☕Part15☕

194 14 1
                                    

နေရောင်ကြည် သေးသေးမျှင်မျှင်လေးသည် အဂ္ဂ၏ မျက်နှာပေါ်သို့ကျရောက်လာလေသည်။
ထို့ကြောင့် ‌ဆေးသေတ္တာဘူးလေးကို
ယူပြီး မိမိဒဏ်ရာကို ဆေးထည့်လိုက်သည်။သွေးသည် အနည်းငယ်ပင်ခြောက်သွေ့နေပြီ။
ခြေထောက်မှ ဒဏ်ရာသည် နည်းနည်းမျှ မနာ။
ပတ်တီးလေးစည်းပြီး လိုက် ကာလေးကိုအနည်းငယ်ဖယ်ပြီး တစ်ဖက်အိမ်ကိုလှမ်းကြည့်လိုက်သည့်အခါ
မမြင်ချင်ဆုံး မြင်ကွင်းတစ်ခုက စည်းကြိုလျက်။

ခပ်ပြင်းပြင်းတောက်စ် တစ်ချက်။

"ရာရာစစ တတိုင်းမွှေးပင်အောက်မှာ သူတို့ထိုင်နေတယ်!"

ထို့နောက် အသိစိတ်ပြန်ကပ်ကာ
မှိုင်ထွေရင်း

"စိုင်းက သူ့အကို သိပ်ချစ်တာလေ။
ငါ့ကိုချစ်တာမှ မဟုတ်တာ!"
လက်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကာ အံကိုကြိတ်လိုက်တယ်။ထို့နောက် တစ်ဖန် တစ်ဖက်သို့မျက်နှာ။ ွှဲလိုပ်တယ်။

"ဖြေသိမ့်ခြင်းများစွာဖြင့် စောင့်ရသူရေ ဒီမောင် လက်လျောလိုက်တော့မယ်!!"

တစ်ဖက်အိမ်ရှိ ကောင်လေးသည် အထုပ်အပိုးတွေသယ်ကာ မိမိနှင့်ဝေးရာ အရပ်ကိုထွက်သွားတော့မည်။

စိာင်က သိပ်အကြင်နာ မမဲ့ပေဘူးလား?
ထွက်သွားခဲ့တာတောင် မောင့်ကို
နှုတ်မဆက်ခဲ့ပါ။

သက်ပြင်းလေးချကာ

နောက်လူရင်မှာ ပျော်နိုင်မှာပါ🎵
ငါနားမလာနဲ့တော့
ခုလိုပြောတာချစ်လို့မဟုတ်ဘူးနော်
ဒီလိုပဲ သိပ်ကြာခင် အဆင်ပြေမှာပါ
ငါနားလည်ပြီးသား🎼
မင်းနဲ့ကိုယ်နဲ့စည်းခြားနေပြီကွာ

သူငယ်ချင်းစည်းလေးခြားနေယုံပါ
စိုင်းသာမြင်တတ်မယ်ဆိုရင် မောင့်အချစ်တွေကို စိုင်းမြင်နိုင်မှာပါ။

"သွားပေတော့ စိုင်းရေ
ပျော်ရွင်ပါစေ
နောက်တစ်ခါ စိုင်းကိုလဲ မောင်မတွေ့ပါရစေနဲ့...
မတွေ့ပါရစေနဲ့...."

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now