အလွမ်းကဖေး(Miss cafe)U&Z Comp...

Galing kay Lwann_War

7.7K 356 22

10.6.2022 ဒီficမှာသာသာက နူးညံတဲ့ချစ်ခြင်းအကြောင်းလေးရေးထားတာပေါ့နော်။ စိုင်းအယ်လွန်း က ချူချာတဲ့ လူတစ်ယောက်ပါ... Higit pa

☕Part1☕
☕Part2☕
☕Part3☕
☕Part4☕
☕Part5☕
☕Part6☕
☕Part8☕
☕Part9☕
☕Part10☕
☕Part11☕
☕Part12☕
☕Part13☕
☕Part14☕
☕Part15☕
☕Part16☕
☕Part17☕
🍁End🍁
Characters

☕Part7☕

236 17 0
Galing kay Lwann_War

စိုင်းအယ်က အတင်း အကို့ကို ဆွဲကာ

"အကိုသွားမယ်"

"ပိုက်ဆံရော"

"ရှင်းပြီးပြီ"

စိတ်အလိုမကျတိုင်း မျက်စောင်း ထိုးတတ်သောထိုကောင်လေးသည် တစ်ခါတစ်လေ ကျ နားမလည်နိုင်သော
အကြည့်ဖြင့် သက်ပိုင်ကို ကြည့်နေတတ်သည်။ မျက်လုံးချင်းဆုံမိလျှင်
ထိုကောင်လေးဘက်မှ အရင်အကြည့်လွှဲတတ်၏။

"လွန်း အကိုက မုန့်ဝယ်မပေးလို့ စိတ်ဆိုးနေတာလားဟင်"

"မဟုတ်ပါဘူး
အဲ့ဒီအမ က အကို့ အကြောင်းတွေလာမေးနေလို့"

သက်ပိုင်က ခပ်နောက်နောက်ဖြင့်

"ဟုတ်လား လွန်းရဲ့
အပျိုက လူပျိုအကြောင်းမေးတာပဲ ဘာဆန်းလဲလွန်းရဲ့"

ထိုကောင်လေး၏ မျက်ရည်ဝဲနေသည့် မျက်ဝန်းကြောင့် သက်ပိုင် ထပ် စိတ်ရှုပ်ရသည်။
ထိုကောင်လေး မျက်ရည်ကျမှာ ကို သက်ပိုင်မလိုလားပါ။

"ကျွန်တော်က အဲ့အမကို အကို့မှာမိန်းမရှိတယ်
ပြီးတော့ ကလေးသုံးယောက်ရှိတယ်လို့ပြောလိုက်တယ်"

အကိုက သဘောကျစွာထရယ်လေသည်။
အကိုတော့သိမှာ မဟုတ်ဘူး
အကိုကသာစနောက်နေတာ။ကျွန်တော်မှာတော့ ကမ္ဘာတွေပျက်လို့။
သဝန်တိုတယ်။
သိပ်ကိုသဝန်တိုမိတာအကို။
ထို့ကြောင့်စားလက်စ ခေါက်ဆွဲလေးကို ချကာ ဆေးသောက်လိုက်ပြီး ကုတင်ပေါ်တွင်ခြေပစ်လက်ပစ်ဆန့်လိုက်သည်။

"လွန်းအိပ်​‌တော့မလို့လား
ညအိပ်ရင်
သွားတိုက်ရတယ်လေ
မဆိုးနဲ့ကွာ!"

စိုင်းအယ် က စောင်ပုံ ထဲ မှ မထွက်ဘဲ

"မသိဘူး ဟိုအမကိုပဲ သွားတိုက်ခိုင်းလိုက်"

"ဟော.. သွားတိုက်တံဝယ်လာပြီးတော့...."

"မသိဘူး"

ကလေးလို နွှဲ့ဆိုး ဆိုးသော စိုင်းအယ်လေးသည် သူ့၏ညီလေးနှင့်သိပ်တူလွန်းလှသည်။
အမူအယာလေး ကအစ သက်ပိုင်ကို တွယ်တာသည့်အဆုံး0၏
အားလုံးသည် တစ်ပုံစံတည်း။

စိုင်းအယ်လေးကို သူချစ်သော သူ့ညီအစားပြန်ရသည်ဟုပင် သက်ပိုင်ယုံကြည်မိလာသည်။

************"********†*****†*************

အကိုကို အကဲခတ်ရခြင်းသည် စိုင်းအယ်အတွက်တော့ သိပ်ကိုခက်ခဲ့ရသည်။
ချစ်ရတဲ့အတွက် အကို အကြောင်းကို
ပိုသိချင်မိလာသည်။
အကို ကိုယ်တိုင်တောင်မသိသေးတဲ့ အကို့အကြောင်း​တွေကိုပါသိချင်လာတယ်။

