လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)

5K 841 50
By Indolent-Senorita

Scroll down for Zawgyi.

Unicode

ပေါ်ယွီက သူ​ရော စုန့်ရှီလင်အတွက်​ရော အိမ်မှုကိစ္စ ​ဝေယျာ၀စ္စများ လုပ်ကိုင်ရန် အိမ်​တော်ထိန်းတစ်ဦး လိုအပ်​​နေသည်ကို အ​ကြောင်းပြု၍ ဦး​လေးရန် အိမ်​ရောက်လာခြင်းအား မျက်ကွယ်ပြု​ပေးထားလိုက်သည်။

​နောက်တစ်​နေ့။ဦး​လေးရန် ချက်ပြုတ်ပြင်ဆင်​ပေး​သော မနက်စာကို သုံး​ဆောင်ကြည့်ပြီး​နောက် သူ မှန်ကန်တဲ့ ဆုံးဖြတ်ချက်​ကောင်းတစ်ခုကို ချမှတ်ခဲ့တာပဲဟု ​ပေါ်ယွီတစ်​ယောက် ​တွေးလိုက်မိသည်။

ဦး​လေးရန်က ​ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ရင်း မနက်စာ စား​နေကြသည့် မိသားစုသုံး​ယောက်အား ချစ်ခင်ကြင်နာစွာ ကြည့်ရှူ​နေသည်။သူ ​ရှေ့သို့ ​ခြေလှမ်းအနည်းငယ်တိုးကာ ​ပြောလိုက်သည််။   " ကျွန်​တော် ​နောက်ရက်​တွေအတွက် အသားနဲ့ အသီးအရွက်​တွေ ၀ယ်ဖို့ ​စျေးသွားမလို့ပါ။ ကျွန်​တော် သခင်ငယ်​လေးကို ​ကျောင်းလိုက်ပို့​ပေးလိုက်ရမလား ??? "

​ပေါ်ယွီ မနက်စာ စား​နေတာက​နေ ​ခေတ္တ ရပ်တန့်သွားသည်။၎င်း​နောက် သူ ခပ်​ပေါ့​ပေါ့ ပြန်​ဖြေလိုက်သည်။   " ဦး​လေးရန် ၊ ဒုက္ခမခံပါနဲ့။ ခဏ​နေ ကျွန်​တော် အင်တာဗျူး​ဖြေဖို့ အပြင်ထွက်ရဦးမှာ။ အဲဒီကျမှ ကျွန်​တော်ပဲ သူ့ကို ​ကျောင်းပို့​ပေးလိုက်ပါ့မယ် "

ဦး​လေးရန်က ပြုံး​နေဆဲဖြစ်သည်။သူက ​ပေါ်ယွီအား အရိုအ​သေပြုလိုက်ပြီး ​ဘေးသို့ ပြန်ဆုတ်​နေလိုက်သည်။ဦး​လေးရန်က ​ပေါ်ယွီ့စကား​တွေအ​ပေါ် စိတ်အ​နှောင့်အယှက်မဖြစ်​ပေ။

မနက်စာစားအပြီး၌ ​ပေါ်ယွီက ​ကျောင်းသွားရန် ​သေသပ်ကျနစွာ ၀တ်ဆင်ထားတဲ့ ဖရဲသီး​လေးနှင့်အတူ အိမ်ထဲက​နေ ထွက်လိုက်သည်။စုန့်ရှီလင်ကလည်း သူတို့​နောက်မှ နီးကပ်စွာ လိုက်လာ​လေသည်။

သူတို့သုံး​ယောက်လုံး အိမ်​ရှေ့တွင် ရပ်​နေကြသည်။​ပေါ်ယွီက မျက်​​မှောင်ကြုတ်စွာ ​မေးလိုက်သည်။   " ဦး​လေးရန်ကို အိမ်မှာ တစ်​ယောက်တည်း ထားခဲ့တာက အဆင်​ပြေပါ့မလား ??? "

အနှီစကားကို စုန့်ရှီလင် ကြား​သော် သူက ​ခေါင်းကို အနည်းငယ် ​အောက်ငုံ့ကာ ​ပေါ်ယွီအား ​ချော့မြှူသည့် အနမ်း​လေးတစ်ပွင့် ​ပေးအပ်လျက် ​ဖြေလိုက်သည်။   " ဒါ​ပေါ့။ ကိုယ်တို့​​တွေ သူ့ကို စိတ်ချလို့ရပါတယ် "

" အွန်း "   ​ပေါ်ယွီက တံခါး၀ကြီး၌ ဒီကိုယ်​ရေးကိုယ်တာကိစ္စများကို ​ဆွေးနွေးမ​နေချင်​​ပေ။ထို့​ကြောင့် သူ ၀တ်​ကျေတမ်း​ကျေ ​ခေါင်းညိတ်လက်ခံလိုက်သည်။သူတို့သုံးဦးသား ဗီလာက​နေ ကိုယ်စီလမ်းအသီးသီးဆီ ခွဲထွက်သွားလိုက်ကြ၏။

ဦး​လေးရန်က ပြင်သစ်ပြတင်းမှန်​ရှေ့တွင် မတ်တပ်ရပ်ရင်း အိမ်မှ ထွက်ခွာသွားကြ​သော သခင်​လေးသုံး​ယောက်ကို မျက်​တောင်မခတ်တမ်း စူးစိုက်ကြည့်​နေသည်။သူ အပြုံးတစ်ခုဖြင့် အသာအယာ ​ခေါင်းယမ်းလိုက်မိသည်။

သူက သူ့ရဲ့လက်ကျန်ဘ၀တစ်​လျှောက်လုံး ဤသခင်​လေးသုံး​ယောက်ကို ပြုစု​စောင့်​ရှေက်သွားရမည်ဖြစ်​လေရာ သူ့အ​နေနှင့် နှစ်ဖက်လုံး ထိခိုက်နစ်နာ​အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်​ချေ။

သို့​​သော် သူတို့​တွေ အတူရှိကြ​သော အချိန်ကာလက တို​တောင်းလွန်း​နေ​သေးသည်။အဲဒါအပြင် သူ့အား ဒီ​နေရာသို့ ​စေလွှတ်လိုက်တဲ့လူက စုန့်ရှီလင်အ​ဖေဖြစ်​နေသည်။ထိုအ​ကြောင်းတရားများ​ကြောင့်​ ပေါ်ယွီက သူ့ကို အကြိမ်ကြိမ်အခါခါ သတိထားပြုမူ​နေခြင်းဖြစ်သည်။

ဘုရား​ရေ ၊ ဒီလူငယ်​လေးက အမြဲတမ်း သတိကပ်​နေ​ရော။

မနက်ခင်း တစ်ဆယ်နာရီ။မူကြိုအတန်း။

ကတ်​ကြေးတစ်လက်နှင့် အမျိုးသမီးဆရာမအသစ်တစ်ဦးက ဖရဲသီး​လေးဆီ ​လမ်းလျှောက်လာသည်။သူမက ဖရဲသီး​လေး​ရှေ့​မှောက်တွင် ​ဆောင့်​ကြောင့်ထိုင်ချ၍ ဆိုလိုက်သည်။   " က​လေး​လေး ၊ သားရဲ့နဖူး​ပေါ်က ဆံပင်​လေး​တွေက သားရဲ့မျက်နှာ​လေးကို မကြာခင် အုပ်​တော့မယ်။ ဆရာမက သားရဲ့ဆံပင်​လေးကို နည်းနည်း​လောက် ညှပ်​ပေးရမလား ??? "

" မညှပ်ဘူး !!! "   ဖရဲသီး​လေးက အသည်းအသန် ငြင်းဆန်လိုက်သည်။

" ဒါ​ပေမယ့် သားဒက်ဒီက ဆံပင်ကြီးရှည်​နေတာကို သ​ဘောမကျဘူးမဟုတ်လား ??? "   ထိုအမျိုးသမီးဆရာမက ​ချော့​မော့လိုက်သည်။တစ်ချိန်တည်း၌ပင် သူမက သစ်သီးအရသာ သကြားလုံး​လေးတစ်လုံးအား မျက်လှည့်ပြသကဲ့သို့ ဆွဲထုတ်ပြလိုက်သည်။  
" သားက သကြားလုံး​လေး​တွေကို ကြိုက်တယ်ဆို ၊ ဟုတ်တယ်ဟုတ် ??? ဒီသကြားလုံး​လေးက သားဖို့ပဲ။ ဆရာမက သားရဲ့ဆံပင်​လေးကို ပိစိ​လေးပဲ ညှပ်​ပေးမှာ​လေ။ ပိစိ​လေးပဲ "

ဖရဲသီး​လေးက ​ခေါင်းမညိတ်မီ ​ခေတ္တမျှ တုံ့ဆိုင်း​နေသည်။ထို့​နောက် ဖရဲသီး​လေးက သကြားလုံး​လေးကို လှမ်းယူပြီး ​ပြောလိုက်သည်။   " သ​ဘောတူတယ်။ ပိစိ​လေးပဲ​နော် . . . "

ဖရဲသီး​လေးရဲ့ ဆံပင်စ​လေးတစ်စုကို ​အောင်​အောင်မြင်မြင် ရယူနိုင်လိုက်တဲ့ အနှီဆရာမဟာ အ​နောက်ဘက်ခြံ၀င်းသို့ ​အပြေးသွားကာ ပတ်၀န်းကျင်ကို ​ကြောက်လန့်တကြား ဟိုဟိုဒီဒီ အကဲခတ်ရင်း အိတ်အဖြူတစ်အိတ်အား ထုတ်လျက် ဆံပင်စ​လေးများကို အိတ်အဖြူအတွင်း ဂရုတစိုက် ထည့်လိုက်သည်။သူမက သံတံခါးမကြီးဆီ ​လျှောက်လာ​လိုက်သည်။၎င်း​နောက် သူမက ထိုအိတ်အဖြူကို ကြမ်းပြင်​ပေါ် ပစ်ချလိုက်ပြီး အ​ဝေး​ပြေးထွက်သွား၏။

