Hedgehog And Tiger [Myanmar T...

By Prunus_Tae

328K 53.8K 1.3K

Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I do... More

|Intro|
|1|
|2|
|3|
|4|
|5|
|6|
|7|
|8|
|9|
|10|
|11|
|12|
|13|
|14|
|15|
|16|
|17|
|18|
|19|
|20|
|21|
|22|
|23|
|24|
|25|
|26|
|27|
|28|
|29|
|30|
|31|
|32|
|33|
|34|
|35|
|36|
|37|
|38|
|39|
|40|
|41|
|42|
|43|
|44|
|45|
|46|
|47|
|48|
|49|
|50|
|51|
|52|
|53|
|54|
|55|
|56|
|57|
|58|
|59|
|60|
|61|
|62|
|63|
|64|
|65|
|66|
|67|
|68|
|69|
|70|
|71|
|72|
|73|
|74|
|75|
|76|
|77|
|78|
|79|
|80|
|81|
|82|
|83|
|84|
|85|
|86|
|87|
|88|
|89|
|90|
|91|
|92|
|93|
|94|
|95|
|96|
|97|
|98|
|99|
|100|
|101|
|102|
|103|
|104|
|105|
|106|
|107|
|108|
|109|
|110|
|111|
|112|
|113|
|114|
|115|
|116|
|117|
|118|
|119|
|120|
|121|
|122|
|123|
|124|
|126|
|127|
|128|
|129 - END|
|Extra 1|
|Extra 2|
|Extra 3|
|Extra 4|
|Extra 5|
|Extra 6|
|Extra 7|
|Extra 8|
|Extra 9|

|125|

1.5K 263 10
By Prunus_Tae

[Unicode]

စန်းအာက WeChatတစ်ခုကလွဲပြီး၊ ကျန်တာဘာဆိုဘာမှမရှိတဲ့ဟယ်ရှင်းချွမ်ဖုန်းကို ငေးနေမိတယ်။
Weiboကို ကိုယ့်ဟာကိုယ်ပဲဒေါင်းလုတ်ဆွဲပေးလိုက်တယ်၊ ဖန်ကျင်းဇီပြန်မလာခင်လေးကို အမြန်အကောင့်ဖွင့်ပေးရတယ်။

"ထန်ကောရဲ့Weiboအကောင့်ကတော့ လုံးဝကိုဟော့နေပြီပဲ! ရှင်းချွမ် စိတ်မပူပါနဲ့၊ ငါစောင့်ကြည့်ပေးထားပါ့မယ်!"
အားတက်သရောတွေဖြစ်နေသူစန်းအာကို သူ့ရဲ့ရှေ့နေရုံးခန်းက လှမ်းအော်ခေါ်လာလေရဲ့။
စန်းအာက ဟယ်ရှင်းချွမ်လက်ထဲ ဖုန်းကိုအမြန်ထိုးပေးလိုက်ပြီး၊ ပါးစပ်ကလည်း ပြောနေသေးတယ်
"ငါတော့ ပြန်သွားလိုက်ဦးမယ်၊ ထန်ကောကို ငါ့ကိုပြန်Followလုပ်ခိုင်းဖို့ မမေ့နဲ့ဦးနော်!"

ရုံးခန်းတံခါးကိုဆွဲဖွင့်ကာ၊ လျင်မြန်စွာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဟယ်ရှင်းချွမ်ကတော့ ယန်ထန့်Weiboအကောင့်ကို သေချာကြည့်ရှုနေတယ်။ ယန်ထန်Followထားတာက အိုက်ထန်ဂိမ်းစတူဒီယိုတစ်ခုပဲရှိတယ်။
တင်ထားတာအများစုက ဂိမ်းနဲ့သက်ဆိုင်တဲ့ပို့စ်တွေ၊ နေ့စဉ်နေ့တိုင်းတင်လေ့လည်းမရှိဘူး။

ယန်ထန်ရဲ့အင်တာဗျူးက အတော်နာမည်ကြီးသွားခဲ့တယ်လေ၊ ကောမန့်တွေမှအများကြီးပဲ။

[ နိုင်လို နိုင်ရို: Repostတွေများလှချည်လား!? ဟားဟားဟား! ခွေးခေါင်း.jpg ]

