Scroll down for Zawgyi.
Unicode
နောက်ထပ်သုံးနာရီအကြာတွင် Breaking Up Challenge ရိုက်ကူးရေး ပြီးဆုံးခဲ့သည်။ပေါ်ယွီက အိပ်ပျော်နေတဲ့ ဖရဲသီးလေးနဲ့အတူ အ၀တ်လဲခန်းဆီ လျှောက်သွားလိုက်ပြီး သူ့ရဲ့ လက်ထောက်အသစ်လေးနှစ်ဦးအား အပြင်ထွက်နေရန် စေခိုင်းလိုက်သည်။
ခဏတစ်ဖြုတ်ကြသော် မိတ်ကပ်ဖျက်နေတဲ့ ပေါ်ယွီဟာ တံခါးကို ဂရုမစိုက်စွာ တွန်းဖွင့်၍ အ၀တ်လဲခန်းအတွင်းသို့ ၀င်ချလာသော စုန့်ရှီလင်အား တွေ့လိုက်ရလေသည်။
" . . . . . . မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ ??? " ပေါ်ယွီ အံ့အားသင့်သွားကာ မိတ်ကပ်များကို ခပ်သွက်သွက် ဖျက်ပစ်လိုက်၏။ထို့နောက် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ဖရဲသီးလေးကို သူ့လက်မောင်းတွေထဲ၌ စုန့်ရှီလင်ဆီ ပွေ့သယ်သွားပြီး ပြောလိုက်သည်။ " ကလေးကို ကားထဲ ခေါ်သွားပေးပါ။ ငါ ထွက်လာလို့ မရသေးဘူး။ ငါ ပြန်မယ့်အကြောင်း လင်းရီတို့ကို ပြောရဦးမယ် "
" . . . . . . . . . " စုန့်ရှီလင်ကမူ ပေါ်ယွီ့လက်မောင်းထဲမှ ဖရဲသီးလေးအား လွှဲပြောင်းယူလျက် ချာခနဲ လှည့်ထွက်သွားသည်။သူ့ရဲ့မျက်နှာထားကလည်း အရမ်းကို မည်းမှောင်နေသည်။စုန့်ရှီလင်ဟာ ဘာစကားတစ်ခွန်းမျှ မဆိုချေ။
စုန့်ရှီလင် စိတ်ဆိုးနေတယ်ဆိုတာကို ပေါ်ယွီ အတပ်သိသော်လည်း စုန့်ရှီလင်အား နှစ်သိမ့်ချော့မော့ရန် ပေါ်ယွီတွင် အချိန်မရှိသေးပေ။စုန့်ရှီလင်ထွက်သွားအပြီး နောက်သုံးမိနစ်ခန့်အကြာ၌ mask နှင့် အနက်ရောင်ကိုင်းမျက်မှန်တို့ကို ၀တ်ဆင်ထားတဲ့ ပေါ်ယွီကလည်း အ၀တ်လဲခန်းထဲကနေ ထွက်လာခဲ့သည်။
မျှော်လင့်မထားစွာပင် ပေါ်ယွီ အ၀တ်လဲခန်းတံခါးကို ဖွင့်ကာ အပြင်ရောက်,ရောက်ချင်းမှာပဲ သူ့အား စိတ်မရှည်သည့် မျက်နှာထားဖြင့် ခက်ထန်စွာ စိုက်ကြည့်နေသော ရယ်ဟွမ်ကို မြင်လိုက်လေသည်။ပေါ်ယွီ ခြေလှမ်းများကို ရပ်တန့်လိုက်၏။သူ အေးစက်စွာ မေးလိုက်သည်။ " ဘာကိစ္စလဲ ??? "
" ပေါ်ယွီ !!! မိုးကောင်းကင်က စောင့်ကြည့်နေတယ်ကွ !!! မင်း လှေနံနှစ်ဖက်နင်းနေတာကို ဘယ်သူမှ မသိဘူး ထင်မနေနဲ့ !!! မင်း ဒဏ်ခပ်ခံရမယ် !!! " ရယ်ဟွမ် ကြိမ်းမောင်းလေလေ သူ့မျက်နှာကြီးကလည်း ပို အရုပ်ဆိုးလာလေလေဖြစ်သည်။
ပေါ်ယွီနှင့်သူက ဤအနုပညာနယ်ပယ်သို့ စမှတ်တစ်ခုတည်းကနေ ၀င်ရောက်ခဲ့ကြတယ်ဆိုတာ ရယ်ဟွမ် မှတ်မိသည်။ ဘာဖြစ်လို့ ပေါ်ယွီက သူ့ထက် အခွင့်အရေးကောင်းတွေ အများကြီး ရနေရတာလဲ ???
ပေါ်ယွီရဲ့တရားမ၀င်ကလေးက လူထုကြား ထုတ်ဖော်ခံလိုက်ရတဲ့အချိန်မှာ ပေါ်ယွီကို entertainment လောကထဲက မောင်းထုတ်ပစ်သင့်တယ် !!! ဒါပေမယ့် ပရိသတ်တွေက ဒင်းကို ဘာကိစ္စ အပြစ်မတင်ဘဲ ပိုပြီးတော့တောင် ဆက်ချစ်ပေးနေလိုက်သေးတာလဲ ???!!!
ဒီလိုရသစုံရှိုးကြီးမှာပါ ပါ၀င်လိုက်နိုင်တယ် !!!
စီးပွားရေးနယ်ပယ်မှာ အင်အားကြီးမားလှပါတယ်ဆိုတဲ့ စုန့်ရှီလင်ကလည်း သူ့ကောင်တစ်ယောက်လုံး လင်ငယ်နေ,နေတာကို မသိဘူး !!! သောက်ရူး !!!
ပေါ်ယွီရဲ့မျက်နှာက ချက်ချင်းဆိုသလို မှောင်မိုက်လာသည်။ သူ ဘယ်အချိန်တုန်းက လှေနံနှစ်ဖက်နင်းလိုက်တာလဲ ???
" ရယ်ဟွမ် ၊ မင်း ဦးနှောက်ရော ကောင်းရဲ့လား ??? " ပေါ်ယွီ လက်ပိုက်လိုက်၍ လှောင်ပြောင်လိုက်သည်။ " ဝါစဉ်အနေနဲ့ဆို ငါက မင်းထက် ကြီးတယ်။ အသက်အရွယ်အရဆိုရင်လည်း ငါက မင်းထက် ကြီးတာပဲ။ အဲဒီတော့ မင်း ငါ့ကို ပြောကြည့်ပါဦး။ မင်းက ငါ့ရှေ့တည့်တည့်မှာ စိတ်ကြီး၀င်နေတဲ့ပုံစံမျိုးနဲ့ အသံကောင်းဟစ်ဖို့ အရည်အချင်းမီလားဆိုတာကို ??? "
" ငါက မင်း ဖောက်ပြန်နေတဲ့အကြောင်း စုန့်ရှီလင်ဆီ သွားပြောလိုက်မယ်ဆိုရင်ရော မင်း ငါ့ရှေ့မှာ အခုလို မောက်မောက်မာမာ ပြောနေနိုင်ဦးမလား ??? " ရယ်ဟွမ်က ပေါ်ယွီကို နည်းနည်းမှ မကြောက်ပေ။သူက ပေါ်ယွီ့နားရွက်နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ " မင်းက စုန့်ရှီလင်မရှိဘဲ ဒီ entertainment လောကထဲမှာ နေရာမရနိုင်ပါဘူးကွာ။ မင်း စက်ဆုပ်စရာကောင် !!! "
ပေါ်ယွီ ရယ်ဟွမ်အား အေးတိအေးစက် ကြည့်ပေးလိုက်သည်။
တချို့လူတွေက သူတို့အတွက် အသုဘအခေါင်းကို ကိုယ်တိုင် မျက်မြင်မတွေ့ရမချင်း သွေးမျက်ရည်မကျတတ်ကြဘူးပဲ။
စင်္ကြန်လမ်းကနေ လျှောက်လာတဲ့ လင်းရီက ပေါ်ယွီနှင့်ရယ်ဟွမ်တို့ နှစ်ယောက်ကြားရှိ လေထုကို ခံစားမိလိုက်တာကြောင့် သူ့မျက်နှာထက်က သက်၀င်တက်ကြွနေသည့် အပြုံးကလည်း လွင့်ပျယ်သွားသည်။
သူက ဟန်မပျက်ပင် သူတို့ဆီကို ဆက်လျှောက်လာလိုက်ပြီး ပေါ်ယွီ့ပခုံးပေါ် လက်တင်ကာ ပြုံးပြရင်း ဆိုလိုက်သည်။
" ငါ့ရဲ့ဖရဲသီးလေးရော ဘယ်မလဲ ??? ငါ သူ့ကို သေချာ မတွေ့ရသေးဘူး။ အချိန်က စောပါသေးတယ်။ ငါတို့တွေ အတူတူ အပြင်ကို ညလယ်စာ ထွက်စားကြရမယ်လေ "
ရယ်ဟွမ်က လင်းရီနှင့်ပေါ်ယွီအား မျက်လုံးပြူးကြီးဖြင့် အကဲခတ်နေမိသည်။ ဒီနှစ်ယောက်က ဘယ်တုန်းက သူငယ်ချင်းကောင်းတွေ ဖြစ်သွားကြတာလဲဟ ???