သူမ အ​နောက်ဘက်ခြံ၀င်းက​နေ ​ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် မထင်မရှား ၀တ်စားထား​သော လူငယ်တစ်ဦးက သံတံခါးမကြီးအနီးအနား ဖြတ်​လျှောက်လာသည်။ထိုလူငယ်က ဖိနပ်ကြိုးချည်ရန် တည်ငြိမ်စွာ ငုတ်တုတ်ထိုင်လိုက်၍ ပြန်အထတွင် ၎င်းအိတ်အဖြူကိုပါ တစ်ခါတည်း ယူ​ဆောင်သွားသည်။

" ဦး​လေးစုန့် ၊ ကျွန်​တော်ပါ။ ကျွန်​တော် သခင်ငယ်​​လေးရဲ့ ဆံပင်ကို ရပြီးပါပြီ "

_____________

အ၀တ်လဲခန်း။

​ရေ​မွှေးနံ့ကို ​ထောင်း​ထောင်းထ​နေ​အောင် ဆွတ်ရတာကြိုက်​သော hair stylist က ​ပေါ်ယွီဆီ ​ရောက်လာကာ ရည်ရွယ်ချက်ရှိရှိ ဆိုလိုက်သည်။   " ကျစ် __ ကျစ် ၊ သားသမီးရှိတဲ့ ​ယောကျ်ား​တွေက တကယ် ကွာတာပဲ။ ရှင့်တစ်ကိုယ်လုံး ဖခင်​မေတ္တာ​တွေ အပြည့်ဖြစ်​နေပြီ။ ချိုမြိန်ချက် "

" ကျွန်​တော့်ဆံပင်​တွေ ရှည်​နေသလိုပဲ "   ​ပေါ်ယွီက ထို hair stylist ကို လျစ်လျူရှူထားသည်။သူက သူ့ကိုယ်သူ မှန်ထဲကြည့်ပြီး ​ပြောလိုက်သည်။  

Hair stylist က ​ခေါင်းတဆတ်ဆတ်ငြိမ့်လျက် ​မေးလိုက်သည်။   " ရှင့်ဆံပင်ကို နည်းနည်းပါးပါး တိပစ်လိုက်မလား ??? "

" အင်း "   ​ပေါ်ယွီ ​ဖြေလိုက်သည်။ထို့​နောက် သူ့ဖုန်းကို ထုတ်ကာ စညှပ်ရန် ​ခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။

Hair stylist က ကတ်​ကြေးကို ယူ၍ ​ပေါ်ယွီ့ဆံပင်အား ​သေ​သေချာချာ တိ​ပေးလိုက်သည်။တစ်ဆယ်မိနစ်ခန့်ရှိ​သော် hair stylist က ကတ်​ကြေးကို ပြန်ချထားရင်း ​ပြောလိုက်သည်။  
" ပြီးပြီ။ ဘယ်လိုလဲ ??? "

ဆံပင်ကို ခပ်ပါးပါး​လေး ညှပ်​ပေးလိုက်တာသာဖြစ်သည်။ပုံစံရယ်လို့ ကြီးကြီးမားမား မ​ပြောင်း​ချေ။​ပေါ်ယွီက သူ့ဆံပင်သူ တစ်ချက်ရှိုးပြီး ​မေးလိုက်၏။   " ကျွန်​တော် ဘယ်အချိန် စင်​ပေါ်တက်ရမလဲ ??? "

​ပေါ်ယွီ အနှီ​မေးခွန်းကို ​မေး​နေတုန်းမှာပဲ ပွဲစီစဉ်ကြီးကြပ်သူ လူငယ်တစ်ဦးက ​ပေါ်ယွီဆီ ​ခြေလှမ်းခပ်သွက်သွက် လှမ်းလာကာ ​ပြောလိုက်သည်။   " ​ပေါ်​ကော ၊ အဆင်သင့်ဖြစ်ပြီလား ??? ခဏ​နေရင် ​ပေါ်​ကော စင်​ပေါ်တက်ရ​​တော့မယ် "

​ပေါ်ယွီ ​ခေါင်းညိတ်ပြလိုက်သည်။သူ ထိုင်ခုံက​နေ မတ်တပ်ထရပ်၍ ဖုန်းကို သူ့လက်​ထောက်အား ကမ်း​​ပေးလိုက်သည်။   " အင်း ၊ သွားစို့ "

​ပေါ်ယွီ ​နေရာမှ ထွက်သွားပြီး​သောအခါ၀ယ် hair stylist က သူမလက်သီးဆုပ်ကို တိတ်တဆိတ် ဖြန့်လိုက်​လေသည်။ထိုက ​ပေါ်ယွီ့ဆံပင်​တွေပင်ဖြစ်သည်။

သူမက ​ပေါ်ယွီ့ဆံပင်များကို တစ်ရှူးအတွင်း၌ ထုပ်ပိုးလိုက်ကာ သန့်စင်ခန်းသို့ သွားလိုက်သည်။သန့်စင်ခန်း​ဘေးတွင် ရပ်​နေတဲ့ လူငယ်တစ်ဦးက သူမအား အပြုံးနှင့် ကြည့်လာသည်။ hair stylist က အနှီလူငယ်ဆီ သုတ်တီးသုတ်ပျာ သွားလိုက်ပြီး တစ်ရှူးအလိပ်​လေးကို လက်ထဲထည့်​ပေးလိုက်သည်။သူမက ကတိုက်ကရိုက် ဆိုလိုက်သည်။   " ရှင် ကျွန်မကို ကတိ​ပေးထားတဲ့ဟာ ​ပေးဖို့ မ​မေ့နဲ့ "

ထို့​နောက် hair stylist က သန့်စင်ခန်းနားက​နေ လိပ်ပြာမလုံစွာ ထွက်ခွာသွားလိုက်သည်။

လူငယ်ကလည်း ​ပေါ်ယွီ့ဆံပင်ကို ထုပ်ထားသည့် တစ်ရှူးစနှင့်တကွ သန့်စင်ခန်းမှ ထွက်သွား​လေသည်။

" ဦး​လေးစုန့် ၊ ကျွန်​တော် ​ပေါ်ယွီ့ဆံပင်ကို ရခဲ့ပြီ။ ကျွန်​တော် ဦး​လေးဆီ ယူလာ​ပေးရမလား ??? "

ဦး​လေးစုန့်က အနှီလူငယ်အား လုပ်ရမည့်အရာများကို ​စေခိုင်းလိုက်သည်။၎င်း​နောက် ဦး​လေးစုန့်က ဖုန်းချလိုက်၍ စာကြည့်ခန်းဆီ လမ်း​လျှောက်လာကာ တံခါး​ခေါက်လိုက်သည်။

" ၀င်ခဲ့ "   စံအိမ်သခင်၏ သြဇာ​ညောင်း​သော အသံက အခန်းအတွင်းက​နေ ​ဆိုလိုက်သည်။

ဦး​လေးစုန့် စာကြည့်ခန်းထဲသို့ တံခါးဖွင့်၀င်လျက် ​ပြောလိုက်သည်​။   " ကျွန်​တော် သခင်ငယ်​လေးနဲ့ သခင်​လေး​ပေါ်တို့ရဲ့ ဆံစနမူနာ​တွေကို ယူထားပြီးပါပြီ။ အခု ကျွန်​တော် မိဘအရင်းဖြစ်​ကြောင်း စစ်​ဆေးမှုကို လုပ်လိုက်ရ​တော့မလား ??? "

စားပွဲတွင် ကျကျနန ထိုင်​နေတဲ့ စုန့်ရှီလင်အ​ဖေက စီးပွား​ရေးကိစ္စအ​ထွေ​ထွေကို ​ဖြေရှင်း​ဆောင်ရွက်​နေသည်။သူက ဦး​လေးစုန့်အား လုံးလုံးလျားလျား ​မော့မကြည့်ဘဲ ညွှန်ကြားလိုက်သည်။   " အင်း။ မိဘအရင်းဖြစ်​ကြောင်း စစ်​ဆေးမှုအတွက် စုန့်ရှီလင်ရဲ့ ​ဆေးရုံမှာရှိ​နေ​သေးတဲ့ ချက်ကြိုးကို သုံးလိုက်ပါ "

ဦး​လေးစုန့်က ​လေးနက်စွာ ​​ခေါင်းညိတ်နာခံရင်း ​ပြောလိုက်သည်။   " ဟုတ်ကဲ့ "

" သူ့ရဲ့မိဘအရင်းဖြစ်​ကြောင်း စစ်​ဆေးချက်ရလဒ်ကို အတတ်နိုင်ဆုံး မြန်မြန် သိချင်တယ်။ ဒီကိစ္စမှာ ပါ၀င်ပတ်သတ်ခဲ့တဲ့ လူ​တွေအကုန်လုံး ပါးစပ်ပိတ်ထားရမယ် "   စုန့်ရှီလင်အ​ဖေက သာမာန်မျှ ဆို​နေ​သော်လည်း အတည်​ပြော​နေမှန်း သိသာသည်။

ဦး​လေးစုန့်က ​ခေါင်းငုံ့ကာ ရိုကျိုးစွာ ပြန်​ဖြေလိုက်သည်။   " ကျွန်​တော်ကိုယ်တိုင် အဲဒီကိစ္စကို ကိုင်တွယ်လိုက်ပါ့မယ် "

" လက်ဖက်ရည်တစ်ခွက် ​​ဖျော်​ပေးပါဦး "

ဦး​လေးစုန့်က စာကြည့်ခန်းထဲက​နေ အရိုအ​သေ​ပေး ထွက်ခွာသွားခဲ့သည်။ခဏတစ်ဖြုတ်ရှိတဲ့အချိန်မှာ သူက စုန့်ရှီလင်အ​ဖေရဲ့ လက်ဖက်ရည်ခွက်ကို စာကြည့်ခန်းဆီသို့ သယ်​ဆောင်​ပေးလာသည်။

တစ်ဖက်တွင်။စုန့်ရှီလင်က သူ့အဖေ လုပ်ကိုင်​နေသည့် အရာများကို ကြားသိအပြီး၌ တဒင်္ဂ နှုတ်ဆိတ်​နေသည်။သူက လက်ကို အ​လေးမထားစွာ ​ဝေ့ယမ်းပြလျက် ​ပြောလိုက်သည်။   " သူ့ကို ဒီအတိုင်း အတည်ပြုစစ်​ဆေးခိုင်းလိုက်ပါ​လေ "

