သက်ထားThetthtar(Complete)

Por Sweetie_Milk_Pudding

70.6K 5.2K 519

!BL! 1990ခုႏွစ္ မိန္းကေလးအဝတ္အစားဝတ္ၿပီး ေယာက္်ားပ်က္တစ္ေယာက္အေနနဲ႔အသက္ေမြးရတဲ့ သက္ထား ဆိုသူေကာင္ေလးကို စီးပြ... Más

Part 1♥
Part 2 ♥
Part 3♥
Part 4♥
Part 5♥
Part 6♥
Part 7♥
Part 9♥
Part 10♥
Part 11♥
Part 12♥
Part 13♥
Part 14♥
Part 15♥
Part 16♥
Part 17♥
Part 18♥
Part 19♥
Part 20 ♥
Part 21♥
Part 22♥
Part 23♥
Part 24♥
Part 25♥
Part 26♥
Part 27♥
Part 28♥
Part 29♥
Part 30♥(Final)
Extra♥
Questions & Answers

Part 8♥

1.8K 185 18
Por Sweetie_Milk_Pudding

ႏြယ္နီ ႏိုးလာခ်ိန္ ေႏြးေထြးတဲ့ရင္အုပ္က်ယ္က်ယ္ေၾကာင့္ အနည္းငယ္ အံျသမိသြားသည္။ မ်က္လံုးေလးပင့္ကာ အေပၚေမာ့ၾကည့္လိုက္ေတာ့ တည္တ့ံခန္႔ညားတဲ့ေယာက္်ားတစ္ေယာက္ ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနသည္။

ဦးဥကၠာယံ က သူ႔ကိုေထြးေပြ႔ေပးထားတယ္ ဆိုသည့္အသိက ႏြယ္နီ႔ ကိုရင္ခုန္ေပ်ာ္ရႊင္ေစသည္။ တစ္ကိုယ္လံုးျပည့္ႏွက္ေနသည့္ နာက်င္မႈေတြကို ဆြဲဆုတ္ယူလိုက္သလို။

"ႏိုးၿပီလား။''

"႐ွင္။ ဟုတ္။''

ဦးဥကၠာယံ က လွဲေနရာက ထလိုက္ၿပီး ခုတင္ေဘးစားပြဲေပယ္က ေဆးထုပ္ကိုယူလိုက္သည္။

"ဆရာဝန္ က ေျပာတယ္။ မနက္တစ္လံုး ညတစ္လံုး ေသာက္ေပးတဲ့။''

ႏြယ္နီ႔ လက္ထဲ ေဆးလံုးထည့္ေပးလိုက္ကာ ေရခြက္ပါကမ္းေပးသည္။ ေဆး ဆိုသည့္အရာမွန္သမ်ွက ခါးသည္။ ေကာ္ဖီေသာက္ရင္ေတာင္ သၾကားခုနစ္စြန္းေလာက္ထည့္ေသာက္တတ္သည္။ ခါးျခင္း ဆုိသည့္ အရသာကို ႏြယ္နီ မႏွစ္သက္။

လက္ထဲကေဆးလံုးကိုၾကည့္ကာ ငူငိုင္ေနတဲ့ ႏြယ္နီ ကို ဦးဥကၠာယံ စိတ္မ႐ွည္ေတာ့ဘဲ၊ ေဆး ကိုေရနဲ႔အတူ ခံတြင္းထဲငံုလိုက္ၿပီး ႏြယ္နီ႔ ႏႈတ္ခမ္းေပၚေတ့ကာ လႊဲေျပာင္းေပးလိုက္သည္။

အနမ္းခံရသည္လား၊ ေဆးတိုက္သည္လား၊ မသဲမကြဲျဖစ္ေနတဲ့ ႏြယ္နီ က ဦးဥကၠာယံ ကိုမ်က္လံုးေလးျပဴးကာ ေၾကာင္ၾကည့္ေနမိသည္။

"ဘာလဲ။ မနမ္းဖူးလို႔လား။''

အေျဖမွန္ကေတာ့ ဟုတ္ပါသည္။ ႏြယ္နီ တစ္ခါမွ အနမ္းမခံဖူးပါ။ အန္တီပု က နမ္းျခင္းကိုတင္းၾကပ္စြာ တားျမစ္ထားသည္။ ဦးဥကၠာယံ ကလည္း ယခုမွသာသူ႔ကို နမ္းျခင္းျဖစ္ပါသည္။

