Scroll down for Zawgyi.
Unicode
မော့အန်းမဂ္ဂဇင်းကို ယခုလအကုန်ပိုင်းတွင် တရား၀င် ထုတ်ဝေဖြန့်ချီခဲ့ပြီး မဂ္ဂဇင်း၏ရောင်းအားဟာလည်း ထုတ်ပြီး သုံးရက်အတွင်းမှာပင် ထိုးတက်လာခဲ့သည်။စာနယ်ဇင်းအရောင်းဆိုင်များနှင့်တကွ စာအုပ်ဆိုင်ကြီးတွေအားလုံးမှာလည်း မဂ္ဂဇင်းတွေ လိုသလောက်မရနိုင်ဘဲ ပြတ်လပ်မှုတွေဖြစ်ပေါ်နေတာကြောင့် သူတို့တွေက လူကြိုက်များရေပန်းစားနေတဲ့ မဂ္ဂဇင်းရဲ့ ထုတ်ဝေမှုအကြောင်းနဲ့ပတ်သတ်ပြီး နောက်တစ်ကြိမ် ပြန်လည်ပုံနှိပ်ဖြန့်ချီဖို့ကိစ္စအတွက် စာပေပုံနှိပ်တိုက်ဆီ ဆက်သွယ်မေးမြန်းနေကြရသည်။
သူမရှေ့ရှိ ယခုလမဂ္ဂဇင်းအရောင်းမှတ်တမ်းကို ကြည့်ရင်း မော့အန်းမဂ္ဂဇင်းရဲ့ အမျိုးသမီးခေါင်းဆောင်အယ်ဒီတာက ဒီလိုနှစ်လိုဖွယ်ရာကောင်းတဲ့လူ(ပေါ်ယွီ)အတွက် သူမ၏စူးရှထက်မြက်တဲ့မျက်လုံးတွေအား ချီးကျူးထောပနာပြုလိုက်မိသည်။
______ မဂ္ဂဇင်းအဖုံးရဲ့အဓိကဇာတ်ကောင်အရ ပေါ်ယွီဟာ အနောက်တိုင်း၀တ်စုံနှင့် leather shoe တစ်ရံကို ၀တ်ဆင်ထားပြီး သူ့ဆံပင်လေးတွေကိုလည်း ပျားဖယောင်း cream ဖြင့် အသေအချာ ပုံသွင်းထားသည်။သူ့လက်တစ်ဖက်က နက်ကတိုင်ဆီမှာရှိကာ ညှို့ဓါတ်ပါပြီး ချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်၀န်းတစ်စုံနဲ့အတူ အေးစက်စက် ရောင်ဝါတွေက တလက်လက်တောက်ပလို့နေသည်။သူ့နှုတ်ခမ်းတွေကိုလည်း တင်းတင်း စေ့ပိတ်ထားတာကြောင့် ရမ္မကင်းကာ ချောမောခန့်ညားနေလေသည်။
အချပ်ပိုမဂ္ဂဇင်း၏မျက်နှာဖုံးရှင်ကလည်း ပေါ်ယွီပင်ဖြစ်သည်။သို့တိုင် အဲဒီဓါတ်ပုံမှာတော့ ပေါ်ယွီက ဖြူစင်သန့်ရှင်းသည့် ပုံစံလေးနဲ့အတူ အဖြူရောင်ရှပ်အင်္ကျီရယ် အနက်ရောင်ဘောင်းဘီရှည်ရယ်ကိုသာ ၀တ်ဆင်ထားကာ ကျောင်းတွင်းနတ်ဘုရားလေးအဖြစ် အသွင်ပြောင်းသွားသည်။သူ့မျက်နှာပေါ်တွင် အပြစ်ကင်းစင်ပြီး သဘာ၀ကျတဲ့ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း မဂ္ဂဇင်းဖတ်ရှူသူအပေါင်းအား ၎င်းကို၏အချစ်ဦးကိုတောင် ပြန်လည်တမ်းတသတိရသွားစေသည်။
《 အား !!! အား !!! အေးတိအေးစက်နဲ့ မာနကြီးတဲ့ စစ်သူကြီးငယ်လေးက suit နဲ့ leather shoe ၀တ်ထားပြီး တပ်မက်ခြင်းကင်းတဲ့ နတ်ဘုရားအဖြစ်ပြောင်းသွားပြီပေါ့။ ငါလေး ဖုန်း screen ကိုသာ လျှာနဲ့ လျက်ပစ်လိုက်ချင်တော့တယ် !!! 》
《 သူလေးက ကြည့်ကောင်းလွန်းလို့ ငါ ပေါ်ယွီကို follow ခဲ့တာ။ သူ့မျက်လုံးလေးတွေက တကယ့်ကို နူးညံ့နေတာပဲရော် !!! ဝါး !!! ငါ ဒီလိုမျိုး အိမ်မက်မင်းသားလေးတွေကို တစ်ဒါဇင်လောက်လိုချင်တယ်လို့ !!! 》
《 ဖရဲသီးစေ့စားနေကြတဲ့ ပွဲကြည့်ပရိသတ်တွေလည်း ပေါ်ယွီ့ fan တွေရဲ့ အားကောင်းလှတဲ့ စွမ်းအင်ကို ခံစားမိပြီး ကြောက်နေကြလောက်ပြီ ... ဟား ဟားး !!! 》
ညတွင် trending hastage ဖြစ်တဲ့ #ပေါ်ယွီနဲ့မော့အန်းမဂ္ဂဇင်း# က social media လူမှုကွန်ရက်ပေါ်၌ အရှိန်အဟုန်ဖြင့် ပေါက်ကွဲနေတော့သည်။
စုန့်ရှီလင်က မဂ္ဂဇင်းမျက်နှာဖုံးပေါ်ရှိ ပေါ်ယွီကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် မဂ္ဂဇင်းအား လုံလုံခြုံခြုံရှိသည့်နေရာတွင် သော့ခတ်သိမ်းဆည်းထားလိုက်သည်။
စုန့်ရှီလင်ရဲ့အပြုအမူတွေကို အကဲခတ်ရင်း ဘေးမှာရပ်နေတဲ့ အတွင်းရေးမှူးချူခမျာ သူ စာအုပ်ဆိုင်မှ ပေါ်ယွီပါတဲ့မဂ္ဂဇင်းစာအုပ်ကို ၀ယ်လာခဲ့ပြီး စုန့်ရှီလင်ရဲ့စားပွဲပေါ် တင်ထားပေးလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရော ဟုတ်ရဲ့လားဆိုတာ ပထမဆုံးအကြိမ် တွေးလိုက်မိသည်။
_____________
နေ့လယ်ခင်းမွန်းလွဲချိန်တွင် အနက်ရောင်ဇိမ်ခံမှန်လုံကားကြီးဟာ မြို့လယ်ကောင်ဧရိယာကို တရွေ့ရွေ့ဖြတ်သန်းသွားနေရာမှ ရုတ်တရက်ဆိုသလို လမ်းဘေး၌ ထိုးရပ်ပေးဖို့အတွက် အချက်ပြခံလိုက်ရသည်။စုန့်ရှီလင်ဟာ ကားပြတင်းမှန်ထဲကနေ အပြင်ဘက်မှာ စုအုံနေကြတဲ့ လူအုပ်ကြီးအား လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ " ဘာဖြစ်တာလဲ ??? "
အတွင်းရေးမှူးချူမှာလည်း စိတ်ရှုပ်ထွေးနေပုံရသည်။
ဒေါက် ! ဒေါက် !
