☕Part5☕

253 23 2
                                    

ဆိုင်ကယ်နောက်လေး တွင် အကို့ခါးလေး ဖက်၍ လိုက်ရသည်မှာ သုခဘုံလေးလိုပင်။
မြင်နေကျ စိန်ပန်းနီ တို့မှာလဲ အကို့ကြောင့်ပိုလှနေသယောင်။

"လွန်း အကို က အပြင်မထွက်တာကြာပြီဆိုတော့ လမ်းတွေကို သိပ် မမှတ်မိဘူးနော်...
အခု ကနှီးဘုရားကိုအရင်လိုက်ပို့ပေးမယ်။"

"ဟုကဲ့။ အကို စေလိုရာအတိုင်းပေါ့.."

"လွန်း.. ဒီနေ့ မိုးပဲအုံ့တာနော်.. မိုးမရွာဘူး"

"ဟုတယ်နော် အကို.."

တစ်ခွန်းမေးမှ တစ်ခွန်းဖြေတတ်သော ထိုကောင်လေးသည် သက်ပိုင်အတွက်တော့ သနားစရာလေး။
အမြဲတမ်း အေးစက်သည့်အကြည့်
အေးစက်သောအပြုံးဖြင့် သာ ပြည့်နက်နေသော ထိုကောင်လေးတွင် ခံစားချက်ရှိရော ရှိပါ့မလားဟုပင် သက်ပိုင်တွေးမိ ပါသည်။

သို့သော် သက်ပိုင်သည်
စိုင်အယ်တွင် သူနှင့်ပတ်သတ်သည့်ခံစားချက်လေးရှိသည် ကို တော့မရိပ်မိ။

"လွန်း .. အကို တို့သိပ်ကံကောင်းတယ်နော်..."

"ဘာကိုလဲဟင်..."

"အကိုတို့ဆိုင်ကယ်မောင်းနေတုံးမိုးမရွာဘူးလေ.."

"အကို ခုန ကအဲ့ဒီစကားကြီး ပြောပြီး ပြီလေ..."

"အော်...ဟုတ်လား..လွန်း"
မိုးအုံ့တော့ လွန်းအေးမယ်ထင်တယ်။
လက်ရှည်ထုတ်ပေးမယ်လေ။
ခန ဟိုးနားက သစ်ပင်လေးမှာရပ်မယ်နော်"

"ဟုကဲ့ အကို။"

ဆိုင်ကယ် ကိုရပ်၍ တူးပေါက်လေးကို
ဖွင့်လိုက်ရာ
အထဲတွင် ခေါက်ထီးအနီလေးရယ်၊မိုးကာအကျီ နှစ်ထည်နှင့်အတူ လက်ရှည်အကျီလေးတစ်ထည် ကိုတွေ့ရလေသည်။

"အကို..
အကိုက သိပ်စိစပ်တာပဲ"

လမ်းဖြတ်သွားဖြတ်လာ မိန်းကလေးတို့၏ မျက်လုံးများသည် အကို့ ထံမှ အကြည့်မလွှဲနိုင်ကြ။
ကျွန်တော်သည် ထို အမျိုးသမီးလေးများကို နှုတ်ခမ်း တစ်ချက် ကိုက်ပြယုံမျှပင်မတက်နိုင်။
အကိုသာ ရုပ်မချောခဲ့ရင်.. အဲ့ဒီလို အကြည့်မျိုးဖြင့်ကြည့်ခံရမည်မဟုတ်။
သဝန်တိုလွန်းလို့ ရူးတော့မည်လားတောင်မသိ။
ကိုယ့်အပိုင်မဟုတ်သော်လည်း
ကိုယ့်အပိုင်လို သဝန်တိုမိပါသည်။
မိမိသည်လည်း ခန္ဓာကိုယ်ကြီးမားခဲ့ရင်လဲကောင်းသား။
ဒါမှ အကို့ကို မည်သူမျှ မမြင်နိုင်အောင် ကာထားနိုင်မှာ။
အကိုက မိန်းကလေးအားလုံး လိုချင်ကြတဲ့type ပုံစံပဲ။
ကျွန်တော်သည်လည်း အကို့ကို လောဘတက်မိပါသည်။

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now