☕Part10☕

232 13 0
                                    

"သံစဥ်ရေ..ဒီနေ့ အကိုဆိုင်ကိုစောစောပိတ်မယ်။လွန်းနဲ့သွားစရာ ရှိလို့"

"ဟုတ်ကဲ့"

သက်ပိုင် တစ်ယောက် အပေါ်ထပ်သို့ တက်ရန်စိတ်တွေ လေးပင်မိသည်။
သူသည် လွန်းမျက်ရည်ကျနေသည်ကိုမမြင်ရက်ပါ။
သို့သော် မတွေ့ရ ရင်လဲမနေနိုင်ပါ။
ထို့ကြောင့် အပေါ်ထပ်သို့တက်ရန်ဆုံးဖြတ်ခဲ့ရသည်။

"လွန်း နိုးပြီလား။ နိုး ရင်ထတော့လေ။ လန်းဆန်းသွားရအောင်ရေချိုးလိုက်။
အကို တို့ စျေးသွားရအောင်။လွန်းကြိုက်တာ ချက်ပေးမယ်။ ကြီးဆွေက လွန်းကို ဒီမှာ အိပ်ဖို့မှာသွားတယ်။"

"ဟုတ်ကဲ့.. အကို"

"အကို အကျီထုတ်ပေးမယ်။ အကိုနဲ့သေးနေတဲ့အကျီတွေအများကြီးပဲရှိတာ။ လွန်းကိုပေးဝတ်မယ်လေနော်"

"ဟုတ်ကဲ့"

နာရီဝက်လောက်ကြာသော်..

"လွန်းကအကို့အကျီအပွလေးနဲ့ လိုက်တယ်"

"ဟုတ်ကဲ့အကို"

အေးစက်သည့်လွန်း၏စကားလုံးကို သက်ပိုင်နားယဥ်နေလေပြီ။

"လွန်း နှုတ်ခမ်းနီ မဆိုးဘူးလား။"

"ဟိုဘက်အိမ်မှာ ကျွန်တော်ယူမလာမိဘူး"

"Maskတပ်မလား"

"ဟင့်အင်းအကိုတော်ပြီ"

*ကျွန်တော့်ကို လူတွေ ဘယ်လိုမြင် မြင် ကျွန်တော်ဂရုမစိုက်တော့ဘူ။ အကိုကသာ ကျွန်တော့်အတွက်အရေးပါတာမို့။ကျန်တာကို ဂရုမစိုက်တော့ဘူး။

"လွန်း ဘာစားချင်လဲဟင်။အကိုချက်ကျွေးမယ်"

"အကို အဆင်ပြေရာချက်ပါ"

ထင်သည့်အတိုင်း အေးစက်စက်အပြုံးလေးဖြင့်သာ။

"မှိုကြိုက်လား"

"ဟုကဲ့ အကို"

*လွန်းမှာ စိတ်ဒဏ်ရာကြီးကြီးမားမား များရှိနေတာလား။ငါ့စိတ်ထဲမှာ သူက သူ့အတွက်နဲ့ ဝန်မပိစေချင်ဘူးလို့ခံစားနေရတယ်။
တစ်ခွန်းမေးမှ တစ်ခွန်းဖြေသော ထိုကောင်လေးသည် ဆိုင်ကယ်ပေါ်တွင်လည်း စကားတစ်ခွန်းမျှ မပြော။

အလွမ်းကဖေး(Miss cafe)U&Z CompleteedWo Geschichten leben. Entdecke jetzt