[ မွန်းစတားလေး: ဟားဟားဟား!လို့ပြောနေတာတွေ ရပ်လိုက်စမ်း! ငါထီပေါက်ဖြစ်ခဲ့ရင်တောင်၊ သူ့အတွက်ပဲ အကုန်ဖြုန်းပစ်လိုက်တော့မယ်! ]

[ Tsundere ရှီရှဟွမ်မို: ထန်ကောရဲ့ဒီပုံက တကယ်ကြီးကိုချောတာ! ရုပ်ပုံ.jpg ]

[ ငါ့ခါးကို ငါပဲဖြတ်မိတော့မယ်: အပေါ်ထပ်က အစ်မကြီး၊ Originalပုံလေးရှိရင် မစပါဦး! ]

[ အချက်အလက်တွေ အမြန်အလိုရှိသည်၊ နာမည်အစလည်း အလိုရှိသည်: +1 အပေါ်ထပ် ]

သွက်လက်လျင်မြန်လှတဲ့အသုံးပြုသူတွေဟာ၊ ယန်ထန့်မျက်နှာပေးအမျိုးမျိုးကို Memesတွေအဖြစ်တောင် ထုတ်လုပ်ပြီးစီးနေပါပြီ။

ဟယ်ရှင်းချွမ်ဟာဖြင့် ရုံးခန်းကြီးထဲ ပုံတွေSaveရင်း ၊ ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး။

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ငါ့ကို မကြိုက်ပါနဲ့၊ ရလာဒ်ကောင်းမှာမဟုတ်ဘူး.jpg ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ငါ့အကြည့်နဲ့တင် ဘာကိုဆိုလိုလဲဆိုတာနားလည်သင့်နေပြီ.jpg ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: မင်းမျက်နှာက ဘယ်လိုဖြစ်နေတာလဲ.jpg ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ထန် Emoticonတွေက အသုံးပြုရလွယ်ကူတာပဲ! ]

[ လီချင်းတော့ မျက်မှန်ပါဝါတိုးသွားပြန်ပြီ: ဟားဟားဟား! တကယ့်ကိုOriginalဆန်ဆန်ပဲ! ]

[ ဝူကျင်းရဲ့နောက်ဆုံးပေါ်နည်းပညာ: ဟားဟားဟား! ]

[ ဝူကျင်းရဲ့နောက်ဆုံးပေါ်နည်းပညာ: အသုံးချစမ်းပါ၊ မင်းလွတ်မြောက်နိုင်ပါတယ်.jpg ]

[ အသန်မာဆုံးMVP ဖက်တီး: ကမ္ဘာကြီးပြောင်းလဲကုန်တာလား? ငါဘာတွေလွတ်သွားသေးလဲ? ]

[ ဝူကျင်းရဲ့နောက်ဆုံးပေါ်နည်းပညာ: http://xxxx ]

[ အသန်မာဆုံးMVP ဖက်တီး: ထန်ထန်မမှားဘူး၊ ထန်ထန့်ကို မဆူနဲ့၊ ထန်ထန်ကြောက်တယ်.jpg ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ဟားဟားဟား! ]

[ လီချင်းတော့ မျက်မှန်ပါဝါတိုးသွားပြန်ပြီ: ဟားဟားဟား! ]

[ ဝူကျင်းရဲ့နောက်ဆုံးပေါ်နည်းပညာ: ဟားဟားဟား! ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: နှုတ်ဆက်အပြုံးလေး.jpg ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ငါက မင်းရဲ့ဘေဘီလေးမဟုတ်ဘူး.jpg ]

ဖန်ကျင်းဇီ ရုံးခန်းထဲပြန်ဝင်လာချိန်မှပဲ၊ ဟယ်ရှင်းချွမ်တစ်ယောက် ဖုန်းချပြီးအလုပ်လုပ်ပါတော့တယ်။
သို့သော်လည်း...သူ့နှုတ်ခမ်းထောင့်စွန်းလေးထက်မှာ အပြုံးတို့တွဲလွဲခိုနေတုန်းပင်။

...