အတွင်း​ရေးမှူးချူက နားလည်ပြီဖြစ်​ကြောင်း ​ဖော်ပြ၍ ထွက်သွားလိုက်၏။

_____________

မန်​နေဂျာကျန်းဟာ တင်းဖန်​အေဂျင်စီ၏ အ​ပေါက်၀အပြင်ဘက်သို့ လမ်း​လျှောက်လာသည်။သူ့အိတ်ကပ်ထဲရှိ ဟန်းဖုန်းက အသံမြည်​နေတဲ့အခါ မန်​နေဂျာကျန်းတစ်​ယောက် ဖုန်းထုတ်ကြည့်လိုက်​သော် အမည်မသိဖုန်း​ခေါ်ဆိုမှုတစ်ခုဖြစ်သည်။သူ ဖုန်း​ကိုင်လိုက်သည်။   " မင်္ဂလာပါ။ ​ပြော​နေတာ ဘယ်သူပါလဲ ??? "

" ကျွန်​တော်ပါ "   သတ်လတ်ပိုင်းအရွယ် ​ယောကျ်ားတစ်ဦးက အသံခပ်အက်အက်ဖြင့် ဆိုလိုက်သည်။   " ကျွန်​တော် ​ငွေပြတ်​နေပြီ။ ပိုက်ဆံလွှဲ​ပေးဦး။ ကျွန်​တော်လည်း ခင်ဗျားကို ထပ်မ​နှောင့်ယှက်​တော့ပါဘူး။ မဟုတ်ရင် ​ပေါ်ယွီရဲ့သတင်းဆိုး​တွေကို လူ​တွေကြား ဖွပစ်လိုက်မယ် !!! "

မန်​နေဂျာကျန်း ​လှောင်​ပြောင်လိုက်သည်။   " မင်း ​လောင်းကစားရုံထဲမှာ ​နေ​နေတာ ဘယ်​လောက်​တောင် ကြာပြီလဲ ဟမ် ??? အပြင်​လောကကြီးနဲ့ အဆက်အသွယ်များ ဖြတ်ထားတာလား ??? မင်း သတင်း​လေးဘာ​လေး​ရော ကြည့်ဖြစ်ရဲ့လား ??? "

" မင်း ​သောက်တုံး !!! မင်းက မင်းအဘိုးကျန်းဆီက​နေ တစ်​ခေါက်မဟုတ် ၊ နှစ်​ခေါက်မဟုတ်နဲ့ ခြိမ်း​ခြောက်​ငွေညှစ်ရဲတယ်​ပေါ့ !!! လစ်လိုက်စမ်း !!! "   မန်​နေဂျာကျန်း ကားထဲ ၀င်ထိုင်လိုက်ပြီး Driver အား စ​မောင်းရန် အချက်ပြလိုက်သည်။သူ ​အေးစက်စွာ ​ပြောလိုက်သည်။   " မင်း ငါ့ဆီ ​နောက်တစ်​ခါလောက်ပဲ ဖုန်းထပ်​ခေါ်ရင် မင်း ဆက်ဆက် ​နောင်တရ​စေရမယ် !!! "

မန်​နေဂျာကျန်း တီခနဲ ဖုန်းချပစ်လိုက်သည်။

ဖုန်းတစ်ဖက်မှ သတ်လတ်ပိုင်းအရွယ် ​ယောကျ်ားက ရုတ်တရက် တစ်ခုခု လွဲမှား​နေသလို ခံစားလိုက်ရသည်။သူ ကွန်ပျူတာကို အလျင်အမြန် ​ပြေးဖွင့်ကာ အင်တာနက် ချိတ်ဆက်လိုက်သည်။ . . . . . . သူ ဘာမြင်လိုက်တာလဲ ??? ​ပေါ်ယွီက သူ Single father ဆိုတာကို ​ကြေညာလိုက်တယ် !!!

သတ်လတ်ပိုင်း​ယောကျ်ားဟာ အသက်ပင် ​ဖြောင့်​ဖြောင့်မရှူနိုင်​​တော့​ချေ။ ​ပေါ်ယွီက သူ့ရဲ့အသက်​မွေး၀မ်း​​ကျောင်းအလုပ်ကို​တောင် အ​လောင်းအစားလုပ် စွန့်စားရဲတယ် ???!!!

_____________

'ချစ်စရာ့ က​လေးငယ်' ရှိုးပထမပိုင်းက ထုတ်လွှင့်ပြီးသွားပြီဖြစ်သည်။ထို့​ကြောင့် ကြယ်ပွင့်​ဖေ​ဖေ ငါးဦးနှင့် ချစ်စဖွယ်​ကောင်း​သော က​လေး​လေးတို့က ရှိုးဒုတိယပိုင်းကို ရိုက်ကူးရန် စတင်ပြင်ဆင်ကြရသည်။

ဒုတိယပိုင်း၏ theme က မြစ်တံတားနံ​ဘေးတွင်တည်ရှိ​သော အိမ်​လေးတစ်လုံးဖြစ်သည်။

ဟွားမြို့​တော်​တောင်ဘက်၌ ရှရှန်းဟု အမည်တွင်သည့် ခပ်​သေး​သေး မြို့ငယ်​လေးတစ်မြို့ရှိသည်။ထိုမြို့​လေးဟာ စမ်း​ချောင်း​လေး​တွေ ၊ ကျောက်စရစ်ခဲ​လေးများ ခင်းထား​သော လမ်းငယ်​လေး​တွေ ၊ သမိုင်း၀င် အထင်ကရ အ​ဆောက်အဦးနှင့်တကွ ဂန္တ၀င်ညှို့ဓါတ်အပြည့်ဖြစ်သည်။

​ပေါ်ယွီ သရုပ်​ဆောင်ခဲ့ဖူးသည့် <Nine Ordeals> ၏ ပြင်ပရိုက်ကွင်းများကို ဤ​နေရာတွင်ပဲ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

" ဦးဦးက ဟားဟားပါ။ နှစ်​ပေါင်းတစ်ရာ​ကျော် သမိုင်း​ကြောင်းရှိတဲ့ ဒီ​ရှေး​ဟောင်းမြို့​လေးက​နေ ကြိုဆိုလိုက်ပါတယ်။ အခု နှစ်ညအိပ်သုံးရက် ခရီးတာအ​တောအတွင်းမှာ ​ပျော်ရွှင်စရာ အချိန်​ကောင်း​လေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါ​စေခင်ဗျာ !!! "   ဟားဟားက ပြုံးဖြဲဖြဲဖြင့် ဆိုလိုက်သည်။   " ဒီတစ်​ခေါက်က​တော့ ပါးပါးတို့ ​နေရမယ့်​နေရာကို က​လေး​လေး​တွေက အဆုံးအဖြတ်​ပေးမှာဖြစ်ပါတယ် "

​​ပေါ်ယွီ့​ခြေဖမိုး​ပေါ်၌ ငုတ်တုတ်​လေး ထိုင်​နေ​သော ဖရဲသီး​လေးက ဟားဟားကို ​ခေါင်း​လေး​မော့ကြည့်ကာ မျက်​တောင်​လေး တဖြတ်ဖြတ် ခတ်​နေသည်။   " ဘာကို . . . . . . ??? "

​ပေါ်ယွီတစ်​ယောက် သူ့သား​လေးကို ဆတ်ခနဲ ငုံ့ကြည့်လိုက်ပြီး မျက်နှာတွင်လည်း အကူအညီမဲ့မှုများ ပြည့်လျှမ်းသွားသည်။

​ဝေ့​ဝေးက သူ့ရဲ့မြို့ကြီးသား​လေသံ​လေးနှင့် အထစ်အထစ် ​မေးလိုက်သည်။   " ဦး . . . ဦးဦး ဆိုလိုတာက သားတို့​တွေ ဂိမ်းတစ်ခု ကစားရမယ်လို့လား ??? "

" ဒါ​ပေါ့။ က​လေး​လေး​တွေက ဂိမ်း​လေးတစ်ခု ကစားကြရမှာ "   ပထမရတဲ့သူက မင်း​လေးတို့ရဲ့ အိမ်​နေရာကို အရင်ဆုံး ​ရွေးချယ်ခွင့်ရမယ် "   ဟားဟား ​ဖြေလိုက်သည်။   " ဒီမြို့​လေးမှာ ကုန်စုံဆိုင်တစ်ခုပဲရှိတယ်။ က​​လေး​လေးတို့​ရေ ၊ အဲဒီကုန်စုံဆိုင်ဆီ အမြန်ဆုံး သွားပါ။ ဒီ​နေ့ မင်း​လေးတို့ရဲ့ ပါးပါး​တွေအတွက် ​နေ့လယ်စာ၀ယ်ရမယ်​နော်။ ပြီးရင် အဲဒီ​နေ့လယ်စာကို ဒီယူလာခဲ့ရပါမယ်။ ပထမဆုံး​ရောက်တဲ့သူက ဒီဂိမ်းရဲ့ အနိုင်ရသူပဲ "

" အဲဒါက ကျွန်​တော်တို့အတွက် မမျှတဘူး​လေ "   ​ပေါ်ယွီက စိတ်ပျက်လက်ပျက် မျက်နှာအမူအရာ​လေးကို ချိတ်ဆွဲလျက် သူ့စိတ်နှလုံးသားတစ်ခုလုံးဟာ ပြာမှုန်များအဖြစ် ​ပြောင်းလဲသွားသည့်နှယ် ​ပြောလိုက်သည်။   " ကျွန်​တော်ရဲ့ဖရဲသီး​လေးက ​လောကကြီးအ​ကြောင်း သိတာမဟုတ်ဘူး။ သူ အခုထိ ဘာမှမ၀ယ်မခြမ်းတတ်​သေးဘူးရယ် "

ဖရဲသီး​လေးက မတ်တပ်ထရန်အလို့ငှာ ​ပေါ်ယွီ့​ဘောင်းဘီစကို အားယူဆွဲ၍ အ​လောတကြီး ဆိုလိုက်သည်။   " နိုး ၊ နိုး ၊ နိုး ၊ ဖရဲသီး​လေး ၀ယ်နိုင်တယ် "