"ဟုတ္ပါတယ္ အန္ကယ္ယံ။ မနမ္းဖူးပါဘူး။''ဟုေျဖမယ့္အစား ႏြယ္နီ ဟန္ေဆာင္ကာ ေခါင္းခါလိုက္သည္။

ဦးဥကၠာယံ က ဘာမွဆက္မေျပာဘဲ၊ ဘယ္ကေနျပန္ရလာမွန္းမသိတဲ့ သူထိုးလက္စ လည္စည္းေလးကို ေပးသည္။

"ေနာက္တစ္ခါ မလႊတ္ပစ္နဲ႔။ စံပယ္ သိမ္းေပးထားလို႔ေတာ္ေသးတာေပါ့။''

စံပယ္ သိမ္းေပးထားခဲ့တာလား။ ႏြယ္နီ ေက်းဇူးတင္လိုက္မိသည္။ အကယ္လို႔ စံပယ္ သာ တကယ္လႊတ္ပစ္လိုက္ရင္ သူဝမ္းနည္းေနမိမွာျဖစ္သည္။ ခုေတာ့ သူဆက္ထိုးႏိုင္ေသးသည္။

ဦးဥကၠာယံ အတြက္ ရည္ရြယ္ခ်င္ေပမယ့္၊ ရည္ရြယ္ႏိုင္တဲ့အထိ အဆင့္မ႐ွိတာမို႔၊ အေပ်ာ္တန္းထိုးဖို႔သာ ဆံုးျဖတ္လိုက္သည္။

ျပန္ရလာတဲ့ လည္စည္းေလးကို ၾကည့္ကာေပ်ာ္ေနတဲ့ ႏြယ္နီ က သူ႔ကိုျပံဳးကာၾကည့္ေနတဲ့ ဦးဥကၠာယံ ကို ျမင္ေတြ႔လိုက္မည္ မဟုတ္ေပ။
...

သက္ထား ခေရပင္ေအာက္ေရာက္ေတာ့ ေနာက္ကေန လူတစ္ေယာက္က မ်က္လံုးကို အဝတ္မည္းနဲ႔ကာစီးလိုက္သည္။

"ဘယ္သူလဲ ႐ွင့္။''

"ကိုယ္ပါ သက္ထား ရဲ႕။ ကိုယ္ ေခၚရာေနာက္ လိုက္ခဲ့ေနာ္။''

ကိုေမာင္ က သက္ထား ကို မ်က္လံုးအဝတ္စည္းလ်က္ လက္ေလးကိုဆြဲကာ ေနရာတစ္ခုဆီ ေခၚေဆာင္သြားသည္။ ကိုေမာင္ က ဆက္မသြားေတာ့ဘဲ ရပ္လိုက္တာမို႔ သက္ထားလည္း ထိုေနရာမွာ ရပ္လိုက္ရသည္။

အဝတ္မည္းစ က တျဖည္းျဖည္း ေျပေလ်ာ့လာၿပီး ပတ္ဝန္းက်င္ကို ျပန္ျမင္ရလာသည္။ ေျမညီထပ္ ဆိုင္ခန္းေလးေပၚမွာ သက္ထား အပ္ခ်ဳပ္ဆိုင္ ဆိုသည့္ ဆိုင္းဘုတ္ေလးတစ္ခု႐ွိေနသည္။

"ဒါ ဒါက....။''

"ကိုယ္ သက္ထား အတြက္လက္ေဆာင္ေပးတာ။''

က္ုေမာင္ က သက္ထား ရဲ႕ လက္ေလးႏွစ္ဖက္ကို ဆုတ္ကိုင္ထားရင္း ေျပာသည္။

"ဘာ ဘာလို႔ သက္ထား ကို ေပးရတာလဲ။ ဒါ ပိုက္ဆံေတြအမ်ားႀကီး ကုန္က်မွာ။''

