ဝူအားနျို၏ ခိုးကြောင်ခိုးဝှက်လုပ်ရပ် ပေါ်လာခြင်း
.............................................................
"ဟေး၊ ဝူအားနျို၊ မင်းတစ်နေ့လုံး ဟိုမေ့ဒီမေ့နဲ့ ဘာတွေတွေးနေတာလဲ။"
တစ်စုံတစ်ယောက်က ဝူအားနျို၏ကျောကုန်းကိုအားဖြင့် ရိုက်လိုက်ရာ ဝူအားနျိုယိမ်းထိုးသွားသည်။
"ဘာ...ဘာမှမဟုတ်ပါဘူး။"
"မင်း ကောင်မလေးတွေကို လွမ်းနေတာဖြစ်ရမယ်။"
"ဟ..ဟ..."
နေဝင်ဖျိုးဖျချိန်တွင် အလုပ်ပြီးကာစ အစေခံများက ဤအခွင့်အရေးကို အသုံးချကာ ဝူအားနျိုကို စနောက်ကြသည်။ ဝူအားနျိုက ရှက်ရွံ့စွာပြုံးသည်။ သူ့မျက်လုံးထဲ၌ မဖုံးကွယ်နိုင်ခဲ့သည့် ထိတ်လန့်မှုဝင်းလက်နေသည်။
ဝူအားနျိုအား ဝိုင်းစနေကြသည့် အစေခံများထဲမှတစ်ယောက်က သံသယဖြင့်ကြည့်ကာ ၎င်း၏တုန့်ပြန်ပုံက ထူးဆန်းနေသကဲ့သို့ ခံစားနေရသည်။
ထိုနေ့ညက အစေခံများအားလုံး ညစာစားပြီးနောက် ထုံးစံအတိုင်းပင် ဝူအားနျိုသည် ရေချိုးခန်းကို နောက်ဆုံးမှသုံးသည်။
"မင်းဘာလို့ ဒီမှာရှိနေသေးတာလဲ။" ဝူအားနျို၏တုန့်ပြန်ပုံမှာ ထူးဆန်းသည်ဟုထင်ခဲ့သည့်လူက မေးလိုက်သည်။
"မင်း အရင်သွားနှင့်။ ငါခဏနေရင် လိုက်လာခဲ့မယ်။" ဝူအားနျိုကဖြေသည်။
ထိုလူက ဝူအားနျိုကို တွေတွေကြီးကြည့်ကာ ထွက်သွားသည်။
ဝူအားနျိုက နှဖူးမှချွေးကိုသုတ်ကာ အတွင်းဘက်အိတ်ကပ်ထဲမှ စာတစ်စောင်ကို ဆွဲထုတ်သည်။ ၎င်းထဲမှစာလုံးများကို ဖတ်ပြီးမှသာ သူ့မျက်နှာထားပိုတည်ငြိမ်လာသည်။ ထို့နောက် သူကစာရွက်ကိုလုံးကာ ပါးစပ်ထဲထည့်၍ ဝါးမျိုလိုက်သည်။
ယခင်နေ့ကအတိုင်းပင် ဝူအားနျိုက အဝတ်စတစ်ခုဆွဲဖြဲကာ သွေးဖြင့်စကားလုံးအနည်းငယ်ရေး၍ အတွင်းအိတ်ကပ်ထဲသို့ထည့်ပြီး ရေချိုးခန်းသို့သွားသည်။
သူရေချိုးခန်းထဲမှထွက်လာသောအခါ ပတ်ဝန်းကျင်တွင် မည်သူမှမရှိပေ။ သူယခင်နေ့ကအတိုင်းပင် ဘေးဘယ်ညာကိုသတိဝီရိယဖြင့်ကြည့်ကာ အမှောင်ထဲသို့လျှောက်သွားသည်။
သူ မသိသည်မှာ အခြားလူတစ်ယောက်ကလည်း ရေချိုးခန်းထဲမှ ခိုးထွက်လာကာ သူ့နောက်မှတိတ်တဆိတ် လိုက်လာခြင်းပင်။ ထိုလူက ရေရွတ်သည်။ "ဒီတစ်ယောက်က နေ့ခင်းပိုင်းမှာကျ စိတ်လွတ်နေပြီး ညဘက်ကျ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတယ်။ သူက ဒီစံအိမ်မှာအလုပ်လုပ်နေတဲ့ အစေခံမလေးနဲ့ မှောက်မှားနေတာဖြစ်ရမယ်။ ဒီငတုံး ဝူအားနျိုကို မျက်စိကျလောက်တဲ့အထိ ဘယ်မိန်းကလေးက တုံးအနေလဲကြည့်ရအောင်။"
နောက်ယောင်ခံလိုက်လာသူကို သတိမထားမိသည့် ဝူအားနျိုက နံရံ၏အခြေသို့စမ်းသွားကာ အကြိမ်အနည်းငယ်မျှ ကြောင်အော်သံပြုသည်။ အပြင်ဘက်မှ တစ်စုံတစ်ယောက်က ပြန်တုန့်ပြန်သောအခါ ဝူအားနျိုက အဝတ်စကိုကျောက်တုံးထည့်ပတ်ကာ အပြင်ဘက်သို့ပစ်လိုက်သည်။
ယခင်နေ့ကကဲ့သို့ပင် ဘုတ်ခနဲမြည်သံပေါ်လာပြီး အပြင်ဘက်မှ ကြောင်အော်သံနောက်တစ်သံ ထပ်ထွက်လာသောအခါမှ ဝူအားနျိုသက်ပြင်းချကာ နံရံအခြေမှထွက်လာသည်။
"သူက အစေခံမလေးတစ်ယောက်နဲ့ မှောက်မှားနေတာ မဟုတ်ဘူးလား။ ဒါဆို ဝူအားနျိုက ဘာလုပ်နေတာလဲ။" လူတစ်ယောက်က အမှောင်ထဲမှထွက်လာကာ အပြင်နံရံဘက်သို့ကြည့်၍ အတော်ဇဝေဇဝါဖြစ်နေသည်။
"နှစ်ချိန်လုံးမှာ ကြောင်အော်သံကြားရတယ်။ ဒီငတုံးက ကြောင်ကို အစာလာကျွေးတာများလား။ အဲ့လိုသာဆိုရင် သူကဘာလို့ တအားခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ။ ပြီးတော့ သူကတစ်နေ့လုံး ငေးတိငေးငိုင်နဲ့။"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူရှိရာနေရာသို့ရောက်လာကာ အော်သည်။ "အဲ့မှာ ဘယ်သူလဲ။"
ဇဝေဇဝါတွေးတောနေသည့်လူက ဤအော်သံကြောင့်ထိတ်လန့်သွားသည်။ သူအမြန်လှည့်ကြည့်လိုက်သောအခါ လူနှစ်ယောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှတစ်ယောက်က မီးအိမ်ကိုကိုင်ထားပြီး အခြားတစ်ယောက်က ကြီးကြပ်ဝတ်စုံကို ဝတ်ထားသာ်။
"ကြီးကြပ်ဟယ်" သူက ခခယယပြုံးကာ ကြီးကြပ်ဟယ်ကို အရိုအသေပေးရန် အနားကပ်သွားသည်။
