မေန႔က ဆိုင္ခန္းလက္ေဆာင္ ကိစၥေၾကာင့္ သက္ထား ေရြွစိတ္ေတာ္ညွိုးကာ ခေရပင္ႀကီးဆီ မလာမည္ကို ကိုေမာင္ စိုးရြ႔ံေနမိသည္။ သီကံုးထားတဲ့ ပန္းကံုးေလး ကိုကိုင္ကာ ခေရပင္ေအာင္ ေခါက္တံု႔ေခါက္ျပန္ေလွ်ာက္ေနမိသည္။
"ေဟာ ကိုေမာင္ ဘာေတြမ်ား စိုးရိမ္စရာ႐ွိလို႔လဲ။''
သက္ထား အသံေလးၾကားတာနဲ႔ သက္ထား ႐ွိရာဆီေလ်ွာက္လွမ္းလာကာ ႏူးညံ့စြာေထြးေပြ႔လိုက္သည္။
"ေတာ္ေသးတာေပါ့ သက္ထား ရယ္။ ေတာ္ေသးတာေပါ့။ ကိုယ္က သက္ထား မလာေတာ့ဘူးေတာင္ထင္ေနတာ။''
ကိုေမာင္ က အခ်ိန္ၾကာျမင့္စြာကိုင္ေဆာင္ထားတဲ့ ခေရကံုးေလးကို သက္ထား ဆံထံုးေပၚပန္ဆင္ေပးလိုက္သည္။
"သက္ထား နဲ႔ ခေရပန္းေလးကသိပ္လိုက္တာပဲ။ ခေရပန္းေလး နဲ႔ သက္ထား က ခြဲျခားလို႔မရႏိုင္ေအာင္ပဲ။''
သက္ထား က ညင္သာစြာ ရယ္လိုက္သည္။
"မဟုတ္တာ ကိုေမာင္ရယ္။ ခေရပန္းေလးက ေဝလည္းေမႊး ေႂကြလည္းေမႊးေလး။ သက္ထား ကေတာ့ အဲ့ပန္းေလးကို ျမတ္ႏိုးသူတစ္ေယာက္။ အဆင့္အတန္းနဲ႔ဂုဏ္သတင္းခ်င္းမတူသလို အဆင္းနဲ႔အခ်င္းလည္းကြာပါတယ္။''
"ေဟာ သက္ထား ရယ္ ႏွိမ့္ခ်လြန္းလိုက္တာ။ သက္ထား ေလးကေလ ကိုယ့္အတြက္ ခေရပန္းေလးလိုပဲ။ ပန္းပြင့္ေလးက အပင္ေပၚကေႂကြက်ၿပီး အညိဳေရာင္ကူးေျပာင္း ညိဳးေျခာက္သြားေပမယ့္ ေမႊးႀကိဳင္ေနေသးသလို၊ သက္ထား ကလည္း အျမဲ ကိုယ့္အတြက္ အဖိုးတန္ေလး ျဖစ္ေနအုံးမွာပဲ။''
သက္ထား က မ်က္လႊာေလးခ်ကာ ေခါင္းေလးငံု႔ထားရင္း မဝံ့ရဲစြာေျပာသည္။
"ကိုေမာင္ ရယ္။ ကိုေမာင့္ လို လူႀကီးလူေကာင္းတစ္ေယာက္ကို သက္ထား မွာ ခ်စ္ရဲတဲ့ သတၱိမ႐ွိပါဘူး။''
ငိုက္က်ေနတဲ့ သက္ထား မ်က္ႏွာေလးကို ကိုေမာင္ က ညင္သာစြာ ပင့္တင္ေပးလိုက္သည္။
"သက္ထား မွာ ခ်စ္ရဲတဲ့သတၱိမ႐ွိရင္ ကိုယ္ သက္ထား အတြက္ သတၱိျဖစ္ေပးပါ့မယ္။''