​ပေါ်ယွီခမျာ သူ့​ဘောင်းဘီသူ ကတိုက်ကရိုက် တင်းတင်းကြပ်ကြပ် ပြန်ဆွဲထားလိုက်ရပြီး ​သောက​ရောက်စွာ ​ပြောလိုက်သည်။   " ဖရဲသီး​လေး​ရေ ၊ မြန်မြန် လွှတ်လိုက်ကွယ်။ ပါးပါးရဲ့​ဘောင်းဘီက ကျွတ်ကျ​တော့မယ် !!! "

ဖရဲသီး​လေးမှာ အလန့်တကြားဖြစ်သွား​လေသည်။

ရိုက်ကူး​ရေး၀န်ထမ်းများနှင့် ကြယ်ပွင့်​ဖေ​​ဖေများအပြင် ခပ်တန်းတန်း သီးခြား​နေတတ်တဲ့ Rock and Roll ဂီတဖခင်ကြီး ကျန်းရှန့်ပင်လျှင်​တောင်မှ ၎င်းဖြစ်အင်ကို မြင်လိုက်ရတဲ့အချိန်မှာ မရယ်​မောမိဘဲမ​နေနိုင်​ချေ။

ထိုအဖြစ်အပျက်​လေးက တီဗွီ​ရှေ့တည့်တည့်ရှိ ပရိသတ်အ​ပေါင်းကိုလည်း ထမင်းသီးလုမတတ် ​အော်ရယ်သွား​စေသည်။

[ ​ပေါ်ကိုကို​လေးရဲ့ ​အေးတိ​အေးစက်ပုံစံက တစ်မိနစ်မကြာဘဲ ဖရဲသီး​လေး ​ဖော်ထုတ်တာကိုခံလိုက်ရတယ်။ ရယ်လိုက်ရတာ . . . . . . ဟား ၊ ဟား ၊ ဟား ]

[ ဟား ၊ ဟား ၊ ဟား . . . . . . ငါ​လေး အကြီးအကျယ် အူတက်​နေပြီ။ သူ့ပါးပါးကိုဆို အမြဲတမ်း ဖူးဖူးမှုတ်အလိုလိုက်တတ်တဲ့ အသည်းယားစရာ ဖရဲသီး​လေးက အခုပဲ ​ပေါ်ယွီကို ကျီစယ်​နေတယ်။ အမ​လေး . . . ငါ ရယ်​နေတာကို ထိန်းမရ​တော့ဘူး !!! ]

​သောကြာ​နေ့ ညတိုင်း 'ချစ်စရာ့ က​လေးငယ်' အစီအစဉ်အား အချိန်မှန်မှန် ​စောင့်​မျှော်ကြည့်ရှူအား​ပေး​လေ့ရှိတဲ့ စုန့်ရှီလင်အ​မေက အနှီအခိုက်အတန့်​လေးကို ​တွေ့​​သောအခါ သူမရဲ့ခေါင်းကို ​ဘေးတစ်ဖက်လှည့်၍ ရယ်ချင်စိတ်တချို့ဖြင့် ဟွန့်ခနဲ နှာမှုတ်လိုက်သည်။

အချိန်ရှိသ​ရွေ့ တည်ကြည်​လေးနက်တဲ့ မျက်နှာအမူအရာနဲ့ စုန့်ရှီလင်အ​ဖေ၏ နှုတ်ခမ်း​ထောင့်စွန်း​တွေကလည်း အ​ပေါ်သို့ ညင်သာစွာ ​ကွေးတက်သွားခဲ့သည်။

​ပေါ်ယွီနှင့် ဆက်ဆံ​ရေး​ကောင်းသည့် လျူခိုင်က ​ပေါ်ယွီ့ပခုံးကို ခပ်ဆတ်ဆတ် ပုတ်ရင်း တဟားဟား ရယ်​မော​နေသည်။   " ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ တကယ့် ​​ယောကျာ်းစစ်စစ်က ​ဘောင်းဘီကျွတ်ကျလည်း ရပါတယ် "

သိပ်စိတ်မရှည်​တော့တဲ့ လျူ​ရှောင်ရွှိက်​လေးက သူ့​အောက်​ ခေါင်းတစ်လုံးစာ​လောက် အရပ်ပု​သော ဖရဲသီး​လေးဆီကို ​လျှောက်သွားလိုက်ပြီး ဖရဲသီး​လေးအား ​ဘေးနားဆွဲ​ခေါ်ကာ တိုးတိုး​လေး ကပ်​ပြောလိုက်သည်။   " ခဏ​နေရင် ငါ့​နောက်က​နေ လိုက်ခဲ့​နော် "

ဖရဲသီး​လေးက ​ခေါင်း​လေးကို န​ဝေတိမ်​တောင် ညိတ်ပြလိုက်၏။

က​လေး​လေး​တွေက ကုန်စုံဆိုင်ကို ရှာ​ဖွေရန် ထွက်ခွာသွားကြစဉ် နံရံအား မှီတွယ်ထားတဲ့ ​ပေါ်ယွီက စိတ်ပျက်အား​လျော့​နေသည့် မျက်နှာနှင့်တကွ ​ကောင်းကင်ကြီးကို ညှိုးငယ်စွာ ​မော့ကြည့်လိုက်သည်။   " ကျွန်​တော့်ကို ​ပြောပါဦး။ ကျွန်​တော် ဒီ​နေ့လယ် ​ဗိုက်​ဟောင်း​လောင်း​နေရ​​တော့မှာလား ??? "

လျူခိုင်က ​ပေါ်ယွီအား ကိုယ်ချင်းစာစွာ ဆိုလိုက်သည်။   " မပူနဲ့။ ခိုင်​ကောက မင်းကို ကူညီမယ် "

" တကယ်လို့​လေ ​ရှောင်ရွှိက် ယူလာတာ​တွေက snack ​တွေချည်း ဖြစ်​​နေရင်​ရော ??? "  ​ပေါ်ယွီ လျူခိုင်ကို မျက်လုံး​မှေးစင်းကြည့်လျက် ​ပြောလိုက်သည်။   " ကျွန်​တော် ​ကြောက်တာက ဖရဲသီး​လေး ကုန်စုံဆိုင်ထဲက သကြားလုံးမှန်သမျှကို သယ်ချလာမှာကိုပဲ "

" ဒါနဲ့ ၊ ကျွန်​တော် ဒီကို လာတုန်းက ဟားဟားရဲ့အိတ်ထဲမှာ အသင့်စား​ခေါက်ဆွဲ​ခြောက်ထုပ်​တွေနဲ့ ဆားရည်စိမ်ကြက်ဥပြုတ်​တွေကို မြင်ခဲ့တယ်။ ကျွန်​တော် နည်းနည်း​လောက် သွားယူလိုက်ရမလား ??? "   ကျန်းကျစ်ရှန် ၀င်​​မေးလိုက်သည်။

လျူခိုင်က ကျန်းကျစ်ရှန်ရဲ့စကားကို အပြည့်အ၀ ​ထောက်ခံလိုက်သည်။

​ပေါ်ယွီကလည်း ကျန်းကျစ်ရှန်ကို လှည့်ကြည့်လိုက်သည်။သူက လက်ကို တိတ်တိတ်​လေး ဆန့်ထုတ်၍ ကျန်းကျစ်ရှန်နှင့်အတူ ​လေထဲတွင် လက်ဝါးချင်းရိုက်လိုက်ကြသည်။

​ဘေး၌ရပ်​နေ​သော ဟားဟားက သူ့ရဲ့အစားအ​သောက်​တွေကို ယူရန် ကြံစည်​နေကြသည့် ဤသုံး​ယောက်ရဲ့ ​ဆွေး​နွေးပွဲအား မျက်မြင်ဒိဋ္ဌကြုံ​တွေ့လိုက်ရသည်။ဟားဟား ကြားဖြတ်​ပြောလိုက်၏။   " . . . . . . အဲဒီလိုလုပ်ရင် ဂိမ်းကို ရှုံးမှာ​နော် ၊ ​ကောင်​လေး​တွေ . . . "

.
.
.
.
.
.

Hi guys , အခု လီစီးနျန်တို့ဘက်မှာ အပိုင်း ၈ တင်ဖို့ နပန်းလုံးလိုက်ဦးမယ် .......

Please Vote and Comment !!!!!!




















Zawgyi

ေပၚယြီက သူ​ေရာ စုန္႔႐ွီလင္အတြက္​ေရာ အိမ္မႈကိစၥ ​ေဝယ်ာ၀စၥမ်ား လုပ္ကိုင္ရန္ အိမ္​ေတာ္ထိန္းတစ္ဦး လိုအပ္​​ေနသည္ကို အ​ေၾကာင္းျပဳ၍ ဦး​ေလးရန္ အိမ္​ေရာက္လာျခင္းအား မ်က္ကြယ္ျပဳ​ေပးထားလိုက္သည္။

​ေနာက္တစ္​ေန႔။ဦး​ေလးရန္ ခ်က္ျပဳတ္ျပင္ဆင္​ေပး​ေသာ မနက္စာကို သုံး​ေဆာင္ၾကည့္ၿပီး​ေနာက္ သူ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္​ေကာင္းတစ္ခုကို ခ်မွတ္ခဲ့တာပဲဟု ​ေပၚယြီတစ္​ေယာက္ ​ေတြးလိုက္မိသည္။

ဦး​ေလးရန္က ​ေဘးတစ္ဖက္တြင္ မတ္တပ္ရပ္ရင္း မနက္စာ စား​ေနၾကသည့္ မိသားစုသုံး​ေယာက္အား ခ်စ္ခင္ၾကင္နာစြာ ၾကည့္႐ွဴ​ေနသည္။သူ ​ေ႐ွ႕သို႔ ​ေျခလွမ္းအနည္းငယ္တိုးကာ ​ေျပာလိုက္သည္္။   " ကြၽန္​ေတာ္ ​ေနာက္ရက္​ေတြအတြက္ အသားနဲ႔ အသီးအ႐ြက္​ေတြ ၀ယ္ဖို႔ ​ေစ်းသြားမလို႔ပါ။ ကြၽန္​ေတာ္ သခင္ငယ္​ေလးကို ​ေက်ာင္းလိုက္ပို႔​ေပးလိုက္ရမလား ??? "

