ခေရပင္ႀကီးေအာက္ ေႂကြက်ေနတဲ့ ခေရပန္းေလးေတြေကာက္ကာ သစ္ပင္ေအာက္က ခံုေပၚမွာ ထိုင္သီရင္း သက္ထား ကိုေစာင့္ေနမိသည္။
သူခ်စ္ရတဲ့မိန္းကေလးက မိန္းကေလးမဟုတ္သည့္အျပင္ ေယာက္်ားပ်က္တစ္ေယာက္ ျဖစ္ေနေသာ္လည္း ကိုေမာင္ စိတ္ကုန္သြားျခင္းမ႐ွိခဲ့ပါ။
အျဖဴေရာင္ဇာေပါက္အင္က်ီ ပါတိတ္ထမီ ပါးႏွစ္ဖက္က ပါးကြက္ၾကားေလး ႐ိုးရာမပ်က္ဆံထံုးေလးနဲ႔အတူ သက္ထား သိမ္သိမ္ေမြ႔ေမြ႔ေလးေရာက္လာသည္။
ခေရပန္းေႂကြေလးေတြကို ကိုေမာင္ ေကာက္သြားၿပီျဖစ္တာေၾကာင့္ အပြင့္ေလးေတြ႐ွိမေနေတာ့။ သက္ထား လွည့္ျပန္မယ္လုပ္တဲ့အခ်ိန္ ကိုေမာင္ က သက္ထား ကို လွမ္းဆြဲလိုက္သည္။
"အို ဘာေၾကာင့္လဲ သက္ထား ရယ္။ ကိုယ့္ကိုေတာင္ႏႈတ္မဆက္ဘဲ ျပန္ေတာ့မလို႔လား။''
"မဟုတ္ရပါဘူး လူႀကီးမင္းရယ္။ သက္ထား တို႔ကေကာင္းတဲ့သူေတြမဟုတ္ၾကေတာ့ အျပင္မွာ လူႀကီးမင္းတို႔ကို ႏႈတ္ဆက္မိရင္ လူႀကီးမင္းတို႔ သိကၡာက်မွာစိုးထိန္႔မိပါတယ္။''
"ဘယ္လိုေျပာလိုက္တာလဲ သက္ထား ရယ္။ သက္ထား တို႔က မေကာင္းတဲ့သူလို႔ေျပာရေအာင္ ဥပေဒနဲ႔ညိစြန္းေနတဲ့ သူေတြမွမဟုတ္တာ။''
"မဟုတ္တာ လူႀကီးမင္းရယ္။ သက္ထား တို႔က ဥပေဒနဲ႔ ညိစြန္းတာမဟုတ္ေပမယ့္၊ တန္ဖိုးေတာ့မဲ့ၾကတယ္မလား။ သက္ထား ေၾကာင့္ လူႀကီးမင္း ကိုလည္း တန္ဖို႔မမဲ့ေစခ်င္ပါဘူး။''
ကိုယ့္ကိုယ္ကို တန္ဖိုးမဲ့တဲ့သူ ေယာက္်ားပ်က္လို႔သံုးႏႈန္ေနတာေတြကို ကိုေမာင္ ရင္နာမိသည္။
"သက္ထား ရယ္၊ ဘယ္လူသားမွ တန္ဖိုးမမဲ့ပါဘူး။ ကိုယ့္ကို လူႀကီးမင္းလို႔ေခၚမယ့္အစား ကိုေမာင္ လို႔ေျပာင္းေခၚၾကည့္ပါလား။''
"မေခၚရဲပါဘူး လူႀကီးမင္းရယ္။ သက္ထား မေခၚရဲပါဘူး။''
"ကိုယ္ ဘာမွမျဖစ္ပါဘူး သက္ထား ရယ္။ ကိုယ္ သက္ထား ဆီက ကိုယ့္နမည္ေခၚသံေလးကိုၾကားခ်င္လို႔ပါ။''
သက္ထား ေတြေဝေနမိသည္။ သူ ကိုေမာင့္ နမည္ကိုေခၚဖို႔ အဆင့္အတန္းေရာ႐ွိပါ့မလား ဆိုတဲ့အေတြးေတြက သူ႔ေခါင္းထဲတိုးဝင္လာခဲ့သည္။