သက္ထား ရဲ႕ မ်က္လံုးအေရာင္ေလးေတြ လင္းလက္သြားသည္။ ဖြင့္ဟလာတဲ့ ႏႈတ္ခမ္းေလးတစ္စံုက မည္သည့္စကားမွဆက္၍ေျပာမလာေပမယ့္၊ အေရာင္ေတာက္ေတာက္ မ်က္ဝန္းေလးတစ္စံုက ခ်စ္တယ္ ဟုေျပာေနသည္။
ကိုေမာင္ သက္ထား ရဲ႕ အၾကည့္ေတြေအာက္မွာ လက္နက္ခ်အ႐ွံုးေပးကာ ေမးဖ်ားေလးကို ပင့္ေမာ့ရင္း အၾကင္နာအနမ္းတစ္စံု ေပးအပ္လိုက္မိသည္။
ခပ္သင္းသင္း ခံတြင္းရနဲ႔ေလးအျပင္ ပန္းႏုေရာင္ႏႈတ္ခမ္းပါးတစ္စံုက ေဆာင္းႏွင္းေရေသာက္ကာ ပြင့္အာလာသည့္ ပန္းပြင့္ေလးရဲ႕ ပထမဆံုးပြင့္ဖက္ေလးလို ႏူးညံအိေထြးလွသည္။
ဘါအေရါင္မွ ေရါယွက္မေနသည့္ အျဖဴထည္အနမ္းေလးဖို႔ အဖိုးတန္လွသည္။ခ်စ္ျခင္း၏ သေကၤသအစမို႔ အမွတ္တရေပါင္းမ်ားစြာ ပါဝင္ေနသည္။
"သက္ထား ငယ္။ ကိုယ့္ ကိုခ်စ္တယ္မလား ဟင္။''
အ႐ွက္တရားေၾကာင့္ ပန္းႏုေရာင္ေတြ ျဖတ္ေျပးေနတဲ့ မ်က္ႏွာငယ္ေလးက လႈပ္႐ွားသြားၿပီး ႏႈတ္ခမ္းပါးမွာ အျပံဳးတစ္ပြင့္ ပြင့္ဖူးလာကာ ဆတ္ခနဲ ေခါင္းေလးညိမ့္ျပသည္။
ေခါင္းေလးညိမ့္ရံုနဲ႔တင္ သူ ခ်စ္ေရးဆိုသည္ကို လက္ခံလိုက္သည္မို့ ကိုေမာင္ အေပ်ာ္ႀကီးေပ်ာ္မိသြားသည္။ ခ်စ္ပါတယ္ ဆိုသည့္ စကားကိုေတာ့ ေနာင္အခါအတြက္ အေႂကြးအျဖစ္ မွတ္ယူထားလိုက္သည္။
"သက္ထား ရယ္ ေပ်ာ္လိုက္တာ။ ကိုယ္ေလ သိပ္ေပ်ာ္တာပဲ။ သက္ထား လည္း ကိုယ့္ကိုခ်စ္တယ္ေပါ့ေနာ္။''
ရင္ခြင္ထဲကေန ခပ္ဆူဆူေအာင့္ေအာင့္ ''အြန္း'' ဆိုသည့္အသံေလးက ႏွလံုးသားေအာက္ေျခကေန လိႈက္လိႈက္လဲလဲ ခ်စ္ခင္မႈေတြနဲ႔ အသည္းယားမႈေတြကို ယိုဖိမ့္က်လာေစသည္။
"ကိုယ္ သက္ထား ကို အရမ္းခ်စ္တာပဲ။ အမ်ားႀကီးခ်စ္တယ္။ ျဖစ္ႏိုင္ရင္ ရင္ခြင္ထဲထည့္ၿပီးသိမ္းထားခ်င္ေလာက္တဲ့အထိကို ခ်စ္တယ္။''
ကိုေမာင္ က ရင္ခြင္ထဲက သက္ထား ဆိုတဲ့ေကာင္ေလးကို တင္းၾကပ္တဲ့ အခ်စ္ေတြနဲ႔ ခပ္တင္းတင္းဖက္ထားေတာ့သည္။
.......
