"စိုင်းအယ်လွန်း"
ရိုးရှင်းလှသည့် အသက်ငယ်ငယ်ကောင်လေးတစ်ဦး။
လောကကြီး ကို စိတ်ကုန်နေသူ အတွက်တော့ အရာ အားလုံးသည် ပျင်းစဖွယ် ကောင်း၏။
ထိုသို့ ခြောက်ကပ်နေသော
ဘဝထဲ သို့ အမှတ်မထင် ဝင်လာသော အကိုသက်ပိုင်။
အကို ဟာ စိုင်းအယ်အတွက် အလင်းရောင် ဖြစ်မလား (ဒါမှ မဟုတ်)
မှောင်မိုက် ခြင်းလား။
သေချာသည်ကတော့
ကိုယ် က မြတ်နိုးမိသည် ဖြစ်၍
အကို ဟာ အကိုပါပဲ။
အလင်းဖြစ်စေ
အမှောင် ဖြစ်စေ
ဘယ်လို လူမျိုးပဲဖြစ်နေပါစေ
စိုင်းအယ်အတွက်တော့
ချိုမြိန်၏။
အကြောင်းပြချက်မရှိ
သံယောဇဥ်တွယ်တာမိပါသော အကို..
ဒီလူသားလေး ကျွန်တော်
သည် အကို ကို့ သိပ်မြတ်နိုးမိသည်.....။
ကျွန်တော်နှင့်အကိုသည် အခုဆို သိပ်ရင်းနှီးနေပြီဖြစ်သည်။
အကိုက ကျွန်တော်နှင့်ပတ်သက်လျှင်
တစ်ခါတစ်လေ ခံစားချက်တွေ ရှုပ်ထွေးသွားတက်ပေမဲ့
ကျွန်တော်က တော့ ယခင်အတိုင်းအကို့အပေါ် ခံစားချက်တွေ မပြောင်းလဲခဲ့ပါ။
အကို့သည် သိပ်ကို ချော၏။
အကိုဟု တွေးမိယုံနှင့်ပင်
အကို့၏ကိုယ်သင်းနံအစ အကို၏ အနည်းငယ်ရှည်လျားသည့် ဆံနွယ်လေးတွေအဆုံး
အရာ အားလုံးကို ကျွန်တော် ငေးမောခဲ့ရသည်။
ကျွန်တော်သည် အကို့အတွက်နှင့်ရူးခဲ့ရသည့် အချစ်ရူးလေးတစ်ယောက်သာ။
ထိုသို့ရူးခဲ့ရ ခြင်းသည် အကိုက မြူစွယ်ခဲ့၍
မဟုတ်
ကျွန်တော်ကိုယ်တိုင် စိတ်လိုလက်ရ အရှုံးပေးခဲ့မိခြင်း။
...............................................................
"လွန်း လာပြီလား
ချောကလက်ပူပူလေးသောက်မလား
အကို ဆိုင်မှာ ချောကလက်ပူပူလေးကို menuအသစ်အဖြစ် တင်ပေးထားတယ်"
စားပွဲခုံကို ဖုန်သုတ်နေသော အကို။
ကျွန်တော် သူ့ဆိုင်ကိုလာတာ
သူ့ကို အလုပ်များသွားစေတယ်ထင်၏။
အကိုက ပြာယာခက်လို့။
"ဟုကဲ့အကို
ကျွန်တော့်ကို အဲ့ဒါလေးတစ်ခွက်လောက်"
အလုပ်တွင် တိကျမှု့ရှိသော အကို။
အကိုက ဆံပင်ညှပ်ထားပြီး
ဆံပင်ကို
ဆီဖြင့် သပ်သပ်ရပ်ဖိထား၏။
အရင်လို ငေးမှိုင်နေခြင်းမရှိတော့ပဲ
လန်းဆန်းနေသည်။
သို့သော် တစ်ခုပဲ..
အဲ့ဒီ ဝမ်းနည်းနေသည့် မျက်ဝန်းများသည် ယခင်ကလိုပင် ကျန်ရှိနေသေးသည်။
အကိုက ယောကျာ်း
ပီသ သည်ဟု စိုင်းအယ်ထင်မိသည်။
အကို၏ မဖြူမမဲ လက်ကလေးက ချောကလက်ပူပူလေး ထည့်နေသည့်ပုံမှာ သိပ်ကိုခန့်ညားလှသည်။
"လွန်း.. ကော်ဖီမကြိုက်ဘူးလား"
"ဟုကဲ့
ကျွန်တော် မကြိုက်ဘူး
ဒါပေမဲ့ အကို့ လို ကော်ဖီဆိုင်လေးတော့ဖွင့်ချင်တယ်။"
"လွန်းက အကိုသိတဲ့လူတစ်ယောက်နဲ့သိပ်တူတာပဲ။"
ထိုအချိန်တွင် အကို့ ၏ နှုတ်ခမ်းမျာအပြုံးလေးတစ်ခု။ပြုံးယုံလေးသာ ပြုံးခြင်း။
"အကို ကျွန်တော် ကော်ဖီဆိုင်ထဲမှာ ဓာတ်ပုံရိုက်လို့လား"
"အွန်း
လွန်းအဆင်ပြေသလိုသာနေ
အကို တစ်ခြားလူတွေကို ကော်ဖီဖျော်ပေးလိုက်အုံးမယ်"
"ဟုတ်ကဲ့"
"ဒါနဲ့ လွန်း
လွန်းက အကို့ကြောင့်ဖျားတာဆိုတော့ လွန်း ဘာလိုချင်လဲ။
ဘာလုပ်ချင်လဲ
အကို့ ကိုပြော
အကို အားလုံးတတ်နိုင်သလောက်လိုက်လျောပေးမယ်။"
လွန်းက အနည်းငယ်တွေဝေသွားကာ
"အဲ့ဒါဆို
အကို ကျွန်တော် ပြင်ဦးလွင်မြို့ကို
လျှောက်ပတ်ချင်တယ်
အကို လိုက်ပို့ပေးပါ့လားဟင်..."
အကို က တော်တော်ကြာတဲ့ ထိ ငြိမ်သက်သွားသည်။
ထို့နောက် ခပ်အေးအေး အသံတစ်ခု။
"အင်း..
အကို အပြင်မထွက်တာ ငါးနှစ်လောက်ရှိပြီဒါပေမဲ့... အကို လိုက်ပို့ပေးမယ်။"
စိုင်းအယ် ၏ မျက်ဝန်းများသည် ဝင်းလက်သွား၏။
"ကျေးဇူးပါအကို"
"ရပါတယ်..လွန်း.."