ချစ်ရတဲ့အတွက် သဝန်တိုခြင်းတွေရခဲ့တယ်။တော်ပါသေးတယ်
အကို့ထဲက အမုန်းတွေကိုမရခဲ့လို့။

ကျွန်တော်သာ အကို့ ကိုချစ်တယ်ဆိုတာသိသွားခဲ့ရင် အကိုက ကျွန်တော့်ကိုမုန်းမိမယ်ထင်တယ်။
အကို့ကို မချစ်မိအောင် တားမရခဲ့တဲ့အတွက် အကိုမုန်းခဲ့ရင် ကျွန်တော်ခံနိုင်ရည်ရှိအောင် လေ့ကျင့်နေမိသည်။
တစ်နေ့နှင့်တစ်နေ့ အကို့မျက်ဝန်းတွေကို
မမြင်ရ ရင် ကျွန်တော်မနေနိုင်ဘူးဗျာ။
အတွေပေါင်းမြောက်များစွာ တွေးနေခဲ့သော်လည်း အရာအားလုံးသည် အကို့အကြောင်းသာ။
ဆေးအရှိန်နှင့်ပင်ပန်းမှု့ကြောင့်နောက်ဆုံးတွင်စိုင်းအယ် အိပ်ပျော်သွားလေသည်။

"လွန်း.. ဟိုဘက်နည်းနည်းတိုးကွာ"
လှုပ်ရှားမရှိသော ကောင်လေး။
အိပ်နေတော့လည်း အရုပ်လေးတစ်ရုပ်လိုပင်။
မထိရက်မကိုင်ရက်စရာ ကြွေရုပ်လေး။

*ဒီကောင်လေးကွာ ခေါင်းအုံးနဲ့ထိတာနဲ့ပဲ တန်းအိပ်ပျော်တာလား
သူကို ပြန်ပေးဆွဲသွားရင်တောင် သိမဲ့ပုံမျိုးမဟုတ်ဘူး
ကြည့်အုံး ကုတင်တစ်ခုလုံးကိုအပိုင်သိမ်းထားတာပဲ*

စိုင်းအယ်သည် ကုတင်ကိုအပိုင်သိမ်းထားသောကြောင့် သက်ပိုင်သည် ဆိုဖာ ပေါ်တွင်သာအိပ်ခဲ့ရသည်။

မိုးသည်လည်းသက်ပိုင်ခန့်မှန်းထားသလိုပင် သဲကြီးမဲကြီးရွာသွန်းခဲ့သည်။

*****************************************

"ဟင်း...အင်း...မလာနဲ့.. သွား..သွား..
မေမေ..ရေ..သားကိုကယ်ပါအုံး..."

"ဟယ်..လွန်း..အိပ်ရင်းနဲ့ယောင်နေတာလား
ထတော့ လွန်း..
လွန်းမျက်နှာပေါ်မှာလဲ ချွေးစီးတွေနဲ့ မျက်ရည်တွေ
ထတော့ လွန်း"

ထိုကောင်လေး
အိမ်မက်ထဲတွင်နာကျင်နေခြင်းကို သက်ပိုင် မကြည့်ရက်ပါ
ထို့ကြောင့်ထိုအိပ်မက်ဆိုးမှ လွတ်မြောက်ရန် သက်ပိုင် ခပ်ကြမ်းကြမ်းလှုပ်နှိုးလိုက်သည်။

"လွန်း..နိုးပြီလား.. ဘာတွေဖြစ်နေတာလဲ
အိမ်မက်ကကြောက်ဖို့ကောင်းလား"

မိမိကိုယ်တိုင်ကလဲ အိမ်မက်ဆိုး ထဲကလွတ်မြောက်ဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့ဖူးသည်။တစ်ယောက်ယောက်ကိုလဲ လှုပ်နှိုးပေးဖို့ မျှော်လင်ခဲ့ဖူးသည်။

စိုင်းအယ်က ရှိုက်ငို၍
သက်ပိုင်၏ လက်မောင်းလေးကို ဖက်တွယ်မိသည်။
သက်ပိုင်ကလဲ ရင်ခွင်ထဲထည့်သွင်း၍ ကျောလေးပုတ်ပေး၍

"လွန်း.. အဆင်ပြေသွားမှာပါ......"