ယန်ထန့်အင်တာဗျူးရဲ့အကူအညီတို့မှတစ်ဆင့်၊ ဂိမ်းဟာ နာမည်ကြီးသထက်ကြီးလာတယ်။
နှစ်ရှည်လများ ဂိမ်းဆော့ခဲ့သူတစ်ယောက်အနေဖြင့်...စက်ပိုင်းဆိုင်ရာထောက်ပံ့ပစ္စည်းများဟာလည်း အရေးကြီးတယ်ဆိုတာကို၊ ယန်ထန်က ကောင်းစွာနားလည်ထားတယ်။
ထို့ကြောင့်ပဲ၊ စီမံခန့်ခွဲရေးဌာနမှလူတွေဟာ နေ့နေ့ညညအလုပ်ရှုပ်နေရပြန်ပါတယ်။

အလုပ်ဆင်းလာတဲ့ဟယ်ရှင်းချွမ်ဟာ၊ ပူပူနွေးနွေးချင်းကွတ်ကီးဗူးလေးပိုက်လျက် ယန်ထန့်ကုမ္ပဏီဆီရောက်လာတယ်။

အခြားဌာနတွေက တည်ငြိမ်နေခဲ့ပေမဲ့၊ စီမံခန့်ခွဲရေးဌာနရဲ့လေထုကြီးကတော့ တင်းကြပ်ပြီးမှောင်မှိုင်းနေသကဲ့သို့ပင်။
မသိရင်၊ စည်းခြားထားတဲ့ကမ္ဘာနှစ်ခုအလားပဲ!
လားလားမှမဆိုင်တဲ့ပုံစံမျိုးကြီး!

ဌာနအတွင်းပိုင်းထဲကို၊ ဟယ်ရှင်းချွမ်က လှမ်းချောင်းကြည့်တယ်။
ခပ်တင်းတင်းမျက်နှာထားနဲ့ယန်ထန်ဟာ ထိုင်ခုံပေါ်ထိုင်ရင်း၊ သူ့ဘေးရှိလူကို စကားပြောနေတယ်။
ထိုလူရဲ့ဦးခေါင်းကတော့ ယန်ထန့်ပါးစပ်တစ်ခါလှုပ်တိုင်း၊ နိမ့်သထက်နိမ့်ကျလာခဲ့တယ်။

အမှားလုပ်မိထားတာလား မသိဘူး???

ကွတ်ကီးဗူးကိုဘေးချပြီး၊ ဘေးမှဖြတ်လျှောက်သွားတဲ့လူကို ပုခုံးပုတ်လိုက်ကာ
"ဟေး၊ မင်းတို့ဘော့စ်က ဘာဖြစ်ထားတာလဲ? မျက်နှာကြီးက တင်းမာနေတာပဲ?"

သူ့ဘက်လှည့်လာတဲ့ထိုလူဟာ၊ ကြောက်စရာကောင်းလောက်အောင် မျက်ကွင်းတွေညိုမဲနေခဲ့တယ်။
အိပ်ကောအိပ်ရရဲ့လား!?

လက်ညှိုးတွေကိုထောင်ကာ၊ မိမိခေါင်းပေါ်ကပ်တင်လာပြီး
"ငါ့ခေါင်းပေါ်ကဦးမျှင်တံတွေကို မြင်လား? လူမဟုတ်တော့ဘူး၊ ငါက အလုပ်ကြိုးစားတဲ့ပျားလေး!"

စကားအဆုံးမှာတော့၊ ရုံးခန်းထဲပြန်ဝင်သွားလေရဲ့။

ဟယ်ရှင်းချွမ်: "......"