ႏြယ္နီ ထမင္းစားပြဲမွာထိုင္လိုက္တဲ့အခါ ဟင္းေတြအကုန္လံုးက သူ႔အႀကိဳက္ဆံုးေတြမွန္းသိလိုက္ရသည္။
"ႀကီးေမ ဒါေတြက...။''
"ဟုတ္တယ္။ စံပယ္ ကိုယ္တိုင္ ဝယ္ၿပီးခ်က္ေပးထားတာ။ ႏြယ္နီ႔ ကို မေန႔က ကိစၥအတြက္ေတာင္းပန္ခ်င္လို႔တဲ့။''
ႏြယ္နီ ရင္ထဲေႏြးေထြးသြားသည္။ ေနျခည္လိုေတာက္ပတဲ့အျပံဳးေလးနဲ႔ ျပံဳးကာ စံပယ္ ကိုေက်းဇူးတင္ေၾကာင္း ေဒၚတိုး
ကေနတစ္ဆင့္ေျပာခိုင္းလိုက္သည္။
ဟင္းပန္ကန္ထဲက ပုစြန္ထုတ္ကိုယူကာ စားေသာက္ေနတုန္း အမည္မသိအရာတစ္ခု က ပါးေဆာင္ ကို ထိုးေဖာက္ကြဲ႐ွသြားေစသည္။
ႏြယ္နီ ေထြးထုတ္လိုက္တဲ့အခါ ေသြးစအခ်ိဳ႕နဲ႔အတူ သြားၾကားထိုးသံ အက်ိဳးတစ္ခုပါလာသည္။ လည္ေခ်ာင္းမွာလည္း တစ္စံုတစ္ခုတစ္ေနသည္ ဟု ခံစားရတာေၾကာင့္ ေနာက္ေဖး ေဘစင္ဆီေျပးကာ လက္ထိုးအန္ခ်လိုက္သည္။
အနီေရာင္ေသြးစေတြနဲ႔အတူ ေက်ာက္စရစ္ခဲအေသးေလးေတြပါေရာပါလာသည္။ ႏြယ္နီ ေသြးပ်က္ျဖဴေဖ်ာ့စြာထိုေနရာမွာတင္ ႐ုတ္က်ိဳးပ်က္ ထိုင္က်သြားသည္။
တစ္ကိုယ္လံုး တုန္ယင္ေနကာ ေၾကာက္လန္႔ေနသည္။
"ဟယ္ အမေလးေတာ့။ ဒါေတြက ဘာေတြလဲ။ ဟယ္ ဟဲ့။ မသတီစရာေကာင္းလိုက္တာ။''
ဟင္းပြဲတစ္ခုခ်င္းစီမွာ သြားၾကားထိုးတံ၊ ေက်ာင္စရစ္ခဲေတြ၊ သဲေတြ၊ သံစေတြ နဲ႔ ဆံပင္ခ်ည္ေတြပါဝင္ေနသည္။ ႏြယ္နီ င္းႏွစ္မ်ိဳးသာ စားရေသးသည္။ သူအခု အရမ္းတုန္လႈပ္ေနမိသည္။
အစားအစာထဲ အဆိပ္ခတ္သည့္ မေကယင္းတဲ့ ငယ္ဘဝမွတ္ဉာဏ္ဆိုးႀကီး႐ွိေနတာေၾကာင့္ အစာနဲ႔ပတ္သတ္ၿပီးမေကာင္းၾကံမႈကို အရမ္းထိတ္လန္႔ေၾကာက္ရြ႔ံတတ္သည္။
ၾကမ္းျပင္ေပၚ ဒူးေလးပိုက္ကာ က်ံဳ႕က်ံဳ႕ေလးထိုင္ၿပီး တုန္လႈပ္ငိုေႂကြးေနတဲ့ ႏြယ္နီ႔ ကို ေဒၚတိုး က လာႏွစ္သိမ့္ေပးသည္။ တုန္ရီေနတဲ့ ကိုယ္ေလးကို ေဘးကဝန္းရံေထြးဖက္ေပးလိုက္သည္။
"ဘာမွမျဖစ္ေတာ့ဘူးေနာ္။ ႀကီးေမ ႐ွင္းလိုက္ၿပီ။ ဘာမွမ႐ွိေတာ့ဘူး။''
ေဒၚတိုး ရဲ႕ လက္ေမာင္းကို ဖက္တြယ္ရင္း မွီခိုအားကိုးစရာ ရသြားသည့္ကေလးတစ္ေယာက္ႏွယ္ ႏြယ္နီ သည္းထန္စြာငိုေႂကြးေတာ့သည္။
စံပယ္ က မွန္ေ႐ွ႕မွာထိုင္ေနကာ အနည္းငယ္ေရာင္ေနၿပီး အနီေရာင္သန္းေနတဲ့ ပါးႏွစ္ဖက္ကိုၾကည့္ကာ လက္သီးကိုတင္းတင္းၾကပ္ၾကပ္ ဆုတ္ကိုင္လိုက္သည္။
"နင့္လို ေယာက္်ားပ်က္ က အဲ့တာနဲ႔ပဲ ထိုက္တန္တယ္။''