စိုင်းအယ်က ပြုံလိုက်သည်။
"အမသံစဥ်တောင်ဆိုင်ရောက်လာပြီပဲ"
အကိုက မျက်မှောင်ကြုတ်ကာ
"သံစဥ်ရေ.. အလုပ်ချိန်နောက်ကြတယ်နောကော်ဖီစေ့တွေရွေးထားလိုက်"
နေရာတွင်ပဲ သံစဉ် ကြောင်၍ အကို့ ကို ငေးမိသည်။အကိုဟာ အရင်လို မဟုတ်တော့ပဲ
သပ်သပ်ရပ်ရပ်ဖြင့်ပြောင်းလဲသွားခဲ့ပြီ။
"ဟုကဲ့ အကိုသက်ပိုင်"
စိုင်းအယ်က
ကလေးတစ်ယောက်လို မြူးကြွကာကော်ဖီ
စေ့ရွေးနေသော အမသံစဉ်၏ ဘေးနားရှိ ထိုင်ခုံတွင် ထိုင်လိုက်၏။
"အမသံစဥ်.. ကျွန်တော့်ကိုလေ အကို့ အကြောင်းလေးပြောပြပေးပါလားဟင်"
"စိုင်းအယ်သိ ချင်လို့လား"
"ဟုကဲ့ ကျွန်တော်အကိုနဲ့ပတ်သတ်တဲ့အရာ အားလုံးကို သိချင်တယ်"
အမသံစဉ်က ကော်ဖီစေ့ရွေးရင်း
"အကိုက လေ
ကော်ဖီဆိုင်က မထွက်တာ ငါးနှစ်လောက်ရှိပြီ။
နည်းနည်း ထူးဆန်းတယ်မလား
အကိုပြောတာတော့ သူက ကော်ဖီဆိုင်လေးမှာ ပိတ်မိနေတာတဲ့
သူလိုအပ်တဲ့ပစ္စည်းတွေဆို အမနဲ့ အကိုငှား ထားတဲ့ ပစ္စည်းဝယ်သမားလေးက ဝယ်ပေးရတာ
နောက်ပြီး အကိုက
ကော်ဖီဆိုင်အပေါ်ထပ်က သူ့အခန်းကို ဘယ်သူမှ မဝင်ခိုင်းဘူး။
ဒါပေမဲ့ အခု ကြည့်လိုက်။
အကိုကအရင်နဲ့မတူတော့ဘူး။
လန်းလန်းဆန်းဆန်း ပိုဖြစ်လာတယ်။
ဒီလိုပြောင်းလဲတာကိုလဲ အမ သဘောကျပါတယ်။ ဒါပေမဲ့အရမ်းမြန်နေတာလားလို့။
စိုင်းအယ်မေ့လဲတုံန်းကဆို ကော်ဖီဆိုင်ရှေ့ကလွဲ လို့ ငါးနှစ်လုံးလုံး အပြင်မထွက်ခဲ့တဲ့အကိုက လမ်းတစ်ဖက်ကို ကျော်ပြီး စိုင်းအယ်ဆီ ပြေးသွားတာ အမဖြင့်
အံတောင်သြတယ်"
"အွန်း
အကိုက ကျွန်တော့်ကို ညီအရင်းတစ်ယောက်လိုချစ်တယ်လို့တော့ပြောဖူးတယ်"
"လွန်း cameraကြီးနဲ့ပဲ။
ဓာတ်ပုံရိုက်တတ်တာလား။အမကိုရော ဓာတ်ပုံရိုက်ပေးလို့ရလား။"
"ဟုကဲ့ အမ။"
"စိုင်းအယ် ရိုက်ပေးရင် ပုံလှလှလေး ထွက်မာပဲနော်"
"ဟာ.. မမနော် ကျွန်တော့်ကိုမြှောက်ပြောနေတာပဲ
မမ ခေါင်းလေး နဲနဲ အပေါ်မော့ပေးအုံး..
ရပြီ... ငြိမ်ငြိမ်နေတော့နော်....
စရိုက်ပြီ... 1..2... 3.."
"စိုင်းအယ် မမပုံလေးပြအုံး"
စိုင်အယ်က အမသံစဉ်၏ လက်ထဲ သို့
Camera ထည့်ပေးလိုက်သည်။
"လှလိုက်တာ "
"အမ ကြိုပ်ရင် ပြီးတာပါပဲဗျာ.."
စိုင်းအယ် က မိမိကြောင့် သူ တစ်ပါးပျော်သွားလျှင် သူတို့ထက် နှစ် ဆ ပျော်တတ်သည်။
"ဟမ်.. နောက်မှာ အကို့ပုံတွေရောပဲလား
စိုင်းအယ် ခိုးရိုက်ထားတာမလား"
စိုင်းအယ် အနည်းငယ်လန့်သွား၏။
သွားပြီ.... လူမိသွားပြီ...ဒုက္ခပါပဲ...။
အမသံဉ်က ပြုံးကာ
"စိုင်းအယ် မမ ရှင်းရှင်းပဲမေးမယ်နော်
အကိုနဲ့တွဲနေတာ လား"
စိုင်းအယ် အတင်းခေါင်းခါ ကာ
"အာ...မဟုတ်ပါဘူး။ ကျွန်တော်တို့က ရိုးရိုးသားသားလေးပါ"
အမသံစဉ်က မျက်ခုံးပင့်ရင်း
"မဟုတ်ဘူး စိုင်းအယ် အကိုက ပြောင်းလဲတာမြန်နေတယ်။
အကိုက စိုင်းအယ်ကိုကြိုက်နေတာလားဟင်..
မမ ကိုယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်လို့ရတယ်နော်...."
စိုင်းအယ်၏ မျက်နှာသည် ပူထူနေပြီ။
"အမ ရယ်.. အကို ကတဲ့လား
မဖြစ်နိုင်ဘူး ..ထင်တယ်နော်"
"အဲ့ဒါဆို စိုင်းအယ်က အကို့ ကိုလား"
စိုင်းအယ် ၏မျက်နှာတွေသည်ရဲတက်နေပြီ။
အမသံစဉ်ကတော့ ခပ်အေးအေး။
"အမ ထင်နေတာ ဟုတ်တာပဲ
စိုင်းအယ်က အကို့ ကို ချစ်နေတာ မလား"
စိုင်းအယ် မငြင်းနိုင်တော့ပါ။
အစက ငြင်းမည် ဟုဆုံးဖြတ်ထားသော်လည်း ခန္ဓာကိုယ်က ငြင်းမရအောင် သက်သေလိုပင်ဖြစ်နေပြီ။
ထပ်ငြင်းနေ ရင် လည်း
ခိုးရာပါ ပပစ္စည်းနှင့်အတူမိထာသောသူခိုးသည်
ကျွန်တော် သူခိုးမဟုတ်ဟု ငြင်းနေသလိုပင်။
ထို့ကြောင့် ဝန်ခံရန် ဆုံးဖြတ်လိုက်လေသည်။
စိုင်းအယ်က ရှက် အမ်းအမ်းမျက်နှာလေးဖြင့်ခေါင်းလေးငုတ်သွားကာ
"ဟုတယ်အမသံစဥ်"
ထိုအချိန်တွင်အမသံစဥ်သည် ဂုဏ်ယူဝံကြွားသော မျက်နှာဖြင့်
"မမ မှန်းရင်လွဲခဲတယ် ငါ့မောင်"
"ဗျာ...."