မိမိဘက်က အဆင်ပြေသွားမှာလို့ပြောနေခဲ့သော်လည်း ထိုကောင်လေး၏ စိတ်တွင် အဆင်မပြေ ဖြစ်နေမှာကို သက်ပိုင်သိသည်။
မိမိသည်လည်း ထိုကောင်လေးနှင့်ထပ်တူ ခံစားခဲ့ရ၍ မဟုတ်လား။

"အကို.. ကျွန်တော် ကြောက်တယ်"

"မကြောက်နဲ့ လွန်း အကိုရှိတယ်
အိမ်မက်ထဲမှာ သရဲကြီးတွေ ပါ လာလို့လား
အဲ့သရဲကြီးတွေကို အကို ဆွဲထိုးပစ်ပေးမယ်
မကြောက်နဲ့!"

စိုင်အယ်က အားကိုးတစ်ကြီး အကို့အား ဖက်တွယ်ရင်း

"အကို..."

"ဗျာ.. အကိုရှိတယ် လွန်း"

အငိုတိတ်အောင် သက်ပိုင် နာရီဝက်လောက်ချော့မြူခဲ့ရသည်။
အချိန်ကြည့်တော့လဲ ညနှစ်နာရီလောက်ရှိပြီ

"လွန်း ပြန်အိပ်တော့လေ.."

"အကိုကြောက်တယ်.."

"ကြောက်ရင် လွန်းဘာတွေအိမ်မက် မက်ခဲ့တာကို ပြောပြလေ အဲ့ဒါဆို စိတ်ကပိုပြီးပေါ့သွားလိမ့်မယ်"

"တကယ်?
အကို ညာနေတာလား"

"မညာပါဘူး
အကို တကယ်ပြောနေတာ
ကဲ...လွန်း ဘာတွေမက်ခဲ့လဲ"

ထိုကောင်လေးသည် ေခါင်းလေးငုံ့နေရာမှ သက်ပိုင်၏ မျက်နှာအား မော့
ကြည့်ကာ မျက်ရည်လေးများဖြင့်

"ကျွန်တော် အရင်တုန်းက အကြောင်းတွေပြန်မက်တယ်"

"ဟုတ်လား..လွန်း.. ဘာတွေဖြစ်ခဲ့လဲ"

စိုင်းအယ်က သက်ပြင်းလေးတစ်ချက်ချ၍

"အကို ကျွန်တော် အရင်က ပြန်ပေးဆွဲ ခံရဖူးတယ်"

သက်ပိုင့် ရင်ထဲ ဓားမြှောင်ဖြင့် ထိုးသလို နာကျင်ရသည်။
ရင်နာသည်။
ဒီလိုအဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့အတွက်
ရင်ထဲ ပူလောင်သလောက်ပင်။

"အကို ကျွန်တော်ကလေ မာမီ့သားအရင်းမဟုတ်ဘူး
အကုန်လုံးက ကျွန်တော်ကို မာမီနဲ့တူတယ်ဆိုပြီး သံသယမရှိယုံကြည်ကြတယ်။
မာမီမှာလေ ကျန်းမာရေးမကောင်းတဲ့ အမြွှာညီမလေးရှိသည်။
တစ်ကယ်တော့ ဖေဖေက အဲ့ဒီကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့တာ
မာမီကိုချစ်ခဲ့တာ မဟုတ်ဘူး
တစ်ရက်မှာ မာမီ့ မိဘ တွေက နေရာလဲပြီး
မာမီ နဲ့ဖေဖေကို လက်ထပ်ပေးခဲ့တယ်။
ဖေဖေကအဲ့ဒါကိုမသိဘဲ
အဲ့ဒီကောင်မလေးအထင်နဲ့မာမီကိုပေါင်းသင်းခဲ့တာ
အကိုစိုင်းခွန်သုံးနှစ်သားလောက်မှာ ဖေဖေက ရိပ်မိသွားခဲ့တယ်
ဒါကြောင့်စုံစမ်းမှု့တွေလုပ်ခဲ့ပြီး အဲ့ကောင်မလေးကိုတွေ့ခဲ့တယ်
မာမီ့ မိဘတွေက အဲ့ဒီကောင်မလေးကိုဝှက်ထားခဲ့တာ။
ဖေဖေသိတော့ မေမေကိုစိတ်ဆိုးပြီး
အိမ်ပေါ်ကဆင်းတယ်
ပြီးတော့ ...
အဲ့ဒီကောင်မလေးဆီသွားခဲ့တယ်
မာမီ ကမသွားဖို့တောင်းပန်ခဲ့တာ
အချစ်ရူးဖြစ်နေတဲ့ ဖေဖေကတော့ တားမရခဲ့ဘူး။
နောက်နှစ် နှစ်လောက်ကြာတော့ ဖေဖေက အနှီးထုပ်လေးနဲ့ ကလေးလေး ကိုချီပြီးပြန်လာခဲ့တယ်။
မေမေက ကြည်ကြည်ဖြူဖြူပဲ လက်ခံပေးခဲ့တယ်။အဲ့ဒီကလေးက ကျွန်တော်လေ။ မေမေကတော့အဲ့ကလေးက ဘယ်သူ့ဟာလဲ မမေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ့ညီမနဲ့ရတာကိုမေမေကသိနေတာလေ။
ကျွန်တော့်မှာမေမေနဲ့ပတ်သတ်တာဆိုလို့ မေမေသွေးသားရယ်၊မေမေ အမွေပေးခဲ့တဲ့ ချူချာမှု့ရယ်ပဲရှိခဲ့တာ။