ကားပြတင်းပေါက်ကို ဖြည်းညင်းစွာ ချလိုက်ချိန်တွင် bodyguard တစ်ဦးက ကိုယ်ကိုကိုင်းညွှတ်ကာ စုန့်ရှီလင်ဆီ လေးစားစွာ အစီရင်ခံလိုက်သည်။ " မစ္စတာစုန့် , ကျွန်တော်တို့ရှေ့က ကားက လမစေ့သေးဘဲ ရုတ်တရက် ပုံမှန်ထက်စောမွေးတဲ့ အမျိုးသမီးတစ်ယောက်ကို မတင်နေကြတာပါ။ အဲဒါကြောင့် လမ်းက အတော်လေးကို ပိတ်ကြပ်နေပါတယ်။ ကျွန်တော်တို့တွေ ခဏလေးအတွင်း ရှေ့ဆက်သွားလို့ မရလောက်ပါဘူး "
အတွင်းရေးမှူးချူက မျက်မှောင်ကြုတ်လိုက်ပြီး စုန့်ရှီလင်ကို မသက်မသာဖြစ်စွာ ကြည့်လိုက်သည်။
စုန့်ရှီလင်ကတော့ တစ်ခုခုကို တွေးတောနေပြီး bodyguard အား ထွက်သွားဖို့ အချက်ပြသည့်အနေဖြင့် လက်ကို ဝေ့ယမ်းပြလိုက်သည်။အဲဒီနောက် ချထားသည့် ကားပြတင်းမှန်အား ပြန်တင်လိုက်လေသည်။
ကားထဲ၌ သူတို့တွေအားလုံး တိတ်ဆိတ်နေကြသည်။အချိန်ခေတ္တကြာတဲ့အခါ စုန့်ရှီလင်က ရုတ်တရက် ခပ်ဖြည်းဖြည်း ဆိုလာခဲ့သည်။ " ထိခိုက်ဒဏ်ရာမရှိတဲ့ လူတစ်ယောက်က ဘယ်လိုအခြေအနေမျိုးတွေဆိုရင် သွေးတွေအများကြီးထွက်တတ်လဲ ??? "
အတွင်းရေးမှူးချူဟာ ဆေးရုံမှာတုန်းက ပေါ်ယွီ သတိလစ်ပြီး သွေးတွေဆင်းခဲ့တဲ့အကြောင်းကို မသိတာကြောင့် စုန့်ရှီလင်မေးတဲ့ မေးခွန်းအား သာမာန်ကာလျှံကာမျှသာ စဉ်းစားဖြေလိုက်သည်။သူ တစ်စက္ကန့်စာလောက် တွေဝေနေကာ လျင်မြန်စွာ ပြောလိုက်သည်။ " ကလေးမွေးလို့ ဒါမှမဟုတ် ကိုယ်၀န်ပျက်ကျတာ ??? "
အဖြေတွေကို နားထောင်ကြည့်ရင်း ဒူးပေါ်တင်ထားတဲ့ စုန့်ရှီလက်ရဲ့လက်တွေက လက်သီးဆုပ်တွေအဖြစ် တင်းကြပ်သွားကြသည်။ သူ အမှန်တရားကို သိရဖို့ နည်းနည်းလေးပဲ လိုတော့တာ။
" ပြီးတော့ရော ??? "
အတွင်းရေးမှူးချူမှာ ဦးနှောက်ခြောက်အောက် စဉ်းစားနေရပြီး ... " အဲဒီအကြောင်းအရင်းနှစ်ခုအပြင် အမျိုးသမီးတွေ menstruation ဖြစ်လို့လည်းဖြစ်နိုင်ပါတယ်။ ပြီးကျတော့ ...... ဖုံးကွယ်ထားတဲ့ ရောဂါ ??? "
စုန့်ရှီလင်ရဲ့မျက်၀န်းတွေက နက်ရှိုင်းသွားကာ မျက်နှာထားတင်းမာစွာဖြင့် အရေးတကြီး ပြောလိုက်သည်။ " ကိစ္စတစ်ခုကို စုံစမ်းလိုက် "
" ဘာပါလဲ ??? " အတွင်းရေးမှူးချူ အလန့်တကြား ဖြစ်သွားလေသည်။
" ပေါ်ယွီ လုပ်ခဲ့သမျှ ကိစ္စအားလုံးနဲ့ သူ ထွက်သွားတဲ့အချိန်ကတည်းက ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သူနဲ့ဆက်သွယ်ခဲ့ကြတဲ့လူတွေအကုန်လုံးကို သိချင်တယ် " စုန့်ရှီလင်ရဲ့အကြည့်တွေက အေးစက်လို့နေသည်။ " ဟန်ကျစ်ယွီအပါအ၀င်ပဲ "
" လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို သိချင်တာ "
အတွင်းရေးမှူးချူ အလေးအနက် ပြန်လည်ဖြေကြားလိုက်သည်။ " ဟုတ်ကဲ့ !!! "
_____________
မူကြိုကျောင်းတွင်။
ဖရဲသီးလေးက ၀တုတ်လေးအား စိတ်ဆိုးမာန်ဆိုးဖြင့် တွန်းထုတ်ပစ်ပေမယ့် အချည်းနှီးသာဖြစ်ပြီး သူပဲ ဒေါသတွေနဲ့အတူ လဲကျလုနီးပါးဖြစ်သွားရသည်။
" မင်း ဘာလုပ်ချင်နေတာလဲ !!! "
ဖရဲသီးလေးရဲ့ စုန့်ရှီလင်နဲ့တူတဲ့ မျက်၀န်းလေးတွေက ၀တုတ်လေးကို ကြောက်ရွံ့သွားစေသည်။၀တုတ်လေးခမျာ သူ့ခေါင်းလေးကို ငုံ့ထားရင်း ဘေး၌ရပ်ကာ မတရားသဖြင့်ခံနေရသလို ခံစားလိုက်ရသည်။ " ငါ့ကို မင်းအိမ်ဆီ အလည်မခေါ်နိုင်ဘူးလားဟင် ??? "
ဖရဲသီးလေးက တည့်တည့်ပဲ တန်းဖြေလိုက်သည်။ " မခေါ်ဘူး "
၀တုတ်လေးမှာတော့ ဒေါသတွေထွက်နေရတာကြောင့် အတော်လေးပင် စိတ်သောကရောက်လျက်ရှိသည်။သူ ဖရဲသီးလေးဆီ ပြေးသွားပြီး ပခုံးတွေကို လှုပ်ကိုင်ခါရမ်းပစ်ရင်း မင်း ဘာဖြစ်လို့ အရမ်းတွန့်တိုနေရတာလဲဟုသာ မေးလိုက်ချင်တော့သည်။ဒါပေမယ့် ၀တုတ်လေးရဲ့ မျက်လုံးလေးတွေက ဖြတ်ခနဲ လက်သွားကာ သူ့ကျောပိုးအိတ်လေးထဲကနေ iPad ကို ထုတ်ပြီး ဖရဲသီးလေးအား စကားဆွယ်လိုက်သည်။ " ဒီကိုလာ , မင်းကို မင်းပါးပါးပုံတွေ ပြမယ် "
ဖရဲသီးလေးက iPad ၏ ဖျားယောင်းခြင်းကို ခံလိုက်ရပြီး ၀တုတ်လေးဆီ တိုးကပ်သွားသည်။
၀တုတ်လေးက ပေါ်ယွီ ပွဲဦးထွက်သည့်အချိန်မှစ၍ ယခုချိန်ထိ သူ ပါ၀င်သရုပ်ဆောင်ထားခဲ့တဲ့ တီဗွီဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ကားများအားလုံးကို fan တွေ အထူး edit လုပ်ထားတဲ့ video အား ဖရဲသီးလေးဆီ ပြသလိုက်သည်။ကြည်နူးဖွယ်ရာ နိုင်ငံခြားနောက်ခံတေးဂီတနဲ့အတူ ပေါ်ယွီရဲ့ fan တွေက လေထုထဲတွင် ပန်းရောင်ပူဖောင်းလေးတွေကိုပါ ထည့်သွင်းဖန်တီးထားတာကြောင့် ပေါ်ယွီရဲ့ သိမ်မွေ့နူးညံ့မှုတွေက ဖရဲသီးလေးကို တွေ့ထိသွားလေသည်။
" ဒါ ငါ့ပါးပါးလား ??? " ဖရဲသီးလေးက စူးစမ်းချင်စိတ် ပြင်းပြစွာဖြင့် သူ့လက်ချောင်းလေးတွေကို ကိုက်နေသည်။
၀တုတ်လေးက သူ့ဗိုက်ထဲရှိ လေလေးတွေကို မှုတ်ထုတ်ကာ ရယ်မောပြီး ဆိုလိုက်သည်။
" အခုဆိုရင်ရော မင်း ငါ့ကို အိမ်လည်ဖိတ်ချင်ပြီလား ??? ငါက မင်းကို ပေါ်ယွီရဲ့နောက်ထပ် video တွေ ပြဦးမှာနော် "
အဲဒီအချက်က ဖရဲသီးလေးကို လက်ခံလိုက်ဖို့အတွက် ခေါင်းငြိမ့်ပြနေသည်။
ဒါကြောင့် နေ့လယ်လေးနာရီ၌ အတွင်းရေးမှူးချူက ဖရဲသီးလေးကို လာကြိုတဲ့အချိန်တွင် လှမ်းပြုံးပြနေတဲ့ ဖရဲသီးလေးအပြင် ဖရဲသီးလေးဘေးမှာရပ်နေတဲ့ ၀တုတ်လေးကိုပါ တွေ့လိုက်တာကြောင့် ရုတ်တရက်ကြီး အကူအညီမဲ့သွားသလို ခံစားလိုက်ရပြီး အံ့အားသင့်သွားလေသည်။
" ချူသခင်လေးက ဘာကိစ္စများ ......... " အတွင်းရေးမှူးချူခမျာ အတင်းဖိအားပေးလုပ်ယူထားရတဲ့ အပြုံးကြီးတစ်ခုနဲ့အတူ ကားနောက်ခုံမှာ ဟန်ကျပန်ကျ လာထိုင်နေတဲ့ ၀တုတ်လေးအား မေးမြန်းလိုက်သည်။သူ့အိတ်ကပ်ထဲက lollipop လေးတစ်ချောင်းကို ယူကာ ပါးစပ်ထဲ ထည့်လိုက်တဲ့ ၀တုတ်လေးကို ကြည့်ရင်း အတွင်းရေးမှူးချူ အမောဆို့လာသလို ခံစားရသည်။
သူက အတွင်းရေးမှူးတစ်ယောက်သာဖြစ်သည်။သူ့တာ၀န်က စုန့်ရှီလင်ခိုင်းတဲ့ အလုပ်ကို ပြီးမြောက်စေဖို့ပင်ဖြစ်သည်။ဒါကြောင့် သူ့မှာ မကျေမနပ် ညည်းညူစရာမျိုးမရှိချေ။ ဘာပဲဖြစ်ဖြစ် သူ့လစာက မြင့်နေတာပဲဟာ။
ဒါပေမယ့် ဖရဲသီးလေးကို သွားကြိုတဲ့အလုပ်ကတော့ သူနဲ့ဆိုင်မနေပါဘူးနော် !!!
ဖရဲသီးလေးကို ချောချောမွေ့မွေ့နဲ့ အိမ်ပြန်ပို့ပေးပြီးသွားတာနဲ့ သူလည်း အိမ်ကို စောစော ပြန်နိုင်မှာကိုတွေးရင်း အတွင်းရေးမှူးချူက သစ်သီးခါးခါးကို မျိုချလိုက်ပြီး သူ ဘယ်မှာညစာစားရမလဲဆိုတာကိုပဲ စဉ်းစားနေလိုက်သည်။
၀တုတ်လေးက သူ့ဘေးရှိ ထိုင်ခုံနေရာလေးကို ပုတ်ပြကာ သူ့ပါးစပ်ထဲက lollipop လေးကို စုပ်ရင်း ဗလုံးဗထွေးနဲ့ ဖိတ်ခေါ်သမှုပြုလိုက်သည်။ " ဒီမှာထိုင်လေ။ ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်တော့်ကို မယဉ်ကျေးလည်းရပါတယ် "
အတွင်းရေးမှူးချူ ; " ......... "
ဖရဲသီးလေးကတော့ မေးလေးထောက်ပြီး ပျင်းရိနေလေသည်။ ပါးပါးက အခုတလော အရမ်းအရမ်းတွေ အလုပ်များနေလို့ ဒီရက်တွေမှာ သူနဲ့အတူတူတောင် Supermarket သွားမပေးနိုင်ဘူး။
ကားထဲက ယောကျာ်းကြီးနှစ်ယောက်(driver and secretary chu) နဲ့ကလေးလေးနှစ်ယောက်တို့ဟာ ညနေမစောင်းခင်အချိန်မှာပဲ အိမ်ရာခြံ၀င်းဆီ ရောက်ရှိလာခဲ့ကြသည်။
driver က ကားကို ပါကင်ထိုးလိုက်ပြီး နောက်တံခါးဖွင့်ပေးဖို့အတွက် ကားပေါ်မှ ဆင်းလိုက်သည်။
အတွင်းရေးမှူးချူက ဖရဲသီးလေးကို ချီရင်း ရှေ့ကနေ ဦးဆောင်သွားလိုက်ပြီး ၀တုတ်လေးကတော့ သူ့ကျောင်းကျောပိုးအိတ်လေးကို နောက်မှာလွယ်ထားကာ အိမ်ရာ၀င်းရဲ့ အဆောက်အဦးတွေအကြောင်းအား မကျေမနပ်ဖြင့် တရစပ်ညည်းညူမြည်တမ်းလို့နေသည်။ " အားယိုး ! အရမ်းစိတ်ပျက်စရာကောင်းတာပဲ !! ဒါကြီးက ဓါတ်လှေကားရော ဟုတ်ရဲ့လား ??? ဘာလို့ ဓါတ်လှေကားက ဒီလောက် ခဏခဏ ခါယမ်းနေရတာလဲနော် ??? "
ဖရဲသီးလေးက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မျက်နှာလေးနဲ့အတူ မပျော်မရွှင်ဖြစ်လာသည်။ " အခုချက်ချင်း ထွက်သွားစမ်း !!! "
၀တုတ်လေးက စကားများနေတာကို ရပ်လိုက်သည့်တိုင် ဓါတ်လှေကားထဲကနေ ထွက်ပြီးတဲ့အထိ ပွစိပွစိရေရွတ်နေဆဲဖြစ်သည်။ " အဲ့လိုဆိုတိုင်း ငါ ဒီနေရာကို မကြိုက်ဘူးလို့မှ မဆိုလိုဘဲ "
အတွင်းရေးမှူးချူက ဘာမှတော့၀င်မပြောပေ။ပေါ်ယွီ နေထိုင်တဲ့အိမ်ရာ၀င်းက ဟွားချန်မြို့တော်၏ မြို့လယ်အချက်အချာမှာ တည်ရှိပြီး ထိပ်တန်းအဆင့်မြင့် အိမ်ရာ၀င်းများထဲမှ တစ်ခုဖြစ်ကာ အနီးအနား ဘေးပတ်ပတ်လည်၌ စျေး၀ယ်စင်တာတွေ Supermarket ကြီးတွေရှိသည်။ဒီလိုအိမ်ရာမျိုးက အကောင်းစားအထက်တန်းဟုပင်ပြော၍ရသည်။
ဒါပေမယ့် ဒီလိုအံ့သြစရာ အိမ်ရာ၀င်းတစ်ခုက ၀တုတ်လေးအတွေးထဲမှာ ဘယ်လိုဖြစ်လို့များ စိတ်ပျက်စရာကောင်းနေရတာပါလိမ့် .............