"ကဲကဲ..ဗျာမနေ နဲ့တော့ အမ ကူညီပေးမယ်။
အမကိုယုံလိုက်။
အကို့ဘက်ကအခြေအနေကရော ဘယ်လိုလဲ။"
"အကိုကတော့ ကျွန်တော့်ကို
ညီအရင်းတစ်ယောက်လိုချစ်တာတဲ့"
"အမ ထင်တာက အကိုက သူ့ခံစားချက်ကို မကွဲနေတာထင်တယ်။
အမ တတ်နိုင်သလောက်ကူညီမယ်လေ။
အကို့ လုပ်ရပ်တွေအရဆို သေချာတယ်
အကိုကစိုင်းအယ်ကို ချစ်မိနေတာ သေချာတယ် မလွဲဘူး။"
"ဗျာ..."
"စိုင်းအယ်နောက်လှည့်မကြည့် နဲ့နော် အကိုက စိုင်းအယ်ကိုကြည့်နေတယ်"
"ဟုလား အမ"
"အင်း"
သုခဘုံလေး
အကိုနှင့်ကျွန်တော် သိခဲ့သည်မှာ တစ်လ ပင်ကျော်တော့မည်။
မနက်တိုင်း ကျွန်တော် သည်လည်း ကော်ဖီ ဆိုင်ကိုသာသွားပြီး ည ဆိုင်ပိတ်ချိန်မှ အိမ်ပြန်လာတတ်သည်။
"အကို မနက်ဖြန်တော့ မိုးမရွာလောက်ဘူး
ဒီနေ့တောင် နေ့လည်လောက်က မိုးမရွာတော့ဘူး
မနက်ဖန်ကျွန်တော့်ကို အလည်လိုက်ပို့"
"ဟုကဲ့ပါ ခင်ဗျာ... လွန်းသဘော
အခုက မိုးရွာသီဆိုတော့ လွန်း ကျန်းမာရေးဂရုစိုက်နော်"
"အကိုက စိတ်ပူတာလားဟင်"
အကို က စိုင်းအယ်၏ ခေါင်းကို ခပ်ဖွဖွလေးကိုင်လိုက်ပြီး
"စိတ်ပူတာပေါ့
အကို့မှာစိတ်ပူစရာဆိုတော့ လွန်းပဲရှိတာလေ"
စိုင်းအယ်က ပြုံးလိုက်သည်။
"လွန်း.. လွန်းပြုံးရင် သိပ်လှတာပဲကွယ်
အကိုက လွန်းပြုံးတာကို တစ်ခါမှ မမြင်ဖူးဘူး"
"အဲ့ဒါဆို ကျွန်တော် အမြဲတမ်း အကို့ ကိုပြုံးပြပေးမယ်လေ"
"လွန်း..ပြုံးပြ တာကကောင်းပေ မဲ့ စိတ်ပါမှ ပြုံးနော် ။ မဟုတ်ရင် အပြုံးက မလှပဲနေမှာပေါ့။"
"အဲ့ဒါဆို တစ်ကယ် စိတ်ပါမှပြုံးပြရမယ်ပေါ့"
သက်ပိုင်သည် ဤ ခံစားချက်သိပ်မရှိတဲ့ကောင်လေးအတွက် စိတ်မကောင်းပါ။ဘာကြောင့်များ အရွယ်နှင့်မလိုက်အောင်ပင် ခံစားချက် မဲ့လွန်းနေသလဲ မသိ။
"လွန်း.. လွန်း နောက်ဆုံးပျော်ခဲ့တာ ဘယ်တုန်းကလဲဟင်။"
"ခုနကလေ"
"မဟုတ်ဘူးလေ.. အဲ့ဒီအရင်ကရော?"
စိုင်အယ်က လွယ်လွယ်သဘောပေါက်ကာ
"လွန်ခဲ့တဲ့သုံးနှစ်က ဖေဖေ ဆုံးတဲ့ အချိန်က ထင်တယ်"
"အို...လွန်းရယ်..."
အကိုက စိုင်းအယ်ကို သူရင်ခွင့်ထဲ
ထည့်၍ ကျောလေးကို ပုတ်ပေး၍ နှစ်သိမ့်ပေးသည်။
အကိုရဲ့ရင်ခွင်က နွေဦးလေး လို နွေးထွေးသည်။
အကိုရဲ့ ကိုယ်သင်းနံ့လေးကလဲ စွဲမက်စရာ။
အိုကွယ်.. အကိုရဲ့ချော့မြူသံလေးမှလဲ ရုန်းမထွက်နိုင်ခဲ့။
တစ်ကယ်တော့ မရုန်းထွက်ခဲ့ချင်တာပါ။
ဒုတ်...ဒုတ်...
အကို့ရဲ့ ကြိမ်နှုန်းမှန်မှန်ဖြင့် ခုန်နေသည့်
နှလုံးခုန်သံလေးကို မည်သည့်တေးသီချင်းများက လိုက်မှီနိုင်အံ။
.........................................................
ညတွင် စိုင်းအယ်အိပ်မပျော်တော့ပါ။
မနက်ဖန်အတွက်ရင်ခုန်လှပါသည်။
သို့သော် ပုံမှန်အတိုင်းမှတ်စုရေးဆဲပါ။
မှတ်စုရေးမည်ကြံတိုင်းအကို့အကြောင်းသည် သာခေါင်းထဲရောက်လာသည်။
တစ်ခြားဘယ်အကြောင်းကို မှ
မစဥ်းစားနိုင်။
အချစ်ဦးမို့ ရူးခဲ့သည်များ
ဖြစ်နေတာလားမသိတော့။
မှတ်စု စာအုပ်တွင်လည်း အကို့အကြောင်းများပြည့်နှက်နေသည်။
စိုင်းအယ်သည် မိမိကိုယ်ကို အကို
ချစ်သော အကို့ကောင်လေးအဖြစ်
စိတ်ကူးယာဥ်ကြည့်ဖူးသည်။
သေချာသည်ကတော့...
အကို့ကို ထွက်မသွားနိုင်အောင် စိုင်းအယ့်၏ အချစ်ထဲတွင် ပိတ်နှောင်ထားမိမှာတော့အသေအချာပင်။
တစ်ကယ်တော့ စိုင်းအယ်သည် စိတ်ကူးယဥ်ဆန်တတ်သည့်
လူသားလေး တစ်ယောက်
ပင်မဟုတ်လော။
ညတာသည်ကို သိပ်ရှည်လှ၏။
မနက်ဖန် အကို့နှင့်လျောက်လည်ဖို့ အိပ်မှ ဖြစ်မည်။
သို့မှသာ လန်းဆန်းနေမည်မဟုတ်လား။
....................................................................
စိုင်းအယ်သည် ပုံမှန်အတိုင်းမနက်၆နာရီတွင်အိပ်ယာပေါ်မှဆင်း
သည်။
တစ်ကယ်တော့ မနေ့ညကတည်းက တစ်ရေးမှမအိပ်ရသေး။
ေရနွေးနွေးသည် စိုင်းအယ်၏ ခန္ဓာ
ကိုယ်ကို လန်းဆန်းစေသယောင် ခံစားရ၏။
သို့သော်မှန်ကြည့်လိုက်သောအခါ..