" ရှောင်းရှောင်းနဲ့ ကျောင်းလီတို့ ဘယ်ရောက်နေတာလဲ ??? " ပေါ်ယွီက ရယ်ဟွမ်ကို မသိချင်ယောင်ဆောင်လျက် ပြောလိုက်သည်။ " ကလေးကတော့ အိပ်ပျော်နေပြီ။ ငါ့လက်ထောက်က သူ့ကို ကားထဲမှာ သိပ်ထားရအောင် ခေါ်သွားတယ်။ ငါ ညလယ်စာကို တကယ့်တကယ် စားချင်ပေမယ့် လိမ္မာတဲ့ ပါးပါးတစ်ယောက် လုပ်ဖို့အတွက် ငါ အိမ်ပြန်ရမယ် "
လင်းရီ နှုတ်ခမ်းရှုံ့လိုက်သည်။သို့သော် သူက ပေါ်ယွီကို အတင်းဖိအားမပေးချေ။သူက ရယ်ဟွမ်ဘက်သို့ အံ့သြတကြီး ဆိုလိုက်သည်။ " မင်းက ရယ်ဟွမ်မဟုတ်လား ??? ဘယ်လိုလုပ် မင်း ဒီမှာရောက်နေတာလဲ ??? "
ရယ်ဟွမ်ရဲ့အပြုံးကြီးက တောင့်ခဲသွားသည်။လင်းရီက သူ့ကို ယခုအချိန်ထိ သတိမထားမိဘူးဟု သူ မယုံပေ။
" ကျွန်တော်က Trumpet ဆိုတဲ့ Talk show တစ်ခု ရိုက်နေတာပါ။ လင်းရီကောကို တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး " ရယ်ဟွမ်က ရင်းရင်းနှီးနှီး ရယ်ပြလိုက်၏။
လင်းရီရဲ့မျက်ခုံးအစုံက မြင့်တက်သွားသည်။ဤရုပ်သံဋ္ဌာန၌ Talk show အသစ်တစ်ခု စရိုက်နေတာကို သူ သိသည်။အဲဒီ Talk show ရဲ့ အစီအစဉ်တင်ဆက်သူက အတွေ့အကြုံမရှိတဲ့သူတစ်ယောက်ဖြစ်ကာ သူ့ရဲ့နောက်ခံအင်အားအပေါ်မှာသာ မှီခိုနေရသည်။ဒါကြောင့် ထို Talk show ၏ တစ်ပိုင်းချင်းစီတွင် ဖိတ်ကြားခံရသော Guest များဟာလည်း B-list သို့မဟုတ် C-list အဆင့်ရှိသော star များသာဖြစ်သည်။
" ခဏနေ ငါတို့တွေ ညလယ်စာ အတူတူ ထွက်စားကြမှာ။ ဒါပေမယ့် ဒီကောင်စုတ်လေးက အချိန်ပြည့် ပါးပါးလုပ်ဖို့ အိမ်ပြန်ရမယ်တဲ့။ ရယ်ဟွမ် ၊ မင်း ငါတို့နဲ့ အတူ လိုက်စားဖို့ အချိန်ရှိလား ??? " လင်းရီက ရယ်ဟွမ်အား အပြုံးတစ်ပွင့်ဖြင့် ဖိတ်ခေါ်လိုက်သည်။
ရယ်ဟွမ်ရဲ့မျက်လုံးတွေက တလက်လက် တောက်ပလာသည်။လတ်တလော နေ့ရက်များ၌ သူ့ရဲ့အသက်မွေး၀မ်းကြောင်းအလုပ်က ခက်ခဲကြပ်တည်းနေပြီး ဟွားမြို့တော်၀ယ် လူကြိုက်များ နာမည်ကြီးသည့် ရသစုံရှိုးတစ်ခုဖြစ်သော Breaking Up Challenge ကို အသာထားဦး ၊ ထိုဘာမဟုတ်တဲ့ Talk show လေးတစ်ခုတွင် ပါ၀င်ခွင့်ရရန်ပင် မလွယ်ကူချေ။
ထို့ကြောင့် ရယ်ဟွမ်က မဆိုင်းမတွ အမြန်ဆုံး ခေါင်းငြိမ့်သဘောတူလိုက်သည်။
သူသာ ဒီအစီအစဉ်တင်ဆက်သူ သုံးယောက်နှင့် မိတ်ဖွဲ့လိုက်နိုင်လျှင် သူလည်း Breaking Up Challenge ရှိုးတွင် ပါ၀င်နိုင်လိမ့်မည်ဟု သေချာပေါက် တွက်ဆထားသည်။
လင်းရီက ပေါ်ယွီ့ပခုံးထက်ရှိ သူ့လက်ကို ပြန်ဖယ်လိုက်၍ ရယ်ဟွမ့်ပခုံးပေါ်သို့ ပြောင်းတင်လိုက်သည်။ " အခု သွားကြစို့။ တခြားလူတွေက သွားနှင့်လောက်ပြီ။ ငါတို့ အခုချိန် စထွက်မှ ဟင်းပွဲတွေ ရတာနဲ့ ကွက်တိဖြစ်မှာ . . . . . . "
ပေါ်ယွီက နေရာ၌ပင် မတ်တပ်ရပ်ကြည့်နေဆဲဖြစ်သည်။ရယ်ဟွမ်ကို လက်တစ်ဖက်နှင့် အတင်းကာရော ဆွဲခေါ်သွားတဲ့ လင်းရီက နောက်လက်တစ်ဖက်ဖြင့် လက်ဟန်အမူအရာတစ်ခုကို ပေါ်ယွီအား လူမသိသူမသိ လုပ်ပြလိုက်သည်။ သူ့ကို ငါ ရှင်းလိုက်မယ် . . . . . .
" . . . . . . . "
ပေါ်ယွီ သဘောတကျ ပြုံးလျက် နေရာမှ ထွက်ခွာလာခဲ့သည်။
သူ့သူငယ်ချင်းများကို သစ္စာရှိလေ့ရှိတဲ့ လင်းရီဟာ ပေါ်ယွီအပေါ် ရယ်ဟွမ်၏ တမင်တကာ ရန်စမှုတွေအား အာရုံခံမိသွားပုံရသည်။သည့်အတွက်ကြောင့် လင်းရီက ရယ်ဟွမ်ကို ပညာပေးချင်နေဟန်တူသည်။
ပေါ်ယွီ မြေအောက်ကားပါကင်၏ ဓါတ်လှေကားထဲကနေ ထွက်လာလိုက်သည်။သူက မနီးမဝေးရှိ ရင်းနှီးကျွမ်း၀င်နေသော အနက်ရောင် MPV ကားဆီ လျှောက်လှမ်းသွားကာ ကားတံခါးဖွင့်ပြီး အထဲ၀င်လိုက်၏။
ကားနောက်ထိုင်ခုံ၌ အေးစက်နေသည့် မျက်နှာထားနှင့် ခပ်တည်တည် ထိုင်နေသော စုန့်ရှီလင်က အရာရာအား လျစ်လျူရှူရင်း ဖရဲသီးလေးကို သူ့လက်မောင်းများအကြားတွင် ပွေ့ပိုက်ထားသည်။
" စထွက်တော့ " ပေါ်ယွီ ထိုင်ချလျက် ပြောလိုက်သည်။ Driver က ခေါင်းငြိမ့်ပြ၍ ကားကို ညင်သာစွာ စတင်မောင်းနှင်လိုက်သည်။
ကားက ခပ်ဖြည်းဖြည်း သွားနေစဉ် ပေါ်ယွီ လက်ကို ဆန့်ထုတ်လိုက်ပြီး ကားခေါင်မိုးပေါ်က ခလုတ်လေးတစ်ခုအား နှိပ်လိုက်သည်။အသံလုံမှန်ပြတင်းတစ်ခုက အထက်သို့ လိမ့်တက်လာကာ ရှေ့ထိုင်ခုံနှင့် နောက်ထိုင်ခုံအား တံတိုင်းကာရံထားသော သီးသန့်နေရာနှစ်ခုအဖြစ် ကန့်သတ်ပိုင်းခြားပေးလိုက်သည်။
______ စုန့်ရှီလင်ရဲ့ ကိုယ်ပိုင်ကားတွေအကုန်လုံးက သောက်ရမ်းကို အဆင့်မြင့်နေရောပဲ။
ပေါ်ယွီက မေးထောက်လျက် စုန့်ရှီလင်၏ ဘေးတိုက်မျက်နှာအား ခေါင်းလေးကို စောင်းငဲ့ရှူစားလိုက်သည်။ရုတ်တရက် သူ ရယ်မောလိုက်သည်။
စုန့်ရှီလင်က မျက်မှောင်ကြီး မှုန်ကုတ်စွာ မေးလိုက်သည်။ " မင်း ဘာဖြစ်လို့ ကိုယ့်ကို စိုက်ကြည့်နေတာလဲ ??? "
