Hedgehog And Tiger [Myanmar T...

By Prunus_Tae

329K 54K 1.3K

Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I do... More

|Intro|
|1|
|2|
|3|
|4|
|5|
|6|
|7|
|8|
|9|
|10|
|11|
|12|
|13|
|14|
|15|
|16|
|17|
|18|
|19|
|20|
|21|
|22|
|23|
|24|
|25|
|26|
|27|
|28|
|29|
|30|
|31|
|32|
|33|
|34|
|35|
|36|
|37|
|38|
|39|
|40|
|41|
|42|
|43|
|44|
|45|
|46|
|47|
|48|
|49|
|50|
|51|
|52|
|53|
|54|
|55|
|56|
|57|
|58|
|59|
|60|
|61|
|62|
|63|
|64|
|65|
|66|
|67|
|68|
|69|
|70|
|71|
|72|
|73|
|74|
|75|
|76|
|77|
|78|
|79|
|80|
|81|
|82|
|83|
|84|
|85|
|86|
|87|
|88|
|89|
|90|
|91|
|92|
|93|
|94|
|95|
|96|
|97|
|98|
|99|
|100|
|101|
|102|
|103|
|104|
|105|
|106|
|107|
|108|
|109|
|110|
|111|
|112|
|113|
|114|
|115|
|116|
|117|
|118|
|119|
|120|
|121|
|122|
|123|
|124|
|125|
|126|
|127|
|129 - END|
|Extra 1|
|Extra 2|
|Extra 3|
|Extra 4|
|Extra 5|
|Extra 6|
|Extra 7|
|Extra 8|
|Extra 9|

|128|

1.8K 245 0
By Prunus_Tae

[Unicode]

ဂိမ်းကစားချိန်တိုင်းမှာ၊ ဟယ်ရှင်းချွမ်ရဲ့ကာရိုက်တာက Healerဖြစ်တယ်။
သူက အမြဲတစေယောက်ျားလေးကာရိုက်တာကိုပဲ သုံးလေ့ရှိတယ်၊ ယန်ထန့်ကာရိုက်တာနဲ့ယှဉ်တွဲလျက်ပေါ့။

အင်တာနက်ပေါ်မှာတော့ တစ်ချို့လူတွေက မကျေမနပ်ပြောစပြုလာကျပြီ၊ ဒီဂိမ်းက အဆင့်အတန်းမရှိဘူးတွေ ဘာတွေညာတွေ။

ဒီလိုစကားတွေမြင်ချိန်ဆို၊ ယန်ထန်ဟာ မျက်လုံးသာလှန်ကြည့်မိတော့တယ်။
ပြီးရင်တော့၊ ဟယ်ရှင်းချွမ်နဲ့အတူ လိုင်းပေါ်မှဆင်းတယ်။ သူ့ဖြူလေးက လုံးဝမှဂိမ်းမဆော့တတ်တဲ့ဟာ...သူလုပ်ချင်တာက သူ့ရဲ့ထန်ကောနဲ့အတူ လျှောက်ပတ်ကြည့်ဖို့လောက်ပဲ။
မြေအောက်ခန်း မစ်ရှင်တွေအကုန်လုံးကို ယန်ထန်တစ်ယောက်တည်းပဲဆော့နေရတယ်!

ထန်ကောမကျေနပ်ဘူး.jpg

...

ဝူကျင်းရဲ့ဟိုတယ်က နွေဦးရာသီကုန်ခါနီးလောက်မှ စတင်ဖွင့်လှစ်တယ်။
ဟိုတယ်က နန်ရှန်းတောင်မှာ၊ သူတို့တစ်အုပ်စုလုံး အတူသွားလည်ဖို့စီစဉ်ထားတယ်လေ။

ဒီခရီးရဲ့VIPလေးက ရှီချင်းချင်း။
ဖက်တီးကလည်း သူမအတွက် 'ကိုယ်ဝန်ဆောင်အမျိုးသမီး သီးသန့်ထိုင်ခုံ'ကို တပ်ဆင်ပေးတယ်။

ကားအတွင်းပိုင်းထဲမှာ၊ ရေမွှေးနံ့သင်းသင်းလေး ပျံ့လွင့်လို့နေတယ်။
ဟယ်ရှင်းချွမ်က သူ့ဖုန်းထုတ်ကာ၊ အပြင်ပတ်ဝန်းကျင်ရှုခင်းကို ဓာတ်ပုံရိုက်ယူတယ်။

ယန်ထန့်ဘက်ပါလှည့်လာပြီး
"ကော! ပြုံးပြဦး!"