သူပဲ အသက်တွေကြီးလာလို့ ဒီလူချမ်းသာကလေးလေးတွေကို အမှီမလိုက်နိုင်တော့တာများလားဆိုပြီး အတွင်းရေးမှူးချူ ထင်မိသည်။
တံခါးဖွင့်လိုက်သည့်အချိန်တွင် ၀တုတ်လေးက တစ်ခန်းလုံးကို ဗြောင်ပင် ပတ်ပြေးနေလေသည်။သူက အကျယ်ကြီး အော်ဟစ်နေပြီး အသစ်အဆန်းမှန်သမျှအား လိုက်လံကြည့်ရှူနေသည်။
" ဒါက ဘာလဲ ??? " အကြည့်တစ်ချက်နဲ့အတူ ၀တုတ်လေးက ဧည့်ခန်းထဲမှာ ပေါ်ယွီ နေရာချထားတဲ့ bean bed ကြီးကို မျက်စိကျသွားတော့သည်။ဒါကြောင့် သူက shoe ဖိနပ်လေးတွေကို ကန်ချွတ်ပစ်ကာ နူးညံ့အိစက်နေတဲ့ bean bed ပေါ်အား သူ့တင်ပါးလေးကို အပေါ်ထောင်ရင်း မှောက်ခုံပစ်လှဲလိုက်ရတဲ့အခါ၌ အရမ်းကို စိတ်ကျေနပ်ပျော်ရွှင်သွားတော့သည်။
ဖရဲသီးလေးက အဲဒီနေရာဆီ အပြေးလာလိုက်ပြီး ၀တုတ်လေးရဲ့ဗိုက်ပေါ် တက်ထိုင်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။
" မင်း ငါ့ပါးပါးအိပ်ရာပေါ် မလှဲနဲ့ !!! မတ်တပ်ရပ်စမ်း !!! "
၀တုတ်လေး စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။သူက သူ့ရဲ့ရယ်ရွယ်ချက် ပြည့်၀ပြီးတာနဲ့တစ်ပြိုင်နက် သူ့ကို ကူညီပေးခဲ့သူအား စွန့်ပစ်လိုက်သည့် အခြေခံသဘောတရားနိယာမကို လက်ကိုင်ပြုထားသည်။ဒါကြောင့် ၀တုတ်လေးက သူ့ဗိုက်ပေါ် လာလှဲနေတဲ့ ဖရဲသီးလေးအား တွန်းထုတ်ပစ်ကာ မပွင့်တပွင့် ဆိုလိုက်သည်။ " ငါ့အမြင်ကို မကွယ်နဲ့။ ငါ တီဗွီကြည့်မလို့ "
အဲဒီနောက် ၀တုတ်လေးက သူ့ကျောင်းလွယ်အိတ်လေးထဲကနေ သရေစာမုန့်တွေနဲ့ iPad ကို ထုတ်ယူလိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ကာတွန်းကားကြည့်နေတော့သည်။
ဖရဲသီးလေးက ဘေးမှာထိုင်ရင်း သုန်မှုန်စိတ်ကောက်နေပေမယ့် ခဏလောက်ကြာတဲ့အချိန်မှာ သူလည်း ကာတွန်းကား၏ဆွဲဆောင်မှုကို မခုခံနိုင်တော့ချေ။ဖရဲသီးလေးက ၀တုတ်လေးဆီ တရွတ်ဆွဲတွားသွားကာ ကာတွန်းကားကို အတူတကွ ကြည့်ရှူကြလေသည်။
ပေါ်ယွီ အလုပ်မှ ပြန်လာတဲ့အခါ ဖော်ဖော်ရွေရွေနဲ့ အဖွဲ့ကြနေတဲ့ မြင်ကွင်းအား တွေ့လိုက်ရသည်။
ပေါ်ယွီ ပြန်ရောက်လာပြီဖြစ်တာကြောင့် အတွင်းရေးမှူးချူလည်း သူ့ပစ္စည်းတွေကို သိမ်းဆည်းကာ သွားဖို့ပြင်လိုက်သည်။
" ကျွန်တော် ချူမိသားစုဆီ ဆက်သွယ်ပြီးပါပြီ။ သခင်လေးချူ ကစားလို့ပြီးသွားရင် ချူမိသားစုက သူ့ကို ခေါ်ဖို့ လာပါလိမ့်မယ် "
" သူက ဘာလို့ ဒီရောက်လာတာလဲ ??? " ဖရဲသီးလေးက ၀တုတ်လေးကို သဘောမကျကြောင်းပြောခဲ့ဖူးတာကို သတိရသွားပြီး ပေါ်ယွီ အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။
အတွင်းရေးမှူးချူက ဘာမှမပြောဘဲ ဖရဲသီးလေးကိုသာ လက်ညှိုးညွှန်ပြလိုက်လေသည်။အဲဒီနောက် သူ အိမ်ကနေပြန်သွားတော့သည်။
အတွင်းရေးမှူးချူက တံခါးအပြင်ဘက်တွင် လမ်းလျှောက်လာချိန်၌ တစ်ချိန်လုံး တုန်ခါနေခဲ့တဲ့ သူ့ဖုန်းအား ထုတ်ကာ တည်ငြိမ်စွာ ဖြေဆိုလိုက်သည်။ " အင်း ၊ မင်း တစ်ခုခုရှာတွေ့ပြီလား ??? "
အိမ်ထဲတွင်။ပေါ်ယွီက ဖရဲသီးလေးဆီ လျှောက်သွားလိုက်ပြီး ဖရဲသီးလေးကို ဆတ်ခနဲ ပွေ့ချီကာ ကလေးလေး ဘာမှပြန်မတုန့်ပြန်နိုင်ခင်မှာပင် ပါးမို့မို့လေးတွေအား မွှေးကြူလိုက်သည်။သူက သဘောတကျ ပြုံးရယ်ရင်း မေးလိုက်သည်။ " မင်း ငါ့ကို လွမ်းရောလွမ်းရဲ့လား ??? "
ဖရဲသီးလေးမှာ တအံ့တသြဖြစ်သွားသည်။ချက်ချင်း သူ့နှုတ်ခမ်းလေးတွေကို စုချွန်ကာ ပေါ်ယွီ့ပါးတွေကို တရွှတ်ရွှတ်လိုက်နမ်းပြီး ထပ်တလဲလဲ ပြောနေသည်။ " လွမ်းတယ် !!! လွမ်းတယ် !!! လွမ်းတယ်လို့ !!! "
ဖရဲသီးလေးရဲ့ ရှားရှားပါးပါး စိတ်အားထက်သန်မှုကြောင့် ပေါ်ယွီ့နှလုံးသားလေးမှာ လှုပ်ရှားသွားရသည်။သားအဖနှစ်ဦး၏ အခိုက်အတန့်လေးကို သူ အပြည့်အ၀ မပျော်ရွှင်ရသေးခင်မှာတင် သူ့ပခုံးအား တစ်ယောက်ယောက်က လက်ညှိုးလေးနဲ့ လာတို့တာကိုခံလိုက်ရပြီး ပေါ်ယွီ သတိလက်လွတ်ဖြင့် လှည့်ကြည့်လိုက်တဲ့အခါ သူနဲ့ မတရားနီးနီးကပ်ကပ်ဖြစ်နေတဲ့ ၀တုတ်လေးရဲ့ ၀၀ဖောင်းဖောင်းမျက်နှာကို မြင်လိုက်ရကာ လန့်ဖျပ်သွားတာကြောင့် အနောက်ကို ခြေလှမ်းအနည်းငယ်လောက် အလျင်စလို ဆုတ်လိုက်မိသည်။
၀တုတ်လေးက သူ့မျက်လုံးတွေကို မှိတ်ထားပြီး နှုတ်ခမ်းလေးစူပေးလိုက်သည်။နောက်ခဏလေးနေလို့ သူ့ရဲ့အိမ်မက်မင်းသားလေး(ပေါ်ယွီ)ကများ သူ့ကို လာနမ်းရင် ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ စဉ်းစားနေလေသည်။
သို့သော်လည်း ၀တုတ်လေးရဲ့အိမ်မက်ကြီးဟာ တစ်စုံတစ်ယောက်၏လက်ချက်ဖြင့် လမ်းတစ်၀က်တင် တစ်စစီ လွင့်ပြယ်သွားရသည်။
ဖရဲသီးလေးက အမျက်ခြောင်းခြောင်းကို ဒေါသထွက်နေပြီဖြစ်သည်။