'ကြီးကြပ်ဟယ်' ဟူသည့်လူက လင်းမိသားစု၏ စားဖိုဆောင်အတွင်းမှ အထွေထွေကိစ္စများအတွက် တာဝန်ရှိရာ အရေးကြီးသည်။ လင်းကျောက်ဝမ်နှင့်ဖုချိုက်ဝေတို့၏ စိတ်ချရသောလူယုံတစ်ယောက်အနေဖြင့် သူကအမြဲတမ်း မျက်နှာထားခက်ထန်နေပြီး အရာအားလုံးကို အလုပ်သဘောကျကျ တည်ကြည်စွာကိုင်တွယ်ရာ အစေခံအားလုံး ကြောက်ကြသည်။
သူ့အားတွေ့သွားသူက ဤကြီးကြပ်သူဖြစ်ကြောင်း ထိုလူတွေ့သောအခါ ခခယယ ပြုံးနေသေးသော်လည်း စိတ်ပူပန်မိသည်။
"မာစန်းရွှီ ဒီလိုညဉ့်နက်ချိန်ကြီးမှာ မင်းဘာကြောင့်ဒီမှာရှိနေရသေးတာလဲ။" ကြီးကြပ်ဟယ်က သူ့အားစိုက်ကြည့်နေသည်။
မာစန်းရွှီ၏ ဒူးများကွေးသွားသည်။ "ကျွန်တော်...ကျွန်တော် အခုလေးတင်ရေချိုးပြီးလို့ ပြန်နေတာပါ။"
"အမှန်အတိုင်း ပြောစမ်း။ ဒီမှောင်နေတဲ့လမ်းကျဉ်းက အဆောင်တွေဆီ မသွားဘူး။" ကြီးကြပ်ဟယ်က မာဆတ်ဆတ်ပြောကာ သူ့အကြည့်များမှာ မာစန်းရွှီ၏စိတ်ဝိညာဉ်ထဲသို့ စိုက်ကြည့်နေပုံပေါက်သည်။
မာစန်းရွှီ၏မျက်နှာက သိသိသာသာဖြူဖျော့သွားသည်။ သူက ဤနေရာသို့ရောက်နေခြင်းမှာ မကောင်းသည့်ကိစ္စလုပ်ရန်မဟုတ်သဖြင့် ကြီးကြပ်ဟယ်ထံမှ ဖိအားပေးခံရသောအခါ အမှန်ကိုပြောလိုက်သည်။ "ကျွန်တော်...ကျွန်တော် ဒီနေရာကို ဝူအားနျိုနောက်လိုက်ရင်းရောက်လာတာပါ။ မနေ့ညက ဝူအားနျို ဒီနံရံအောက်ခြေဘက်မှာ တစ်ခုခု ခိုးကြောင်ခိုးဝှက်လုပ်နေတာကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ဒီနေ့တစ်နေ့လုံးလည်း သူသတိလက်လွတ်ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် သူ့အပြုအမူကို သေချာအာရုံစိုက်နေတာပါ။ ခုနလေးတင်က သူဒီကိုထပ်ရောက်လာတာကို ကျွန်တော်တွေ့လို့ သူဘာလုပ်ချင်နေတာလဲဆိုတာ အဖြေထုတ်ဖို့ ကျွန်တော်နောက်ယောင်ခံလိုက်လာတာပါ။"
ကြီးကြပ်ဟယ်က မျက်မှောင်ကြုတ်သည်။ "ဝူအားနျိုလား။ သူကနံရံအခြေမှာ ဘာလုပ်ခဲ့လဲ။"
"ကျွန်တော် သေချာမမြင်လိုက်ပါဘူး။ သူက ဒီကို တစ်စုံတစ်ယောက်နဲ့တွေ့ဖို့ ရောက်လာတာလို့ ကျွန်တော်ထင်ထားပေမဲ့ သူကခဏပဲနေပြီး ပြန်ထွက်သွားပါတယ်။ အဲ့မှာ တခြားဘယ်သူမှမရှိပါဘူး။ ကျွန်တော် ကြောင်အော်သံတစ်ချို့ကိုပဲ ကြားခဲ့ရပါတယ်။" မာစန်းရွှီက ဖြေသည်။
"ကြောင်အော်သံလား။" ကြီးကြပ်ဟယ် သံသယဖြစ်လာသည်။ "ဒီရာသီကြီးမှာ ဘယ်ကြောင်ရိုင်းမှ ဒီကိုမလာပါဘူး။ သွားစစ်ဆေးမယ်။"
"ဟုတ်ကဲ့ပါ။" မီးအိမ်ကိုင်ထားသူက ပြန်ဖြေကာ မာစန်းရွှီကိုကြည့်သည်။
မာစန်းရွှီက မျက်နှာရိပ်မျက်နှာကဲကို ချက်ချင်းသိကာ လမ်းပြသည်။
ချုံပုတ်များကိုဖြတ်၍ လျှောက်လာပြီးနောက် အပြင်ဘက်နံရံ အောက်ခြေပိုင်းသို့ သူတို့ရောက်လာသည်။ ကြီးကြပ်ဟယ်က မီးအိမ်ကို ကိုယ်တိုင်ကိုင်၍ အနီးပတ်ဝန်းကျင်ကို သေချာစစ်ဆေးကြည့်သောအခါ ဘာသံသယဝင်စရာမှ မတွေ့သကဲ့သို့ ကြောင်ခြေရာများကိုလည်း မတွေ့ချေ။
"မင်းကြားတာ ကြောင်အော်သံသေချာလား။" ကြီးကြပ်ဟယ်က မာစန်းရွှီကို ထပ်မေးသည်။
မာစန်းရွှီက အရင်ခေါင်းညှိတ်ပြပြီးမှ မသေချာမရေရာသောလေသံဖြင့်ပြောသည်။ "အဲ့အသံက နည်းနည်းတော့ထူးဆန်းပါတယ်။ ကြောင်အော်သံနည်းနည်းထွက်လာပြီးတာနဲ့ ပျောက်သွားပါတယ်။"
ကြီးကြပ်ဟယ်၏မျက်နှာ မည်းမှောင်သွားသည်။ သူက ထိုနေရာကို သတိကြီးကြီးဖြင့် နောက်တစ်ကြိမ်ထပ်ရှာပြီးနောက် အမိန့်ပေးသည်။ "သူတို့အားလုံးကို သွားနှိုးလိုက်။ သူတို့ကို ခန်းမကြီးထဲမှာ စုဝေးခိုင်းထား။ ဝူအားနျိုက ဘာမှမပြောနဲ့၊ မဟုတ်ရင် မင်းနောက်ဆက်တွဲတွေကို တာဝန်ယူရမယ်။"
သူ့စကားများကို ကြားပြီးနောက် အရေးကြီးကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်နေကြောင်း မာစန်းရွှီသဘောပေါက်သွားသည်။ သူ အနည်းငယ်ကြောက်လန့်မိသည်။ "ကြီးကြပ်ဟယ်၊ ဝူအားနျိုက ဆိုးရွားတာ တစ်ခုခုမလုပ်ထားပါဘူးနော်။"
"သူ ဆိုးရွားတာကို လုပ်သလား၊ မလုပ်သလားဆိုတာ မင်းဆုံးဖြတ်ရမဲ့ကိစ္စမဟုတ်ဘူး။ အခု သွားတော့။ " ကြီးကြပ်ဟယ်က စိန်းစိန်းဝါးဝါးကြည့်သည်။