​ေပၚယြီ မနက္စာ စား​ေနတာက​ေန ​ေခတၱ ရပ္တန္႔သြားသည္။၎​ေနာက္ သူ ခပ္​ေပါ့​ေပါ့ ျပန္​ေျဖလိုက္သည္။   " ဦး​ေလးရန္ ၊ ဒုကၡမခံပါနဲ႔။ ခဏ​ေန ကြၽန္​ေတာ္ အင္တာဗ်ဴး​ေျဖဖို႔ အျပင္ထြက္ရဦးမွာ။ အဲဒီက်မွ ကြၽန္​ေတာ္ပဲ သူ႕ကို ​ေက်ာင္းပို႔​ေပးလိုက္ပါ့မယ္ "

ဦး​ေလးရန္က ျပဳံး​ေနဆဲျဖစ္သည္။သူက ​ေပၚယြီအား အ႐ိုအ​ေသျပဳလိုက္ၿပီး ​ေဘးသို႔ ျပန္ဆုတ္​ေနလိုက္သည္။ဦး​ေလးရန္က ​ေပၚယြီ႕စကား​ေတြအ​ေပၚ စိတ္အ​ေႏွာင့္အယွက္မျဖစ္​ေပ။

မနက္စာစားအၿပီး၌ ​ေပၚယြီက ​ေက်ာင္းသြားရန္ ​ေသသပ္က်နစြာ ၀တ္ဆင္ထားတဲ့ ဖရဲသီး​ေလးႏွင့္အတူ အိမ္ထဲက​ေန ထြက္လိုက္သည္။စုန္႔႐ွီလင္ကလည္း သူတို႔​ေနာက္မွ နီးကပ္စြာ လိုက္လာ​ေလသည္။

သူတို႔သုံး​ေယာက္လုံး အိမ္​ေ႐ွ႕တြင္ ရပ္​ေနၾကသည္။​ေပၚယြီက မ်က္​​ေမွာင္ၾကဳတ္စြာ ​ေမးလိုက္သည္။   " ဦး​ေလးရန္ကို အိမ္မွာ တစ္​ေယာက္တည္း ထားခဲ့တာက အဆင္​ေျပပါ့မလား ??? "

အႏွီစကားကို စုန္႔႐ွီလင္ ၾကား​ေသာ္ သူက ​ေခါင္းကို အနည္းငယ္ ​ေအာက္ငုံ႔ကာ ​ေပၚယြီအား ​ေခ်ာ့ျမႇဴသည့္ အနမ္း​ေလးတစ္ပြင့္ ​ေပးအပ္လ်က္ ​ေျဖလိုက္သည္။   " ဒါ​ေပါ့။ ကိုယ္တို႔​​ေတြ သူ႕ကို စိတ္ခ်လို႔ရပါတယ္ "

" အြန္း "   ​ေပၚယြီက တံခါး၀ႀကီး၌ ဒီကိုယ္​ေရးကိုယ္တာကိစၥမ်ားကို ​ေဆြးေႏြးမ​ေနခ်င္​​ေပ။ထို႔​ေၾကာင့္ သူ ၀တ္​ေက်တမ္း​ေက် ​ေခါင္းညိတ္လက္ခံလိုက္သည္။သူတို႔သုံးဦးသား ဗီလာက​ေန ကိုယ္စီလမ္းအသီးသီးဆီ ခြဲထြက္သြားလိုက္ၾက၏။

ဦး​ေလးရန္က ျပင္သစ္ျပတင္းမွန္​ေ႐ွ႕တြင္ မတ္တပ္ရပ္ရင္း အိမ္မွ ထြက္ခြာသြားၾက​ေသာ သခင္​ေလးသုံး​ေယာက္ကို မ်က္​ေတာင္မခတ္တမ္း စူးစိုက္ၾကည့္​ေနသည္။သူ အျပဳံးတစ္ခုျဖင့္ အသာအယာ ​ေခါင္းယမ္းလိုက္မိသည္။

သူက သူ႕ရဲ႕လက္က်န္ဘ၀တစ္​ေလွ်ာက္လုံး ဤသခင္​ေလးသုံး​ေယာက္ကို ျပဳစု​ေစာင့္​ေ႐ွက္သြားရမည္ျဖစ္​ေလရာ သူ႕အ​ေနႏွင့္ ႏွစ္ဖက္လုံး ထိခိုက္နစ္နာ​ေအာင္ လုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္​ေခ်။

သို႔​​ေသာ္ သူတို႔​ေတြ အတူ႐ွိၾက​ေသာ အခ်ိန္ကာလက တို​ေတာင္းလြန္း​ေန​ေသးသည္။အဲဒါအျပင္ သူ႕အား ဒီ​ေနရာသို႔ ​ေစလႊတ္လိုက္တဲ့လူက စုန္႔႐ွီလင္အ​ေဖျဖစ္​ေနသည္။ထိုအ​ေၾကာင္းတရားမ်ား​ေၾကာင့္​ ေပၚယြီက သူ႕ကို အႀကိမ္ႀကိမ္အခါခါ သတိထားျပဳမူ​ေနျခင္းျဖစ္သည္။

ဘုရား​ေရ ၊ ဒီလူငယ္​ေလးက အၿမဲတမ္း သတိကပ္​ေန​ေရာ။

မနက္ခင္း တစ္ဆယ္နာရီ။မူႀကိဳအတန္း။

ကတ္​ေၾကးတစ္လက္ႏွင့္ အမ်ိဳးသမီးဆရာမအသစ္တစ္ဦးက ဖရဲသီး​ေလးဆီ ​လမ္းေလွ်ာက္လာသည္။သူမက ဖရဲသီး​ေလး​ေ႐ွ႕​ေမွာက္တြင္ ​ေဆာင့္​ေၾကာင့္ထိုင္ခ်၍ ဆိုလိုက္သည္။   " က​ေလး​ေလး ၊ သားရဲ႕နဖူး​ေပၚက ဆံပင္​ေလး​ေတြက သားရဲ႕မ်က္ႏွာ​ေလးကို မၾကာခင္ အုပ္​ေတာ့မယ္။ ဆရာမက သားရဲ႕ဆံပင္​ေလးကို နည္းနည္း​ေလာက္ ညႇပ္​ေပးရမလား ??? "

" မညႇပ္ဘူး !!! "   ဖရဲသီး​ေလးက အသည္းအသန္ ျငင္းဆန္လိုက္သည္။

" ဒါ​ေပမယ့္ သားဒက္ဒီက ဆံပင္ႀကီး႐ွည္​ေနတာကို သ​ေဘာမက်ဘူးမဟုတ္လား ??? "   ထိုအမ်ိဳးသမီးဆရာမက ​ေခ်ာ့​ေမာ့လိုက္သည္။တစ္ခ်ိန္တည္း၌ပင္ သူမက သစ္သီးအရသာ သၾကားလုံး​ေလးတစ္လုံးအား မ်က္လွည့္ျပသကဲ့သို႔ ဆြဲထုတ္ျပလိုက္သည္။  
" သားက သၾကားလုံး​ေလး​ေတြကို ႀကိဳက္တယ္ဆို ၊ ဟုတ္တယ္ဟုတ္ ??? ဒီသၾကားလုံး​ေလးက သားဖို႔ပဲ။ ဆရာမက သားရဲ႕ဆံပင္​ေလးကို ပိစိ​ေလးပဲ ညႇပ္​ေပးမွာ​ေလ။ ပိစိ​ေလးပဲ "

ဖရဲသီး​ေလးက ​ေခါင္းမညိတ္မီ ​ေခတၱမွ် တုံ႔ဆိုင္း​ေနသည္။ထို႔​ေနာက္ ဖရဲသီး​ေလးက သၾကားလုံး​ေလးကို လွမ္းယူၿပီး ​ေျပာလိုက္သည္။   " သ​ေဘာတူတယ္။ ပိစိ​ေလးပဲ​ေနာ္ . . . "

ဖရဲသီး​ေလးရဲ႕ ဆံပင္စ​ေလးတစ္စုကို ​ေအာင္​ေအာင္ျမင္ျမင္ ရယူႏိုင္လိုက္တဲ့ အႏွီဆရာမဟာ အ​ေနာက္ဘက္ျခံဝင္းသို႔ ​အေျပးသြားကာ ပတ္၀န္းက်င္ကို ​ေၾကာက္လန္႔တၾကား ဟိုဟိုဒီဒီ အကဲခတ္ရင္း အိတ္အျဖဴတစ္အိတ္အား ထုတ္လ်က္ ဆံပင္စ​ေလးမ်ားကို အိတ္အျဖဴအတြင္း ဂ႐ုတစိုက္ ထည့္လိုက္သည္။သူမက သံတံခါးမႀကီးဆီ ​ေလွ်ာက္လာ​လိုက္သည္။၎​ေနာက္ သူမက ထိုအိတ္အျဖဴကို ၾကမ္းျပင္​ေပၚ ပစ္ခ်လိုက္ၿပီး အ​ေဝး​ေျပးထြက္သြား၏။

သူမ အ​ေနာက္ဘက္ျခံဝင္းက​ေန ​ေပ်ာက္ကြယ္သြားသည္ႏွင့္တစ္ၿပိဳင္နက္ မထင္မ႐ွား ၀တ္စားထား​ေသာ လူငယ္တစ္ဦးက သံတံခါးမႀကီးအနီးအနား ျဖတ္​ေလွ်ာက္လာသည္။ထိုလူငယ္က ဖိနပ္ႀကိဳးခ်ည္ရန္ တည္ၿငိမ္စြာ ငုတ္တုတ္ထိုင္လိုက္၍ ျပန္အထတြင္ ၎အိတ္အျဖဴကိုပါ တစ္ခါတည္း ယူ​ေဆာင္သြားသည္။

" ဦး​ေလးစုန္႔ ၊ ကြၽန္​ေတာ္ပါ။ ကြၽန္​ေတာ္ သခင္ငယ္​​ေလးရဲ႕ ဆံပင္ကို ရၿပီးပါၿပီ "

_____________

အ၀တ္လဲခန္း။

​ေရ​ေမႊးနံ႔ကို ​ေထာင္း​ေထာင္းထ​ေန​ေအာင္ ဆြတ္ရတာႀကိဳက္​ေသာ hair stylist က ​ေပၚယြီဆီ ​ေရာက္လာကာ ရည္႐ြယ္ခ်က္႐ွိ႐ွိ ဆိုလိုက္သည္။   " က်စ္ __ က်စ္ ၊ သားသမီး႐ွိတဲ့ ​ေယာက်္ား​ေတြက တကယ္ ကြာတာပဲ။ ႐ွင့္တစ္ကိုယ္လုံး ဖခင္​ေမတၱာ​ေတြ အျပည့္ျဖစ္​ေနၿပီ။ ခ်ိဳၿမိန္ခ်က္ "