ယန်ထန့်စနက်နဲ့ ရူးခါသွားသူ...နောက်တစ်ယောက်ထပ်တိုးလာပြန်ပြီ။

ယန်ထန်က အလုပ်များနေတာပဲ။
အဲ့တော့ ဝင်ရှုပ်မနေတော့ပါဘူး။ တိတ်တိတ်လေးပြန်ထွက်လာခဲ့ပြီး၊ အန်ဂျလာ့ရုံးခန်းဆီ လျှောက်လာလိုက်တယ်။

အန်ဂျလာ့ရုံးခန်းဟာ လက်သည်းဆိုးဆေးနံ့များထုံလွှမ်းလို့။ ဆိုဖာပေါ်ထိုင်လျက်၊ ခြေထောက်ကိုစားပွဲပေါ်တင်ကာ ခြေသည်းထိုင်ဆိုးနေတယ်။
ဟယ်ရှင်းချွမ်ကိုမြင်တော့၊ ဝမ်းသာအားရလက်လှမ်းပြပါတယ်။
"ချွမ်!"

"အလုပ်မလုပ်ဘူးလား? တစ်ကုမ္ပဏီလုံး ယောက်ယက်တွေခတ်နေတဲ့ဟာကို"

"ဟေး! ငါလုပ်နိုင်တာဘာမှမရှိဘူးလေ။ ဒီအတိုင်းလေးပဲ အေးဆေးနေပါရစေ! "

"အန်ဂျလာ့ထက်ပိုတော်တဲ့သူတွေတောင် အရမ်းအလုပ်ကြိုးစားနေကျတာနော်။ အန်ဂျလာကတော့ ထိုင်ပျင်းနေတယ်!"

"ငါ့ထက်ပိုတော်သူတွေက အလုပ်ကြိုးစားနေမှတော့၊ ငါဝင်ကြိုးစားလည်း ဘာထူးလာမှာလဲ?"

"......"

အရမ်းကိုမှန်ကန်တဲ့ တွေးခေါ်ယူဆမှုကြီးပါလား...ပြန်တောင်မငြင်းနိုင်တော့ဘူး!

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]

စန္းအာက WeChatတစ္ခုကလြဲၿပီး၊ က်န္တာဘာဆိုဘာမွမရွိတဲ့ဟယ္ရွင္းခြၽမ္ဖုန္းကို ေငးေနမိတယ္။
Weiboကို ကိုယ့္ဟာကိုယ္ပဲေဒါင္းလုတ္ဆြဲေပးလိုက္တယ္၊ ဖန္က်င္းဇီျပန္မလာခင္ေလးကို အျမန္အေကာင့္ဖြင့္ေပးရတယ္။

"ထန္ေကာရဲ႕Weiboအေကာင့္ကေတာ့ လုံးဝကိုေဟာ့ေနၿပီပဲ! ရွင္းခြၽမ္ စိတ္မပူပါနဲ႔၊ ငါေစာင့္ၾကည့္ေပးထားပါ့မယ္!"
အားတက္သေရာေတြျဖစ္ေနသူစန္းအာကို သူ႔ရဲ႕ေရွ႕ေန႐ုံးခန္းက လွမ္းေအာ္ေခၚလာေလရဲ႕။
စန္းအာက ဟယ္ရွင္းခြၽမ္လက္ထဲ ဖုန္းကိုအျမန္ထိုးေပးလိုက္ၿပီး၊ ပါးစပ္ကလည္း ေျပာေနေသးတယ္
"ငါေတာ့ ျပန္သြားလိုက္ဦးမယ္၊ ထန္ေကာကို ငါ့ကိုျပန္Followလုပ္ခိုင္းဖို႔ မေမ့နဲ႔ဦးေနာ္!"

႐ုံးခန္းတံခါးကိုဆြဲဖြင့္ကာ၊ လ်င္ျမန္စြာပဲ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။

ဟယ္ရွင္းခြၽမ္ကေတာ့ ယန္ထန္႔Weiboအေကာင့္ကို ေသခ်ာၾကည့္ရႈေနတယ္။ ယန္ထန္Followထားတာက အိုက္ထန္ဂိမ္းစတူဒီယိုတစ္ခုပဲရွိတယ္။
တင္ထားတာအမ်ားစုက ဂိမ္းနဲ႔သက္ဆိုင္တဲ့ပို႔စ္ေတြ၊ ေန႔စဥ္ေန႔တိုင္းတင္ေလ့လည္းမရွိဘူး။

