☕Part3☕

398 23 4
                                    

မြင်နိုင်သော တွယ်တာမှု့ နှောင်ကြိုးလေး

ထုံးစံအတိုင်း ညရောက်လျှင် ခြေလက်သန့်စင်ပြီး တစ်နေ့တာ အကြောင်းကိုရေးရန်မှတ်စုလေးပါထုတ်လိုက်သည်။
ထိုအချိန်တွင်စားပွဲရှေ့ရှိ စာရွက်လေးကို စိုင်းအယ်မြင်သွား၏။

"ဒီနေ့ဆေးမသောက်ရသေးဘူးပဲ
ဒီနေ့အတွက်ဘောင်လေးထဲမှာ အမှတ်မခြစ်ရသေးဘူး"

အဲ့ဒီစာရွက်လေးသည် စိုင်းအယ်အတွက် သိပ်ကိုအရေးပါလှသည်။
ထိုစာရွက်လေးသည် နေ့တိုင်း ဆေးသောက်ပြီးလားမသောက်ပြီးလားကို မှတ်သားထားသော စာရွက်တိုလေးသာဖြစ်၏။

စိုင်းအယ်ဆေးသောက်ပြီး၍ ထိုစာရွက်ထောင့်စွန်းနားရှိ ဘောင်တွင် အမှတ်ခြစ်လိုက်လေသည်။
မှတ်စုလေးတွင် အကိုနဲ့ တွေ့ဆုံခဲ့ရသည့် အကြောင်းတွေကို ချရေးပစ်လ်ိုက်သည်။
အကုန်လုံးသည်လည်း အစီအစဥ်တစ်ကျ ထွက်ပေါ်ခဲ့၏။
သေချာစဥ်းမိတော့မှ ကင်မရာ ယူသွားခဲ့သော်လည်း ဓာတ်ပုံတစ်ပုံမျှပင်
မရိုက်ခဲ့လိုက်ရ။
ည သည် ညတာရှည်တော့မည်သာဖြစ်သည်။
ည တွင် အိပ်မပျော်ရအောင် အကို့၏ မျက်ဝန်းများသည် အတွေးကမ္ဘာထဲတွင် ဆွဲဆောင်ထားခြင်းကြောင့်သာ။

.................................................................

မနက်၆နာရီတွင်စိုင်းအယ် ပုံမှန်အတိုင်းအိပ်ယာ ထသည်။
မနေ့ ည ကအိပ်မပျော်သည်က တစ်ပိုင်း ၊ ကိုယ် ထရ မည့် အချိန်က
တစ်ပိုင်း မတူညီပေ။
ထို့ကြောင့် ညက အိပ်မပျော်ခဲ့သော်လည်း ပုံမှန်အတိုင်း အိပ်ယာ ထခဲ့ခြင်းသာ။ ပြတင်းပေါက်က လိုက်ကာလေး ကို ဆွဲဖွင့်လိုက်သည့်အခါ
အပြင်တွင်တွင် မိုးရွာနေသည်။

ထိုမိုးများနှင့်အတူ အကို့ ကို လဲ​မြင်ရ
သည်။
ကော်ဖီဆိုင်လေး၏ ရှေ့ မိုးရေထဲတွင် အကိုတစ်ယောက်ထဲထိုင်နေသည်။
တစ်ကိုယ်လုံးလဲ ရွဲရွဲစိုနေ၍
ခိုက်ခိုက်တုန်နေသည်။

အို....အဲ့ဒီလို ဖြစ်နေသည့်အကို့ကိုစိုင်းအယ်မကြည့်ရက်တော့ပါ။
ချက်ချင်းပင် ထ၍ ထီးကိုယူပြီး အကိုဆီ သွားတော့မည်။

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now