နေမကောင်းဖြစ်ထားသောကြောင့်
စိုင်းအယ်သည် ကိုယ့်ကို ကို မသာ တစ်ကောင်နှင့်တူသည်ဟုပင်ကောက်ချက်ချလိုက်ရသည်။
မိဘ များက ရှမ်းနှင့်တရုတ်ဖြစ်၍
ဖြူစွပ်စွပ်အသားရေသည် မိဘတို့၏ အမွေပင်။
ထို့ကြောင့် ခါတိုင်းလိုပင် နှုတ်ခမ်းတွင်အရောင်တင်နေဆဲ။
စတစ်အကျီအဖြူနှင့် တိုက်ပုံလေး ကို ပုဂံ မှ ယူဆောင်လာမိတဲ့ မိမိကိုယ်ကို အတွက် ကျေးဇူးတင်မဆုံးပါ။
ထိုအကျီအဖြူလေးသည်ပုဆိုးပြာပြာလေးနှင့်သိပ်ကိုလိုက်ဖက်
မည် ဟု စိုင်းအယ်ထင်မိပါသည်။
ထို့ကြောင့် တုံ့ဆိုင်းမနေတော့ပဲ ကောက်ဝတ်လိုက်လေသည်။
ထို့နောက် ကင်မရာလေးကို လည်ပင်း၌ ချိတ်၍ အောက်ထပ်သို့ဆင်းခဲ့ပါသည်။
ကြီးကြီးဆွေက
"သား သနပ်ခါးလိမ်းပါ့လား ကြီးဆွေမှာ ရွှေပြည်နန်းဘူး ရှိတယ်"
စိုင်းအယ် က အရေးကြီးဟန်ဖြင့်
"တော်ပြီ ကြီးဆွေ။ အကို အပြင်ဘက်မှာ ရောက်နေပြီ"
"မနက်စာ မစားပဲ အပြင်မသွားရဘူး စိုင်းအယ်"
ကြီးဆွေ ၏ အသံမာမာကြောင့် အမိန်ကို စိုင်းအယ် မလွန်ဆန်နိုင်ပါ။
ထို့ကြောင့်
စားပွဲပေါ်ရှိ ပန်းကန်ပြားပေါ်မှ ပါမုန့်တစ်လုံးကို ပါးစပ်ထဲ၌ ကိုက်၍
"ကြီးဆွေ သား သွားပြီ။"
"ဟယ်....ထိုင် မစားပဲနဲ့ ဘာလုပ်...
ဟော... ဒီကလေးတော့
စကားတောင် ဆုံးအောင် နားမထောင်သွားဘူး
ဒီကလေးလေး ပြင်ဦးလွင်ရောက်မှ လန်းဆန်းလာတယ်
ကလေးရဲ့ မာမီ ဆိုတဲ့ဟာနဲ့ သူအကိုကလဲ ကလေးရဲ့ မွေးနေ့တောင်ရောက်မလာပေးကြဘူး။
ဘယ်လိုမိသားစုတွေလဲမသိဘူး"
အိမ်တံခါး ဖွင့်လိုက်သောအခါ
အကိုသည် တံခါးကို နောက်ကျော ပေး၍ ရပ်နေလေသည်။
အကို့၏ နောက်ကျောလေးသည် သိပ်လှပလွန်း၏။
"အကို...."
စိုင်းအယ်၏ ခေါ်သံကို ကြားသည့်နှင့်တစ်ပြိုင်နက် အကိုသည် စိုင်းအယ်ဘက်လှည့်လာကာ
"အော်... လွန်း အကိုက အိမ်ထဲဝင်လာ တော့မလို့ လုပ်နေတာ.."
အကိုသည် အနက်ရောင် ကော်လံလက်ရှည်နှင့် မွန်ပုဆိုးတို့ကို တွဲဖက်၍ ဝတ်ထားလေသည်။
အနက်ရောင်ကြောင့်
အကို့၏ မဖြူမမဲအသားလေးသည် ဖြူသယောင် ပင်ဖြစ်သည်ဟု
ထင်ရသည်။
အကိုက ကျွန်တော့်ကို ပြုံးပြကာ
"လွန်း.. လာတော့ ...
အကိုကလေ လွန်းကို လိုက်ပို့ပေးဖို့ ဆိုင်ကယ်မရှိဘူး။အဲ့ဒါကြောင့်အရင်တစ်ပတ်က မှဝယ်လိုက်ရတာ။
အဲ့ဒါကို မနေ့ညကမှ ဆိုင်ကယ်က
ရောက်လာတဲ့။
အကိုဖြင့် ဆိုင်ကယ် မရောက်တော့ဘူးလို့တောင်ထင်နေတာ။
တော်သေးတယ် ရောက်လာေပလို့။
အကို အပြင်မထွက်တာကြာပြီဆိုတော့ ဆိုင်ကယ်မလို လို့ ဝယ်မထားဘူးလေ။
သူများဟာ ငှားရ ရင်လဲ တစ်ခုခုဖြစ်ရင်
ယူရမည့် တာဝန်က မသေးဘူး မဟုတ်
လား.."
"အကိုရယ်.. ကျွန်တော်ကြောင့် ဒုက္ခများသွားရင် တောင်းပန်ပါတယ်အကို.."
"လွန်း.. အကိုကလေ တောင်းပန်နေတာ ကိုမကြိုက်ဘူး။ အကို့နဲ့လွန်းကြားမှာ တောင်းပန်တာမရှိရဘူးလေ။"
"ဟုကဲ့အကို တောင်းပန်ပါတယ်။"
"လွန်း.. အဲ့စကားကြီးပါပြန်ပြီလား"
"အဲ့ဆို မတောင်းပန်တော့ဘူးနော့်"
"မတောင်းပန်ပါနဲ့ ညီ"
.........
သာ သာသည် စင်ဒတွဲလား တစ်ယောက်သာ။
"စိုင္းအယ္လြန္း"
ရိုးရွင္းလွသည့္ အသက္ငယ္ငယ္ေကာင္ေလးတစ္ဦး။
ေလာကႀကီး ကို စိတ္ကုန္ေနသူ အတြက္ေတာ့ အရာ အားလုံးသည္ ပ်င္းစဖြယ္ ေကာင္း၏။
ထိုသို႔ ေျခာက္ကပ္ေနေသာ
ဘဝထဲ သို႔ အမွတ္မထင္ ဝင္လာေသာ အကိုသက္ပိုင္။
အကို ဟာ စိုင္းအယ္အတြက္ အလင္းေရာင္ ျဖစ္မလား (ဒါမွ မဟုတ္)
ေမွာင္မိုက္ ျခင္းလား။
ေသခ်ာသည္ကေတာ့
ကိုယ္ က ျမတ္နိုးမိသည္ ျဖစ္၍
အကို ဟာ အကိုပါပဲ။
အလင္းျဖစ္ေစ
အေမွာင္ ျဖစ္ေစ
ဘယ္လို လူမ်ိဳးပဲျဖစ္ေနပါေစ
စိုင္းအယ္အတြက္ေတာ့
ခ်ိဳၿမိန္၏။
အေၾကာင္းျပခ်က္မရွိ
သံေယာဇဥ္တြယ္တာမိပါေသာ အကို..