" မင်းက အများကြီး အများကြီး ခန့်ညားလွန်းလို့လေ။ ငါ့မှာ မင်းကို ထိုင်ကြည့်နေရတာကိုတောင် စွဲလမ်းမိနေပြီ " ပေါ်ယွီ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။သူ့ခမျာ စုန့်ရှီလင်တစ်ယောက် အတော့်ကိုမှ အတော်လေး မှုန်သုန်စိတ်ကောက်နေမှန်း မရိပ်မိချေ။
စုန့်ရှီလင် နှုတ်ခမ်းသပ်လိုက်၏။သူ ထပ်လောင်း ပြောဆိုလိုက်သည်။ " အလုပ် လျော့လုပ် ၊ များများ အနားယူ "
" ဟင့်အင်းပါနော် ၊ ငါက ငါ့မိသားစုကို ထောက်ပံ့ဖို့ ပိုက်ပိုက်ရှာရမယ် " ပေါ်ယွီ လက်ကို ဝှေ့ယမ်းပြ၍ ဆိုလိုက်သည်။
" ငါ့ကို အတွင်းရေးမှူးချူ ပြောတယ်။ မင်း <Eliminating Tornadoes> ရဲ့ နောက်ဆုံးအပိုင်းကို ကြည့်ပြီးသွားပြီဆို ??? ငါ့ရဲ့ စွမ်းဆောင်မှုတွေ ဘယ်နှယ့်လဲ ??? "
ထုတ်လုပ်ရေးအဖွဲ့ဟာ ချောင်ကျွင်းနှင့်သူ၏ ဆက်ဆံရေးကို ပန်းရောင်ပူဖောင်းလေးများ အပြည့်ပါသည့် BL topic ဖြင့် တည်းဖြတ်စီစဉ်လိုက်လိမ့်မယ်ဟု ပေါ်ယွီ တစ်ခါလေးမှ ထင်မထားမိချေ။
#ချောင်ပေါ် CP# ဆိုသော Trending Hashtag က ဖုန်းစာမျက်နှာတွေ၌ ရက်ပေါင်းတော်တော်ကြာ နေရာယူသိမ်းပိုက်နေသည်။
အကယ်၍ ဤအခြင်းအရာမျိုးက အတိတ်တစ်ချိန်တုန်းမှာသာ ဖြစ်ပျက်ခဲ့လျှင် ပေါ်ယွီက အင်တာနက်အသုံးပြုသူတွေ စိတ်ကူးယဉ်ကြတဲ့ BL story လေးတစ်ပုဒ်ကို စိတ်ထဲထည့်နေမည်မဟုတ်ပေ။သို့သည့်တိုင် ယခု သူက မိသားစုရှိသော လူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။
အထူးသဖြင့် အတွင်းရေးမှူးချူက စုန့်ရှီလင်ဟာ <Eliminating Tornadoes> နောက်ဆုံးပိုင်းကို ကြည့်ရှူပြီးစီးသွားပြီဖြစ်ကြောင်း message ကို Social Chat Software မှတစ်ဆင့် ပေးပို့လိုက်သောအချိန်တွင် ပေါ်ယွီ မဖြစ်စဖူး အပြစ်ရှိသကဲ့သို့ ခံစားရသည်။
စုန့်ရှီလင်က မျက်နှာထားတင်းမာစွာ ဖြေလိုက်သည်။ " သာမာန်ပဲ . . . . . . "
ပေါ်ယွီ ရှေ့သို့တိုးကပ်သွားလိုက်ပြီး စုန့်ရှီလင်၏ မျက်နှာအား လျှာဖြင့် လျက်လိုက်သည်။ဖရဲသီးလေး နိုးမလာခင် ပေါ်ယွီက စုန့်ရှီလင်၏ မုတ်ဆိတ်စစရှိသော မေးစေ့ကို ခပ်ဖွဖွ တတိတိ ကိုက်ကာ ကလူဤသို့မြှူဤသို့ ရွှတ်ခနဲ နမ်းရှုံ့လိုက်သည်။ " ကောကော ၊ ငါ မှားပါတယ်။ ရိုက်ကူးရေးအဖွဲ့ဘက်က အဲဒီလိုကြီးလုပ်လိုက်လိမ့်မယ်လို့ ငါ မတွေးမိလို့ပါ "
စုန့်ရှီလင်ရဲ့ မျက်နှာက နူးညံ့လာသည်။သူက ပေါ်ယွီနှင့်ဖရဲသီးလေးတို့ကို သူ့လက်မောင်းများကြား၌ ဆွဲယူထွေးပွေ့လိုက်၏။သူ ပေါ်ယွီအား ပြောပြလိုက်သည်။ " ကိုယ့်မိဘတွေက မင်း အဲဒီအစီအစဉ်မှာပါတာကို သိပြီးနေလောက်ပြီ "
" !!! " ပေါ်ယွီ စုန့်ရှီလင်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။ပေါ်ယွီရဲ့ ဆတ်ခနဲ လှုပ်ရှားမှုကြောင့် လက်မောင်းထဲက ဖရဲသီးလေးလည်း အိပ်ရာကနေ လူးလွန့်နိုးထလာသည်။
ဖရဲသီးလေးက သူ့မျက်လုံးလေးတွေကို ပွတ်ရင်း နှုတ်ဆက်လိုက်သည်။ " ပါးပါး ၊ ဝှား ! ကောင်းသော နေ့လယ်ခင်းပါ ၊ ဒက်ဒီ "
" ကောင်းသော နေ့လယ်ခင်းပါ ၊ အိပ် ၊ အိပ် . . . . . . " ပေါ်ယွီက ဖရဲသီးလေးကို ချော့မြှူလိုက်ကာ ဖရဲသီးလေးရဲ့ကျောပြင်လေးအား မှန်မှန်လေး ပုတ်ပေးလျက် တစ်စုံတစ်ရာကို အတွေးနယ်ချဲ့နေသည်။
" မစိုးရိမ်ပါနဲ့။ သူတို့တွေ ဒေါသထွက်ကြမှာမဟုတ်ပါဘူး " စုန့်ရှီလင် ပြောလိုက်သည်။
" ဒါပေမယ့် . . . . . . မင်း သူတို့ကို ဘယ်လိုရှင်းပြမှာလဲ ??? " ပေါ်ယွီဟာ ပူပန်ကြောင့်ကြမှုအပြည့်နှင့် ခပ်တိုးတိုး မေးလိုက်သည်။
" နောက်ကျမှထက် စောစောစီးစီး ဖွင့်ပြောလိုက်တာ အကောင်းဆုံးပါ " စုန့်ရှီလင် အလေးအနက် ဆိုလိုက်သည်။ " လူတွေများရင် ပါးစပ်ပေါက်တွေကလည်း များမှာပဲ။ သူတို့တွေ အနှေးနဲ့အမြန် သိလာကြလိမ့်မယ်။ အဲဒါကြောင့် အဖြစ်မှန်ကို သူတို့ဆီ စစ်ဆေးခွင့်ပေးလိုက်ပါ "
ပေါ်ယွီ သက်ပြင်းအကြီးကြီးချ၍ သူ့ရဲ့စိတ်မသက်မသာဖြစ်မှုများကို ဖိနှိပ်ထားလိုက်သည်။ " ငါ အဲဒီရသစုံရှိုးမှာ ပါမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်တုန်းက မင်းမိဘတွေ အရာအားလုံးကို သိသွားလိမ့်မယ်ဆိုတာ ဘာဖြစ်လို့ ငါ့ကို သတိမပေးရတာလဲ ??? "
" မင်း အဲဒါကို သိပြီးသားလို့ ကိုယ် စဉ်းစားလိုက်တာလေ " စုန့်ရှီလင်၏ မျက်နှာတွင် အံ့သြမှုအရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ " သူတို့နှစ်ယောက်က ညစာစားပြီးတိုင်း အမြဲတမ်း တီဗွီကြည့်ကြတယ် "
" ငါ ထင်နေတာက မင်းမိဘတွေလို ပုဂ္ဂိုလ်မျိုးတွေက ညစာကို အပြင်ထွက်စားကြတယ်လို့ " ပေါ်ယွီ ပြန်ပြောလိုက်သည်။
" ကိုယ့်မိဘတွေက ညစာစားပြီးရင် အမြဲတမ်းအလိုလို အတူတူ သတင်းကြည့်ကြတယ်။ သတင်းကြည့်ပြီးတဲ့အခါ ကိုယ့်အမေက တီဗွီဇာတ်လမ်းတွဲတို့ဘာတို့ ကြည့်တယ်။ ကိုယ့်အဖေကတော့ ဧည့်ခန်းထဲမှာ ကိုယ့်အမေဘေးကနေ အတူတူ အဖော်လုပ်ထိုင်စောင့်ပေးနေလိမ့်မယ် " စုန့်ရှီလင် ပြောလိုက်သည်။