သူမ ရဲ႕ က်ံဳးဝါးမႈမွာ ေဒါသ နွင့္ မနာလိုမႈ အ႐ွင္းသား ထင္ဟပ္ေနသည္။ စံပယ္ က ေဖာင္းေနတဲ့ ပါးျပင္ကို ညင္သာစြာ ပြတ္စပ္လိုက္သည္။ ထိုအရာက သူ ဦးဥကၠာယံ ဆီက ရ႐ွိလာတဲ့အရာသာျဖစ္သည္။
ႏြယ္နီ႔ ကို ဦးဥကၠာယံ အိမ္ကႏွင္ထုတ္လိုက္ၿပီး မ်ားမၾကာမီ ေဒၚတိုး က အၿငိမ္မေနႏိုင္ေတာ့ဘဲ၊ အမွန္တရားကိုထုတ္ေျပာျပလိုက္သည္။ ဦးဥကၠာယံ က စံပယ့္ ကိုခ်က္ခ်င္းေခၚခိုင္းလိုက္သည္။
"ဘယ္မွာလဲ ခ်ည္လံုးေတြနဲ႔ လည္စည္း။''
"ဦးယံ၊ ဦးယံ အဲ့တာေတြကို တန္ဖိုးထားေနတာလား။ ဘာေၾကာင့္မ်ားလဲ၊ ဘာေၾကာင့္မ်ား အဲ့လို ေအာက္တန္းက်တဲ့ ေယာက္်ားပ်က္ ဆီက ပစၥည္းေတြကို တန္ဖိုးထားေနရတာလဲ။''
စံပယ္ ရဲ႕ ပါးျပင္တစ္ဖက္ ပူေႏြးသြားကာ ကိုယ္လည္းေနာက္လန္က်သြားသည္။
"မင္းလို အေစခံတစ္ေယာက္ေျပာရမယ့္ စကားမဟုတ္ဘူးနဲ႔တူတယ္။ တန္ဖိုးထားတယ္ မထားတယ္ က ငါနဲ႔ပဲဆိုင္တယ္။ မင္းနဲ႔မဆိုင္ဘူး။ ကိုယ့္ေနရာ ကိုယ္သိ။ အေစခံ က အေစခံလိုေန။ အိမ္ႀကီး႐ွင္ ရဲ႕ ကိုယ္ေရးကိုယ္တာကို လာမစြတ္ထက္နဲ႔။''
ဦးဥကၠာယံ ပံုစံကေသြးေအးလူသတ္သမားတစ္ေယာက္လို သိပ္ကိုေၾကာက္ဖို႔ေကာင္းေနသည္။ စံပယ္ ကလည္း ဆံုးျဖတ္ၿပီးသားမို႔ ဘူးခံျငင္းေတာ့သည္။
"မသိဘူး။ မ႐ွိဘူး။ စံပယ္ အကုန္လႊတ္ပစ္လိုက္ၿပီ။ ဘာမွမ႐ွိေတာ့ဘူး။''
တစ္ဖန္ ေနာက္ပါးျပင္တစ္ဖက္ အ႐ိုက္ခံလိုက္ရကာ မ်က္ရည္စအခ်ိဳ႕ စီးက်သြားသည္။ ေဒၚတိုး မွာ ဦးဥကၠာယံ ထိုသို႔ဆက္႐ိုက္မယ္ဆို စံပယ့္ မ်က္ႏွာပ်က္စီးသြားမည့္အျပင္ သတိလစ္သည့္အေျခအေနသို႔ ေရာက္႐ွိသြားႏိုင္တာေၾကာင့္ ဝင္တားရေတာ့သည္။
ဦးဥကၠာယံ ကိုေတာင္းပန္စကား အထပ္ထပ္ဆိုကာ စံပယ္ ကို ဆြဲထုတ္လာသည္။
"စံပယ္ အဲ့လိုမလုပ္ေနဘဲ၊ လည္စည္း႐ွိတဲ့ေနရာကိုေျပာျပလိုက္။''
စံပယ့္ ပါးျပင္ႏွစ္ဖက္က စတင္ေရာင္ကိုင္းေနၿပီျဖစ္သည္။ သူမက စံအိမ္ရဲ႕ေနာက္တစ္ေနရာကိုေခၚသြားကာ မီး႐ိႈ့ရန္စုထားသည့္ အမိႈက္ေတြထားရာထဲကေန လည္စည္းနဲ႔ခ်ည္လံုးအခ်ိဳ႕ကိုျပသည္။
ထို႔ေနာက္ ငိုယိုကာ သူ႔အခန္းထဲေျပးဝင္သြားေတာ့သည္။ ေဒၚတိုး ကသာ ထိုပစၥည္းေတြကို ဦးဥကၠာယံ ဆီျပန္ေပးလိုက္သည္။
ထိုေန႔ကအရာကို စံပယ္ မေက်နပ္၍ ႏြယ္နီ႔ အားလက္စားေခ်ျခင္းျဖစ္သည္။ သူမ ရဲ႕ ေယာင္ေနတဲ့မ်က္ႏွာေၾကာင့္ ရက္သတၱပတ္ ခုနစ္ရက္အတြင္းေတာ့ အျပင္သို႔ထြက္ႏိုင္လိမ့္မည္မဟုတ္ေခ်။
......