"သက္ထား ရယ္။ ေတြေဝမေနပါနဲ႔။ ကိုယ္ ကိုယ္တိုင္ေက်နပ္လို႔ သက္ထား ကိုေခၚခိုင္းတာပဲကိုး။''
"ဒါဆိုလည္း ေကာင္းပါၿပီ လူႀကီးမင္း။ အယ္ ကိုေမာင္ ရယ္လို႔ေျပာတာ။''
သက္ထား ဆီက ကိုေမာင္ ဆိုတဲ့ ေခၚသံေလးၾကားမွ ကိုေမာင့္ မ်က္ႏွာ ပီတိေဝကာျပံဳးရႊင္သြားသည္။
"ကဲ ခု ကိုယ္ သီေပးထားတဲ့ ခေရကံုးေလးကို သက္ထား ကိုေပးမယ္ေနာ္။''
"ဒါ သက္ထား အတြက္လား။''
ကိုေမာင္ ေပးတဲ့ခေရကံုးေလးက သက္ထား အတြက္ ပထမဦးဆံုး ျဖဴျဖဴစင္စင္နဲ႔ ရဖူးသည့္လက္ေဆာင္ေလးျဖစ္သည္။ သူ တျခားပုရိသေယာက္်ားေတြဆီက လက္ေဆာင္အမ်ိဳးမ်ိဳးရဖူးေပမယ့္ ထိုလက္ေဆာင္ေတြက သူ႔ခနၶာကိုယ္ကို တပ္မက္မႈေၾကာင့္ ေပးျခင္းမ်ိဳးသာျဖစ္သည္။
ယခု ကိုေမာင္ ေပးသည့္လက္ေဆာင္မ်ိဳးႏွင့္တူမေန။
"ကိုယ္ ပန္ေပးလို႔ရတယ္မလား သက္ထား။''
"ဟင္။ ဟုတ္။ ဟုတ္ ရပါတယ္။''
ကိုေမာင္ သက္ထား ရဲ႕ ဆံထံုးေလးကို ပတ္ကာ ခေရပန္းကံုးေလးကို ပန္ဆင္ေပးလိုက္သည္။
"သက္ထား နဲ႔ ခေရပန္းေလးေတြက လိုက္ဖက္လိုက္တာ။''
"ေက်း ေက်းဇူးတင္ပါတယ္ ကိုေမာင္။ ဒါဆို သက္ထား ျပန္လိုက္အံုးမယ္ေနာ္။''
"ေကာင္းပါၿပီ။ ဂ႐ုစိုက္ျပန္ေနာ္ သက္ထား။''
သက္ထား ရင္ေတြခုန္ေနမိသည္။ သူ႔လို လူမ်ိဳးက ကိုေမာင့္ လို လူကိုမမွန္းသင့္ေပမယ့္ ႏွလံုးခုန္ေတြျမန္ေနမိသည္။ အသက္၁၈အရြယ္တည္းက ေသဆံုးသြားတဲ့ ႏွလံုးသားေလး ခုမွႏိုးထလာသလို။
ယခင္ေန႔ေတြက ခေရပန္းကံုးေလးေတြက ကိုေမာင္ သီေပးခဲ့တာလားလို႔ ေမးခ်င္ခဲ့ေပမယ့္။ ေမးဖို႔အတြက္ သတၱိမ႐ွိခဲ့သလို။ မေမးသင့္ေၾကာင္း ေမ်ွာ္လင့္မေနသင့္ေၾကာင္း သိတာေၾကာင့္ စိတ္ထဲမွာပဲထားကာ သက္ထား ျပန္လာခဲ့သည္။
ယေန႔ည တင္ျမင့္ တို႔မပါဘဲ ေဒၚပုအိမ္ကို ကိုေမာင္ တစ္ေယာက္တည္း ေရာက္လာခဲ့သည္။
"ဟိုေန႔က ဧည့္သည္ေတာ္ႀကီးမလား။ ဘယ့္ႏွယ့္လဲ ေဒၚပုေျပာပါတယ္၊ မၾကာခင္မွာ ဧည့္သည္ေတာ္ႀကီး စြဲသြားမယ္လို႔။''