" အဲဒါဆို ငါ အရမ်းအရမ်း ကံကောင်းနေတာပါ့ရော !!! အဲဒီရသစုံရှိုးကို လွှင့်ပြီးတာ နှစ်ရက်လောက်ရှိပြီ။ သူတို့တွေ အခုထိ ငါတို့ကို မရှာကြသေးဘူး။ ဒါမှမဟုတ် သူတို့ အာရုံမစိုက်မိလို့များလား ??? " ပေါ်ယွီ မေးလိုက်သည်။
စုန့်ရှီလင်က ပေါ်ယွီ့နဖူးရှေ့ရှိ ဆံစလေးများကို သပ်တင်ပေးလိုက်သည်။သူက အမျိုးသားငယ်လေး၏ နဖူးပြင်လေးအား ညင်သာစွာ ငုံ့နမ်းကာ သြရှရှအသံဖြင့် ပြောလိုက်သည်။ " မကြောက်ပါနဲ့။ ကိုယ်က မင်းတို့ကို အရာအားလုံးဆီကနေ ကာကွယ်ပေးပါ့မယ် . . . "
" အွန်း . . . . . . " ပေါ်ယွီ အသံပြုလိုက်သည်။
သူတို့တွေဟာ အိမ်အပြန်လမ်းတစ်လျှောက်လုံး နှုတ်ဆိတ်နေကြသည်။ဗီလာရှေ့ဂိတ်၀၌ ကားထိုးရပ်လိုက်သော် သူတို့တွေက ကားထဲမှ ရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည်။
ပေါ်ယွီ သော့တစ်ချောင်းနှင့် တံခါးကို ဆွဲဖွင့်လိုက်သည့်အခါ ဧည့်ခန်းအလယ်တွင် မတ်တပ်ရပ်နေသော သတ်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦးအား မြင်တွေ့လိုက်ရသည်။ပေါ်ယွီ စုန့်ရှီလင်ကို လှည့်ကြည့်လိုက်မိသည်။ " ဒါက . . . . . . "
ကြင်နာတတ်မည့်ပုံပေါ်တဲ့ မျက်နှာက ထိုသတ်လတ်ပိုင်းအရွယ် အမျိုးသားကြီးတွင် ရှိသည်။ " မင်္ဂလာပါ ၊ ပေါ်သခင်လေး။ ကျွန်တော့်ကို ဦးလေးရန်လို့ ခေါ်လို့ရပါတယ်။ လူကြီးမင်းစုန့်က ကျွန်တော့်ကို လူကြီးမင်းတို့ဆီမှာ အလုပ်လုပ်ပေးဖို့ စေလွှတ်လိုက်တာပါ "
စုန့်ရှီလင်က သူ့ Suit ကို ချွတ်ပြီး ဆိုဖာပေါ် ပစ်တင်လိုက်သည်။ထို့နောက် သူက သူ့လက်မောင်းတွေကြား၌ ဖရဲသီးလေးကို ပွေ့ချီလိုက်ရင်း ဒုတိယထပ်သို့ ခပ်သွက်သွက် တက်သွားလိုက်သည်။ " ဆန်ပြုတ်နည်းနည်းလောက် ပြုတ်ပေးပါ။ ပြီးတော့ အေးနေတဲ့ဟင်းတွေကိုလည်း ပြန်နွှေးလိုက်ပါဦး "
ဦးလေးရန်က ခေါင်းငြိမ့်နာခံလိုက်သည်။သူက စုန့်ရှီလင် ချွတ်ခဲ့သော Suit အား ကောက်ယူ၍ အင်္ကျီချိတ်တွင် သပ်သပ်ရပ်ရပ် ချိတ်လှန်းထားလိုက်သည်။၎င်းနောက် ဦးလေးရန်က မီးဖိုချောင်အတွင်း၌ ဆန်ပြုတ်ချက်ရန် ထွက်သွားလေသည်။
ပေါ်ယွီတစ်ယောက် အိပ်ငိုက်စွာ သမ်းဝေလိုက်သည်။ဘုရားကျောင်း၌ ရက်အနည်းငယ်ခန့် နေထိုင်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့နေ့စဉ်ပုံမှန်ဘ၀လေးက အတော်ကြီး ပြောင်းလဲသွားသည်ကို တွေ့ရှိရသည်။သူလည်း ဒုတိယထပ်ဆီ ဖြည်းဖြည်းချင်း လိုက်တက်သွားလိုက်၏။သူ့အိပ်ခန်းသို့ ပြန်ရောက်တဲ့အချိန်မှာ ပေါ်ယွီက ချက်ချင်းပင် လူသေကောင်တစ်ယောက်အလား အိပ်ရာပေါ် ဘုန်းခနဲ ပစ်လှဲလိုက်သည်။
စုန့်ရှီလင်က ဖရဲသီးလေးအား ရေချိုးခန်းထဲကနေ အိပ်ခန်းဆီ ပြန်ချီခေါ်လာသည်။သူ အိပ်ခန်းအတွင်း ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ရာပေါ်တွင် ခြေပစ်လက်ပစ် လှဲလျောင်းနေသော ပေါ်ယွီကို မြင်လိုက်လေသည်။စုန့်ရှီလင် အနားတိုးကပ်သွားကာ ပေါ်ယွီ့တင်ပါးလုံးလုံးလေးအား လက်ဝါးဖြင့် ရိုက်လိုက်သည်။ " ဘာဖြစ်လို့လဲ ??? "
ပေါ်ယွီ စုန့်ရှီလင်အား မျက်လုံးဖွင့်ကြည့်လိုက်သည်။ " မင်းအဖေက ဦးလေးရန်ကို ဘာလို့ ဒီကို လာခိုင်းလိုက်တာဖြစ်မလဲ ??? သူ့ကို လစာပေးတာ ငါတို့မှ မဟုတ်တာ ၊ ဟုတ်တယ်မလား ??? "
ဦးလေးရန်က စုန့်ရှီလင်အဖေ၏ အလုပ်သမားတစ်ဦးဖြစ်မည်မှန်း ပေါ်ယွီ တံခါး၀ကတည်းက သတိပြုမိလိုက်သည်။သို့သော် ဦးလေးရန်က သူ့အား ရန်လိုနေတာမျိုးကို ရှာမတွေ့တာကြောင့်သာ ပေါ်ယွီက ဦးလေးရန်ကို ဒီအိမ်မှာ နေရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
" စုန့်မိသားစုရဲ့အိမ်တော်ထိန်းက နှုတ်လုံတဲ့သူပါ။ ဦးလေးရန်ကို ဦးလေးစုန့်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့တာ။ ကိုယ်တို့ သူ့ကို ယုံကြည်စိတ်ချလို့ရပါတယ် "
ဦးလေးစုန့်က စုန့်ရှီလင်အဖေနှင့်အမေအား သူ့တစ်ဘ၀လုံးလုံး အမှုထမ်းပေးခဲ့သည့် စုန့်မိသားစုရဲ့အိမ်တော်ထိန်းအိုကြီးတစ်ဦးဖြစ်သည်။အကြောင်းမူကား ဦးလေးစုန့်ဟာ မိဘမဲ့ဂေဟာတစ်ခုမှ ကလေးငယ်တစ်ဦးဖြစ်သည်။သူ့နာမည်ကို စုန့်ရှီလင်၏ အဘိုးဖြစ်သူက မှည့်ခေါ်ပေးခဲ့သည်။
ဘ၀တစ်လျှောက်လုံး စုန့်မိသားစု၌ နေထိုင်ကြီးပြင်းခဲ့တဲ့ ဦးလေးစုန့်ဟာ လွန်ခဲ့သော ဆယ်နှစ်ခန့်က သူ့ရဲ့ဆက်ခံသူတစ်ယောက်ကို ပျိုးထောင်ရန် စတင်ဆောင်ရွက်ခဲ့သည်။
သူ့ရဲ့အနှီဆက်ခံသူက ယခု ဦးလေးရန်ပင်ဖြစ်သည်။
.
.
.
.
.
.
Please Vote and Comment .
I love you so much , babies . The one who attend the government school stealthily is not me . You know . . .
