☕Part13☕

202 7 2
                                    

စိုင်းအယ် ထွက်သွားသည် ကို သံစဥ်ကမြင်တော့ အပေါ်ထပ်ကို ပြေးတက်သွားကာ ခွင့်ပြုချက်မရှိသည့်အကို့အခန်းလေးထဲသို့ ဝင်ရင်း

"အကို က တုံးလွန်းတဲ့ငတုံး"

ထို့နောက်သံစဥ် စကားဆက်မပြောနိုင်တော့ပါ။ငြိမ်၍သာ သွား၏။

ပြတင်းပေါက်လေးရှိ ထိုင်ခုံလေးအပေါ်တွင် ထိုင်၍ အပြင်ကို ငေးနေသောအကို။ မျက်ဝန်းများသည် ရွာတော့မည့်မိုးအလား လမ်းမလေးကိုမျှော်၍သာ ကြည့်နေသည်။ရှုပ်ပွနေသော ဆံကေသာများသည် လွန်စွာအကျည်းတန်လှ၏။ရက်ပေါင်းများစွာ မအိပ်ထားသည့်အလား မျက်ကွင်းများသည် ညို၍ သာ ရှိလေသည်။
မိမိပြောနေသံကိုလဲ အကိုကြားမည်မထင်ပါ။သူ့အတွေးများသည် လမ်းမထက်တွင်သာ။
ထို့ကြောင့်
အခန်းတံခါးလေးကိုညင်သာစွာပိတ်ခဲ့ပြီး နောက်သာပြန်လှည့်ခဲ့တော့သည်။
အကိုသည် သတ္တိကြောင်လွန်းလှပေသည်။
မိမိသည် လည်းဘာမှ မတက်နိုင်ပြီ။

                               *****

စိုင်းအယ်၏မျက်ဝန်းများ ထက်တွင် မျက်ရည်စတို့သည် စီးကျနေသည်။
အတွေးများသည် နောက်တွင်
ကျန်ရစ်ခဲ့သည့် မြို့လေးတွင်သာ။

"စိုင်း..ဘာလို့ထပ်ငိုနေတာလဲ"

အဂ္ဂသည်လည်းပျော်ရမည်လား၊ဝမ်းနည်းရမည်လားမတွေးတက်တော့ပါ။

"မောင်... ငါ နာကျင်တယ်"

"သက်သာသွားမှာပါစိုင်းရယ်
စိုင်း..မောင် ပုဂံကိုပြောင်းနေတော့မှာ"

ချစ်ရသူ၏ဘက်မှ ဘာတုံ့ပြန်ချက်မှ မရှိ။
​ကားမှန်မှ ဖြတ်၍ အဝေးကိုသာ လှမ်းငေးနေတော့သည်။

**
"စိုင်းကိုမောင် ပုဂံကို ရထားနဲ့လိုက်ပို့ပေးမယ်လို့ကတိပေးထားတယ်နော်"

"မောင်း မင်း ငယ်ငယ်က ကတိတွေ မှတ်မိနေတာပဲ"

"မန္တလေး-ပုဂံမီးရထား လက်မှတ်ကဝယ်ပြီးပြီးနော်"

"မောင်..မင်းငါကို့အကို့အိမ်မှာ
အဲ့တာ ပြောဖူးတယ်လေ
..."

အဂ္ဂမှားသွား​ေလပြီ။ သူ့အကိုအားမေ့ရန်စကားကို ရှောက်ပြောနေ​​ပေးခဲ့
သော်လည်း အကိုဟူသော စကားလုံးပါသွားခဲ့ပြီ။
အကောင်းဆုံးသည် ဘာစကားမှ မပြောပဲနေတော့မည်။
ပြင်ဦးလွင်-မန္တလေးလမ်းမကြီးသည် တိတ်ဆိတ်လှပေသည်။
မဟုတ်ဘူးကြင်နာသူ ဘက်က ပို၍တိတ်ဆိတ်လှ၏။

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now