ထိတ်လန့်နေသည့် မာစန်းရွှီက ချက်ချင်းအဝေးသို့ပြေးသွားသည်။
အမွှေးတစ်တိုင်ထွန်းစာ(ငါးမိနစ်မျှ) ကြာပြီးနောက် အစေခံအားလုံးက ခန်းမကြီးထဲ၌ စုဝေးနေကြသည်။ ကြီးကြပ်ဟယ်အပြင် အခြားကြီးကြပ်လီလည်းရှိသည်။ ဤကြီးကြပ်လီက အိမ်တော်ထိန်းလီ၏ အကြီးဆုံးသားဖြစ်ပြီး လင်းမိသားစုရှိအစေခံများအားလုံးက သူ့ကိုအလွန်လေးစားကြသည်။ ကြီးကြပ်လီ၏မြင်ကွင်းအောက်တွင် ဤအစေခံများ အနည်းငယ်မှင်တက်နေကြသည်။ ဘာဖြစ်ပျက်နေသည်ကို သူတို့မသိကြသော်လည်း ထိုလူနှစ်ယောက် မျက်နှာခက်ထန်နေသဖြင့် အရေးကြီးကိစ္စတစ်ခုခုဖြစ်ပျက်နေပုံပေါ်သည်ကို လူတိုင်းသတိထားမိသည်။ မည်သူကမှ ပထမဆုံးစကားမပြောချင်ကြပေ။
"ငါ မေးဦးမယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကြောင်အော်သံကြားကြမိသေးလား။" ကြီးကြပ်ဟယ်ကမေးသည်။
ကြောင်အော်သံလား။ အစေခံများအားလုံးက ဇဝေဇဝါဖြင့် ခေါင်းခါပြသည်။
ဝူအားနျိုလည်း ခေါင်းခါသည်။ သူ့မျက်နှာပေါ်မှ အမူအရာကသာ သဘာဝမကျဖြစ်နေခြင်းပင်။
"ဒါဆို ကြောင်တစ်ကောင်ကောင်ကို မြင်မိတဲ့လူရှိလား။" ကြီးကြပ်ဟယ်က နောက်မေးခွန်းတစ်ခု ထပ်မေးသည်။
ဝူအားနျိုက အခြားလူများကဲ့သို့ ခေါင်းခါပြသော်လည်း နှဖူးပေါ်၌ ချွေးစို့နေသည်။
ကြီးကြပ်ဟယ်နှင့် ကြီးကြပ်လီတို့က သူနှစ်ကြိမ်လုံးခေါင်းခါပြသည်ကို တွေ့ကြသည်။ သူ့ဘေးတွင်ရပ်နေသော မာစန်းရွှီပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ပြောနိုင်သည်။
'ဝူအားနျိုက တစ်ခုခုကို ဖုံးကွယ်ဖို့ကြိုးစားနေတာလား။' ဟု သူတွေးမိသည်။
"ကောင်းပြီ။ ဝူအားနျိုကလွဲပြီး ကျန်တဲ့လူတွေ အပြင်မှာ စောင့်နေကြ။" ကြီးကြပ်ဟယ်က အမိန့်ပေး၏။
ဝူအားနျိုမှာ ခေါင်းအစခြေအဆုံး တုန်သွားပြီး ကြောက်စိတ်မွှန်လာကာ မျက်ဆန်လှုပ်နေသည်။ သူပျာယာခတ်ကာ မေးသည်။"ဘာလို့လဲ။ ကျွန်တော် ဘာကြောင်အော်သံကိုမှလည်း မကြားဘူး၊ ဘယ်ကြောင်ကိုမှလည်း မတွေ့ဘူးလေ။"
ဤမှတ်ချက်က အလွန်ကျယ်ကာ ကြွပ်ဆတ်သည်။ အခြားလူအားလုံးက သူ့ကိုထူးဆန်းစွာ ကြည့်ကြပြီး သူ၏အတော်မူမမှန်သော မျက်နှာထားအား သတိထားမိကာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိကြသည်။
ကြီးကြပ်ဟယ်နှင့် ကြီးကြပ်လီတို့က ဝူအားနျိုကို ဘာမှမပြောကြပေ။ သူတို့က စိုက်သာကြည့်နေကြသည်။
ဝူအားနျို၏နှဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ပိုထွက်လာသည်။ သူက အခြားအစေခံများနှင့်အတူ ထွက်သွားရန်ရည်ရွယ်၍ ရွေ့လိုက်သည်။
"ဝူအားနျို၊ မင်းဘယ်သွားဖို့ပြင်နေတာလဲ။" ကြီးကြပ်ဟယ်က အေးစက်စက်မေးသည်။
ဝူအားနျိုမှာ နောက်ထပ်ခြေတစ်လှမ်း မလှမ်းရဲတော့သဖြင့် ကြက်သေသေကာ ရပ်နေသည်။ အခြားလူများအားလုံး ထွက်သွားကြသောအခါ သူပုန်းခိုစရာမရှိတော့ပေ။ ယခုအခါ သူက ကြီးကြပ်ဟယ်နှင့် ကြီးကြပ်လီတို့၏ မြင်ကွင်းထဲတွင် ထီးထီးကြီးပင်။
"ဝူအားနျို၊ ငါမင်းကိုမေးမယ်။ မနေ့ညကနဲ့ ဒီညမှာ မင်းခြံအနောက်ဘက်နံရံရဲ့အခြေကို ဘာလို့ခိုးကြောင်ခိုးဝှက်သွားတာလဲ။"
"ကျွန်တော် ခြံအနောက်ဘက်နံရံအခြေကို မသွားခဲ့ပါဘူး။ အထင်လွဲတာဖြစ်ပါလိမ့်မယ်၊ ကြီးကြပ်ဟယ်။" ဝူအားနျို၏ ခြေထောက်များ တုန်ယင်နေသော်လည်း ခေါင်းမာမာဖြင့် ငြင်းရန်ကြိုးစားသည်။
"အဲ့လိုလား။ ကြည့်ရတာ မနှိပ်စက်ဘဲ မရဘူးထင်တယ်။ အစောင့်တွေ..." ကြီးကြပ်ဟယ်က အော်လိုက်သည်။ သူ့မျက်နှာထားက ချက်ချင်းအေးစက်ခက်ထန်လာသည်။
လူကြမ်းနှစ်ယောက်က တုတ်တစ်ချောင်းစီကိုကိုင်လျက် ချက်ချင်းဝင်လာကြသည်။
"ဝူအားနျိုကို ဆယ်ချက်ရိုက်လိုက်။"
"ဟုတ်ကဲ့ပါ။"
ကြံ့ခိုင်သောလူနှစ်ယောက်က စိတ်မဝင်စားသောမျက်နှာထားဖြင့် လျှောက်လာသည်။ လူနှစ်ယောက်အနက် တစ်ယောက်က ခုံတန်းလျားကို ကန်လိုက်ရာ ယင်းက ဝူအားနျုရှေ့သို့ရောက်သွားသည်။ အခြားတစ်ယောက်က ဝူအားနျို၏ဒူးအနောက်ဘက်အား ကန်လိုက်ပြီး သစ်သားခုံတန်းလျားပေါ်၌ မှောက်လျက်လဲစေသည်။
