စိုင်းအယ် ထွက်သွားသည် ကို သံစဥ်ကမြင်တော့ အပေါ်ထပ်ကို ပြေးတက်သွားကာ ခွင့်ပြုချက်မရှိသည့်အကို့အခန်းလေးထဲသို့ ဝင်ရင်း
"အကို က တုံးလွန်းတဲ့ငတုံး"
ထို့နောက်သံစဥ် စကားဆက်မပြောနိုင်တော့ပါ။ငြိမ်၍သာ သွား၏။
ပြတင်းပေါက်လေးရှိ ထိုင်ခုံလေးအပေါ်တွင် ထိုင်၍ အပြင်ကို ငေးနေသောအကို။ မျက်ဝန်းများသည် ရွာတော့မည့်မိုးအလား လမ်းမလေးကိုမျှော်၍သာ ကြည့်နေသည်။ရှုပ်ပွနေသော ဆံကေသာများသည် လွန်စွာအကျည်းတန်လှ၏။ရက်ပေါင်းများစွာ မအိပ်ထားသည့်အလား မျက်ကွင်းများသည် ညို၍ သာ ရှိလေသည်။
မိမိပြောနေသံကိုလဲ အကိုကြားမည်မထင်ပါ။သူ့အတွေးများသည် လမ်းမထက်တွင်သာ။
ထို့ကြောင့်
အခန်းတံခါးလေးကိုညင်သာစွာပိတ်ခဲ့ပြီး နောက်သာပြန်လှည့်ခဲ့တော့သည်။
အကိုသည် သတ္တိကြောင်လွန်းလှပေသည်။
မိမိသည် လည်းဘာမှ မတက်နိုင်ပြီ။
*****
စိုင်းအယ်၏မျက်ဝန်းများ ထက်တွင် မျက်ရည်စတို့သည် စီးကျနေသည်။
အတွေးများသည် နောက်တွင်
ကျန်ရစ်ခဲ့သည့် မြို့လေးတွင်သာ။
"စိုင်း..ဘာလို့ထပ်ငိုနေတာလဲ"
အဂ္ဂသည်လည်းပျော်ရမည်လား၊ဝမ်းနည်းရမည်လားမတွေးတက်တော့ပါ။
"မောင်... ငါ နာကျင်တယ်"
"သက်သာသွားမှာပါစိုင်းရယ်
စိုင်း..မောင် ပုဂံကိုပြောင်းနေတော့မှာ"
ချစ်ရသူ၏ဘက်မှ ဘာတုံ့ပြန်ချက်မှ မရှိ။
ကားမှန်မှ ဖြတ်၍ အဝေးကိုသာ လှမ်းငေးနေတော့သည်။
**
"စိုင်းကိုမောင် ပုဂံကို ရထားနဲ့လိုက်ပို့ပေးမယ်လို့ကတိပေးထားတယ်နော်"
"မောင်း မင်း ငယ်ငယ်က ကတိတွေ မှတ်မိနေတာပဲ"
"မန္တလေး-ပုဂံမီးရထား လက်မှတ်ကဝယ်ပြီးပြီးနော်"
"မောင်..မင်းငါကို့အကို့အိမ်မှာ
အဲ့တာ ပြောဖူးတယ်လေ
..."
အဂ္ဂမှားသွားေလပြီ။ သူ့အကိုအားမေ့ရန်စကားကို ရှောက်ပြောနေပေးခဲ့
သော်လည်း အကိုဟူသော စကားလုံးပါသွားခဲ့ပြီ။
အကောင်းဆုံးသည် ဘာစကားမှ မပြောပဲနေတော့မည်။
ပြင်ဦးလွင်-မန္တလေးလမ်းမကြီးသည် တိတ်ဆိတ်လှပေသည်။
မဟုတ်ဘူးကြင်နာသူ ဘက်က ပို၍တိတ်ဆိတ်လှ၏။
****
"သံစဥ် သားလေးသက်ပိုင်ရော"
"အပေါ်မှာ ကြီးဆွေ"
"ထမင်းချိုင့်လေးလာပို့တာပါ"
"ဟုတ်ကဲ့ကြီးဆွေ"
"သားလေးစိုင်းအယ်ကတော့....."
"ဟုတ် သမီးမြင်လိုက်တယ်"
"သူ့ရဲ့မှတ်စုလေး နဲ့cameraလေး သားသက်ပိုင်အတွက်ဆိုပြီး ကြီးဆွေက သူမသိအောင်ယူထားလိုက်တယ်။
သားသက်ပိုင်ကို အဲ့တာလေး ပေး ေပးပါ့လား"
သံစဉ်က သက်ပြင်းလေး ချလိုက်တယ်။
"ကြီးဆွေ အပေါ်ထပ်မှာ အကိုက အခြေအနေမကောင်းဘူး"
"ဟုတ်လား သူကိုပေးဖြစ်အောင်တော့ပေးလိုက်ပါ"
ကြီးဆွေက ဂရုဏာသံလေးဖြင့်
"သားစိုင်းအယ်က သက်ပိုင်လေးကို သိပ်ချစ်ရှာတာ"
သံစဥ်က
"သမီးလဲသိပါတယ်ကြီးဆွေ"
နောက်ပြန်လှည့်သွားသော ကြီးဆွေ ၏ ကျောပြင်လေးကိုငေးရင်း သက်ပြင်းလေးတစ်ချက်ချမိသည်။
မဖြစ်သေးပါဘူး ညနေကျ အကိုသက်ပိုင်ကို အတင်း တွေ့ရတော့မယ်။
သံစဥ်က စိုင်းအယ်၏ မှတ်စုလေးကို ဖွင့်ကြည်မိသည်။
လှပပြီး ဝိုင်းစက်သော လက်ရေးသေးသေးလေးများက သပ်သပ်ရပ်ရေးထားသည်။
မဖတ်သင့်တာကို သံစဥ်သိပေမဲ့
စိုင်းအယ်၏ ခံစားချက်ကို သံစဥ်သိပ်နားမလည်၍သာ ဖတ်ရတော့မည်။
အေးစက်၍ စကားသိပ်မပြောတတ်သော ထိုကောင်လေးတွင် ဖွင့်မပြောတတ်သော နှလုံးသားစကားသံများရှိလေသလော။
သံစဥ်ဖတ်ရင်းဖြင့်မျက်ရည်ကျမိသည်။ အဲ့ဒီ့ကောင်လေးက နေမကောင်းတော်တော်ဖြစ်နေလို့ ခန္ဓာကိုယ်သေးနေတာကိုး။ဒါကိုမသိသော သံစဥ်သည် သူကို ကလေးဟုပြောခဲ့ဖူးသည်။
အကို့အပေါ်ထားသည့်သူ၏ ခံစားချက်များကိုလဲ စကားလုံးအသွယ်သွယ်ဖြင့်ဖော်ပြထားသည်။
အသွင်အပြင်က အေးစက်နေသော်လည်း နွေးထွေးသော နှလုံးသားလေးဖြင့် ထိုကောင်လေး။
သံစဥ်က မျက်ရည်များကိုသုတ်ကာ အပေါ်ထပ်သို့ပြေးသွားပြီး အကို့တံခါးကို လျင်မြန်စွာဖွင့်ကာ
"အကို စိုင်းအယ်ရဲ့ မှတ်စုလေး.."