" ကြၽန္​ေတာ္႕ဆံပင္​ေတြ ႐ွည္​ေနသလိုပဲ "   ​ေပၚယြီက ထို hair stylist ကို လ်စ္လ်ဴ႐ွဴထားသည္။သူက သူ႕ကိုယ္သူ မွန္ထဲၾကည့္ၿပီး ​ေျပာလိုက္သည္။  

Hair stylist က ​ေခါင္းတဆတ္ဆတ္ၿငိမ့္လ်က္ ​ေမးလိုက္သည္။   " ႐ွင့္ဆံပင္ကို နည္းနည္းပါးပါး တိပစ္လိုက္မလား ??? "

" အင္း "   ​ေပၚယြီ ​ေျဖလိုက္သည္။ထို႔​ေနာက္ သူ႕ဖုန္းကို ထုတ္ကာ စညႇပ္ရန္ ​ေခါင္းတစ္ခ်က္ဆတ္ျပလိုက္သည္။

Hair stylist က ကတ္​ေၾကးကို ယူ၍ ​ေပၚယြီ႕ဆံပင္အား ​ေသ​ေသခ်ာခ်ာ တိ​ေပးလိုက္သည္။တစ္ဆယ္မိနစ္ခန္႔႐ွိ​ေသာ္ hair stylist က ကတ္​ေၾကးကို ျပန္ခ်ထားရင္း ​ေျပာလိုက္သည္။  
" ၿပီးၿပီ။ ဘယ္လိုလဲ ??? "

ဆံပင္ကို ခပ္ပါးပါး​ေလး ညႇပ္​ေပးလိုက္တာသာျဖစ္သည္။ပုံစံရယ္လို႔ ႀကီးႀကီးမားမား မ​ေျပာင္း​ေခ်။​ေပၚယြီက သူ႕ဆံပင္သူ တစ္ခ်က္႐ိႈးၿပီး ​ေမးလိုက္၏။   " ကြၽန္​ေတာ္ ဘယ္အခ်ိန္ စင္​ေပၚတက္ရမလဲ ??? "

​ေပၚယြီ အႏွီ​ေမးခြန္းကို ​ေမး​ေနတုန္းမွာပဲ ပြဲစီစဥ္ႀကီးၾကပ္သူ လူငယ္တစ္ဦးက ​ေပၚယြီဆီ ​ေျခလွမ္းခပ္သြက္သြက္ လွမ္းလာကာ ​ေျပာလိုက္သည္။   " ​ေပၚ​ေကာ ၊ အဆင္သင့္ျဖစ္ၿပီလား ??? ခဏ​ေနရင္ ​ေပၚ​ေကာ စင္​ေပၚတက္ရ​​ေတာ့မယ္ "

​ေပၚယြီ ​ေခါင္းညိတ္ျပလိုက္သည္။သူ ထိုင္ခုံက​ေန မတ္တပ္ထရပ္၍ ဖုန္းကို သူ႕လက္​ေထာက္အား ကမ္း​​ေပးလိုက္သည္။   " အင္း ၊ သြားစို႔ "

​ေပၚယြီ ​ေနရာမွ ထြက္သြားၿပီး​ေသာအခါ၀ယ္ hair stylist က သူမလက္သီးဆုပ္ကို တိတ္တဆိတ္ ျဖန္႔လိုက္​ေလသည္။ထိုက ​ေပၚယြီ႕ဆံပင္​ေတြပင္ျဖစ္သည္။

သူမက ​ေပၚယြီ႕ဆံပင္မ်ားကို တစ္႐ွဴးအတြင္း၌ ထုပ္ပိုးလိုက္ကာ သန္႔စင္ခန္းသို႔ သြားလိုက္သည္။သန္႔စင္ခန္း​ေဘးတြင္ ရပ္​ေနတဲ့ လူငယ္တစ္ဦးက သူမအား အျပဳံးႏွင့္ ၾကည့္လာသည္။ hair stylist က အႏွီလူငယ္ဆီ သုတ္တီးသုတ္ပ်ာ သြားလိုက္ၿပီး တစ္႐ွဴးအလိပ္​ေလးကို လက္ထဲထည့္​ေပးလိုက္သည္။သူမက ကတိုက္က႐ိုက္ ဆိုလိုက္သည္။   " ႐ွင္ ကြၽန္မကို ကတိ​ေပးထားတဲ့ဟာ ​ေပးဖို႔ မ​ေမ့နဲ႔ "

ထို႔​ေနာက္ hair stylist က သန္႔စင္ခန္းနားက​ေန လိပ္ျပာမလုံစြာ ထြက္ခြာသြားလိုက္သည္။

လူငယ္ကလည္း ​ေပၚယြီ႕ဆံပင္ကို ထုပ္ထားသည့္ တစ္႐ွဴးစႏွင့္တကြ သန္႔စင္ခန္းမွ ထြက္သြား​ေလသည္။

" ဦး​ေလးစုန္႔ ၊ ကြၽန္​ေတာ္ ​ေပၚယြီ႕ဆံပင္ကို ရခဲ့ၿပီ။ ကြၽန္​ေတာ္ ဦး​ေလးဆီ ယူလာ​ေပးရမလား ??? "

ဦး​ေလးစုန္႔က အႏွီလူငယ္အား လုပ္ရမည့္အရာမ်ားကို ​ေစခိုင္းလိုက္သည္။၎​ေနာက္ ဦး​ေလးစုန္႔က ဖုန္းခ်လိုက္၍ စာၾကည့္ခန္းဆီ လမ္း​ေလွ်ာက္လာကာ တံခါး​ေခါက္လိုက္သည္။

" ၀င္ခဲ့ "   စံအိမ္သခင္၏ ၾသဇာ​ေညာင္း​ေသာ အသံက အခန္းအတြင္းက​ေန ​ဆိုလိုက္သည္။

ဦး​ေလးစုန္႔ စာၾကည့္ခန္းထဲသို႔ တံခါးဖြင့္၀င္လ်က္ ​ေျပာလိုက္သည္​။   " ကြၽန္​ေတာ္ သခင္ငယ္​ေလးနဲ႔ သခင္​ေလး​ေပၚတို႔ရဲ႕ ဆံစနမူနာ​ေတြကို ယူထားၿပီးပါၿပီ။ အခု ကြၽန္​ေတာ္ မိဘအရင္းျဖစ္​ေၾကာင္း စစ္​ေဆးမႈကို လုပ္လိုက္ရ​ေတာ့မလား ??? "

စားပြဲတြင္ က်က်နန ထိုင္​ေနတဲ့ စုန္႔႐ွီလင္အ​ေဖက စီးပြား​ေရးကိစၥအ​ေထြ​ေထြကို ​ေျဖ႐ွင္း​ေဆာင္႐ြက္​ေနသည္။သူက ဦး​ေလးစုန္႔အား လုံးလုံးလ်ားလ်ား ​ေမာ့မၾကည့္ဘဲ ၫႊန္ၾကားလိုက္သည္။   " အင္း။ မိဘအရင္းျဖစ္​ေၾကာင္း စစ္​ေဆးမႈအတြက္ စုန္႔႐ွီလင္ရဲ႕ ​ေဆး႐ုံမွာ႐ွိ​ေန​ေသးတဲ့ ခ်က္ႀကိဳးကို သုံးလိုက္ပါ "

ဦး​ေလးစုန္႔က ​ေလးနက္စြာ ​​ေခါင္းညိတ္နာခံရင္း ​ေျပာလိုက္သည္။   " ဟုတ္ကဲ့ "

" သူ႕ရဲ႕မိဘအရင္းျဖစ္​ေၾကာင္း စစ္​ေဆးခ်က္ရလဒ္ကို အတတ္ႏိုင္ဆုံး ျမန္ျမန္ သိခ်င္တယ္။ ဒီကိစၥမွာ ပါ၀င္ပတ္သတ္ခဲ့တဲ့ လူ​ေတြအကုန္လုံး ပါးစပ္ပိတ္ထားရမယ္ "   စုန္႔႐ွီလင္အ​ေဖက သာမာန္မွ် ဆို​ေန​ေသာ္လည္း အတည္​ေျပာ​ေနမွန္း သိသာသည္။

ဦး​ေလးစုန္႔က ​ေခါင္းငုံ႔ကာ ႐ိုက်ိဳးစြာ ျပန္​ေျဖလိုက္သည္။   " ကြၽန္​ေတာ္ကိုယ္တိုင္ အဲဒီကိစၥကို ကိုင္တြယ္လိုက္ပါ့မယ္ "

" လက္ဖက္ရည္တစ္ခြက္ ​​ေဖ်ာ္​ေပးပါဦး "

ဦး​ေလးစုန္႔က စာၾကည့္ခန္းထဲက​ေန အ႐ိုအ​ေသ​ေပး ထြက္ခြာသြားခဲ့သည္။ခဏတစ္ျဖဳတ္႐ွိတဲ့အခ်ိန္မွာ သူက စုန္႔႐ွီလင္အ​ေဖရဲ႕ လက္ဖက္ရည္ခြက္ကို စာၾကည့္ခန္းဆီသို႔ သယ္​ေဆာင္​ေပးလာသည္။

တစ္ဖက္တြင္။စုန္႔႐ွီလင္က သူ႕အေဖ လုပ္ကိုင္​ေနသည့္ အရာမ်ားကို ၾကားသိအၿပီး၌ တဒဂၤ ႏႈတ္ဆိတ္​ေနသည္။သူက လက္ကို အ​ေလးမထားစြာ ​ေဝ့ယမ္းျပလ်က္ ​ေျပာလိုက္သည္။   " သူ႕ကို ဒီအတိုင္း အတည္ျပဳစစ္​ေဆးခိုင္းလိုက္ပါ​ေလ "

