"ကြီးကြီးဆွေ သားရောက်ပြီ"
"လာလာ သား ကြီးကြီး အခန်းလိုက်ပြပေးမယ်။"
ကြီးကြီးသည် ကျွန်တော်ကို အပေါ်ထပ်ရှိအခန်းလေးကိုပေးသည်။
အခန်းသည်သိပ်တော့ မကျယ်လှပါ။
သို့သော် အခန်းပြတင်းပေါက်နေ လမ်းတစ်ဖက်ရှိ ကော်ဖီဆိုင်လေးကိုမြင်ရသည်။"ကြီးကြီးရဲ့သားလေးက ချောလိုက်တာ။
သားကြီးလာတော့ ငယ်ငယ်ကရုပ်နဲ့မတူတော့ဘူး။
ကြီးကြီးဖြင့်သားကို မှတ်တောင် မ မှတ်မိဘူး။
အခန်းကို ဖုန်တွေမရှိအောင်ကြီးဆွေ သေချာဖုန်သုတ်ပေးထားတယ်။
အထုပ်တွေကို ခနဒီအတိုင်းထားပြီး
ရေအရင်ချိုးလိုက်
ကြီးကြီး ထမင်းခူးထားလိုက်မယ်နော် သားလေး""ဟုကဲ့ကြီးဆွေ။"
စိုင်းအယ်က အထုတ်ကို ချရင်းရေချိုးခန်းကို
တစ်ချက်ကြည့်လိုက်သည်။ရေချိုးခန်းသည် လဲ သန့်ရှင်းနေ၏။
စိုင်းအယ်ကရေနွေးစက် ကို ဖွင့်ရင်း
မိမိကိုယ့် ကိုမှန်ထဲဲတွင် မြင်လိုက်ရသည်။မျက်နှာသည်သွေးတစ်စက်မှမရှိသည့်သယောင်ဖြူဖတ်ဖြူလျော်ဖြစ်နေ၏။
သို့သော်မျက်ခုံးမွှေး ထူထူနက်နက်များက အားကောင်းနေသည်။
မှေးလှသော မျက်ဝန်းတွင်လဲ မျက်တောင်ရှည်ရှည်စင်းစင်းလေးများက
နေရာယူလို့သာ။
သို့သော် နှုတ်ခမ်းသည် ပန်းရောင်သန်းခြင်းမရှိ ပြာနှမ်းနှမ်းဖြစ်နေသည်။
ကျန်းမာရေး မကောင်းလှသောကြောင့်
မိမိ၏မျက်နှာသည် ထိုနှုတ်ခမ်းအရောင်ကြောင့် ပို၍ လူမ မာရုပ်ပေါက်လေသလား
ထင်ရသည်။
ထို့ကြောင့် မှန်ကိုဆက်မကြည့်ချင်တော့။
သက်ပြင်းတစ်ချက် ချ၍ ရေချိုးဇလုံးထဲ သို့ ရေချိုးရန်ဝင်လေသည်။နာရီဝက်လောက်ကြာသော်..
"ကြီးကြီးသားရေချိုးပြီးပြီ။"
စိုင်းအယ်က ခြောက်နေ
ပြီ ဖြစ်သည့် ဆံပင်တို့ကို
ကိုင်ရင်း မီးဖိုချောင်ဘက်သို့ထွက်ခဲ့တော့သည်။"လာ လာ သားထမင်းစားတော့"
စိုင်းအယ်အား ထမင်းခူးပေးပြီး
အလုပ်ရှုပ်နေသော ကြီးဆွေအား
STAI LEGGENDO
အလွမ်းကဖေး(Miss cafe)U&Z Completeed
Fantasy10.6.2022 ဒီficမှာသာသာက နူးညံတဲ့ချစ်ခြင်းအကြောင်းလေးရေးထားတာပေါ့နော်။ စိုင်းအယ်လွန်း က ချူချာတဲ့ လူတစ်ယောက်ပါ။ သူ့ကျန်းမာရေးကြောင့် ဖုန်ထူတဲ့ပုဂံမြို့ကနေထွက်ပြီး အေးချမ်းလှတဲ့ အဒေါ်ရှိရာ ပြင်ဉီးလွင်မြို့လေးကိုပြောင်းလာခဲ့ပါတယ်။ အဒေါ်ရဲ့အိမ်ရှေ့မှာ က...