Unnicode
မနေ့က ဆိုင်ခန်းလက်ဆောင် ကိစ္စကြောင့် သက်ထား ရွှေစိတ်တော်ညှိုးကာ ခရေပင်ကြီးဆီ မလာမည်ကို ကိုမောင် စိုးရွ့ံနေမိသည်။ သီကုံးထားတဲ့ ပန်းကုံးလေး ကိုကိုင်ကာ ခရေပင်အောင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
"ဟော ကိုမောင် ဘာတွေများ စိုးရိမ်စရာရှိလို့လဲ။''
သက်ထား အသံလေးကြားတာနဲ့ သက်ထား ရှိရာဆီလျှောက်လှမ်းလာကာ နူးညံ့စွာထွေးပွေ့လိုက်သည်။
"တော်သေးတာပေါ့ သက်ထား ရယ်။ တော်သေးတာပေါ့။ ကိုယ်က သက်ထား မလာတော့ဘူးတောင်ထင်နေတာ။''
ကိုမောင် က အချိန်ကြာမြင့်စွာကိုင်ဆောင်ထားတဲ့ ခရေကုံးလေးကို သက်ထား ဆံထုံးပေါ်ပန်ဆင်ပေးလိုက်သည်။
"သက်ထား နဲ့ ခရေပန်းလေးကသိပ်လိုက်တာပဲ။ ခရေပန်းလေး နဲ့ သက်ထား က ခွဲခြားလို့မရနိုင်အောင်ပဲ။''
သက်ထား က ညင်သာစွာ ရယ်လိုက်သည်။
"မဟုတ်တာ ကိုမောင်ရယ်။ ခရေပန်းလေးက ဝေလည်းမွှေး ကြွေလည်းမွှေးလေး။ သက်ထား ကတော့ အဲ့ပန်းလေးကို မြတ်နိုးသူတစ်ယောက်။ အဆင့်အတန်းနဲ့ဂုဏ်သတင်းချင်းမတူသလို အဆင်းနဲ့အချင်းလည်းကွာပါတယ်။''
"ဟော သက်ထား ရယ် နှိမ့်ချလွန်းလိုက်တာ။ သက်ထား လေးကလေ ကိုယ့်အတွက် ခရေပန်းလေးလိုပဲ။ ပန်းပွင့်လေးက အပင်ပေါ်ကကြွေကျပြီး အညိုရောင်ကူးပြောင်း ညိုးခြောက်သွားပေမယ့် မွှေးကြိုင်နေသေးသလို၊ သက်ထား ကလည်း အမြဲ ကိုယ့်အတွက် အဖိုးတန်လေး ဖြစ်နေအုံးမှာပဲ။''
သက်ထား က မျက်လွှာလေးချကာ ခေါင်းလေးငုံ့ထားရင်း မဝံ့ရဲစွာပြောသည်။
"ကိုမောင် ရယ်။ ကိုမောင့် လို လူကြီးလူကောင်းတစ်ယောက်ကို သက်ထား မှာ ချစ်ရဲတဲ့ သတ္တိမရှိပါဘူး။''
ငိုက်ကျနေတဲ့ သက်ထား မျက်နှာလေးကို ကိုမောင် က ညင်သာစွာ ပင့်တင်ပေးလိုက်သည်။
"သက်ထား မှာ ချစ်ရဲတဲ့သတ္တိမရှိရင် ကိုယ် သက်ထား အတွက် သတ္တိဖြစ်ပေးပါ့မယ်။''