စိုင်းအယ် ဟူသောနာမည်လေးကိုကြားည်နှင့်အကိုက အသံလာရာ နောက်ကို လှည့်ကြည့်လိုက်သည်။
"သံစဥ်..."
အကို့၏ အသံက ကြေကွဲအပ်ရှနေ၏။
"အကို စိုင်းအယ်ကိုချစ်လား"
အကိုကအတော်အတန်ကြာေအာင်တွေဝေပြီးမှ အကိုဘက်မှ
"မချစ်ဘူး"
သံစဉ်ကနှုတ်ခမ်းတစ်ချက်ဖဲ့ရင်း
"အကိုက လူညာကြီး"
မချစ်ရင် သူထွက်သွားတဲ့ အချိန် အကို ဒီပုံစံဖြစ်နေမှာ မဟုတ်ဘူး။အကို့မျက်နှာကို မှန်ထဲမှာ ပြန်ကြည့်!။
သံစဥ် က အကို့အနားထိကပ်သွားကာ အကို့၏ လက်ထဲသို့ မှတ်စုလေးထည့်ပေးရင်း
" စိုင်းအယ်ရဲ့ မှတ်စုလေးပါ။ မချစ်ဘူးဆိုရင် မဖတ်ပဲ လွတ်ပစ်လိုက်"
မိမိပြောချင်တာကိုပြောပြီးထွက်သွားခဲ့သော်လည်း အကိုသက်ပိုင်ပုံကြည့်ပြီး
သံစဥ်စိတ်မကောင်းပါ။
အကိုသက်ပိုင်အတွက် ဘာတွေကများ ကိုယ့်ကို ကိုနှိပ်ဆက်ဖို့ထိ ခက်ခဲနေရတာလဲ။
***
မန္တလေး ကျုံးရေပြင်ထက် ကိုငေးနေရသော်လည်း ခံစားချက်အစုံသည် အကိုရှိရာ အလွမ်းမြို့လေးမှာပင်။
အကို ကညှို့ယူသောပင်လယ်လိုပင်။
"စိုင်း..."
"အွန်း..မောင်"
"မင်းအကို့ ကို သတိရနေတာလား။"
စိုင်းအယ်က လျင်မြန်စွာ ခေါင်းခါရင်း
"မဟုတ်ပါဘူး။ကျုံးရေပြင်က လှိုင်းခွပ်လေးတွေက လှလို့ပါ"
"စိုင်း..ညာတယ်"
စိုင်းအယ်ကအနည်းငယ်ပြံုးလိုက်သည့်အခါ စိုင်း၏ ပျော့အိလှသည့် ဆံနွယ်တို့ကို အဂ္ဂဖွမိသည်။
အချင်းဤလူသားလေးသည် အရုပ်လေးတစ်ရုပ်လို သိပ်ချစ်ဖို့ကောင်းလှသည်။
အို.....🎶
မင်းမျက်နှာလေးပဲ
ကိုယ်နေတိုင်းအမြဲဘဲငေးကြည့်မိခဲ့
ရင်ထဲကမင်းကိုချစ်တဲ့စကားတွေလဲ🎶
ကိုယ်ဘာကြောင့်ပြောဖို့သိပ်တွေဝေနေတာလဲ🎶
သက်ပြင်းလေးမင်းရှေ့နားမှာရှိုက်နေဆဲ
ဒါကိုလဲ သိနိုင်လိမ့်မည် ကိုယ်မထင်ဘူး🎶🎵
သီချင်းလေးကို ခပ်ခပ်အေးဖြင့် သီဆိုနေသော မောင့်၏စောင်းချိတ်မှု့ကို ဘေးနားမှ အနှီလူသားလေး စိုင်းအယ်
သိလိမ့်မည်ဟု မောင်မထင်ပါ။
စိုင်အယ် ၏ လက်ရေး ဝိုင်းဝိုင်းလေးတွေကို ထပ်ခါထပ်ခါ ဖတ်ရင်း
"သူ...လွန်းကို လက်မလွတ်နိုင်တော့ဘူး!"
ချစ်လှစွာသော လွန်း၏ မှတ်စုလေးသည် အကို့ ကိုဘာဆက်လုပ်ရမလဲဆိုတာ လမ်းပြခဲ့သည်။ထို့ကြောင့် မန္တလေးမြို့သို့ ညတွင်းချင်း ဆိုင်ကယ်ဖြင့်သွားကာ ရထားဘူတာရုံတွင် စောင့်နေခဲ့သည်။သို့သော်ရောက်သည့်အချိန်က မနက်3နာရီပင်ရှိခဲ့ပြီ။
ရူးမိုက်သည့်အလုပ်ဟု ပြောချင်ပြောကြပါစေ။ချစ်လှစွာသော လွန်းကို ငြင်းပယ်ခဲ့သည်။ထို့ကြောင့် အချိန်မလွန်ခင်လေး ရ
သမျှအခွင့်အရေးလေးကို ဆုပ်ကိုင်ရင်း အကို ဘူတာရုံလေးတွင် ချစ်ရသူကိုမျှော်၍ကာစောင့်မျှော်တော့မည်။
ဝင်လာသည့်လူများသည် ဘယ်လောက်ပင် များနေပါစေ
အကိုလွန်းကိုတွေ့အောင်ရှာမည်။
လွန်းကို ပြောချင်ပေမဲ့ မပြောဖြစ်ဘဲ မျိုသိပ်ခဲ့ရတဲ့စကားလုံးတွေ လွန်းသိအောင်အကိုပြောပြတော့မည်။
ပြီးတော့ လွန်းကို ဘယ်လောက်ထိ ချစ်ကြောင်းကိုရောပေါ့။
*မန္တလေးပုဂံရထားထွက်ပြီတဲ့
အသံတွေလာရာနောက်ကိုအကိုလိုက်ရင်း လွန်းကိုရှာမိသည်။
*တွေ့ပြီ။ အကို့ရဲ့အချစ်ကြောင့်ထင်ပါရဲ့။
လွန်းရထားထဲမဝင်ခင်
အကိုမင်းလက်ကိုရအောင် ဆွဲမယ်။
လွန်းအကိုကိုမမြင်ရလဲကိစ္စမရှိဘူး။အကို လွန်းဆီ ရအောင်လာခဲ့မယ်။
"လွန်း....."