ဝဖိမ့္ဖိမ့္ မလံု႔တလံုအင္က်ီနဲ႔ မ်က္ႏွာေခ်ေတြကို ထူျပစ္စြာ လိမ္းျခယ္ထားတဲ့ ေဒၚပု က အနည္းငယ္ ရိသဲ့သဲ့လုပ္ကာ စကားစသည္။ ကိုေမာင္ က သူမေျပာတာေတြကို စိတ္မဝင္စားေပ။ သူစိုးရိမ္တာ သက္ထား ကို တျခားတစ္ေယာက္ သူ႔ထက္ေစာၿပီး လက္ဦးသြားမွာျဖစ္သည္။
"သက္ထား ႐ွိလား။''
"သက္ထား လား။ ႐ွိပါ့ ႐ွိပါ့။ ဧည့္သည္ေတာ္ႀကီးက သက္ထား ရဲ႕ျပဳစုမႈေတြကို ႏွစ္ၿခိဳက္သြားတာပဲ။ အေပၚထပ္က ညာဘက္စြန္းအခန္းမွာပါေနာ္။''
ကိုေမာင္ ေနာက္ထပ္ ထိုမိန္းမႀကီး ေျပာမယ့္စကားေတြ ဆက္နားမေတာ့ဘဲ၊ သက္ထား ႐ွိရာ အခန္းဘက္ခပ္ျမန္ျမန္ေလး ထြက္လာခဲ့သည္။
အခန္းထဲက သက္ထား က မနက္တုန္းက ကိုေမာင္ ေပးတဲ့ ခေရပန္းကံုးေလးကို ကိုင္ကာ ေငးၾကည့္ေနမိသည္။ မေမ်ွာ္မွန္းသင့္တဲ့ လူတစ္ေယာက္ကို ခ်စ္မိသြားမည္ကို စိုးရိမ္ေနမိသည္။
"သက္ထား။''
ကိုေမာင္ တံခါးဖြင့္ကာဝင္လာခဲ့သည္။ ေလစံုလြင့္ေမ်ာေနတဲ့ အေတြးစတို႔ ရပ္တန္႔သြားၿပီး သက္ထား ကိုေမာင့္ ကို တအံတျသလွမ္းၾကည့္လိုက္သည္။
"ကိုေမာင္။''
ကိုေမာင္ က ျပံဳးကာ လက္ထဲကိုင္ေဆာင္လာတဲ့ ဘိန္းမုန္႔ထုပ္ကိုျပရင္း ေျပာသည္။
"ကိုယ္ သက္ထား စားဖို႔ဝယ္လာေပးတာ။ ေတာ္ေသးတာေပါ့ ခုထိပူေနေသးတယ္။''
သက္ထား မွာ အံျသျခင္းေတြနဲ႔အတူ စကားမေျပာႏိုင္ေသးခ်င္ ကိုေမာင္ က သူ႔ေဘးေရာက္လာၿပီး ဘိန္းမုန္႔တစ္ခု လာခြ႔ံေကြၽးေလသည္။ သက္ထား လည္း ေယာင္ေယာင္နန နဲ႔ပဲ ကိုေမာင္ ခြံေကြၽးတဲ့ ဘိန္းမုန္႔ကိုစားလိုက္သည္။
"ဘယ္ႏွယ့္လဲ သက္ထား။ စားေကာင္းတယ္မလား။ ေထာပတ္စစ္နဲ႔လုပ္ထားတာတဲ့။ ဘိန္းေစ့ေလးေတြကလည္း ေမႊးေနတာပဲမလား။ ကိုယ္စားေနက်ဆိုင္ကဝယ္လာတာေလ။ သက္ထား ကိုလည္းစားေစခ်င္လို႔။''
ကိုေမာင့္ ပံုစံက ဘိန္းမုန္႔ေကာင္းေၾကာင္းခ်ီးက်ဴးေစခ်င္ေနတာထက္ သူဝယ္လာခဲ့သည္ကို ခ်ီးက်ဴးေပးေစခ်င္ေနသည့္ပံုႏွင့္ ပိုတူသည္။
သက္ထား အလိုအေလ်ာက္ပဲ ႏႈတ္ခမ္းပါးေထာင့္စြန္းေလးေတြေကာ့တက္သြားသည္။
"အြန္း။ ဘိန္းမုန္႔ က တကယ္ေကာင္းတယ္ ကိုေမာင္။ ဝယ္လာေပးတဲ့ ကိုေမာင့္ ကို သက္ထား ေက်းဇူးတင္ပါတယ္ေနာ္။''