"ပိုက္ဆံက အဓိကမဟုတ္ပါဘူး သက္ထား ရယ္။ ကိုယ္ သက္ထား ကို ခ်စ္လို႔ေပးတာပါ။ သက္ထား အတြက္ ကိုယ့္ရဲ႕ခ်စ္သက္လက္ေဆာင္ပါ။ သက္ထား သေဘာက်ရဲ႕လား ဟင္။ သက္ထား ေရာ ကိုယ့္ကို ခ်စ္လား။''

အကယ္လို႔ သက္ထား သာ သာမာန္ မိန္းမတစ္ေယာက္ျဖစ္ခဲ့ရင္ လက္ေဆာင္ေတြအသာထား ဒီတိုင္း ကိုေမာင္ က ခ်စ္တယ္ေျပာလာရင္ေတာင္ ခ်က္ခ်င္းလက္ခံလိုက္မိမွာျဖစ္သည္။

ခုသူက မိန္းမတစ္ေယာက္မဟုတ္တဲ့အျပင္၊ သာမာန္ေယာက္်ားတစ္ေယာက္မဟုတ္။ လူတန္းစားရဲ႕ ဟိုးေအာက္ေျခက အပ်က္ဘဝသာျဖစ္သည္။

"သက္ထား ဆီက ခ်စ္တယ္ ဆိုတဲ့စကားကို မေမ်ွာ္လင့္ပါနဲ႔ ကိုေမာင္ ရယ္။ ေယာက္်ားပ်က္တစ္ေယာက္ဆီက ခ်စ္တယ္ဆိုတဲ့ စကားကသိပ္ကိုအက်ည္းတန္လြန္းပါတယ္။''

ကိုေမာင္ က သက္ထား ရဲ႕ ပါးျပင္ေလးကိုႏူးညံ့စြာ ပြတ္သပ္လိုက္သည္။

"မေျပာပါနဲ႔ သက္ထား ရယ္။ မေျပာပါနဲ႔။ သက္ထား ဆီက အဲ့လိုစကားေတြ ၾကားရတာ ကိုယ့္အသည္းကို တစ္စစီဆုတ္ျဖဲေနသလိုပါပဲ။''

"လူေတြက ကိုယ့္ဘဝကို ကိုယ့္အဆင့္အတန္းကို သိရမယ္ ကိုေမာင္။ မမွီတဲ့အရာကိုမလွမ္းသင့္ဘူး။ သက္ထား ကိုေမာင့္ ကိုျခဴစားေနတယ္လို႔ အေျပာမခံႏိုင္ဘူးရယ္။ မဟုတ္ရင္ သက္ထား ေၾကာင့္ ကိုေမာင္ ပါ သိကၡာက်ရပါလိမ့္မယ္။''

ကိုယ့္ကိုယ္ကို ႏွိမ့္ခ်လြန္းေႏုပီး သူ႔အေပၚအရမ္းၾကည့္ေပးတတ္တဲ့ သက္ထား ကို ကိုေမာင္ ထိုလုပ္ရပ္မ်ိဳးထက္မလုပ္ေစရန္ မည္သို႔ေျပာဆိုရမည္ကိုမသိ။ သိမ္ငယ္တတ္လြန္းတဲ့ သက္ထား ကို ႏွစ္သိမ့္ေပးခ်င္မိသည္။ ေထြးေပြ့ထားေပးခ်င္မိသည္။

ဘဝေပးကံၾကမၼာအရ ျဖစ္လာသည့္အရာအတြက္ႏွင့္ သက္ထား မိမိကိုယ္ကို အ႐ွက္ရအျပစ္တင္ေနဖို႔မလိုအပ္ေၾကာင္းေျပာျပခ်င္မိသည္။ သို႔ေသာ္ သူ႔စကားလံုးေတြက သက္ထား ရဲ႕ အနက္႐ိႈင္းဆံုးေနရာက နာက်င္မႈေတြ၊ေၾကာက္ရြံမႈေတြကို မေခဖ်က္ေပးႏိုင္ပါေခ်။

"ကိုေမာင့္ ရဲ႕ ေစတနာကို သက္ထား လက္ခံေပမယ့္၊ လက္ေဆာင္ကိုေတာ့ အားနာစြာပဲ သက္ထား ျငင္းပါရေစ။''

