လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

De Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... Mai multe

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)

6.9K 1.1K 30
De Indolent-Senorita

Scroll down for Zawgyi.

Unicode

စုန့်ရှီလင်နဲ့ သူ့အစ်ကိုကြီးတို့ဟာ  video call ထဲက​​နေတစ်ဆင့် တစ်​ယောက်ကိုတစ်​ယောက် နှုတ်ဆက်စကားဆိုလိုက်ကြသည်။ထို့​နောက် စုန့်ရှီလင်က laptop ကို ပိတ်ကာ အိပ်ခန်းထဲသွားရန် မတ်တပ်ထရပ်လိုက်သည်။

အိပ်ခန်းထဲ ​ရောက်,​ရောက်ချင်း စုန့်ရှီလင်၏ မျက်နှာ​ပေါ်က ဂရုမစိုက်သည့် ဟန်ပန်အမူအရာဟာ ချက်ချင်း လုံးလုံးလျားလျား ​ပျောက်ကွယ်သွားသည်။သူ အကူအညီမဲ့စွာနဲ့ ​ရှေ့ကို တိုး​လျှောက်သွားလိုက်ပြီး ကြမ်းပြင်​ပေါ်၌ တင်ပါး​တွေကို အ​ပေါ်ပင့်တင်​မြှောက်လျက် လှဲ​လျောင်း​​နေတဲ့ အမျိုးသား​လေးအား လက်နှင့်ပုတ်၍ ​ပြောလိုက်သည်။   " မင်း ဘယ်လိုလုပ် ထိမ်းမနိုင်သိမ်းမရဖြစ်​နေတာလဲ ??? "

​ပေါ်ယွီ မျက်နှာ​လေး နီမြန်းလာကာ ပြန်​ဖြေလိုက်သည်။   " ငါ ​လေ့ကျင့်ခန်း လုပ်​နေတာပါ​နော်။ ငါ ခန္ဓာကိုယ်​လေ့ကျင့်ခန်း လုပ်​နေတာ မမြင်ဘူးလား ??? မင်း​ရော ခန္ဓာကိုယ် တည်​ဆောက်ဖို့ ​လေ့ကျင့်ခန်းမလုပ်လို့လား ??? မင်း ​တောသား "

စုန့်ရှီလင် ကိုယ်ဟန်အ​နေအထားပုံစံ​တွေကို အမျိုးမျိုး ​ပြောင်းပြ​နေတဲ့ အမျိုးသားငယ်​လေးအား ကြည့်ရင်း မည်း​မှောင်​နေတဲ့ မျက်နှာနဲ့အတူ ​ဘေး၌ ၀င်ထိုင်လိုက်သည်။သူ့နှုတ်ခမ်းက စူပုတ်သွားပြီး ... " ဒါက ဇာတ်လမ်းရိုက်ရုံ​လေးပဲကို။ အရမ်းကြီး အလုပ်ကြိုးစား​နေဖို့ မလိုဘူးလားလို့ "

" ငါက အခု ငယ်ရွယ်နုပျို​နေတုန်း အလုပ်,လုပ်ထားရမယ်။ ငါ ပုလဲ​တွေ အဝါ​ရောင်​ပြောင်းသလို ဒါမှမဟုတ် ရင့်​ထော်​နေတဲ့ အသား​ခြောက်ကြီးလို အိုမင်းလာတဲ့အချိန်ကျရင် ငါ့​နေရာကို အဆုံးမရှိတဲ့ လတ်လတ်ဆတ်ဆတ် အသားတုံး​လေး​တွေက အစားထိုးသွားကြမှာ "   ​ပေါ်ယွီ ကိုယ်လက်လှုပ်ရှား​နေတာကို ရပ်တန့်ပစ်လိုက်၍ သူ့ကြွက်သား​တွေအား အ​ညောင်းအညာ​ပြေ​ ဆွဲဆန့်ရန် ခုတင်​ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။   " အဲဒါ​ကြောင့် ငါ ကိုယ့်ကိုကိုယ် ဖြစ်နိုင်သမျှ မြန်မြန်​လေး တိုးတက်​အောင် လုပ်ရမယ်။ ငါ အဲဒီ sexy ကျလှပတဲ့ ​ကောင်စုတ်​လေး​တွေအတွက် ဘာအခွင့်အ​ရေးမှ ချန်မထားခဲ့နိုင်ဘူး "

" မင်း idiom မှားသုံး​လို့။ ပုလဲ​တွေ အဝါ​ရောင်​ပြောင်းသလို အိုမင်းတယ် ??? မင်း ကိုယ့်ကိုကိုယ် ​​ယောကျ်ားလား မိန်းမလားဆိုတာ ​မေ့သွားတာလား ??? "   စုန့်ရှီလင် ​အေးစက်စွာ ​ပြောလိုက်သည်။

" အားလုံးက မျက်နှာလှလှ​လေးနဲ့ပဲ ပိုက်ဆံရှာ​နေကြတာ။ ​ယောကျာ်း​ဖြစ်ဖြစ် မိန်းမ​ဖြစ်ဖြစ် အသက်ကြီးတဲ့အခါ ရုပ်ဆိုးသွားကြတာချင်း အတူတူပဲ။ ဒါ့ပြင် အထီးအမကြားက ဒီညီမျှခြင်းကို ကြည့်ရင် ငါက ဘာလို့ အဲဒီ idiom ကို သုံးလို့မရ,ရမှာလဲ ??? "   ​ပေါ်ယွီ အိပ်ရာ​ပေါ်က​​နေ ​လျှောဆင်းလိုက်ပြီး စုန့်ရှီလင်ကို ခွန်းတုံ့ပြန်​ပြောလိုက်သည်။

လျှာ​စောင်းထက်တဲ့အရာ၌ စုန့်ရှီလင် ​ပေါ်ယွီနဲ့အတူ ယှဉ်ပြိုင်မ​ပြောနိုင်​ပေ။အဲလိုမှမဟုတ်လျှင် သူ ​ပေါ်ယွီဆီက​နေ အ​တော်က​လေး ညစ်တီးညစ်ပတ်နိုင်တဲ့ နာမည်​ပြောင်​တွေအများကြီး ထပ်ရ​နေဦးမည်။

စုန့်ရှီလင် ကုတ်အင်္ကျီကို ချွတ်ကာ အိပ်ရာထဲ ၀င်ပြီး မျက်လုံးမှိတ်လျက် အိပ်ဖို့ ပြင်လိုက်သည်။​မျှော်လင့်မထားစွာပဲ ​ပေါ်ယွီက စုန့်ရှီလင်အား ​ခြေ​ထောက်ဖြင့် ကန်လာခဲ့သည်။စုန့်ရှီလင် မျက်လုံးကို စိတ်မရှည်စွာ ဆွဲဖွင့်၍ ​​ပေါ်ယွီရဲ့ခန္ဓာကိုယ်​လေးကို သူ့ကိုယ်​လုံးအောက်တွင် ဖိချထားလိုက်သည်။   " မင်း ဘာလုပ်တာလဲ ??? "

​ပေါ်ယွီက စုန့်ရှီလင်ရဲ့ နဖူး​ပြင်​ပေါ်ကို သူ့လက်ညှိုး​​လေးနဲ့ တတိတိထိုးရင်း ​သေချာ​ပြောလိုက်သည်။   " မင်း သွားတိုက် ၊ မျက်နှာသစ်ဦး။ အဲဒါ​တွေပြီးမှ အိပ်ရာထဲ အိပ်လို့ရမယ် "

စုန့်ရှီလင် ; " ............. "   သူ လျင်မြန်စွာ ထထိုင်ကာ အိပ်ရာ​ပေါ်က​ ဆင်းသွားလိုက်သည်။

​ပေါ်ယွီ အိပ်ရာ​ဘေးမှာ လှဲလိုက်ပြီး​ သူ့ရဲ့ Weibo acc ရှိ comment များကို ဖတ်ကြည့်ရန်အတွက် ဖုန်းထုတ်လိုက်သည်။ထို့​နောက် သူ selfie တစ်ပုံ ရိုက်လိုက်၍ ထိုပုံကို post မတင်ခင် ငါးမိနစ်​လောက် ပြုပြင်မွမ်းမံ​နေလိုက်သည်။

​ပေါ်ယွီ V ; ​ပျော်ရွှင်စရာ နှစ်သစ်ပါ * ^_^* [Picture Attached]

《 ဝိုး ! ဝိုး ! ၀ိုး ! သူ သူ့ဓါတ်ပုံ​လေးကို ​သေချာ​ ပြင်ထားတာပဲ။ ​ပေါ်ကိုကို​လေးက သူ့ရုပ်ရည်သူ စတင် ဂရုစိုက်​နေပြီ​ပေါ့ 》

《 ငါ​လေးခမျာ ​နေ့တိုင်း သူ့ video ​တွေနဲ့ ​ပျော်ရွှင်​နေရတာ။ ​ပေါ်ကိုကို​လေးက Southwest TV ရဲ့ ​နွေဦးပွဲ​တော် ​ပျော်ရွှင်ပွဲမှာ ​ပေါ်လာပြီး သီချင်းဆိုပြသွားတာ အရမ်း အရမ်း ​ကောင်းတာပဲ !!! 》

​ပေါ်ယွီ တခစ်ခစ်ရယ်​မောလိုက်သည်။Southwest TV ၏ ​နွေဦးပွဲ​တော် ​ပျော်ရွှင်ပွဲကို ယ​နေ့ညတွင် ထုတ်လွှင့်ပြသခြင်းဖြစ်သည်။အခုအချိန်က တစ်ဆယ့်တစ်နာရီ​တောင် ​ကျော်​နေပြီဖြစ်သည်။ဒါ​ကြောင့် သူ့ပရိသတ်​တွေက သူ ပွဲ​တော်​ပျော်ရွှင်ပွဲ၌ ပါ၀င်ခဲ့​ကြောင်း သိပြီးနေကြတာက အံ့သြစရာမဟုတ်​ပေ။

မျက်နှာသစ် ပလုတ်ကျင်းလို့ပြီးသွားတဲ့ စုန့်ရှီလင်က ​အေးစက်​နေသည့် ခန္ဓာကိုယ်ကြီးနဲ့အတူ အိပ်ရာထဲ ၀င်လာသည်။သူက ပြုမူ​နေကျ အကျင့်အတိုင်း ဖုန်းကစား​​နေတဲ့ အမျိုးသားငယ်​လေးအား သူ့လက်​မောင်း​တွေထဲ ​ထွေး​ပွေ့ကာ ​ပြောလိုက်သည်။  
" အိပ်​တော့ ... "

" တစ်ဆယ့်ငါးမိနစ်ကျန်​သေးတယ်။ ငါ ဆက်ကြည့်ဦးမှာ "   ​ပေါ်ယွီက သူ့ဖုန်းကို လက်ထဲတွင် ကိုင်၍ ​ပြောလိုက်သည်။ 
" မင်း အခု ဘာလို့ အိပ်ချင်​နေတာလဲ ??? မနက်ဖြန် မင်း အလုပ်မသွားရဘူး​လေ "

" အိပ်​တော့ ... "   စုန့်ရှီလင် စိတ်မ​ပျော်ရွှင်​တော့တာ​ကြောင့် ​ပေါ်ယွီဆီက ဖုန်းကို မျက်နှာ​သေဖြင့် ဆွဲယူလိုက်ပြီး ဖုန်းပိတ်လျက် အိပ်ရာ​ဘေးတွင် ဖုန်းကို ပို့ထားလိုက်သည်။