စိုင်းအယ်ကအဂ္ဂ ဘက်လှည့်ရင်း
"မောင်..ငါ့နာမည်ကို အကိုခေါ်နေတယ်လို့ ခံစားရတယ်။"
"စိုင်း..စိတ်ထင်နေတာဖြစ်မှာပါ"
တစ်ကယ်တော့ အဲ့ဒီလိုမဟုတ်မှန်း အဂ္ဂသိ၏
သို့သော် မမြင်ချင်ယောင်ဆောင်ကာ
"စိုင်း ရထားထွက်တော့မှာတဲ့"
*တောင်းပန်ပါတယ် စိုင်း။မောင်တစ်ခါလောက်အတ္တကြီးပါရစေ။
သက်ပိုင်က လူအုပ်ကြားထဲမှာ ညှပ်နေ၍ ခရီးသည် ထင်သလောက်မတွင်။
နောက်ဆုံးတွင် လွန်းနှင့်လွဲခဲ့ရပြန်၏။
လွဲမှားခြင်းများနောက်ဆုံးတွင် ဆုံစည်းခြင်းရှိသည်ဟု အကိုယုံကြည်မိသည်။ထို့ကြောင့်
အကို မင်းရှိရာအရပ် လာခဲ့မယ်။
ရေမြေအဆုံး လွန်းကိုတွေ့အောင်ရှာပြီး
လွန်းကို အကိုသိပ်ချစ်တဲ့အကြောင်း ကဗျာသီ ပြအုံးမည်။
ရှုပ်ထွေးနေသည့်စိတ်များသည် ကြည်လင်ကာ လွန်းရှိရာအရပ် အကိုလာဖို့ပြင်ဆင်စရာရှိစရာ ပြင်ဆင်ရတော့မည်။
သေချာသည်ကတော့ မိလျှင် တစ်သက်လုံးထွက်သွားခွင့်ပြုမှာ မဟုတ်တော့ပါ။
****
ပျော်ချင်တိုင်းလဲမပျော်ရပါ✨🎶
ချစ်မိသူတိုင်းလဲချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ဒီလောကရဲ့အထာ
အချစ်ဆိုတာလျို့ဝှက်ချက်တစ်ခုပါ
နေသာခိုက်မှာမြင်လို့လေ🎵
တွေ့တဲ့အခါတိုင်းလဲ မိုးမအုံပါဘူးမပြောသာ
ခန့်မှန်းလို့မရကောင်းတဲ့အခြင်းအရာ✨🎶
အချစ်ဆိုတာ လျို့ဝှက်ချက်တစ်ခုပါ
အပြုံးနဲ့ယှဉ်တွဲနွဲခဲ့ဖူးတာလဲအခါ
နောက်ဆုံးတော့ အငိုသာကျန်မြဲပါ🎵
ကိုယ့်အတွက်ဆိုတာတော့ အချစ်စစ်ဆိုတာလေ🎵
ထာဝစဉ်ပေးဆပ်ရခြင်းသာ
ယုံကြည်လွန်းတဲ့ဒီအချစ်မှာ🎶
ဘဝတစ်ခုကိုရင်းပြီးမီးနဲ့ရေနဲ့ကစားလာ
အနိုင်အရှုံးတော့ ကိုယ်လဲမသိသေးပါ🎶
အချစ်ဆိုတာလျို့ဝှက်ချက်တစ်ခုပါ🎵
ရထားပြတင်းပေါက်လေးကို လက်ထောက်ကာငေးနေသော စိုင်းသည် အဂ္ဂဘက်လှည့်၍
"မောင် မင်းအသံကောင်းတယ်"
"ဟုတ်လား စိုင်း"
"အွန်း သီချင်းဆိုတာ ခံစားချက်ပါတယ်"
လက်မထောင်ပြကာ ရယ်ပြနေသောစိုင်းသည် မောင့်အတွက်တော့ချစ်ဖို့ကောင်းလှသည်။
ချစ်လျှင် လှ ဟူသော စကားပုံသည် မောင့်အတွက်ထားခဲ့ဟန်တူ၏။
"စိုင်းတောင် နည်းနည်းပြုံးနေပြီပဲ။
ကဲ ပြောပါအုံး
မောင်ကတိတည်တယ်မလား။
ငယ်ငယ်က စိုင်းကိုရထားနဲ့ တင်ပြီး ခရီးသွားမယ်ဆိုပြီး ကတိပေးထားတယ်လေ"
စိုင်းအယ်၏ မျက်ဝန်းများကအရောင်
လင်းလက်လာကာ
"မောင် မင်းမှတ်မိတယ်ပေါ့"
"မောင် ကစိုင်းနဲ့ပတ်သက်တာ မှန်သမျှ အကုန်မှတ်မိတယ်။
စိုင်းမှတ်မိလား
မောင်တို့လေ စက်ဘီးလေးနဲ့ မြို့က ဘုရားတွေကိုပတ်တာလေ
ပြန်တာတော့ မောင့်မေမေက ရိုက်လို့စိုင်းအိမ်မှာ အိပ်ခဲ့ရသေးတယ်"
"ခ်ခ်
မောင်ကအဲ့တုန်းက လူဆိုး
ကျောင်းမှာဆိုအမြဲ ရန်ဖြစ်နေကျ"
"နောက်ပြီး စိုင်းရဲ့ စက်ဘီးနောက်မှာအမြဲလိုက်နေကျပါနော်"
စိုင်းအယ်က မျက်လွှာလေးကိုချ၍