သက်ထား ရဲ့ မျက်လုံးအရောင်လေးတွေ လင်းလက်သွားသည်။ ဖွင့်ဟလာတဲ့ နှုတ်ခမ်းလေးတစ်စုံက မည်သည့်စကားမှဆက်၍ပြောမလာပေမယ့်၊ အရောင်တောက်တောက် မျက်ဝန်းလေးတစ်စုံက ချစ်တယ် ဟုပြောနေသည်။
ကိုမောင် သက်ထား ရဲ့ အကြည့်တွေအောက်မှာ လက်နက်ချအရှုံးပေးကာ မေးဖျားလေးကို ပင့်မော့ရင်း အကြင်နာအနမ်းတစ်စုံ ပေးအပ်လိုက်မိသည်။
ခပ်သင်းသင်း ခံတွင်းရနဲ့လေးအပြင် ပန်းနုရောင်နှုတ်ခမ်းပါးတစ်စုံက ဆောင်းနှင်းရေသောက်ကာ ပွင့်အာလာသည့် ပန်းပွင့်လေးရဲ့ ပထမဆုံးပွင့်ဖက်လေးလို နူးညံအိထွေးလှသည်။
ဘါအရေါင်မှ ရေါယှက်မနေသည့် အဖြူထည်အနမ်းလေးဖို့ အဖိုးတန်လှသည်။ချစ်ခြင်း၏ သငေ်္ကသအစမို့ အမှတ်တရပေါင်းများစွာ ပါဝင်နေသည်။
"သက်ထား ငယ်။ ကိုယ့် ကိုချစ်တယ်မလား ဟင်။''
အရှက်တရားကြောင့် ပန်းနုရောင်တွေ ဖြတ်ပြေးနေတဲ့ မျက်နှာငယ်လေးက လှုပ်ရှားသွားပြီး နှုတ်ခမ်းပါးမှာ အပြုံးတစ်ပွင့် ပွင့်ဖူးလာကာ ဆတ်ခနဲ ခေါင်းလေးညိမ့်ပြသည်။
ခေါင်းလေးညိမ့်ရုံနဲ့တင် သူ ချစ်ရေးဆိုသည်ကို လက်ခံလိုက်သည်မို့ ကိုမောင် အပျော်ကြီးပျော်မိသွားသည်။ ချစ်ပါတယ် ဆိုသည့် စကားကိုတော့ နောင်အခါအတွက် အကြွေးအဖြစ် မှတ်ယူထားလိုက်သည်။
"သက်ထား ရယ် ပျော်လိုက်တာ။ ကိုယ်လေ သိပ်ပျော်တာပဲ။ သက်ထား လည်း ကိုယ့်ကိုချစ်တယ်ပေါ့နော်။''
ရင်ခွင်ထဲကနေ ခပ်ဆူဆူအောင့်အောင့် ''အွန်း'' ဆိုသည့်အသံလေးက နှလုံးသားအောက်ခြေကနေ လှိုက်လှိုက်လဲလဲ ချစ်ခင်မှုတွေနဲ့ အသည်းယားမှုတွေကို ယိုဖိမ့်ကျလာစေသည်။
"ကိုယ် သက်ထား ကို အရမ်းချစ်တာပဲ။ အများကြီးချစ်တယ်။ ဖြစ်နိုင်ရင် ရင်ခွင်ထဲထည့်ပြီးသိမ်းထားချင်လောက်တဲ့အထိကို ချစ်တယ်။''
ကိုမောင် က ရင်ခွင်ထဲက သက်ထား ဆိုတဲ့ကောင်လေးကို တင်းကြပ်တဲ့ အချစ်တွေနဲ့ ခပ်တင်းတင်းဖက်ထားတော့သည်။
.......