​ပေါ်ယွီ စုန့်ရှီလင်အား ​ပြောစရာစကား ကင်းမဲ့စွာ ကြည့်​နေမိသည်။   " မင်း ​ပြောင်းလဲသွားပြီး "

စုန့်ရှီလင်က ​ပေါ်ယွီရဲ့ မအိပ်ခင်မှာ ​ဖုန်း​​ဆော့တတ်သည့် အကျင့်ကို သ​ဘောမကျခဲ့​ချေ။သို့တိုင် သူက အခုလို အ​လျှော့​မပေးဘဲ ဖုန်းကို အကြမ်းပတမ်း လုယူတာမျိုးကို​မူ တစ်ခါမှ မလုပ်ခဲ့ဖူးချေ။

စုန့်ရှီလင်က ​ပေါ်ယွီကို လျစ်လျူရှူထားလိုက်ပြီး မီးပိတ်ရန် လက်ကို ဆန့်တန်းလိုက်သည်။အိမ်က လုံးလုံး အ​မှောင်ကျသွားတဲ့အခါ စုန့်ရှီလင်၏ ​အေးစက်စက်အသံက ထွက်​ပေါ်လာသည်။   " ကိုယ် အရင်က မင်းကို အလိုလိုက်ခဲ့တာ များလွန်းသွားပုံပဲ "

ဖရဲသီး​လေးက သူနဲ့​ပေါ်ယွီ၏ က​လေးလေးဆိုတာကို သူ သိရှိလိုက်ရသည့် အချိန်တွင် ပထမဆုံးအ​နေနဲ့ စိတ်လှုပ်ရှားမှုနှင့် မယုံမကြည်နိုင်ဖြစ်ခြင်းတို့ကို စုန့်ရှီလင် ​တွေ့ကြုံခံစားခဲ့ရသည်။အဲဒီ​နောက် သူ သူ့ကိုယ်သူ အ​လေးအနက် သုံးသပ်စဉ်းစားကြည့်ခဲ့သည်။

အကယ်၍ သူသာ အရင်တုန်းက ​ပေါ်ယွီကို မတရား အလိုမလိုက်ခဲ့လျှင် ​ပေါ်ယွီက ဗိုက်ထဲရှိ သူ့က​လေး​လေးနဲ့အတူ ထွက်​ပြေးသွားရဲမှာမဟုတ်သလို ​နောက်ဆုံး ​ပေါ်ယွီ စိတ်ဆုံးဖြတ်၍ ပြန်လာခဲ့ပြီး​နောက်၌လည်း က​လေးရဲ့ ဖြစ်တည်မှုကို သူ့အား ဖုံးကွယ်ထားရဲမှာမဟုတ်​ချေ။

ဒါ​ကြောင့်ပင် သူတို့က သူတို့ရဲ့ ဒုတိယ​မြောက် က​လေး​လေးကိုပါ ဆုံးရှုံးခဲ့ရ​သေးသည်။

​ပေါ်ယွီ နှုတ်ခမ်းကို မဲ့ချပစ်လျက် ဒီလူအိုကြီးက အ​ပေါ်ယံအပြင်ပန်းမှာ နူးညံ့ညင်သာပြ​နေ​ပေမယ့် အတွင်းစိတ်ထဲက​တော့ တကယ် အရိုင်းဆန်ကြမ်းတမ်းတာပဲဟု ​တွေးလိုက်သည်။​ပေါ်ယွီ သမ်း​ဝေလိုက်ပြီး ခဏ​လောက်ကြာတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်​​ပျော်သွား​လေသည်။

စုန့်ရှီလင်လည်း မျက်စိအသာမှိတ်ကာ မကြာမီ အိပ်​မောကျသွားသည်။

တစ်ချိန်တည်း၌ပင် တိုင်းတစ်ပါးနိုင်ငံတစ်ခုတွင် ​​ရောက်နေတဲ့ ​​မော့အန်းယွီဟာ ပြတင်း​ပေါက်နားမှာ တိတ်တဆိတ် ထိုင်ရင်း အပြာ​ရောင် ​ကောင်းကင်ကြီးနှင့် တိမ်တိုက်ဖြူဖြူတို့ကို ​ငေး​မောကြည့်​နေသည်။သူက ဖုန်းကို လက်ထဲ၌ တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး နက်​မှောင်​နေတဲ့ အလင်း​ရောင်တစ်ခုက သူ့မျက်လုံးထဲတွင် တဖြတ်ဖြတ်လက်နေသည်။

​တောက်ပ​နေသည့် ဖုန်း screen ​ပေါ်တွင် မပို့ရ​သေးတဲ့ message တစ်​စောင်ရှိသည်။ဖုန်းပိုင်ရှင်က message ကို စိတ်​ကျေနပ်မှုမရှိဘဲ အကြိမ်ကြိမ်အခါခါ ပြင်လိုက်ဖြတ်လိုက်လုပ်​နေခြင်း​ကြောင့် အ​ခေါက်​ပေါင်းများစွာ ပြင်ဆင်​နေသည့်တိုင် message အား မပို့ရ​သေး​ပေ။

​မော့အန်းယွီ သူ့လက်​ချောင်း​တွေကို screen ​ပေါ်မှာ တင်ထားကာ မပို့ရ​သေးသည့် ထို message ကို စိုက်ကြည့်လျက် သက်ပြင်းချလိုက်သည်။

Message ပါအ​ကြောင်းအရာမှာ ______ ​ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါ​စေ ၊ ​ပေါ်ယွီ ...

​မော့အန်းယွီ ၎င်း message ကို ပို့လိုက်ရန် မရဲပါ​ချေ။

_____________

နှစ်သစ်ပြက္ခဒိန်၏ ပထမရက်တွင် စုန့်ရှီလင်ဟာ သူ့​ရှေ့က ပူပူ​လော​လော ဖက်ထုပ်အိုးတစ်အိုးနဲ့အတူ မီးဖို​ချောင်ထဲ၌ မတ်တပ်ရပ်​နေသည်။

ဒီဖက်ထုပ်​တွေကို သူ မ​နေ့ညက စုန့်အိမ်​တော်က​နေ ပြန်လာခဲ့သည့်အချိန်တွင် စုန့်​မေ​မေက သူ့အား ထည့်​ပေးလိုက်တာဖြစ်ပြီး အရသာကို မြည်းစမ်းကြည့်ရန် ​ပြောခဲ့သည်။

​​ပေါ်ယွီက အိပ်ချင်မူးတူးဖြစ်​နေတဲ့ ရီ​ဝေ​ဝေမျက်လုံး​လေး​တွေဖြင့် စုန့်ရှီလင်ဆီ ​လျှောက်လာကာ ကိုအားလား​လေးလိုမျိုး စုန့်ရှီလင်၏ ​ကျောပြင်​ပေါ်၌ မှီတွယ်လှဲ​လျောင်းလိုက်သည်။   " နှစ်သစ်ရဲ့ ပထမဆုံးရက်ကြီးမှာ မင်း ဘာဖြစ်လို့ ဒီ​လောက်အ​စောကြီး အိပ်ရာထသွားရတာလဲ ??? "

ရာသီဥတု ​အေး​နေ​လေရာ ​ပေါ်ယွီက မနက်​​စောစော အိပ်ရာနိုးလာခဲ့သည်။သူက စုန့်ရှီလင်ရဲ့ ​စော​စောစီးစီးအိပ်ရာထတတ်သည့် အကျင့်ကြီးကို မကြိုက်​ပေ။ သူ့​စောင်ကို အ​နွေးဓါတ်​ပေးဖို့ လူတစ်​ယောက်ရှိမ​နေတာက တကယ် စိတ်မ​ကျေနပ်စရာပဲ။

စုန့်ရှီလင် မျက်​မှောင်ကြုတ်လိုက်သည်။ 
" မင်း သွားတိုက် မျက်နှာသစ်လုပ်ဦး "

​ပေါ်ယွီ ​ခေါင်းခါ၍ ​ပြောလိုက်သည်။   " စားပြီးမှပဲ သွား​တိုက်တော့မယ်။ ဒီ​နေ့က နှစ်သစ်ပြက္ခဒိန်ရဲ့ ပထမဆုံး​နေ့ကြီး​လေ။ ငါ​လေး ဒီတစ်ရက်​တော့ အပျင်းတစ်​နေချင်တယ်လို့ "

ည၀တ်အင်္ကျီ​လေး ၀တ်ထားတဲ့ ဖရဲသီး​လေးက ပွ​ယောင်း​ယောင်း​ဖြစ်​နေတဲ့ ဆံပင်​လေး​တွေနဲ့ မီးဖိုခန်းတံခါးနား ​ရောက်လာသည်။
  " ပါးပါး , ဖက်ထုပ်​တွေကို တိတ်တိတ်​လေး စားမ​နေရဘူး​နော် "

​ပေါ်ယွီမှာ ​ပြောစရာစကား ​ပျောက်ဆုံးသွားသည်။

စုန့်ရှီလင်က ဖက်ထုပ်​တွေကို ပန်းကန်ထဲ ခပ်ထည့်ပြီး ​ပေါ်ယွီဆီ ဖက်ထုပ်ပန်းကန်အား ကမ်း​ပေးလိုက်သည်။   " က​လေးကို သွားတိုက် မျက်နှာသစ်လုပ်ဖို့ ​ခေါ်သွားလိုက်။ ပြီးရင် မနက်စာစားကြမယ် "

" အွန်း ... "   ​ပေါ်ယွီက ဖရဲသီး​လေးကို ​ရေချိုခန်းထဲ​ခေါ်သွားကာ က​လေး​လေးကို သွားတိုက်ရန် ကူညီ​ပေးလိုက်သည်။သူ က​လေး​လေးရဲ့ ဦး​ခေါင်း​နောက်က ဆံပင်အစု​လေးကို စိုက်ကြည့်ရင်း ​ပြောလိုက်သည်။   " ဒါမှမဟုတ် ငါ မင်း​ရဲ့ခေါင်း​နောက်က ဆံပင်​လေး​တွေကို ညှပ်​ပေးရမလား။ ငါ မနက်တိုင်း မင်းဆံပင်​တွေကို ကျစ်​ပေး​နေရတာ ပျင်း​နေပြီ "

ဖရဲသီး​လေး ချက်ချင်း ငြင်းဆန်လိုက်သည်။   " မညှပ်ဘူး "

​ပေါ်ယွီကမူ အ​လျော့မ​ပေး​ချေ။   " ​အေးပါ။ ​​အေးပါ။ ပါးပါးက ​နောက်ရက်နည်းနည်း​လောက်ကြာရင် မင်းဆံပင်​တွေကို ကိုယ်တိုင် ညှပ်​ပေးမယ်​နော်။ မင်း ပိုလှလာ​စေရမယ် "

​ပေါ်ယွီ ဖရဲသီး​လေးကို မျက်နှာသစ်​ပေးလိုက်သည်။မျက်နှာသစ်လို့ပြီးတာနဲ့ ဖရဲသီး​လေးဟာ ​ခွေး​ခြေခုံပု​လေး​ပေါ်က​နေ ခုန်ဆင်းလျက် ​ပေါ်ယွီအား စိတ်ဆိုးမာန်ဆိုးဖြင့် လက်ညှိုး​လေးထိုး​အော်လိုက်သည်။   " မညှပ်ဘူး !!! "

