တစ်ခါတစ်လေ အချစ်က
သိပ်ရက်စက်တာပဲ။ကိုယ်ရူးခါနေလောက်အောင်ချစ်တဲ့လူက
ကိုယ်မဟုတ်တဲ့တစ်စုံတစ်ဦးကို သူ့အသက်ထက်မြတ်နိုးရပါတယ်တဲ့။စိုင်းချစ်လှပါတဲ့အကို့အပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာ၏ တစ်ဝက်ကိုသာ
မောင်ရမည်ဆိုလျှင်
ဒီမောင်ဟာ
ကမ္ဘာမှာ အပျော်ဆုံး
လူသားတစ်ယောက်ပါစိုင်း။စိုင်းအယ်၏ နာရေးပွဲလေးသည် လူမစည်လှ။တိုးတိုးတိတ်တိတ်ဖြင့်သာပြီးဆုံးခဲ့သည်။
အင်း...သွားလေသူမောင့်ချစ်ရသူ...
နောက်တစ်ကြိမ် ပြန်လာတဲ့အချိန်ထိ
စောင့်ရအုံးမယ်လေ။
စာရွက်အပိုင်းအစ လေး တစ်ခု က
စိတ်ဝိဉာဉ်ပျောက်ဆုံးသွားသည့် လူတစ်ယောက်ကို ရှင်သန်စေဖို့ လုံလောက်ပါတယ်။ခပ်ဝိုင်းဝိုင်း လက်ရေးပိုင်ရှင်လေးထားရှိခဲ့သည့် စာရွက်အပိုင်းအစလေး။
မောင်...သိပ်ကို အနစ်နာခံတတ်တဲ့မောင်!
မောင်ဟာလေ အမြဲ ငါ့ကို ပျော်ရွှင် အောင်ထားတယ်။
ငါလေ...နောက်ဘဝ သာ ရှိမယ် ဆိုရင်လေ
မောင်နဲ့ပဲ ထပ်တွေ့ချင်တယ်။
မောင်နဲ့ လက်ထပ်ခဲ့ရလို့ ငါ နောင်တမရပါဘူးမောင်။
ဒါပေမဲ့ ငါလေ...ငါ့ဘဝကိုသုံးသပ်မိတဲ့အချိန်မှာ ငါေမာင့်ကို ပြောပြချင်တဲ့ စကားစုလေး တစ်ခုပဲ ရှိတယ်။ဒါပေမဲ့လေ...ငါမောင့်ကို နှောင်ထားသလို ဖြစ်မလား။
ဒါကြောင့် ငါ မပြောပြခဲ့တော့ဘူးမောင်။စာ၏ အဆုံးသတ်တွင် စွန်းထင်ခဲ့သော မှင်ရည်စက်လေး ကျန်ရှိခဲ့သည်။
"စိုင်းဟာလေ သူ၏ အမြင်အာရုံ အမှောင် မကျခင် ရေးပေးထားခဲ့တာပဲ!
အချစ်က နာကျင်စေပေမဲ့ စိုင်း နောက်တစ်ခါ ပြန်လာချိန်ထိ မောင်...စောင့်မယ်။
မောင် ဘဝဆက်တိုင်းသစ္စာပြုတယ်။
မောင် မင်းနဲ့သူငယ်ချင်းမဖြစ်ချင်တော့ဘူး စိုင်း။
နောက်တစ်ကြိမ် ပြန်တွေ့ကြ ရင် သူငယ်ချင်း မလုပ်ပဲ နေကြရအောင်စိုင်း..."တစ်ဖြည်းဖြည်း တိတ်ဆိတ်ကာ တည်ငြိမ်သွားသော အဂ္ဂ သည်
သူ့ကို သူ ချစ်မြတ်နိုးခဲ့သော လူက ပြန်၍ မေတ္တာရှိခဲ့ကြောင်း သိနိုင်ခဲ့မည်မဟုတ်။
ESTÁS LEYENDO
အလွမ်းကဖေး(Miss cafe)U&Z Completeed
Fantasía10.6.2022 ဒီficမှာသာသာက နူးညံတဲ့ချစ်ခြင်းအကြောင်းလေးရေးထားတာပေါ့နော်။ စိုင်းအယ်လွန်း က ချူချာတဲ့ လူတစ်ယောက်ပါ။ သူ့ကျန်းမာရေးကြောင့် ဖုန်ထူတဲ့ပုဂံမြို့ကနေထွက်ပြီး အေးချမ်းလှတဲ့ အဒေါ်ရှိရာ ပြင်ဉီးလွင်မြို့လေးကိုပြောင်းလာခဲ့ပါတယ်။ အဒေါ်ရဲ့အိမ်ရှေ့မှာ က...