☕Part11☕

203 13 1
                                    

လွန်းကယောကျာ်းလေး လေ...
အကိုက ဘယ်မျက်နှာမျိုးနဲ့ လွန်းကိုချစ်နိုင်မှာလဲ။
မဖြစ်ဘူး ငါစိတ်ကိုပြင်ရမည်။
လောကနိယာမ ကို လွန်ဆန်ဖို့ မသင့်တော်ပေဘူး။

ဆိုင်ကယ် မောင်းရင်း စိတ်တွေက လွန်းဆီမှာပင် ရစ်သီလို့။

အဂ္ဂ ကမူ ခန္ဓာကိုယ် ခပ်ဖျော့ဖျော့လေးကို
ချီထားရင်း သူ့၏ ပေါင်ပေါ်တွင် ထိန်းထား၏။

*နွေးလိုက်တာ။
စိုင်းကို မောင့်ရင်ခွင်ထဲ ထည့်ရတာ
မောင်ဖြင့် အိမ်မက်မက်နေပြီလား ထင်ရတယ်။
အိမ်မက်ဖြစ်နေရင်တောင် မနိုးပါရစေနဲ့။
မောင်...
စိုင်း..ကို.. သိပ်ချစ်တယ်မောင့်ရင်ဘက်တစ်ခုလုံးဖြင့်ရင်းပြီး။*

ဈေးနှင့်ကော်ဖီ ဆိုင်သည်
နာရီဝက်လောက်မောင်းရသည်။

ကော်ဖီဆိုင်ရှေ့တွင် စိုင်းက သော့ဖွင့်သည်။အကိုက ဆိုင်ကယ်ကို တွန်း၍ ထိန်းထား၏။အဂ္ဂ ကမူ အကို့ ၏ ဆိုင်ကိုကြည့်ရင်း

"မဆိုးဘူး ဆိုင်က"

အကို၏ အသံ ခပ်ပြတ်ပြတ်။

"အဂ္ဂ မင်းဟင်းချက်တက်လား"

"ကျုပ် ဟင်းမချက်တက်ဘူး"

အကိုက သက်ပြင်းချရင်း

"အဲ့တာဆို ကန်စွန်းရွက် သင်"

"မသင်တက်ဘူး"

အဂ္ဂ က ရွှေဇွန်းကိုက်၍ မွေးဖွား လာသူမို့
ဘာမှ မလုပ်တတ်သည်ကို စိုင်းအယ်သိ၏။ထို့ကြောင့်

"အကို ကျွန်တော်ပဲ မောင့်အစားသင်ပေးလိုက်ပါမယ်"

အဂ္ဂက သူ့ဘောင်းဘီ အိပ်ကပ်ထဲမှ တစ်ခုခုထုတ်၍ စိုင်းအယ်ကိုပေးလေသည်။ထိပ်တွင် မီးရထားပုံစံသေးသေးလေးဖြင့်
လက်ပတ်လေး။

"စိုင်း မင်း ငယ်ငယ်
က မီးရထားလိုချင်တယ် လို့ပြောဖူးတယ်မလား"

"မှတ်မိတယ်ပေါ့ မောင်"

"အွန်း.. မောင်မှတ်မိတာပေါ့
လမ်းမှာ စိုင်းကို တွေ့ခဲ့ရင် ပေးရအောင်လို့ ဘယ်သွားသွား မောင့်အိပ်ကပ်ထဲထည့်ထားတာ"

"မောင်က စိုင်းကို သိပ်ဂရုစိုက်တာပဲ"

"စိုင်း နောက်တစ်ပတ်ကျ မန္တလေးကို သွားရမှာ.."

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now