မေမေကတော့ကျွန်တော်ကို ဖေဖေမဆုံးခင်ထိ သားအရင်းလို ပြုစုပျိုးထောင်ခဲ့တယ်။
နောက်ပိုင်း..နောက်ပိုင်းကတော့ အတုအယောင်တွေချည့်ပါပဲ
ဖေဖေဆုံးတော့ ဆွေမျိုးတွေက ကျွန်တော့်ကိုပြန်ပေးဆွဲခဲ့တယ်။
ဖေဖေ့ပိုင်ဆိုင်မှု့နဲ့လဲဖို့ပေါ့။
မာမီကတော့ သူ့သွေးသားမဟုတ်တဲ့ကျွန်တော့်ကို ပိုင်ဆိုင်မှု့နဲ့ လဲဖို့စိတ်ကူးမရှိဘူးတဲ့။
ကိုကို...အကိုစိုင်းခွန်ကတော့လာကယ်ခဲ့တယ်။
အဲ့ဒီ မတော် တဆမှု့မှာပဲ အကို မျက်စိကွယ်ခဲ့ရတာ။
မျက်ကြည်လွှာ အလှူရှင်ကို ခုတဲ့ထိ စောင့်နေတုန်းပဲ။
အဲ့ဒီညက အငွေ့အသက်တွေ နာကျင်မှု့တွေ၊အဲ့ညက ရခဲ့တဲ့ဒဏ်ရာတွေက အမာရွတ်ပင်မရှိတော့လဲ အဲ့အိမ်မက်မက်တိုင်း နာကျင်နေရတုန်း။

"ကိုကိုဆေးရုံတင်လိုက်ရတော့ အဲ့အချိန်ကစပြီးကိုကိုက
ကျွန်တော့်ကို အတွေ့မခံတော့ဘူး။
အဲ့ဒီအစားDVD တစ်ချပ်ပဲပေးခဲ့တယ်။
အိမ်မှာတစ်ယောက်ထဲဖွင့်ကြည့်လိုက်တော့ အရာအားလုံးကို ပြောပြပေးနေတဲ့အဖေကိုတွေ့ခဲ့ရတယ်။
ကျွန်တော် မေမေကဘာလို့ ဖေဖေဆုံး
ပြီးတဲ့နောက် မေမေ လို့မခေါ် ခိုင်းတာကို သိပါတယ်။
မေမေကတော့ အ​ကြောင်းပြချက်တစ်ခုထဲနဲ့ငြင်းတုံး။
မာမီကျွန်တော့်အပေါ်ကောင်းရှာပါတယ်။မေမေလို့ ခေါ်ခွင့်မပေးခဲ့တာ တစ်ခုပဲ..."

သက်ပိုင်က ထိုကောင်လေးကို တင်းကြပ်စွာ ဖက်လိုက်သည်။

"အကိုရှိတယ်....လွန်းဘေးနားမှာ အကိုရှိတယ်"
Lwann_War

စိုင္းအယ္က အတင္း အကို႔ကို ဆြဲကာ

"အကိုသြားမယ္"

"ပိုက္ဆံေရာ"

"ရွင္းၿပီးၿပီ"

စိတ္အလိုမက်တိဳင္း မ်က္ေစာင္း ထိုးတတ္ေသာထိုေကာင္ေလးသည္ တစ္ခါတစ္ေလ က် နားမလည္နိုင္ေသာ
အၾကည့္ျဖင့္ သက္ပိုင္ကို ၾကည့္ေနတတ္သည္။ မ်က္လုံးခ်င္းဆုံမိလွ်င္
ထိုေကာင္ေလးဘက္မွ အရင္အၾကည့္လႊဲတတ္၏။

"လြန္း အကိုက မုန့္ဝယ္မေပးလို႔ စိတ္ဆိုးေနတာလားဟင္"