ယန်ထန့်အပြုံးဟာ စိတ်မပါလက်မပါစတိုင်ဖြင့်။

"တကယ်တော့လေ၊ GIFလုပ်ဖို့ ဗီဒီယိုရိုက်လိုက်တာ"

"......"

ယန်ထန်ရဲ့ မဲခနဲဖြစ်သွားတဲ့မျက်နှာကြီးကို ကြည့်ရင်း၊ ဟယ်ရှင်းချွမ်ဟာ သဘောတကျရယ်မောတယ်။
ထို့နောက်မှာတော့၊ နည်းနည်းလေးတောင်စိတ်မခုဘဲ ထိုGIFကို Weiboပေါ်တင်လိုက်ပါတယ်။

ယန်ထန် သူ့ကိုပရိုပို့စ်လုပ်ပြီးကတည်းက၊ Weiboပေါ်ကလူတွေဟာ ဟယ်ရှင်းချွမ်ကိုသတိပြုမိကုန်ကျပြီ။
ပရိတ်သတ်တွေတောင် ရှိရင်ရှိနေဦးမှာ!

ဟယ်ရှင်းလျန်တို့ရဲ့ခေတ်မှာ၊ ရုပ်ရည်အလှအပ ကိုယ်ကျင့်တရားနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အချစ်ကိုရှာဖွေကျတယ်။

ယန်ထန့်အတွက်ကတော့...Emoticonsတွေကိုသဘောကျလို့ သူနဲ့တွဲနေတာများလား!?

[ ဖြူလေး: ရယ်ရတယ်.jpg ]

ဟယ်ရှင်းချွမ်ပို့စ်အောက်မှာ၊ ကောမန့်တွေ ချက်ချင်းစုပြုံတက်လာခဲ့တယ်။

[ တင်လုလုအတွက် လေးလံခြင်းနာမည်မပါဘဲ နာမည်မပေးနိုင်ဘူး: ထန်စတိုင် အပြုံးတုကြီး.jpg ]

[ နှလုံးသားအပေါ် လက်မလျော့လိုက်ပါနဲ့: ဟားဟားဟားဟား! ]

[ တုအာလို့အခေါ်ခံနေရတယ်: ငါ့အကြည့်နဲ့တင် ဘာကိုဆိုလိုလဲဆိုတာနားလည်သင့်နေပြီ.jpg ]

[ ပေါင်ဟောက်က သူ့အမျိုးသားကိုအရယူပြီးပြီ: ပို့စ်ပိုင်ရှင်ကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ဟားဟားဟား! သူက ဘော့စ်ထန်နဲ့လက်ထပ်ထားတဲ့တစ်ယောက်မလား? ]

[ အားတုန်ရဲ့ဦးနှောက်ကင်ဆာနဲ့ ဖန်လိုနှလုံးသားလေး: အိုး! သူ့ကို ငါတို့ရှာတွေ့ပြီ!!! ]

[ ကျုံးတုန်ယဲ့: ဘော့စ်ထန်ကို အပိုင်သိမ်းသွားတဲ့မှင်စာလေးက ဒီတစ်ယောက်လား!? အထူးထုတ် အရေအတွက်ကန့်သတ်ထားသော ထန်ကော.jpg ]

ဟယ်ရှင်းချွမ်တစ်ယောက် Emoticonsအသစ်တွေ စုဆောင်းပြီးချိန်မှာ၊ ဝူကျင်းရဲ့ဟိုတယ်ဆီသို့ ဆိုက်ရောက်နေခဲ့ပြီ။

ဖက်တီးနဲ့လီချင်းက ရှီချင်းချင်းကိုကူညီပေးနေတယ်၊ အထုပ်အပိုးတွေကို ချဖို့အတွက်ကောပဲ။
ဝူကျင်းက ဟိုတယ်ကိုမိတ်ဆက်ပေးတယ်။