​ပေါ်ယွီ အပြင်​ပြေးထွက်သွားတဲ့ သူ့ရဲ့အူတူတူသား​​လေးကို ကြည့်၍ သွားပွတ်တံအား ​ကောက်ကိုက်ကာ သွားတိုက်ရင်း ​ပြောလိုက်သည်။   " ဟုတ်ပါပြီကွာ "

စုန့်ရှီလင်အ​မေ စုန့်ရှီလင်ကို ​ပေးလိုက်တဲ့ ဖက်ထုပ်​တွေက စုန့်မိသားစု၏ စားဖိုမှူးကိုယ်တိုင် ပြုလုပ်ထားတာ​တွေဖြစ်သည်။ဖက်ထုပ်​တွေက လွန်စွာမှ အရသာရှိလွန်းလှသည်။ဖရဲသီး​လေးဆိုလျှင် ဖက်ထုပ်​တွေကို ​လေးခု​တောင်မှ စားပစ်လိုက်နိုင်​လေသည်။

" ပါးပါး , အရသာရှိတယ် "   ဖရဲသီး​လေးက ​ပေါ်ယွီအား စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်သည်။

" အင်း ... မင်း ​နောက်တစ်ခါ မင်းရဲ့ဘွားဘွားဆီ အလည်သွားတဲ့အခါကျရင် သူမကို အရသာရှိတဲ့အ​ကြောင်း ​ပြောပြလိုက် "

" အွန်း ... အွန်း "   ဖရဲသီး​လေးက ​ပျော်ရွှင်မြူးထူးစွာ ​ဖြေလိုက်သည်။

" ​နွေဦးပွဲ​တော်ပြီးရင် ကိုယ် အိမ်​ပြောင်း​တော့မယ် "   စုန့်ရှီလင် ​ပြောလိုက်သည်။

​ပေါ်ယွီ ဖက်ထုပ်တစ်လုံးကို မျိုချကာ နားမလည်နိုင်စွာ ​မေးလိုက်သည်။   " မင်း ဘာလို့ အ​စောကြီး အိမ်​ပြောင်းမှာလဲ ??? "

" ကိုယ်​နေတဲ့ အိမ်က ​ရေယိုလို့ ဒီကို ​ပြောင်းလာခဲ့တာ​လေ။ ဒါ​ပေမယ့် ကိုယ် မြို့လယ်​​ကောင်က အိမ်ကို အသစ်ပြုပြင်​ဆောက်ဖို့ အတွင်း​ရေးမှူးကို ခိုင်းထားခဲ့တာ "   စုန့်ရှီလင် ​ပေါ့​ပေါ့ပါးပါး ​ဖြေလိုက်သည်။   " ​နွေဦးပွဲ​တော်ပြီးရင် ကိုယ် အဲဒီကို ​ရွေ့လို့ရပြီ "

" ဘယ်အချိန်တုန်းက မင်းမှာ မြို့လယ်​ကောင်က အိမ်ရှိသွားတာလဲ ??? "   ​ပေါ်ယွီ မသိစိတ်က​နေ အလိုလို ထ​မေးလိုက်မိသည်။

စုန့်ရှီလင် ​ပေါ်ယွီအား အဓိပ္ပါယ်ပြည့်၀သည့် အကြည့်တစ်ချက် ​ပေးအပ်လာသည်။  
" ကိုယ် မင်း ထွက်သွားပြီး တစ်နှစ်​နေ​တော့ အဲဒီအိမ်ကို ၀ယ်ခဲ့တာ "

" အိုး ... "   ​ပေါ်ယွီ တခြားဖက်ထုပ်တစ်လုံးကို ယူ၍ ဝါးစားလိုက်သည်။   " ဒါ​ပေမယ့် ပွဲ​တော်ပြီးရင် ငါက အလုပ်​တွေရှုပ်ဦးမှာ။ မင်းဘာသာမင်း တစ်​ယောက်တည်း ပစ္စည်း​တွေအကုန်လုံးကို ထုပ်ပိုးသိမ်းဆည်းနိုင်လို့လား ??? "

" ရပါတယ် "   စုန့်ရှီလင် ​ပြောလိုက်သည်။  
" မင်း​ရော ဒီအိမ်ကို ဒီတိုင်းပဲထားချင်လား မဟုတ်ရင် အငှားတင်မလား ??? "

" ဘာလို့ ငါက ငါ့အိမ်ကို တခြားလူ​တွေ ​ပေးငှားရမှာလဲ ??? ငါက ပိုက်ဆံ ဆိုးဆိုးဝါးဝါး လို​နေတာလည်းမဟုတ်ဘူး "   ​ပေါ်ယွီ ပါးစပ်အပြည့် စားလိုက်ပြီး​နောက် ဆက်​ပြောလိုက်သည်။   " ငါ ဒီအိမ်ကို ၀ယ်ဖို့ ငါ့စု​ငွေပိုက်ဆံ​တွေအများကြီး ထုတ်သုံးပစ်ခဲ့ရတာဆို​တော့ ဒါကို အမှတ်တရအ​နေနဲ့ပဲ ထားလိုက်ကြတာ​ပေါ့ "

ဖရဲသီး​လေးက ​ပေါ်ယွီ ​ပြောတဲ့အတိုင်း လိုက်​ပြောလိုက်သည်။   " အမှတ်တရအ​နေနဲ့ ! "

​ပေါ်ယွီ ရယ်စရာ​ကောင်းသလို ခံစားလိုက်ရသည်။   " ဒီကိုလာ။ ပါးပါးက မင်း​နောက်က ဆံပင်​လေး​တွေကို ညှပ်​ပေးချင်လို့ "

ဖရဲသီး​လေးက ခဏ​လောက် ​တောင့်ခဲသွားကာ စိတ်ပျက်လက်ပျက်ဖြစ်​နေတဲ့ မျက်နှာ​လေးနဲ့အတူ စုန့်ရှီလင်လက်​မောင်း​တွေထဲ ၀င်​နေရင်း မ​ကျေမနပ် တိုင်တန်းလိုက်သည်။   " ဒက်ဒီ , မညှပ်ဘူး။ မညှပ်ချင်ဘူးလို့ "

စုန့်ရှီလင်က ဖရဲသီး​လေးရဲ့ ကျစ်မြှီး​လေးကို အသာဆွဲကြည့်လျက် ​လေးနက်စွာ ဆိုလိုက်သည်။   " ​ယောကျ်ား​လေးတစ်​ယောက်က ဘာဖြစ်လို့ ဒီလို၀က်မြှီး​လေး ထား,ထားရတာလဲ ??? "

ဖရဲသီး​လေးက သူ့​ခေါင်း​လေးအား ခါယမ်းလိုက်တဲ့အခါ သူ့ရဲ့ကျစ်မြှီး​​လေးကလည်း ဦး​ခေါင်း​လေးနဲ့အတူ လှုပ်ယမ်းသွားသည်။
  " ​ချောတယ် "

​ပေါ်ယွီ ရင်ဘတ်နားတွင် လက်ပိုက်လိုက်ပြီး ​ခြေချိတ်ထိုင်၍ တီဗွီဇာတ်လမ်းတွဲကြည့်ရန် iPad အား ထုတ်ယူလိုက်သည်။သူ အ​ရေးမကြီးဟန်ဖြင့် ​ပြောလိုက်သည်။   " ၀က်မြှီးနဲ့ က​လေး​လေးက ဘယ်​လောက်​တောင် ချစ်ဖို့​ကောင်းလိုက်သလဲ။ သူ မူလတန်းတက်တဲ့အချိန်ကျမှ ညှပ်​ပေးလိုက်ပါ့မယ် "

ဖရဲသီး​လေးက အပြည့်အ၀ ထောက်ခံသည့် သ​ဘောဖြင့် ​ခေါင်း​လေးတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။

စုန့်ရှီလင် ထိုကိစ္စအတွက် ဘာမှထပ်မကန့်ကွက်​တော့​ချေ။

အိမ်​ပြောင်းတဲ့ကိစ္စ​ရော ဖရဲသီး​လေးရဲ့ ဖွတ်မြှီးကိစ္စကိုပါ ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်သည်။

နှစ်သစ်ကူး၏ ပထမရက်ဖြစ်​လေရာ စုန့်​မေ​မေနဲ့ စုန့်​ဖေ​ဖေတို့က သူတို့ဆီ လာ​ရောက်လည်ပတ်ကြတဲ့ ဧည့်သည်​တွေကို အဆက်မပြတ် ကြိုဆိုဧည့်ခံ​နေကြရသည်။မည်သို့ဆို​​စေ ... ဒါက စုန့်မိသားစုကြီးပင်ဖြစ်သည်။

သူတို့​တွေ အရမ်းအလုပ်များ​နေကြတာ​ကြောင့် စုန့်ရှီလင်အား ဖရဲသီး​လေးကို ပြန်​ခေါ်လာခိုင်းရန် ​​မေ့လျော့သွားကြသည်။

နှစ်သစ်၏ ခုနစ်​ရက်​​မြောက်​နေ့တွင် လူသွားလမ်းများအားလုံးဟာ ပွဲ​တော်အ​ငွေ့အသက်တို့ဖြင့် ပြည့်နှက်​နေသည်။သို့​သော် ဟွားချန်မြို့​တော်ရှိ အဓိက ကုမ္ပဏီကြီးများ၏ အလုပ်သမားများကမူ အလုပ်ပြန်ဆင်း​နေကြရပြီဖြစ်သည်။

နှစ်စတွင် ​ပေါ်ယွီရဲ့အလုပ်​တွေက သူ့ရဲ့တီဗွီဇာတ်လမ်းတွဲအသစ်ကို ပရိုမိုးရှင်းဆင်းရန်နှင့် ရသစုံရှိုး​တွေမှာ ပါ၀င်ရန်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ကြည့်ရှူသူပရိသတ်​တွေဟာ star တစ်​ယောက်ကို ဘယ်​လောက်ပင် ကြိုက်သည်ဖြစ်​စေ မြင်ပါများလျှင် ရိုးအီသွားတတ်ကြသည်။သူတို့​တွေက ဇာတ်လမ်း​လေးတစ်ခု ဖွင့်လိုက်တိုင်း ဒီမင်းသား(သို့) ဒီမင်းသမီးတစ်​ယောက်တည်းကိုချည်း ထပ်ခါတလဲလဲ မကြည့်ချင်ကြ​ပေ။

​ပေါ်ယွီအတွက်လည်း ဖန်သားပြင်ပေါ်၌ လွှမ်းမိုးထားရတာ ​ကောင်း​သော်ငြား ဆန်းသစ်တဲ့ ခံစားမှုမျိုးကို အ​တော်အတန် ဖန်တီး​​ပေးစွမ်းခြင်းက ပိုမိုသင့်​တော်​ကောင်းမွန်သည်။

​နောက်တစ်ခုက အကယ်၍ ​ပေါ်ယွီသာ တီဗွီဇာတ်လမ်းတွဲ​တွေအများကြီးကို လက်ခံရိုက်ကူး​​နေလျှင် ​ဖရဲသီး​လေးခမျာ မကြာခဏဆိုသလို အိမ်တွင် ကျန်​နေခဲ့ရလိမ့်မည်။အဲဒီလိုနဲ့ အချိန်​တွေကြာလာရင် က​လေးရဲ့စိတ်ကို ထိခိုက်​စေမိမှာ ​ပေါ်ယွီ စိတ်ပူသည်။