"ကြီးကြပ်...ကြီးကြပ်လီ၊ ကျေးဇူးပြုပြီး ကူညီပါ။ ကျွန်တော် ဘာအမှားလုပ်မိသလဲ မသိပါဘူး။ ကျွန်တော်က ဒီလိုအပြစ်ပေးခံသင့်တယ်လို့ ကြီးကြပ်လီက ဘာကြောင့်ထင်ရတာပါလဲ။" ခုံတန်းလျားပေါ်တွင် အားဖြင့်အဖိခံထားရ၍ မလှုပ်နိုင်သည့် ဝူအားနျိုက အော်သည်။
"မင်းက တစ်ခုခုကို ပုန်းလျှိုးကွယ်လျှိုး လုပ်ထားပေမဲ့ ဝန်မခံတာကြောင့်လေ။ မင်းအခု ဝန်ခံရင် ငါသူတို့ကိုရပ်ခိုင်းမယ်။ မင်းဝန်မခံရင် ငါညှာမှာမဟုတ်ဘူး။" ကြီးကြပ်ဟယ်က အေးစက်စက်ကြည့်ကာ ခြိမ်းခြောက်သည်။
"ကျွန်တော်...ကျွန်တော် မလုပ်...ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး။ ကြီးကြပ် အထင်မှားနေတာပါ။" လုပ်ရိုးလုပ်စဉ်ကို အလေးမထားဘဲ ဝူအားနျိုက ပြင်းထန်စွာရုန်းတော့သည်။
"သူ့ကို ရိုက်စမ်း။"
'ဘတ်' ဝူအားနျို၏ခန္ဓာကိုယ်ပေါ်သို့ မညှာတာသောရိုက်ချက်တစ်ခု ရောက်လာသည်။
"အာ့" ဝူအားနျိုက နာကျင်စွာအော်သည်။
တုတ်ချောင်းကို သိပ်သည်းဆများသောသစ်သားဖြင့်လုပ်ထားရာ သန်မာသောယောက်ျားတစ်ယောက်က တုတ်ချောင်းကိုမ၍ ရိုက်ချလိုက်သောအခါ ရိုက်ချက်မှာ အလွန့်အလွန် လေးလံသည်။ ကြီးမားသောနာကျင်မှုကြောင့် ဝူအားနျို၏နှဖူးပေါ်၌ သွေးကြောများပေါ်လာသည်။
ဘတ် ဘတ် ဘတ်
ဝူအားနျိုပေါ်တွင် ရိုက်ချက် တစ်ချက်ပြီးတစ်ချက်ရောက်လာပြီး ရိုက်ချက်တစ်ချက်တိုင်းတွင် ဝူအားနျို၏ မချိတင်ကဲ ငယ်သံပါအောင်အော်သံ လိုက်လာရာ အလွန်ကြောက်မက်ဖွယ်ရာကောင်းသည်။ ခန်းမကြီး၏အပြင်ဘက်တွင်ရပ်နေသော အစေခံများအားလုံး အလွန်စိုးရိမ်နေကြရာ အလိုအလျောက် အသက်ရှူသံတိုးမိသည်။ ဝူအားနျို ဘာအမှားလုပ်မိကြောင်း မည်သူမှမသိချေ။
မာစန်းရွှီကသာ ခပ်ရေးရေးသိနေသဖြင့် မျက်နှာအလွန်ဖြူဖျော့နေသည်။ သူက အရူးတစ်ယောက်မဟုတ်၍ ကြီးကြပ်ဟယ်၏ ချက်ချင်းအရေးယူဆောင်ရွက်မှုအပေါ် အဖြေထုတ်ပြီးသားပင်။ 'ဝူအားနျိုက အပြင်လူတွေအတွက် သူလျှိုလုပ်ပေးနေတယ်။'
ဝူအားနျိုက ချက်ချင်းဆယ်ချက်အရိုက်ခံရသည်။ မည်သူကမှ မသနားပေ။
အပြစ်ပေးမှုပြီးသွားသောအခါ ဝူအားနျို၏နှဖူးပေါ်တွင် ချွေးရွှဲနေသည်။ မချိမဆံ့ဝေဒနာအား တောင့်ခံခြင်းက စိတ်အားအလွန်ကုန်စေရာ သူသတိဝေဝါးလာသည်။
"မင်း အမှန်ပြောမှာလား။ ဒါမှမဟုတ် ဆယ်ချက်ထပ်အရိုက်ခံချင်လား။" ကြီးကြပ်ဟယ်က အေးစက်စက်စိုက်ကြည့်သည်။
မချိမဆံ့ညည်းနေသော ဝူအားနျိုက ခုံတန်းလျားအစွန်းများကို လက်ကျန်အားဖြင့်ဆုပ်ကိုင်ကာ လူကြမ်းနှစ်ယောက်၏လက်ထဲမှ တုတ်ချောင်းအားကြည့်၍ အသံတုန်တုန်ဖြင့်ပြောသည်။ "ကျွန်တော် ဝန်ခံပါ့မယ်။ ကျွန်တော် ဝန်ခံပါ့မယ်။"
ကြီးကြပ်ဟယ်က လက်ခါပြကာ လူကြမ်းနှစ်ယောက်ကို နောက်ဆုတ်စေသည်။
"အခု ငါ့ကိုအမှန်အတိုင်းပြောပြ။ ငါ အသေးစိတ်သိချင်တယ်။"
"လူ...လူတစ်ယောက်က လင်းမိသားစုရဲ့ သတင်းအချက်အလက်တွေပေးရင် ငွေတုံးတစ်ရာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။" ဝူအားနျိုက ဤဝန်ခံစကားကို အံကြိတ်၍မနည်းပြောရသည်။ ဤဝန်ခံစကားကိုပြောပြီးနောက် သူရင်ဆိုင်ရမည့်နောက်ဆက်တွဲကိစ္စများကို သဘောပေါက်သွားပုံဖြင့် မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
"အဲ့လူက ဘယ်သူလဲ။ သူက မင်းကိုဘယ်တုန်းက ဆက်သွယ်ခဲ့တာလဲ။ မင်းသူ့ကို ဘာပြောပြီးသွားပြီလဲ။" ကြီးကြပ်ဟယ်က ဒေါသတကြီးမေးသည်။
"ကျွန်တော်... ကျွန်တော့်မှာ သူ့ကိုပြောဖို့ အချိန်မရှိခဲ့..."
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ဝူအားန်ိဳ၏ ခိုးေၾကာင္ခိုးဝွက္လုပ္ရပ္ ေပၚလာျခင္း
.............................................................
"ေဟး၊ ဝူအားန်ိဳ၊ မင္းတစ္ေန႕လုံး ဟိုေမ့ဒီေမ့နဲ႕ ဘာေတြေတြးေနတာလဲ။"
တစ္စုံတစ္ေယာက္က ဝူအားန်ိဳ၏ေက်ာကုန္းကိုအားျဖင့္ ရိုက္လိုက္ရာ ဝူအားန်ိဳယိမ္းထိုးသြားသည္။
"ဘာ...ဘာမွမဟုတ္ပါဘူး။"
"မင္း ေကာင္မေလးေတြကို လြမ္းေနတာျဖစ္ရမယ္။"
"ဟ..ဟ..."