"စိုက်ခင်းတွေနဲ့ ကြိုချိန်းထားတယ်၊ အဲ့ကကြွေပန်းတွေ တော်တော်လှတာ။ စျေးလေးဘာလေးလျောက်ဝယ်ကျပြီး၊ ဓာတ်ပုံလည်းရိုက်ကျတာပေါ့"

လီချင်းက သူ့လက်ထဲရှိကင်မရာကိုမြှောက်ပြကာ
"ချင်းချင်းကို အမှတ်တရဓာတ်ပုံရိုက်ပေးရအောင်! ကလေးကြီးလာရင် ပြလို့ရတာပေါ့"

"ရှင်းချွမ်နဲ့ငါ မလိုက်တော့ဘူး၊ သူက ဝတ်မှုန်အလက်ဂျီရှိတယ်။ ငါတို့ဘာသာပဲ နေရာရှာလိုက်တော့မယ်"

"ဟုတ်ပြီလေ၊ ဟိုတယ်အနောက်ဘက်မှာ စကူတာတွေရှိတယ်။ တောင်ပေါ်မှာစီးလို့ရတာပေါ့၊ ဒီရာသီက ခရီးသွားနည်းတော့လူရှင်းတယ်"
ဝူကျင်းက ပြောလာတယ်။

စကူတာက လေကာမှန်တွေမပါဘူး၊ ဟယ်ရှင်းချွမ်ဟာ အရှိန်ဖြင့်ရိုက်ခတ်တဲ့လေထုကြောင့် တဆတ်ဆတ်တုန်နေရပြီ။
အဲ့တော့၊ ယန်ထန်က စကူတာကိုရပ်လိုက်တယ်။
ခြေကျင်နဲ့ပဲ တောင်တက်ပါတော့မယ်လေ။

လမ်းတစ်လျောက်မှာ၊ ကားတွေလုံးဝမတွေ့ရဘူး။
ဖြောင့်တန်းပြီးစိမ်းစိုနေတဲ့သစ်ပင်များဟာ ဘယ်ညာစီတန်းလို့။

ဟယ်ရှင်းချွမ်က လတ်ဆတ်တဲ့လေထုကို ခပ်ဝဝတစ်ချက်ရှူသွင်းလိုက်ပြီး
"ကောင်းလိုက်တဲ့ပတ်ဝန်းကျင်လေး!"

...

စိတ်မကောင်းစွာနဲ့ပဲ၊ ယန်ထန့်ကုမ္ပဏီမှာ ပြဿနာတစ်ခုပေါ်လာခဲ့တယ်။
ယန်ထန်ဟာ ညတောင်မအိပ်နိုင်ဘဲ၊ ချက်ချင်းပြန်သွားလေရဲ့။

ဟိုတယ်ပိုင်ရှင်ကိုယ်တိုင် ခရီးထွက်လာတာကြောင့်၊ ညစာဟာ တကယ့်ထိပ်တန်းအစားအစာတွေ။

ဖက်တီးက လီချင်းပေးထားတဲ့ 'ဆောင်ရန်ရှောင်ရန် မှတ်တမ်း'ကိုကြည့်ကာ၊ စားပွဲပေါ်မှအစားအသောက်တွေကို သေချာစစ်ဆေးနေတယ်။
အန္တရာယ်ကင်းတာသေချာတော့မှ၊ ရှီချင်းချင်းကို တူပေးကိုင်တယ်။

"ရှင်းချွမ်၊ ဘာတွေတွေးနေတာလဲ?"
ဟင်းသီးဟင်းရွက်စွပ်ပြုတ်ခွက်ကို ရှေ့ချပေးရင်း၊ လီချင်းက ဟယ်ရှင်းချွမ်ကိုမေးတယ်။

ဟယ်ရှင်းချွမ်ဟာ သတိပြန်ကပ်သွားတယ်။
"မဟုတ်ပါဘူး...ဒီလိုပဲ..."

ဝူကျင်းကပါ စကားဝိုင်းထဲဝင်ပါလာတယ်
"ဘာတွေစိတ်ပူနေတာလဲ? ထန့်ဆီမှာ ကိစ္စကြီးကြီးမားမားရှိလို့လား?"