​ဖေ​ဖော်ဝါရီလအ​စောပိုင်း၌ <Nine Ordeals> ၏ ပွဲဦးထွက်တင်ဆက်ခြင်း သတင်းစာရှင်းလင်းပွဲအား ဟွားချန်မြို့​တော်ရှိ ပွဲကြည့်စင်ပါ အားကစားခန်းမရုံကြီးတွင် ကျင်းပခဲ့သည်။အထင်ကရ သတင်း​ထောက်ဂျာနယ်လစ်​တွေအားလုံးလည်း စု​ဝေးရောက်ရှိလာကြသည်။

ကြီးမားသည့် screen ကြီးထက်တွင် ဇာတ်လမ်းတွဲမိတ်ဆက်၏ ပထမပိုင်းကို ထုတ်လွှင့်ပြသ​နေသည်။ပရိသတ်​တွေအားလုံးဟာ အမျိုးသားထုကြီး တမ်းတမ်းစွဲ​လောက်​အောင် လှပ​ချော​မော​နေသည့် အမျိုးသမီးတပည့်သစ်​လေးနှင့် ခံစားချက်မရှိတဲ့ ​အေးတိ​အေးစက် ရှန်းကျွင်းတို့စုံတွဲ​ကြောင့် အုတ်​သော်​သောင်းတင်းဖြစ်သွားကြသည်။​မော့အန်းယွီက ဖန်သားပြင်၌ ဖြတ်ခနဲ ​ပေါ်လာတဲ့အခါ သတင်း​ထောက်​တွေက ၎င်းတို့၏ မိုက်ခရိုဖုန်းအသီးသီးကို တစ်ပြိုင်တည်း ပင့်​မြှောက်လိုက်ကြသည်။

" ​မော့အန်းယွီလည်း ဒီဇာတ်​ကောင်​နေရာမှာ သရုပ်​ဆောင်ထားပါလျှက်နဲ့ ဘာ​ကြောင့်များ ဒီမိတ်ဆက်ပွဲကို မတက်​ရောက်ရတာပါလဲ  "

" မနှစ်ကတည်းက ရှန်းရှဇာတ်လမ်းတွဲ​တွေဟာ တီဗွီ​ပေါ်မှာ အပြည့်လွှမ်းမိုးထားခဲ့ကြ​ပေမယ့် အဲဒီဇာတ်လမ်းတွဲ​တွေရဲ့ ကြည့်ရှူနှုန်း​တွေက ပရိသတ်​တွေကို ဒီလိုရှန်းရှတီဗွီဇာတ်လမ်းတွဲ​တွေ​လောက်နဲ့ပဲ စိတ်​ကျေနပ်​စေဖို့ တကယ် ခက်ခဲ​​စေနိုင်တယ်လို့ ဆိုလိုတာပါလား  "

" ချူး၀မ်၀မ် , ခင်ဗျားက shooting ရိုက်​နေတုန်းမှာ ​ပေါ်ယွီကို အခက်​တွေ့​အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ကျွန်​တော်တို့ ကြားသိရပါတယ်။ အဲဒါ အမှန်ပါပဲလား "

" ကျွန်​​​တော် ​ပြောပြနိုင်တာ တစ်ခုက​တော့ အရည်အ​သွေးမြင့်မားတဲ့ ဒီအနုပညာလက်ရာကို ​သေချာ​​ပေါက် လူအများ သ​ဘောကျနှစ်ခြိုက်ကြမှာပါ "   ဒါရိုက်တာချွီက အ​လောတကြီး ၀င်​ဖြေလိုက်သည်။

" ကျွန်မက ​ပေါ်ယွီနဲ့ သက်တူရွယ်တူပါပဲ။ လူတိုင်းလူတိုင်းက ရိုက်ကွင်းမှာ အတူတူ အဆင်​ပြေ​ပြေရှိ​နေကြတာကို ဘယ်လိုလုပ် ဒီလိုမျိူး​ကောလဟာလ​တွေ ထွက်လာရမှန်း ကျွန်မ မသိ​တော့ပါဘူး "   ဇာတ်လိုက်မင်းသမီး ချူး၀မ်၀မ်က ပြုံးပြုံး​လေး ဆိုလိုက်သည်။

" ဟုတ်ပါတယ်။ ကျွန်​တော်တို့​တွေက ရိုက်ကွင်းမှာ အ​တော်က​လေး အဆင်​ပြေခဲ့ကြတာပါ။ ကျွန်​တော်တို့ရဲ့ ရိုးသားဖြူစင်တဲ့ မိတ်​ဆွေဆက်ဆံ​ရေးကို ဖျက်ဆီးမယ့် အဲဒီလို​ကောလဟာလ​တွေ​ကြောင့် ကျွန်​တော်တို့​တွေ ဒီ​ကောလဟာလ​တွေကို ​စော​စောစီးစီး ရပ်တန့်ပစ်သင့်တယ် "   ​ပေါ်ယွီ ရှင်းပြလိုက်သည်။

Entertainment ​လောကထဲက လူ​တွေဟာ သူတို့​တွေ တစ်​ယောက်ကိုတစ်​ယောက် အချင်းချင်း မတည့်ရှုကြ​သော်လည်း ကင်မရာ​တွေနဲ့ သတင်း​​ထောက်​တွေ​ရှေ့​မှောက်တွင်မူ သူတို့​တွေသာ သူငယ်ချင်း​ကောင်း မိတ်​ဆွေ​ကောင်း​တွေဖြစ်ကုန်တတ်ကြသည်။

" ​ပေါ်ယွီ , ခင်ဗျား <The Young General> ရဲ့ ကြည့်ရှူနှုန်းကို ​ကျော်လွန်ပြီး ​နောက်ထပ်တစ်ကြိမ် ပိုမိုမြင့်မားတဲ့ ကြည့်ရှူနှုန်း​တွေကို ထပ်မံဖန်တီးနိုင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိပါသလား "

သတင်း​ထောက်က ထို​မေးခွန်းကို ​မေးလိုက်သည့်အချိန်တွင် ချက်ချင်းဆိုသလို တိတ်ဆိတ်မှုက သိသိသာသာ ​နေရာယူသွားသည်။လူတိုင်းက ​ပေါ်ယွီဆီ အကြည့်​တွေ ပို့လွှတ်လာကြကာ သူ့အ​ဖြေအား ငံ့လင့်​စောင့်စား​နေကြသည်။

​ပေါ်ယွီ့မျက်နှာ​ပေါ်ရှိ သာမာန်မျှ ညှို့ဓါတ်ပါ​သော အပြုံးတစ်ပွင့်က လူအများရဲ့ အာရုံစိုက်မှု​တွေကို ဆွဲ​ဆောင်လိုက်နိုင်သည်။   " ကျွန်​တော် ကိုယ့်အ​ကြောင်းကိုယ် ကြွားဝါ​ပြောဆိုဖို့က ကျွန်​တော့်အတွက် ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး။ ကြည့်ရှူနှုန်းဆိုတာမျိုးက​တော့ ပရိသတ်​တွေ သ​ဘောကျခြင်းမကျခြင်းအ​ပေါ်မှာပဲ မူတည်ပါတယ် "

​ပေါ်ယွီက အ​ဖြေတစ်ခွန်းတည်းဖြင့် ထို​မေးခွန်းကို ကျွမ်းကျင်စွာ ​ရှောင်ထွက်သွားကာ သ​တင်း​ထောက်​တွေနဲ့ ပရိသတ်​တွေရဲ့ နှစ်ဦးနှစ်ဖက်ခံစားချက်​တွေကို ဂရုစိုက်​ပေးလိုက်သည်။၎င်းသတင်း​ထောက်က ​ပေါ်ယွီရဲ့ ဝိုးတိုးဝါးတားအ​ဖြေကို စိတ်မ​ကျေနပ်သည့်တိုင် ​ပေါ်ယွီအား မရပ်မနား ​မေးခွန်းထုတ်နားမပူရဲ​ချေ။

​ဇာတ်လမ်းမိတ်ဆက်​ကြော်ငြာပွဲ၏ ပွဲဦးထွက်အခမ်းအနားဟာ ပြီးပြည့်စုံစွာ ပြည်ဖုံးကားချ နိဂုံးချုပ်ပိတ်သိမ်းနိုင်ခဲ့သည်။

.
.
.
.
.
.

အခု ငါးဆားနယ်​လေးဘက်ကို ၁ ပိုင်းစာ လှည့်လိုက်ဦးမယ်​နော် ...

​စောင့်​ပေးကြပါဦး ...

Your votes are a supply of starch , proteins , sugar , vitamins and minerals which I daily need ......

Zawgyi

စုန္႔႐ွီလင္နဲ႔ သူ႕အစ္ကိုႀကီးတို႔ဟာ  video call ထဲက​​ေနတစ္ဆင့္ တစ္​ေယာက္ကိုတစ္​ေယာက္ ႏႈတ္ဆက္စကားဆိုလိုက္ၾကသည္။ထို႔​ေနာက္ စုန္႔႐ွီလင္က laptop ကို ပိတ္ကာ အိပ္ခန္းထဲသြားရန္ မတ္တပ္ထရပ္လိုက္သည္။

အိပ္ခန္းထဲ ​ေရာက္,​ေရာက္ခ်င္း စုန္႔႐ွီလင္၏ မ်က္ႏွာ​ေပၚက ဂ႐ုမစိုက္သည့္ ဟန္ပန္အမူအရာဟာ ခ်က္ခ်င္း လုံးလုံးလ်ားလ်ား ​ေပ်ာက္ကြယ္သြားသည္။သူ အကူအညီမဲ့စြာနဲ႔ ​ေ႐ွ႕ကို တိုး​ေလွ်ာက္သြားလိုက္ၿပီး ၾကမ္းျပင္​ေပၚ၌ တင္ပါး​ေတြကို အ​ေပၚပင့္တင္​ေျမႇာက္လ်က္ လွဲ​ေလ်ာင္း​​ေနတဲ့ အမ်ိဳးသား​ေလးအား လက္ႏွင့္ပုတ္၍ ​ေျပာလိုက္သည္။   " မင္း ဘယ္လိုလုပ္ ထိမ္းမႏိုင္သိမ္းမရျဖစ္​ေနတာလဲ ??? "

​ေပၚယြီ မ်က္ႏွာ​ေလး နီျမန္းလာကာ ျပန္​ေျဖလိုက္သည္။   " ငါ ​ေလ့က်င့္ခန္း လုပ္​ေနတာပါ​ေနာ္။ ငါ ခႏၶာကိုယ္​ေလ့က်င့္ခန္း လုပ္​ေနတာ မျမင္ဘူးလား ??? မင္း​ေရာ ခႏၶာကိုယ္ တည္​ေဆာက္ဖို႔ ​ေလ့က်င့္ခန္းမလုပ္လို႔လား ??? မင္း ​ေတာသား "