အတြင္း​ေရးမႉးခ်ဴက နားလည္ၿပီျဖစ္​ေၾကာင္း ​ေဖာ္ျပ၍ ထြက္သြားလိုက္၏။

_____________

မန္​ေနဂ်ာက်န္းဟာ တင္းဖန္​ေအဂ်င္စီ၏ အ​ေပါက္၀အျပင္ဘက္သို႔ လမ္း​ေလွ်ာက္လာသည္။သူ႕အိတ္ကပ္ထဲ႐ွိ ဟန္းဖုန္းက အသံျမည္​ေနတဲ့အခါ မန္​ေနဂ်ာက်န္းတစ္​ေယာက္ ဖုန္းထုတ္ၾကည့္လိုက္​ေသာ္ အမည္မသိဖုန္း​ေခၚဆိုမႈတစ္ခုျဖစ္သည္။သူ ဖုန္း​ကိုင္လိုက္သည္။   " မဂၤလာပါ။ ​ေျပာ​ေနတာ ဘယ္သူပါလဲ ??? "

" ကြၽန္​ေတာ္ပါ "   သတ္လတ္ပိုင္းအ႐ြယ္ ​ေယာက်္ားတစ္ဦးက အသံခပ္အက္အက္ျဖင့္ ဆိုလိုက္သည္။   " ကြၽန္​ေတာ္ ​ေငြျပတ္​ေနၿပီ။ ပိုက္ဆံလႊဲ​ေပးဦး။ ကြၽန္​ေတာ္လည္း ခင္ဗ်ားကို ထပ္မ​ေႏွာင့္ယွက္​ေတာ့ပါဘူး။ မဟုတ္ရင္ ​ေပၚယြီရဲ႕သတင္းဆိုး​ေတြကို လူ​ေတြၾကား ဖြပစ္လိုက္မယ္ !!! "

မန္​ေနဂ်ာက်န္း ​ေလွာင္​ေျပာင္လိုက္သည္။   " မင္း ​ေလာင္းကစား႐ုံထဲမွာ ​ေန​ေနတာ ဘယ္​ေလာက္​ေတာင္ ၾကာၿပီလဲ ဟမ္ ??? အျပင္​ေလာကႀကီးနဲ႔ အဆက္အသြယ္မ်ား ျဖတ္ထားတာလား ??? မင္း သတင္း​ေလးဘာ​ေလး​ေရာ ၾကည့္ျဖစ္ရဲ႕လား ??? "

" မင္း ​ေသာက္တုံး !!! မင္းက မင္းအဘိုးက်န္းဆီက​ေန တစ္​ေခါက္မဟုတ္ ၊ ႏွစ္​ေခါက္မဟုတ္နဲ႔ ၿခိမ္း​ေျခာက္​ေငြညႇစ္ရဲတယ္​ေပါ့ !!! လစ္လိုက္စမ္း !!! "   မန္​ေနဂ်ာက်န္း ကားထဲ ၀င္ထိုင္လိုက္ၿပီး Driver အား စ​ေမာင္းရန္ အခ်က္ျပလိုက္သည္။သူ ​ေအးစက္စြာ ​ေျပာလိုက္သည္။   " မင္း ငါ့ဆီ ​ေနာက္တစ္​ခါေလာက္ပဲ ဖုန္းထပ္​ေခၚရင္ မင္း ဆက္ဆက္ ​ေနာင္တရ​ေစရမယ္ !!! "

မန္​ေနဂ်ာက်န္း တီခနဲ ဖုန္းခ်ပစ္လိုက္သည္။

ဖုန္းတစ္ဖက္မွ သတ္လတ္ပိုင္းအ႐ြယ္ ​ေယာက်္ားက ႐ုတ္တရက္ တစ္ခုခု လြဲမွား​ေနသလို ခံစားလိုက္ရသည္။သူ ကြန္ပ်ဴတာကို အလ်င္အျမန္ ​ေျပးဖြင့္ကာ အင္တာနက္ ခ်ိတ္ဆက္လိုက္သည္။ . . . . . . သူ ဘာျမင္လိုက္တာလဲ ??? ​ေပၚယြီက သူ Single father ဆိုတာကို ​ေၾကညာလိုက္တယ္ !!!

သတ္လတ္ပိုင္း​ေယာက်္ားဟာ အသက္ပင္ ​ေျဖာင့္​ေျဖာင့္မ႐ွဴႏိုင္​​ေတာ့​ေခ်။ ​ေပၚယြီက သူ႕ရဲ႕အသက္​ေမြး၀မ္း​​ေက်ာင္းအလုပ္ကို​ေတာင္ အ​ေလာင္းအစားလုပ္ စြန္႔စားရဲတယ္ ???!!!

_____________

'ခ်စ္စရာ့ က​ေလးငယ္' ႐ိႈးပထမပိုင္းက ထုတ္လႊင့္ၿပီးသြားၿပီျဖစ္သည္။ထို႔​ေၾကာင့္ ၾကယ္ပြင့္​ေဖ​ေဖ ငါးဦးႏွင့္ ခ်စ္စဖြယ္​ေကာင္း​ေသာ က​ေလး​ေလးတို႔က ႐ိႈးဒုတိယပိုင္းကို ႐ိုက္ကူးရန္ စတင္ျပင္ဆင္ၾကရသည္။

ဒုတိယပိုင္း၏ theme က ျမစ္တံတားနံ​ေဘးတြင္တည္႐ွိ​ေသာ အိမ္​ေလးတစ္လုံးျဖစ္သည္။

ဟြားၿမိဳ႕​ေတာ္​ေတာင္ဘက္၌ ႐ွ႐ွန္းဟု အမည္တြင္သည့္ ခပ္​ေသး​ေသး ၿမိဳ႕ငယ္​ေလးတစ္ၿမိဳ႕႐ွိသည္။ထိုၿမိဳ႕​ေလးဟာ စမ္း​ေခ်ာင္း​ေလး​ေတြ ၊ ေက်ာက္စရစ္ခဲ​ေလးမ်ား ခင္းထား​ေသာ လမ္းငယ္​ေလး​ေတြ ၊ သမိုင္း၀င္ အထင္ကရ အ​ေဆာက္အဦးႏွင့္တကြ ဂႏၲ၀င္ညိႇဳ႕ဓါတ္အျပည့္ျဖစ္သည္။

​ေပၚယြီ သ႐ုပ္​ေဆာင္ခဲ့ဖူးသည့္ <Nine Ordeals> ၏ ျပင္ပ႐ိုက္ကြင္းမ်ားကို ဤ​ေနရာတြင္ပဲ ႐ိုက္ကူးခဲ့ျခင္းျဖစ္သည္။

" ဦးဦးက ဟားဟားပါ။ ႏွစ္​ေပါင္းတစ္ရာ​ေက်ာ္ သမိုင္း​ေၾကာင္း႐ွိတဲ့ ဒီ​ေ႐ွး​ေဟာင္းၿမိဳ႕​ေလးက​ေန ႀကိဳဆိုလိုက္ပါတယ္။ အခု ႏွစ္ညအိပ္သုံးရက္ ခရီးတာအ​ေတာအတြင္းမွာ ​ေပ်ာ္႐ႊင္စရာ အခ်ိန္​ေကာင္း​ေလးတစ္ခုကို ပိုင္ဆိုင္ႏိုင္ပါ​ေစခင္ဗ်ာ !!! "   ဟားဟားက ျပဳံးၿဖဲၿဖဲျဖင့္ ဆိုလိုက္သည္။   " ဒီတစ္​ေခါက္က​ေတာ့ ပါးပါးတို႔ ​ေနရမယ့္​ေနရာကို က​ေလး​ေလး​ေတြက အဆုံးအျဖတ္​ေပးမွာျဖစ္ပါတယ္ "

​​ေပၚယြီ႕​ေျခဖမိုး​ေပၚ၌ ငုတ္တုတ္​ေလး ထိုင္​ေန​ေသာ ဖရဲသီး​ေလးက ဟားဟားကို ​ေခါင္း​ေလး​ေမာ့ၾကည့္ကာ မ်က္​ေတာင္​ေလး တျဖတ္ျဖတ္ ခတ္​ေနသည္။   " ဘာကို . . . . . . ??? "

​ေပၚယြီတစ္​ေယာက္ သူ႕သား​ေလးကို ဆတ္ခနဲ ငုံ႔ၾကည့္လိုက္ၿပီး မ်က္ႏွာတြင္လည္း အကူအညီမဲ့မႈမ်ား ျပည့္လွ်မ္းသြားသည္။

​ေဝ့​ေဝးက သူ႕ရဲ႕ၿမိဳ႕ႀကီးသား​ေလသံ​ေလးႏွင့္ အထစ္အထစ္ ​ေမးလိုက္သည္။   " ဦး . . . ဦးဦး ဆိုလိုတာက သားတို႔​ေတြ ဂိမ္းတစ္ခု ကစားရမယ္လို႔လား ??? "

" ဒါ​ေပါ့။ က​ေလး​ေလး​ေတြက ဂိမ္း​ေလးတစ္ခု ကစားၾကရမွာ "   ပထမရတဲ့သူက မင္း​ေလးတို႔ရဲ႕ အိမ္​ေနရာကို အရင္ဆုံး ​ေ႐ြးခ်ယ္ခြင့္ရမယ္ "   ဟားဟား ​ေျဖလိုက္သည္။   " ဒီၿမိဳ႕​ေလးမွာ ကုန္စုံဆိုင္တစ္ခုပဲ႐ွိတယ္။ က​​ေလး​ေလးတို႔​ေရ ၊ အဲဒီကုန္စုံဆိုင္ဆီ အျမန္ဆုံး သြားပါ။ ဒီ​ေန႔ မင္း​ေလးတို႔ရဲ႕ ပါးပါး​ေတြအတြက္ ​ေန႔လယ္စာ၀ယ္ရမယ္​ေနာ္။ ၿပီးရင္ အဲဒီ​ေန႔လယ္စာကို ဒီယူလာခဲ့ရပါမယ္။ ပထမဆုံး​ေရာက္တဲ့သူက ဒီဂိမ္းရဲ႕ အႏိုင္ရသူပဲ "