ကိုေမာင္ က ႐ွက္ျပံဳးျပံဳးရင္း စကားေတြကို ရႊန္းရႊန္းေဝေအာင္ေျပာေတာ့သည္။
"ရပါတယ္ သက္ထား ရဲ႕။ ကိုယ္ ေနာက္ဆို မုန္႔ေတြ အမ်ားႀကီးမ႐ိုးရေအာင္ ဝယ္လာေပးမယ္။ သက္ထား လံုးဝကိုႏွစ္သက္မွာ။ သက္ထား ျမန္မာမုန္႔ေတြႀကိဳက္တယ္မလား။ ကိုယ္လည္းႀကိဳက္တယ္။ ေနာက္ဆို ဆိုင္ေကာင္းေတြကေန ကိုယ္ဝယ္လာေပးမယ္။''
သက္ထား ဒီညလို စိတ္ေအးလက္ေအး လြတ္လြတ္လပ္လပ္နဲ႔ ျဖတ္သန္းခဲ့ဖူးတာမ်ိဳးမ႐ွိခဲ့ေပ။ ကိုေမာင့္ ေၾကာင့္ သူ႔စိတ္ေတြ လြတ္လပ္ေနကာ ဘာစိုးရိမ္ပူပန္စရာမွမ႐ွိေတာ့ေပ။
တစ္ညလံုး ႏွစ္ေယာက္သား ေရာက္တတ္ရာရာစကားေတြေျပာရင္း ရယ္ျဖစ္ခဲ့ၾကသည္။ မနက္ေရာင္နီထြက္လာသည့္ အခ်ိမ္ေရာက္ေတာ့မွ ကိုေမာင္လည္းျပန္သြားသည္။
ဒီတစ္ခါလည္း သက္ထား က ကုန္က်ေငြအျဖစ္ ကိုေမာင္ ဝယ္ေကြၽးခဲ့တဲ့ ဘိန္းမုန္႔ကိုသာ လက္ခံခဲ့သည္။
.......
Unnicode
ခရေပင်ကြီးအောက် ကြွေကျနေတဲ့ ခရေပန်းလေးတွေကောက်ကာ သစ်ပင်အောက်က ခုံပေါ်မှာ ထိုင်သီရင်း သက်ထား ကိုစောင့်နေမိသည်။
သူချစ်ရတဲ့မိန်းကလေးက မိန်းကလေးမဟုတ်သည့်အပြင် ယောက်ျားပျက်တစ်ယောက် ဖြစ်နေသော်လည်း ကိုမောင် စိတ်ကုန်သွားခြင်းမရှိခဲ့ပါ။
အဖြူရောင်ဇာပေါက်အင်ကျီ ပါတိတ်ထမီ ပါးနှစ်ဖက်က ပါးကွက်ကြားလေး ရိုးရာမပျက်ဆံထုံးလေးနဲ့အတူ သက်ထား သိမ်သိမ်မွေ့မွေ့လေးရောက်လာသည်။
ခရေပန်းကြွေလေးတွေကို ကိုမောင် ကောက်သွားပြီဖြစ်တာကြောင့် အပွင့်လေးတွေရှိမနေတော့။ သက်ထား လှည့်ပြန်မယ်လုပ်တဲ့အချိန် ကိုမောင် က သက်ထား ကို လှမ်းဆွဲလိုက်သည်။
"အို ဘာကြောင့်လဲ သက်ထား ရယ်။ ကိုယ့်ကိုတောင်နှုတ်မဆက်ဘဲ ပြန်တော့မလို့လား။''
"မဟုတ်ရပါဘူး လူကြီးမင်းရယ်။ သက်ထား တို့ကကောင်းတဲ့သူတွေမဟုတ်ကြတော့ အပြင်မှာ လူကြီးမင်းတို့ကို နှုတ်ဆက်မိရင် လူကြီးမင်းတို့ သိက္ခာကျမှာစိုးထိန့်မိပါတယ်။''