ဒီလူသားေလး ကြၽန္ေတာ္
သည္ အကို ကို႔ သိပ္ျမတ္နိုးမိသည္.....။
ကြၽန္ေတာ္ႏွင့္အကိုသည္ အခုဆို သိပ္ရင္းႏွီးေနၿပီျဖစ္သည္။
အကိုက ကြၽန္ေတာ္ႏွင့္ပတ္သက္လွ်င္
တစ္ခါတစ္ေလ ခံစားခ်က္ေတြ ရႈပ္ေထြးသြားတက္ေပမဲ့
ကြၽန္ေတာ္က ေတာ့ ယခင္အတိုင္းအကို႔အေပၚ ခံစားခ်က္ေတြ မေျပာင္းလဲခဲ့ပါ။
အကို႔သည္ သိပ္ကို ေခ်ာ၏။
အကိုဟု ေတြးမိယုံႏွင့္ပင္
အကို႔၏ကိုယ္သင္းနံအစ အကို၏ အနည္းငယ္ရွည္လ်ားသည့္ ဆံႏြယ္ေလးေတြအဆုံး
အရာ အားလုံးကို ကြၽန္ေတာ္ ေငးေမာခဲ့ရသည္။
ကြၽန္ေတာ္သည္ အကို႔အတြက္ႏွင့္႐ူးခဲ့ရသည့္ အခ်စ္႐ူးေလးတစ္ေယာက္သာ။
ထိုသို႔႐ူးခဲ့ရ ျခင္းသည္ အကိုက ျမဴစြယ္ခဲ့၍
မဟုတ္
ကြၽန္ေတာ္ကိုယ္တိုင္ စိတ္လိုလက္ရ အရႈံးေပးခဲ့မိျခင္း။
...............................................................
"လြန္း လာၿပီလား
ေခ်ာကလက္ပူပူေလးေသာက္မလား
အကို ဆိုင္မွာ ေခ်ာကလက္ပူပူေလးကို menuအသစ္အျဖစ္ တင္ေပးထားတယ္"
စားပြဲခုံကို ဖုန္သုတ္ေနေသာ အကို။
ကြၽန္ေတာ္ သူ႕ဆိုင္ကိုလာတာ
သူ႕ကို အလုပ္မ်ားသြားေစတယ္ထင္၏။
အကိုက ျပာယာခက္လို႔။
"ဟုကဲ့အကို
ကြၽန္ေတာ့္ကို အဲ့ဒါေလးတစ္ခြက္ေလာက္"
အလုပ္တြင္ တိက်မႈ႕ရွိေသာ အကို။
အကိုက ဆံပင္ညွပ္ထားၿပီး
ဆံပင္ကို
ဆီျဖင့္ သပ္သပ္ရပ္ဖိထား၏။
အရင္လို ေငးမွိုင္ေနျခင္းမရွိေတာ့ပဲ
လန္းဆန္းေနသည္။
သို႔ေသာ္ တစ္ခုပဲ..
အဲ့ဒီ ဝမ္းနည္းေနသည့္ မ်က္ဝန္းမ်ားသည္ ယခင္ကလိုပင္ က်န္ရွိေနေသးသည္။
အကိုက ေယာက်ာ္း
ပီသ သည္ဟု စိုင္းအယ္ထင္မိသည္။
အကို၏ မျဖဴမမဲ လက္ကေလးက ေခ်ာကလက္ပူပူေလး ထည့္ေနသည့္ပုံမွာ သိပ္ကိုခန့္ညားလွသည္။
"လြန္း.. ေကာ္ဖီမႀကိဳက္ဘူးလား"
"ဟုကဲ့
ကြၽန္ေတာ္ မႀကိဳက္ဘူး
ဒါေပမဲ့ အကို႔ လို ေကာ္ဖီဆိုင္ေလးေတာ့ဖြင့္ခ်င္တယ္။"
"လြန္းက အကိုသိတဲ့လူတစ္ေယာက္နဲ႕သိပ္တူတာပဲ။"
ထိုအခ်ိန္တြင္ အကို႔ ၏ ႏႈတ္ခမ္းမ်ာအၿပဳံးေလးတစ္ခု။ၿပဳံးယုံေလးသာ ၿပဳံးျခင္း။
"အကို ကြၽန္ေတာ္ ေကာ္ဖီဆိုင္ထဲမွာ ဓာတ္ပုံရိုက္လို႔လား"
"အြန္း
လြန္းအဆင္ေျပသလိုသာေန
အကို တစ္ျခားလူေတြကို ေကာ္ဖီေဖ်ာ္ေပးလိုက္အုံးမယ္"
"ဟုတ္ကဲ့"
"ဒါနဲ႕ လြန္း
လြန္းက အကို႔ေၾကာင့္ဖ်ားတာဆိုေတာ့ လြန္း ဘာလိုခ်င္လဲ။
ဘာလုပ္ခ်င္လဲ
အကို႔ ကိုေျပာ
အကို အားလုံးတတ္နိုင္သေလာက္လိုက္ေလ်ာေပးမယ္။"
လြန္းက အနည္းငယ္ေတြေဝသြားကာ
"အဲ့ဒါဆို
အကို ကြၽန္ေတာ္ ျပင္ဦးလြင္ၿမိဳ႕ကို
ေလွ်ာက္ပတ္ခ်င္တယ္
အကို လိုက္ပို႔ေပးပါ့လားဟင္..."
အကို က ေတာ္ေတာ္ၾကာတဲ့ ထိ ၿငိမ္သက္သြားသည္။
ထို႔ေနာက္ ခပ္ေအးေအး အသံတစ္ခု။
"အင္း..
အကို အျပင္မထြက္တာ ငါးႏွစ္ေလာက္ရွိၿပီဒါေပမဲ့... အကို လိုက္ပို႔ေပးမယ္။"
စိုင္းအယ္ ၏ မ်က္ဝန္းမ်ားသည္ ဝင္းလက္သြား၏။
"ေက်းဇူးပါအကို"
"ရပါတယ္..လြန္း.."