ေနဝင္ဖ်ိဳးဖ်ခ်ိန္တြင္ အလုပ္ၿပီးကာစ အေစခံမ်ားက ဤအခြင့္အေရးကို အသုံးခ်ကာ ဝူအားန်ိဳကို စေနာက္ၾကသည္။ ဝူအားန်ိဳက ရွက္႐ြံ႕စြာၿပဳံးသည္။ သူ႕မ်က္လုံးထဲ၌ မဖုံးကြယ္နိုင္ခဲ့သည့္ ထိတ္လန့္မႈဝင္းလက္ေနသည္။
ဝူအားန်ိဳအား ဝိုင္းစေနၾကသည့္ အေစခံမ်ားထဲမွတစ္ေယာက္က သံသယျဖင့္ၾကည့္ကာ ၎၏တုန့္ျပန္ပုံက ထူးဆန္းေနသကဲ့သို႔ ခံစားေနရသည္။
ထိုေန႕ညက အေစခံမ်ားအားလုံး ညစာစားၿပီးေနာက္ ထုံးစံအတိုင္းပင္ ဝူအားန်ိဳသည္ ေရခ်ိဳးခန္းကို ေနာက္ဆုံးမွသုံးသည္။
"မင္းဘာလို႔ ဒီမွာရွိေနေသးတာလဲ။" ဝူအားန်ိဳ၏တုန့္ျပန္ပုံမွာ ထူးဆန္းသည္ဟုထင္ခဲ့သည့္လူက ေမးလိုက္သည္။
"မင္း အရင္သြားႏွင့္။ ငါခဏေနရင္ လိုက္လာခဲ့မယ္။" ဝူအားန်ိဳကေျဖသည္။
ထိုလူက ဝူအားန်ိဳကို ေတြေတြႀကီးၾကည့္ကာ ထြက္သြားသည္။
ဝူအားန်ိဳက ႏွဖူးမွေခြၽးကိုသုတ္ကာ အတြင္းဘက္အိတ္ကပ္ထဲမွ စာတစ္ေစာင္ကို ဆြဲထုတ္သည္။ ၎ထဲမွစာလုံးမ်ားကို ဖတ္ၿပီးမွသာ သူ႕မ်က္ႏွာထားပိုတည္ၿငိမ္လာသည္။ ထို႔ေနာက္ သူကစာ႐ြက္ကိုလုံးကာ ပါးစပ္ထဲထည့္၍ ဝါးမ်ိဳလိုက္သည္။
ယခင္ေန႕ကအတိုင္းပင္ ဝူအားန်ိဳက အဝတ္စတစ္ခုဆြဲၿဖဲကာ ေသြးျဖင့္စကားလုံးအနည္းငယ္ေရး၍ အတြင္းအိတ္ကပ္ထဲသို႔ထည့္ၿပီး ေရခ်ိဳးခန္းသို႔သြားသည္။
သူေရခ်ိဳးခန္းထဲမွထြက္လာေသာအခါ ပတ္ဝန္းက်င္တြင္ မည္သူမွမရွိေပ။ သူယခင္ေန႕ကအတိုင္းပင္ ေဘးဘယ္ညာကိုသတိဝီရိယျဖင့္ၾကည့္ကာ အေမွာင္ထဲသို႔ေလွ်ာက္သြားသည္။
သူ မသိသည္မွာ အျခားလူတစ္ေယာက္ကလည္း ေရခ်ိဳးခန္းထဲမွ ခိုးထြက္လာကာ သူ႕ေနာက္မွတိတ္တဆိတ္ လိုက္လာျခင္းပင္။ ထိုလူက ေရ႐ြတ္သည္။ "ဒီတစ္ေယာက္က ေန႕ခင္းပိုင္းမွာက် စိတ္လြတ္ေနၿပီး ညဘက္က် ပုန္းလွ်ိုးကြယ္လွ်ိုး လုပ္ေနတယ္။ သူက ဒီစံအိမ္မွာအလုပ္လုပ္ေနတဲ့ အေစခံမေလးနဲ႕ ေမွာက္မွားေနတာျဖစ္ရမယ္။ ဒီငတုံး ဝူအားန်ိဳကို မ်က္စိက်ေလာက္တဲ့အထိ ဘယ္မိန္းကေလးက တုံးအေနလဲၾကည့္ရေအာင္။"
ေနာက္ေယာင္ခံလိုက္လာသူကို သတိမထားမိသည့္ ဝူအားန်ိဳက နံရံ၏အေျခသို႔စမ္းသြားကာ အႀကိမ္အနည္းငယ္မွ် ေၾကာင္ေအာ္သံျပဳသည္။ အျပင္ဘက္မွ တစ္စုံတစ္ေယာက္က ျပန္တုန့္ျပန္ေသာအခါ ဝူအားန်ိဳက အဝတ္စကိုေက်ာက္တုံးထည့္ပတ္ကာ အျပင္ဘက္သို႔ပစ္လိုက္သည္။
ယခင္ေန႕ကကဲ့သို႔ပင္ ဘုတ္ခနဲျမည္သံေပၚလာၿပီး အျပင္ဘက္မွ ေၾကာင္ေအာ္သံေနာက္တစ္သံ ထပ္ထြက္လာေသာအခါမွ ဝူအားန်ိဳသက္ျပင္းခ်ကာ နံရံအေျခမွထြက္လာသည္။
"သူက အေစခံမေလးတစ္ေယာက္နဲ႕ ေမွာက္မွားေနတာ မဟုတ္ဘူးလား။ ဒါဆို ဝူအားန်ိဳက ဘာလုပ္ေနတာလဲ။" လူတစ္ေယာက္က အေမွာင္ထဲမွထြက္လာကာ အျပင္နံရံဘက္သို႔ၾကည့္၍ အေတာ္ဇေဝဇဝါျဖစ္ေနသည္။
"ႏွစ္ခ်ိန္လုံးမွာ ေၾကာင္ေအာ္သံၾကားရတယ္။ ဒီငတုံးက ေၾကာင္ကို အစာလာေကြၽးတာမ်ားလား။ အဲ့လိုသာဆိုရင္ သူကဘာလို႔ တအားခိုးေၾကာင္ခိုးဝွက္လုပ္ေနတာလဲ။ ၿပီးေတာ့ သူကတစ္ေန႕လုံး ေငးတိေငးငိုင္နဲ႕။"
ထိုအခ်ိန္တြင္ တစ္စုံတစ္ေယာက္က သူရွိရာေနရာသို႔ေရာက္လာကာ ေအာ္သည္။ "အဲ့မွာ ဘယ္သူလဲ။"
ဇေဝဇဝါေတြးေတာေနသည့္လူက ဤေအာ္သံေၾကာင့္ထိတ္လန့္သြားသည္။ သူအျမန္လွည့္ၾကည့္လိုက္ေသာအခါ လူႏွစ္ေယာက္လာေနသည္ကို ေတြ႕လိုက္ရသည္။ သူတို႔ထဲမွတစ္ေယာက္က မီးအိမ္ကိုကိုင္ထားၿပီး အျခားတစ္ေယာက္က ႀကီးၾကပ္ဝတ္စုံကို ဝတ္ထားသာ္။
"ႀကီးၾကပ္ဟယ္" သူက ခခယယၿပဳံးကာ ႀကီးၾကပ္ဟယ္ကို အရိုအေသေပးရန္ အနားကပ္သြားသည္။
'ႀကီးၾကပ္ဟယ္' ဟူသည့္လူက လင္းမိသားစု၏ စားဖိုေဆာင္အတြင္းမွ အေထြေထြကိစၥမ်ားအတြက္ တာဝန္ရွိရာ အေရးႀကီးသည္။ လင္းေက်ာက္ဝမ္ႏွင့္ဖုခ်ိဳက္ေဝတို႔၏ စိတ္ခ်ရေသာလူယုံတစ္ေယာက္အေနျဖင့္ သူကအၿမဲတမ္း မ်က္ႏွာထားခက္ထန္ေနၿပီး အရာအားလုံးကို အလုပ္သေဘာက်က် တည္ၾကည္စြာကိုင္တြယ္ရာ အေစခံအားလုံး ေၾကာက္ၾကသည္။