လေပူလေးတစ်ချက်မှုတ်ထုတ်လိုက်၏။
"မောင် ဘာကြောင့်ရန်ဖြစ်တာလဲ ငါသိတယ်
ငါ့ကိုအနိုင့်ကျင့်ကြလို့ မောင်က သွားရန်ဖြစ်တာမလား"
"မောင်က မင်းကိုအမြဲကာကွယ်ပေးမှာပါ
အရင်ကရော အခုရော နောင်ရောပါ စိုင်းကို ကာကွယ်ပေးမှာ"
*ဒါကြောင့်မို့ မောင့်နား က ထွက်သွားဖို့မကြိုးစားပါနဲ့။
မိမိမှာ အိမ်ကိုမပြန်ဖြစ်သည်မှာ ရှစ်နှစ်ပင်ပြည့်တော့မည်။ လူမနေသည်မှာ
ကြာပြီဖြစ်၍ အတော်လေး
ရှင်းယူရ၏။
အိမ်အနောက်ဘက်ရှိ စိုင်းနှင့်မောင့်
အိမ်၏ နယ်နိမိတ်စည်းလေးမှာ ခြုံနွယ်ဖြစ်သာ ပြည့်နေ၏။
မိမိ လာနေကျဖြစ်သော အပေါက်လေးမှာလဲ ခြုံတို့ဖြင့်ကွယ်နေပြီဖြစ်၍
မမြင်ရတော့ပေ။
ထို့ကြောင့် ဘေးနားရှိ တုတ်ဖြင့်နွယ်ပင်တွေကိုလဲဖြို လိုက်သည်။
ထိုအခါမှသာ လျို့ဝှက်နေရာလေးကိုတွေ့ရသည်။ထိုနေရာကို ကျော်လျှင် စိုင်း၏အခန်းကို လှမ်းမြင်ရသည်။
သို့သော် စိတ်မကောင်းသည်မှာ မိမိခန္ဓာကိုယ်ဖြင့်ဝင်မရတော့။
ထို့ကြောင့် သက်ပြင်းလေးချကာ
စိုင်းတို့ အိမ်ဘက်ကိုခြံတံခါးမှ ဝင်ရတော့မည်။
စိုင်းသည် ဒန်းလေးပေါ်တွင် စာအုပ်လေးကိုင်၍ ထိုင်နေ၏
မြင်ရသူ မောင့်အဖို့တော့ အေးချမ်းလှပါသည်။
သို့သော်
စိုင်း၏ပါးပြင်ထက်တွင် မျက်ရည်များကျနေသောကြောင့်
မောင့်ရင် ကိုမီးဖြင့် ပစ်သလို ခံစားသွားရတယ်။
ထို့ကြောင့် စိုင်းရှိရာဆီ အမြန်ပြေးသွားပြီး
"စိုင်း ဘာဖြစ်လို့လဲ"
"မောင် အိမ်မှာ ဘယ်သူမှ မရှိတော့ဘူး။ မေမေတို့နိုင်ငံခြားသွားကြပြီ။
အဲ့တာ ငါ့ကို အိမ်က မိသားစုလို့သဘောမထားတာ မဟုတ်ဘူးလား။"
ဒေါ်မြင့်သူ....
ကျုပ်အတန် တန်သတိပေးခဲ့ရဲ့သားနဲ့
စိုင်းကို မိသားစုဝင်လို ဆက်ဆံပေးပါ။
ဘယ်လောက်ပင် မုန်းနေပါစေ ချစ်ဟန်ဆောင်ပေးပါလို့ စာချုပ် ချုပ်ရဲ့သားနဲ့ကွာ။
ခဗျား စာချုပ်ကို ဖောက်ဖျက်ပြီ နော်။
ကိုပ်တို့ သဘောတူညီချက်ကို ဖောက်ဖျက်ဝံတယ်။ကျုပ်ဆိုတော့ အဂ္ဂပြည့်စုံမောင်ကို မကြောက်လေလော။
လွန်ခဲ့သည့် နှစ် နှစ်လောက်က စိုင်း၏ မာမီ ဒေါ်မြင့်သူက အိမ်ကို မိမိတို့အဘိုးထံပေါင်နှံခဲ့သည်။
သို့သော် ဘိုးဘိုးသည် မိမိကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။
တစ်ကယ်တော့ စိုင်းမသိသေးသည့် မောင်နှင့် စိုင်းမာမီ ကြားက စာချုပ်သည် စိုင်းပြန်ပေးဆွဲခံရသည့် နေ့က ချုပ်ဆိုထားခြင်းပင်။
ဘာပဲဖြစ်ဖြစ် စိုင်းကို မိမိ မေတ္တာဖြင့် လွှမ်းခြုံ၍ နွေးထွေးပေးရအုံးမည်။
အပြစ်ကင်းစင်၍
ကြေကွဲဖွယ်အတိတ်ကို ပိုင်ဆိုင်ထားသော မောင့်ချစ်သူအား ရင်ခွင်ထဲတွင်ထည့်၍ ချောမြူရအုံးမည်။
ထိုသို့ နူးညံခြင်းသည် စိုင်းတစ်ယောက်အတွက်သာ။
ထပ်မံ၍စိုင်း၏ နှဖူးအား အသားယူမိသည့်အတွက်
မောင်တောင်းပန်ပါရစေ စိုင်း။
..
အကို လား မောင်လား???