သေချာတွေးတောပြီးနောက်မှာ၊ ဟယ်ရှင်းချွမ်ဟာ လက်ထဲမှတူကိုဘေးချလိုက်တယ်။
"...ငါအရင်ပြန်နှင့်တော့မယ်၊ ကားငှါးပေးလိုက်လို့ရမလား?"

"ထန်အမြန်ပြန်ပြေးသွားတာ၊ သူ့ကုမ္ပဏီကိစ္စကြောင့်မလား? ပြဿနာတက်လို့ဖြစ်ရမယ်!"

"ဝူကျင်း...ငါ အဆင်ပြေပါတယ်။ ငါ့ကို ကားသာငှါးပေးလိုက်ပါ"

ဝူကျင်းက သူ့ဘက်အကြည့်ရောက်လာတယ်
"အိုကေ! ဖက်တီးကားက ငါတို့လေးယောက်တော့ဆံ့မှာပါ"

ဟယ်ရှင်းချွမ်က အားနာပြုံးလေးပြုံးပြတယ်။
စွပ်ပြုတ်ခွက်ကို လတ်စသတ်ပြီးနောက်မှာ၊ သူတို့မြို့ဆီသို့ အမြန်ပြန်ရတယ်။

...

နှစ်သစ်ကူးကာလလေးကို ကောင်းမွန်စွာဖြတ်သန်းမလို့ပါပဲ...ယန်ထန်စီစဉ်ထားတာကပေါ့။
သို့သော်လည်း၊ ကုမ္ပဏီကိစ္စတွေဟာ နှောင့်နှေးလို့မှမဖြစ်ပေပဲ။

ယန်ထန့်မျက်နှာအမူအရာကြောင့်၊ အန်ဂျလာတောင်မှ မစနောက်ရဲတော့ဘူး။

ပြဿနာက ဂိမ်းရဲ့ထုတ်လုပ်မှုပိုင်းမှာမဟုတ်ဘူး။
ချစ်သူနှစ်ယောက်ရဲ့ဖလှယ်မှုက Weiboပေါ်မှာသိသာလွန်းသွားလို့ဖြစ်ရမယ်။
ဟယ်ရှင်းချွမ်ရဲ့ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားသွားခဲ့တယ်လေ။

ဟယ်ရှင်းချွမ်ကိုယ်တိုင်က အမြင့်ဆုံးအမှတ်နဲ့ဥပဒေတက္ကသိုလ်ကိုဝင်ခဲ့တာ။ ဘွဲ့ရပြီးတော့လည်း၊ ဝင်ငွေကောင်းတဲ့ရှေ့နေ့ရုံးချုပ်မှာ အလုပ်လုပ်နေတယ်။

သူနဲ့ပတ်သတ်ပြီးနာမည်ကြီးတာက၊ 'ဒုတိယမျိုးဆက်သခင်လေးရဲ့ စပွန်ဆာပေးခြင်းကိုခံရတယ်' ဆိုသောကောလဟာလသတင်း။

ယန်ထန်ဟာ ကောင်းဟုန်ဟူကို မျက်ထောင့်နီနဲ့လှမ်းကြည့်တယ်။

ကောင်းဟုန်ဟူတစ်ယောက်တော့ ပြည်သူ့ဆက်ဆံရေးဌာနဆီ အမြန်ပြေးသွားရပါတယ်။

သူ့ကို တိုက်ခိုက်လာရင်တောင်မှ၊ ယန်ထန်ဟာ စိတ်အေးအေးထားနိုင်မှာပါ။
ဟယ်ရှင်းချွမ်ကိုထိလာခဲ့ရင်တော့...ယန်ထန်တစ်ယောက် ဘယ်လိုမှစိတ်မအေးနိုင်တော့ပေ။

ပတ်သတ်ခဲ့ဖူးတဲ့သတင်းဌာနအချို့ဆီ ဆက်သွယ်လိုက်ပြီး၊ ပြည်သူ့ဆက်ဆံရေးဌာနဆီ သွားတယ်။

ယန်ထန်ဟာ တောက်လျောက်မျက်မှောင်ကြုတ်နေခဲ့ပါတယ်။

<T/N:

ကြွေပန်း(Begonias)

နန်ရှန်းတောင်(NanShen Mountain) >

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]