Zawgyi
ေနာက္ထပ္သုံးနာရီအၾကာတြင္ Breaking Up Challenge ႐ိုက္ကူးေရး ၿပီးဆုံးခဲ့သည္။ေပၚယြီက အိပ္ေပ်ာ္ေနတဲ့ ဖရဲသီးေလးနဲ႔အတူ အ၀တ္လဲခန္းဆီ ေလွ်ာက္သြားလိုက္ၿပီး သူ႕ရဲ႕ လက္ေထာက္အသစ္ေလးႏွစ္ဦးအား အျပင္ထြက္ေနရန္ ေစခိုင္းလိုက္သည္။
ခဏတစ္ျဖဳတ္ၾကေသာ္ မိတ္ကပ္ဖ်က္ေနတဲ့ ေပၚယြီဟာ တံခါးကို ဂ႐ုမစိုက္စြာ တြန္းဖြင့္၍ အ၀တ္လဲခန္းအတြင္းသို႔ ၀င္ခ်လာေသာ စုန္႔႐ွီလင္အား ေတြ႕လိုက္ရေလသည္။
" . . . . . . မင္း ဒီကို ဘယ္လိုလုပ္ ေရာက္လာတာလဲ ??? " ေပၚယြီ အံ့အားသင့္သြားကာ မိတ္ကပ္မ်ားကို ခပ္သြက္သြက္ ဖ်က္ပစ္လိုက္၏။ထို႔ေနာက္ သူက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနတဲ့ ဖရဲသီးေလးကို သူ႕လက္ေမာင္းေတြထဲ၌ စုန္႔႐ွီလင္ဆီ ေပြ႕သယ္သြားၿပီး ေျပာလိုက္သည္။ " ကေလးကို ကားထဲ ေခၚသြားေပးပါ။ ငါ ထြက္လာလို႔ မရေသးဘူး။ ငါ ျပန္မယ့္အေၾကာင္း လင္းရီတို႔ကို ေျပာရဦးမယ္ "
" . . . . . . . . . " စုန္႔႐ွီလင္ကမူ ေပၚယြီ႕လက္ေမာင္းထဲမွ ဖရဲသီးေလးအား လႊဲေျပာင္းယူလ်က္ ခ်ာခနဲ လွည့္ထြက္သြားသည္။သူ႕ရဲ႕မ်က္ႏွာထားကလည္း အရမ္းကို မည္းေမွာင္ေနသည္။စုန္႔႐ွီလင္ဟာ ဘာစကားတစ္ခြန္းမွ် မဆိုေခ်။
စုန္႔႐ွီလင္ စိတ္ဆိုးေနတယ္ဆိုတာကို ေပၚယြီ အတပ္သိေသာ္လည္း စုန္႔႐ွီလင္အား ႏွစ္သိမ့္ေခ်ာ့ေမာ့ရန္ ေပၚယြီတြင္ အခ်ိန္မ႐ွိေသးေပ။စုန္႔႐ွီလင္ထြက္သြားအၿပီး ေနာက္သုံးမိနစ္ခန္႔အၾကာ၌ mask ႏွင့္ အနက္ေရာင္ကိုင္းမ်က္မွန္တို႔ကို ၀တ္ဆင္ထားတဲ့ ေပၚယြီကလည္း အ၀တ္လဲခန္းထဲကေန ထြက္လာခဲ့သည္။
ေမွ်ာ္လင့္မထားစြာပင္ ေပၚယြီ အ၀တ္လဲခန္းတံခါးကို ဖြင့္ကာ အျပင္ေရာက္,ေရာက္ခ်င္းမွာပဲ သူ႕အား စိတ္မ႐ွည္သည့္ မ်က္ႏွာထားျဖင့္ ခက္ထန္စြာ စိုက္ၾကည့္ေနေသာ ရယ္ဟြမ္ကို ျမင္လိုက္ေလသည္။ေပၚယြီ ေျခလွမ္းမ်ားကို ရပ္တန္႔လိုက္၏။သူ ေအးစက္စြာ ေမးလိုက္သည္။ " ဘာကိစၥလဲ ??? "
" ေပၚယြီ !!! မိုးေကာင္းကင္က ေစာင့္ၾကည့္ေနတယ္ကြ !!! မင္း ေလွနံႏွစ္ဖက္နင္းေနတာကို ဘယ္သူမွ မသိဘူး ထင္မေနနဲ႔ !!! မင္း ဒဏ္ခပ္ခံရမယ္ !!! " ရယ္ဟြမ္ ႀကိမ္းေမာင္းေလေလ သူ႕မ်က္ႏွာႀကီးကလည္း ပို အ႐ုပ္ဆိုးလာေလေလျဖစ္သည္။
ေပၚယြီႏွင့္သူက ဤအႏုပညာနယ္ပယ္သို႔ စမွတ္တစ္ခုတည္းကေန ၀င္ေရာက္ခဲ့ၾကတယ္ဆိုတာ ရယ္ဟြမ္ မွတ္မိသည္။ ဘာျဖစ္လို႔ ေပၚယြီက သူ႕ထက္ အခြင့္အေရးေကာင္းေတြ အမ်ားႀကီး ရေနရတာလဲ ???
ေပၚယြီရဲ႕တရားမ၀င္ကေလးက လူထုၾကား ထုတ္ေဖာ္ခံလိုက္ရတဲ့အခ်ိန္မွာ ေပၚယြီကို entertainment ေလာကထဲက ေမာင္းထုတ္ပစ္သင့္တယ္ !!! ဒါေပမယ့္ ပရိသတ္ေတြက ဒင္းကို ဘာကိစၥ အျပစ္မတင္ဘဲ ပိုၿပီးေတာ့ေတာင္ ဆက္ခ်စ္ေပးေနလိုက္ေသးတာလဲ ???!!!
ဒီလိုရသစုံ႐ိႈးႀကီးမွာပါ ပါ၀င္လိုက္ႏိုင္တယ္ !!!
စီးပြားေရးနယ္ပယ္မွာ အင္အားႀကီးမားလွပါတယ္ဆိုတဲ့ စုန္႔႐ွီလင္ကလည္း သူ႕ေကာင္တစ္ေယာက္လုံး လင္ငယ္ေန,ေနတာကို မသိဘူး !!! ေသာက္႐ူး !!!
ေပၚယြီရဲ႕မ်က္ႏွာက ခ်က္ခ်င္းဆိုသလို ေမွာင္မိုက္လာသည္။ သူ ဘယ္အခ်ိန္တုန္းက ေလွနံႏွစ္ဖက္နင္းလိုက္တာလဲ ???
" ရယ္ဟြမ္ ၊ မင္း ဦးေႏွာက္ေရာ ေကာင္းရဲ႕လား ??? " ေပၚယြီ လက္ပိုက္လိုက္၍ ေလွာင္ေျပာင္လိုက္သည္။ " ဝါစဥ္အေနနဲ႔ဆို ငါက မင္းထက္ ႀကီးတယ္။ အသက္အ႐ြယ္အရဆိုရင္လည္း ငါက မင္းထက္ ႀကီးတာပဲ။ အဲဒီေတာ့ မင္း ငါ့ကို ေျပာၾကည့္ပါဦး။ မင္းက ငါ့ေ႐ွ႕တည့္တည့္မွာ စိတ္ႀကီး၀င္ေနတဲ့ပုံစံမ်ိဳးနဲ႔ အသံေကာင္းဟစ္ဖို႔ အရည္အခ်င္းမီလားဆိုတာကို ??? "
" ငါက မင္း ေဖာက္ျပန္ေနတဲ့အေၾကာင္း စုန္႔႐ွီလင္ဆီ သြားေျပာလိုက္မယ္ဆိုရင္ေရာ မင္း ငါ့ေ႐ွ႕မွာ အခုလို ေမာက္ေမာက္မာမာ ေျပာေနႏိုင္ဦးမလား ??? " ရယ္ဟြမ္က ေပၚယြီကို နည္းနည္းမွ မေၾကာက္ေပ။သူက ေပၚယြီ႕နား႐ြက္နားသို႔ တိုးတိုးေလး ကပ္ေျပာလိုက္သည္။ " မင္းက စုန္႔႐ွီလင္မ႐ွိဘဲ ဒီ entertainment ေလာကထဲမွာ ေနရာမရႏိုင္ပါဘူးကြာ။ မင္း စက္ဆုပ္စရာေကာင္ !!! "
ေပၚယြီ ရယ္ဟြမ္အား ေအးတိေအးစက္ ၾကည့္ေပးလိုက္သည္။
တခ်ိဳ႕လူေတြက သူတို႔အတြက္ အသုဘအေခါင္းကို ကိုယ္တိုင္ မ်က္ျမင္မေတြ႕ရမခ်င္း ေသြးမ်က္ရည္မက်တတ္ၾကဘူးပဲ။
စႀကၤန္လမ္းကေန ေလွ်ာက္လာတဲ့ လင္းရီက ေပၚယြီႏွင့္ရယ္ဟြမ္တို႔ ႏွစ္ေယာက္ၾကား႐ွိ ေလထုကို ခံစားမိလိုက္တာေၾကာင့္ သူ႕မ်က္ႏွာထက္က သက္၀င္တက္ႂကြေနသည့္ အျပဳံးကလည္း လြင့္ပ်ယ္သြားသည္။
သူက ဟန္မပ်က္ပင္ သူတို႔ဆီကို ဆက္ေလွ်ာက္လာလိုက္ၿပီး ေပၚယြီ႕ပခုံးေပၚ လက္တင္ကာ ျပဳံးျပရင္း ဆိုလိုက္သည္။
" ငါ့ရဲ႕ဖရဲသီးေလးေရာ ဘယ္မလဲ ??? ငါ သူ႕ကို ေသခ်ာ မေတြ႕ရေသးဘူး။ အခ်ိန္က ေစာပါေသးတယ္။ ငါတို႔ေတြ အတူတူ အျပင္ကို ညလယ္စာ ထြက္စားၾကရမယ္ေလ "
ရယ္ဟြမ္က လင္းရီႏွင့္ေပၚယြီအား မ်က္လုံးျပဴးႀကီးျဖင့္ အကဲခတ္ေနမိသည္။ ဒီႏွစ္ေယာက္က ဘယ္တုန္းက သူငယ္ခ်င္းေကာင္းေတြ ျဖစ္သြားၾကတာလဲဟ ???
