စိုင်းအယ်က အတင်း အကို့ကို ဆွဲကာ
"အကိုသွားမယ်"
"ပိုက်ဆံရော"
"ရှင်းပြီးပြီ"
စိတ်အလိုမကျတိုင်း မျက်စောင်း ထိုးတတ်သောထိုကောင်လေးသည် တစ်ခါတစ်လေ ကျ နားမလည်နိုင်သော
အကြည့်ဖြင့် သက်ပိုင်ကို ကြည့်နေတတ်သည်။ မျက်လုံးချင်းဆုံမိလျှင်
ထိုကောင်လေးဘက်မှ အရင်အကြည့်လွှဲတတ်၏။"လွန်း အကိုက မုန့်ဝယ်မပေးလို့ စိတ်ဆိုးနေတာလားဟင်"
"မဟုတ်ပါဘူး
အဲ့ဒီအမ က အကို့ အကြောင်းတွေလာမေးနေလို့"သက်ပိုင်က ခပ်နောက်နောက်ဖြင့်
"ဟုတ်လား လွန်းရဲ့
အပျိုက လူပျိုအကြောင်းမေးတာပဲ ဘာဆန်းလဲလွန်းရဲ့"ထိုကောင်လေး၏ မျက်ရည်ဝဲနေသည့် မျက်ဝန်းကြောင့် သက်ပိုင် ထပ် စိတ်ရှုပ်ရသည်။
ထိုကောင်လေး မျက်ရည်ကျမှာ ကို သက်ပိုင်မလိုလားပါ။"ကျွန်တော်က အဲ့အမကို အကို့မှာမိန်းမရှိတယ်
ပြီးတော့ ကလေးသုံးယောက်ရှိတယ်လို့ပြောလိုက်တယ်"အကိုက သဘောကျစွာထရယ်လေသည်။
အကိုတော့သိမှာ မဟုတ်ဘူး
အကိုကသာစနောက်နေတာ။ကျွန်တော်မှာတော့ ကမ္ဘာတွေပျက်လို့။
သဝန်တိုတယ်။
သိပ်ကိုသဝန်တိုမိတာအကို။
ထို့ကြောင့်စားလက်စ ခေါက်ဆွဲလေးကို ချကာ ဆေးသောက်လိုက်ပြီး ကုတင်ပေါ်တွင်ခြေပစ်လက်ပစ်ဆန့်လိုက်သည်။"လွန်းအိပ်တော့မလို့လား
ညအိပ်ရင်
သွားတိုက်ရတယ်လေ
မဆိုးနဲ့ကွာ!"စိုင်းအယ် က စောင်ပုံ ထဲ မှ မထွက်ဘဲ
"မသိဘူး ဟိုအမကိုပဲ သွားတိုက်ခိုင်းလိုက်"
"ဟော.. သွားတိုက်တံဝယ်လာပြီးတော့...."
"မသိဘူး"
ကလေးလို နွှဲ့ဆိုး ဆိုးသော စိုင်းအယ်လေးသည် သူ့၏ညီလေးနှင့်သိပ်တူလွန်းလှသည်။
အမူအယာလေး ကအစ သက်ပိုင်ကို တွယ်တာသည့်အဆုံး0၏
အားလုံးသည် တစ်ပုံစံတည်း။စိုင်းအယ်လေးကို သူချစ်သော သူ့ညီအစားပြန်ရသည်ဟုပင် သက်ပိုင်ယုံကြည်မိလာသည်။
YOU ARE READING
အလွမ်းကဖေး(Miss cafe)U&Z Completeed
Fantasy10.6.2022 ဒီficမှာသာသာက နူးညံတဲ့ချစ်ခြင်းအကြောင်းလေးရေးထားတာပေါ့နော်။ စိုင်းအယ်လွန်း က ချူချာတဲ့ လူတစ်ယောက်ပါ။ သူ့ကျန်းမာရေးကြောင့် ဖုန်ထူတဲ့ပုဂံမြို့ကနေထွက်ပြီး အေးချမ်းလှတဲ့ အဒေါ်ရှိရာ ပြင်ဉီးလွင်မြို့လေးကိုပြောင်းလာခဲ့ပါတယ်။ အဒေါ်ရဲ့အိမ်ရှေ့မှာ က...