လွည့္ထြက္သြားတဲ့ သက္ထား ကို ကိုေမာင္ ျပန္ဆြဲလိုက္သည္။

"ခနေလးေနပါအံုး သက္ထား ရယ္။ ခနေနပါအံုး။ ဒီခေရပန္းကံုး လက္ေဆာင္ေလးကိုေတာ့ မျငင္းလိုက္ပါနဲ႔ကြယ္။''

သက္ထား ကိုေမာင့္ ဆီက ခေရကံုးေလးကိုယူလိုက္သည္။

"သက္ထား ရယ္။ ကိုေမာင့္ ကို ေန႔တိုင္းခေရပန္းသီခြင့္ေလးေတာ့ ေပးပါေနာ္။ ညိဳညင္ၿပီး မပိတ္ပင္လိုက္ပါနဲ႔ေနာ္။''

"ကိုေမာင္ ရယ္။ သက္ထား ကိုေမာင့္ ကို အားနာလွပါတယ္။ ဘာေၾကာင့္မ်ား သက္ထား အေျဖ မေျပာင္းလဲႏိုင္ဘူးဆိုတာ သိရက္နဲ႔ ဆက္ႀကိဳးစားခ်င္ေနရတာလဲကြယ္။''

"သက္ထား ရယ္ အခ်စ္ဆိုတာ ရယူျခင္းမပါဘဲ၊ အျဖဴစင္ဆံုးေမတၱာေတြနဲ့သာေပးဆပ္ျခင္း မဟုတ္ပါလား။ ကိုေမာင္ လည္း သက္ထား ကို အျဖဴစင္ဆံုးေမတၱာေတြေပးဆပ္ခ်င္တာမို႔။ သက္ထား ကိုေမာင့္ ကို ခ်စ္မလာလည္း ရပါတယ္။''

"အို ခက္တာပဲ ကိုေမာင္ ရယ္။ ဘာေၾကာင့္မ်ား ကိုေမာင့္ ေမတၱာေတြျဖဳန္းတီးေနရတာလဲ။ သက္ထား ထက္သာတဲ့သူဆိုတာ လက္ခ်ိဳးတြက္လို႔ေတာင္ မရႏိုင္ေလာက္ပါဘူး။ မိန္းမေကာင္းေတြလဲ အမ်ားႀကီး႐ွိတာပါပဲ။..''

သက္ထား စကားမဆံုးခင္ ကိုေမာင္ က ဝင္ျဖတ္ကာေျပာသည္။

"သူတို႔ က သက္ထား မွ မဟုတ္ရတာ။ ကိုယ္ က သက္ထား ကိုပဲ ခ်စ္ခင္ႏွစ္သက္မိတာပါ။''

"အိုကြယ္ ကိုေမာင္ ရယ္။ သက္ထား ကိုေမာင့္ အတြက္ ရင္ေလးလိုက္တာ။''
.......

ျပဇာတ္တို...