စုန္႔႐ွီလင္ ကိုယ္ဟန္အ​ေနအထားပုံစံ​ေတြကို အမ်ိဳးမ်ိဳး ​ေျပာင္းျပ​ေနတဲ့ အမ်ိဳးသားငယ္​ေလးအား ၾကည့္ရင္း မည္း​ေမွာင္​ေနတဲ့ မ်က္ႏွာနဲ႔အတူ ​ေဘး၌ ၀င္ထိုင္လိုက္သည္။သူ႕ႏႈတ္ခမ္းက စူပုတ္သြားၿပီး ... " ဒါက ဇာတ္လမ္း႐ိုက္႐ုံ​ေလးပဲကို။ အရမ္းႀကီး အလုပ္ႀကိဳးစား​ေနဖို႔ မလိုဘူးလားလို႔ "

" ငါက အခု ငယ္႐ြယ္ႏုပ်ိဳ​ေနတုန္း အလုပ္,လုပ္ထားရမယ္။ ငါ ပုလဲ​ေတြ အဝါ​ေရာင္​ေျပာင္းသလို ဒါမွမဟုတ္ ရင့္​ေထာ္​ေနတဲ့ အသား​ေျခာက္ႀကီးလို အိုမင္းလာတဲ့အခ်ိန္က်ရင္ ငါ့​ေနရာကို အဆုံးမ႐ွိတဲ့ လတ္လတ္ဆတ္ဆတ္ အသားတုံး​ေလး​ေတြက အစားထိုးသြားၾကမွာ "   ​ေပၚယြီ ကိုယ္လက္လႈပ္႐ွား​ေနတာကို ရပ္တန္႔ပစ္လိုက္၍ သူ႕ႂကြက္သား​ေတြအား အ​ေညာင္းအညာ​ေျပ​ ဆြဲဆန္႔ရန္ ခုတင္​ေပၚတြင္ မတ္တပ္ရပ္လိုက္သည္။   " အဲဒါ​ေၾကာင့္ ငါ ကိုယ့္ကိုကိုယ္ ျဖစ္ႏိုင္သမွ် ျမန္ျမန္​ေလး တိုးတက္​ေအာင္ လုပ္ရမယ္။ ငါ အဲဒီ sexy က်လွပတဲ့ ​ေကာင္စုတ္​ေလး​ေတြအတြက္ ဘာအခြင့္အ​ေရးမွ ခ်န္မထားခဲ့ႏိုင္ဘူး "

" မင္း idiom မွားသုံး​လို႔။ ပုလဲ​ေတြ အဝါ​ေရာင္​ေျပာင္းသလို အိုမင္းတယ္ ??? မင္း ကိုယ့္ကိုကိုယ္ ​​ေယာက်္ားလား မိန္းမလားဆိုတာ ​ေမ့သြားတာလား ??? "   စုန္႔႐ွီလင္ ​ေအးစက္စြာ ​ေျပာလိုက္သည္။

" အားလုံးက မ်က္ႏွာလွလွ​ေလးနဲ႔ပဲ ပိုက္ဆံ႐ွာ​ေနၾကတာ။ ​ေယာက်ာ္း​ျဖစ္ျဖစ္ မိန္းမ​ျဖစ္ျဖစ္ အသက္ႀကီးတဲ့အခါ ႐ုပ္ဆိုးသြားၾကတာခ်င္း အတူတူပဲ။ ဒါ့ျပင္ အထီးအမၾကားက ဒီညီမွ်ျခင္းကို ၾကည့္ရင္ ငါက ဘာလို႔ အဲဒီ idiom ကို သုံးလို႔မရ,ရမွာလဲ ??? "   ​ေပၚယြီ အိပ္ရာ​ေပၚက​​ေန ​ေလွ်ာဆင္းလိုက္ၿပီး စုန္႔႐ွီလင္ကို ခြန္းတုံ႔ျပန္​ေျပာလိုက္သည္။

လွ်ာ​ေစာင္းထက္တဲ့အရာ၌ စုန္႔႐ွီလင္ ​ေပၚယြီနဲ႔အတူ ယွဥ္ၿပိဳင္မ​ေျပာႏိုင္​ေပ။အဲလိုမွမဟုတ္လွ်င္ သူ ​ေပၚယြီဆီက​ေန အ​ေတာ္က​ေလး ညစ္တီးညစ္ပတ္ႏိုင္တဲ့ နာမည္​ေျပာင္​ေတြအမ်ားႀကီး ထပ္ရ​ေနဦးမည္။

စုန္႔႐ွီလင္ ကုတ္အက်ႌကို ခြၽတ္ကာ အိပ္ရာထဲ ၀င္ၿပီး မ်က္လုံးမွိတ္လ်က္ အိပ္ဖို႔ ျပင္လိုက္သည္။​ေမွ်ာ္လင့္မထားစြာပဲ ​ေပၚယြီက စုန္႔႐ွီလင္အား ​ေျခ​ေထာက္ျဖင့္ ကန္လာခဲ့သည္။စုန္႔႐ွီလင္ မ်က္လုံးကို စိတ္မ႐ွည္စြာ ဆြဲဖြင့္၍ ​​ေပၚယြီရဲ႕ခႏၶာကိုယ္​ေလးကို သူ႕ကိုယ္​လုံးေအာက္တြင္ ဖိခ်ထားလိုက္သည္။   " မင္း ဘာလုပ္တာလဲ ??? "

​ေပၚယြီက စုန္႔႐ွီလင္ရဲ႕ နဖူး​ျပင္​ေပၚကို သူ႕လက္ညိႇဳး​​ေလးနဲ႔ တတိတိထိုးရင္း ​ေသခ်ာ​ေျပာလိုက္သည္။   " မင္း သြားတိုက္ ၊ မ်က္ႏွာသစ္ဦး။ အဲဒါ​ေတြၿပီးမွ အိပ္ရာထဲ အိပ္လို႔ရမယ္ "

စုန္႔႐ွီလင္ ; " ............. "   သူ လ်င္ျမန္စြာ ထထိုင္ကာ အိပ္ရာ​ေပၚက​ ဆင္းသြားလိုက္သည္။

​ေပၚယြီ အိပ္ရာ​ေဘးမွာ လွဲလိုက္ၿပီး​ သူ႕ရဲ႕ Weibo acc ႐ွိ comment မ်ားကို ဖတ္ၾကည့္ရန္အတြက္ ဖုန္းထုတ္လိုက္သည္။ထို႔​ေနာက္ သူ selfie တစ္ပုံ ႐ိုက္လိုက္၍ ထိုပုံကို post မတင္ခင္ ငါးမိနစ္​ေလာက္ ျပဳျပင္မြမ္းမံ​ေနလိုက္သည္။

​ေပၚယြီ V ; ​ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ပါ * ^_^* [Picture Attached]

《 ဝိုး ! ဝိုး ! ဝိုး ! သူ သူ႕ဓါတ္ပုံ​ေလးကို ​ေသခ်ာ​ ျပင္ထားတာပဲ။ ​ေပၚကိုကို​ေလးက သူ႕႐ုပ္ရည္သူ စတင္ ဂ႐ုစိုက္​ေနၿပီ​ေပါ့ 》

《 ငါ​ေလးခမ်ာ ​ေန႔တိုင္း သူ႕ video ​ေတြနဲ႔ ​ေပ်ာ္႐ႊင္​ေနရတာ။ ​ေပၚကိုကို​ေလးက Southwest TV ရဲ႕ ​ေႏြဦးပြဲ​ေတာ္ ​ေပ်ာ္႐ႊင္ပြဲမွာ ​ေပၚလာၿပီး သီခ်င္းဆိုျပသြားတာ အရမ္း အရမ္း ​ေကာင္းတာပဲ !!! 》

​ေပၚယြီ တခစ္ခစ္ရယ္​ေမာလိုက္သည္။Southwest TV ၏ ​ေႏြဦးပြဲ​ေတာ္ ​ေပ်ာ္႐ႊင္ပြဲကို ယ​ေန႔ညတြင္ ထုတ္လႊင့္ျပသျခင္းျဖစ္သည္။အခုအခ်ိန္က တစ္ဆယ့္တစ္နာရီ​ေတာင္ ​ေက်ာ္​ေနၿပီျဖစ္သည္။ဒါ​ေၾကာင့္ သူ႕ပရိသတ္​ေတြက သူ ပြဲ​ေတာ္​ေပ်ာ္႐ႊင္ပြဲ၌ ပါ၀င္ခဲ့​ေၾကာင္း သိၿပီးေနၾကတာက အံ့ၾသစရာမဟုတ္​ေပ။

မ်က္ႏွာသစ္ ပလုတ္က်င္းလို႔ၿပီးသြားတဲ့ စုန္႔႐ွီလင္က ​ေအးစက္​ေနသည့္ ခႏၶာကိုယ္ႀကီးနဲ႔အတူ အိပ္ရာထဲ ၀င္လာသည္။သူက ျပဳမူ​ေနက် အက်င့္အတိုင္း ဖုန္းကစား​​ေနတဲ့ အမ်ိဳးသားငယ္​ေလးအား သူ႕လက္​ေမာင္း​ေတြထဲ ​ေထြး​ေပြ႕ကာ ​ေျပာလိုက္သည္။  
" အိပ္​ေတာ့ ... "

" တစ္ဆယ့္ငါးမိနစ္က်န္​ေသးတယ္။ ငါ ဆက္ၾကည့္ဦးမွာ "   ​ေပၚယြီက သူ႕ဖုန္းကို လက္ထဲတြင္ ကိုင္၍ ​ေျပာလိုက္သည္။ 
" မင္း အခု ဘာလို႔ အိပ္ခ်င္​ေနတာလဲ ??? မနက္ျဖန္ မင္း အလုပ္မသြားရဘူး​ေလ "

" အိပ္​ေတာ့ ... "   စုန္႔႐ွီလင္ စိတ္မ​ေပ်ာ္႐ႊင္​ေတာ့တာ​ေၾကာင့္ ​ေပၚယြီဆီက ဖုန္းကို မ်က္ႏွာ​ေသျဖင့္ ဆြဲယူလိုက္ၿပီး ဖုန္းပိတ္လ်က္ အိပ္ရာ​ေဘးတြင္ ဖုန္းကို ပို႔ထားလိုက္သည္။

​ေပၚယြီ စုန္႔႐ွီလင္အား ​ေျပာစရာစကား ကင္းမဲ့စြာ ၾကည့္​ေနမိသည္။   " မင္း ​ေျပာင္းလဲသြားၿပီး "

စုန္႔႐ွီလင္က ​ေပၚယြီရဲ႕ မအိပ္ခင္မွာ ​ဖုန္း​​ေဆာ့တတ္သည့္ အက်င့္ကို သ​ေဘာမက်ခဲ့​ေခ်။သို႔တိုင္ သူက အခုလို အ​ေလွ်ာ့​မေပးဘဲ ဖုန္းကို အၾကမ္းပတမ္း လုယူတာမ်ိဳးကို​မူ တစ္ခါမွ မလုပ္ခဲ့ဖူးေခ်။

စုန္႔႐ွီလင္က ​ေပၚယြီကို လ်စ္လ်ဴ႐ွဴထားလိုက္ၿပီး မီးပိတ္ရန္ လက္ကို ဆန္႔တန္းလိုက္သည္။အိမ္က လုံးလုံး အ​ေမွာင္က်သြားတဲ့အခါ စုန္႔႐ွီလင္၏ ​ေအးစက္စက္အသံက ထြက္​ေပၚလာသည္။   " ကိုယ္ အရင္က မင္းကို အလိုလိုက္ခဲ့တာ မ်ားလြန္းသြားပုံပဲ "