ယန္ထန္ရဲ႕အင္တာဗ်ဴးက အေတာ္နာမည္ႀကီးသြားခဲ့တယ္ေလ၊ ေကာမန္႔ေတြမွအမ်ားႀကီးပဲ။

[ ႏိုင္လို ႏိုင္႐ို: Repostေတြမ်ားလွခ်ည္လား!? ဟားဟားဟား! ေခြးေခါင္း.jpg ]

[ မြန္းစတားေလး: ဟားဟားဟား!လို႔ေျပာေနတာေတြ ရပ္လိုက္စမ္း! ငါထီေပါက္ျဖစ္ခဲ့ရင္ေတာင္၊ သူ႔အတြက္ပဲ အကုန္ျဖဳန္းပစ္လိုက္ေတာ့မယ္! ]

[ Tsundere ရွီရွဟြမ္မို: ထန္ေကာရဲ႕ဒီပုံက တကယ္ႀကီးကိုေခ်ာတာ! ႐ုပ္ပုံ.jpg ]

[ ငါ့ခါးကို ငါပဲျဖတ္မိေတာ့မယ္: အေပၚထပ္က အစ္မႀကီး၊ Originalပုံေလးရွိရင္ မစပါဦး! ]

[ အခ်က္အလက္ေတြ အျမန္အလိုရွိသည္၊ နာမည္အစလည္း အလိုရွိသည္: +1 အေပၚထပ္ ]

သြက္လက္လ်င္ျမန္လွတဲ့အသုံးျပဳသူေတြဟာ၊ ယန္ထန္႔မ်က္ႏွာေပးအမ်ိဳးမ်ိဳးကို Memesေတြအျဖစ္ေတာင္ ထုတ္လုပ္ၿပီးစီးေနပါၿပီ။

ဟယ္ရွင္းခြၽမ္ဟာျဖင့္ ႐ုံးခန္းႀကီးထဲ ပုံေတြSaveရင္း ၊ ရယ္ခ်င္စိတ္ကို မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး။

[ စာက်က္ေနတယ္ မေႏွာင့္ယွက္ပါႏွင့္: ငါ့ကို မႀကိဳက္ပါနဲ႔၊ ရလာဒ္ေကာင္းမွာမဟုတ္ဘူး.jpg ]

[ စာက်က္ေနတယ္ မေႏွာင့္ယွက္ပါႏွင့္: ငါ့အၾကည့္နဲ႔တင္ ဘာကိုဆိုလိုလဲဆိုတာနားလည္သင့္ေနၿပီ.jpg ]

[ စာက်က္ေနတယ္ မေႏွာင့္ယွက္ပါႏွင့္: မင္းမ်က္ႏွာက ဘယ္လိုျဖစ္ေနတာလဲ.jpg ]

[ စာက်က္ေနတယ္ မေႏွာင့္ယွက္ပါႏွင့္: ထန္ Emoticonေတြက အသုံးျပဳရလြယ္ကူတာပဲ! ]

[ လီခ်င္းေတာ့ မ်က္မွန္ပါဝါတိုးသြားျပန္ၿပီ: ဟားဟားဟား! တကယ့္ကိုOriginalဆန္ဆန္ပဲ! ]

[ ဝူက်င္းရဲ႕ေနာက္ဆုံးေပၚနည္းပညာ: ဟားဟားဟား! ]

[ ဝူက်င္းရဲ႕ေနာက္ဆုံးေပၚနည္းပညာ: အသုံးခ်စမ္းပါ၊ မင္းလြတ္ေျမာက္ႏိုင္ပါတယ္.jpg ]

[ အသန္မာဆုံးMVP ဖက္တီး: ကမာၻႀကီးေျပာင္းလဲကုန္တာလား? ငါဘာေတြလြတ္သြားေသးလဲ? ]

[ ဝူက်င္းရဲ႕ေနာက္ဆုံးေပၚနည္းပညာ: http://xxxx ]