လေ ဒီ ကြိုက်ရာ ရွေးးးးးးးးးးး🤭
စိုင္းအယ္ ထြက္သြားသည္ ကို သံစဥ္ကျမင္ေတာ့ အေပၚထပ္ကို ေျပးတက္သြားကာ ခြင့္ျပဳခ်က္မရွိသည့္အကို႔အခန္းေလးထဲသို႔ ဝင္ရင္း
"အကို က တုံးလြန္းတဲ့ငတုံး"
ထို႔ေနာက္သံစဥ္ စကားဆက္မေျပာနိုင္ေတာ့ပါ။ၿငိမ္၍သာ သြား၏။
ျပတင္းေပါက္ေလးရွိ ထိုင္ခုံေလးအေပၚတြင္ ထိုင္၍ အျပင္ကို ေငးေနေသာအကို။ မ်က္ဝန္းမ်ားသည္ ႐ြာေတာ့မည့္မိုးအလား လမ္းမေလးကိုေမွ်ာ္၍သာ ၾကည့္ေနသည္။ရႈပ္ပြေနေသာ ဆံေကသာမ်ားသည္ လြန္စြာအက်ည္းတန္လွ၏။ရက္ေပါင္းမ်ားစြာ မအိပ္ထားသည့္အလား မ်က္ကြင္းမ်ားသည္ ညို၍ သာ ရွိေလသည္။
မိမိေျပာေနသံကိုလဲ အကိုၾကားမည္မထင္ပါ။သူ႕အေတြးမ်ားသည္ လမ္းမထက္တြင္သာ။
ထို႔ေၾကာင့္
အခန္းတံခါးေလးကိုညင္သာစြာပိတ္ခဲ့ၿပီး ေနာက္သာျပန္လွည့္ခဲ့ေတာ့သည္။
အကိုသည္ သတၱိေၾကာင္လြန္းလွေပသည္။
မိမိသည္ လည္းဘာမွ မတက္နိုင္ၿပီ။
*****
စိုင္းအယ္၏မ်က္ဝန္းမ်ား ထက္တြင္ မ်က္ရည္စတို႔သည္ စီးက်ေနသည္။
အေတြးမ်ားသည္ ေနာက္တြင္
က်န္ရစ္ခဲ့သည့္ ၿမိဳ႕ေလးတြင္သာ။
"စိုင္း..ဘာလို႔ထပ္ငိုေနတာလဲ"
အဂၢသည္လည္းေပ်ာ္ရမည္လား၊ဝမ္းနည္းရမည္လားမေတြးတက္ေတာ့ပါ။
"ေမာင္... ငါ နာက်င္တယ္"
"သက္သာသြားမွာပါစိုင္းရယ္
စိုင္း..ေမာင္ ပုဂံကိုေျပာင္းေနေတာ့မွာ"
ခ်စ္ရသူ၏ဘက္မွ ဘာတုံ႕ျပန္ခ်က္မွ မရွိ။
ကားမွန္မွ ျဖတ္၍ အေဝးကိုသာ လွမ္းေငးေနေတာ့သည္။
**
"စိုင္းကိုေမာင္ ပုဂံကို ရထားနဲ႕လိုက္ပို႔ေပးမယ္လို႔ကတိေပးထားတယ္ေနာ္"
"ေမာင္း မင္း ငယ္ငယ္က ကတိေတြ မွတ္မိေနတာပဲ"
"မႏၲေလး-ပုဂံမီးရထား လက္မွတ္ကဝယ္ၿပီးၿပီးေနာ္"
"ေမာင္..မင္းငါကို႔အကို႔အိမ္မွာ
အဲ့တာ ေျပာဖူးတယ္ေလ
..."
အဂၢမွားသြားေလၿပီ။ သူ႕အကိုအားေမ့ရန္စကားကို ေရွာက္ေျပာေနေပးခဲ့
ေသာ္လည္း အကိုဟူေသာ စကားလုံးပါသြားခဲ့ၿပီ။
အေကာင္းဆုံးသည္ ဘာစကားမွ မေျပာပဲေနေတာ့မည္။
ျပင္ဦးလြင္-မႏၲေလးလမ္းမႀကီးသည္ တိတ္ဆိတ္လွေပသည္။
မဟုတ္ဘူးၾကင္နာသူ ဘက္က ပို၍တိတ္ဆိတ္လွ၏။
****
"သံစဥ္ သားေလးသက္ပိုင္ေရာ"
"အေပၚမွာ ႀကီးေဆြ"
"ထမင္းခ်ိဳင့္ေလးလာပို႔တာပါ"
"ဟုတ္ကဲ့ႀကီးေဆြ"
"သားေလးစိုင္းအယ္ကေတာ့....."
"ဟုတ္ သမီးျမင္လိုက္တယ္"
"သူ႕ရဲ႕မွတ္စုေလး နဲ႕cameraေလး သားသက္ပိုင္အတြက္ဆိုၿပီး ႀကီးေဆြက သူမသိေအာင္ယူထားလိုက္တယ္။
သားသက္ပိုင္ကို အဲ့တာေလး ေပး ေပးပါ့လား"
သံစဥ္က သက္ျပင္းေလး ခ်လိဳက္တယ္။
"ႀကီးေဆြ အေပၚထပ္မွာ အကိုက အေျခအေနမေကာင္းဘူး"
"ဟုတ္လား သူကိုေပးျဖစ္ေအာင္ေတာ့ေပးလိုက္ပါ"
ႀကီးေဆြက ဂ႐ုဏာသံေလးျဖင့္
"သားစိုင္းအယ္က သက္ပိုင္ေလးကို သိပ္ခ်စ္ရွာတာ"
သံစဥ္က
"သမီးလဲသိပါတယ္ႀကီးေဆြ"
ေနာက္ျပန္လွည့္သြားေသာ ႀကီးေဆြ ၏ ေက်ာျပင္ေလးကိုေငးရင္း သက္ျပင္းေလးတစ္ခ်က္ခ်မိသည္။
မျဖစ္ေသးပါဘူး ညေနက် အကိုသက္ပိုင္ကို အတင္း ေတြ႕ရေတာ့မယ္။
သံစဥ္က စိုင္းအယ္၏ မွတ္စုေလးကို ဖြင့္ၾကည္မိသည္။
လွပၿပီး ဝိုင္းစက္ေသာ လက္ေရးေသးေသးေလးမ်ားက သပ္သပ္ရပ္ေရးထားသည္။
မဖတ္သင့္တာကို သံစဥ္သိေပမဲ့
စိုင္းအယ္၏ ခံစားခ်က္ကို သံစဥ္သိပ္နားမလည္၍သာ ဖတ္ရေတာ့မည္။
ေအးစက္၍ စကားသိပ္မေျပာတတ္ေသာ ထိုေကာင္ေလးတြင္ ဖြင့္မေျပာတတ္ေသာ ႏွလုံးသားစကားသံမ်ားရွိေလသေလာ။
သံစဥ္ဖတ္ရင္းျဖင့္မ်က္ရည္က်မိသည္။ အဲ့ဒီ့ေကာင္ေလးက ေနမေကာင္းေတာ္ေတာ္ျဖစ္ေနလို႔ ခႏၶာကိုယ္ေသးေနတာကိုး။ဒါကိုမသိေသာ သံစဥ္သည္ သူကို ကေလးဟုေျပာခဲ့ဖူးသည္။
အကို႔အေပၚထားသည့္သူ၏ ခံစားခ်က္မ်ားကိုလဲ စကားလုံးအသြယ္သြယ္ျဖင့္ေဖာ္ျပထားသည္။
အသြင္အျပင္က ေအးစက္ေနေသာ္လည္း ေႏြးေထြးေသာ ႏွလုံးသားေလးျဖင့္ ထိုေကာင္ေလး။
သံစဥ္က မ်က္ရည္မ်ားကိုသုတ္ကာ အေပၚထပ္သို႔ေျပးသြားၿပီး အကို႔တံခါးကို လ်င္ျမန္စြာဖြင့္ကာ
"အကို စိုင္းအယ္ရဲ႕ မွတ္စုေလး.."