"မဟုတ္ပါဘူး
အဲ့ဒီအမ က အကို႔ အေၾကာင္းေတြလာေမးေနလို႔"

သက္ပိုင္က ခပ္ေနာက္ေနာက္ျဖင့္

"ဟုလား လြန္းရဲ႕
အပ်ိဳက လူပ်ိဳအေၾကာင္းေမးတာပဲ ဘာဆန္းလဲလြန္းရဲ႕"

ထိုေကာင္ေလး၏ မ်က္ရည္ဝဲေနသည့္ မ်က္ဝန္းေၾကာင့္ သက္ပိုင္ ထပ္ စိတ္ရႈပ္ရသည္။
ထိုေကာင္ေလး မ်က္ရည္က်မွာ ကို သက္ပိုင္မလိုလားပါ။

"ကြၽန္ေတာ္က အဲ့အမကို အကို႔မွာမိန္းမရွိတယ္
ၿပီးေတာ့ ကေလးသုံးေယာက္ရွိတယ္လို႔ေျပာလိုက္တယ္"

အကိုက သေဘာက်စြာထရယ္ေလသည္။
အကိုေတာ့သိမွာ မဟုတ္ဘူး
အကိုကသာစေနာက္ေနတာ။ကြၽန္ေတာ္မွာေတာ့ ကမာၻေတြပ်က္လို႔။
သဝန္တိုတယ္။
သိပ္ကိုသဝန္တိုမိတာအကို။
ထို႔ေၾကာင့္စားလက္စ ေခါက္ဆြဲေလးကို ခ်ကာ ေဆးေသာက္လိုက္ၿပီး ကုတင္ေပၚတြင္ေျခပစ္လက္ပစ္ဆန့္လိုက္သည္။

"လြန္းအိပ္​‌ေတာ့မလို႔လား
ညအိပ္ရင္
သြားတိုက္ရတယ္ေလ
မဆိုးနဲ႕ကြာ!"

စိုင္းအယ္ က ေစာင္ပုံ ထဲ မွ မထြက္ဘဲ

"မသိဘူး ဟိုအမကိုပဲ သြားတိုက္ခိုင္းလိုက္"

"ေဟာ.. သြားတိုက္တံဝယ္လာၿပီးေတာ့...."

"မသိဘူး"

ကေလးလို ႏႊဲ႕ဆိုး ဆိုးေသာ စိုင္းအယ္ေလးသည္ သူ႕၏ညီေလးႏွင့္သိပ္တူလြန္းလွသည္။
အမူအယာေလး ကအစ သက္ပိုင္ကို တြယ္တာသည့္အဆုံး
အားလုံးသည္ တစ္ပုံစံတည္း။

စိုင္းအယ္ေလးကို သူခ်စ္ေသာ သူ႕ညီအစားျပန္ရသည္ဟုပင္ သက္ပိုင္ယုံၾကည္မိလာသည္။

************"********†*****†*************

အကိုကို အကဲခတ္ရျခင္းသည္ စိုင္းအယ္အတြက္ေတာ့ သိပ္ကိုခက္ခဲ့ရသည္။
ခ်စ္ရတဲ့အတြက္ အကို အေၾကာင္းကို
ပိုသိခ်င္မိလာသည္။
အကို ကိုယ္တိုင္ေတာင္မသိေသးတဲ့ အကို႔အေၾကာင္း​ေတြကိုပါသိခ်င္လာတယ္။

ခ်စ္ရတဲ့အတြက္ သဝန္တိုျခင္းေတြရခဲ့တယ္။ေတာ္ပါေသးတယ္
အကို႔ထဲက အမုန္းေတြကိုမရခဲ့လို႔။

ကြၽန္ေတာ္သာ အကို႔ ကိုခ်စ္တယ္ဆိုတာသိသြားခဲ့ရင္ အကိုက ကြၽန္ေတာ့္ကိုမုန္းမိမယ္ထင္တယ္။
အကို႔ကို မခ်စ္မိေအာင္ တားမရခဲ့တဲ့အတြက္ အကိုမုန္းခဲ့ရင္ ကြၽန္ေတာ္ခံနိုင္ရည္ရွိေအာင္ ေလ့က်င့္ေနမိသည္။
တစ္ေန႕ႏွင့္တစ္ေန႕ အကို႔မ်က္ဝန္းေတြကို
မျမင္ရ ရင္ ကြၽန္ေတာ္မေနနိုင္ဘူးဗ်ာ။
အေတြေပါင္းေျမာက္မ်ားစြာ ေတြးေနခဲ့ေသာ္လည္း အရာအားလုံးသည္ အကို႔အေၾကာင္းသာ။
ေဆးအရွိန္ႏွင့္ပင္ပန္းမႈ႕ေၾကာင့္ေနာက္ဆုံးတြင္စိုင္းအယ္ အိပ္ေပ်ာ္သြားေလသည္။