နွယ်နီ ထမင်းစားပွဲမှာထိုင်လိုက်တဲ့အခါ ဟင်းတွေအကုန်လုံးက သူ့အကြိုက်ဆုံးတွေမှန်းသိလိုက်ရသည်။
"ကြီးမေ ဒါတွေက...။''
"ဟုတ်တယ်။ စံပယ် ကိုယ်တိုင် ဝယ်ပြီးချက်ပေးထားတာ။ နွယ်နီ့ ကို မနေ့က ကိစ္စအတွက်တောင်းပန်ချင်လို့တဲ့။''
နွယ်နီ ရင်ထဲနွေးထွေးသွားသည်။ နေခြည်လိုတောက်ပတဲ့အပြုံးလေးနဲ့ ပြုံးကာ စံပယ် ကိုကျေးဇူးတင်ကြောင်း ဒေါ်တိုး
ကနေတစ်ဆင့်ပြောခိုင်းလိုက်သည်။
ဟင်းပန်ကန်ထဲက ပုစွန်ထုတ်ကိုယူကာ စားသောက်နေတုန်း အမည်မသိအရာတစ်ခု က ပါးဆောင် ကို ထိုးဖောက်ကွဲရှသွားစေသည်။
နွယ်နီ ထွေးထုတ်လိုက်တဲ့အခါ သွေးစအချို့နဲ့အတူ သွားကြားထိုးသံ အကျိုးတစ်ခုပါလာသည်။ လည်ချောင်းမှာလည်း တစ်စုံတစ်ခုတစ်နေသည် ဟု ခံစားရတာကြောင့် နောက်ဖေး ဘေစင်ဆီပြေးကာ လက်ထိုးအန်ချလိုက်သည်။
အနီရောင်သွေးစတွေနဲ့အတူ ကျောက်စရစ်ခဲအသေးလေးတွေပါရောပါလာသည်။ နွယ်နီ သွေးပျက်ဖြူဖျော့စွာထိုနေရာမှာတင် ရုတ်ကျိုးပျက် ထိုင်ကျသွားသည်။
တစ်ကိုယ်လုံး တုန်ယင်နေကာ ကြောက်လန့်နေသည်။
"ဟယ် အမလေးတော့။ ဒါတွေက ဘာတွေလဲ။ ဟယ် ဟဲ့။ မသတီစရာကောင်းလိုက်တာ။''
ဟင်းပွဲတစ်ခုချင်းစီမှာ သွားကြားထိုးတံ၊ ကျောင်စရစ်ခဲတွေ၊ သဲတွေ၊ သံစတွေ နဲ့ ဆံပင်ချည်တွေပါဝင်နေသည်။ နွယ်နီ င်းနှစ်မျိုးသာ စားရသေးသည်။ သူအခု အရမ်းတုန်လှုပ်နေမိသည်။
အစားအစာထဲ အဆိပ်ခတ်သည့် မကေယင်းတဲ့ ငယ်ဘဝမှတ်ဉာဏ်ဆိုးကြီးရှိနေတာကြောင့် အစာနဲ့ပတ်သတ်ပြီးမကောင်းကြံမှုကို အရမ်းထိတ်လန့်ကြောက်ရွ့ံတတ်သည်။
ကြမ်းပြင်ပေါ် ဒူးလေးပိုက်ကာ ကျုံ့ကျုံ့လေးထိုင်ပြီး တုန်လှုပ်ငိုကြွေးနေတဲ့ နွယ်နီ့ ကို ဒေါ်တိုး က လာနှစ်သိမ့်ပေးသည်။ တုန်ရီနေတဲ့ ကိုယ်လေးကို ဘေးကဝန်းရံထွေးဖက်ပေးလိုက်သည်။
"ဘာမှမဖြစ်တော့ဘူးနော်။ ကြီးမေ ရှင်းလိုက်ပြီ။ ဘာမှမရှိတော့ဘူး။''
ဒေါ်တိုး ရဲ့ လက်မောင်းကို ဖက်တွယ်ရင်း မှီခိုအားကိုးစရာ ရသွားသည့်ကလေးတစ်ယောက်နှယ် နွယ်နီ သည်းထန်စွာငိုကြွေးတော့သည်။
စံပယ် က မှန်ရှေ့မှာထိုင်နေကာ အနည်းငယ်ရောင်နေပြီး အနီရောင်သန်းနေတဲ့ ပါးနှစ်ဖက်ကိုကြည့်ကာ လက်သီးကိုတင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လိုက်သည်။
"နင့်လို ယောက်ျားပျက် က အဲ့တာနဲ့ပဲ ထိုက်တန်တယ်။''