[ အသန္မာဆုံးMVP ဖက္တီး: ထန္ထန္မမွားဘူး၊ ထန္ထန္႔ကို မဆူနဲ႔၊ ထန္ထန္ေၾကာက္တယ္.jpg ]

[ စာက်က္ေနတယ္ မေႏွာင့္ယွက္ပါႏွင့္: ဟားဟားဟား! ]

[ လီခ်င္းေတာ့ မ်က္မွန္ပါဝါတိုးသြားျပန္ၿပီ: ဟားဟားဟား! ]

[ ဝူက်င္းရဲ႕ေနာက္ဆုံးေပၚနည္းပညာ: ဟားဟားဟား! ]

[ စာက်က္ေနတယ္ မေႏွာင့္ယွက္ပါႏွင့္: ႏႈတ္ဆက္အၿပဳံးေလး.jpg ]

[ စာက်က္ေနတယ္ မေႏွာင့္ယွက္ပါႏွင့္: ငါက မင္းရဲ႕ေဘဘီေလးမဟုတ္ဘူး.jpg ]

ဖန္က်င္းဇီ ႐ုံးခန္းထဲျပန္ဝင္လာခ်ိန္မွပဲ၊ ဟယ္ရွင္းခြၽမ္တစ္ေယာက္ ဖုန္းခ်ၿပီးအလုပ္လုပ္ပါေတာ့တယ္။
သို႔ေသာ္လည္း...သူ႔ႏႈတ္ခမ္းေထာင့္စြန္းေလးထက္မွာ အၿပဳံးတို႔တြဲလြဲခိုေနတုန္းပင္။

...

ယန္ထန္႔အင္တာဗ်ဴးရဲ႕အကူအညီတို႔မွတစ္ဆင့္၊ ဂိမ္းဟာ နာမည္ႀကီးသထက္ႀကီးလာတယ္။
ႏွစ္ရွည္လမ်ား ဂိမ္းေဆာ့ခဲ့သူတစ္ေယာက္အေနျဖင့္...စက္ပိုင္းဆိုင္ရာေထာက္ပံ့ပစၥည္းမ်ားဟာလည္း အေရးႀကီးတယ္ဆိုတာကို၊ ယန္ထန္က ေကာင္းစြာနားလည္ထားတယ္။
ထို႔ေၾကာင့္ပဲ၊ စီမံခန္႔ခြဲေရးဌာနမွလူေတြဟာ ေန႔ေန႔ညညအလုပ္ရႈပ္ေနရျပန္ပါတယ္။

အလုပ္ဆင္းလာတဲ့ဟယ္ရွင္းခြၽမ္ဟာ၊ ပူပူေႏြးေႏြးခ်င္းကြတ္ကီးဗူးေလးပိုက္လ်က္ ယန္ထန္႔ကုမၸဏီဆီေရာက္လာတယ္။

အျခားဌာနေတြက တည္ၿငိမ္ေနခဲ့ေပမဲ့၊ စီမံခန္႔ခြဲေရးဌာနရဲ႕ေလထုႀကီးကေတာ့ တင္းၾကပ္ၿပီးေမွာင္မႈိင္းေနသကဲ့သို႔ပင္။
မသိရင္၊ စည္းျခားထားတဲ့ကမာၻႏွစ္ခုအလားပဲ!
လားလားမွမဆိုင္တဲ့ပုံစံမ်ိဳးႀကီး!

ဌာနအတြင္းပိုင္းထဲကို၊ ဟယ္ရွင္းခြၽမ္က လွမ္းေခ်ာင္းၾကည့္တယ္။
ခပ္တင္းတင္းမ်က္ႏွာထားနဲ႔ယန္ထန္ဟာ ထိုင္ခုံေပၚထိုင္ရင္း၊ သူ႔ေဘးရွိလူကို စကားေျပာေနတယ္။
ထိုလူရဲ႕ဦးေခါင္းကေတာ့ ယန္ထန္႔ပါးစပ္တစ္ခါလႈပ္တိုင္း၊ နိမ့္သထက္နိမ့္က်လာခဲ့တယ္။

အမွားလုပ္မိထားတာလား မသိဘူး???