Second cpက First Cp ကို အနမ္းတစ္ပြင့္နဲ႔ ေက်ာ္တက္သြားပါၿပီ။

Semeႏွစ္ေယာက္စကားဝိုင္း

ဂုဏ္ဆာေသာ အျပံဳးႏွင့္ ဦးဥကၠာယံ။

ကိုေမာင္ဦး: ငါ့လို အပ္ခ်ဳပ္ဆိုင္ေတာင္ ဝယ္မေပးႏိုင္ဘဲနဲ႔။

ဦးဥကၠာယံ: ငါ့လို နမ္းဖူးလား။

ကိုေမာင္ဦး: ငါ့လို သက္ထား ကို ဖူးဖူးမႈတ္ဂ႐ုစိုက္သလို ဂ႐ုစိုက္ႏိုင္လို႔လား။

ဦးဥကၠာယံ: ငါ့လို နမ္းဖူးလား။

ကိုေမာင္ဦး: ငါ့လို ခေရပန္းကို ကိုယ္တိုင္သီၿပီး ပန္ေပးဖူးလား။

ဦးဥကၠာယံ: ငါ့လို နမ္းဖူးလား။

ကိုေမာင္ဦး: ႏႈတ္ခမ္းေလးထိရံုပဲကိုမ်ား။

ဦးဥကၠာယံ: ငါ့လို နမ္းဖူးလား။

အႏွိမ္ခံေနရတဲ့ ကိုေမာင္ က ေနာက္တစ္ပိုင္းမွာ သက္ထား ကို နမ္းေတာ့မယ္လို႔ ဆံုးျဖတ္ခ်က္ခ်လိုက္ပါေတာ့သည္။
........
ဘာရယ္မဟုတ္ ျပဇာတ္တိုေလးေရးခ်င္သြားလို႔ပါ။😁
ဖတ္ေပးတဲ့သူ တစ္ဦးခ်င္းစီကိုေက်းဇူးတင္ပါတယ္။ လိုအပ္ခ်က္နဲ႔ အမွားေလးေတြ႐ွိရင္ေထာက္ျပေပးသြားၾကပါ။
motiေလးရေအာင္ starေလး ႏွိပ္ေပးသြားၾကပါအံုးေနာ္။🙏
...

Unnicode

နွယ်နီ နိုးလာချိန် နွေးထွေးတဲ့ရင်အုပ်ကျယ်ကျယ်ကြောင့် အနည်းငယ် အံသြမိသွားသည်။ မျက်လုံးလေးပင့်ကာ အပေါ်မော့ကြည့်လိုက်တော့ တည်တ့ံခန့်ညားတဲ့ယောက်ျားတစ်ယောက် အေးချမ်းစွာ အိပ်ပျော်နေသည်။

ဦးဥက္ကာယံ က သူ့ကိုထွေးပွေ့ပေးထားတယ် ဆိုသည့်အသိက နွယ်နီ့ ကိုရင်ခုန်ပျော်ရွှင်စေသည်။ တစ်ကိုယ်လုံးပြည့်နှက်နေသည့် နာကျင်မှုတွေကို ဆွဲဆုတ်ယူလိုက်သလို။

"နိုးပြီလား။''

"ရှင်။ ဟုတ်။''

ဦးဥက္ကာယံ က လှဲနေရာက ထလိုက်ပြီး ခုတင်ဘေးစားပွဲပေယ်က ဆေးထုပ်ကိုယူလိုက်သည်။

"ဆရာဝန် က ပြောတယ်။ မနက်တစ်လုံး ညတစ်လုံး သောက်ပေးတဲ့။''

နွယ်နီ့ လက်ထဲ ဆေးလုံးထည့်ပေးလိုက်ကာ ရေခွက်ပါကမ်းပေးသည်။ ဆေး ဆိုသည့်အရာမှန်သမျှက ခါးသည်။ ကော်ဖီသောက်ရင်တောင် သကြားခုနစ်စွန်းလောက်ထည့်သောက်တတ်သည်။ ခါးခြင်း ဆိုသည့် အရသာကို နွယ်နီ မနှစ်သက်။

လက်ထဲကဆေးလုံးကိုကြည့်ကာ ငူငိုင်နေတဲ့ နွယ်နီ ကို ဦးဥက္ကာယံ စိတ်မရှည်တော့ဘဲ၊ ဆေး ကိုရေနဲ့အတူ ခံတွင်းထဲငုံလိုက်ပြီး နွယ်နီ့ နှုတ်ခမ်းပေါ်တေ့ကာ လွှဲပြောင်းပေးလိုက်သည်။

အနမ်းခံရသည်လား၊ ဆေးတိုက်သည်လား၊ မသဲမကွဲဖြစ်နေတဲ့ နွယ်နီ က ဦးဥက္ကာယံ ကိုမျက်လုံးလေးပြူးကာ ကြောင်ကြည့်နေမိသည်။

"ဘာလဲ။ မနမ်းဖူးလို့လား။''

အဖြေမှန်ကတော့ ဟုတ်ပါသည်။ နွယ်နီ တစ်ခါမှ အနမ်းမခံဖူးပါ။ အန်တီပု က နမ်းခြင်းကိုတင်းကြပ်စွာ တားမြစ်ထားသည်။ ဦးဥက္ကာယံ ကလည်း ယခုမှသာသူ့ကို နမ်းခြင်းဖြစ်ပါသည်။

"ဟုတ်ပါတယ် အန်ကယ်ယံ။ မနမ်းဖူးပါဘူး။''ဟုဖြေမယ့်အစား နွယ်နီ ဟန်ဆောင်ကာ ခေါင်းခါလိုက်သည်။

