"အကိုက အလုပ်လဲမလုပ်ဘူး။အနာဂတ်ကျ ကျွန်တော်တို့ဘာနဲ့ထမင်းစားကြမလဲ"
ထုံးစံအတိုင်း အေးစက်စက်အကြည့်တွေနှင့်မေးသည့်အခါ အကိုက ပြုံးရင်း
"အကို အိမ်ငှားခရတယ်လေ။
ကော်ဖီဆိုင်နဲ့ကပ်လျက် နှစ်အိမ်က အကိုသူများကိုငှားထားတာ။.."အကိုက စိုင်းအယ်၏ နှာခေါင်းထိပ်ဝလေးကို
ကျီစားရင်း"ဘာလဲ အကိုက အငတ်ထားမှာစိုးနေတာလား!"
စိုင်းအယ်က ပြုံးလိုက်တယ်။
"ကျွန်တော့်ဘဝမှာလေ...
အကိုနဲ့စားဖို့ထမင်း ရှိရင်တော်ပါပြီ""..."
"ကျွန်တော်တို့လက်ထပ်ပြီးရင်
အကို့ကော်ဖီဆိုင်လေးရှေ့မှာ
morning flowerရောင်စုံလေးတွေချိတ်ချင်တယ်။
နောက်ပြီး ကလေးလေး
မိန်ကလေးတစ်ယောက်လောက် မွေးစားမယ်။ပြီးတော့ ...
ဘုရားကိုတူတူသွားမယ်။နေ့တိုင်းမညည်းမညူ အကို့ ကိုချစ်တဲ့အကြောင်းတွေကို အကို အမြင်ကပ်တဲ့အထိ တစ်ဖွဖွပြောပစ်မယ်။"ကလေးဆန်စွာ စိတ်ကူးယဉ်တတ်သောစိုင်းအယ်လေးကို မြတ်နိုးဖွယ် ငေးမောရင်း
"လွန်းက သိပ်စိတ်ကူးယဉ်ဆန်တတ်တာပဲ..."
"ဘာလဲ အကို မကြိုက်ဘူးလားဟင်..."
"လွန်းဖြစ်နေတာမို့...အကိုကလေ
လွန်းနဲ့ ဆိုင်တဲ့အသေးအဖွဲလေးက စ သိပ်ကို မြတ်နိုးတာ!
လွန်းအိပ်ယာထတိုင်းအကိုကလွန်းကြိုက်တဲ့ချောကလက်ပူပူလေးနဲ့ ကိတ်မုန့်လေးကျွေးမယ်။ညအိပ်ယာဝင်ရင် အကို့ရင်ခွင်ထဲထည့်ထားမယ်။ပြီးတော့
လွန်း ကိုပဲတစ်ယောက်တည်းကိုပဲ ချစ်တယ်လို့တစ်ဖွဖွပြောမယ်"အနာဂတ် စီမှန်ချက်လေးမှာ စိတ်ကူးကိုယ်စီဖြင့်လွင့်မြောရင်း
အနာဂတ် စီရင်ချက်ကို မေ့မြောနေကြသော
အချစ်ငှက် လူသားလေးနှစ်ဦး။"အကိုမှာ မိသားစုရှိသေးလား"
"လွန်းရှိတယ်လေ"
စိုင်းအယ်က ခေါင်းလေးရမ်းရင်း
"မဟုတ်ဘူး။သွေးသားအရင်းလေ"
YOU ARE READING
အလွမ်းကဖေး(Miss cafe)U&Z Completeed
Fantasy10.6.2022 ဒီficမှာသာသာက နူးညံတဲ့ချစ်ခြင်းအကြောင်းလေးရေးထားတာပေါ့နော်။ စိုင်းအယ်လွန်း က ချူချာတဲ့ လူတစ်ယောက်ပါ။ သူ့ကျန်းမာရေးကြောင့် ဖုန်ထူတဲ့ပုဂံမြို့ကနေထွက်ပြီး အေးချမ်းလှတဲ့ အဒေါ်ရှိရာ ပြင်ဉီးလွင်မြို့လေးကိုပြောင်းလာခဲ့ပါတယ်။ အဒေါ်ရဲ့အိမ်ရှေ့မှာ က...