ကြတ္ကီးဗူးကိုေဘးခ်ၿပီး၊ ေဘးမွျဖတ္ေလွ်ာက္သြားတဲ့လူကို ပုခုံးပုတ္လိုက္ကာ
"ေဟး၊ မင္းတို႔ေဘာ့စ္က ဘာျဖစ္ထားတာလဲ? မ်က္ႏွာႀကီးက တင္းမာေနတာပဲ?"

သူ႔ဘက္လွည့္လာတဲ့ထိုလူဟာ၊ ေၾကာက္စရာေကာင္းေလာက္ေအာင္ မ်က္ကြင္းေတြညိဳမဲေနခဲ့တယ္။
အိပ္ေကာအိပ္ရရဲ႕လား!?

လက္ညႇိဳးေတြကိုေထာင္ကာ၊ မိမိေခါင္းေပၚကပ္တင္လာၿပီး
"ငါ့ေခါင္းေပၚကဦးမွ်င္တံေတြကို ျမင္လား? လူမဟုတ္ေတာ့ဘူး၊ ငါက အလုပ္ႀကိဳးစားတဲ့ပ်ားေလး!"

စကားအဆုံးမွာေတာ့၊ ႐ုံးခန္းထဲျပန္ဝင္သြားေလရဲ႕။

ဟယ္ရွင္းခြၽမ္: "......"

ယန္ထန္႔စနက္နဲ႔ ႐ူးခါသြားသူ...ေနာက္တစ္ေယာက္ထပ္တိုးလာျပန္ၿပီ။

ယန္ထန္က အလုပ္မ်ားေနတာပဲ။
အဲ့ေတာ့ ဝင္ရႈပ္မေနေတာ့ပါဘူး။ တိတ္တိတ္ေလးျပန္ထြက္လာခဲ့ၿပီး၊ အန္ဂ်လာ့႐ုံးခန္းဆီ ေလွ်ာက္လာလိုက္တယ္။

အန္ဂ်လာ့႐ုံးခန္းဟာ လက္သည္းဆိုးေဆးနံ႔မ်ားထုံလႊမ္းလို႔။ ဆိုဖာေပၚထိုင္လ်က္၊ ေျခေထာက္ကိုစားပြဲေပၚတင္ကာ ေျခသည္းထိုင္ဆိုးေနတယ္။
ဟယ္ရွင္းခြၽမ္ကိုျမင္ေတာ့၊ ဝမ္းသာအားရလက္လွမ္းျပပါတယ္။
"ခြၽမ္!"

"အလုပ္မလုပ္ဘူးလား? တစ္ကုမၸဏီလုံး ေယာက္ယက္ေတြခတ္ေနတဲ့ဟာကို"

"ေဟး! ငါလုပ္ႏိုင္တာဘာမွမရွိဘူးေလ။ ဒီအတိုင္းေလးပဲ ေအးေဆးေနပါရေစ! "

"အန္ဂ်လာ့ထက္ပိုေတာ္တဲ့သူေတြေတာင္ အရမ္းအလုပ္ႀကိဳးစားေနက်တာေနာ္။ အန္ဂ်လာကေတာ့ ထိုင္ပ်င္းေနတယ္!"

"ငါ့ထက္ပိုေတာ္သူေတြက အလုပ္ႀကိဳးစားေနမွေတာ့၊ ငါဝင္ႀကိဳးစားလည္း ဘာထူးလာမွာလဲ?"

"......"

အရမ္းကိုမွန္ကန္တဲ့ ေတြးေခၚယူဆမႈႀကီးပါလား...ျပန္ေတာင္မျငင္းႏိုင္ေတာ့ဘူး!

Continue Reading

You'll Also Like

363K 66K 82
Lord Seventh by Priest
682K 7.2K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
315K 25.4K 29
Mini Story Uni Life Style Sweet Romance
88.5K 8K 8
[Both Zawgyi and Unicode] ဒုတိယႀကိမ္ အခြင့္အေရးဆိုတာကိုသာ ရရင္...