"အကိုအကျီအပိုပါလား။ ကျွန်တော်ရေချိုးချင်လို့"
"အကို အကျီတစ်စုံတော့ပါတယ်။ လမ်းမှာ လွန်း မိုးမိရင် ဝတ်ဖို့အကို ယူခဲ့တာ။
အကို့ လွယ်အိတ်ရဲ့ အရှေ့ဇစ်ကိုကြည့်လိုက်"
"အကိုတွေ့ပြီ။ကျွန်တော်ဝတ်လို့ရလား"
"ရတယ်လေ
အကိုက လွန်းအတွက်ယူလာပေးတာပါဆို လွန်းဝတ်ဖို့ပေါ့"
"အဲ့ဒါဆို အကိုမိုးရေ စိုခဲ့ရင်ဝတ်ဖို့ရောပါလား။
ပါရင် ရေချိုးလိုက်လေ"
"အကို့အတွက်ကျ မပါလာဘူး။ အကို ထည့်ဖို့မေ့သွားတာ"
အကိုသည် တစ်ခုခု ဆိုအရာရာနှင့်အကြောင်းကြောင်း။ ကိုယ့်အတွက်ကျမေ့နေပြီး သူတစ်ပါးအတွက်ကျ စဥ်းစားပေးတယ်။
အကိုက စိတ်ကောင်းရှိတာလား။ ဒါမှမဟုတ် တုံးလွန်းတာလား။
"အော်... ဖြစ်မှဖြစ်ရလေ အကိုရယ်"
ထိုကောင်လေးသည် တစ်ခါတစ်လေ တော့လဲ အရွယ်နှင့်မလိုက်အောင်ပင်
ရင့်ကျက်လွန်းသည်။
ဘာကြောင့်မှန်းမသိ စိတ်သည်လည်းရှက်အမ်းအမ်းဖြစ်ကာ ခေါင်းလေးကိုကုပ်၍ ရယ်ရန်သာ သက်ပိုင်တတ်နိုင်တော့သည်။
အကို ပြုံးရင် သိပ်လှတာပဲ။
ပြုံးလိုက်တိုင်း ပုလဲလုံးကဲ့သို့ ဖြူဖွေးညီညာသောသွားလေးများကို အတိုင်းသားမြင်ရသည်။
ကွေးညွှတ်သွားသောနှုတ်ခမ်းသားလေးမှာလဲ အနီရောင် ပတ်ဖြန်းထားသလိုပင်။
ဘာကြောင့်မှန်းတော့ မသိ အကိုသည် ကျွန့်တော်အပေါ် ခံစားချက်တစ်စုံတစ်ခုရှိနေပြီဟုခံစားရသည်။
အဲ့ဒီခံစားချက်သည် လည်း စစ်မှန်သည်ဟု ကျွန်တော်ယုံကြည်မိပါသည်။
.....
နာရီဝက်လောက်ကြာသော်
စိုင်းအယ်သည် ေရချိုးခန်းထဲ မှ
အကျီလဲပြီး ထွက်လာလေသည်။
ခေါင်းလျှော်ထားသောကြောင့် ရေစိုနေသည့် ဆံပင်ကို တပတ်ဖြင့်အုပ်ထား၏
အကိုကတော့ ပင်ပန်းနေလို့ လားမသိ။
ကုတင်ပေါ်တွင် အိပ်နေပြီ။
အကိုသည် ကုတင်တစ်ခုလုံးပေါ်တွင် ခြေပစ်လက်ပစ်အိပ်နေသောကြောင့် ကုတင်တစ်ခုလုံးပေါ်တွင် သူ့၏ခန္ဓာကိုယ် ချည့်သာ။
ထိုအချိန်တွင် စိုင်းအယ်၏ ဗိုက်မှ အသံတစ်သံထွက်လာလေသည်။
နေ့လည် လောက်က ပေါင်မုန်.ဆိုင်တွင် စိတ်ညစ်ညစ်ဖြင့် ပေါင်မုန့်အနည်းငယ်သာ စားဝင်ခဲ့။
ထို့ကြောင့် မိမိ၏ဗိုက်သည် မိမိကိုတော်လှန်ရေး စနေပြီ။
ညဆေးသောက်ရန်အတွက်လဲ စိုင်းအယ် အစာလိုသည်။
တော်သေးသည်မှာ အိမ်မှ မိမိနေ့တိုင်းသောက်နေသည့် ဆေးများကို အိပ်ကပ်ထဲထည့်၍ ယူခဲ့လိုက်ခြင်းသာ။
မုန့်အတွက် အကို့ ကိုနှိုးလိုက်ရင်သော် ကောင်းမလား။ဒါမှ မဟုတ်အဆာခံပြီး
နေရင်သော် ကောင်းမလား။
စိုင်းအယ် မဆုံးဖြတ်နိုင်တော့ပါ။
အကို့၏ နှစ်ခြိုက်စွာ အိပ်ပျော်နေသော မျက်နှာလေးကြောင့်စိုင်းအယ် အကို့ ကို မနှိုးရက်နိုင်။
ညသည်လည်း ၁၀နါရီ ခွဲပင် ရှိနေပြီ။