ဂိမ္းကစားခ်ိန္တိုင္းမွာ၊ ဟယ္ရွင္းခြၽမ္ရဲ႕ကာ႐ိုက္တာက Healerျဖစ္တယ္။
သူက အၿမဲတေစေယာက္်ားေလးကာ႐ိုက္တာကိုပဲ သုံးေလ့ရွိတယ္၊ ယန္ထန္႔ကာ႐ိုက္တာနဲ႔ယွဥ္တြဲလ်က္ေပါ့။

အင္တာနက္ေပၚမွာေတာ့ တစ္ခ်ိဳ႕လူေတြက မေက်မနပ္ေျပာစျပဳလာက်ၿပီ၊ ဒီဂိမ္းက အဆင့္အတန္းမရွိဘူးေတြ ဘာေတြညာေတြ။

ဒီလိုစကားေတြျမင္ခ်ိန္ဆို၊ ယန္ထန္ဟာ မ်က္လုံးသာလွန္ၾကည့္မိေတာ့တယ္။
ၿပီးရင္ေတာ့၊ ဟယ္ရွင္းခြၽမ္နဲ႔အတူ လိုင္းေပၚမွဆင္းတယ္။ သူ႔ျဖဴေလးက လုံးဝမွဂိမ္းမေဆာ့တတ္တဲ့ဟာ...သူလုပ္ခ်င္တာက သူ႔ရဲ႕ထန္ေကာနဲ႔အတူ ေလွ်ာက္ပတ္ၾကည့္ဖို႔ေလာက္ပဲ။
ေျမေအာက္ခန္း မစ္ရွင္ေတြအကုန္လုံးကို ယန္ထန္တစ္ေယာက္တည္းပဲေဆာ့ေနရတယ္!

ထန္ေကာမေက်နပ္ဘူး.jpg

...

ဝူက်င္းရဲ႕ဟိုတယ္က ေႏြဦးရာသီကုန္ခါနီးေလာက္မွ စတင္ဖြင့္လွစ္တယ္။
ဟိုတယ္က နန္ရွန္းေတာင္မွာ၊ သူတို႔တစ္အုပ္စုလုံး အတူသြားလည္ဖို႔စီစဥ္ထားတယ္ေလ။

ဒီခရီးရဲ႕VIPေလးက ရွီခ်င္းခ်င္း။
ဖက္တီးကလည္း သူမအတြက္ 'ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး သီးသန္႔ထိုင္ခုံ'ကို တပ္ဆင္ေပးတယ္။

ကားအတြင္းပိုင္းထဲမွာ၊ ေရေမႊးနံ႔သင္းသင္းေလး ပ်ံ႕လြင့္လို႔ေနတယ္။
ဟယ္ရွင္းခြၽမ္က သူ႔ဖုန္းထုတ္ကာ၊ အျပင္ပတ္ဝန္းက်င္ရႈခင္းကို ဓာတ္ပုံ႐ိုက္ယူတယ္။

ယန္ထန္႔ဘက္ပါလွည့္လာၿပီး
"ေကာ! ၿပဳံးျပဦး!"

ယန္ထန္႔အၿပဳံးဟာ စိတ္မပါလက္မပါစတိုင္ျဖင့္။

"တကယ္ေတာ့ေလ၊ GIFလုပ္ဖို႔ ဗီဒီယို႐ိုက္လိုက္တာ"

"......"

ယန္ထန္ရဲ႕ မဲခနဲျဖစ္သြားတဲ့မ်က္ႏွာႀကီးကို ၾကည့္ရင္း၊ ဟယ္ရွင္းခြၽမ္ဟာ သေဘာတက်ရယ္ေမာတယ္။
ထို႔ေနာက္မွာေတာ့၊ နည္းနည္းေလးေတာင္စိတ္မခုဘဲ ထိုGIFကို Weiboေပၚတင္လိုက္ပါတယ္။

ယန္ထန္ သူ႔ကိုပ႐ိုပို႔စ္လုပ္ၿပီးကတည္းက၊ Weiboေပၚကလူေတြဟာ ဟယ္ရွင္းခြၽမ္ကိုသတိျပဳမိကုန္က်ၿပီ။
ပရိတ္သတ္ေတြေတာင္ ရွိရင္ရွိေနဦးမွာ!