သူ႕အားေတြ႕သြားသူက ဤႀကီးၾကပ္သူျဖစ္ေၾကာင္း ထိုလူေတြ႕ေသာအခါ ခခယယ ၿပဳံးေနေသးေသာ္လည္း စိတ္ပူပန္မိသည္။
"မာစန္း႐ႊီ ဒီလိုညဥ့္နက္ခ်ိန္ႀကီးမွာ မင္းဘာေၾကာင့္ဒီမွာရွိေနရေသးတာလဲ။" ႀကီးၾကပ္ဟယ္က သူ႕အားစိုက္ၾကည့္ေနသည္။
မာစန္း႐ႊီ၏ ဒူးမ်ားေကြးသြားသည္။ "ကြၽန္ေတာ္...ကြၽန္ေတာ္ အခုေလးတင္ေရခ်ိဳးၿပီးလို႔ ျပန္ေနတာပါ။"
"အမွန္အတိုင္း ေျပာစမ္း။ ဒီေမွာင္ေနတဲ့လမ္းက်ဥ္းက အေဆာင္ေတြဆီ မသြားဘူး။" ႀကီးၾကပ္ဟယ္က မာဆတ္ဆတ္ေျပာကာ သူ႕အၾကည့္မ်ားမွာ မာစန္း႐ႊီ၏စိတ္ဝိညာဥ္ထဲသို႔ စိုက္ၾကည့္ေနပုံေပါက္သည္။
မာစန္း႐ႊီ၏မ်က္ႏွာက သိသိသာသာျဖဴေဖ်ာ့သြားသည္။ သူက ဤေနရာသို႔ေရာက္ေနျခင္းမွာ မေကာင္းသည့္ကိစၥလုပ္ရန္မဟုတ္သျဖင့္ ႀကီးၾကပ္ဟယ္ထံမွ ဖိအားေပးခံရေသာအခါ အမွန္ကိုေျပာလိုက္သည္။ "ကြၽန္ေတာ္...ကြၽန္ေတာ္ ဒီေနရာကို ဝူအားန်ိဳေနာက္လိုက္ရင္းေရာက္လာတာပါ။ မေန႕ညက ဝူအားန်ိဳ ဒီနံရံေအာက္ေျခဘက္မွာ တစ္ခုခု ခိုးေၾကာင္ခိုးဝွက္လုပ္ေနတာကို ကြၽန္ေတာ္ေတြ႕ခဲ့ပါတယ္။ ဒီေန႕တစ္ေန႕လုံးလည္း သူသတိလက္လြတ္ျဖစ္ေနပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ သူ႕အျပဳအမူကို ေသခ်ာအာ႐ုံစိုက္ေနတာပါ။ ခုနေလးတင္က သူဒီကိုထပ္ေရာက္လာတာကို ကြၽန္ေတာ္ေတြ႕လို႔ သူဘာလုပ္ခ်င္ေနတာလဲဆိုတာ အေျဖထုတ္ဖို႔ ကြၽန္ေတာ္ေနာက္ေယာင္ခံလိုက္လာတာပါ။"
ႀကီးၾကပ္ဟယ္က မ်က္ေမွာင္ၾကဳတ္သည္။ "ဝူအားန်ိဳလား။ သူကနံရံအေျခမွာ ဘာလုပ္ခဲ့လဲ။"
"ကြၽန္ေတာ္ ေသခ်ာမျမင္လိုက္ပါဘူး။ သူက ဒီကို တစ္စုံတစ္ေယာက္နဲ႕ေတြ႕ဖို႔ ေရာက္လာတာလို႔ ကြၽန္ေတာ္ထင္ထားေပမဲ့ သူကခဏပဲေနၿပီး ျပန္ထြက္သြားပါတယ္။ အဲ့မွာ တျခားဘယ္သူမွမရွိပါဘူး။ ကြၽန္ေတာ္ ေၾကာင္ေအာ္သံတစ္ခ်ိဳ႕ကိုပဲ ၾကားခဲ့ရပါတယ္။" မာစန္း႐ႊီက ေျဖသည္။
"ေၾကာင္ေအာ္သံလား။" ႀကီးၾကပ္ဟယ္ သံသယျဖစ္လာသည္။ "ဒီရာသီႀကီးမွာ ဘယ္ေၾကာင္ရိုင္းမွ ဒီကိုမလာပါဘူး။ သြားစစ္ေဆးမယ္။"
"ဟုတ္ကဲ့ပါ။" မီးအိမ္ကိုင္ထားသူက ျပန္ေျဖကာ မာစန္း႐ႊီကိုၾကည့္သည္။
မာစန္း႐ႊီက မ်က္ႏွာရိပ္မ်က္ႏွာကဲကို ခ်က္ခ်င္းသိကာ လမ္းျပသည္။
ခ်ဳံပုတ္မ်ားကိုျဖတ္၍ ေလွ်ာက္လာၿပီးေနာက္ အျပင္ဘက္နံရံ ေအာက္ေျခပိုင္းသို႔ သူတို႔ေရာက္လာသည္။ ႀကီးၾကပ္ဟယ္က မီးအိမ္ကို ကိုယ္တိုင္ကိုင္၍ အနီးပတ္ဝန္းက်င္ကို ေသခ်ာစစ္ေဆးၾကည့္ေသာအခါ ဘာသံသယဝင္စရာမွ မေတြ႕သကဲ့သို႔ ေၾကာင္ေျခရာမ်ားကိုလည္း မေတြ႕ေခ်။
"မင္းၾကားတာ ေၾကာင္ေအာ္သံေသခ်ာလား။" ႀကီးၾကပ္ဟယ္က မာစန္း႐ႊီကို ထပ္ေမးသည္။
မာစန္း႐ႊီက အရင္ေခါင္းညွိတ္ျပၿပီးမွ မေသခ်ာမေရရာေသာေလသံျဖင့္ေျပာသည္။ "အဲ့အသံက နည္းနည္းေတာ့ထူးဆန္းပါတယ္။ ေၾကာင္ေအာ္သံနည္းနည္းထြက္လာၿပီးတာနဲ႕ ေပ်ာက္သြားပါတယ္။"
ႀကီးၾကပ္ဟယ္၏မ်က္ႏွာ မည္းေမွာင္သြားသည္။ သူက ထိုေနရာကို သတိႀကီးႀကီးျဖင့္ ေနာက္တစ္ႀကိမ္ထပ္ရွာၿပီးေနာက္ အမိန့္ေပးသည္။ "သူတို႔အားလုံးကို သြားႏွိုးလိုက္။ သူတို႔ကို ခန္းမႀကီးထဲမွာ စုေဝးခိုင္းထား။ ဝူအားန်ိဳက ဘာမွမေျပာနဲ႕၊ မဟုတ္ရင္ မင္းေနာက္ဆက္တြဲေတြကို တာဝန္ယူရမယ္။"
သူ႕စကားမ်ားကို ၾကားၿပီးေနာက္ အေရးႀကီးကိစၥတစ္စုံတစ္ရာ ျဖစ္ပ်က္ေနေၾကာင္း မာစန္း႐ႊီသေဘာေပါက္သြားသည္။ သူ အနည္းငယ္ေၾကာက္လန့္မိသည္။ "ႀကီးၾကပ္ဟယ္၊ ဝူအားန်ိဳက ဆိုး႐ြားတာ တစ္ခုခုမလုပ္ထားပါဘူးေနာ္။"
"သူ ဆိုး႐ြားတာကို လုပ္သလား၊ မလုပ္သလားဆိုတာ မင္းဆုံးျဖတ္ရမဲ့ကိစၥမဟုတ္ဘူး။ အခု သြားေတာ့။ " ႀကီးၾကပ္ဟယ္က စိန္းစိန္းဝါးဝါးၾကည့္သည္။