"ဘယ်လိုပြောလိုက်တာလဲ သက်ထား ရယ်။ သက်ထား တို့က မကောင်းတဲ့သူလို့ပြောရအောင် ဥပဒေနဲ့ညိစွန်းနေတဲ့ သူတွေမှမဟုတ်တာ။''
"မဟုတ်တာ လူကြီးမင်းရယ်။ သက်ထား တို့က ဥပဒေနဲ့ ညိစွန်းတာမဟုတ်ပေမယ့်၊ တန်ဖိုးတော့မဲ့ကြတယ်မလား။ သက်ထား ကြောင့် လူကြီးမင်း ကိုလည်း တန်ဖို့မမဲ့စေချင်ပါဘူး။''
ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့တဲ့သူ ယောက်ျားပျက်လို့သုံးနှုန်နေတာတွေကို ကိုမောင် ရင်နာမိသည်။
"သက်ထား ရယ်၊ ဘယ်လူသားမှ တန်ဖိုးမမဲ့ပါဘူး။ ကိုယ့်ကို လူကြီးမင်းလို့ခေါ်မယ့်အစား ကိုမောင် လို့ပြောင်းခေါ်ကြည့်ပါလား။''
"မခေါ်ရဲပါဘူး လူကြီးမင်းရယ်။ သက်ထား မခေါ်ရဲပါဘူး။''
"ကိုယ် ဘာမှမဖြစ်ပါဘူး သက်ထား ရယ်။ ကိုယ် သက်ထား ဆီက ကိုယ့်နမည်ခေါ်သံလေးကိုကြားချင်လို့ပါ။''
သက်ထား တွေဝေနေမိသည်။ သူ ကိုမောင့် နမည်ကိုခေါ်ဖို့ အဆင့်အတန်းရောရှိပါ့မလား ဆိုတဲ့အတွေးတွေက သူ့ခေါင်းထဲတိုးဝင်လာခဲ့သည်။
"သက်ထား ရယ်။ တွေဝေမနေပါနဲ့။ ကိုယ် ကိုယ်တိုင်ကျေနပ်လို့ သက်ထား ကိုခေါ်ခိုင်းတာပဲကိုး။''
"ဒါဆိုလည်း ကောင်းပါပြီ လူကြီးမင်း။ အယ် ကိုမောင် ရယ်လို့ပြောတာ။''
သက်ထား ဆီက ကိုမောင် ဆိုတဲ့ ခေါ်သံလေးကြားမှ ကိုမောင့် မျက်နှာ ပီတိဝေကာပြုံးရွှင်သွားသည်။
"ကဲ ခု ကိုယ် သီပေးထားတဲ့ ခရေကုံးလေးကို သက်ထား ကိုပေးမယ်နော်။''
"ဒါ သက်ထား အတွက်လား။''
ကိုမောင် ပေးတဲ့ခရေကုံးလေးက သက်ထား အတွက် ပထမဦးဆုံး ဖြူဖြူစင်စင်နဲ့ ရဖူးသည့်လက်ဆောင်လေးဖြစ်သည်။ သူ တခြားပုရိသယောက်ျားတွေဆီက လက်ဆောင်အမျိုးမျိုးရဖူးပေမယ့် ထိုလက်ဆောင်တွေက သူ့ခန္ဓာကိုယ်ကို တပ်မက်မှုကြောင့် ပေးခြင်းမျိုးသာဖြစ်သည်။
ယခု ကိုမောင် ပေးသည့်လက်ဆောင်မျိုးနှင့်တူမနေ။
"ကိုယ် ပန်ပေးလို့ရတယ်မလား သက်ထား။''
"ဟင်။ ဟုတ်။ ဟုတ် ရပါတယ်။''
ကိုမောင် သက်ထား ရဲ့ ဆံထုံးလေးကို ပတ်ကာ ခရေပန်းကုံးလေးကို ပန်ဆင်ပေးလိုက်သည်။