သူက ၀တုတ်လေးရဲ့နှုတ်ခမ်းကို သူ့လက်လေးနဲ့ အတင်း အုပ်ပိတ်ပစ်လိုက်ပြီး နောက်လက်တစ်ဖက်က ၀တုတ်လေးရဲ့ခေါင်းအား ခိုင်ခိုင်မာမာ ဖိတွန်းရင်း ပေါ်ယွီဆီ တိုးယိုင်လာမှာကနေ ကာကွယ်လိုက်သည်။ " ဝေးဝေးသွားစမ်း !!! ငါ့ပါးပါးကို မနမ်းနဲ့ !!! "
၀တုတ်လေးလည်း စိတ်ဆိုးမာန်ဆိုးဖြစ်သွားတော့သည်။ " ငါ သူ့ကို တစ်ခါလောက်ပဲ kiss ကြည့်ချင်ရုံလေးပါ !!! "
ဖရဲသီးလေးက သူ့လည်ပင်းလေး ဆန့်ရှည်ထွက်လာသည်အထိ ဒေါသတကြီး အော်ဟစ်လိုက်သည်။ " ငါ အဲဒါကို တားမြစ်တယ် !!! "
ပေါ်ယွီ အံ့အားသင့်သွားရသည်။ဒါပေမယ့် တစ်ဦးတည်းပိုင်ဆိုင်လိုစိတ်ပြင်းပြပြီး ကာကွယ်ထိန်းသိမ်းထားလိုတဲ့ စိတ်ဆန္ဒနဲ့ ဖရဲသီးလေးကို သူ တကယ်သဘောကျကာ သူ့ရံ့ပြုစုပျိုးထောင်မှုစွမ်းရည်တွေက အင်မတန် ကောင်းတာပဲဟုတောင် တွေးမိလိုက်သည်။
သို့တိုင် သူ့သားလေးနဲ့ သူ့အနာဂတ်အထက်လူကြီးရဲ့သားတို့ကြားက ငြင်းခုံရန်ဖြစ်မှုကို ရှောင်ရှားရန်အတွက် ပေါ်ယွီ သူတို့ကို အချိန်မီ သီးခြားစီ ဆွဲခွာပြီး ပြောလိုက်သည်။ " မင်းတို့ ဗိုက်ဆာကြပြီလား ??? ငါ မင်းတို့ကောင်လေးတွေအတွက် တစ်ခုခု ချက်ကျွေးမယ်လေ ??? "
ဖရဲသီးလေးမှာ ရုတ်တရက်ဆိုသလို အနည်းငယ် ၀မ်းနည်းသွားသည်။ " ဦးဦးစုန့်က ဟင်းချက်ဖို့ အိမ်ပြန်မလာဘူးလားဟင် ??? "
" ဘယ်သူကြီး ??? " ၀တုတ်လေး မေးလာသည်။အဲဒီနောက် သူ့လက်လေးတွေက အံ့သြတကြီး တုန်ယင်သွားပြီး ... " စုန့်ရှီလင် ???!!! "
ဖရဲသီးလေးက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ " ဟုတ်တယ် !!! ဦးဦးစုန့်က ငါ့အပေါ် အရမ်းကောင်းကောင်းဆက်ဆံ ...... "
ဖရဲသီးလေး ပြော၍မဆုံးခင်မှာတင် ၀တုတ်လေးက ဘေးကို လျင်မြန်စွာနဲ့ တုတ်တုတ်လျှောက်သွားကာ သူ့ကျောင်းလွယ်အိတ်လေးအား ဒရောသောပါး ထုတ်ပိုးရင်း ပြောလိုက်သည်။ " သူ ဒီလာမယ်ဆိုတာကို မင်း ဘာဖြစ်လို့ ငါ့ကို စောစောစီးစီး ပြောမတာလဲ ??? "
ပေါ်ယွီက ၀တုတ်လေးရဲ့စကားကို အလွန်တရာ စိတ်၀င်စားမိသွားသည်။
" မင်းက သူ့ကို ကြောက်လို့လား ??? "
ဖရဲသီးလေးက သူ့ခေါင်းလေးကို စောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ " ဦးဦးစုန့်က အရမ်းကြင်နာတတ်ပြီး ကောင်းတာပဲကို။ မင်းက ဘာဖြစ်လို့ သူ့ကို ကြောက်ရတာလဲ ??? "
၀တုတ်လေးက ခဏလောက် တွေဝေသွားပြီးနောက်တွင် အမှုမထားဟန်ဖြင့် အထင်သေးစွာ ဖြေလိုက်သည်။ " ငါက သူ့ကို ကြောက်ရမှာလား ??? မင်း ငါ့ကို လာနောက်နေတာပဲ !!! ငါက သူ့ကို သဘောမကျတာကွ !!! "
" အဲဒီလိုကိုး " ပေါ်ယွီက ၀တုတ်လေးရဲ့ကံဆိုးမှုကို ၀မ်းမြောက်၀မ်းသာဖြစ်စွာနဲ့ မျက်နှာချင်းဆိုင်က အိမ်ဆီ လက်ညှိုးထိုးပြလိုက်သည်။ " အဲဒါဆို မင်းတော့ ဒုက္ခပါပဲ။ သူက ငါ့ဟိုဘက်အိမ်မှာနေတာလေ "
၀တုတ်လေးရဲ့မျက်နှာမှာ အကူအညီမဲ့မှုတွေ ပြည့်နှက်သွားတော့သည်။ " ဦးဦး အိမ်ပြောင်းလို့မရဘူးလားဟင် ??? ဒီလိုသေးငယ်ပြီး ရှုပ်ပွနေတဲ့အိမ်လေးက ဦးဦးအတွက် လုံး၀ မသင့်တော်ပါဘူး။ ဦးဦး သားတို့အိမ်မှာ လာနေလို့ရတယ်လေနော် ??? "
ပေါ်ယွီ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်ပြီး သူ့စိတ်ထဲမှာ ၀တုတ်လေးအပေါ် အမြင်ကြည်လင်သွားရသည်။သူ အရှေ့ကို လျှောက်ကာ ဖရဲသီးလေးအား ပွေ့ချီလိုက်ချိန်တွင် ခန္ဓာကိုယ်ဟန်ချက်ပျက်လုနီးပင်။
ပေါ်ယွီ အရှက်ပြေ ချောင်းနှစ်ချက်လောက်ဟန့်ပြီး ဆိုလိုက်လေသည်။ " မင်းမိသားစုက ညစာစားပြီးတဲ့အချိန်ကျရင် မင်းကို လာခေါ်မယ်ပြောတယ်။ အဲဒီတော့ မင်း ဒီမှာပဲ ခဏတဖြုတ် နေရဦးမယ် "
ပေါ်ယွီ့လက်မောင်းတွေထဲမှာ ၀တုတ်လေး ပွေ့ချီခံထားရတာကို မြင်တဲ့အခါ ဖရဲသီးလေး မပျော်မရွှင်ဖြစ်သွားသည်။သူက သူ့လက်လေးတွေကို ဘေးဆန့်တန့်ရင်း အလောတကြီး ပြောလိုက်သည်။ " ပါးပါး , ပါးပါး , သားကိုလည်း ဖက်ပေးပါ "
ပွေ့ချီခံထားရတဲ့ ၀တုတ်လေးက ပေါ်ယွီ့လည်တိုင်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်ပြီး လက်ရှိနေရာကနေ ဆင်းသွားပေးဖို့အတွေးအား ယတိပြတ် စွန့်လွှတ်ကာ မာနတစ်ခွဲသားဖြင့် ဆိုလိုက်သည်။ " အခု သူက ငါ့အပိုင်ပဲ။ ဦးဦးက မင်းကို မဖက်ဘူးကွ , နော် !!! သူ မင်းကို ဖက်မှာမဟုတ်ဘူးလို့ !!! "
ပေါ်ယွီ ; " ............ "
.
.
.
.
.
.
မီးပျက်နေတော့ ဘာသာပြန်ရတာ အလုပ်ကိုမတွင်ဘူးရယ် ......
🚨🚨🚨 Spoiler ; နောက်တစ်ပိုင်းဆိုရင် စုန့်ရှီလင်က အကုန်လုံးကို သိသွားပါပြီ ... ဖြောင်း ... ဖြောင်း ... ဖြောင်း
နောက်ဆုံးတော့ သူ မဒူတော့ပါဘူး !!!
Vote !!!!!!!!!!!!!