"လြန္း.. ဟိုဘက္နည္းနည္းတိုးကြာ"
လႈပ္ရွားမရွိေသာ ေကာင္ေလး။
အိပ္ေနေတာ့လည္း အ႐ုပ္ေလးတစ္႐ုပ္လိုပင္။
မထိရက္မကိုင္ရက္စရာ ေႂကြ႐ုပ္ေလး။

*ဒီေကာင္ေလးကြာ ေခါင္းအုံးနဲ႕ထိတာနဲ႕ပဲ တန္းအိပ္ေပ်ာ္တာလား
သူကို ျပန္ေပးဆြဲသြားရင္ေတာင္ သိမဲ့ပုံမ်ိဳးမဟုတ္ဘူး
ၾကည့္အုံး ကုတင္တစ္ခုလုံးကိုအပိုင္သိမ္းထားတာပဲ*

စိုင္းအယ္သည္ ကုတင္ကိုအပိုင္သိမ္းထားေသာေၾကာင့္ သက္ပိုင္သည္ ဆိုဖာ ေပၚတြင္သာအိပ္ခဲ့ရသည္။

မိုးသည္လည္းသက္ပိုင္ခန့္မွန္းထားသလိုပင္ သဲႀကီးမဲႀကီး႐ြာသြန္းခဲ့သည္။

*****************************************

"ဟင္း...အင္း...မလာနဲ႕.. သြား..သြား..
ေမေမ..ေရ..သားကိုကယ္ပါအုံး..."

"ဟယ္..လြန္း..အိပ္ရင္းနဲ႕ေယာင္ေနတာလား
ထေတာ့ လြန္း..
လြန္းမ်က္ႏွာေပၚမွာလဲ ေခြၽးစီးေတြနဲ႕ မ်က္ရည္ေတြ
ထေတာ့ လြန္း"

ထိုေကာင္ေလး
အိမ္မက္ထဲတြင္နာက်င္ေနျခင္းကို သက္ပိုင္ မၾကည့္ရက္ပါ
ထို႔ေၾကာင့္ထိုအိပ္မက္ဆိုးမွ လြတ္ေျမာက္ရန္ သက္ပိုင္ ခပ္ၾကမ္းၾကမ္းလႈပ္ႏွိုးလိုက္သည္။

"လြန္း..နိုးၿပီလား.. ဘာေတြျဖစ္ေနတာလဲ
အိမ္မက္ကေၾကာက္ဖို႔ေကာင္းလား"

မိမိကိုယ္တိုင္ကလဲ အိမ္မက္ဆိုး ထဲကလြတ္ေျမာက္ဖို႔ အႀကိမ္ႀကိမ္ဆုေတာင္းခဲ့ဖူးသည္။တစ္ေယာက္ေယာက္ကိုလဲ လႈပ္ႏွိုးေပးဖို႔ ေမွ်ာ္လင္ခဲ့ဖူးသည္။

စိုင္းအယ္က ရွိုက္ငို၍
သက္ပိုင္၏ လက္ေမာင္းေလးကို ဖက္တြယ္မိသည္။
သက္ပိုင္ကလဲ ရင္ခြင္ထဲထည့္သြင္း၍ ေက်ာေလးပုတ္ေပး၍

"လြန္း.. အဆင္ေျပသြားမွာပါ......"

မိမိဘက္က အဆင္ေျပသြားမွာလို႔ေျပာေနခဲ့ေသာ္လည္း ထိုေကာင္ေလး၏ စိတ္တြင္ အဆင္မေျပ ျဖစ္ေနမွာကို သက္ပိုင္သိသည္။
မိမိသည္လည္း ထိုေကာင္ေလးႏွင့္ထပ္တူ ခံစားခဲ့ရ၍ မဟုတ္လား။

"အကို.. ကြၽန္ေတာ္ ေၾကာက္တယ္"

"မေၾကာက္နဲ႕ လြန္း အကိုရွိတယ္
အိမ္မက္ထဲမွာ သရဲႀကီးေတြ ပါ လာလို႔လား
အဲ့သရဲႀကီးေတြကို အကို ဆြဲထိုးပစ္ေပးမယ္
မေၾကာက္နဲ႕!"

စိုင္အယ္က အားကိုးတစ္ႀကီး အကို႔အား ဖက္တြယ္ရင္း

"အကို..."