မတက်နိုင်တော့ပါ။
ပိုက်ဆံအနည်းငယ် ယူပြီး တစ်ခုခုဝယ်စားရန်
Hotelရှေ့က အလင်းဆိုင်လေးဆီ သွားတော့မည်။
ကောင်တာ ရှေ့ဖြတ်ချိန်တွင်
"ကလေး မိုးချုပ်နေပြီ ။ ဘယ်သွားမလို့လဲ။အကိုရော မပါဘူးလား။"
ဗိုက်အရမ်းဆာနေသောကြောင့် စိုင်းအယ် သိပ်စကားမပြောချင်ပါ။
ထို့ကြောင့်
"ဗိုက်ဆာလို့ မုန့်သွားဝယ် ချင်တယ်။
နောက်ကျနေတယ်ဆိုရင် အမလိုက်ပေးမလို့လား"
စိုင်းအယ်က ထိုအမ၏ မျက်နီာ အမူအယာ ကိုအကဲ ခက်ကြည့်သည်။
"ကိုယ်အလုပ်လုပ်တဲ့hotelက ကလေးပဲ လိုက်ပေးရမှာပေါ့။ အမduty ကလဲ
ပြီးသွားပြီ"
တမင် ရွဲ့၍ မေးလိုက်သော မေးခွန်းကို ထိုအမသည် အတည်ဟုပင် အဓိပ္ပါယ်ကောက်လိုက်၍
"လာ.. ကလေး သွားမယ်"
ထို စပ်ဆလူး ကောင်မလေးသည် စိုင်းအယ်ထက်သုံးနှစ်လောက်ပင် ကြီးမည် ဟု စိုင်းအယ်ထင်မိပါသည်။
စကားကို တိုတိုပြတ်ပြတ်ပြောလိုက်သောကြောင့် စိုင်းအယ်ကို ရိုင်းသည်ဟုစိတ်ထဲ၌ ထိုမိန်းကလေး ကျိန်ဆဲနေမိလိမ့်မည်။သို့သော် အကို့၏မျက်နှာကြောင့်သာ ခံစားချက် ကိုအပြင်သို့ ထုတ်မပြခဲ့။
စိုင်းအယ် သည် လူ အကဲခက်သိပ်တော်သည်။အကိုမှလွဲ၍ လူတိုင်းကို အကဲခက်တတ်သည်။
ထို့ကြောင့် ထိုမိန်းကလေး၏ စရိုက်ကို
သိနှင့်ထားလေပြီ။
"မောင်လေး ..မောင်လေးရဲ့ အကို့မှာ ချစ်သူရှိလား
မရှိရင် တို့နှင့်မိတ်ဆက်ပေးလေ"
တော်တော်ဆပ်ဆလူးထသည့်မိန်းမ ဟု စိတ်ထဲတွင် ကျိန်ဆဲမိသည်။
အမူအရာအဖြစ်လဲ မျက်စောင်းတစ်ချက်ဖြင့်ပြလိုက်သည်။
"အကိုမှာ ချစ်သူမရှိဘူး
ဒါပေမဲ့ မိန်းမနဲ့ကလေးရှိတယ်
ပြီးတော့ အကို့မှာတရားဝင် ယောကျာ်းတစ်ယောက်လဲရှိတယ်
အရင်မိန်းမနဲ့ မကွာရှင်းသေးဘဲနဲ့ နောက်ယောကျာ်းယူထားတာလေ
အရင်မိန်းမနဲ့က ကလေး သုံးမွှာပူးတောင်ရှိတာ။"
စိုင်းအယ်ဘဝတွင် မုသား တစ်ခါမှ မဆိုဖူးပါ။
အခုအကိုကြောင့် နှီးဘုရားတွင်တစ်ခါ၊ အခုတွင်တစ်ခါ နှစ်ကြိမ်မျှ မမုသားဆိုမလေ
ပြီ။
ဤ သို့ဆိုမိသည့်အတွက်လဲ စိုင်းအယ် တွင်အပြစ်ရှိသည်ဟု နည်းနည်းမျှ မခံစားရ။
အချစ်အတွက်ကြောင့်လုပ်ခဲ့သည်မို့ ငရဲလဲမကြီးနိုင်လောက်။
"အယ်!!!!မင်းအကိုက မထင်ရဘူးနော်
ရုပ်လေး သနားကမားနဲ့"
ချက်ချင်းမျက်နှာပျက်သွားသော ထိုမိန်းမ၏ မျက်နှာသည် စိုင်းအယ်အတွက်တော့ပျော်စရာလိုပင်။
မိမိကိုရှေ့ထားပြီး အကို့ ကို ပလူးပလာလာလုပ်သော ထိုမိန်းမကို ပါးစပ်ပိတ်သွားအောင် စိုင်းအယ် စကားကို ခပ်နာနာဖြင့်ပြောခဲ့လိုက်သည်။
ငွေရှင်းကောင်တာတွင်
"ဘယ်လောက်ကျလဲ"
"ငါးထောင့်ခုနစ်ရာ့ငါးဆယ်ပါခင်ဗျ"
"ရော..ခြောက်ထောင်ထားလိုက် ပြန်မအမ်းနဲ့"