စိုင္းအယ္က ၿပဳံလိုက္သည္။
"အမသံစဥ္ေတာင္ဆိုင္ေရာက္လာၿပီပဲ"
အကိုက မ်က္ေမွာင္ၾကဳတ္ကာ
"သံစဥ္ေရ.. အလုပ္ခ်ိန္ေနာက္ၾကတယ္ေနာေကာ္ဖီေစ့ေတြေ႐ြးထားလိုက္"
ေနရာတြင္ပဲ သံစဥ္ ေၾကာင္၍ အကို႔ ကို ေငးမိသည္။အကိုဟာ အရင္လို မဟုတ္ေတာ့ပဲ
သပ္သပ္ရပ္ရပ္ျဖင့္ေျပာင္းလဲသြားခဲ့ၿပီ။
"ဟုကဲ့ အကိုသက္ပိုင္"
စိုင္းအယ္က
ကေလးတစ္ေယာက္လို ျမဴးႂကြကာေကာ္ဖီ
ေစ့ေ႐ြးေနေသာ အမသံစဥ္၏ ေဘးနားရွိ ထိုင္ခုံတြင္ ထိုင္လိုက္၏။
"အမသံစဥ္.. ကြၽန္ေတာ့္ကိုေလ အကို႔ အေၾကာင္းေလးေျပာျပေပးပါလားဟင္"
"စိုင္းအယ္သိ ခ်င္လို႔လား"
"ဟုကဲ့ ကြၽန္ေတာ္အကိုနဲ႕ပတ္သတ္တဲ့အရာ အားလုံးကို သိခ်င္တယ္"
အမသံစဥ္က ေကာ္ဖီေစ့ေ႐ြးရင္း
"အကိုက ေလ
ေကာ္ဖီဆိုင္က မထြက္တာ ငါးႏွစ္ေလာက္ရွိၿပီ။
နည္းနည္း ထူးဆန္းတယ္မလား
အကိုေျပာတာေတာ့ သူက ေကာ္ဖီဆိုင္ေလးမွာ ပိတ္မိေနတာတဲ့
သူလိုအပ္တဲ့ပစၥည္းေတြဆို အမနဲ႕ အကိုငွား ထားတဲ့ ပစၥည္းဝယ္သမားေလးက ဝယ္ေပးရတာ
ေနာက္ၿပီး အကိုက
ေကာ္ဖီဆိုင္အေပၚထပ္က သူ႕အခန္းကို ဘယ္သူမွ မဝင္ခိုင္းဘူး။
ဒါေပမဲ့ အခု ၾကည့္လိုက္။
အကိုကအရင္နဲ႕မတူေတာ့ဘူး။
လန္းလန္းဆန္းဆန္း ပိုျဖစ္လာတယ္။
ဒီလိုေျပာင္းလဲတာကိုလဲ အမ သေဘာက်ပါတယ္။ ဒါေပမဲ့အရမ္းျမန္ေနတာလားလို႔။
စိုင္းအယ္ေမ့လဲတုံန္းကဆို ေကာ္ဖီဆိုင္ေရွ႕ကလြဲ လို႔ ငါးႏွစ္လုံးလုံး အျပင္မထြက္ခဲ့တဲ့အကိုက လမ္းတစ္ဖက္ကို ေက်ာ္ၿပီး စိုင္းအယ္ဆီ ေျပးသြားတာ အမျဖင့္
အံေတာင္ၾသတယ္"
"အြန္း
အကိုက ကြၽန္ေတာ့္ကို ညီအရင္းတစ္ေယာက္လိုခ်စ္တယ္လို႔ေတာ့ေျပာဖူးတယ္"
"လြန္း cameraႀကီးနဲ႕ပဲ။
ဓာတ္ပုံရိုက္တတ္တာလား။အမကိုေရာ ဓာတ္ပုံရိုက္ေပးလို႔ရလား။"
"ဟုကဲ့ အမ။"
"စိုင္းအယ္ ရိုက္ေပးရင္ ပုံလွလွေလး ထြက္မာပဲေနာ္"
"ဟာ.. မမေနာ္ ကြၽန္ေတာ့္ကိုျမႇောက္ေျပာေနတာပဲ
မမ ေခါင္းေလး နဲနဲ အေပၚေမာ့ေပးအုံး..
ရၿပီ... ၿငိမ္ၿငိမ္ေနေတာ့ေနာ္....
စရိုက္ၿပီ... 1..2... 3.."
"စိုင္းအယ္ မမပုံေလးျပအုံး"
စိုင္အယ္က အမသံစဥ္၏ လက္ထဲ သို႔
Camera ထည့္ေပးလိုက္သည္။
"လွလိုက္တာ "
"အမ ႀကိဳပ္ရင္ ၿပီးတာပါပဲဗ်ာ.."
စိုင္းအယ္ က မိမိေၾကာင့္ သူ တစ္ပါးေပ်ာ္သြားလွ်င္ သူတို႔ထက္ ႏွစ္ ဆ ေပ်ာ္တတ္သည္။
"ဟမ္.. ေနာက္မွာ အကို႔ပုံေတြေရာပဲလား
စိုင္းအယ္ ခိုးရိုက္ထားတာမလား"
စိုင္းအယ္ အနည္းငယ္လန႔္သြား၏။
သြားၿပီ.... လူမိသြားၿပီ...ဒုကၡပါပဲ...။
အမသံဥ္က ၿပဳံးကာ
"စိုင္းအယ္ မမ ရွင္းရွင္းပဲေမးမယ္ေနာ္
အကိုနဲ႕တြဲေနတာ လား"
စိုင္းအယ္ အတင္းေခါင္းခါ ကာ
"အာ...မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ရိုးရိုးသားသားေလးပါ"
အမသံစဥ္က မ်က္ခုံးပင့္ရင္း
"မဟုတ္ဘူး စိုင္းအယ္ အကိုက ေျပာင္းလဲတာျမန္ေနတယ္။
အကိုက စိုင္းအယ္ကိုႀကိဳက္ေနတာလားဟင္..
မမ ကိုယုံယုံၾကည္ၾကည္နဲ႕ ရင္ဖြင့္လို႔ရတယ္ေနာ္...."
စိုင္းအယ္၏ မ်က္ႏွာသည္ ပူထူေနၿပီ။
"အမ ရယ္.. အကို ကတဲ့လား
မျဖစ္နိုင္ဘူး ..ထင္တယ္ေနာ္"
"အဲ့ဒါဆို စိုင္းအယ္က အကို႔ ကိုလား"
စိုင္းအယ္ ၏မ်က္ႏွာေတြသည္ရဲတက္ေနၿပီ။
အမသံစဥ္ကေတာ့ ခပ္ေအးေအး။
"အမ ထင္ေနတာ ဟုတ္တာပဲ
စိုင္းအယ္က အကို႔ ကို ခ်စ္ေနတာ မလား"
စိုင္းအယ္ မျငင္းနိုင္ေတာ့ပါ။
အစက ျငင္းမည္ ဟုဆုံးျဖတ္ထားေသာ္လည္း ခႏၶာကိုယ္က ျငင္းမရေအာင္ သက္ေသလိုပင္ျဖစ္ေနၿပီ။
ထပ္ျငင္းေန ရင္ လည္း
ခိုးရာပါ ပပစၥည္းႏွင့္အတူမိထာေသာသူခိုးသည္
ကြၽန္ေတာ္ သူခိုးမဟုတ္ဟု ျငင္းေနသလိုပင္။
ထို႔ေၾကာင့္ ဝန္ခံရန္ ဆုံးျဖတ္လိုက္ေလသည္။
စိုင္းအယ္က ရွက္ အမ္းအမ္းမ်က္ႏွာေလးျဖင့္ေခါင္းေလးငုတ္သြားကာ
"ဟုတယ္အမသံစဥ္"
ထိုအခ်ိန္တြင္အမသံစဥ္သည္ ဂုဏ္ယူဝံႂကြားေသာ မ်က္ႏွာျဖင့္
"မမ မွန္းရင္လြဲခဲတယ္ ငါ့ေမာင္"
"ဗ်ာ...."