Zawgyi
ေမာ့အန္းမဂၢဇင္းကို ယခုလအကုန္ပိုင္းတြင္ တရား၀င္ ထုတ္ေဝျဖန္႔ခ်ီခဲ့ၿပီး မဂၢဇင္း၏ေရာင္းအားဟာလည္း ထုတ္ၿပီး သုံးရက္အတြင္းမွာပင္ ထိုးတက္လာခဲ့သည္။စာနယ္ဇင္းအေရာင္းဆိုင္မ်ားႏွင့္တကြ စာအုပ္ဆိုင္ႀကီးေတြအားလုံးမွာလည္း မဂၢဇင္းေတြ လိုသေလာက္မရႏိုင္ဘဲ ျပတ္လပ္မႈေတြျဖစ္ေပၚေနတာေၾကာင့္ သူတို႔ေတြက လူႀကိဳက္မ်ားေရပန္းစားေနတဲ့ မဂၢဇင္းရဲ႕ ထုတ္ေဝမႈအေၾကာင္းနဲ႔ပတ္သတ္ၿပီး ေနာက္တစ္ႀကိမ္ ျပန္လည္ပုံႏွိပ္ျဖန္႔ခ်ီဖို႔ကိစၥအတြက္ စာေပပုံႏွိပ္တိုက္ဆီ ဆက္သြယ္ေမးျမန္းေနၾကရသည္။
သူမေ႐ွ႕႐ွိ ယခုလမဂၢဇင္းအေရာင္းမွတ္တမ္းကို ၾကည့္ရင္း ေမာ့အန္းမဂၢဇင္းရဲ႕ အမ်ိဳးသမီးေခါင္းေဆာင္အယ္ဒီတာက ဒီလိုႏွစ္လိုဖြယ္ရာေကာင္းတဲ့လူ(ေပၚယြီ)အတြက္ သူမ၏စူး႐ွထက္ျမက္တဲ့မ်က္လုံးေတြအား ခ်ီးက်ဴးေထာပနာျပဳလိုက္မိသည္။
______ မဂၢဇင္းအဖုံးရဲ႕အဓိကဇာတ္ေကာင္အရ ေပၚယြီဟာ အေနာက္တိုင္း၀တ္စုံႏွင့္ leather shoe တစ္ရံကို ၀တ္ဆင္ထားၿပီး သူ႕ဆံပင္ေလးေတြကိုလည္း ပ်ားဖေယာင္း cream ျဖင့္ အေသအခ်ာ ပုံသြင္းထားသည္။သူ႕လက္တစ္ဖက္က နက္ကတိုင္ဆီမွာ႐ွိကာ ညိႇဳ႕ဓါတ္ပါၿပီး ခ်စ္ရည္႐ႊန္းလဲ့ေနတဲ့ မ်က္၀န္းတစ္စုံနဲ႔အတူ ေအးစက္စက္ ေရာင္ဝါေတြက တလက္လက္ေတာက္ပလို႔ေနသည္။သူ႕ႏႈတ္ခမ္းေတြကိုလည္း တင္းတင္း ေစ့ပိတ္ထားတာေၾကာင့္ ရမၼကင္းကာ ေခ်ာေမာခန္႔ညားေနေလသည္။
အခ်ပ္ပိုမဂၢဇင္း၏မ်က္ႏွာဖုံး႐ွင္ကလည္း ေပၚယြီပင္ျဖစ္သည္။သို႔တိုင္ အဲဒီဓါတ္ပုံမွာေတာ့ ေပၚယြီက ျဖဴစင္သန္႔႐ွင္းသည့္ ပုံစံေလးနဲ႔အတူ အျဖဴေရာင္႐ွပ္အက်ႌရယ္ အနက္ေရာင္ေဘာင္းဘီ႐ွည္ရယ္ကိုသာ ၀တ္ဆင္ထားကာ ေက်ာင္းတြင္းနတ္ဘုရားေလးအျဖစ္ အသြင္ေျပာင္းသြားသည္။သူ႕မ်က္ႏွာေပၚတြင္ အျပစ္ကင္းစင္ၿပီး သဘာ၀က်တဲ့ အျပဳံးတစ္ပြင့္ကို ဆင္ျမန္းထားရင္း မဂၢဇင္းဖတ္႐ွဴသူအေပါင္းအား ၎ကို၏အခ်စ္ဦးကိုေတာင္ ျပန္လည္တမ္းတသတိရသြားေစသည္။
《 အား !!! အား !!! ေအးတိေအးစက္နဲ႔ မာနႀကီးတဲ့ စစ္သူႀကီးငယ္ေလးက suit နဲ႔ leather shoe ၀တ္ထားၿပီး တပ္မက္ျခင္းကင္းတဲ့ နတ္ဘုရားအျဖစ္ေျပာင္းသြားၿပီေပါ့။ ငါေလး ဖုန္း screen ကိုသာ လွ်ာနဲ႔ လ်က္ပစ္လိုက္ခ်င္ေတာ့တယ္ !!! 》
《 သူေလးက ၾကည့္ေကာင္းလြန္းလို႔ ငါ ေပၚယြီကို follow ခဲ့တာ။ သူ႕မ်က္လုံးေလးေတြက တကယ့္ကို ႏူးညံ့ေနတာပဲေရာ္ !!! ဝါး !!! ငါ ဒီလိုမ်ိဳး အိမ္မက္မင္းသားေလးေတြကို တစ္ဒါဇင္ေလာက္လိုခ်င္တယ္လို႔ !!! 》
《 ဖရဲသီးေစ့စားေနၾကတဲ့ ပြဲၾကည့္ပရိသတ္ေတြလည္း ေပၚယြီ႕ fan ေတြရဲ႕ အားေကာင္းလွတဲ့ စြမ္းအင္ကို ခံစားမိၿပီး ေၾကာက္ေနၾကေလာက္ၿပီ ... ဟား ဟားး !!! 》
ညတြင္ trending hastage ျဖစ္တဲ့ #ေပၚယြီနဲ႔ေမာ့အန္းမဂၢဇင္း# က social media လူမႈကြန္ရက္ေပၚ၌ အ႐ွိန္အဟုန္ျဖင့္ ေပါက္ကြဲေနေတာ့သည္။
စုန္႔႐ွီလင္က မဂၢဇင္းမ်က္ႏွာဖုံးေပၚ႐ွိ ေပၚယြီကို တစ္ခ်က္သာ ၾကည့္လိုက္ၿပီးေနာက္ မဂၢဇင္းအား လုံလုံျခဳံျခဳံ႐ွိသည့္ေနရာတြင္ ေသာ့ခတ္သိမ္းဆည္းထားလိုက္သည္။
စုန္႔႐ွီလင္ရဲ႕အျပဳအမူေတြကို အကဲခတ္ရင္း ေဘးမွာရပ္ေနတဲ့ အတြင္းေရးမႉးခ်ဴခမ်ာ သူ စာအုပ္ဆိုင္မွ ေပၚယြီပါတဲ့မဂၢဇင္းစာအုပ္ကို ၀ယ္လာခဲ့ၿပီး စုန္႔႐ွီလင္ရဲ႕စားပြဲေပၚ တင္ထားေပးလိုက္တာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေရာ ဟုတ္ရဲ႕လားဆိုတာ ပထမဆုံးအႀကိမ္ ေတြးလိုက္မိသည္။
_____________
ေန႔လယ္ခင္းမြန္းလြဲခ်ိန္တြင္ အနက္ေရာင္ဇိမ္ခံမွန္လုံကားႀကီးဟာ ၿမိဳ႕လယ္ေကာင္ဧရိယာကို တေ႐ြ႕ေ႐ြ႕ျဖတ္သန္းသြားေနရာမွ ႐ုတ္တရက္ဆိုသလို လမ္းေဘး၌ ထိုးရပ္ေပးဖို႔အတြက္ အခ်က္ျပခံလိုက္ရသည္။စုန္႔႐ွီလင္ဟာ ကားျပတင္းမွန္ထဲကေန အျပင္ဘက္မွာ စုအုံေနၾကတဲ့ လူအုပ္ႀကီးအား လွမ္းၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ " ဘာျဖစ္တာလဲ ??? "
အတြင္းေရးမႉးခ်ဴမွာလည္း စိတ္႐ႈပ္ေထြးေနပုံရသည္။
ေဒါက္ ! ေဒါက္ !
ကားျပတင္းေပါက္ကို ျဖည္းညင္းစြာ ခ်လိုက္ခ်ိန္တြင္ bodyguard တစ္ဦးက ကိုယ္ကိုကိုင္းၫႊတ္ကာ စုန္႔႐ွီလင္ဆီ ေလးစားစြာ အစီရင္ခံလိုက္သည္။ " မစၥတာစုန္႔ , ကြၽန္ေတာ္တို႔ေ႐ွ႕က ကားက လမေစ့ေသးဘဲ ႐ုတ္တရက္ ပုံမွန္ထက္ေစာေမြးတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို မတင္ေနၾကတာပါ။ အဲဒါေၾကာင့္ လမ္းက အေတာ္ေလးကို ပိတ္ၾကပ္ေနပါတယ္။ ကြၽန္ေတာ္တို႔ေတြ ခဏေလးအတြင္း ေ႐ွ႕ဆက္သြားလို႔ မရေလာက္ပါဘူး "
အတြင္းေရးမႉးခ်ဴက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး စုန္႔႐ွီလင္ကို မသက္မသာျဖစ္စြာ ၾကည့္လိုက္သည္။
စုန္႔႐ွီလင္ကေတာ့ တစ္ခုခုကို ေတြးေတာေနၿပီး bodyguard အား ထြက္သြားဖို႔ အခ်က္ျပသည့္အေနျဖင့္ လက္ကို ေဝ့ယမ္းျပလိုက္သည္။အဲဒီေနာက္ ခ်ထားသည့္ ကားျပတင္းမွန္အား ျပန္တင္လိုက္ေလသည္။
ကားထဲ၌ သူတို႔ေတြအားလုံး တိတ္ဆိတ္ေနၾကသည္။အခ်ိန္ေခတၱၾကာတဲ့အခါ စုန္႔႐ွီလင္က ႐ုတ္တရက္ ခပ္ျဖည္းျဖည္း ဆိုလာခဲ့သည္။ " ထိခိုက္ဒဏ္ရာမ႐ွိတဲ့ လူတစ္ေယာက္က ဘယ္လိုအေျခအေနမ်ိဳးေတြဆိုရင္ ေသြးေတြအမ်ားႀကီးထြက္တတ္လဲ ??? "
အတြင္းေရးမႉးခ်ဴဟာ ေဆး႐ုံမွာတုန္းက ေပၚယြီ သတိလစ္ၿပီး ေသြးေတြဆင္းခဲ့တဲ့အေၾကာင္းကို မသိတာေၾကာင့္ စုန္႔႐ွီလင္ေမးတဲ့ ေမးခြန္းအား သာမာန္ကာလွ်ံကာမွ်သာ စဥ္းစားေျဖလိုက္သည္။သူ တစ္စကၠန္႔စာေလာက္ ေတြေဝေနကာ လ်င္ျမန္စြာ ေျပာလိုက္သည္။ " ကေလးေမြးလို႔ ဒါမွမဟုတ္ ကိုယ္၀န္ပ်က္က်တာ ??? "
အေျဖေတြကို နားေထာင္ၾကည့္ရင္း ဒူးေပၚတင္ထားတဲ့ စုန္႔႐ွီလက္ရဲ႕လက္ေတြက လက္သီးဆုပ္ေတြအျဖစ္ တင္းၾကပ္သြားၾကသည္။ သူ အမွန္တရားကို သိရဖို႔ နည္းနည္းေလးပဲ လိုေတာ့တာ။
" ၿပီးေတာ့ေရာ ??? "
အတြင္းေရးမႉးခ်ဴမွာ ဦးေႏွာက္ေျခာက္ေအာက္ စဥ္းစားေနရၿပီး ... " အဲဒီအေၾကာင္းအရင္းႏွစ္ခုအျပင္ အမ်ိဳးသမီးေတြ menstruation ျဖစ္လို႔လည္းျဖစ္ႏိုင္ပါတယ္။ ၿပီးက်ေတာ့ ...... ဖုံးကြယ္ထားတဲ့ ေရာဂါ ??? "
စုန္႔႐ွီလင္ရဲ႕မ်က္၀န္းေတြက နက္႐ိႈင္းသြားကာ မ်က္ႏွာထားတင္းမာစြာျဖင့္ အေရးတႀကီး ေျပာလိုက္သည္။ " ကိစၥတစ္ခုကို စုံစမ္းလိုက္ "
" ဘာပါလဲ ??? " အတြင္းေရးမႉးခ်ဴ အလန္႔တၾကား ျဖစ္သြားေလသည္။