" ေ႐ွာင္းေ႐ွာင္းနဲ႔ ေက်ာင္းလီတို႔ ဘယ္ေရာက္ေနတာလဲ ??? " ေပၚယြီက ရယ္ဟြမ္ကို မသိခ်င္ေယာင္ေဆာင္လ်က္ ေျပာလိုက္သည္။ " ကေလးကေတာ့ အိပ္ေပ်ာ္ေနၿပီ။ ငါ့လက္ေထာက္က သူ႕ကို ကားထဲမွာ သိပ္ထားရေအာင္ ေခၚသြားတယ္။ ငါ ညလယ္စာကို တကယ့္တကယ္ စားခ်င္ေပမယ့္ လိမၼာတဲ့ ပါးပါးတစ္ေယာက္ လုပ္ဖို႔အတြက္ ငါ အိမ္ျပန္ရမယ္ "
လင္းရီ ႏႈတ္ခမ္း႐ႈံ႕လိုက္သည္။သို႔ေသာ္ သူက ေပၚယြီကို အတင္းဖိအားမေပးေခ်။သူက ရယ္ဟြမ္ဘက္သို႔ အံ့ၾသတႀကီး ဆိုလိုက္သည္။ " မင္းက ရယ္ဟြမ္မဟုတ္လား ??? ဘယ္လိုလုပ္ မင္း ဒီမွာေရာက္ေနတာလဲ ??? "
ရယ္ဟြမ္ရဲ႕အျပဳံးႀကီးက ေတာင့္ခဲသြားသည္။လင္းရီက သူ႕ကို ယခုအခ်ိန္ထိ သတိမထားမိဘူးဟု သူ မယုံေပ။
" ကြၽန္ေတာ္က Trumpet ဆိုတဲ့ Talk show တစ္ခု ႐ိုက္ေနတာပါ။ လင္းရီေကာကို တိုက္တိုက္ဆိုင္ဆိုင္ ဒီေနရာမွာ ေတြ႕ရလိမ့္မယ္လို႔ ထင္မထားဘူး " ရယ္ဟြမ္က ရင္းရင္းႏွီးႏွီး ရယ္ျပလိုက္၏။
လင္းရီရဲ႕မ်က္ခုံးအစုံက ျမင့္တက္သြားသည္။ဤ႐ုပ္သံ႒ာန၌ Talk show အသစ္တစ္ခု စ႐ိုက္ေနတာကို သူ သိသည္။အဲဒီ Talk show ရဲ႕ အစီအစဥ္တင္ဆက္သူက အေတြ႕အၾကဳံမ႐ွိတဲ့သူတစ္ေယာက္ျဖစ္ကာ သူ႕ရဲ႕ေနာက္ခံအင္အားအေပၚမွာသာ မွီခိုေနရသည္။ဒါေၾကာင့္ ထို Talk show ၏ တစ္ပိုင္းခ်င္းစီတြင္ ဖိတ္ၾကားခံရေသာ Guest မ်ားဟာလည္း B-list သို႔မဟုတ္ C-list အဆင့္႐ွိေသာ star မ်ားသာျဖစ္သည္။
" ခဏေန ငါတို႔ေတြ ညလယ္စာ အတူတူ ထြက္စားၾကမွာ။ ဒါေပမယ့္ ဒီေကာင္စုတ္ေလးက အခ်ိန္ျပည့္ ပါးပါးလုပ္ဖို႔ အိမ္ျပန္ရမယ္တဲ့။ ရယ္ဟြမ္ ၊ မင္း ငါတို႔နဲ႔ အတူ လိုက္စားဖို႔ အခ်ိန္႐ွိလား ??? " လင္းရီက ရယ္ဟြမ္အား အျပဳံးတစ္ပြင့္ျဖင့္ ဖိတ္ေခၚလိုက္သည္။
ရယ္ဟြမ္ရဲ႕မ်က္လုံးေတြက တလက္လက္ ေတာက္ပလာသည္။လတ္တေလာ ေန႔ရက္မ်ား၌ သူ႕ရဲ႕အသက္ေမြး၀မ္းေၾကာင္းအလုပ္က ခက္ခဲၾကပ္တည္းေနၿပီး ဟြားၿမိဳ႕ေတာ္၀ယ္ လူႀကိဳက္မ်ား နာမည္ႀကီးသည့္ ရသစုံ႐ိႈးတစ္ခုျဖစ္ေသာ Breaking Up Challenge ကို အသာထားဦး ၊ ထိုဘာမဟုတ္တဲ့ Talk show ေလးတစ္ခုတြင္ ပါ၀င္ခြင့္ရရန္ပင္ မလြယ္ကူေခ်။
ထို႔ေၾကာင့္ ရယ္ဟြမ္က မဆိုင္းမတြ အျမန္ဆုံး ေခါင္းၿငိမ့္သေဘာတူလိုက္သည္။
သူသာ ဒီအစီအစဥ္တင္ဆက္သူ သုံးေယာက္ႏွင့္ မိတ္ဖြဲ႕လိုက္ႏိုင္လွ်င္ သူလည္း Breaking Up Challenge ႐ိႈးတြင္ ပါ၀င္ႏိုင္လိမ့္မည္ဟု ေသခ်ာေပါက္ တြက္ဆထားသည္။
လင္းရီက ေပၚယြီ႕ပခုံးထက္႐ွိ သူ႕လက္ကို ျပန္ဖယ္လိုက္၍ ရယ္ဟြမ့္ပခုံးေပၚသို႔ ေျပာင္းတင္လိုက္သည္။ " အခု သြားၾကစို႔။ တျခားလူေတြက သြားႏွင့္ေလာက္ၿပီ။ ငါတို႔ အခုခ်ိန္ စထြက္မွ ဟင္းပြဲေတြ ရတာနဲ႔ ကြက္တိျဖစ္မွာ . . . . . . "
ေပၚယြီက ေနရာ၌ပင္ မတ္တပ္ရပ္ၾကည့္ေနဆဲျဖစ္သည္။ရယ္ဟြမ္ကို လက္တစ္ဖက္ႏွင့္ အတင္းကာေရာ ဆြဲေခၚသြားတဲ့ လင္းရီက ေနာက္လက္တစ္ဖက္ျဖင့္ လက္ဟန္အမူအရာတစ္ခုကို ေပၚယြီအား လူမသိသူမသိ လုပ္ျပလိုက္သည္။ သူ႕ကို ငါ ႐ွင္းလိုက္မယ္ . . . . . .
" . . . . . . . "
ေပၚယြီ သေဘာတက် ျပဳံးလ်က္ ေနရာမွ ထြက္ခြာလာခဲ့သည္။
သူ႕သူငယ္ခ်င္းမ်ားကို သစၥာ႐ွိေလ့႐ွိတဲ့ လင္းရီဟာ ေပၚယြီအေပၚ ရယ္ဟြမ္၏ တမင္တကာ ရန္စမႈေတြအား အာ႐ုံခံမိသြားပုံရသည္။သည့္အတြက္ေၾကာင့္ လင္းရီက ရယ္ဟြမ္ကို ပညာေပးခ်င္ေနဟန္တူသည္။
ေပၚယြီ ေျမေအာက္ကားပါကင္၏ ဓါတ္ေလွကားထဲကေန ထြက္လာလိုက္သည္။သူက မနီးမေဝး႐ွိ ရင္းႏွီးကြၽမ္း၀င္ေနေသာ အနက္ေရာင္ MPV ကားဆီ ေလွ်ာက္လွမ္းသြားကာ ကားတံခါးဖြင့္ၿပီး အထဲ၀င္လိုက္၏။
ကားေနာက္ထိုင္ခုံ၌ ေအးစက္ေနသည့္ မ်က္ႏွာထားႏွင့္ ခပ္တည္တည္ ထိုင္ေနေသာ စုန္႔႐ွီလင္က အရာရာအား လ်စ္လ်ဴ႐ွဴရင္း ဖရဲသီးေလးကို သူ႕လက္ေမာင္းမ်ားအၾကားတြင္ ေပြ႕ပိုက္ထားသည္။
" စထြက္ေတာ့ " ေပၚယြီ ထိုင္ခ်လ်က္ ေျပာလိုက္သည္။ Driver က ေခါင္းၿငိမ့္ျပ၍ ကားကို ညင္သာစြာ စတင္ေမာင္းႏွင္လိုက္သည္။
ကားက ခပ္ျဖည္းျဖည္း သြားေနစဥ္ ေပၚယြီ လက္ကို ဆန္႔ထုတ္လိုက္ၿပီး ကားေခါင္မိုးေပၚက ခလုတ္ေလးတစ္ခုအား ႏွိပ္လိုက္သည္။အသံလုံမွန္ျပတင္းတစ္ခုက အထက္သို႔ လိမ့္တက္လာကာ ေ႐ွ႕ထိုင္ခုံႏွင့္ ေနာက္ထိုင္ခုံအား တံတိုင္းကာရံထားေသာ သီးသန္႔ေနရာႏွစ္ခုအျဖစ္ ကန္႔သတ္ပိုင္းျခားေပးလိုက္သည္။
______ စုန္႔႐ွီလင္ရဲ႕ ကိုယ္ပိုင္ကားေတြအကုန္လုံးက ေသာက္ရမ္းကို အဆင့္ျမင့္ေနေရာပဲ။
ေပၚယြီက ေမးေထာက္လ်က္ စုန္႔႐ွီလင္၏ ေဘးတိုက္မ်က္ႏွာအား ေခါင္းေလးကို ေစာင္းငဲ့႐ွဴစားလိုက္သည္။႐ုတ္တရက္ သူ ရယ္ေမာလိုက္သည္။
စုန္႔႐ွီလင္က မ်က္ေမွာင္ႀကီး မႈန္ကုတ္စြာ ေမးလိုက္သည္။ " မင္း ဘာျဖစ္လို႔ ကိုယ့္ကို စိုက္ၾကည့္ေနတာလဲ ??? "