"ကဲကဲ..ဗ်ာမေန နဲ႕ေတာ့ အမ ကူညီေပးမယ္။
အမကိုယုံလိုက္။
အကို႔ဘက္ကအေျခအေနကေရာ ဘယ္လိုလဲ။"
"အကိုကေတာ့ ကြၽန္ေတာ့္ကို
ညီအရင္းတစ္ေယာက္လိုခ်စ္တာတဲ့"
"အမ ထင္တာက အကိုက သူ႕ခံစားခ်က္ကို မကြဲေနတာထင္တယ္။
အမ တတ္နိုင္သေလာက္ကူညီမယ္ေလ။
အကို႔ လုပ္ရပ္ေတြအရဆို ေသခ်ာတယ္
အကိုကစိုင္းအယ္ကို ခ်စ္မိေနတာ ေသခ်ာတယ္ မလြဲဘူး။"
"ဗ်ာ..."
"စိုင္းအယ္ေနာက္လွည့္မၾကည့္ နဲ႕ေနာ္ အကိုက စိုင္းအယ္ကိုၾကည့္ေနတယ္"
"ဟုလား အမ"
"အင္း"
သုခဘုံေလး
အကိုႏွင့္ကြၽန္ေတာ္ သိခဲ့သည္မွာ တစ္လ ပင္ေက်ာ္ေတာ့မည္။
မနက္တိုင္း ကြၽန္ေတာ္ သည္လည္း ေကာ္ဖီ ဆိုင္ကိုသာသြားၿပီး ည ဆိုင္ပိတ္ခ်ိန္မွ အိမ္ျပန္လာတတ္သည္။
"အကို မနက္ျဖန္ေတာ့ မိုးမ႐ြာေလာက္ဘူး
ဒီေန႕ေတာင္ ေန႕လည္ေလာက္က မိုးမ႐ြာေတာ့ဘူး
မနက္ဖန္ကြၽန္ေတာ့္ကို အလည္လိုက္ပို႔"
"ဟုကဲ့ပါ ခင္ဗ်ာ... လြန္းသေဘာ
အခုက မိုး႐ြာသီဆိုေတာ့ လြန္း က်န္းမာေရးဂ႐ုစိုက္ေနာ္"
"အကိုက စိတ္ပူတာလားဟင္"
အကို က စိုင္းအယ္၏ ေခါင္းကို ခပ္ဖြဖြေလးကိုင္လိုက္ၿပီး
"စိတ္ပူတာေပါ့
အကို႔မွာစိတ္ပူစရာဆိုေတာ့ လြန္းပဲရွိတာေလ"
စိုင္းအယ္က ၿပဳံးလိုက္သည္။
"လြန္း.. လြန္းၿပဳံးရင္ သိပ္လွတာပဲကြယ္
အကိုက လြန္းၿပဳံးတာကို တစ္ခါမွ မျမင္ဖူးဘူး"
"အဲ့ဒါဆို ကြၽန္ေတာ္ အၿမဲတမ္း အကို႔ ကိုၿပဳံးျပေပးမယ္ေလ"
"လြန္း..ၿပဳံးျပ တာကေကာင္းေပ မဲ့ စိတ္ပါမွ ၿပဳံးေနာ္ ။ မဟုတ္ရင္ အၿပဳံးက မလွပဲေနမွာေပါ့။"
"အဲ့ဒါဆို တစ္ကယ္ စိတ္ပါမွၿပဳံးျပရမယ္ေပါ့"
သက္ပိုင္သည္ ဤ ခံစားခ်က္သိပ္မရွိတဲ့ေကာင္ေလးအတြက္ စိတ္မေကာင္းပါ။ဘာေၾကာင့္မ်ား အ႐ြယ္ႏွင့္မလိုက္ေအာင္ပင္ ခံစားခ်က္ မဲ့လြန္းေနသလဲ မသိ။
"လြန္း.. လြန္း ေနာက္ဆုံးေပ်ာ္ခဲ့တာ ဘယ္တုန္းကလဲဟင္။"
"ခုနကေလ"
"မဟုတ္ဘူးေလ.. အဲ့ဒီအရင္ကေရာ?"
စိုင္အယ္က လြယ္လြယ္သေဘာေပါက္ကာ
"လြန္ခဲ့တဲ့သုံးႏွစ္က ေဖေဖ ဆုံးတဲ့ အခ်ိန္က ထင္တယ္"
"အို...လြန္းရယ္..."
အကိုက စိုင္းအယ္ကို သူရင္ခြင့္ထဲ
ထည့္၍ ေက်ာေလးကို ပုတ္ေပး၍ ႏွစ္သိမ့္ေပးသည္။
အကိုရဲ႕ရင္ခြင္က ေႏြဦးေလး လို ေႏြးေထြးသည္။
အကိုရဲ႕ ကိုယ္သင္းနံ႕ေလးကလဲ စြဲမက္စရာ။
အိုကြယ္.. အကိုရဲ႕ေခ်ာ့ျမဴသံေလးမွလဲ ႐ုန္းမထြက္နိုင္ခဲ့။
တစ္ကယ္ေတာ့ မ႐ုန္းထြက္ခဲ့ခ်င္တာပါ။
ဒုတ္...ဒုတ္...
အကို႔ရဲ႕ ႀကိမ္ႏႈန္းမွန္မွန္ျဖင့္ ခုန္ေနသည့္
ႏွလုံးခုန္သံေလးကို မည္သည့္ေတးသီခ်င္းမ်ားက လိုက္မွီနိုင္အံ။
.........................................................
ညတြင္ စိုင္းအယ္အိပ္မေပ်ာ္ေတာ့ပါ။
မနက္ဖန္အတြက္ရင္ခုန္လွပါသည္။
သို႔ေသာ္ ပုံမွန္အတိုင္းမွတ္စုေရးဆဲပါ။
မွတ္စုေရးမည္ႀကံတိုင္းအကို႔အေၾကာင္းသည္ သာေခါင္းထဲေရာက္လာသည္။
တစ္ျခားဘယ္အေၾကာင္းကို မွ
မစဥ္းစားနိုင္။
အခ်စ္ဦးမို႔ ႐ူးခဲ့သည္မ်ား
ျဖစ္ေနတာလားမသိေတာ့။
မွတ္စု စာအုပ္တြင္လည္း အကို႔အေၾကာင္းမ်ားျပည့္ႏွက္ေနသည္။
စိုင္းအယ္သည္ မိမိကိုယ္ကို အကို
ခ်စ္ေသာ အကို႔ေကာင္ေလးအျဖစ္
စိတ္ကူးယာဥ္ၾကည့္ဖူးသည္။
ေသခ်ာသည္ကေတာ့...
အကို႔ကို ထြက္မသြားနိုင္ေအာင္ စိုင္းအယ့္၏ အခ်စ္ထဲတြင္ ပိတ္ေႏွာင္ထားမိမွာေတာ့အေသအခ်ာပင္။
တစ္ကယ္ေတာ့ စိုင္းအယ္သည္ စိတ္ကူးယဥ္ဆန္တတ္သည့္
လူသားေလး တစ္ေယာက္
ပင္မဟုတ္ေလာ။
ညတာသည္ကို သိပ္ရွည္လွ၏။
မနက္ဖန္ အကို႔ႏွင့္ေလ်ာက္လည္ဖို႔ အိပ္မွ ျဖစ္မည္။
သို႔မွသာ လန္းဆန္းေနမည္မဟုတ္လား။
....................................................................