ထိတ္လန့္ေနသည့္ မာစန္း႐ႊီက ခ်က္ခ်င္းအေဝးသို႔ေျပးသြားသည္။
အေမႊးတစ္တိုင္ထြန္းစာ(ငါးမိနစ္မွ်) ၾကာၿပီးေနာက္ အေစခံအားလုံးက ခန္းမႀကီးထဲ၌ စုေဝးေနၾကသည္။ ႀကီးၾကပ္ဟယ္အျပင္ အျခားႀကီးၾကပ္လီလည္းရွိသည္။ ဤႀကီးၾကပ္လီက အိမ္ေတာ္ထိန္းလီ၏ အႀကီးဆုံးသားျဖစ္ၿပီး လင္းမိသားစုရွိအေစခံမ်ားအားလုံးက သူ႕ကိုအလြန္ေလးစားၾကသည္။ ႀကီးၾကပ္လီ၏ျမင္ကြင္းေအာက္တြင္ ဤအေစခံမ်ား အနည္းငယ္မွင္တက္ေနၾကသည္။ ဘာျဖစ္ပ်က္ေနသည္ကို သူတို႔မသိၾကေသာ္လည္း ထိုလူႏွစ္ေယာက္ မ်က္ႏွာခက္ထန္ေနသျဖင့္ အေရးႀကီးကိစၥတစ္ခုခုျဖစ္ပ်က္ေနပုံေပၚသည္ကို လူတိုင္းသတိထားမိသည္။ မည္သူကမွ ပထမဆုံးစကားမေျပာခ်င္ၾကေပ။
"ငါ ေမးဦးမယ္။ လြန္ခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ေၾကာင္ေအာ္သံၾကားၾကမိေသးလား။" ႀကီးၾကပ္ဟယ္ကေမးသည္။
ေၾကာင္ေအာ္သံလား။ အေစခံမ်ားအားလုံးက ဇေဝဇဝါျဖင့္ ေခါင္းခါျပသည္။
ဝူအားန်ိဳလည္း ေခါင္းခါသည္။ သူ႕မ်က္ႏွာေပၚမွ အမူအရာကသာ သဘာဝမက်ျဖစ္ေနျခင္းပင္။
"ဒါဆို ေၾကာင္တစ္ေကာင္ေကာင္ကို ျမင္မိတဲ့လူရွိလား။" ႀကီးၾကပ္ဟယ္က ေနာက္ေမးခြန္းတစ္ခု ထပ္ေမးသည္။
ဝူအားန်ိဳက အျခားလူမ်ားကဲ့သို႔ ေခါင္းခါျပေသာ္လည္း ႏွဖူးေပၚ၌ ေခြၽးစို႔ေနသည္။
ႀကီးၾကပ္ဟယ္ႏွင့္ ႀကီးၾကပ္လီတို႔က သူႏွစ္ႀကိမ္လုံးေခါင္းခါျပသည္ကို ေတြ႕ၾကသည္။ သူ႕ေဘးတြင္ရပ္ေနေသာ မာစန္း႐ႊီပင္ တစ္စုံတစ္ခု မွားယြင္းေနသည္ကို ေျပာနိုင္သည္။
'ဝူအားန်ိဳက တစ္ခုခုကို ဖုံးကြယ္ဖို႔ႀကိဳးစားေနတာလား။' ဟု သူေတြးမိသည္။
"ေကာင္းၿပီ။ ဝူအားန်ိဳကလြဲၿပီး က်န္တဲ့လူေတြ အျပင္မွာ ေစာင့္ေနၾက။" ႀကီးၾကပ္ဟယ္က အမိန့္ေပး၏။
ဝူအားန်ိဳမွာ ေခါင္းအစေျခအဆုံး တုန္သြားၿပီး ေၾကာက္စိတ္မႊန္လာကာ မ်က္ဆန္လႈပ္ေနသည္။ သူပ်ာယာခတ္ကာ ေမးသည္။"ဘာလို႔လဲ။ ကြၽန္ေတာ္ ဘာေၾကာင္ေအာ္သံကိုမွလည္း မၾကားဘူး၊ ဘယ္ေၾကာင္ကိုမွလည္း မေတြ႕ဘူးေလ။"
ဤမွတ္ခ်က္က အလြန္က်ယ္ကာ ႂကြပ္ဆတ္သည္။ အျခားလူအားလုံးက သူ႕ကိုထူးဆန္းစြာ ၾကည့္ၾကၿပီး သူ၏အေတာ္မူမမွန္ေသာ မ်က္ႏွာထားအား သတိထားမိကာ အနည္းငယ္ထူးဆန္းသည္ဟု ခံစားမိၾကသည္။
ႀကီးၾကပ္ဟယ္ႏွင့္ ႀကီးၾကပ္လီတို႔က ဝူအားန်ိဳကို ဘာမွမေျပာၾကေပ။ သူတို႔က စိုက္သာၾကည့္ေနၾကသည္။
ဝူအားန်ိဳ၏ႏွဖူးေပၚတြင္ ေခြၽးသီးေခြၽးေပါက္မ်ား ပိုထြက္လာသည္။ သူက အျခားအေစခံမ်ားႏွင့္အတူ ထြက္သြားရန္ရည္႐ြယ္၍ ေ႐ြ႕လိုက္သည္။
"ဝူအားန်ိဳ၊ မင္းဘယ္သြားဖို႔ျပင္ေနတာလဲ။" ႀကီးၾကပ္ဟယ္က ေအးစက္စက္ေမးသည္။
ဝူအားန်ိဳမွာ ေနာက္ထပ္ေျခတစ္လွမ္း မလွမ္းရဲေတာ့သျဖင့္ ၾကက္ေသေသကာ ရပ္ေနသည္။ အျခားလူမ်ားအားလုံး ထြက္သြားၾကေသာအခါ သူပုန္းခိုစရာမရွိေတာ့ေပ။ ယခုအခါ သူက ႀကီးၾကပ္ဟယ္ႏွင့္ ႀကီးၾကပ္လီတို႔၏ ျမင္ကြင္းထဲတြင္ ထီးထီးႀကီးပင္။
"ဝူအားန်ိဳ၊ ငါမင္းကိုေမးမယ္။ မေန႕ညကနဲ႕ ဒီညမွာ မင္းၿခံအေနာက္ဘက္နံရံရဲ႕အေျခကို ဘာလို႔ခိုးေၾကာင္ခိုးဝွက္သြားတာလဲ။"
"ကြၽန္ေတာ္ ၿခံအေနာက္ဘက္နံရံအေျခကို မသြားခဲ့ပါဘူး။ အထင္လြဲတာျဖစ္ပါလိမ့္မယ္၊ ႀကီးၾကပ္ဟယ္။" ဝူအားန်ိဳ၏ ေျခေထာက္မ်ား တုန္ယင္ေနေသာ္လည္း ေခါင္းမာမာျဖင့္ ျငင္းရန္ႀကိဳးစားသည္။
"အဲ့လိုလား။ ၾကည့္ရတာ မႏွိပ္စက္ဘဲ မရဘူးထင္တယ္။ အေစာင့္ေတြ..." ႀကီးၾကပ္ဟယ္က ေအာ္လိုက္သည္။ သူ႕မ်က္ႏွာထားက ခ်က္ခ်င္းေအးစက္ခက္ထန္လာသည္။
လူၾကမ္းႏွစ္ေယာက္က တုတ္တစ္ေခ်ာင္းစီကိုကိုင္လ်က္ ခ်က္ခ်င္းဝင္လာၾကသည္။
"ဝူအားန်ိဳကို ဆယ္ခ်က္ရိုက္လိုက္။"
"ဟုတ္ကဲ့ပါ။"
