တင်းတင်းကျပ်ကျပ် ပိတ်ဆို့လိုက်သည်။
သို့သော် ကိုမောင် က သက်ထား ကို ပွေ့ဖက်လိုက်ကာ ပခုံးပေါ် မျက်နှာအပ်ရင်း အရမ်းကိုနာကျင်နေသည့်လေသံဖြင့်ပြောလာသည်။
"သက်ထား ရယ်။ သက်ထား ကို ကိုယ်တစ်ယောက်တည်းပိုင်ဆိုင်ချင်တယ်။ ကိုယ်တစ်ယောက်တည်းထိတွေ့ချင်တယ်။ ကိုယ် အချစ်အတွက်အတ္တတွေ သိပ်ကြီးထွားလာခဲ့တယ်။ ကိုယ် ဘယ်လိုလုပ်ရမလဲ သက်ထား ရယ်။ ကိုယ် ဘယ်လိုလုပ်ရမလဲ။''
ကိုမောင် မျက်ရည်တွေ ကျနေမိသည်။ သူ့ဘဝတွင် အမေ ဆုံးသွားသည့်အချိန်တွင်သာ ပထမဆုံးငိုခဲ့ခြင်းဖြစ်သည်။ ခု သက်ထား အပေါ်ထားသည့် ကြီးမားလာတဲ့ အချစ်အတွက်ကြောင့် ဒုတိယအကြိမ် ငိုကြွေးမိပြန်ပြီဖြစ်သည်။
ပခုံးသားပေါ် စိုစွတ်လာတာကြောင့် ကိုမောင် ငိုနေမှန်း သက်ထားသိလိုက်ရသည်။ ချစ်ရသူ သူ့ကြောင့် နာကျင်ပြီး ငိုကြွေးနေမှန်း သိတဲ့အခါ သက်ထား ရဲ့ နှလုံးသားလေးပါ ထပ်တူထပ်မျှ နာကျင်ကြေကွဲရသည်။
"တောင်းပန်ပါတယ် ကိုမောင် ရယ်။ သက်ထား တောင်းပန်ပါတယ်။ ဒါ သက်ထား ရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်နေတော့ သက်ထား မလုပ်ချင်ဖူးဆိုရင်တောင်၊ သက်ထား ဆက်လုပ်နေရအုံးမှာပဲ။''
သက်ထား လည်း မျက်ရည်တွေ စီးကျလာကာ ကိုမောင့် ကို တောင်းပန်မိသည်။ ကိုမောင် က သက်ထား ရဲ့ ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးကာ တောင်းပန်ရန်မလိုကြောင်းပြောသည်။
"သက်ထား အမှားမဟုတ်ပါဘူး သက်ထား ရယ်။ ကိုယ်တို့ ဒီလိုဖြစ်လာစေခဲ့တဲ့ ကံကြမ္မာကြီးကိုပဲ အပြစ်တင်လိုက်ကြရအောင်နော်။ သက်ထား မှာ ဘာအမှားမှမရှိပါဘူးကွယ်။ ဘာအမှားမှ မရှိပါဘူး။''
ကိုမောင် က မျက်ရည်တွေ ကြားထဲကပြုံးပြကာ သက်ထား ရဲ့ မျက်ရည်စတွေကို သုတ်ပေးနေသည်။ သက်ထား သူ့ကို တန်ဖိုးထားပြီးချစ်ပေးလွန်းနေတဲ့ ထိုလူ့အပေါ် အားနာသလို စိတ်မကောင်းဖြစ်နေမိသည်။
"ကိုမောင် ရယ်။'' ဟုသာ နမည်လေးခေါ်ပြီး ခပ်နိမ်နိမ့်လေးသက်ပြင်းချလိုက်သည်။
...
နွယ်နီ အပြင်းဖျားလျက်ရှိကာ ဘာကျွေးကျွေး မစားဘူးဟုသာ ငြင်းလျက်ရှိသည်။ ဦးဥက္ကာယံ က ဆန်ပြုတ်ပန်းကန်ကိုင်ကာ ဒေါသထွက်လျက်ရှိသည်။
"ညီသုတ မင်းသေများသေချင်နေတာလား။ သေချင်ရင်တစ်ယောက်တည်းသေ၊ ငါခေါ်ထားတာကြောင့် ဒီလိုပြသနာဖြစ်ပြီး သေသွားရပါတယ်ဆိုပြီး ငါ့ကိုပါလာဆွဲမထည့်နဲ့။''
ဦးဥက္ကာယံ ဘာပြောပြော နွယ်နီ စားချင်စိတ်မရှိ။ ယခင်နေ့က ဟင်းပန်းကန်ထဲက ဆံချည်တွေနဲ့ကျောက်ခဲတွေသာ မြင်နေမိသည်။
ဦးဥက္ကာယံ က လူတွေကိုဂရုမစိုက်တတ်သလို၊ တစ်ခါမှလည်း ဂရုမစိုက်ပေးဖူးခဲ့။ နွယ်နီ က ပထမဦးဆုံးသာ ဖြစ်သည်။ စိတ်မရှည်တော့တဲ့ ဦးဥက္ကာယံ က နွယ်နီ့ ကိုဆွဲထူကာ ဇွန်းအပြည့် ဆန်ပြုတ်တွေကို ပါးစပ်ထဲ ထိုးထည့်တိုက်လိုက်သည်။
