☕Part6☕

236 20 0
                                    

"အကိုအကျီအပိုပါလား။ ကျွန်တော်ရေချိုးချင်လို့"

"အကို အကျီတစ်စုံတော့ပါတယ်။ လမ်းမှာ လွန်း မိုးမိရင် ဝတ်ဖို့အကို ယူခဲ့တာ။
အကို့ လွယ်အိတ်ရဲ့ အရှေ့ဇစ်ကိုကြည့်လိုက်"

"အကိုတွေ့ပြီ။ကျွန်တော်ဝတ်လို့ရလား"

"ရတယ်လေ
အကိုက လွန်းအတွက်ယူလာပေးတာပါဆို လွန်းဝတ်ဖို့ပေါ့"

"အဲ့ဒါဆို အကိုမိုးရေ စိုခဲ့ရင်ဝတ်ဖို့ရောပါလား။
ပါရင် ရေချိုးလိုက်လေ"

"အကို့အတွက်ကျ မပါလာဘူး။ အကို ထည့်ဖို့မေ့သွားတာ"

အကိုသည် တစ်ခုခု ဆိုအရာရာနှင့်အကြောင်းကြောင်း။ ကိုယ့်အတွက်ကျမေ့နေပြီး သူတစ်ပါးအတွက်ကျ စဥ်းစားပေးတယ်။
အကိုက စိတ်ကောင်းရှိတာလား။ ဒါမှမဟုတ် တုံးလွန်းတာလား။

"အော်... ဖြစ်မှဖြစ်ရလေ အကိုရယ်"

ထိုကောင်လေးသည် တစ်ခါတစ်လေ တော့လဲ အရွယ်နှင့်မလိုက်အောင်ပင်
ရင့်ကျက်လွန်းသည်။
ဘာကြောင့်မှန်းမသိ စိတ်သည်လည်းရှက်အမ်းအမ်းဖြစ်ကာ ခေါင်းလေးကိုကုပ်၍ ရယ်ရန်သာ သက်ပိုင်တတ်နိုင်တော့သည်။

အကို ပြုံးရင် သိပ်လှတာပဲ။
ပြုံးလိုက်တိုင်း ပုလဲလုံးကဲ့သို့ ဖြူဖွေးညီညာသောသွားလေးများကို အတိုင်းသားမြင်ရသည်။
ကွေးညွှတ်သွားသောနှုတ်ခမ်းသားလေးမှာလဲ အနီရောင် ပတ်ဖြန်းထားသလိုပင်။
ဘာကြောင့်မှန်းတော့ မသိ အကိုသည် ကျွန့်တော်အပေါ် ခံစားချက်တစ်စုံတစ်ခုရှိနေပြီဟုခံစားရသည်။
အဲ့ဒီခံစားချက်သည် လည်း စစ်မှန်သည်ဟု ကျွန်တော်ယုံကြည်မိပါသည်။
.....
နာရီဝက်လောက်ကြာသော်
စိုင်းအယ်သည် ေရချိုးခန်းထဲ မှ
အကျီလဲပြီး ထွက်လာလေသည်။
ခေါင်းလျှော်ထားသောကြောင့် ရေစိုနေသည့် ဆံပင်ကို တပတ်ဖြင့်အုပ်ထား၏

အကိုကတော့ ပင်ပန်းနေလို့ လားမသိ။
ကုတင်ပေါ်တွင် အိပ်နေပြီ။
အကိုသည် ကုတင်တစ်ခုလုံးပေါ်တွင် ခြေပစ်လက်ပစ်အိပ်နေသောကြောင့် ကုတင်တစ်ခုလုံးပေါ်တွင် သူ့၏ခန္ဓာကိုယ် ချည့်သာ။
ထိုအချိန်တွင် စိုင်းအယ်၏ ဗိုက်မှ အသံတစ်သံထွက်လာလေသည်။

အလွမ်းကဖေး(Miss cafe)U&Z CompleteedWhere stories live. Discover now