" ေပၚယြီ လုပ္ခဲ့သမွ် ကိစၥအားလုံးနဲ႔ သူ ထြက္သြားတဲ့အခ်ိန္ကတည္းက ၿပီးခဲ့တဲ့ႏွစ္ႏွစ္အတြင္း သူနဲ႔ဆက္သြယ္ခဲ့ၾကတဲ့လူေတြအကုန္လုံးကို သိခ်င္တယ္ " စုန္႔႐ွီလင္ရဲ႕အၾကည့္ေတြက ေအးစက္လို႔ေနသည္။ " ဟန္က်စ္ယြီအပါအ၀င္ပဲ "
" လြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းက သူ ဘာေတြလုပ္ခဲ့တယ္ဆိုတာကို သိခ်င္တာ "
အတြင္းေရးမႉးခ်ဴ အေလးအနက္ ျပန္လည္ေျဖၾကားလိုက္သည္။ " ဟုတ္ကဲ့ !!! "
_____________
မူႀကိဳေက်ာင္းတြင္။
ဖရဲသီးေလးက ၀တုတ္ေလးအား စိတ္ဆိုးမာန္ဆိုးျဖင့္ တြန္းထုတ္ပစ္ေပမယ့္ အခ်ည္းႏွီးသာျဖစ္ၿပီး သူပဲ ေဒါသေတြနဲ႔အတူ လဲက်လုနီးပါးျဖစ္သြားရသည္။
" မင္း ဘာလုပ္ခ်င္ေနတာလဲ !!! "
ဖရဲသီးေလးရဲ႕ စုန္႔႐ွီလင္နဲ႔တူတဲ့ မ်က္၀န္းေလးေတြက ၀တုတ္ေလးကို ေၾကာက္႐ြံ႕သြားေစသည္။၀တုတ္ေလးခမ်ာ သူ႕ေခါင္းေလးကို ငုံ႔ထားရင္း ေဘး၌ရပ္ကာ မတရားသျဖင့္ခံေနရသလို ခံစားလိုက္ရသည္။ " ငါ့ကို မင္းအိမ္ဆီ အလည္မေခၚႏိုင္ဘူးလားဟင္ ??? "
ဖရဲသီးေလးက တည့္တည့္ပဲ တန္းေျဖလိုက္သည္။ " မေခၚဘူး "
၀တုတ္ေလးမွာေတာ့ ေဒါသေတြထြက္ေနရတာေၾကာင့္ အေတာ္ေလးပင္ စိတ္ေသာကေရာက္လ်က္႐ွိသည္။သူ ဖရဲသီးေလးဆီ ေျပးသြားၿပီး ပခုံးေတြကို လႈပ္ကိုင္ခါရမ္းပစ္ရင္း မင္း ဘာျဖစ္လို႔ အရမ္းတြန္႔တိုေနရတာလဲဟုသာ ေမးလိုက္ခ်င္ေတာ့သည္။ဒါေပမယ့္ ၀တုတ္ေလးရဲ႕ မ်က္လုံးေလးေတြက ျဖတ္ခနဲ လက္သြားကာ သူ႕ေက်ာပိုးအိတ္ေလးထဲကေန iPad ကို ထုတ္ၿပီး ဖရဲသီးေလးအား စကားဆြယ္လိုက္သည္။ " ဒီကိုလာ , မင္းကို မင္းပါးပါးပုံေတြ ျပမယ္ "
ဖရဲသီးေလးက iPad ၏ ဖ်ားေယာင္းျခင္းကို ခံလိုက္ရၿပီး ၀တုတ္ေလးဆီ တိုးကပ္သြားသည္။
၀တုတ္ေလးက ေပၚယြီ ပြဲဦးထြက္သည့္အခ်ိန္မွစ၍ ယခုခ်ိန္ထိ သူ ပါ၀င္သ႐ုပ္ေဆာင္ထားခဲ့တဲ့ တီဗြီဇာတ္လမ္းတြဲမ်ားႏွင့္ ႐ုပ္႐ွင္ကားမ်ားအားလုံးကို fan ေတြ အထူး edit လုပ္ထားတဲ့ video အား ဖရဲသီးေလးဆီ ျပသလိုက္သည္။ၾကည္ႏူးဖြယ္ရာ ႏိုင္ငံျခားေနာက္ခံေတးဂီတနဲ႔အတူ ေပၚယြီရဲ႕ fan ေတြက ေလထုထဲတြင္ ပန္းေရာင္ပူေဖာင္းေလးေတြကိုပါ ထည့္သြင္းဖန္တီးထားတာေၾကာင့္ ေပၚယြီရဲ႕ သိမ္ေမြ႕ႏူးညံ့မႈေတြက ဖရဲသီးေလးကို ေတြ႕ထိသြားေလသည္။
" ဒါ ငါ့ပါးပါးလား ??? " ဖရဲသီးေလးက စူးစမ္းခ်င္စိတ္ ျပင္းျပစြာျဖင့္ သူ႕လက္ေခ်ာင္းေလးေတြကို ကိုက္ေနသည္။
၀တုတ္ေလးက သူ႕ဗိုက္ထဲ႐ွိ ေလေလးေတြကို မႈတ္ထုတ္ကာ ရယ္ေမာၿပီး ဆိုလိုက္သည္။
" အခုဆိုရင္ေရာ မင္း ငါ့ကို အိမ္လည္ဖိတ္ခ်င္ၿပီလား ??? ငါက မင္းကို ေပၚယြီရဲ႕ေနာက္ထပ္ video ေတြ ျပဦးမွာေနာ္ "
အဲဒီအခ်က္က ဖရဲသီးေလးကို လက္ခံလိုက္ဖို႔အတြက္ ေခါင္းၿငိမ့္ျပေနသည္။
ဒါေၾကာင့္ ေန႔လယ္ေလးနာရီ၌ အတြင္းေရးမႉးခ်ဴက ဖရဲသီးေလးကို လာႀကိဳတဲ့အခ်ိန္တြင္ လွမ္းျပဳံးျပေနတဲ့ ဖရဲသီးေလးအျပင္ ဖရဲသီးေလးေဘးမွာရပ္ေနတဲ့ ၀တုတ္ေလးကိုပါ ေတြ႕လိုက္တာေၾကာင့္ ႐ုတ္တရက္ႀကီး အကူအညီမဲ့သြားသလို ခံစားလိုက္ရၿပီး အံ့အားသင့္သြားေလသည္။
" ခ်ဴသခင္ေလးက ဘာကိစၥမ်ား ......... " အတြင္းေရးမႉးခ်ဴခမ်ာ အတင္းဖိအားေပးလုပ္ယူထားရတဲ့ အျပဳံးႀကီးတစ္ခုနဲ႔အတူ ကားေနာက္ခုံမွာ ဟန္က်ပန္က် လာထိုင္ေနတဲ့ ၀တုတ္ေလးအား ေမးျမန္းလိုက္သည္။သူ႕အိတ္ကပ္ထဲက lollipop ေလးတစ္ေခ်ာင္းကို ယူကာ ပါးစပ္ထဲ ထည့္လိုက္တဲ့ ၀တုတ္ေလးကို ၾကည့္ရင္း အတြင္းေရးမႉးခ်ဴ အေမာဆို႔လာသလို ခံစားရသည္။
သူက အတြင္းေရးမႉးတစ္ေယာက္သာျဖစ္သည္။သူ႕တာ၀န္က စုန္႔႐ွီလင္ခိုင္းတဲ့ အလုပ္ကို ၿပီးေျမာက္ေစဖို႔ပင္ျဖစ္သည္။ဒါေၾကာင့္ သူ႕မွာ မေက်မနပ္ ညည္းညဴစရာမ်ိဳးမ႐ွိေခ်။ ဘာပဲျဖစ္ျဖစ္ သူ႕လစာက ျမင့္ေနတာပဲဟာ။
ဒါေပမယ့္ ဖရဲသီးေလးကို သြားႀကိဳတဲ့အလုပ္ကေတာ့ သူနဲ႔ဆိုင္မေနပါဘူးေနာ္ !!!
ဖရဲသီးေလးကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အိမ္ျပန္ပို႔ေပးၿပီးသြားတာနဲ႔ သူလည္း အိမ္ကို ေစာေစာ ျပန္ႏိုင္မွာကိုေတြးရင္း အတြင္းေရးမႉးခ်ဴက သစ္သီးခါးခါးကို မ်ိဳခ်လိုက္ၿပီး သူ ဘယ္မွာညစာစားရမလဲဆိုတာကိုပဲ စဥ္းစားေနလိုက္သည္။
၀တုတ္ေလးက သူ႕ေဘး႐ွိ ထိုင္ခုံေနရာေလးကို ပုတ္ျပကာ သူ႕ပါးစပ္ထဲက lollipop ေလးကို စုပ္ရင္း ဗလုံးဗေထြးနဲ႔ ဖိတ္ေခၚသမႈျပဳလိုက္သည္။ " ဒီမွာထိုင္ေလ။ ေက်းဇူးတင္စရာမလိုပါဘူး။ ကြၽန္ေတာ္႕ကို မယဥ္ေက်းလည္းရပါတယ္ "
အတြင္းေရးမႉးခ်ဴ ; " ......... "
ဖရဲသီးေလးကေတာ့ ေမးေလးေထာက္ၿပီး ပ်င္းရိေနေလသည္။ ပါးပါးက အခုတေလာ အရမ္းအရမ္းေတြ အလုပ္မ်ားေနလို႔ ဒီရက္ေတြမွာ သူနဲ႔အတူတူေတာင္ Supermarket သြားမေပးႏိုင္ဘူး။
ကားထဲက ေယာက်ာ္းႀကီးႏွစ္ေယာက္(driver and secretary chu) နဲ႔ကေလးေလးႏွစ္ေယာက္တို႔ဟာ ညေနမေစာင္းခင္အခ်ိန္မွာပဲ အိမ္ရာျခံဝင္းဆီ ေရာက္႐ွိလာခဲ့ၾကသည္။
driver က ကားကို ပါကင္ထိုးလိုက္ၿပီး ေနာက္တံခါးဖြင့္ေပးဖို႔အတြက္ ကားေပၚမွ ဆင္းလိုက္သည္။
အတြင္းေရးမႉးခ်ဴက ဖရဲသီးေလးကို ခ်ီရင္း ေ႐ွ႕ကေန ဦးေဆာင္သြားလိုက္ၿပီး ၀တုတ္ေလးကေတာ့ သူ႕ေက်ာင္းေက်ာပိုးအိတ္ေလးကို ေနာက္မွာလြယ္ထားကာ အိမ္ရာဝင္းရဲ႕ အေဆာက္အဦးေတြအေၾကာင္းအား မေက်မနပ္ျဖင့္ တရစပ္ညည္းညဴျမည္တမ္းလို႔ေနသည္။ " အားယိုး ! အရမ္းစိတ္ပ်က္စရာေကာင္းတာပဲ !! ဒါႀကီးက ဓါတ္ေလွကားေရာ ဟုတ္ရဲ႕လား ??? ဘာလို႔ ဓါတ္ေလွကားက ဒီေလာက္ ခဏခဏ ခါယမ္းေနရတာလဲေနာ္ ??? "
ဖရဲသီးေလးက စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ မ်က္ႏွာေလးနဲ႔အတူ မေပ်ာ္မ႐ႊင္ျဖစ္လာသည္။ " အခုခ်က္ခ်င္း ထြက္သြားစမ္း !!! "
၀တုတ္ေလးက စကားမ်ားေနတာကို ရပ္လိုက္သည့္တိုင္ ဓါတ္ေလွကားထဲကေန ထြက္ၿပီးတဲ့အထိ ပြစိပြစိေရ႐ြတ္ေနဆဲျဖစ္သည္။ " အဲ့လိုဆိုတိုင္း ငါ ဒီေနရာကို မႀကိဳက္ဘူးလို႔မွ မဆိုလိုဘဲ "
အတြင္းေရးမႉးခ်ဴက ဘာမွေတာ့၀င္မေျပာေပ။ေပၚယြီ ေနထိုင္တဲ့အိမ္ရာဝင္းက ဟြားခ်န္ၿမိဳ႕ေတာ္၏ ၿမိဳ႕လယ္အခ်က္အခ်ာမွာ တည္႐ွိၿပီး ထိပ္တန္းအဆင့္ျမင့္ အိမ္ရာဝင္းမ်ားထဲမွ တစ္ခုျဖစ္ကာ အနီးအနား ေဘးပတ္ပတ္လည္၌ ေစ်း၀ယ္စင္တာေတြ Supermarket ႀကီးေတြ႐ွိသည္။ဒီလိုအိမ္ရာမ်ိဳးက အေကာင္းစားအထက္တန္းဟုပင္ေျပာ၍ရသည္။
ဒါေပမယ့္ ဒီလိုအံ့ၾသစရာ အိမ္ရာဝင္းတစ္ခုက ၀တုတ္ေလးအေတြးထဲမွာ ဘယ္လိုျဖစ္လို႔မ်ား စိတ္ပ်က္စရာေကာင္းေနရတာပါလိမ့္ .............
