☕Part12☕

199 13 0
                                    

ကျွန်တော့်၏ အချစ်ဦးဇာတ်လမ်းလေးသည် အစက ချိုမြိန်ခဲ့သော်လည်းအဆုံးသတ်ကျ ခါးသက်မှု့ဖြင့်သာ။ရင်ဘက်တစ်ခုလုံးဖြင့်အရင်းတည်၍ချစ်ခဲ့ရသော်လည်းပြန်လည်ရရှိခဲ့ခြင်းက နာကျင်မှု့တစ်ခုသာ။

ထိုနာကျင်ခြင်းကအကို့ကြောင့်ဖြစ်တည်လာရ သည့်အတွက်ကျွန်တော် နောင်တမရပါ။

အချစ်အားလုံးကို အကို့ထံ၌ပုံအောခဲ့သည်။
သို့သော်အကိုသည် ထားရှိသည့်
ကျွန်တော့်၏ချစ်မေတ္တာအားငြင်းဆန်ခဲ့သည်။
ဒါကြောင့် နှလုံးသားလေးသည် ဗလာနတ္ထိအဖြစ်သာ ကျန်ခဲ့၏။

အချိန်က ကုစားတတ်တယ်တဲ့။
အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော့် နာကျင်မှု့သည် လျော့သွားခဲ့လျှင်လည်းကောင်းသား။

အချစ်ကြီးလျှင် အမုန်းကြီးတတ်တယ်တဲ့။

ကျွန်တော်အဲ့ဒါကိုလက်မခံနိုင်ဘူး။
အကို့အပေါ်ထားသည့်ကျွန်တော့်၏မေတ္တာသည်ကြီးမားခဲ့သော်လည်း အကို့ ကိုမြူမှုန်မျှပင် မမုန်းနိုင်ခဲ့။
အခုအချိန်တွင် ကျွန်တော့်တက်နိုင်သည်က အချစ်နှင့်ဝေးရာထွက်ပြေးခြင်း။
အကိုနဲ့ ဝေးသည့်နေရာကိုပြေးရင် နာကျင်မှု့သည်လဲလျော့ကျနိုင်သည်။

*ဟုတယ် အဝေးကိုငါပြေးရမယ်။ ထွက်ပြေးတာက ငါလုပ်နေကျ အရာတစ်ခုပဲ မခက်ခဲပါဘူး။
ငါထွက်သွားဖို့ အားပြည့်တဲ့ ထိငိုရမယ်။
မှောင်မိုက်သော အခန်းငယ်သည် သိပ်ကိုကြေကွဲစရာကောင်းလှ သည်။
နာရီပေါင်းများစွာ ငိုပြီးသော်
စိုင်းအယ်သည် အိမ်အောက်ထပ်သို့ ဆင်းခဲ့သည်။
ထိုအချိန်တွင်ကြီးဆွေသည် မီးဖိုချောင်ရှိ
ထိုင်ခုံပေါ်တွင်​ ထိုင်နေသည်။ ကြီးဆွေ၏ မျက်ဝန်းများသည် မျက်ရည်များဖြင့်သာ။

"ကြီးဆွေ ဘာဖြစ်တာလဲဟင်"

"ကြီးဆွေ လူလေးအတွက်စိတ်မကောင်းလို့ပါ။ အမြဲတမ်း နွေးထွေးမှု့ကို မခံစားရတဲ့ သားအတွက် ကြီးဆွေ သိပ်ရင်နာရတယ်။ မင်းအဖေမဆုံးခင်က
ကြီးဆွေ သားတို့အိမ်ကိုလာတော့ အပြုံးအရယ်များတဲ့ သားလေးကိုတွေ့ခဲ့တယ်။ ဒုတိယအကြိမ်ကြီးဆွေ အိမ်ကို သားလာ တော့ သားက အေးစက်နေတယ်။ အများနဲ့မတူဘူးလို့ ထင်ထားတဲ့ သက်ပိုင်က သားကို ကြင်နာ လိမ့်မယ်လို့ထင်ထားခဲ့တာ..ခုတော့.."

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now