" မင္းက အမ်ားႀကီး အမ်ားႀကီး ခန္႔ညားလြန္းလို႔ေလ။ ငါ့မွာ မင္းကို ထိုင္ၾကည့္ေနရတာကိုေတာင္ စြဲလမ္းမိေနၿပီ " ေပၚယြီ ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္သည္။သူ႕ခမ်ာ စုန္႔႐ွီလင္တစ္ေယာက္ အေတာ္႕ကိုမွ အေတာ္ေလး မႈန္သုန္စိတ္ေကာက္ေနမွန္း မရိပ္မိေခ်။
စုန္႔႐ွီလင္ ႏႈတ္ခမ္းသပ္လိုက္၏။သူ ထပ္ေလာင္း ေျပာဆိုလိုက္သည္။ " အလုပ္ ေလ်ာ့လုပ္ ၊ မ်ားမ်ား အနားယူ "
" ဟင့္အင္းပါေနာ္ ၊ ငါက ငါ့မိသားစုကို ေထာက္ပံ့ဖို႔ ပိုက္ပိုက္႐ွာရမယ္ " ေပၚယြီ လက္ကို ေဝွ႔ယမ္းျပ၍ ဆိုလိုက္သည္။
" ငါ့ကို အတြင္းေရးမႉးခ်ဴ ေျပာတယ္။ မင္း <Eliminating Tornadoes> ရဲ႕ ေနာက္ဆုံးအပိုင္းကို ၾကည့္ၿပီးသြားၿပီဆို ??? ငါ့ရဲ႕ စြမ္းေဆာင္မႈေတြ ဘယ္ႏွယ့္လဲ ??? "
ထုတ္လုပ္ေရးအဖြဲ႕ဟာ ေခ်ာင္ကြၽင္းႏွင့္သူ၏ ဆက္ဆံေရးကို ပန္းေရာင္ပူေဖာင္းေလးမ်ား အျပည့္ပါသည့္ BL topic ျဖင့္ တည္းျဖတ္စီစဥ္လိုက္လိမ့္မယ္ဟု ေပၚယြီ တစ္ခါေလးမွ ထင္မထားမိေခ်။
#ေခ်ာင္ေပၚ CP# ဆိုေသာ Trending Hashtag က ဖုန္းစာမ်က္ႏွာေတြ၌ ရက္ေပါင္းေတာ္ေတာ္ၾကာ ေနရာယူသိမ္းပိုက္ေနသည္။
အကယ္၍ ဤအျခင္းအရာမ်ိဳးက အတိတ္တစ္ခ်ိန္တုန္းမွာသာ ျဖစ္ပ်က္ခဲ့လွ်င္ ေပၚယြီက အင္တာနက္အသုံးျပဳသူေတြ စိတ္ကူးယဥ္ၾကတဲ့ BL story ေလးတစ္ပုဒ္ကို စိတ္ထဲထည့္ေနမည္မဟုတ္ေပ။သို႔သည့္တိုင္ ယခု သူက မိသားစု႐ွိေသာ လူတစ္ေယာက္ျဖစ္ေနၿပီျဖစ္သည္။
အထူးသျဖင့္ အတြင္းေရးမႉးခ်ဴက စုန္႔႐ွီလင္ဟာ <Eliminating Tornadoes> ေနာက္ဆုံးပိုင္းကို ၾကည့္႐ွဴၿပီးစီးသြားၿပီျဖစ္ေၾကာင္း message ကို Social Chat Software မွတစ္ဆင့္ ေပးပို႔လိုက္ေသာအခ်ိန္တြင္ ေပၚယြီ မျဖစ္စဖူး အျပစ္႐ွိသကဲ့သို႔ ခံစားရသည္။
စုန္႔႐ွီလင္က မ်က္ႏွာထားတင္းမာစြာ ေျဖလိုက္သည္။ " သာမာန္ပဲ . . . . . . "
ေပၚယြီ ေ႐ွ႕သို႔တိုးကပ္သြားလိုက္ၿပီး စုန္႔႐ွီလင္၏ မ်က္ႏွာအား လွ်ာျဖင့္ လ်က္လိုက္သည္။ဖရဲသီးေလး ႏိုးမလာခင္ ေပၚယြီက စုန္႔႐ွီလင္၏ မုတ္ဆိတ္စစ႐ွိေသာ ေမးေစ့ကို ခပ္ဖြဖြ တတိတိ ကိုက္ကာ ကလူဤသို႔ျမႇဴဤသို႔ ႐ႊတ္ခနဲ နမ္း႐ႈံ႕လိုက္သည္။ " ေကာေကာ ၊ ငါ မွားပါတယ္။ ႐ိုက္ကူးေရးအဖြဲ႕ဘက္က အဲဒီလိုႀကီးလုပ္လိုက္လိမ့္မယ္လို႔ ငါ မေတြးမိလို႔ပါ "
စုန္႔႐ွီလင္ရဲ႕ မ်က္ႏွာက ႏူးညံ့လာသည္။သူက ေပၚယြီႏွင့္ဖရဲသီးေလးတို႔ကို သူ႕လက္ေမာင္းမ်ားၾကား၌ ဆြဲယူေထြးေပြ႕လိုက္၏။သူ ေပၚယြီအား ေျပာျပလိုက္သည္။ " ကိုယ့္မိဘေတြက မင္း အဲဒီအစီအစဥ္မွာပါတာကို သိၿပီးေနေလာက္ၿပီ "
" !!! " ေပၚယြီ စုန္႔႐ွီလင္ကို ႐ုတ္တရက္ ေမာ့ၾကည့္လိုက္သည္။ေပၚယြီရဲ႕ ဆတ္ခနဲ လႈပ္႐ွားမႈေၾကာင့္ လက္ေမာင္းထဲက ဖရဲသီးေလးလည္း အိပ္ရာကေန လူးလြန္႔ႏိုးထလာသည္။
ဖရဲသီးေလးက သူ႕မ်က္လုံးေလးေတြကို ပြတ္ရင္း ႏႈတ္ဆက္လိုက္သည္။ " ပါးပါး ၊ ဝွား ! ေကာင္းေသာ ေန႔လယ္ခင္းပါ ၊ ဒက္ဒီ "
" ေကာင္းေသာ ေန႔လယ္ခင္းပါ ၊ အိပ္ ၊ အိပ္ . . . . . . " ေပၚယြီက ဖရဲသီးေလးကို ေခ်ာ့ျမႇဴလိုက္ကာ ဖရဲသီးေလးရဲ႕ေက်ာျပင္ေလးအား မွန္မွန္ေလး ပုတ္ေပးလ်က္ တစ္စုံတစ္ရာကို အေတြးနယ္ခ်ဲ႕ေနသည္။
" မစိုးရိမ္ပါနဲ႔။ သူတို႔ေတြ ေဒါသထြက္ၾကမွာမဟုတ္ပါဘူး " စုန္႔႐ွီလင္ ေျပာလိုက္သည္။
" ဒါေပမယ့္ . . . . . . မင္း သူတို႔ကို ဘယ္လို႐ွင္းျပမွာလဲ ??? " ေပၚယြီဟာ ပူပန္ေၾကာင့္ၾကမႈအျပည့္ႏွင့္ ခပ္တိုးတိုး ေမးလိုက္သည္။
" ေနာက္က်မွထက္ ေစာေစာစီးစီး ဖြင့္ေျပာလိုက္တာ အေကာင္းဆုံးပါ " စုန္႔႐ွီလင္ အေလးအနက္ ဆိုလိုက္သည္။ " လူေတြမ်ားရင္ ပါးစပ္ေပါက္ေတြကလည္း မ်ားမွာပဲ။ သူတို႔ေတြ အေႏွးနဲ႔အျမန္ သိလာၾကလိမ့္မယ္။ အဲဒါေၾကာင့္ အျဖစ္မွန္ကို သူတို႔ဆီ စစ္ေဆးခြင့္ေပးလိုက္ပါ "
ေပၚယြီ သက္ျပင္းအႀကီးႀကီးခ်၍ သူ႕ရဲ႕စိတ္မသက္မသာျဖစ္မႈမ်ားကို ဖိႏွိပ္ထားလိုက္သည္။ " ငါ အဲဒီရသစုံ႐ိႈးမွာ ပါမယ္လို႔ ဆုံးျဖတ္လိုက္တဲ့အခ်ိန္တုန္းက မင္းမိဘေတြ အရာအားလုံးကို သိသြားလိမ့္မယ္ဆိုတာ ဘာျဖစ္လို႔ ငါ့ကို သတိမေပးရတာလဲ ??? "
" မင္း အဲဒါကို သိၿပီးသားလို႔ ကိုယ္ စဥ္းစားလိုက္တာေလ " စုန္႔႐ွီလင္၏ မ်က္ႏွာတြင္ အံ့ၾသမႈအရိပ္အေယာင္တို႔ ျဖတ္ေျပးသြား၏။ " သူတို႔ႏွစ္ေယာက္က ညစာစားၿပီးတိုင္း အၿမဲတမ္း တီဗြီၾကည့္ၾကတယ္ "
" ငါ ထင္ေနတာက မင္းမိဘေတြလို ပုဂၢိဳလ္မ်ိဳးေတြက ညစာကို အျပင္ထြက္စားၾကတယ္လို႔ " ေပၚယြီ ျပန္ေျပာလိုက္သည္။
" ကိုယ့္မိဘေတြက ညစာစားၿပီးရင္ အၿမဲတမ္းအလိုလို အတူတူ သတင္းၾကည့္ၾကတယ္။ သတင္းၾကည့္ၿပီးတဲ့အခါ ကိုယ့္အေမက တီဗြီဇာတ္လမ္းတြဲတို႔ဘာတို႔ ၾကည့္တယ္။ ကိုယ့္အေဖကေတာ့ ဧည့္ခန္းထဲမွာ ကိုယ့္အေမေဘးကေန အတူတူ အေဖာ္လုပ္ထိုင္ေစာင့္ေပးေနလိမ့္မယ္ " စုန္႔႐ွီလင္ ေျပာလိုက္သည္။