စိုင္းအယ္ ဟူေသာနာမည္ေလးကိုၾကားည္ႏွင့္အကိုက အသံလာရာ ေနာက္ကို လွည့္ၾကည့္လိုက္သည္။
"သံစဥ္..."
အကို႔၏ အသံက ေၾကကြဲအပ္ရွေန၏။
"အကို စိုင္းအယ္ကိုခ်စ္လား"
အကိုကအေတာ္အတန္ၾကာေအာင္ေတြေဝၿပီးမွ အကိုဘက္မွ
"မခ်စ္ဘူး"
သံစဥ္ကႏႈတ္ခမ္းတစ္ခ်က္ဖဲ့ရင္း
"အကိုက လူညာႀကီး"
မခ်စ္ရင္ သူထြက္သြားတဲ့ အခ်ိန္ အကို ဒီပုံစံျဖစ္ေနမွာ မဟုတ္ဘူး။အကို႔မ်က္ႏွာကို မွန္ထဲမွာ ျပန္ၾကည့္!။
သံစဥ္ က အကို႔အနားထိကပ္သြားကာ အကို႔၏ လက္ထဲသို႔ မွတ္စုေလးထည့္ေပးရင္း
" စိုင္းအယ္ရဲ႕ မွတ္စုေလးပါ။ မခ်စ္ဘူးဆိုရင္ မဖတ္ပဲ လြတ္ပစ္လိုက္"
မိမိေျပာခ်င္တာကိုေျပာၿပီးထြက္သြားခဲ့ေသာ္လည္း အကိုသက္ပိုင္ပုံၾကည့္ၿပီး
သံစဥ္စိတ္မေကာင္းပါ။
အကိုသက္ပိုင္အတြက္ ဘာေတြကမ်ား ကိုယ့္ကို ကိုႏွိပ္ဆက္ဖို႔ထိ ခက္ခဲေနရတာလဲ။
***
မႏၲေလး က်ဳံးေရျပင္ထက္ ကိုေငးေနရေသာ္လည္း ခံစားခ်က္အစုံသည္ အကိုရွိရာ အလြမ္းၿမိဳ႕ေလးမွာပင္။
အကို ကညွို႔ယူေသာပင္လယ္လိုပင္။
"စိုင္း..."
"အြန္း..ေမာင္"
"မင္းအကို႔ ကို သတိရေနတာလား။"
စိုင္းအယ္က လ်င္ျမန္စြာ ေခါင္းခါရင္း
"မဟုတ္ပါဘူး။က်ဳံးေရျပင္က လွိုင္းခြပ္ေလးေတြက လွလို႔ပါ"
"စိုင္း..ညာတယ္"
စိုင္းအယ္ကအနည္းငယ္ၿပံဳးလိုက္သည့္အခါ စိုင္း၏ ေပ်ာ့အိလွသည့္ ဆံႏြယ္တို႔ကို အဂၢဖြမိသည္။
အခ်င္းဤလူသားေလးသည္ အ႐ုပ္ေလးတစ္႐ုပ္လို သိပ္ခ်စ္ဖို႔ေကာင္းလွသည္။
အို.....🎶
မင္းမ်က္ႏွာေလးပဲ
ကိုယ္ေနတိုင္းအၿမဲဘဲေငးၾကည့္မိခဲ့
ရင္ထဲကမင္းကိုခ်စ္တဲ့စကားေတြလဲ🎶
ကိုယ္ဘာေၾကာင့္ေျပာဖို႔သိပ္ေတြေဝေနတာလဲ🎶
သက္ျပင္းေလးမင္းေရွ႕နားမွာရွိုက္ေနဆဲ
ဒါကိုလဲ သိနိုင္လိမ့္မည္ ကိုယ္မထင္ဘူး🎶🎵
သီခ်င္းေလးကို ခပ္ခပ္ေအးျဖင့္ သီဆိုေနေသာ ေမာင့္၏ေစာင္းခ်ိတ္မႈ႕ကို ေဘးနားမွ အႏွီလူသားေလး စိုင္းအယ္
သိလိမ့္မည္ဟု ေမာင္မထင္ပါ။
စိုင္အယ္ ၏ လက္ေရး ဝိုင္းဝိုင္းေလးေတြကို ထပ္ခါထပ္ခါ ဖတ္ရင္း
"သူ...လြန္းကို လက္မလြတ္နိုင္ေတာ့ဘူး!"
ခ်စ္လွစြာေသာ လြန္း၏ မွတ္စုေလးသည္ အကို႔ ကိုဘာဆက္လုပ္ရမလဲဆိုတာ လမ္းျပခဲ့သည္။ထို႔ေၾကာင့္ မႏၲေလးၿမိဳ႕သို႔ ညတြင္းခ်င္း ဆိုင္ကယ္ျဖင့္သြားကာ ရထားဘူတာ႐ုံတြင္ ေစာင့္ေနခဲ့သည္။သို႔ေသာ္ေရာက္သည့္အခ်ိန္က မနက္3နာရီပင္ရွိခဲ့ၿပီ။
႐ူးမိုက္သည့္အလုပ္ဟု ေျပာခ်င္ေျပာၾကပါေစ။ခ်စ္လွစြာေသာ လြန္းကို ျငင္းပယ္ခဲ့သည္။ထို႔ေၾကာင့္ အခ်ိန္မလြန္ခင္ေလး ရ
သမွ်အခြင့္အေရးေလးကို ဆုပ္ကိုင္ရင္း အကို ဘူတာ႐ုံေလးတြင္ ခ်စ္ရသူကိုေမွ်ာ္၍ကာေစာင့္ေမွ်ာ္ေတာ့မည္။
ဝင္လာသည့္လူမ်ားသည္ ဘယ္ေလာက္ပင္ မ်ားေနပါေစ
အကိုလြန္းကိုေတြ႕ေအာင္ရွာမည္။
လြန္းကို ေျပာခ်င္ေပမဲ့ မေျပာျဖစ္ဘဲ မ်ိဳသိပ္ခဲ့ရတဲ့စကားလုံးေတြ လြန္းသိေအာင္အကိုေျပာျပေတာ့မည္။
ၿပီးေတာ့ လြန္းကို ဘယ္ေလာက္ထိ ခ်စ္ေၾကာင္းကိုေရာေပါ့။
*မႏၲေလးပုဂံရထားထြက္ၿပီတဲ့
အသံေတြလာရာေနာက္ကိုအကိုလိုက္ရင္း လြန္းကိုရွာမိသည္။
*ေတြ႕ၿပီ။ အကို႔ရဲ႕အခ်စ္ေၾကာင့္ထင္ပါရဲ႕။
လြန္းရထားထဲမဝင္ခင္
အကိုမင္းလက္ကိုရေအာင္ ဆြဲမယ္။
လြန္းအကိုကိုမျမင္ရလဲကိစၥမရွိဘူး။အကို လြန္းဆီ ရေအာင္လာခဲ့မယ္။
"လြန္း....."