ဖရဲသီး​ေလးက သူနဲ႔​ေပၚယြီ၏ က​ေလးေလးဆိုတာကို သူ သိ႐ွိလိုက္ရသည့္ အခ်ိန္တြင္ ပထမဆုံးအ​ေနနဲ႔ စိတ္လႈပ္႐ွားမႈႏွင့္ မယုံမၾကည္ႏိုင္ျဖစ္ျခင္းတို႔ကို စုန္႔႐ွီလင္ ​ေတြ႕ၾကဳံခံစားခဲ့ရသည္။အဲဒီ​ေနာက္ သူ သူ႕ကိုယ္သူ အ​ေလးအနက္ သုံးသပ္စဥ္းစားၾကည့္ခဲ့သည္။

အကယ္၍ သူသာ အရင္တုန္းက ​ေပၚယြီကို မတရား အလိုမလိုက္ခဲ့လွ်င္ ​ေပၚယြီက ဗိုက္ထဲ႐ွိ သူ႕က​ေလး​ေလးနဲ႔အတူ ထြက္​ေျပးသြားရဲမွာမဟုတ္သလို ​ေနာက္ဆုံး ​ေပၚယြီ စိတ္ဆုံးျဖတ္၍ ျပန္လာခဲ့ၿပီး​ေနာက္၌လည္း က​ေလးရဲ႕ ျဖစ္တည္မႈကို သူ႕အား ဖုံးကြယ္ထားရဲမွာမဟုတ္​ေခ်။

ဒါ​ေၾကာင့္ပင္ သူတို႔က သူတို႔ရဲ႕ ဒုတိယ​ေျမာက္ က​ေလး​ေလးကိုပါ ဆုံး႐ႈံးခဲ့ရ​ေသးသည္။

​ေပၚယြီ ႏႈတ္ခမ္းကို မဲ့ခ်ပစ္လ်က္ ဒီလူအိုႀကီးက အ​ေပၚယံအျပင္ပန္းမွာ ႏူးညံ့ညင္သာျပ​ေန​ေပမယ့္ အတြင္းစိတ္ထဲက​ေတာ့ တကယ္ အ႐ိုင္းဆန္ၾကမ္းတမ္းတာပဲဟု ​ေတြးလိုက္သည္။​ေပၚယြီ သမ္း​ေဝလိုက္ၿပီး ခဏ​ေလာက္ၾကာတဲ့အခါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္​​ေပ်ာ္သြား​ေလသည္။

စုန္႔႐ွီလင္လည္း မ်က္စိအသာမွိတ္ကာ မၾကာမီ အိပ္​ေမာက်သြားသည္။

တစ္ခ်ိန္တည္း၌ပင္ တိုင္းတစ္ပါးႏိုင္ငံတစ္ခုတြင္ ​​ေရာက္ေနတဲ့ ​​ေမာ့အန္းယြီဟာ ျပတင္း​ေပါက္နားမွာ တိတ္တဆိတ္ ထိုင္ရင္း အျပာ​ေရာင္ ​ေကာင္းကင္ႀကီးႏွင့္ တိမ္တိုက္ျဖဴျဖဴတို႔ကို ​ေငး​ေမာၾကည့္​ေနသည္။သူက ဖုန္းကို လက္ထဲ၌ တင္းၾကပ္စြာ ဆုပ္ကိုင္ထားၿပီး နက္​ေမွာင္​ေနတဲ့ အလင္း​ေရာင္တစ္ခုက သူ႕မ်က္လုံးထဲတြင္ တျဖတ္ျဖတ္လက္ေနသည္။

​ေတာက္ပ​ေနသည့္ ဖုန္း screen ​ေပၚတြင္ မပို႔ရ​ေသးတဲ့ message တစ္​ေစာင္႐ွိသည္။ဖုန္းပိုင္႐ွင္က message ကို စိတ္​ေက်နပ္မႈမ႐ွိဘဲ အႀကိမ္ႀကိမ္အခါခါ ျပင္လိုက္ျဖတ္လိုက္လုပ္​ေနျခင္း​ေၾကာင့္ အ​ေခါက္​ေပါင္းမ်ားစြာ ျပင္ဆင္​ေနသည့္တိုင္ message အား မပို႔ရ​ေသး​ေပ။

​ေမာ့အန္းယြီ သူ႕လက္​ေခ်ာင္း​ေတြကို screen ​ေပၚမွာ တင္ထားကာ မပို႔ရ​ေသးသည့္ ထို message ကို စိုက္ၾကည့္လ်က္ သက္ျပင္းခ်လိုက္သည္။

Message ပါအ​ေၾကာင္းအရာမွာ ______ ​ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ျဖစ္ပါ​ေစ ၊ ​ေပၚယြီ ...

​ေမာ့အန္းယြီ ၎ message ကို ပို႔လိုက္ရန္ မရဲပါ​ေခ်။

_____________

ႏွစ္သစ္ျပကၡဒိန္၏ ပထမရက္တြင္ စုန္႔႐ွီလင္ဟာ သူ႕​ေ႐ွ႕က ပူပူ​ေလာ​ေလာ ဖက္ထုပ္အိုးတစ္အိုးနဲ႔အတူ မီးဖို​ေခ်ာင္ထဲ၌ မတ္တပ္ရပ္​ေနသည္။

ဒီဖက္ထုပ္​ေတြကို သူ မ​ေန႔ညက စုန္႔အိမ္​ေတာ္က​ေန ျပန္လာခဲ့သည့္အခ်ိန္တြင္ စုန္႔​ေမ​ေမက သူ႕အား ထည့္​ေပးလိုက္တာျဖစ္ၿပီး အရသာကို ျမည္းစမ္းၾကည့္ရန္ ​ေျပာခဲ့သည္။

​​ေပၚယြီက အိပ္ခ်င္မူးတူးျဖစ္​ေနတဲ့ ရီ​ေဝ​ေဝမ်က္လုံး​ေလး​ေတြျဖင့္ စုန္႔႐ွီလင္ဆီ ​ေလွ်ာက္လာကာ ကိုအားလား​ေလးလိုမ်ိဳး စုန္႔႐ွီလင္၏ ​ေက်ာျပင္​ေပၚ၌ မွီတြယ္လွဲ​ေလ်ာင္းလိုက္သည္။   " ႏွစ္သစ္ရဲ႕ ပထမဆုံးရက္ႀကီးမွာ မင္း ဘာျဖစ္လို႔ ဒီ​ေလာက္အ​ေစာႀကီး အိပ္ရာထသြားရတာလဲ ??? "

ရာသီဥတု ​ေအး​ေန​ေလရာ ​ေပၚယြီက မနက္​​ေစာေစာ အိပ္ရာႏိုးလာခဲ့သည္။သူက စုန္႔႐ွီလင္ရဲ႕ ​ေစာ​ေစာစီးစီးအိပ္ရာထတတ္သည့္ အက်င့္ႀကီးကို မႀကိဳက္​ေပ။ သူ႕​ေစာင္ကို အ​ေႏြးဓါတ္​ေပးဖို႔ လူတစ္​ေယာက္႐ွိမ​ေနတာက တကယ္ စိတ္မ​ေက်နပ္စရာပဲ။

စုန္႔႐ွီလင္ မ်က္​ေမွာင္ၾကဳတ္လိုက္သည္။ 
" မင္း သြားတိုက္ မ်က္ႏွာသစ္လုပ္ဦး "

​ေပၚယြီ ​ေခါင္းခါ၍ ​ေျပာလိုက္သည္။   " စားၿပီးမွပဲ သြား​တိုက္ေတာ့မယ္။ ဒီ​ေန႔က ႏွစ္သစ္ျပကၡဒိန္ရဲ႕ ပထမဆုံး​ေန႔ႀကီး​ေလ။ ငါ​ေလး ဒီတစ္ရက္​ေတာ့ အပ်င္းတစ္​ေနခ်င္တယ္လို႔ "

ည၀တ္အက်ႌ​ေလး ၀တ္ထားတဲ့ ဖရဲသီး​ေလးက ပြ​ေယာင္း​ေယာင္း​ျဖစ္​ေနတဲ့ ဆံပင္​ေလး​ေတြနဲ႔ မီးဖိုခန္းတံခါးနား ​ေရာက္လာသည္။
  " ပါးပါး , ဖက္ထုပ္​ေတြကို တိတ္တိတ္​ေလး စားမ​ေနရဘူး​ေနာ္ "

​ေပၚယြီမွာ ​ေျပာစရာစကား ​ေပ်ာက္ဆုံးသြားသည္။

စုန္႔႐ွီလင္က ဖက္ထုပ္​ေတြကို ပန္းကန္ထဲ ခပ္ထည့္ၿပီး ​ေပၚယြီဆီ ဖက္ထုပ္ပန္းကန္အား ကမ္း​ေပးလိုက္သည္။   " က​ေလးကို သြားတိုက္ မ်က္ႏွာသစ္လုပ္ဖို႔ ​ေခၚသြားလိုက္။ ၿပီးရင္ မနက္စာစားၾကမယ္ "

" အြန္း ... "   ​ေပၚယြီက ဖရဲသီး​ေလးကို ​ေရခ်ိဳခန္းထဲ​ေခၚသြားကာ က​ေလး​ေလးကို သြားတိုက္ရန္ ကူညီ​ေပးလိုက္သည္။သူ က​ေလး​ေလးရဲ႕ ဦး​ေခါင္း​ေနာက္က ဆံပင္အစု​ေလးကို စိုက္ၾကည့္ရင္း ​ေျပာလိုက္သည္။   " ဒါမွမဟုတ္ ငါ မင္း​ရဲ႕ေခါင္း​ေနာက္က ဆံပင္​ေလး​ေတြကို ညႇပ္​ေပးရမလား။ ငါ မနက္တိုင္း မင္းဆံပင္​ေတြကို က်စ္​ေပး​ေနရတာ ပ်င္း​ေနၿပီ "

ဖရဲသီး​ေလး ခ်က္ခ်င္း ျငင္းဆန္လိုက္သည္။   " မညႇပ္ဘူး "

​ေပၚယြီကမူ အ​ေလ်ာ့မ​ေပး​ေခ်။   " ​ေအးပါ။ ​​ေအးပါ။ ပါးပါးက ​ေနာက္ရက္နည္းနည္း​ေလာက္ၾကာရင္ မင္းဆံပင္​ေတြကို ကိုယ္တိုင္ ညႇပ္​ေပးမယ္​ေနာ္။ မင္း ပိုလွလာ​ေစရမယ္ "

​ေပၚယြီ ဖရဲသီး​ေလးကို မ်က္ႏွာသစ္​ေပးလိုက္သည္။မ်က္ႏွာသစ္လို႔ၿပီးတာနဲ႔ ဖရဲသီး​ေလးဟာ ​ေခြး​ေျခခုံပု​ေလး​ေပၚက​ေန ခုန္ဆင္းလ်က္ ​ေပၚယြီအား စိတ္ဆိုးမာန္ဆိုးျဖင့္ လက္ညိႇဳး​ေလးထိုး​ေအာ္လိုက္သည္။   " မညႇပ္ဘူး !!! "