ႀကံ့ခိုင္ေသာလူႏွစ္ေယာက္က စိတ္မဝင္စားေသာမ်က္ႏွာထားျဖင့္ ေလွ်ာက္လာသည္။ လူႏွစ္ေယာက္အနက္ တစ္ေယာက္က ခုံတန္းလ်ားကို ကန္လိုက္ရာ ယင္းက ဝူအားန်ဳေရွ႕သို႔ေရာက္သြားသည္။ အျခားတစ္ေယာက္က ဝူအားန်ိဳ၏ဒူးအေနာက္ဘက္အား ကန္လိုက္ၿပီး သစ္သားခုံတန္းလ်ားေပၚ၌ ေမွာက္လ်က္လဲေစသည္။
"ႀကီးၾကပ္...ႀကီးၾကပ္လီ၊ ေက်းဇူးျပဳၿပီး ကူညီပါ။ ကြၽန္ေတာ္ ဘာအမွားလုပ္မိသလဲ မသိပါဘူး။ ကြၽန္ေတာ္က ဒီလိုအျပစ္ေပးခံသင့္တယ္လို႔ ႀကီးၾကပ္လီက ဘာေၾကာင့္ထင္ရတာပါလဲ။" ခုံတန္းလ်ားေပၚတြင္ အားျဖင့္အဖိခံထားရ၍ မလႈပ္နိုင္သည့္ ဝူအားန်ိဳက ေအာ္သည္။
"မင္းက တစ္ခုခုကို ပုန္းလွ်ိုးကြယ္လွ်ိုး လုပ္ထားေပမဲ့ ဝန္မခံတာေၾကာင့္ေလ။ မင္းအခု ဝန္ခံရင္ ငါသူတို႔ကိုရပ္ခိုင္းမယ္။ မင္းဝန္မခံရင္ ငါညွာမွာမဟုတ္ဘူး။" ႀကီးၾကပ္ဟယ္က ေအးစက္စက္ၾကည့္ကာ ၿခိမ္းေျခာက္သည္။
"ကြၽန္ေတာ္...ကြၽန္ေတာ္ မလုပ္...ကြၽန္ေတာ္ ဘာမွမလုပ္ခဲ့ပါဘူး။ ႀကီးၾကပ္ အထင္မွားေနတာပါ။" လုပ္ရိုးလုပ္စဥ္ကို အေလးမထားဘဲ ဝူအားန်ိဳက ျပင္းထန္စြာ႐ုန္းေတာ့သည္။
"သူ႕ကို ရိုက္စမ္း။"
'ဘတ္' ဝူအားန်ိဳ၏ခႏၶာကိုယ္ေပၚသို႔ မညွာတာေသာရိုက္ခ်က္တစ္ခု ေရာက္လာသည္။
"အာ့" ဝူအားန်ိဳက နာက်င္စြာေအာ္သည္။
တုတ္ေခ်ာင္းကို သိပ္သည္းဆမ်ားေသာသစ္သားျဖင့္လုပ္ထားရာ သန္မာေသာေယာက္်ားတစ္ေယာက္က တုတ္ေခ်ာင္းကိုမ၍ ရိုက္ခ်လိဳက္ေသာအခါ ရိုက္ခ်က္မွာ အလြန့္အလြန္ ေလးလံသည္။ ႀကီးမားေသာနာက်င္မႈေၾကာင့္ ဝူအားန်ိဳ၏ႏွဖူးေပၚ၌ ေသြးေၾကာမ်ားေပၚလာသည္။
ဘတ္ ဘတ္ ဘတ္
ဝူအားန်ိဳေပၚတြင္ ရိုက္ခ်က္ တစ္ခ်က္ၿပီးတစ္ခ်က္ေရာက္လာၿပီး ရိုက္ခ်က္တစ္ခ်က္တိုင္းတြင္ ဝူအားန်ိဳ၏ မခ်ိတင္ကဲ ငယ္သံပါေအာင္ေအာ္သံ လိုက္လာရာ အလြန္ေၾကာက္မက္ဖြယ္ရာေကာင္းသည္။ ခန္းမႀကီး၏အျပင္ဘက္တြင္ရပ္ေနေသာ အေစခံမ်ားအားလုံး အလြန္စိုးရိမ္ေနၾကရာ အလိုအေလ်ာက္ အသက္ရႉသံတိုးမိသည္။ ဝူအားန်ိဳ ဘာအမွားလုပ္မိေၾကာင္း မည္သူမွမသိေခ်။
မာစန္း႐ႊီကသာ ခပ္ေရးေရးသိေနသျဖင့္ မ်က္ႏွာအလြန္ျဖဴေဖ်ာ့ေနသည္။ သူက အ႐ူးတစ္ေယာက္မဟုတ္၍ ႀကီးၾကပ္ဟယ္၏ ခ်က္ခ်င္းအေရးယူေဆာင္႐ြက္မႈအေပၚ အေျဖထုတ္ၿပီးသားပင္။ 'ဝူအားန်ိဳက အျပင္လူေတြအတြက္ သူလွ်ိုလုပ္ေပးေနတယ္။'
ဝူအားန်ိဳက ခ်က္ခ်င္းဆယ္ခ်က္အရိုက္ခံရသည္။ မည္သူကမွ မသနားေပ။
အျပစ္ေပးမႈၿပီးသြားေသာအခါ ဝူအားန်ိဳ၏ႏွဖူးေပၚတြင္ ေခြၽး႐ႊဲေနသည္။ မခ်ိမဆံ့ေဝဒနာအား ေတာင့္ခံျခင္းက စိတ္အားအလြန္ကုန္ေစရာ သူသတိေဝဝါးလာသည္။
"မင္း အမွန္ေျပာမွာလား။ ဒါမွမဟုတ္ ဆယ္ခ်က္ထပ္အရိုက္ခံခ်င္လား။" ႀကီးၾကပ္ဟယ္က ေအးစက္စက္စိုက္ၾကည့္သည္။
မခ်ိမဆံ့ညည္းေနေသာ ဝူအားန်ိဳက ခုံတန္းလ်ားအစြန္းမ်ားကို လက္က်န္အားျဖင့္ဆုပ္ကိုင္ကာ လူၾကမ္းႏွစ္ေယာက္၏လက္ထဲမွ တုတ္ေခ်ာင္းအားၾကည့္၍ အသံတုန္တုန္ျဖင့္ေျပာသည္။ "ကြၽန္ေတာ္ ဝန္ခံပါ့မယ္။ ကြၽန္ေတာ္ ဝန္ခံပါ့မယ္။"
ႀကီးၾကပ္ဟယ္က လက္ခါျပကာ လူၾကမ္းႏွစ္ေယာက္ကို ေနာက္ဆုတ္ေစသည္။
"အခု ငါ့ကိုအမွန္အတိုင္းေျပာျပ။ ငါ အေသးစိတ္သိခ်င္တယ္။"
"လူ...လူတစ္ေယာက္က လင္းမိသားစုရဲ႕ သတင္းအခ်က္အလက္ေတြေပးရင္ ေငြတုံးတစ္ရာေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။" ဝူအားန်ိဳက ဤဝန္ခံစကားကို အံႀကိတ္၍မနည္းေျပာရသည္။ ဤဝန္ခံစကားကိုေျပာၿပီးေနာက္ သူရင္ဆိုင္ရမည့္ေနာက္ဆက္တြဲကိစၥမ်ားကို သေဘာေပါက္သြားပုံျဖင့္ မ်က္ႏွာ ျဖဴဖပ္ျဖဴေရာ္ျဖစ္သြားသည္။
"အဲ့လူက ဘယ္သူလဲ။ သူက မင္းကိုဘယ္တုန္းက ဆက္သြယ္ခဲ့တာလဲ။ မင္းသူ႕ကို ဘာေျပာၿပီးသြားၿပီလဲ။" ႀကီးၾကပ္ဟယ္က ေဒါသတႀကီးေမးသည္။
"ကြၽန္ေတာ္... ကြၽန္ေတာ့္မွာ သူ႕ကိုေျပာဖို႔ အခ်ိန္မရွိခဲ့..."