စိုင္းအယ္ကအဂၢ ဘက္လွည့္ရင္း
"ေမာင္..ငါ့နာမည္ကို အကိုေခၚေနတယ္လို႔ ခံစားရတယ္။"
"စိုင္း..စိတ္ထင္ေနတာျဖစ္မွာပါ"
တစ္ကယ္ေတာ့ အဲ့ဒီလိုမဟုတ္မွန္း အဂၢသိ၏
သို႔ေသာ္ မျမင္ခ်င္ေယာင္ေဆာင္ကာ
"စိုင္း ရထားထြက္ေတာ့မွာတဲ့"
*ေတာင္းပန္ပါတယ္ စိုင္း။ေမာင္တစ္ခါေလာက္အတၱႀကီးပါရေစ။
သက္ပိုင္က လူအုပ္ၾကားထဲမွာ ညွပ္ေန၍ ခရီးသည္ ထင္သေလာက္မတြင္။
ေနာက္ဆုံးတြင္ လြန္းႏွင့္လြဲခဲ့ရျပန္၏။
လြဲမွားျခင္းမ်ားေနာက္ဆုံးတြင္ ဆုံစည္းျခင္းရွိသည္ဟု အကိုယုံၾကည္မိသည္။ထို႔ေၾကာင့္
အကို မင္းရွိရာအရပ္ လာခဲ့မယ္။
ေရေျမအဆုံး လြန္းကိုေတြ႕ေအာင္ရွာၿပီး
လြန္းကို အကိုသိပ္ခ်စ္တဲ့အေၾကာင္း ကဗ်ာသီ ျပအုံးမည္။
ရႈပ္ေထြးေနသည့္စိတ္မ်ားသည္ ၾကည္လင္ကာ လြန္းရွိရာအရပ္ အကိုလာဖို႔ျပင္ဆင္စရာရွိစရာ ျပင္ဆင္ရေတာ့မည္။
ေသခ်ာသည္ကေတာ့ မိလွ်င္ တစ္သက္လုံးထြက္သြားခြင့္ျပဳမွာ မဟုတ္ေတာ့ပါ။
****
ေပ်ာ္ခ်င္တိုင္းလဲမေပ်ာ္ရပါ✨🎶
ခ်စ္မိသူတိုင္းလဲခ်စ္ျခင္းမခံခဲ့ရပါ
မသိေသးတဲ့ဒီေလာကရဲ႕အထာ
အခ်စ္ဆိုတာလ်ိဳ႕ဝွက္ခ်က္တစ္ခုပါ
ေနသာခိုက္မွာျမင္လို႔ေလ🎵
ေတြ႕တဲ့အခါတိုင္းလဲ မိုးမအုံပါဘူးမေျပာသာ
ခန႔္မွန္းလို႔မရေကာင္းတဲ့အျခင္းအရာ✨🎶
အခ်စ္ဆိုတာ လ်ိဳ႕ဝွက္ခ်က္တစ္ခုပါ
အၿပဳံးနဲ႕ယွဥ္တြဲႏြဲခဲ့ဖူးတာလဲအခါ
ေနာက္ဆုံးေတာ့ အငိုသာက်န္ၿမဲပါ🎵
ကိုယ့္အတြက္ဆိုတာေတာ့ အခ်စ္စစ္ဆိုတာေလ🎵
ထာဝစဥ္ေပးဆပ္ရျခင္းသာ
ယုံၾကည္လြန္းတဲ့ဒီအခ်စ္မွာ🎶
ဘဝတစ္ခုကိုရင္းၿပီးမီးနဲ႕ေရနဲ႕ကစားလာ
အနိုင္အရႈံးေတာ့ ကိုယ္လဲမသိေသးပါ🎶
အခ်စ္ဆိုတာလ်ိဳ႕ဝွက္ခ်က္တစ္ခုပါ🎵
ရထားျပတင္းေပါက္ေလးကို လက္ေထာက္ကာေငးေနေသာ စိုင္းသည္ အဂၢဘက္လွည့္၍
"ေမာင္ မင္းအသံေကာင္းတယ္"
"ဟုတ္လား စိုင္း"
"အြန္း သီခ်င္းဆိုတာ ခံစားခ်က္ပါတယ္"
လက္မေထာင္ျပကာ ရယ္ျပေနေသာစိုင္းသည္ ေမာင့္အတြက္ေတာ့ခ်စ္ဖို႔ေကာင္းလွသည္။
ခ်စ္လွ်င္ လွ ဟူေသာ စကားပုံသည္ ေမာင့္အတြက္ထားခဲ့ဟန္တူ၏။
"စိုင္းေတာင္ နည္းနည္းၿပဳံးေနၿပီပဲ။
ကဲ ေျပာပါအုံး
ေမာင္ကတိတည္တယ္မလား။
ငယ္ငယ္က စိုင္းကိုရထားနဲ႕ တင္ၿပီး ခရီးသြားမယ္ဆိုၿပီး ကတိေပးထားတယ္ေလ"
စိုင္းအယ္၏ မ်က္ဝန္းမ်ားကအေရာင္
လင္းလက္လာကာ
"ေမာင္ မင္းမွတ္မိတယ္ေပါ့"
"ေမာင္ ကစိုင္းနဲ႕ပတ္သက္တာ မွန္သမွ် အကုန္မွတ္မိတယ္။
စိုင္းမွတ္မိလား
ေမာင္တို႔ေလ စက္ဘီးေလးနဲ႕ ၿမိဳ႕က ဘုရားေတြကိုပတ္တာေလ
ျပန္တာေတာ့ ေမာင့္ေမေမက ရိုက္လို႔စိုင္းအိမ္မွာ အိပ္ခဲ့ရေသးတယ္"
"ခ္ခ္
ေမာင္ကအဲ့တုန္းက လူဆိုး
ေက်ာင္းမွာဆိုအၿမဲ ရန္ျဖစ္ေနက်"
"ေနာက္ၿပီး စိုင္းရဲ႕ စက္ဘီးေနာက္မွာအၿမဲလိုက္ေနက်ပါေနာ္"
စိုင္းအယ္က မ်က္လႊာေလးကိုခ်၍
ေလပူေလးတစ္ခ်က္မႈတ္ထုတ္လိုက္၏။