ဟယ္ရွင္းလ်န္တို႔ရဲ႕ေခတ္မွာ၊ ႐ုပ္ရည္အလွအပ ကိုယ္က်င့္တရားနဲ႔ စြမ္းေဆာင္ရည္အေပၚမူတည္ၿပီး အခ်စ္ကိုရွာေဖြက်တယ္။

ယန္ထန္႔အတြက္ကေတာ့...Emoticonsေတြကိုသေဘာက်လို႔ သူနဲ႔တြဲေနတာမ်ားလား!?

[ ျဖဴေလး: ရယ္ရတယ္.jpg ]

ဟယ္ရွင္းခြၽမ္ပို႔စ္ေအာက္မွာ၊ ေကာမန္႔ေတြ ခ်က္ခ်င္းစုၿပဳံတက္လာခဲ့တယ္။

[ တင္လုလုအတြက္ ေလးလံျခင္းနာမည္မပါဘဲ နာမည္မေပးႏိုင္ဘူး: ထန္စတိုင္ အၿပဳံးတုႀကီး.jpg ]

[ ႏွလုံးသားအေပၚ လက္မေလ်ာ့လိုက္ပါနဲ႔: ဟားဟားဟားဟား! ]

[ တုအာလို႔အေခၚခံေနရတယ္: ငါ့အၾကည့္နဲ႔တင္ ဘာကိုဆိုလိုလဲဆိုတာနားလည္သင့္ေနၿပီ.jpg ]

[ ေပါင္ေဟာက္က သူ႔အမ်ိဳးသားကိုအရယူၿပီးၿပီ: ပို႔စ္ပိုင္ရွင္ကို ေက်းဇူးအထူးတင္ရွိပါတယ္၊ ဟားဟားဟား! သူက ေဘာ့စ္ထန္နဲ႔လက္ထပ္ထားတဲ့တစ္ေယာက္မလား? ]

[ အားတုန္ရဲ႕ဦးေႏွာက္ကင္ဆာနဲ႔ ဖန္လိုႏွလုံးသားေလး: အိုး! သူ႔ကို ငါတို႔ရွာေတြ႕ၿပီ!!! ]

[ က်ဳံးတုန္ယဲ့: ေဘာ့စ္ထန္ကို အပိုင္သိမ္းသြားတဲ့မွင္စာေလးက ဒီတစ္ေယာက္လား!? အထူးထုတ္ အေရအတြက္ကန္႔သတ္ထားေသာ ထန္ေကာ.jpg ]

ဟယ္ရွင္းခြၽမ္တစ္ေယာက္ Emoticonsအသစ္ေတြ စုေဆာင္းၿပီးခ်ိန္မွာ၊ ဝူက်င္းရဲ႕ဟိုတယ္ဆီသို႔ ဆိုက္ေရာက္ေနခဲ့ၿပီ။

ဖက္တီးနဲ႔လီခ်င္းက ရွီခ်င္းခ်င္းကိုကူညီေပးေနတယ္၊ အထုပ္အပိုးေတြကို ခ်ဖို႔အတြက္ေကာပဲ။
ဝူက်င္းက ဟိုတယ္ကိုမိတ္ဆက္ေပးတယ္။

"စိုက္ခင္းေတြနဲ႔ ႀကိဳခ်ိန္းထားတယ္၊ အဲ့ကေႂကြပန္းေတြ ေတာ္ေတာ္လွတာ။ ေစ်းေလးဘာေလးေလ်ာက္ဝယ္က်ၿပီး၊ ဓာတ္ပုံလည္း႐ိုက္က်တာေပါ့"

လီခ်င္းက သူ႔လက္ထဲရွိကင္မရာကိုေျမႇာက္ျပကာ
"ခ်င္းခ်င္းကို အမွတ္တရဓာတ္ပုံ႐ိုက္ေပးရေအာင္! ကေလးႀကီးလာရင္ ျပလို႔ရတာေပါ့"

"ရွင္းခြၽမ္နဲ႔ငါ မလိုက္ေတာ့ဘူး၊ သူက ဝတ္မႈန္အလက္ဂ်ီရွိတယ္။ ငါတို႔ဘာသာပဲ ေနရာရွာလိုက္ေတာ့မယ္"