ဦးဥက္ကာယံ က ဘာမှဆက်မပြောဘဲ၊ ဘယ်ကနေပြန်ရလာမှန်းမသိတဲ့ သူထိုးလက်စ လည်စည်းလေးကို ပေးသည်။

"နောက်တစ်ခါ မလွှတ်ပစ်နဲ့။ စံပယ် သိမ်းပေးထားလို့တော်သေးတာပေါ့။''

စံပယ် သိမ်းပေးထားခဲ့တာလား။ နွယ်နီ ကျေးဇူးတင်လိုက်မိသည်။ အကယ်လို့ စံပယ် သာ တကယ်လွှတ်ပစ်လိုက်ရင် သူဝမ်းနည်းနေမိမှာဖြစ်သည်။ ခုတော့ သူဆက်ထိုးနိုင်သေးသည်။

ဦးဥက္ကာယံ အတွက် ရည်ရွယ်ချင်ပေမယ့်၊ ရည်ရွယ်နိုင်တဲ့အထိ အဆင့်မရှိတာမို့၊ အပျော်တန်းထိုးဖို့သာ ဆုံးဖြတ်လိုက်သည်။

ပြန်ရလာတဲ့ လည်စည်းလေးကို ကြည့်ကာပျော်နေတဲ့ နွယ်နီ က သူ့ကိုပြုံးကာကြည့်နေတဲ့ ဦးဥက္ကာယံ ကို မြင်တွေ့လိုက်မည် မဟုတ်ပေ။
...

သက်ထား ခရေပင်အောက်ရောက်တော့ နောက်ကနေ လူတစ်ယောက်က မျက်လုံးကို အဝတ်မည်းနဲ့ကာစီးလိုက်သည်။

"ဘယ်သူလဲ ရှင့်။''

"ကိုယ်ပါ သက်ထား ရဲ့။ ကိုယ် ခေါ်ရာနောက် လိုက်ခဲ့နော်။''

ကိုမောင် က သက်ထား ကို မျက်လုံးအဝတ်စည်းလျက် လက်လေးကိုဆွဲကာ နေရာတစ်ခုဆီ ခေါ်ဆောင်သွားသည်။ ကိုမောင် က ဆက်မသွားတော့ဘဲ ရပ်လိုက်တာမို့ သက်ထားလည်း ထိုနေရာမှာ ရပ်လိုက်ရသည်။

အဝတ်မည်းစ က တဖြည်းဖြည်း ပြေလျော့လာပြီး ပတ်ဝန်းကျင်ကို ပြန်မြင်ရလာသည်။ မြေညီထပ် ဆိုင်ခန်းလေးပေါ်မှာ သက်ထား အပ်ချုပ်ဆိုင် ဆိုသည့် ဆိုင်းဘုတ်လေးတစ်ခုရှိနေသည်။

"ဒါ ဒါက....။''

"ကိုယ် သက်ထား အတွက်လက်ဆောင်ပေးတာ။''

က်ုမောင် က သက်ထား ရဲ့ လက်လေးနှစ်ဖက်ကို ဆုတ်ကိုင်ထားရင်း ပြောသည်။

"ဘာ ဘာလို့ သက်ထား ကို ပေးရတာလဲ။ ဒါ ပိုက်ဆံတွေအများကြီး ကုန်ကျမှာ။''

"ပိုက်ဆံက အဓိကမဟုတ်ပါဘူး သက်ထား ရယ်။ ကိုယ် သက်ထား ကို ချစ်လို့ပေးတာပါ။ သက်ထား အတွက် ကိုယ့်ရဲ့ချစ်သက်လက်ဆောင်ပါ။ သက်ထား သဘောကျရဲ့လား ဟင်။ သက်ထား ရော ကိုယ့်ကို ချစ်လား။''

အကယ်လို့ သက်ထား သာ သာမာန် မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် လက်ဆောင်တွေအသာထား ဒီတိုင်း ကိုမောင် က ချစ်တယ်ပြောလာရင်တောင် ချက်ချင်းလက်ခံလိုက်မိမှာဖြစ်သည်။