​ေပၚယြီ အျပင္​ေျပးထြက္သြားတဲ့ သူ႕ရဲ႕အူတူတူသား​​ေလးကို ၾကည့္၍ သြားပြတ္တံအား ​ေကာက္ကိုက္ကာ သြားတိုက္ရင္း ​ေျပာလိုက္သည္။   " ဟုတ္ပါၿပီကြာ "

စုန္႔႐ွီလင္အ​ေမ စုန္႔႐ွီလင္ကို ​ေပးလိုက္တဲ့ ဖက္ထုပ္​ေတြက စုန္႔မိသားစု၏ စားဖိုမႉးကိုယ္တိုင္ ျပဳလုပ္ထားတာ​ေတြျဖစ္သည္။ဖက္ထုပ္​ေတြက လြန္စြာမွ အရသာ႐ွိလြန္းလွသည္။ဖရဲသီး​ေလးဆိုလွ်င္ ဖက္ထုပ္​ေတြကို ​ေလးခု​ေတာင္မွ စားပစ္လိုက္ႏိုင္​ေလသည္။

" ပါးပါး , အရသာ႐ွိတယ္ "   ဖရဲသီး​ေလးက ​ေပၚယြီအား စိတ္အားထက္သန္စြာ လွမ္းၾကည့္လိုက္သည္။

" အင္း ... မင္း ​ေနာက္တစ္ခါ မင္းရဲ႕ဘြားဘြားဆီ အလည္သြားတဲ့အခါက်ရင္ သူမကို အရသာ႐ွိတဲ့အ​ေၾကာင္း ​ေျပာျပလိုက္ "

" အြန္း ... အြန္း "   ဖရဲသီး​ေလးက ​ေပ်ာ္႐ႊင္ျမဴးထူးစြာ ​ေျဖလိုက္သည္။

" ​ေႏြဦးပြဲ​ေတာ္ၿပီးရင္ ကိုယ္ အိမ္​ေျပာင္း​ေတာ့မယ္ "   စုန္႔႐ွီလင္ ​ေျပာလိုက္သည္။

​ေပၚယြီ ဖက္ထုပ္တစ္လုံးကို မ်ိဳခ်ကာ နားမလည္ႏိုင္စြာ ​ေမးလိုက္သည္။   " မင္း ဘာလို႔ အ​ေစာႀကီး အိမ္​ေျပာင္းမွာလဲ ??? "

" ကိုယ္​ေနတဲ့ အိမ္က ​ေရယိုလို႔ ဒီကို ​ေျပာင္းလာခဲ့တာ​ေလ။ ဒါ​ေပမယ့္ ကိုယ္ ၿမိဳ႕လယ္​​ေကာင္က အိမ္ကို အသစ္ျပဳျပင္​ေဆာက္ဖို႔ အတြင္း​ေရးမႉးကို ခိုင္းထားခဲ့တာ "   စုန္႔႐ွီလင္ ​ေပါ့​ေပါ့ပါးပါး ​ေျဖလိုက္သည္။   " ​ေႏြဦးပြဲ​ေတာ္ၿပီးရင္ ကိုယ္ အဲဒီကို ​ေ႐ြ႕လို႔ရၿပီ "

" ဘယ္အခ်ိန္တုန္းက မင္းမွာ ၿမိဳ႕လယ္​ေကာင္က အိမ္႐ွိသြားတာလဲ ??? "   ​ေပၚယြီ မသိစိတ္က​ေန အလိုလို ထ​ေမးလိုက္မိသည္။

စုန္႔႐ွီလင္ ​ေပၚယြီအား အဓိပၸါယ္ျပည့္၀သည့္ အၾကည့္တစ္ခ်က္ ​ေပးအပ္လာသည္။  
" ကိုယ္ မင္း ထြက္သြားၿပီး တစ္ႏွစ္​ေန​ေတာ့ အဲဒီအိမ္ကို ၀ယ္ခဲ့တာ "

" အိုး ... "   ​ေပၚယြီ တျခားဖက္ထုပ္တစ္လုံးကို ယူ၍ ဝါးစားလိုက္သည္။   " ဒါ​ေပမယ့္ ပြဲ​ေတာ္ၿပီးရင္ ငါက အလုပ္​ေတြ႐ႈပ္ဦးမွာ။ မင္းဘာသာမင္း တစ္​ေယာက္တည္း ပစၥည္း​ေတြအကုန္လုံးကို ထုပ္ပိုးသိမ္းဆည္းႏိုင္လို႔လား ??? "

" ရပါတယ္ "   စုန္႔႐ွီလင္ ​ေျပာလိုက္သည္။  
" မင္း​ေရာ ဒီအိမ္ကို ဒီတိုင္းပဲထားခ်င္လား မဟုတ္ရင္ အငွားတင္မလား ??? "

" ဘာလို႔ ငါက ငါ့အိမ္ကို တျခားလူ​ေတြ ​ေပးငွားရမွာလဲ ??? ငါက ပိုက္ဆံ ဆိုးဆိုးဝါးဝါး လို​ေနတာလည္းမဟုတ္ဘူး "   ​ေပၚယြီ ပါးစပ္အျပည့္ စားလိုက္ၿပီး​ေနာက္ ဆက္​ေျပာလိုက္သည္။   " ငါ ဒီအိမ္ကို ၀ယ္ဖို႔ ငါ့စု​ေငြပိုက္ဆံ​ေတြအမ်ားႀကီး ထုတ္သုံးပစ္ခဲ့ရတာဆို​ေတာ့ ဒါကို အမွတ္တရအ​ေနနဲ႔ပဲ ထားလိုက္ၾကတာ​ေပါ့ "

ဖရဲသီး​ေလးက ​ေပၚယြီ ​ေျပာတဲ့အတိုင္း လိုက္​ေျပာလိုက္သည္။   " အမွတ္တရအ​ေနနဲ႔ ! "

​ေပၚယြီ ရယ္စရာ​ေကာင္းသလို ခံစားလိုက္ရသည္။   " ဒီကိုလာ။ ပါးပါးက မင္း​ေနာက္က ဆံပင္​ေလး​ေတြကို ညႇပ္​ေပးခ်င္လို႔ "

ဖရဲသီး​ေလးက ခဏ​ေလာက္ ​ေတာင့္ခဲသြားကာ စိတ္ပ်က္လက္ပ်က္ျဖစ္​ေနတဲ့ မ်က္ႏွာ​ေလးနဲ႔အတူ စုန္႔႐ွီလင္လက္​ေမာင္း​ေတြထဲ ၀င္​ေနရင္း မ​ေက်မနပ္ တိုင္တန္းလိုက္သည္။   " ဒက္ဒီ , မညႇပ္ဘူး။ မညႇပ္ခ်င္ဘူးလို႔ "

စုန္႔႐ွီလင္က ဖရဲသီး​ေလးရဲ႕ က်စ္ၿမႇီး​ေလးကို အသာဆြဲၾကည့္လ်က္ ​ေလးနက္စြာ ဆိုလိုက္သည္။   " ​ေယာက်္ား​ေလးတစ္​ေယာက္က ဘာျဖစ္လို႔ ဒီလို၀က္ၿမႇီး​ေလး ထား,ထားရတာလဲ ??? "

ဖရဲသီး​ေလးက သူ႕​ေခါင္း​ေလးအား ခါယမ္းလိုက္တဲ့အခါ သူ႕ရဲ႕က်စ္ၿမႇီး​​ေလးကလည္း ဦး​ေခါင္း​ေလးနဲ႔အတူ လႈပ္ယမ္းသြားသည္။
  " ​ေခ်ာတယ္ "

​ေပၚယြီ ရင္ဘတ္နားတြင္ လက္ပိုက္လိုက္ၿပီး ​ေျခခ်ိတ္ထိုင္၍ တီဗြီဇာတ္လမ္းတြဲၾကည့္ရန္ iPad အား ထုတ္ယူလိုက္သည္။သူ အ​ေရးမႀကီးဟန္ျဖင့္ ​ေျပာလိုက္သည္။   " ၀က္ၿမႇီးနဲ႔ က​ေလး​ေလးက ဘယ္​ေလာက္​ေတာင္ ခ်စ္ဖို႔​ေကာင္းလိုက္သလဲ။ သူ မူလတန္းတက္တဲ့အခ်ိန္က်မွ ညႇပ္​ေပးလိုက္ပါ့မယ္ "

ဖရဲသီး​ေလးက အျပည့္အ၀ ေထာက္ခံသည့္ သ​ေဘာျဖင့္ ​ေခါင္း​ေလးတဆတ္ဆတ္ ၿငိမ့္ျပလိုက္သည္။

စုန္႔႐ွီလင္ ထိုကိစၥအတြက္ ဘာမွထပ္မကန္႔ကြက္​ေတာ့​ေခ်။

အိမ္​ေျပာင္းတဲ့ကိစၥ​ေရာ ဖရဲသီး​ေလးရဲ႕ ဖြတ္ၿမႇီးကိစၥကိုပါ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီးျဖစ္သည္။

ႏွစ္သစ္ကူး၏ ပထမရက္ျဖစ္​ေလရာ စုန္႔​ေမ​ေမနဲ႔ စုန္႔​ေဖ​ေဖတို႔က သူတို႔ဆီ လာ​ေရာက္လည္ပတ္ၾကတဲ့ ဧည့္သည္​ေတြကို အဆက္မျပတ္ ႀကိဳဆိုဧည့္ခံ​ေနၾကရသည္။မည္သို႔ဆို​​ေစ ... ဒါက စုန္႔မိသားစုႀကီးပင္ျဖစ္သည္။

သူတို႔​ေတြ အရမ္းအလုပ္မ်ား​ေနၾကတာ​ေၾကာင့္ စုန္႔႐ွီလင္အား ဖရဲသီး​ေလးကို ျပန္​ေခၚလာခိုင္းရန္ ​​ေမ့ေလ်ာ့သြားၾကသည္။

ႏွစ္သစ္၏ ခုနစ္​ရက္​​ေျမာက္​ေန႔တြင္ လူသြားလမ္းမ်ားအားလုံးဟာ ပြဲ​ေတာ္အ​ေငြ႕အသက္တို႔ျဖင့္ ျပည့္ႏွက္​ေနသည္။သို႔​ေသာ္ ဟြားခ်န္ၿမိဳ႕​ေတာ္႐ွိ အဓိက ကုမၸဏီႀကီးမ်ား၏ အလုပ္သမားမ်ားကမူ အလုပ္ျပန္ဆင္း​ေနၾကရၿပီျဖစ္သည္။

ႏွစ္စတြင္ ​ေပၚယြီရဲ႕အလုပ္​ေတြက သူ႕ရဲ႕တီဗြီဇာတ္လမ္းတြဲအသစ္ကို ပ႐ိုမိုး႐ွင္းဆင္းရန္ႏွင့္ ရသစုံ႐ိႈး​ေတြမွာ ပါ၀င္ရန္ျဖစ္သည္။

ဘာပဲျဖစ္ျဖစ္ ၾကည့္႐ွဴသူပရိသတ္​ေတြဟာ star တစ္​ေယာက္ကို ဘယ္​ေလာက္ပင္ ႀကိဳက္သည္ျဖစ္​ေစ ျမင္ပါမ်ားလွ်င္ ႐ိုးအီသြားတတ္ၾကသည္။သူတို႔​ေတြက ဇာတ္လမ္း​ေလးတစ္ခု ဖြင့္လိုက္တိုင္း ဒီမင္းသား(သို႔) ဒီမင္းသမီးတစ္​ေယာက္တည္းကိုခ်ည္း ထပ္ခါတလဲလဲ မၾကည့္ခ်င္ၾက​ေပ။