သူပဲ အသက္ေတြႀကီးလာလို႔ ဒီလူခ်မ္းသာကေလးေလးေတြကို အမွီမလိုက္ႏိုင္ေတာ့တာမ်ားလားဆိုၿပီး အတြင္းေရးမႉးခ်ဴ ထင္မိသည္။
တံခါးဖြင့္လိုက္သည့္အခ်ိန္တြင္ ၀တုတ္ေလးက တစ္ခန္းလုံးကို ေျဗာင္ပင္ ပတ္ေျပးေနေလသည္။သူက အက်ယ္ႀကီး ေအာ္ဟစ္ေနၿပီး အသစ္အဆန္းမွန္သမွ်အား လိုက္လံၾကည့္႐ွဴေနသည္။
" ဒါက ဘာလဲ ??? " အၾကည့္တစ္ခ်က္နဲ႔အတူ ၀တုတ္ေလးက ဧည့္ခန္းထဲမွာ ေပၚယြီ ေနရာခ်ထားတဲ့ bean bed ႀကီးကို မ်က္စိက်သြားေတာ့သည္။ဒါေၾကာင့္ သူက shoe ဖိနပ္ေလးေတြကို ကန္ခြၽတ္ပစ္ကာ ႏူးညံ့အိစက္ေနတဲ့ bean bed ေပၚအား သူ႕တင္ပါးေလးကို အေပၚေထာင္ရင္း ေမွာက္ခုံပစ္လွဲလိုက္ရတဲ့အခါ၌ အရမ္းကို စိတ္ေက်နပ္ေပ်ာ္႐ႊင္သြားေတာ့သည္။
ဖရဲသီးေလးက အဲဒီေနရာဆီ အေျပးလာလိုက္ၿပီး ၀တုတ္ေလးရဲ႕ဗိုက္ေပၚ တက္ထိုင္ကာ ေဒါသတႀကီး ေအာ္ေျပာလိုက္သည္။
" မင္း ငါ့ပါးပါးအိပ္ရာေပၚ မလွဲနဲ႔ !!! မတ္တပ္ရပ္စမ္း !!! "
၀တုတ္ေလး စိတ္အေႏွာင့္အယွက္ျဖစ္သြားရသည္။သူက သူ႕ရဲ႕ရယ္႐ြယ္ခ်က္ ျပည့္၀ၿပီးတာနဲ႔တစ္ၿပိဳင္နက္ သူ႕ကို ကူညီေပးခဲ့သူအား စြန္႔ပစ္လိုက္သည့္ အေျခခံသေဘာတရားနိယာမကို လက္ကိုင္ျပဳထားသည္။ဒါေၾကာင့္ ၀တုတ္ေလးက သူ႕ဗိုက္ေပၚ လာလွဲေနတဲ့ ဖရဲသီးေလးအား တြန္းထုတ္ပစ္ကာ မပြင့္တပြင့္ ဆိုလိုက္သည္။ " ငါ့အျမင္ကို မကြယ္နဲ႔။ ငါ တီဗြီၾကည့္မလို႔ "
အဲဒီေနာက္ ၀တုတ္ေလးက သူ႕ေက်ာင္းလြယ္အိတ္ေလးထဲကေန သေရစာမုန္႔ေတြနဲ႔ iPad ကို ထုတ္ယူလိုက္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ကာတြန္းကားၾကည့္ေနေတာ့သည္။
ဖရဲသီးေလးက ေဘးမွာထိုင္ရင္း သုန္မႈန္စိတ္ေကာက္ေနေပမယ့္ ခဏေလာက္ၾကာတဲ့အခ်ိန္မွာ သူလည္း ကာတြန္းကား၏ဆြဲေဆာင္မႈကို မခုခံႏိုင္ေတာ့ေခ်။ဖရဲသီးေလးက ၀တုတ္ေလးဆီ တ႐ြတ္ဆြဲတြားသြားကာ ကာတြန္းကားကို အတူတကြ ၾကည့္႐ွဴၾကေလသည္။
ေပၚယြီ အလုပ္မွ ျပန္လာတဲ့အခါ ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႔ အဖြဲ႕ၾကေနတဲ့ ျမင္ကြင္းအား ေတြ႕လိုက္ရသည္။
ေပၚယြီ ျပန္ေရာက္လာၿပီျဖစ္တာေၾကာင့္ အတြင္းေရးမႉးခ်ဴလည္း သူ႕ပစၥည္းေတြကို သိမ္းဆည္းကာ သြားဖို႔ျပင္လိုက္သည္။
" ကြၽန္ေတာ္ ခ်ဴမိသားစုဆီ ဆက္သြယ္ၿပီးပါၿပီ။ သခင္ေလးခ်ဴ ကစားလို႔ၿပီးသြားရင္ ခ်ဴမိသားစုက သူ႕ကို ေခၚဖို႔ လာပါလိမ့္မယ္ "
" သူက ဘာလို႔ ဒီေရာက္လာတာလဲ ??? " ဖရဲသီးေလးက ၀တုတ္ေလးကို သေဘာမက်ေၾကာင္းေျပာခဲ့ဖူးတာကို သတိရသြားၿပီး ေပၚယြီ အလိုလို မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
အတြင္းေရးမႉးခ်ဴက ဘာမွမေျပာဘဲ ဖရဲသီးေလးကိုသာ လက္ညိႇဳးၫႊန္ျပလိုက္ေလသည္။အဲဒီေနာက္ သူ အိမ္ကေနျပန္သြားေတာ့သည္။
အတြင္းေရးမႉးခ်ဴက တံခါးအျပင္ဘက္တြင္ လမ္းေလွ်ာက္လာခ်ိန္၌ တစ္ခ်ိန္လုံး တုန္ခါေနခဲ့တဲ့ သူ႕ဖုန္းအား ထုတ္ကာ တည္ၿငိမ္စြာ ေျဖဆိုလိုက္သည္။ " အင္း ၊ မင္း တစ္ခုခု႐ွာေတြ႕ၿပီလား ??? "
အိမ္ထဲတြင္။ေပၚယြီက ဖရဲသီးေလးဆီ ေလွ်ာက္သြားလိုက္ၿပီး ဖရဲသီးေလးကို ဆတ္ခနဲ ေပြ႕ခ်ီကာ ကေလးေလး ဘာမွျပန္မတုန္႔ျပန္ႏိုင္ခင္မွာပင္ ပါးမို႔မို႔ေလးေတြအား ေမႊးၾကဴလိုက္သည္။သူက သေဘာတက် ျပဳံးရယ္ရင္း ေမးလိုက္သည္။ " မင္း ငါ့ကို လြမ္းေရာလြမ္းရဲ႕လား ??? "
ဖရဲသီးေလးမွာ တအံ့တၾသျဖစ္သြားသည္။ခ်က္ခ်င္း သူ႕ႏႈတ္ခမ္းေလးေတြကို စုခြၽန္ကာ ေပၚယြီ႕ပါးေတြကို တ႐ႊတ္႐ႊတ္လိုက္နမ္းၿပီး ထပ္တလဲလဲ ေျပာေနသည္။ " လြမ္းတယ္ !!! လြမ္းတယ္ !!! လြမ္းတယ္လို႔ !!! "
ဖရဲသီးေလးရဲ႕ ႐ွား႐ွားပါးပါး စိတ္အားထက္သန္မႈေၾကာင့္ ေပၚယြီ႕ႏွလုံးသားေလးမွာ လႈပ္႐ွားသြားရသည္။သားအဖႏွစ္ဦး၏ အခိုက္အတန္႔ေလးကို သူ အျပည့္အ၀ မေပ်ာ္႐ႊင္ရေသးခင္မွာတင္ သူ႕ပခုံးအား တစ္ေယာက္ေယာက္က လက္ညိႇဳးေလးနဲ႔ လာတို႔တာကိုခံလိုက္ရၿပီး ေပၚယြီ သတိလက္လြတ္ျဖင့္ လွည့္ၾကည့္လိုက္တဲ့အခါ သူနဲ႔ မတရားနီးနီးကပ္ကပ္ျဖစ္ေနတဲ့ ၀တုတ္ေလးရဲ႕ ၀၀ေဖာင္းေဖာင္းမ်က္ႏွာကို ျမင္လိုက္ရကာ လန္႔ဖ်ပ္သြားတာေၾကာင့္ အေနာက္ကို ေျခလွမ္းအနည္းငယ္ေလာက္ အလ်င္စလို ဆုတ္လိုက္မိသည္။
၀တုတ္ေလးက သူ႕မ်က္လုံးေတြကို မွိတ္ထားၿပီး ႏႈတ္ခမ္းေလးစူေပးလိုက္သည္။ေနာက္ခဏေလးေနလို႔ သူ႕ရဲ႕အိမ္မက္မင္းသားေလး(ေပၚယြီ)ကမ်ား သူ႕ကို လာနမ္းရင္ ဘယ္လိုတုန္႔ျပန္ရမလဲဆိုတာ စဥ္းစားေနေလသည္။
သို႔ေသာ္လည္း ၀တုတ္ေလးရဲ႕အိမ္မက္ႀကီးဟာ တစ္စုံတစ္ေယာက္၏လက္ခ်က္ျဖင့္ လမ္းတစ္၀က္တင္ တစ္စစီ လြင့္ျပယ္သြားရသည္။
ဖရဲသီးေလးက အမ်က္ေျခာင္းေျခာင္းကို ေဒါသထြက္ေနၿပီျဖစ္သည္။