နွယ်နီ က မြိုချလိုက်ရမည့်အစား ခုတင်ဘေးကိုချက်ချင်းပြန်ထွေးထုတ်လိုက်သည်။ ဦးဥက္ကာယံ က လွှတ်ခနဲ ဒေါသထွက်သွားပြီး နွယ်နီ့ ကို လက်ရွယ်လိုက်မိသည်။
ဖြူဖျော့နုန်းချိနေတဲ့ နွယ်နီ့ မျက်နှာလေးကြောင့် လေပေါ်မြှောက်ကာ ရွယ်ထားသည့် လက်အောက်ကိုပြန်ကျသွားသည်။ နွယ်နီ့ အပေါ် ဒေါသကို ဆန်ပြုတ်ပန်းကန်ပေါ်သာ ပုံချလိုက်ပြီး နံရံဆီပစ်ပေါက် ရိုက်ခွဲလိုက်သည်။
"ဒေါ်တိုး ခင်ဗျားပဲ ဂရုစိုက်ပေးလိုက်တော့။''
ဦးဥက္ကာယံ က မွေ့ရာပေါ် လှဲအိပ်နေတဲ့ နွယ်နီ့ ကိုတစ်ချက်ကြည့်ကာ ခပ်မြန်မြန်ခြေလှမ်းတွေနဲ့အတူ ထွက်ခွာသွားသည်။
ဒေါ်တိုး က ချက်ချင်းပူပူနွေးနွေး ဆန်ပြုတ်ပန်ကန်နဲ့အတူ ရောက်လာသည်။ နွယ်နီ့ ကို ဖေးမထူပေးလိုက်ကာ စီးကျလျက်ရှိသည့်မျက်ရည်စတွေကို သုတ်ပေးလိုက်သည်။
"မငိုနဲ့တော့နော် နွယ်နီ။ ဒါလေး စားလိုက်ပါအုံး။''
နွယ်နီ က သူ့ကိုခွံကျွေးလာသည့် ဇွန်းကို လက်လေးနဲ့ကာလိုက်သည်။
"တောင်းပန်ပါတယ် ကြီးမေ။ နွယ်နီ စားချင်စိတ်မရှိလို့။''
ဒေါ်တိုး က ဖိအားပေးဆက်မကျွေးတော့ဘဲ နွယ်နီ့ ဘေးတွင်ထိုင်ကာ သူကိုယ်တိုင်စားသောက်ပြသည်။
"အမယ်လေး ကောင်းလိုက်ပါဘိ။ ဆန်ပြုတ်နံလေးကမွှေးနေတာပဲ။ ကြက်သားလေးတွေကလည်း အိညက်နေရော။ အစပ်အဟပ်ကလည်း တည့်ပါ့။ အရသာရှိလိုက်တာ။''
စားလည်းစားပြ ပါးစပ်ကလည်းထိုကဲ့သို့ပြောနေသည်။ တစ်ခါတစ်ခါ နွယ်နီ့ ရှေ့ ဆန်ပြုတ်ပန်းကန်ဖြတ်ဖြတ်သွားပြီး ဆန်ပြုတ်ရဲ့ခပ်သင်းသင်းရနံကို ခံစားစေသည်။
နွယ်နီ စားချင်စိတ်မရှိသော်လည်း သုံးရက်လောက်အထိ ဘာအသားသောက်မှမဝင်ထားသည့် ဗိုက်က ဒေါ်တိုး ရဲ့ ဆွဲဆောင်မှုအောင်မှာ အသံမြည်လာသည်။
"ဟော ဘာအသံလေးပါလိမ့်။ တစ်ယောက်ယောက်ကများ ဟောဒီက ဆန်ပြုတ်ကိုတောင်းဆိုနေတာပါလား။''
ဒေါ်တိုး က ခပ်ရွှတ်ရွှတ်နောက်နောက် စပြီး နွယ်နီ့ ဆီ ဆန်ပြုတ်တစ်စွန်း ဦးတည်လာသည်။ ဆန္ဒပြနေတဲ့ ဗိုက်ကြောင့် နွယ်နီ မျက်စိမှိတ်ကာ မြိုချလိုက်သည်။
ပြန်လည်ပျို့တက်လာသည်ကို ထိန်းချုပ်လိုက်ပြီး ဖြည်းဖြည်းချင်းမြိုချလိုက်သည်။ ဒေါ်တိုး ကလည်း သူ့ကျောကုန်းကို အပေပါ်ကနေအောက် ဖြည်းဖြည်းချင်း ပွတ်ပေးလျက်ရှိသည်။
ဒေါ်တိုး ရဲ့ ကြိုးစားပေးမှုကြောင့် နွယ်နီ ဆန်ပြုတ်တစ်ပန်းကန် ကုန်စင်သွားခဲ့သည်။ ပျို့တက်မှုတွေရှိသေးပေမယ့် အတော်လေး နေလို့ထိုင်လို့ကောင်းသွားပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ကြီးမေ။''
"နွယ်နီ တစ်ခုခုလိုရင် ကြီးမေကို ခေါ်လိုက်နော်။ ကြီးမေအောက်ထပ်မှာရှိမယ်။''
နွယ်နီ နေမကောင်းရာကနေ ခပ်ထူထူထောင်ထောင်လေး ပြန်ဖြစ်လာပြီမို့ အနားသပ်ဖို့သာလိုတော့သည့် လည်စည်းလေးကိုဆက်ထိုးနေသည်။ ဦးဥက္ကာယံ ရဲ့ လည်ပင်းတွင်ပတ်ထားမည့်အချိန်ကို ကြိုတွေးကာ ရင်ခုန်နေမိပြီဖြစ်သည်။
......