စိုင္းအယ္သည္ ပုံမွန္အတိုင္းမနက္၆နာရီတြင္အိပ္ယာေပၚမွဆင္း
သည္။
တစ္ကယ္ေတာ့ မေန႕ညကတည္းက တစ္ေရးမွမအိပ္ရေသး။
ေရေႏြးေႏြးသည္ စိုင္းအယ္၏ ခႏၶာ
ကိုယ္ကို လန္းဆန္းေစသေယာင္ ခံစားရ၏။
သို႔ေသာ္မွန္ၾကည့္လိုက္ေသာအခါ..
ေနမေကာင္းျဖစ္ထားေသာေၾကာင့္
စိုင္းအယ္သည္ ကိုယ့္ကို ကို မသာ တစ္ေကာင္ႏွင့္တူသည္ဟုပင္ေကာက္ခ်က္ခ်လိဳက္ရသည္။
မိဘ မ်ားက ရွမ္းႏွင့္တ႐ုတ္ျဖစ္၍
ျဖဴစြပ္စြပ္အသားေရသည္ မိဘတို႔၏ အေမြပင္။
ထို႔ေၾကာင့္ ခါတိုင္းလိုပင္ ႏႈတ္ခမ္းတြင္အေရာင္တင္ေနဆဲ။
စတစ္အက်ီအျဖဴႏွင့္ တိုက္ပုံေလး ကို ပုဂံ မွ ယူေဆာင္လာမိတဲ့ မိမိကိုယ္ကို အတြက္ ေက်းဇူးတင္မဆုံးပါ။
ထိုအက်ီအျဖဴေလးသည္ပုဆိုးျပာျပာေလးႏွင့္သိပ္ကိုလိုက္ဖက္
မည္ ဟု စိုင္းအယ္ထင္မိပါသည္။
ထို႔ေၾကာင့္ တုံ႕ဆိုင္းမေနေတာ့ပဲ ေကာက္ဝတ္လိုက္ေလသည္။
ထို႔ေနာက္ ကင္မရာေလးကို လည္ပင္း၌ ခ်ိတ္၍ ေအာက္ထပ္သို႔ဆင္းခဲ့ပါသည္။
ႀကီးႀကီးေဆြက
"သား သနပ္ခါးလိမ္းပါ့လား ႀကီးေဆြမွာ ေ႐ႊျပည္နန္းဘူး ရွိတယ္"
စိုင္းအယ္ က အေရးႀကီးဟန္ျဖင့္
"ေတာ္ၿပီ ႀကီးေဆြ။ အကို အျပင္ဘက္မွာ ေရာက္ေနၿပီ"
"မနက္စာ မစားပဲ အျပင္မသြားရဘူး စိုင္းအယ္"
ႀကီးေဆြ ၏ အသံမာမာေၾကာင့္ အမိန္ကို စိုင္းအယ္ မလြန္ဆန္နိုင္ပါ။
ထို႔ေၾကာင့္
စားပြဲေပၚရွိ ပန္းကန္ျပားေပၚမွ ပါမုန့္တစ္လုံးကို ပါးစပ္ထဲ၌ ကိုက္၍
"ႀကီးေဆြ သား သြားၿပီ။"
"ဟယ္....ထိုင္ မစားပဲနဲ႕ ဘာလုပ္...
ေဟာ... ဒီကေလးေတာ့
စကားေတာင္ ဆုံးေအာင္ နားမေထာင္သြားဘူး
ဒီကေလးေလး ျပင္ဦးလြင္ေရာက္မွ လန္းဆန္းလာတယ္
ကေလးရဲ႕ မာမီ ဆိုတဲ့ဟာနဲ႕ သူအကိုကလဲ ကေလးရဲ႕ ေမြးေန႕ေတာင္ေရာက္မလာေပးၾကဘူး။
ဘယ္လိုမိသားစုေတြလဲမသိဘူး"
အိမ္တံခါး ဖြင့္လိုက္ေသာအခါ
အကိုသည္ တံခါးကို ေနာက္ေက်ာ ေပး၍ ရပ္ေနေလသည္။
အကို႔၏ ေနာက္ေက်ာေလးသည္ သိပ္လွပလြန္း၏။
"အကို...."
စိုင္းအယ္၏ ေခၚသံကို ၾကားသည့္ႏွင့္တစ္ၿပိဳင္နက္ အကိုသည္ စိုင္းအယ္ဘက္လွည့္လာကာ
"ေအာ္... လြန္း အကိုက အိမ္ထဲဝင္လာ ေတာ့မလို႔ လုပ္ေနတာ.."
အကိုသည္ အနက္ေရာင္ ေကာ္လံလက္ရွည္ႏွင့္ မြန္ပုဆိုးတို႔ကို တြဲဖက္၍ ဝတ္ထားေလသည္။
အနက္ေရာင္ေၾကာင့္
အကို႔၏ မျဖဴမမဲအသားေလးသည္ ျဖဴသေယာင္ ပင္ျဖစ္သည္ဟု
ထင္ရသည္။
အကိုက ကြၽန္ေတာ့္ကို ၿပဳံးျပကာ
"လြန္း.. လာေတာ့ ...
အကိုကေလ လြန္းကို လိုက္ပို႔ေပးဖို႔ ဆိုင္ကယ္မရွိဘူး။အဲ့ဒါေၾကာင့္အရင္တစ္ပတ္က မွဝယ္လိုက္ရတာ။
အဲ့ဒါကို မေန႕ညကမွ ဆိုင္ကယ္က
ေရာက္လာတဲ့။
အကိုျဖင့္ ဆိုင္ကယ္ မေရာက္ေတာ့ဘူးလို႔ေတာင္ထင္ေနတာ။
ေတာ္ေသးတယ္ ေရာက္လာေပလို႔။
အကို အျပင္မထြက္တာၾကာၿပီဆိုေတာ့ ဆိုင္ကယ္မလို လို႔ ဝယ္မထားဘူးေလ။
သူမ်ားဟာ ငွားရ ရင္လဲ တစ္ခုခုျဖစ္ရင္
ယူရမည့္ တာဝန္က မေသးဘူး မဟုတ္
လား.."
"အကိုရယ္.. ကြၽန္ေတာ္ေၾကာင့္ ဒုကၡမ်ားသြားရင္ ေတာင္းပန္ပါတယ္အကို.."
"လြန္း.. အကိုကေလ ေတာင္းပန္ေနတာ ကိုမႀကိဳက္ဘူး။ အကို႔နဲ႕လြန္းၾကားမွာ ေတာင္းပန္တာမရွိရဘူးေလ။"
"ဟုကဲ့အကို ေတာင္းပန္ပါတယ္။"
"လြန္း.. အဲ့စကားႀကီးပါျပန္ၿပီလား"
"အဲ့ဆို မေတာင္းပန္ေတာ့ဘူးေနာ့္"
"မေတာင္းပန္ပါနဲ႕ ညီ"
.........
သာ သာသည္ စင္ဒတြဲလား တစ္ေယာက္သာ။