​ေပၚယြီအတြက္လည္း ဖန္သားျပင္ေပၚ၌ လႊမ္းမိုးထားရတာ ​ေကာင္း​ေသာ္ျငား ဆန္းသစ္တဲ့ ခံစားမႈမ်ိဳးကို အ​ေတာ္အတန္ ဖန္တီး​​ေပးစြမ္းျခင္းက ပိုမိုသင့္​ေတာ္​ေကာင္းမြန္သည္။

​ေနာက္တစ္ခုက အကယ္၍ ​ေပၚယြီသာ တီဗြီဇာတ္လမ္းတြဲ​ေတြအမ်ားႀကီးကို လက္ခံ႐ိုက္ကူး​​ေနလွ်င္ ​ဖရဲသီး​ေလးခမ်ာ မၾကာခဏဆိုသလို အိမ္တြင္ က်န္​ေနခဲ့ရလိမ့္မည္။အဲဒီလိုနဲ႔ အခ်ိန္​ေတြၾကာလာရင္ က​ေလးရဲ႕စိတ္ကို ထိခိုက္​ေစမိမွာ ​ေပၚယြီ စိတ္ပူသည္။

​ေဖ​ေဖာ္ဝါရီလအ​ေစာပိုင္း၌ <Nine Ordeals> ၏ ပြဲဦးထြက္တင္ဆက္ျခင္း သတင္းစာ႐ွင္းလင္းပြဲအား ဟြားခ်န္ၿမိဳ႕​ေတာ္႐ွိ ပြဲၾကည့္စင္ပါ အားကစားခန္းမ႐ုံႀကီးတြင္ က်င္းပခဲ့သည္။အထင္ကရ သတင္း​ေထာက္ဂ်ာနယ္လစ္​ေတြအားလုံးလည္း စု​ေဝးေရာက္႐ွိလာၾကသည္။

ႀကီးမားသည့္ screen ႀကီးထက္တြင္ ဇာတ္လမ္းတြဲမိတ္ဆက္၏ ပထမပိုင္းကို ထုတ္လႊင့္ျပသ​ေနသည္။ပရိသတ္​ေတြအားလုံးဟာ အမ်ိဳးသားထုႀကီး တမ္းတမ္းစြဲ​ေလာက္​ေအာင္ လွပ​ေခ်ာ​ေမာ​ေနသည့္ အမ်ိဳးသမီးတပည့္သစ္​ေလးႏွင့္ ခံစားခ်က္မ႐ွိတဲ့ ​ေအးတိ​ေအးစက္ ႐ွန္းကြၽင္းတို႔စုံတြဲ​ေၾကာင့္ အုတ္​ေသာ္​ေသာင္းတင္းျဖစ္သြားၾကသည္။​ေမာ့အန္းယြီက ဖန္သားျပင္၌ ျဖတ္ခနဲ ​ေပၚလာတဲ့အခါ သတင္း​ေထာက္​ေတြက ၎တို႔၏ မိုက္ခ႐ိုဖုန္းအသီးသီးကို တစ္ၿပိဳင္တည္း ပင့္​ေျမႇာက္လိုက္ၾကသည္။

" ​ေမာ့အန္းယြီလည္း ဒီဇာတ္​ေကာင္​ေနရာမွာ သ႐ုပ္​ေဆာင္ထားပါလွ်က္နဲ႔ ဘာ​ေၾကာင့္မ်ား ဒီမိတ္ဆက္ပြဲကို မတက္​ေရာက္ရတာပါလဲ  "

" မႏွစ္ကတည္းက ႐ွန္း႐ွဇာတ္လမ္းတြဲ​ေတြဟာ တီဗြီ​ေပၚမွာ အျပည့္လႊမ္းမိုးထားခဲ့ၾက​ေပမယ့္ အဲဒီဇာတ္လမ္းတြဲ​ေတြရဲ႕ ၾကည့္႐ွဴႏႈန္း​ေတြက ပရိသတ္​ေတြကို ဒီလို႐ွန္း႐ွတီဗြီဇာတ္လမ္းတြဲ​ေတြ​ေလာက္နဲ႔ပဲ စိတ္​ေက်နပ္​ေစဖို႔ တကယ္ ခက္ခဲ​​ေစႏိုင္တယ္လို႔ ဆိုလိုတာပါလား  "

" ခ်ဴး၀မ္၀မ္ , ခင္ဗ်ားက shooting ႐ိုက္​ေနတုန္းမွာ ​ေပၚယြီကို အခက္​ေတြ႕​ေအာင္လုပ္ဖို႔ ႀကိဳးစားခဲ့တယ္ဆိုၿပီး ကြၽန္​ေတာ္တို႔ ၾကားသိရပါတယ္။ အဲဒါ အမွန္ပါပဲလား "

" ကြၽန္​​​ေတာ္ ​ေျပာျပႏိုင္တာ တစ္ခုက​ေတာ့ အရည္အ​ေသြးျမင့္မားတဲ့ ဒီအႏုပညာလက္ရာကို ​ေသခ်ာ​​ေပါက္ လူအမ်ား သ​ေဘာက်ႏွစ္ၿခိဳက္ၾကမွာပါ "   ဒါ႐ိုက္တာခြၽီက အ​ေလာတႀကီး ၀င္​ေျဖလိုက္သည္။

" ကြၽန္မက ​ေပၚယြီနဲ႔ သက္တူ႐ြယ္တူပါပဲ။ လူတိုင္းလူတိုင္းက ႐ိုက္ကြင္းမွာ အတူတူ အဆင္​ေျပ​ေျပ႐ွိ​ေနၾကတာကို ဘယ္လိုလုပ္ ဒီလိုမ်ိဴး​ေကာလဟာလ​ေတြ ထြက္လာရမွန္း ကြၽန္မ မသိ​ေတာ့ပါဘူး "   ဇာတ္လိုက္မင္းသမီး ခ်ဴး၀မ္၀မ္က ျပဳံးျပဳံး​ေလး ဆိုလိုက္သည္။

" ဟုတ္ပါတယ္။ ကြၽန္​ေတာ္တို႔​ေတြက ႐ိုက္ကြင္းမွာ အ​ေတာ္က​ေလး အဆင္​ေျပခဲ့ၾကတာပါ။ ကြၽန္​ေတာ္တို႔ရဲ႕ ႐ိုးသားျဖဴစင္တဲ့ မိတ္​ေဆြဆက္ဆံ​ေရးကို ဖ်က္ဆီးမယ့္ အဲဒီလို​ေကာလဟာလ​ေတြ​ေၾကာင့္ ကြၽန္​ေတာ္တို႔​ေတြ ဒီ​ေကာလဟာလ​ေတြကို ​ေစာ​ေစာစီးစီး ရပ္တန္႔ပစ္သင့္တယ္ "   ​ေပၚယြီ ႐ွင္းျပလိုက္သည္။

Entertainment ​ေလာကထဲက လူ​ေတြဟာ သူတို႔​ေတြ တစ္​ေယာက္ကိုတစ္​ေယာက္ အခ်င္းခ်င္း မတည့္႐ႈၾက​ေသာ္လည္း ကင္မရာ​ေတြနဲ႔ သတင္း​​ေထာက္​ေတြ​ေ႐ွ႕​ေမွာက္တြင္မူ သူတို႔​ေတြသာ သူငယ္ခ်င္း​ေကာင္း မိတ္​ေဆြ​ေကာင္း​ေတြျဖစ္ကုန္တတ္ၾကသည္။

" ​ေပၚယြီ , ခင္ဗ်ား <The Young General> ရဲ႕ ၾကည့္႐ွဴႏႈန္းကို ​ေက်ာ္လြန္ၿပီး ​ေနာက္ထပ္တစ္ႀကိမ္ ပိုမိုျမင့္မားတဲ့ ၾကည့္႐ွဴႏႈန္း​ေတြကို ထပ္မံဖန္တီးႏိုင္ဖို႔ ကိုယ့္ကိုကိုယ္ ယုံၾကည္ခ်က္႐ွိပါသလား "

သတင္း​ေထာက္က ထို​ေမးခြန္းကို ​ေမးလိုက္သည့္အခ်ိန္တြင္ ခ်က္ခ်င္းဆိုသလို တိတ္ဆိတ္မႈက သိသိသာသာ ​ေနရာယူသြားသည္။လူတိုင္းက ​ေပၚယြီဆီ အၾကည့္​ေတြ ပို႔လႊတ္လာၾကကာ သူ႕အ​ေျဖအား ငံ့လင့္​ေစာင့္စား​ေနၾကသည္။

​ေပၚယြီ႕မ်က္ႏွာ​ေပၚ႐ွိ သာမာန္မွ် ညိႇဳ႕ဓါတ္ပါ​ေသာ အျပဳံးတစ္ပြင့္က လူအမ်ားရဲ႕ အာ႐ုံစိုက္မႈ​ေတြကို ဆြဲ​ေဆာင္လိုက္ႏိုင္သည္။   " ကြၽန္​ေတာ္ ကိုယ့္အ​ေၾကာင္းကိုယ္ ႂကြားဝါ​ေျပာဆိုဖို႔က ကြၽန္​ေတာ္႕အတြက္ ကိစၥႀကီးႀကီးမားမားမဟုတ္ပါဘူး။ ၾကည့္႐ွဴႏႈန္းဆိုတာမ်ိဳးက​ေတာ့ ပရိသတ္​ေတြ သ​ေဘာက်ျခင္းမက်ျခင္းအ​ေပၚမွာပဲ မူတည္ပါတယ္ "

​ေပၚယြီက အ​ေျဖတစ္ခြန္းတည္းျဖင့္ ထို​ေမးခြန္းကို ကြၽမ္းက်င္စြာ ​ေ႐ွာင္ထြက္သြားကာ သ​တင္း​ေထာက္​ေတြနဲ႔ ပရိသတ္​ေတြရဲ႕ ႏွစ္ဦးႏွစ္ဖက္ခံစားခ်က္​ေတြကို ဂ႐ုစိုက္​ေပးလိုက္သည္။၎သတင္း​ေထာက္က ​ေပၚယြီရဲ႕ ဝိုးတိုးဝါးတားအ​ေျဖကို စိတ္မ​ေက်နပ္သည့္တိုင္ ​ေပၚယြီအား မရပ္မနား ​ေမးခြန္းထုတ္နားမပူရဲ​ေခ်။

​ဇာတ္လမ္းမိတ္ဆက္​ေၾကာ္ျငာပြဲ၏ ပြဲဦးထြက္အခမ္းအနားဟာ ၿပီးျပည့္စုံစြာ ျပည္ဖုံးကားခ် နိဂုံးခ်ဳပ္ပိတ္သိမ္းႏိုင္ခဲ့သည္။

.
.
.
.
.
.

အခု ငါးဆားနယ္​ေလးဘက္ကို ၁ ပိုင္းစာ လွည့္လိုက္ဦးမယ္​ေနာ္ ...

​ေစာင့္​ေပးၾကပါဦး ...

Your votes are a supply of starch , proteins , sugar , vitamins and minerals which I daily need ......

Continuă lectura

O să-ți placă și

1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
129K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
12.9K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...