ခုသူက မိန်းမတစ်ယောက်မဟုတ်တဲ့အပြင်၊ သာမာန်ယောက်ျားတစ်ယောက်မဟုတ်။ လူတန်းစားရဲ့ ဟိုးအောက်ခြေက အပျက်ဘဝသာဖြစ်သည်။

"သက်ထား ဆီက ချစ်တယ် ဆိုတဲ့စကားကို မမျှော်လင့်ပါနဲ့ ကိုမောင် ရယ်။ ယောက်ျားပျက်တစ်ယောက်ဆီက ချစ်တယ်ဆိုတဲ့ စကားကသိပ်ကိုအကျည်းတန်လွန်းပါတယ်။''

ကိုမောင် က သက်ထား ရဲ့ ပါးပြင်လေးကိုနူးညံ့စွာ ပွတ်သပ်လိုက်သည်။

"မပြောပါနဲ့ သက်ထား ရယ်။ မပြောပါနဲ့။ သက်ထား ဆီက အဲ့လိုစကားတွေ ကြားရတာ ကိုယ့်အသည်းကို တစ်စစီဆုတ်ဖြဲနေသလိုပါပဲ။''

"လူတွေက ကိုယ့်ဘဝကို ကိုယ့်အဆင့်အတန်းကို သိရမယ် ကိုမောင်။ မမှီတဲ့အရာကိုမလှမ်းသင့်ဘူး။ သက်ထား ကိုမောင့် ကိုခြူစားနေတယ်လို့ အပြောမခံနိုင်ဘူးရယ်။ မဟုတ်ရင် သက်ထား ကြောင့် ကိုမောင် ပါ သိက္ခာကျရပါလိမ့်မယ်။''

ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေုပီး သူ့အပေါ်အရမ်းကြည့်ပေးတတ်တဲ့ သက်ထား ကို ကိုမောင် ထိုလုပ်ရပ်မျိုးထက်မလုပ်စေရန် မည်သို့ပြောဆိုရမည်ကိုမသိ။ သိမ်ငယ်တတ်လွန်းတဲ့ သက်ထား ကို နှစ်သိမ့်ပေးချင်မိသည်။ ထွေးပွေ့ထားပေးချင်မိသည်။

ဘဝပေးကံကြမ္မာအရ ဖြစ်လာသည့်အရာအတွက်နှင့် သက်ထား မိမိကိုယ်ကို အရှက်ရအပြစ်တင်နေဖို့မလိုအပ်ကြောင်းပြောပြချင်မိသည်။ သို့သော် သူ့စကားလုံးတွေက သက်ထား ရဲ့ အနက်ရှိုင်းဆုံးနေရာက နာကျင်မှုတွေ၊ကြောက်ရွံမှုတွေကို မခေဖျက်ပေးနိုင်ပါချေ။

"ကိုမောင့် ရဲ့ စေတနာကို သက်ထား လက်ခံပေမယ့်၊ လက်ဆောင်ကိုတော့ အားနာစွာပဲ သက်ထား ငြင်းပါရစေ။''

လှည့်ထွက်သွားတဲ့ သက်ထား ကို ကိုမောင် ပြန်ဆွဲလိုက်သည်။

"ခနလေးနေပါအုံး သက်ထား ရယ်။ ခနနေပါအုံး။ ဒီခရေပန်းကုံး လက်ဆောင်လေးကိုတော့ မငြင်းလိုက်ပါနဲ့ကွယ်။''

သက်ထား ကိုမောင့် ဆီက ခရေကုံးလေးကိုယူလိုက်သည်။

"သက်ထား ရယ်။ ကိုမောင့် ကို နေ့တိုင်းခရေပန်းသီခွင့်လေးတော့ ပေးပါနော်။ ညိုညင်ပြီး မပိတ်ပင်လိုက်ပါနဲ့နော်။''

"ကိုမောင် ရယ်။ သက်ထား ကိုမောင့် ကို အားနာလှပါတယ်။ ဘာကြောင့်များ သက်ထား အဖြေ မပြောင်းလဲနိုင်ဘူးဆိုတာ သိရက်နဲ့ ဆက်ကြိုးစားချင်နေရတာလဲကွယ်။''