" အဲဒါက ကြၽန္​ေတာ္တို႔အတြက္ မမွ်တဘူး​ေလ "   ​ေပၚယြီက စိတ္ပ်က္လက္ပ်က္ မ်က္ႏွာအမူအရာ​ေလးကို ခ်ိတ္ဆြဲလ်က္ သူ႕စိတ္ႏွလုံးသားတစ္ခုလုံးဟာ ျပာမႈန္မ်ားအျဖစ္ ​ေျပာင္းလဲသြားသည့္ႏွယ္ ​ေျပာလိုက္သည္။   " ကြၽန္​ေတာ္ရဲ႕ဖရဲသီး​ေလးက ​ေလာကႀကီးအ​ေၾကာင္း သိတာမဟုတ္ဘူး။ သူ အခုထိ ဘာမွမ၀ယ္မျခမ္းတတ္​ေသးဘူးရယ္ "

ဖရဲသီး​ေလးက မတ္တပ္ထရန္အလို႔ငွာ ​ေပၚယြီ႕​ေဘာင္းဘီစကို အားယူဆြဲ၍ အ​ေလာတႀကီး ဆိုလိုက္သည္။   " ႏိုး ၊ ႏိုး ၊ ႏိုး ၊ ဖရဲသီး​ေလး ၀ယ္ႏိုင္တယ္ "

​ေပၚယြီခမ်ာ သူ႕​ေဘာင္းဘီသူ ကတိုက္က႐ိုက္ တင္းတင္းၾကပ္ၾကပ္ ျပန္ဆြဲထားလိုက္ရၿပီး ​ေသာက​ေရာက္စြာ ​ေျပာလိုက္သည္။   " ဖရဲသီး​ေလး​ေရ ၊ ျမန္ျမန္ လႊတ္လိုက္ကြယ္။ ပါးပါးရဲ႕​ေဘာင္းဘီက ကြၽတ္က်​ေတာ့မယ္ !!! "

ဖရဲသီး​ေလးမွာ အလန္႔တၾကားျဖစ္သြား​ေလသည္။

႐ိုက္ကူး​ေရး၀န္ထမ္းမ်ားႏွင့္ ၾကယ္ပြင့္​ေဖ​​ေဖမ်ားအျပင္ ခပ္တန္းတန္း သီးျခား​ေနတတ္တဲ့ Rock and Roll ဂီတဖခင္ႀကီး က်န္း႐ွန္႔ပင္လွ်င္​ေတာင္မွ ၎ျဖစ္အင္ကို ျမင္လိုက္ရတဲ့အခ်ိန္မွာ မရယ္​ေမာမိဘဲမ​ေနႏိုင္​ေခ်။

ထိုအျဖစ္အပ်က္​ေလးက တီဗြီ​ေ႐ွ႕တည့္တည့္႐ွိ ပရိသတ္အ​ေပါင္းကိုလည္း ထမင္းသီးလုမတတ္ ​ေအာ္ရယ္သြား​ေစသည္။

[ ​ေပၚကိုကို​ေလးရဲ႕ ​ေအးတိ​ေအးစက္ပုံစံက တစ္မိနစ္မၾကာဘဲ ဖရဲသီး​ေလး ​ေဖာ္ထုတ္တာကိုခံလိုက္ရတယ္။ ရယ္လိုက္ရတာ . . . . . . ဟား ၊ ဟား ၊ ဟား ]

[ ဟား ၊ ဟား ၊ ဟား . . . . . . ငါ​ေလး အႀကီးအက်ယ္ အူတက္​ေနၿပီ။ သူ႕ပါးပါးကိုဆို အၿမဲတမ္း ဖူးဖူးမႈတ္အလိုလိုက္တတ္တဲ့ အသည္းယားစရာ ဖရဲသီး​ေလးက အခုပဲ ​ေပၚယြီကို က်ီစယ္​ေနတယ္။ အမ​ေလး . . . ငါ ရယ္​ေနတာကို ထိန္းမရ​ေတာ့ဘူး !!! ]

​ေသာၾကာ​ေန႔ ညတိုင္း 'ခ်စ္စရာ့ က​ေလးငယ္' အစီအစဥ္အား အခ်ိန္မွန္မွန္ ​ေစာင့္​ေမွ်ာ္ၾကည့္႐ွဴအား​ေပး​ေလ့႐ွိတဲ့ စုန္႔႐ွီလင္အ​ေမက အႏွီအခိုက္အတန္႔​ေလးကို ​ေတြ႕​​ေသာအခါ သူမရဲ႕ေခါင္းကို ​ေဘးတစ္ဖက္လွည့္၍ ရယ္ခ်င္စိတ္တခ်ိဳ႕ျဖင့္ ဟြန္႔ခနဲ ႏွာမႈတ္လိုက္သည္။

အခ်ိန္႐ွိသ​ေ႐ြ႕ တည္ၾကည္​ေလးနက္တဲ့ မ်က္ႏွာအမူအရာနဲ႔ စုန္႔႐ွီလင္အ​ေဖ၏ ႏႈတ္ခမ္း​ေထာင့္စြန္း​ေတြကလည္း အ​ေပၚသို႔ ညင္သာစြာ ​ေကြးတက္သြားခဲ့သည္။

​ေပၚယြီႏွင့္ ဆက္ဆံ​ေရး​ေကာင္းသည့္ လ်ဴခိုင္က ​ေပၚယြီ႕ပခုံးကို ခပ္ဆတ္ဆတ္ ပုတ္ရင္း တဟားဟား ရယ္​ေမာ​ေနသည္။   " ကိစၥမ႐ွိဘူး။ ကိစၥမ႐ွိဘူး။ တကယ့္ ​​ေယာက်ာ္းစစ္စစ္က ​ေဘာင္းဘီကြၽတ္က်လည္း ရပါတယ္ "

သိပ္စိတ္မ႐ွည္​ေတာ့တဲ့ လ်ဴ​ေ႐ွာင္႐ႊိက္​ေလးက သူ႕​ေအာက္​ ေခါင္းတစ္လုံးစာ​ေလာက္ အရပ္ပု​ေသာ ဖရဲသီး​ေလးဆီကို ​ေလွ်ာက္သြားလိုက္ၿပီး ဖရဲသီး​ေလးအား ​ေဘးနားဆြဲ​ေခၚကာ တိုးတိုး​ေလး ကပ္​ေျပာလိုက္သည္။   " ခဏ​ေနရင္ ငါ့​ေနာက္က​ေန လိုက္ခဲ့​ေနာ္ "

ဖရဲသီး​ေလးက ​ေခါင္း​ေလးကို န​ေဝတိမ္​ေတာင္ ညိတ္ျပလိုက္၏။

က​ေလး​ေလး​ေတြက ကုန္စုံဆိုင္ကို ႐ွာ​ေဖြရန္ ထြက္ခြာသြားၾကစဥ္ နံရံအား မွီတြယ္ထားတဲ့ ​ေပၚယြီက စိတ္ပ်က္အား​ေလ်ာ့​ေနသည့္ မ်က္ႏွာႏွင့္တကြ ​ေကာင္းကင္ႀကီးကို ညိႇဳးငယ္စြာ ​ေမာ့ၾကည့္လိုက္သည္။   " ကြၽန္​ေတာ္႕ကို ​ေျပာပါဦး။ ကြၽန္​ေတာ္ ဒီ​ေန႔လယ္ ​ဗိုက္​ေဟာင္း​ေလာင္း​ေနရ​​ေတာ့မွာလား ??? "

လ်ဴခိုင္က ​ေပၚယြီအား ကိုယ္ခ်င္းစာစြာ ဆိုလိုက္သည္။   " မပူနဲ႔။ ခိုင္​ေကာက မင္းကို ကူညီမယ္ "

" တကယ္လို႔​ေလ ​ေ႐ွာင္႐ႊိက္ ယူလာတာ​ေတြက snack ​ေတြခ်ည္း ျဖစ္​​ေနရင္​ေရာ ??? "  ​ေပၚယြီ လ်ဴခိုင္ကို မ်က္လုံး​ေမွးစင္းၾကည့္လ်က္ ​ေျပာလိုက္သည္။   " ကြၽန္​ေတာ္ ​ေၾကာက္တာက ဖရဲသီး​ေလး ကုန္စုံဆိုင္ထဲက သၾကားလုံးမွန္သမွ်ကို သယ္ခ်လာမွာကိုပဲ "

" ဒါနဲ႔ ၊ ကြၽန္​ေတာ္ ဒီကို လာတုန္းက ဟားဟားရဲ႕အိတ္ထဲမွာ အသင့္စား​ေခါက္ဆြဲ​ေျခာက္ထုပ္​ေတြနဲ႔ ဆားရည္စိမ္ၾကက္ဥျပဳတ္​ေတြကို ျမင္ခဲ့တယ္။ ကြၽန္​ေတာ္ နည္းနည္း​ေလာက္ သြားယူလိုက္ရမလား ??? "   က်န္းက်စ္႐ွန္ ၀င္​​ေမးလိုက္သည္။

လ်ဴခိုင္က က်န္းက်စ္႐ွန္ရဲ႕စကားကို အျပည့္အ၀ ​ေထာက္ခံလိုက္သည္။

​ေပၚယြီကလည္း က်န္းက်စ္႐ွန္ကို လွည့္ၾကည့္လိုက္သည္။သူက လက္ကို တိတ္တိတ္​ေလး ဆန္႔ထုတ္၍ က်န္းက်စ္႐ွန္ႏွင့္အတူ ​ေလထဲတြင္ လက္ဝါးခ်င္း႐ိုက္လိုက္ၾကသည္။

​ေဘး၌ရပ္​ေန​ေသာ ဟားဟားက သူ႕ရဲ႕အစားအ​ေသာက္​ေတြကို ယူရန္ ၾကံစည္​ေနၾကသည့္ ဤသုံး​ေယာက္ရဲ႕ ​ေဆြး​ေႏြးပြဲအား မ်က္ျမင္ဒိ႒ၾကဳံ​ေတြ႕လိုက္ရသည္။ဟားဟား ၾကားျဖတ္​ေျပာလိုက္၏။   " . . . . . . အဲဒီလိုလုပ္ရင္ ဂိမ္းကို ႐ႈံးမွာ​ေနာ္ ၊ ​ေကာင္​ေလး​ေတြ . . . "

.
.
.
.
.
.

Hi guys , အခု လီစီးႏ်န္တို႔ဘက္မွာ အပိုင္း ၈ တင္ဖို႔ နပန္းလုံးလိုက္ဦးမယ္ .......

Please Vote and Comment !!!!!!






















Continue Reading

You'll Also Like

503K 83.3K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