"ေမာင္ ဘာေၾကာင့္ရန္ျဖစ္တာလဲ ငါသိတယ္
ငါ့ကိုအနိုင့္က်င့္ၾကလို႔ ေမာင္က သြားရန္ျဖစ္တာမလား"
"ေမာင္က မင္းကိုအၿမဲကာကြယ္ေပးမွာပါ
အရင္ကေရာ အခုေရာ ေနာင္ေရာပါ စိုင္းကို ကာကြယ္ေပးမွာ"
*ဒါေၾကာင့္မို႔ ေမာင့္နား က ထြက္သြားဖို႔မႀကိဳးစားပါနဲ႕။
မိမိမွာ အိမ္ကိုမျပန္ျဖစ္သည္မွာ ရွစ္ႏွစ္ပင္ျပည့္ေတာ့မည္။ လူမေနသည္မွာ
ၾကာၿပီျဖစ္၍ အေတာ္ေလး
ရွင္းယူရ၏။
အိမ္အေနာက္ဘက္ရွိ စိုင္းႏွင့္ေမာင့္
အိမ္၏ နယ္နိမိတ္စည္းေလးမွာ ၿခဳံႏြယ္ျဖစ္သာ ျပည့္ေန၏။
မိမိ လာေနက်ျဖစ္ေသာ အေပါက္ေလးမွာလဲ ၿခဳံတို႔ျဖင့္ကြယ္ေနၿပီျဖစ္၍
မျမင္ရေတာ့ေပ။
ထို႔ေၾကာင့္ ေဘးနားရွိ တုတ္ျဖင့္ႏြယ္ပင္ေတြကိုလဲၿဖိဳ လိုက္သည္။
ထိုအခါမွသာ လ်ိဳ႕ဝွက္ေနရာေလးကိုေတြ႕ရသည္။ထိုေနရာကို ေက်ာ္လွ်င္ စိုင္း၏အခန္းကို လွမ္းျမင္ရသည္။
သို႔ေသာ္ စိတ္မေကာင္းသည္မွာ မိမိခႏၶာကိုယ္ျဖင့္ဝင္မရေတာ့။
ထို႔ေၾကာင့္ သက္ျပင္းေလးခ်ကာ
စိုင္းတို႔ အိမ္ဘက္ကိုၿခံတံခါးမွ ဝင္ရေတာ့မည္။
စိုင္းသည္ ဒန္းေလးေပၚတြင္ စာအုပ္ေလးကိုင္၍ ထိုင္ေန၏
ျမင္ရသူ ေမာင့္အဖို႔ေတာ့ ေအးခ်မ္းလွပါသည္။
သို႔ေသာ္
စိုင္း၏ပါးျပင္ထက္တြင္ မ်က္ရည္မ်ားက်ေနေသာေၾကာင့္
ေမာင့္ရင္ ကိုမီးျဖင့္ ပစ္သလို ခံစားသြားရတယ္။
ထို႔ေၾကာင့္ စိုင္းရွိရာဆီ အျမန္ေျပးသြားၿပီး
"စိုင္း ဘာျဖစ္လို႔လဲ"
"ေမာင္ အိမ္မွာ ဘယ္သူမွ မရွိေတာ့ဘူး။ ေမေမတို႔နိုင္ငံျခားသြားၾကၿပီ။
အဲ့တာ ငါ့ကို အိမ္က မိသားစုလို႔သေဘာမထားတာ မဟုတ္ဘူးလား။"
ေဒၚျမင့္သူ....
က်ဳပ္အတန္ တန္သတိေပးခဲ့ရဲ႕သားနဲ႕
စိုင္းကို မိသားစုဝင္လို ဆက္ဆံေပးပါ။
ဘယ္ေလာက္ပင္ မုန္းေနပါေစ ခ်စ္ဟန္ေဆာင္ေပးပါလို႔ စာခ်ဳပ္ ခ်ဳပ္ရဲ႕သားနဲ႕ကြာ။
ခဗ်ား စာခ်ဳပ္ကို ေဖာက္ဖ်က္ၿပီ ေနာ္။
ကိုပ္တို႔ သေဘာတူညီခ်က္ကို ေဖာက္ဖ်က္ဝံတယ္။က်ဳပ္ဆိုေတာ့ အဂၢျပည့္စုံေမာင္ကို မေၾကာက္ေလေလာ။
လြန္ခဲ့သည့္ ႏွစ္ ႏွစ္ေလာက္က စိုင္း၏ မာမီ ေဒၚျမင့္သူက အိမ္ကို မိမိတို႔အဘိုးထံေပါင္ႏွံခဲ့သည္။
သို႔ေသာ္ ဘိုးဘိုးသည္ မိမိကို လက္ေဆာင္အျဖစ္ေပးအပ္ခဲ့သည္။
တစ္ကယ္ေတာ့ စိုင္းမသိေသးသည့္ ေမာင္ႏွင့္ စိုင္းမာမီ ၾကားက စာခ်ဳပ္သည္ စိုင္းျပန္ေပးဆြဲခံရသည့္ ေန႕က ခ်ဳပ္ဆိုထားျခင္းပင္။
ဘာပဲျဖစ္ျဖစ္ စိုင္းကို မိမိ ေမတၱာျဖင့္ လႊမ္းၿခဳံ၍ ေႏြးေထြးေပးရအုံးမည္။
အျပစ္ကင္းစင္၍
ေၾကကြဲဖြယ္အတိတ္ကို ပိုင္ဆိုင္ထားေသာ ေမာင့္ခ်စ္သူအား ရင္ခြင္ထဲတြင္ထည့္၍ ေခ်ာျမဴရအုံးမည္။
ထိုသို႔ ႏူးညံျခင္းသည္ စိုင္းတစ္ေယာက္အတြက္သာ။
ထပ္မံ၍စိုင္း၏ ႏွဖူးအား အသားယူမိသည့္အတြက္
ေမာင္ေတာင္းပန္ပါရေစ စိုင္း။
..
အကို လား ေမာင္လား???
ေလ ဒီ ႀကိဳက္ရာ ေ႐ြးးးးးးးးးးး🤭