"သက်ထား နဲ့ ခရေပန်းလေးတွေက လိုက်ဖက်လိုက်တာ။''
"ကျေး ကျေးဇူးတင်ပါတယ် ကိုမောင်။ ဒါဆို သက်ထား ပြန်လိုက်အုံးမယ်နော်။''
"ကောင်းပါပြီ။ ဂရုစိုက်ပြန်နော် သက်ထား။''
သက်ထား ရင်တွေခုန်နေမိသည်။ သူ့လို လူမျိုးက ကိုမောင့် လို လူကိုမမှန်းသင့်ပေမယ့် နှလုံးခုန်တွေမြန်နေမိသည်။ အသက်၁၈အရွယ်တည်းက သေဆုံးသွားတဲ့ နှလုံးသားလေး ခုမှနိုးထလာသလို။
ယခင်နေ့တွေက ခရေပန်းကုံးလေးတွေက ကိုမောင် သီပေးခဲ့တာလားလို့ မေးချင်ခဲ့ပေမယ့်။ မေးဖို့အတွက် သတ္တိမရှိခဲ့သလို။ မမေးသင့်ကြောင်း မျှော်လင့်မနေသင့်ကြောင်း သိတာကြောင့် စိတ်ထဲမှာပဲထားကာ သက်ထား ပြန်လာခဲ့သည်။
ယနေ့ည တင်မြင့် တို့မပါဘဲ ဒေါ်ပုအိမ်ကို ကိုမောင် တစ်ယောက်တည်း ရောက်လာခဲ့သည်။
"ဟိုနေ့က ဧည့်သည်တော်ကြီးမလား။ ဘယ့်နှယ့်လဲ ဒေါ်ပုပြောပါတယ်၊ မကြာခင်မှာ ဧည့်သည်တော်ကြီး စွဲသွားမယ်လို့။''
ဝဖိမ့်ဖိမ့် မလုံ့တလုံအင်ကျီနဲ့ မျက်နှာချေတွေကို ထူပြစ်စွာ လိမ်းခြယ်ထားတဲ့ ဒေါ်ပု က အနည်းငယ် ရိသဲ့သဲ့လုပ်ကာ စကားစသည်။ ကိုမောင် က သူမပြောတာတွေကို စိတ်မဝင်စားပေ။ သူစိုးရိမ်တာ သက်ထား ကို တခြားတစ်ယောက် သူ့ထက်စောပြီး လက်ဦးသွားမှာဖြစ်သည်။
"သက်ထား ရှိလား။''
"သက်ထား လား။ ရှိပါ့ ရှိပါ့။ ဧည့်သည်တော်ကြီးက သက်ထား ရဲ့ပြုစုမှုတွေကို နှစ်ခြိုက်သွားတာပဲ။ အပေါ်ထပ်က ညာဘက်စွန်းအခန်းမှာပါနော်။''
ကိုမောင် နောက်ထပ် ထိုမိန်းမကြီး ပြောမယ့်စကားတွေ ဆက်နားမတော့ဘဲ၊ သက်ထား ရှိရာ အခန်းဘက်ခပ်မြန်မြန်လေး ထွက်လာခဲ့သည်။
အခန်းထဲက သက်ထား က မနက်တုန်းက ကိုမောင် ပေးတဲ့ ခရေပန်းကုံးလေးကို ကိုင်ကာ ငေးကြည့်နေမိသည်။ မမျှော်မှန်းသင့်တဲ့ လူတစ်ယောက်ကို ချစ်မိသွားမည်ကို စိုးရိမ်နေမိသည်။
"သက်ထား။''
ကိုမောင် တံခါးဖွင့်ကာဝင်လာခဲ့သည်။ လေစုံလွင့်မျောနေတဲ့ အတွေးစတို့ ရပ်တန့်သွားပြီး သက်ထား ကိုမောင့် ကို တအံတသြလှမ်းကြည့်လိုက်သည်။
