"အကို ရတီ အဲ့နေက ဖြစ်ပျက်သမျှကိုတောင်းပန်ပါတယ်။""မတောင်းပန်ပါနဲ့။တောင်းပန်လို့လဲ ညီလေးကအသက်ပြန်ရှင်လာမှ မဟုတ်တာ။
အကိုတို့ကအမွှာတွေ၊အကြိုက်ချင်းလဲတူတယ်။ချစ်ခဲ့တဲ့မိန်းခလေးကလဲ တစ်ယောက်တည်း။
အဲ့ဒါကို မင်းက နှစ်ယောက်ထဲကတစ်ယောက်ကိုလက်မလွှတ်ပဲတွဲခဲ့တာ""ညီမအမှားတွေပါ။"
"အဲ့ဒါကိုမသိတဲ့ ငါတို့ညီအကိုက မင်းကို လက်ထပ်ဖို့ထိရည်မှန်းခဲ့တာ။
မေမေ သဘောမတူတဲ့ကြားက ပြေးတွေ့ခဲ့ရတာ။
ညီလေးဆုံးမဲ့နေက မင်းက
ငါတို့နှစ်ယောက်လုံးနဲ့ ထိပ်တိုက်တွေခဲ့ပြီး ငါ့ညီကိုယ်ဝန်လွယ်ထားရတယ်လို့ပြောတယ်။ငါ နောက်ဆုတ်ပေးခဲ့တာ။ဒါပေမဲ့ မင်းက ငါ့ညီကို သူ့အမေဆီအဲ့ဒီအကြောင်းပြောပြဖို့ဇွတ်သွားခိုင်းခဲ့တယ်။
ငါ့ညီကို့ ငါ့မျက်စိရှေ့မှာတင် ကားတိုက်သွားခဲ့တာ။ကယ်ဖို့ကြိုးစားပေမဲ့ ငါ့ပါထိပြီးနှစ်နှစ်လောက် ကိုမာဝင်ခဲ့တယ်။
မင်းကတော့ လူ့စည်းစိမ်နဲ့ယစ်မူးနေခဲ့တာ။ငါကွာ...တောက်စ်! မင်းမျက်နှာ မကြည်ချင်တော့ဘူး!
မလာပါနဲ့တော့"**
"လွန်း ဘာတွေ မျက်နှာညှိုးနေတာလဲ။""ကျွန်တော်အကို့ ကိုမုန်းတယ်။အကိုနဲ့အမရတီစကားပြောနေတာတွေ့ခဲ့တယ်။ပြီးတော့ဖက်နေကြတာ"
"လွန်းတစ်ခုခု အထင်မှားနေပြီထင်တယ်"
"အမရတီနဲ့လက်ထပ်လိုက်။
အကို့အတွက် ကလေးမွေးမပေးနိုင်တဲ့အတွက် အကိုကျွန်တော့်ကိုအထင်သေးနေတာလား။ရတယ် ။ကျွန်တော် အကို့ဘဝထဲကထွက်သွားပေးမယ်။"တစ်ဖက်သို့လှည့်ထွက်သွားသော လူ၏့။ လက်ကို အကိုက တင်းကြပ်စွာ ဆုတ်ကိုင်မိသည်။
"တစ်ခါမှ အဲ့ဒီလို အထင်မသေးဘူးပါဘူးလွန်းရယ်
လွန်း
အကိုတောင်းပါတယ်။လွန်းထင်နေသလိုမဟုတ်ရပါဘူး။
အကို့ကိုထားမသွားပါနဲ့"သက်ပိုင်က စိုင်းအယ်၏လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထား၏။
စိုင်းအယ်က လက်ကိုဆွဲဖြုတ်ကာခပ်ပြင်းပြင်းပါးကိုရိုက်ချလိုက်လေသည်။
YOU ARE READING
အလွမ်းကဖေး(Miss cafe)U&Z Completeed
Fantasy10.6.2022 ဒီficမှာသာသာက နူးညံတဲ့ချစ်ခြင်းအကြောင်းလေးရေးထားတာပေါ့နော်။ စိုင်းအယ်လွန်း က ချူချာတဲ့ လူတစ်ယောက်ပါ။ သူ့ကျန်းမာရေးကြောင့် ဖုန်ထူတဲ့ပုဂံမြို့ကနေထွက်ပြီး အေးချမ်းလှတဲ့ အဒေါ်ရှိရာ ပြင်ဉီးလွင်မြို့လေးကိုပြောင်းလာခဲ့ပါတယ်။ အဒေါ်ရဲ့အိမ်ရှေ့မှာ က...