သူမ ရဲ့ ကျုံးဝါးမှုမှာ ဒေါသ နှင့် မနာလိုမှု အရှင်းသား ထင်ဟပ်နေသည်။ စံပယ် က ဖောင်းနေတဲ့ ပါးပြင်ကို ညင်သာစွာ ပွတ်စပ်လိုက်သည်။ ထိုအရာက သူ ဦးဥက္ကာယံ ဆီက ရရှိလာတဲ့အရာသာဖြစ်သည်။
နွယ်နီ့ ကို ဦးဥက္ကာယံ အိမ်ကနှင်ထုတ်လိုက်ပြီး များမကြာမီ ဒေါ်တိုး က အငြိမ်မနေနိုင်တော့ဘဲ၊ အမှန်တရားကိုထုတ်ပြောပြလိုက်သည်။ ဦးဥက္ကာယံ က စံပယ့် ကိုချက်ချင်းခေါ်ခိုင်းလိုက်သည်။
"ဘယ်မှာလဲ ချည်လုံးတွေနဲ့ လည်စည်း။''
"ဦးယံ၊ ဦးယံ အဲ့တာတွေကို တန်ဖိုးထားနေတာလား။ ဘာကြောင့်များလဲ၊ ဘာကြောင့်များ အဲ့လို အောက်တန်းကျတဲ့ ယောက်ျားပျက် ဆီက ပစ္စည်းတွေကို တန်ဖိုးထားနေရတာလဲ။''
စံပယ် ရဲ့ ပါးပြင်တစ်ဖက် ပူနွေးသွားကာ ကိုယ်လည်းနောက်လန်ကျသွားသည်။
"မင်းလို အစေခံတစ်ယောက်ပြောရမယ့် စကားမဟုတ်ဘူးနဲ့တူတယ်။ တန်ဖိုးထားတယ် မထားတယ် က ငါနဲ့ပဲဆိုင်တယ်။ မင်းနဲ့မဆိုင်ဘူး။ ကိုယ့်နေရာ ကိုယ်သိ။ အစေခံ က အစေခံလိုနေ။ အိမ်ကြီးရှင် ရဲ့ ကိုယ်ရေးကိုယ်တာကို လာမစွတ်ထက်နဲ့။''
ဦးဥက္ကာယံ ပုံစံကသွေးအေးလူသတ်သမားတစ်ယောက်လို သိပ်ကိုကြောက်ဖို့ကောင်းနေသည်။ စံပယ် ကလည်း ဆုံးဖြတ်ပြီးသားမို့ ဘူးခံငြင်းတော့သည်။
"မသိဘူး။ မရှိဘူး။ စံပယ် အကုန်လွှတ်ပစ်လိုက်ပြီ။ ဘာမှမရှိတော့ဘူး။''
တစ်ဖန် နောက်ပါးပြင်တစ်ဖက် အရိုက်ခံလိုက်ရကာ မျက်ရည်စအချို့ စီးကျသွားသည်။ ဒေါ်တိုး မှာ ဦးဥက္ကာယံ ထိုသို့ဆက်ရိုက်မယ်ဆို စံပယ့် မျက်နှာပျက်စီးသွားမည့်အပြင် သတိလစ်သည့်အခြေအနေသို့ ရောက်ရှိသွားနိုင်တာကြောင့် ဝင်တားရတော့သည်။
ဦးဥက္ကာယံ ကိုတောင်းပန်စကား အထပ်ထပ်ဆိုကာ စံပယ် ကို ဆွဲထုတ်လာသည်။
"စံပယ် အဲ့လိုမလုပ်နေဘဲ၊ လည်စည်းရှိတဲ့နေရာကိုပြောပြလိုက်။''
စံပယ့် ပါးပြင်နှစ်ဖက်က စတင်ရောင်ကိုင်းနေပြီဖြစ်သည်။ သူမက စံအိမ်ရဲ့နောက်တစ်နေရာကိုခေါ်သွားကာ မီးရှို့ရန်စုထားသည့် အမှိုက်တွေထားရာထဲကနေ လည်စည်းနဲ့ချည်လုံးအချို့ကိုပြသည်။
ထို့နောက် ငိုယိုကာ သူ့အခန်းထဲပြေးဝင်သွားတော့သည်။ ဒေါ်တိုး ကသာ ထိုပစ္စည်းတွေကို ဦးဥက္ကာယံ ဆီပြန်ပေးလိုက်သည်။
ထိုနေ့ကအရာကို စံပယ် မကျေနပ်၍ နွယ်နီ့ အားလက်စားချေခြင်းဖြစ်သည်။ သူမ ရဲ့ ယောင်နေတဲ့မျက်နှာကြောင့် ရက်သတ္တပတ် ခုနစ်ရက်အတွင်းတော့ အပြင်သို့ထွက်နိုင်လိမ့်မည်မဟုတ်ချေ။
......