"ဗ်ာ.. အကိုရွိတယ္ လြန္း"

အငိုတိတ္ေအာင္ သက္ပိုင္ နာရီဝက္ေလာက္ေခ်ာ့ျမဴခဲ့ရသည္။
အခ်ိန္ၾကည့္ေတာ့လဲ ညႏွစ္နာရီေလာက္ရွိၿပီ

"လြန္း ျပန္အိပ္ေတာ့ေလ.."

"အကိုေၾကာက္တယ္.."

"ေၾကာက္ရင္ လြန္းဘာေတြအိမ္မက္ မက္ခဲ့တာကို ေျပာျပေလ အဲ့ဒါဆို စိတ္ကပိုၿပီးေပါ့သြားလိမ့္မယ္"

"တကယ္?
အကို ညာေနတာလား"

"မညာပါဘူး
အကို တကယ္ေျပာေနတာ
ကဲ...လြန္း ဘာေတြမက္ခဲ့လဲ"

ထိုေကာင္ေလးသည္ ေခါင္းေလးငုံ႕ေနရာမွ သက္ပိုင္၏ မ်က္ႏွာအား ေမာ့
ၾကည့္ကာ မ်က္ရည္ေလးမ်ားျဖင့္

"ကြၽန္ေတာ္ အရင္တုန္းက အေၾကာင္းေတြျပန္မက္တယ္"

"ဟုတ္လား..လြန္း.. ဘာေတြျဖစ္ခဲ့လဲ"

စိုင္းအယ္က သက္ျပင္းေလးတစ္ခ်က္ခ်၍

"အကို ကြၽန္ေတာ္ အရင္က ျပန္ေပးဆြဲ ခံရဖူးတယ္"

သက္ပိုင့္ ရင္ထဲ ဓားျမႇောင္ျဖင့္ ထိုးသလို နာက်င္ရသည္။
ရင္နာသည္။
ဒီလိုအျဖစ္ဆိုးႀကီးႀကဳံခဲ့ရတဲ့အတြက္
ရင္ထဲ ပူေလာင္သေလာက္ပင္။

"အကို ကြၽန္ေတာ္ကေလ မာမီ့သားအရင္းမဟုတ္ဘူး
အကုန္လုံးက ကြၽန္ေတာ္ကို မာမီနဲ႕တူတယ္ဆိုၿပီး သံသယမရွိယုံၾကည္ၾကတယ္။
မာမီမွာေလ က်န္းမာေရးမေကာင္းတဲ့ အႁမႊာညီမေလးရွိသည္။
တစ္ကယ္ေတာ့ ေဖေဖက အဲ့ဒီေကာင္မေလးနဲ႕ ခ်စ္ႀကိဳက္ခဲ့တာ
မာမီကိုခ်စ္ခဲ့တာ မဟုတ္ဘူး
တစ္ရက္မွာ မာမီ့ မိဘ ေတြက ေနရာလဲၿပီး
မာမီ နဲ႕ေဖေဖကို လက္ထပ္ေပးခဲ့တယ္။
ေဖေဖကအဲ့ဒါကိုမသိဘဲ
အဲ့ဒီေကာင္မေလးအထင္နဲ႕မာမီကိုေပါင္းသင္းခဲ့တာ
အကိုစိုင္းခြန္သုံးႏွစ္သားေလာက္မွာ ေဖေဖက ရိပ္မိသြားခဲ့တယ္
ဒါေၾကာင့္စုံစမ္းမႈ႕ေတြလုပ္ခဲ့ၿပီး အဲ့ေကာင္မေလးကိုေတြ႕ခဲ့တယ္
မာမီ့ မိဘေတြက အဲ့ဒီေကာင္မေလးကိုဝွက္ထားခဲ့တာ။
ေဖေဖသိေတာ့ ေမေမကိုစိတ္ဆိုးၿပီး
အိမ္ေပၚကဆင္းတယ္
ၿပီးေတာ့ ...
အဲ့ဒီေကာင္မေလးဆီသြားခဲ့တယ္
မာမီ ကမသြားဖို႔ေတာင္းပန္ခဲ့တာ
အခ်စ္႐ူးျဖစ္ေနတဲ့ ေဖေဖကေတာ့ တားမရခဲ့ဘူး။
ေနာက္ႏွစ္ ႏွစ္ေလာက္ၾကာေတာ့ ေဖေဖက အႏွီးထုပ္ေလးနဲ႕ ကေလးေလး ကိုခ်ီၿပီးျပန္လာခဲ့တယ္။
ေမေမက ၾကည္ၾကည္ျဖဴျဖဴပဲ လက္ခံေပးခဲ့တယ္။အဲ့ဒီကေလးက ကြၽန္ေတာ္ေလ။ ေမေမကေတာ့အဲ့ကေလးက ဘယ္သူ႕ဟာလဲ မေမးခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူ႕ညီမနဲ႕ရတာကိုေမေမကသိေနတာေလ။
ကြၽန္ေတာ့္မွာေမေမနဲ႕ပတ္သတ္တာဆိုလို႔ ေမေမေသြးသားရယ္၊ေမေမ အေမြေပးခဲ့တဲ့ ခ်ဴခ်ာမႈ႕ရယ္ပဲရွိခဲ့တာ။