" အဲဒါဆို ငါ အရမ္းအရမ္း ကံေကာင္းေနတာပါ့ေရာ !!! အဲဒီရသစုံ႐ိႈးကို လႊင့္ၿပီးတာ ႏွစ္ရက္ေလာက္႐ွိၿပီ။ သူတို႔ေတြ အခုထိ ငါတို႔ကို မ႐ွာၾကေသးဘူး။ ဒါမွမဟုတ္ သူတို႔ အာ႐ုံမစိုက္မိလို႔မ်ားလား ??? " ေပၚယြီ ေမးလိုက္သည္။
စုန္႔႐ွီလင္က ေပၚယြီ႕နဖူးေ႐ွ႕႐ွိ ဆံစေလးမ်ားကို သပ္တင္ေပးလိုက္သည္။သူက အမ်ိဳးသားငယ္ေလး၏ နဖူးျပင္ေလးအား ညင္သာစြာ ငုံ႔နမ္းကာ ၾသ႐ွ႐ွအသံျဖင့္ ေျပာလိုက္သည္။ " မေၾကာက္ပါနဲ႔။ ကိုယ္က မင္းတို႔ကို အရာအားလုံးဆီကေန ကာကြယ္ေပးပါ့မယ္ . . . "
" အြန္း . . . . . . " ေပၚယြီ အသံျပဳလိုက္သည္။
သူတို႔ေတြဟာ အိမ္အျပန္လမ္းတစ္ေလွ်ာက္လုံး ႏႈတ္ဆိတ္ေနၾကသည္။ဗီလာေ႐ွ႕ဂိတ္၀၌ ကားထိုးရပ္လိုက္ေသာ္ သူတို႔ေတြက ကားထဲမွ ေ႐ွ႕ဆင့္ေနာက္ဆင့္ ထြက္လာၾကသည္။
ေပၚယြီ ေသာ့တစ္ေခ်ာင္းႏွင့္ တံခါးကို ဆြဲဖြင့္လိုက္သည့္အခါ ဧည့္ခန္းအလယ္တြင္ မတ္တပ္ရပ္ေနေသာ သတ္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးအား ျမင္ေတြ႕လိုက္ရသည္။ေပၚယြီ စုန္႔႐ွီလင္ကို လွည့္ၾကည့္လိုက္မိသည္။ " ဒါက . . . . . . "
ၾကင္နာတတ္မည့္ပုံေပၚတဲ့ မ်က္ႏွာက ထိုသတ္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားႀကီးတြင္ ႐ွိသည္။ " မဂၤလာပါ ၊ ေပၚသခင္ေလး။ ကြၽန္ေတာ္႕ကို ဦးေလးရန္လို႔ ေခၚလို႔ရပါတယ္။ လူႀကီးမင္းစုန္႔က ကြၽန္ေတာ္႕ကို လူႀကီးမင္းတို႔ဆီမွာ အလုပ္လုပ္ေပးဖို႔ ေစလႊတ္လိုက္တာပါ "
စုန္႔႐ွီလင္က သူ႕ Suit ကို ခြၽတ္ၿပီး ဆိုဖာေပၚ ပစ္တင္လိုက္သည္။ထို႔ေနာက္ သူက သူ႕လက္ေမာင္းေတြၾကား၌ ဖရဲသီးေလးကို ေပြ႕ခ်ီလိုက္ရင္း ဒုတိယထပ္သို႔ ခပ္သြက္သြက္ တက္သြားလိုက္သည္။ " ဆန္ျပဳတ္နည္းနည္းေလာက္ ျပဳတ္ေပးပါ။ ၿပီးေတာ့ ေအးေနတဲ့ဟင္းေတြကိုလည္း ျပန္ေႏႊးလိုက္ပါဦး "
ဦးေလးရန္က ေခါင္းၿငိမ့္နာခံလိုက္သည္။သူက စုန္႔႐ွီလင္ ခြၽတ္ခဲ့ေသာ Suit အား ေကာက္ယူ၍ အက်ႌခ်ိတ္တြင္ သပ္သပ္ရပ္ရပ္ ခ်ိတ္လွန္းထားလိုက္သည္။၎ေနာက္ ဦးေလးရန္က မီးဖိုေခ်ာင္အတြင္း၌ ဆန္ျပဳတ္ခ်က္ရန္ ထြက္သြားေလသည္။
ေပၚယြီတစ္ေယာက္ အိပ္ငိုက္စြာ သမ္းေဝလိုက္သည္။ဘုရားေက်ာင္း၌ ရက္အနည္းငယ္ခန္႔ ေနထိုင္ခဲ့ၿပီးေနာက္ပိုင္း သူ႕ရဲ႕ေန႔စဥ္ပုံမွန္ဘ၀ေလးက အေတာ္ႀကီး ေျပာင္းလဲသြားသည္ကို ေတြ႕႐ွိရသည္။သူလည္း ဒုတိယထပ္ဆီ ျဖည္းျဖည္းခ်င္း လိုက္တက္သြားလိုက္၏။သူ႕အိပ္ခန္းသို႔ ျပန္ေရာက္တဲ့အခ်ိန္မွာ ေပၚယြီက ခ်က္ခ်င္းပင္ လူေသေကာင္တစ္ေယာက္အလား အိပ္ရာေပၚ ဘုန္းခနဲ ပစ္လွဲလိုက္သည္။
စုန္႔႐ွီလင္က ဖရဲသီးေလးအား ေရခ်ိဳးခန္းထဲကေန အိပ္ခန္းဆီ ျပန္ခ်ီေခၚလာသည္။သူ အိပ္ခန္းအတြင္း ၀င္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ အိပ္ရာေပၚတြင္ ေျခပစ္လက္ပစ္ လွဲေလ်ာင္းေနေသာ ေပၚယြီကို ျမင္လိုက္ေလသည္။စုန္႔႐ွီလင္ အနားတိုးကပ္သြားကာ ေပၚယြီ႕တင္ပါးလုံးလုံးေလးအား လက္ဝါးျဖင့္ ႐ိုက္လိုက္သည္။ " ဘာျဖစ္လို႔လဲ ??? "
ေပၚယြီ စုန္႔႐ွီလင္အား မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ " မင္းအေဖက ဦးေလးရန္ကို ဘာလို႔ ဒီကို လာခိုင္းလိုက္တာျဖစ္မလဲ ??? သူ႕ကို လစာေပးတာ ငါတို႔မွ မဟုတ္တာ ၊ ဟုတ္တယ္မလား ??? "
ဦးေလးရန္က စုန္႔႐ွီလင္အေဖ၏ အလုပ္သမားတစ္ဦးျဖစ္မည္မွန္း ေပၚယြီ တံခါး၀ကတည္းက သတိျပဳမိလိုက္သည္။သို႔ေသာ္ ဦးေလးရန္က သူ႕အား ရန္လိုေနတာမ်ိဳးကို ႐ွာမေတြ႕တာေၾကာင့္သာ ေပၚယြီက ဦးေလးရန္ကို ဒီအိမ္မွာ ေနရန္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
" စုန္႔မိသားစုရဲ႕အိမ္ေတာ္ထိန္းက ႏႈတ္လုံတဲ့သူပါ။ ဦးေလးရန္ကို ဦးေလးစုန္႔ကိုယ္တိုင္ ေလ့က်င့္သင္ၾကားေပးခဲ့တာ။ ကိုယ္တို႔ သူ႕ကို ယုံၾကည္စိတ္ခ်လို႔ရပါတယ္ "
ဦးေလးစုန္႔က စုန္႔႐ွီလင္အေဖႏွင့္အေမအား သူ႕တစ္ဘ၀လုံးလုံး အမႈထမ္းေပးခဲ့သည့္ စုန္႔မိသားစုရဲ႕အိမ္ေတာ္ထိန္းအိုႀကီးတစ္ဦးျဖစ္သည္။အေၾကာင္းမူကား ဦးေလးစုန္႔ဟာ မိဘမဲ့ေဂဟာတစ္ခုမွ ကေလးငယ္တစ္ဦးျဖစ္သည္။သူ႕နာမည္ကို စုန္႔႐ွီလင္၏ အဘိုးျဖစ္သူက မွည့္ေခၚေပးခဲ့သည္။
ဘ၀တစ္ေလွ်ာက္လုံး စုန္႔မိသားစု၌ ေနထိုင္ႀကီးျပင္းခဲ့တဲ့ ဦးေလးစုန္႔ဟာ လြန္ခဲ့ေသာ ဆယ္ႏွစ္ခန္႔က သူ႕ရဲ႕ဆက္ခံသူတစ္ေယာက္ကို ပ်ိဳးေထာင္ရန္ စတင္ေဆာင္႐ြက္ခဲ့သည္။သူ႕ရဲ႕အႏွီဆက္ခံသူက ယခု ဦးေလးရန္ပင္ျဖစ္သည္။
.
.
.
.
.
.
Please Vote and Comment .
I love you so much , babies . The one who attend the government school stealthily is not me . You know . . .