"ကိုမောင်။''
ကိုမောင် က ပြုံးကာ လက်ထဲကိုင်ဆောင်လာတဲ့ ဘိန်းမုန့်ထုပ်ကိုပြရင်း ပြောသည်။
"ကိုယ် သက်ထား စားဖို့ဝယ်လာပေးတာ။ တော်သေးတာပေါ့ ခုထိပူနေသေးတယ်။''
သက်ထား မှာ အံသြခြင်းတွေနဲ့အတူ စကားမပြောနိုင်သေးချင် ကိုမောင် က သူ့ဘေးရောက်လာပြီး ဘိန်းမုန့်တစ်ခု လာခွ့ံကျွေးလေသည်။ သက်ထား လည်း ယောင်ယောင်နန နဲ့ပဲ ကိုမောင် ခွံကျွေးတဲ့ ဘိန်းမုန့်ကိုစားလိုက်သည်။
"ဘယ်နှယ့်လဲ သက်ထား။ စားကောင်းတယ်မလား။ ထောပတ်စစ်နဲ့လုပ်ထားတာတဲ့။ ဘိန်းစေ့လေးတွေကလည်း မွှေးနေတာပဲမလား။ ကိုယ်စားနေကျဆိုင်ကဝယ်လာတာလေ။ သက်ထား ကိုလည်းစားစေချင်လို့။''
ကိုမောင့် ပုံစံက ဘိန်းမုန့်ကောင်းကြောင်းချီးကျူးစေချင်နေတာထက် သူဝယ်လာခဲ့သည်ကို ချီးကျူးပေးစေချင်နေသည့်ပုံနှင့် ပိုတူသည်။
သက်ထား အလိုအလျောက်ပဲ နှုတ်ခမ်းပါးထောင့်စွန်းလေးတွေကော့တက်သွားသည်။
"အွန်း။ ဘိန်းမုန့် က တကယ်ကောင်းတယ် ကိုမောင်။ ဝယ်လာပေးတဲ့ ကိုမောင့် ကို သက်ထား ကျေးဇူးတင်ပါတယ်နော်။''
ကိုမောင် က ရှက်ပြုံးပြုံးရင်း စကားတွေကို ရွှန်းရွှန်းဝေအောင်ပြောတော့သည်။
"ရပါတယ် သက်ထား ရဲ့။ ကိုယ် နောက်ဆို မုန့်တွေ အများကြီးမရိုးရအောင် ဝယ်လာပေးမယ်။ သက်ထား လုံးဝကိုနှစ်သက်မှာ။ သက်ထား မြန်မာမုန့်တွေကြိုက်တယ်မလား။ ကိုယ်လည်းကြိုက်တယ်။ နောက်ဆို ဆိုင်ကောင်းတွေကနေ ကိုယ်ဝယ်လာပေးမယ်။''
သက်ထား ဒီညလို စိတ်အေးလက်အေး လွတ်လွတ်လပ်လပ်နဲ့ ဖြတ်သန်းခဲ့ဖူးတာမျိုးမရှိခဲ့ပေ။ ကိုမောင့် ကြောင့် သူ့စိတ်တွေ လွတ်လပ်နေကာ ဘာစိုးရိမ်ပူပန်စရာမှမရှိတော့ပေ။
တစ်ညလုံး နှစ်ယောက်သား ရောက်တတ်ရာရာစကားတွေပြောရင်း ရယ်ဖြစ်ခဲ့ကြသည်။ မနက်ရောင်နီထွက်လာသည့် အချိမ်ရောက်တော့မှ ကိုမောင်လည်းပြန်သွားသည်။
ဒီတစ်ခါလည်း သက်ထား က ကုန်ကျငွေအဖြစ် ကိုမောင် ဝယ်ကျွေးခဲ့တဲ့ ဘိန်းမုန့်ကိုသာ လက်ခံခဲ့သည်။
.......