သူက ၀တုတ္ေလးရဲ႕ႏႈတ္ခမ္းကို သူ႕လက္ေလးနဲ႔ အတင္း အုပ္ပိတ္ပစ္လိုက္ၿပီး ေနာက္လက္တစ္ဖက္က ၀တုတ္ေလးရဲ႕ေခါင္းအား ခိုင္ခိုင္မာမာ ဖိတြန္းရင္း ေပၚယြီဆီ တိုးယိုင္လာမွာကေန ကာကြယ္လိုက္သည္။ " ေဝးေဝးသြားစမ္း !!! ငါ့ပါးပါးကို မနမ္းနဲ႔ !!! "
၀တုတ္ေလးလည္း စိတ္ဆိုးမာန္ဆိုးျဖစ္သြားေတာ့သည္။ " ငါ သူ႕ကို တစ္ခါေလာက္ပဲ kiss ၾကည့္ခ်င္႐ုံေလးပါ !!! "
ဖရဲသီးေလးက သူ႕လည္ပင္းေလး ဆန္႔႐ွည္ထြက္လာသည္အထိ ေဒါသတႀကီး ေအာ္ဟစ္လိုက္သည္။ " ငါ အဲဒါကို တားျမစ္တယ္ !!! "
ေပၚယြီ အံ့အားသင့္သြားရသည္။ဒါေပမယ့္ တစ္ဦးတည္းပိုင္ဆိုင္လိုစိတ္ျပင္းျပၿပီး ကာကြယ္ထိန္းသိမ္းထားလိုတဲ့ စိတ္ဆႏၵနဲ႔ ဖရဲသီးေလးကို သူ တကယ္သေဘာက်ကာ သူ႕ရံ႕ျပဳစုပ်ိဳးေထာင္မႈစြမ္းရည္ေတြက အင္မတန္ ေကာင္းတာပဲဟုေတာင္ ေတြးမိလိုက္သည္။
သို႔တိုင္ သူ႕သားေလးနဲ႔ သူ႕အနာဂတ္အထက္လူႀကီးရဲ႕သားတို႔ၾကားက ျငင္းခုံရန္ျဖစ္မႈကို ေ႐ွာင္႐ွားရန္အတြက္ ေပၚယြီ သူတို႔ကို အခ်ိန္မီ သီးျခားစီ ဆြဲခြာၿပီး ေျပာလိုက္သည္။ " မင္းတို႔ ဗိုက္ဆာၾကၿပီလား ??? ငါ မင္းတို႔ေကာင္ေလးေတြအတြက္ တစ္ခုခု ခ်က္ေကြၽးမယ္ေလ ??? "
ဖရဲသီးေလးမွာ ႐ုတ္တရက္ဆိုသလို အနည္းငယ္ ၀မ္းနည္းသြားသည္။ " ဦးဦးစုန္႔က ဟင္းခ်က္ဖို႔ အိမ္ျပန္မလာဘူးလားဟင္ ??? "
" ဘယ္သူႀကီး ??? " ၀တုတ္ေလး ေမးလာသည္။အဲဒီေနာက္ သူ႕လက္ေလးေတြက အံ့ၾသတႀကီး တုန္ယင္သြားၿပီး ... " စုန္႔႐ွီလင္ ???!!! "
ဖရဲသီးေလးက ဂုဏ္ယူ၀င့္ႂကြားစြာျဖင့္ ေခါင္းၿငိမ့္ျပလိုက္သည္။ " ဟုတ္တယ္ !!! ဦးဦးစုန္႔က ငါ့အေပၚ အရမ္းေကာင္းေကာင္းဆက္ဆံ ...... "
ဖရဲသီးေလး ေျပာ၍မဆုံးခင္မွာတင္ ၀တုတ္ေလးက ေဘးကို လ်င္ျမန္စြာနဲ႔ တုတ္တုတ္ေလွ်ာက္သြားကာ သူ႕ေက်ာင္းလြယ္အိတ္ေလးအား ဒေရာေသာပါး ထုတ္ပိုးရင္း ေျပာလိုက္သည္။ " သူ ဒီလာမယ္ဆိုတာကို မင္း ဘာျဖစ္လို႔ ငါ့ကို ေစာေစာစီးစီး ေျပာမတာလဲ ??? "
ေပၚယြီက ၀တုတ္ေလးရဲ႕စကားကို အလြန္တရာ စိတ္၀င္စားမိသြားသည္။
" မင္းက သူ႕ကို ေၾကာက္လို႔လား ??? "
ဖရဲသီးေလးက သူ႕ေခါင္းေလးကို ေစာင္းၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ " ဦးဦးစုန္႔က အရမ္းၾကင္နာတတ္ၿပီး ေကာင္းတာပဲကို။ မင္းက ဘာျဖစ္လို႔ သူ႕ကို ေၾကာက္ရတာလဲ ??? "
၀တုတ္ေလးက ခဏေလာက္ ေတြေဝသြားၿပီးေနာက္တြင္ အမႈမထားဟန္ျဖင့္ အထင္ေသးစြာ ေျဖလိုက္သည္။ " ငါက သူ႕ကို ေၾကာက္ရမွာလား ??? မင္း ငါ့ကို လာေနာက္ေနတာပဲ !!! ငါက သူ႕ကို သေဘာမက်တာကြ !!! "
" အဲဒီလိုကိုး " ေပၚယြီက ၀တုတ္ေလးရဲ႕ကံဆိုးမႈကို ၀မ္းေျမာက္၀မ္းသာျဖစ္စြာနဲ႔ မ်က္ႏွာခ်င္းဆိုင္က အိမ္ဆီ လက္ညိႇဳးထိုးျပလိုက္သည္။ " အဲဒါဆို မင္းေတာ့ ဒုကၡပါပဲ။ သူက ငါ့ဟိုဘက္အိမ္မွာေနတာေလ "
၀တုတ္ေလးရဲ႕မ်က္ႏွာမွာ အကူအညီမဲ့မႈေတြ ျပည့္ႏွက္သြားေတာ့သည္။ " ဦးဦး အိမ္ေျပာင္းလို႔မရဘူးလားဟင္ ??? ဒီလိုေသးငယ္ၿပီး ႐ႈပ္ပြေနတဲ့အိမ္ေလးက ဦးဦးအတြက္ လုံး၀ မသင့္ေတာ္ပါဘူး။ ဦးဦး သားတို႔အိမ္မွာ လာေနလို႔ရတယ္ေလေနာ္ ??? "
ေပၚယြီ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ရယ္ေမာလိုက္ၿပီး သူ႕စိတ္ထဲမွာ ၀တုတ္ေလးအေပၚ အျမင္ၾကည္လင္သြားရသည္။သူ အေ႐ွ႕ကို ေလွ်ာက္ကာ ဖရဲသီးေလးအား ေပြ႕ခ်ီလိုက္ခ်ိန္တြင္ ခႏၶာကိုယ္ဟန္ခ်က္ပ်က္လုနီးပင္။
ေပၚယြီ အ႐ွက္ေျပ ေခ်ာင္းႏွစ္ခ်က္ေလာက္ဟန္႔ၿပီး ဆိုလိုက္ေလသည္။ " မင္းမိသားစုက ညစာစားၿပီးတဲ့အခ်ိန္က်ရင္ မင္းကို လာေခၚမယ္ေျပာတယ္။ အဲဒီေတာ့ မင္း ဒီမွာပဲ ခဏတျဖဳတ္ ေနရဦးမယ္ "
ေပၚယြီ႕လက္ေမာင္းေတြထဲမွာ ၀တုတ္ေလး ေပြ႕ခ်ီခံထားရတာကို ျမင္တဲ့အခါ ဖရဲသီးေလး မေပ်ာ္မ႐ႊင္ျဖစ္သြားသည္။သူက သူ႕လက္ေလးေတြကို ေဘးဆန္႔တန္႔ရင္း အေလာတႀကီး ေျပာလိုက္သည္။ " ပါးပါး , ပါးပါး , သားကိုလည္း ဖက္ေပးပါ "
ေပြ႕ခ်ီခံထားရတဲ့ ၀တုတ္ေလးက ေပၚယြီ႕လည္တိုင္ကို တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္လိုက္ၿပီး လက္႐ွိေနရာကေန ဆင္းသြားေပးဖို႔အေတြးအား ယတိျပတ္ စြန္႔လႊတ္ကာ မာနတစ္ခြဲသားျဖင့္ ဆိုလိုက္သည္။ " အခု သူက ငါ့အပိုင္ပဲ။ ဦးဦးက မင္းကို မဖက္ဘူးကြ , ေနာ္ !!! သူ မင္းကို ဖက္မွာမဟုတ္ဘူးလို႔ !!! "
ေပၚယြီ ; " ............ "
.
.
.
.
.
.
မီးပ်က္ေနေတာ့ ဘာသာျပန္ရတာ အလုပ္ကိုမတြင္ဘူးရယ္ ......
🚨🚨🚨 Spoiler ; ေနာက္တစ္ပိုင္းဆိုရင္ စုန္႔႐ွီလင္က အကုန္လုံးကို သိသြားပါၿပီ ... ေျဖာင္း ... ေျဖာင္း ... ေျဖာင္း
ေနာက္ဆုံးေတာ့ သူ မဒူေတာ့ပါဘူး !!!
Vote !!!!!!!!!!!!!