ေမေမကေတာ့ကြၽန္ေတာ္ကို ေဖေဖမဆုံးခင္ထိ သားအရင္းလို ျပဳစုပ်ိဳးေထာင္ခဲ့တယ္။
ေနာက္ပိုင္း..ေနာက္ပိုင္းကေတာ့ အတုအေယာင္ေတြခ်ည့္ပါပဲ
ေဖေဖဆုံးေတာ့ ေဆြမ်ိဳးေတြက ကြၽန္ေတာ့္ကိုျပန္ေပးဆြဲခဲ့တယ္။
ေဖေဖ့ပိုင္ဆိုင္မႈ႕နဲ႕လဲဖို႔ေပါ့။
မာမီကေတာ့ သူ႕ေသြးသားမဟုတ္တဲ့ကြၽန္ေတာ့္ကို ပိုင္ဆိုင္မႈ႕နဲ႕ လဲဖို႔စိတ္ကူးမရွိဘူးတဲ့။
ကိုကို...အကိုစိုင္းခြန္ကေတာ့လာကယ္ခဲ့တယ္။
အဲ့ဒီ မေတာ္ တဆမႈ႕မွာပဲ အကို မ်က္စိကြယ္ခဲ့ရတာ။
မ်က္ၾကည္လႊာ အလႉရွင္ကို ခုတဲ့ထိ ေစာင့္ေနတုန္းပဲ။
အဲ့ဒီညက အေငြ႕အသက္ေတြ နာက်င္မႈ႕ေတြ၊အဲ့ညက ရခဲ့တဲ့ဒဏ္ရာေတြက အမာ႐ြတ္ပင္မရွိေတာ့လဲ အဲ့အိမ္မက္မက္တိုင္း နာက်င္ေနရတုန္း။

"ကိုကိုေဆး႐ုံတင္လိုက္ရေတာ့ အဲ့အခ်ိန္ကစၿပီးကိုကိုက
ကြၽန္ေတာ့္ကို အေတြ႕မခံေတာ့ဘူး။
အဲ့ဒီအစားDVD တစ္ခ်ပ္ပဲေပးခဲ့တယ္။
အိမ္မွာတစ္ေယာက္ထဲဖြင့္ၾကည့္လိုက္ေတာ့ အရာအားလုံးကို ေျပာျပေပးေနတဲ့အေဖကိုေတြ႕ခဲ့ရတယ္။
ကြၽန္ေတာ္ ေမေမကဘာလို႔ ေဖေဖဆုံး
ၿပီးတဲ့ေနာက္ ေမေမ လို႔မေခၚ ခိုင္းတာကို သိပါတယ္။
ေမေမကေတာ့ အ​ေၾကာင္းျပခ်က္တစ္ခုထဲနဲ႕ျငင္းတုံး။
မာမီကြၽန္ေတာ့္အေပၚေကာင္းရွာပါတယ္။ေမေမလို႔ ေခၚခြင့္မေပးခဲ့တာ တစ္ခုပဲ..."

သက္ပိုင္က ထိုေကာင္ေလးက တင္းၾကပ္စြာ ဖက္လိုက္သည္။

"အကိုရွိတယ္....လြန္းေဘးနားမွာ အကိုရွိတယ္"

Lwann_War

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

12.7K 539 6
ခင်များ သမီးကြောင့်အက်ကွဲသွားတဲ့နှလုံးသားကို.... ခင်များလက်နဲ့ကိုယ်တိုင်ပြန်ဆက်ပေးရမယ်... အဲ့မိန်းမ မျက်ရည်ပေါက်ပေါက်ကျတဲ့နေ့​တွေကို ကျွန်တော် တစ်ဝကြ...
618K 69.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
432K 27.2K 36
" ချစ်တယ် " ဆိုရင် ကြောက်နေဖို့မှ မလိုတာ ❤ ------- " ခ်စ္တယ္ " ဆိုရင္ ေၾကာက္ေနဖို႔မွ မလိုတာ ❤