စိုင်းအယ်၏ အိပ်ကပ်အတွင်းမှ တစ်သောင်းတန် အရွက်နှစ်ဆယ်ကို ခေါက်လျက်အတိုင်းထုတ်လိုက်ပြီး ထိုထဲမှ ခပ်နွမ်းနွမ်းတစ်ရွက်ကို ထုတ်ပေးလိုက်လေ
သည်။
ထိုအချိန်တွင် ဘေး့ခဍ္ဎဆနားရှိထိုမိန်းမသည် မျက်လုံးပြူးသွားလေသည်။
အကို မရလျှင် ညီ ယူမယ်ဆိုသည့်အကြည့်ဖြင့် စိုင်းအယ်ကိုကြည့်လေသည်။
ထိုသို့ကြည့်နေခြင်းကို စိုင်းအယ် ရိပ်မိသည်။
"စိုင်းအယ်တို့ ညီအကိုနှစ်ယောက်လုံးကချောတယ်နော့်"
"ညီ အကိုမဟုတ်ဘူးအမ
လင်မယားတွေပါ"
ထိုအမစိတ်ထဲတွင်စိုင်းအယ်တို့ကို ဘယ်လောက်ထိ ကျိန်ဆဲနေလိုက်မလဲ
မတတ်နိုင်ဘူးလေ။ ထိုမိန်းမကို က အကျင့်မကောင်းတာကိုး။
စိုင်းအယ်ပြုံးမိသည်။
မိမိသည် အကို့ ကို ထိုမိန်းမလက်ထဲက ကယ်နိုင်လို့ပင်မဟုတ်လား။
ထိုအချိန်တွင် အကိုရောက်လာကာ
"လွန်း.. အကိုက လိုက်ရှာနေတာ
အကိုနိုးတော့ လွန်းက ဘေးမှာမရှိဘူး
မုန့်စားချင်ရင်လဲ အကို့ကို မနှိုးလိုက်ဘူး"
ိုင်းအယ် က အကို့၏ လက်မောင်းကို ဖက်လိုက်သည်။
"ကျွန်တော်ကလေ.. အကိုပင်ပန်းထားတာကို သိလို့မနှိုးတာ
ညကျရင်လဲ ထပ်ပင်ပန်းရအုံးမယ်မဟုတ်ဘူးလား"
ထိုမိန်းမသည်စိုင်းအယ်ဆိုလိုချင်သည့်အဓိပ္ပါယ်ကိုသိသောကြောင့်နားတွေရဲလာကာ ရှက်အမ်းအမ်းဖြစ်ရလေသည်။
စိုင်းအယ်သည် ထိုမိန်းမ မိမိဘက်မြှားဦးလှည့်မလာခင် အရင်ရိုက်ချိုးလိုက်ခြင်းသာ။
စိုင်းအယ်ပြောသမျှကို နားမလည်သည်ကတော့ အကိုတစ်ယောက်သာ။
"အကို ဒီကအမကိုကျေးဇူးတင်လိုက်အုံး
ကျွန်တော့်ကိုလိုက်စောင့်ရှောက်ပေးတာ"
"ကျေးဇူးတင်ပါတယ်
ဒီက အကို့ညီလေးက အူတူတူ
အတတလေး တစ်ခုခုဆို လူဆိုးတွေ လက်ထဲ
ရောက်မသွားတာ ကံကောင်း"
ဘာမှ မသိဘဲ လလိုက်ဝင်ရောနေ
သောအကိုသည် တစ်မျိုးတော့ ချစ်ဖို့ကောင်းသည်။
သို့သော် ကျွန်တော့်ဘက်က အကို့အတွက် မျက်စောင်းတစ်ချက်သာ။
................................................
"ရတယ်လေ
ပါရင် ရေချိုးလိုက်လေ"
ရင့်ကျက်လွန်းသည်။
.....
နာရီဝက်လောက်ကြာသော်
စိုင်းအယ်သည် ရေချိုးခန်းထဲ မှ
နေရင်သော် ကောင်းမလား။
မတက်နိုင်တော့ပါ။
"ကလေး မိုးချုပ်နေပြီ ။ ဘယ်သွားမလို့လဲ။အကိုရော မပါဘူးလား။"
ထို့ကြောင့်
ပြီးသွားပြီ"
"လာ.. ကလေး သွားမယ်"
သိနှင့်ထားလေပြီ။
ပြီ။
ရုပ်လေး သနားကမားနဲ့"
ငွေရှင်းကောင်တာတွင်
"ဘယ်လောက်ကျလဲ"
သည်။
ထိုအချိန်တွင် ဘေ့းခဍ်ဎဆနားရှိထိုမိန်းမသည် မျက်လုံးပြူးသွားလေသည်။
"ညီ အကိုမဟုတ်ဘူးအမ
လင်မယားတွေပါ"
စိုင်းအယ်ပြုံးမိသည်။
"ကျေးဇူးတင်ပါတယ်
................................................