"ဟုတ္ၿပီေလ၊ ဟိုတယ္အေနာက္ဘက္မွာ စကူတာေတြရွိတယ္။ ေတာင္ေပၚမွာစီးလို႔ရတာေပါ့၊ ဒီရာသီက ခရီးသြားနည္းေတာ့လူရွင္းတယ္"
ဝူက်င္းက ေျပာလာတယ္။

စကူတာက ေလကာမွန္ေတြမပါဘူး၊ ဟယ္ရွင္းခြၽမ္ဟာ အရွိန္ျဖင့္႐ိုက္ခတ္တဲ့ေလထုေၾကာင့္ တဆတ္ဆတ္တုန္ေနရၿပီ။
အဲ့ေတာ့၊ ယန္ထန္က စကူတာကိုရပ္လိုက္တယ္။
ေျခက်င္နဲ႔ပဲ ေတာင္တက္ပါေတာ့မယ္ေလ။

လမ္းတစ္ေလ်ာက္မွာ၊ ကားေတြလုံးဝမေတြ႕ရဘူး။
ေျဖာင့္တန္းၿပီးစိမ္းစိုေနတဲ့သစ္ပင္မ်ားဟာ ဘယ္ညာစီတန္းလို႔။

ဟယ္ရွင္းခြၽမ္က လတ္ဆတ္တဲ့ေလထုကို ခပ္ဝဝတစ္ခ်က္ရွဴသြင္းလိုက္ၿပီး
"ေကာင္းလိုက္တဲ့ပတ္ဝန္းက်င္ေလး!"

...

စိတ္မေကာင္းစြာနဲ႔ပဲ၊ ယန္ထန္႔ကုမၸဏီမွာ ျပႆနာတစ္ခုေပၚလာခဲ့တယ္။
ယန္ထန္ဟာ ညေတာင္မအိပ္ႏိုင္ဘဲ၊ ခ်က္ခ်င္းျပန္သြားေလရဲ႕။

ဟိုတယ္ပိုင္ရွင္ကိုယ္တိုင္ ခရီးထြက္လာတာေၾကာင့္၊ ညစာဟာ တကယ့္ထိပ္တန္းအစားအစာေတြ။

ဖက္တီးက လီခ်င္းေပးထားတဲ့ 'ေဆာင္ရန္ေရွာင္ရန္ မွတ္တမ္း'ကိုၾကည့္ကာ၊ စားပြဲေပၚမွအစားအေသာက္ေတြကို ေသခ်ာစစ္ေဆးေနတယ္။
အႏၲရာယ္ကင္းတာေသခ်ာေတာ့မွ၊ ရွီခ်င္းခ်င္းကို တူေပးကိုင္တယ္။

"ရွင္းခြၽမ္၊ ဘာေတြေတြးေနတာလဲ?"
ဟင္းသီးဟင္း႐ြက္စြပ္ျပဳတ္ခြက္ကို ေရွ႕ခ်ေပးရင္း၊ လီခ်င္းက ဟယ္ရွင္းခြၽမ္ကိုေမးတယ္။

ဟယ္ရွင္းခြၽမ္ဟာ သတိျပန္ကပ္သြားတယ္။
"မဟုတ္ပါဘူး...ဒီလိုပဲ..."

ဝူက်င္းကပါ စကားဝိုင္းထဲဝင္ပါလာတယ္
"ဘာေတြစိတ္ပူေနတာလဲ? ထန္႔ဆီမွာ ကိစၥႀကီးႀကီးမားမားရွိလို႔လား?"

ေသခ်ာေတြးေတာၿပီးေနာက္မွာ၊ ဟယ္ရွင္းခြၽမ္ဟာ လက္ထဲမွတူကိုေဘးခ်လိုက္တယ္။
"...ငါအရင္ျပန္ႏွင့္ေတာ့မယ္၊ ကားငွါးေပးလိုက္လို႔ရမလား?"

"ထန္အျမန္ျပန္ေျပးသြားတာ၊ သူ႔ကုမၸဏီကိစၥေၾကာင့္မလား? ျပႆနာတက္လို႔ျဖစ္ရမယ္!"