"သက်ထား ရယ် အချစ်ဆိုတာ ရယူခြင်းမပါဘဲ၊ အဖြူစင်ဆုံးမေတ္တာတွေနဲ့သာပေးဆပ်ခြင်း မဟုတ်ပါလား။ ကိုမောင် လည်း သက်ထား ကို အဖြူစင်ဆုံးမေတ္တာတွေပေးဆပ်ချင်တာမို့။ သက်ထား ကိုမောင့် ကို ချစ်မလာလည်း ရပါတယ်။''

"အို ခက်တာပဲ ကိုမောင် ရယ်။ ဘာကြောင့်များ ကိုမောင့် မေတ္တာတွေဖြုန်းတီးနေရတာလဲ။ သက်ထား ထက်သာတဲ့သူဆိုတာ လက်ချိုးတွက်လို့တောင် မရနိုင်လောက်ပါဘူး။ မိန်းမကောင်းတွေလဲ အများကြီးရှိတာပါပဲ။..''

သက်ထား စကားမဆုံးခင် ကိုမောင် က ဝင်ဖြတ်ကာပြောသည်။

"သူတို့ က သက်ထား မှ မဟုတ်ရတာ။ ကိုယ် က သက်ထား ကိုပဲ ချစ်ခင်နှစ်သက်မိတာပါ။''

"အိုကွယ် ကိုမောင် ရယ်။ သက်ထား ကိုမောင့် အတွက် ရင်လေးလိုက်တာ။''
.......

ပြဇာတ်တို...

Second cpက First Cp ကို အနမ်းတစ်ပွင့်နဲ့ ကျော်တက်သွားပါပြီ။

Semeနှစ်ယောက်စကားဝိုင်း

ဂုဏ်ဆာသော အပြုံးနှင့် ဦးဥက္ကာယံ။

ကိုမောင်ဦး: ငါ့လို အပ်ချုပ်ဆိုင်တောင် ဝယ်မပေးနိုင်ဘဲနဲ့။

ဦးဥက္ကာယံ: ငါ့လို နမ်းဖူးလား။

ကိုမောင်ဦး: ငါ့လို သက်ထား ကို ဖူးဖူးမှုတ်ဂရုစိုက်သလို ဂရုစိုက်နိုင်လို့လား။

ဦးဥက္ကာယံ: ငါ့လို နမ်းဖူးလား။

ကိုမောင်ဦး: ငါ့လို ခရေပန်းကို ကိုယ်တိုင်သီပြီး ပန်ပေးဖူးလား။

ဦးဥက္ကာယံ: ငါ့လို နမ်းဖူးလား။

ကိုမောင်ဦး: နှုတ်ခမ်းလေးထိရုံပဲကိုများ။

ဦးဥက္ကာယံ: ငါ့လို နမ်းဖူးလား။

အနှိမ်ခံနေရတဲ့ ကိုမောင် က နောက်တစ်ပိုင်းမှာ သက်ထား ကို နမ်းတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။
........
ဘာရယ်မဟုတ် ပြဇာတ်တိုလေးရေးချင်သွားလို့ပါ။😁
ဖတ်ပေးတဲ့သူ တစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ်။ လိုအပ်ချက်နဲ့ အမှားလေးတွေရှိရင်ထောက်ပြပေးသွားကြပါ။
motiလေးရအောင် starလေး နှိပ်ပေးသွားကြပါအုံးနော်။🙏
...









Seguir leyendo

También te gustarán

1.3M 44.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.6K 118 2
ဒီေလာကႀကီးမွာေလ ႐ူးေလာက္ေအာင္ခ်စ္ခ့ဲၾကလည္း ေသမတတ္မုန္းသြားႏိုင္တယ္ဆိုတာ ကိုကို႔ကို ျပမယ္ Xingdae Unicode ဒီလောကကြီးမှာလေ ရူးလောက်အောင်ချစ်ခဲ့ကြလည်း သ...
28.7K 2.3K 16
ဇီဝကမ္ဘာအကြောင်းကို လေ့လာကြပါစို့...။ ဇီဝဆိုတာ သက်ရှိ..... အဲ အခုဇီဝက လူသားသက်ရှိတဲ့လေ............ ဇီဝသင်္ခ 💕 🌎စိုးစံ အချစ်က ဘာလဲ...? 𝑍𝑖𝑤𝑎...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...