"ဝူက်င္း...ငါ အဆင္ေျပပါတယ္။ ငါ့ကို ကားသာငွါးေပးလိုက္ပါ"

ဝူက်င္းက သူ႔ဘက္အၾကည့္ေရာက္လာတယ္
"အိုေက! ဖက္တီးကားက ငါတို႔ေလးေယာက္ေတာ့ဆံ့မွာပါ"

ဟယ္ရွင္းခြၽမ္က အားနာၿပဳံးေလးၿပဳံးျပတယ္။
စြပ္ျပဳတ္ခြက္ကို လတ္စသတ္ၿပီးေနာက္မွာ၊ သူတို႔ၿမိဳ႕ဆီသို႔ အျမန္ျပန္ရတယ္။

...

ႏွစ္သစ္ကူးကာလေလးကို ေကာင္းမြန္စြာျဖတ္သန္းမလို႔ပါပဲ...ယန္ထန္စီစဥ္ထားတာကေပါ့။
သို႔ေသာ္လည္း၊ ကုမၸဏီကိစၥေတြဟာ ေႏွာင့္ေႏွးလို႔မွမျဖစ္ေပပဲ။

ယန္ထန္႔မ်က္ႏွာအမူအရာေၾကာင့္၊ အန္ဂ်လာေတာင္မွ မစေနာက္ရဲေတာ့ဘူး။

ျပႆနာက ဂိမ္းရဲ႕ထုတ္လုပ္မႈပိုင္းမွာမဟုတ္ဘူး။
ခ်စ္သူႏွစ္ေယာက္ရဲ႕ဖလွယ္မႈက Weiboေပၚမွာသိသာလြန္းသြားလို႔ျဖစ္ရမယ္။
ဟယ္ရွင္းခြၽမ္ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြ ေပါက္ၾကားသြားခဲ့တယ္ေလ။

ဟယ္ရွင္းခြၽမ္ကိုယ္တိုင္က အျမင့္ဆုံးအမွတ္နဲ႔ဥပေဒတကၠသိုလ္ကိုဝင္ခဲ့တာ။ ဘြဲ႕ရၿပီးေတာ့လည္း၊ ဝင္ေငြေကာင္းတဲ့ေရွ႕ေန႔႐ုံးခ်ဳပ္မွာ အလုပ္လုပ္ေနတယ္။

သူနဲ႔ပတ္သတ္ၿပီးနာမည္ႀကီးတာက၊ 'ဒုတိယမ်ိဳးဆက္သခင္ေလးရဲ႕ စပြန္ဆာေပးျခင္းကိုခံရတယ္' ဆိုေသာေကာလဟာလသတင္း။

ယန္ထန္ဟာ ေကာင္းဟုန္ဟူကို မ်က္ေထာင့္နီနဲ႔လွမ္းၾကည့္တယ္။

ေကာင္းဟုန္ဟူတစ္ေယာက္ေတာ့ ျပည္သူ႔ဆက္ဆံေရးဌာနဆီ အျမန္ေျပးသြားရပါတယ္။

သူ႔ကို တိုက္ခိုက္လာရင္ေတာင္မွ၊ ယန္ထန္ဟာ စိတ္ေအးေအးထားႏိုင္မွာပါ။
ဟယ္ရွင္းခြၽမ္ကိုထိလာခဲ့ရင္ေတာ့...ယန္ထန္တစ္ေယာက္ ဘယ္လိုမွစိတ္မေအးႏိုင္ေတာ့ေပ။

ပတ္သတ္ခဲ့ဖူးတဲ့သတင္းဌာနအခ်ိဳ႕ဆီ ဆက္သြယ္လိုက္ၿပီး၊ ျပည္သူ႔ဆက္ဆံေရးဌာနဆီ သြားတယ္။

ယန္ထန္ဟာ ေတာက္ေလ်ာက္မ်က္ေမွာင္ၾကဳတ္ေနခဲ့ပါတယ္။

<T/N:

ေႂကြပန္း(Begonias)

နန္ရွန္းေတာင္(NanShen Mountain) >

Continue Reading

You'll Also Like

178K 27.3K 65
Author : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and art...
1.8K 189 2
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - My wife is straight Original Autho...
5.2K 496 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...
514K 84.1K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras