Scroll down for Zawgyi.
Unicode
စုန့်ရှီလင် ပေါ်ယွီကို နမ်းရှိုက်ပြီးနောက် ပေါ်ယွီ့နှုတ်ခမ်းသားတွေအား သူ့လက်ချောင်းရှည်ရှည်တို့နှင့် ပွတ်ဆွဲသွားလိုက်သည်။သူ့မျက်၀န်းတွေထဲက ရှုပ်ထွေးခက်ခဲနေတဲ့ အကြည့်တွေနဲ့အတူ ဘာရယ်မဟုတ်မေးမြန်းသလို ဟန်ဆောင်လိုက်သည်။ " မင်း သူနဲ့ ဘာတွေပြောခဲ့တာလဲ ??? "
ပေါ်ယွီက အဲဒီအကြောင်းတွေကို ပြောပြရမှာကနေ ရှောင်လွှဲလိုက်သည်။ " ဘာမှမဟုတ်ပါဘူး "
ခဏလောက် စကားစရပ်တန့်သွားပြီး ပေါ်ယွီ ဆက်ပြောလာသည်။ " ငါ အဲဒီအကြောင်းကို ပြောမပြချင်ဘူး။ အရာအားလုံးက ဖြေရှင်းပြီးသွားခဲ့ပါပြီ။ အဲဒီတော့ ငါ အရင်ပြန်လိုက်ဦးမယ် "
" အိုး " စုန့်ရှီလင်က စေ့စေ့ပေါက်ပေါက် မေးခွန်းတွေ ထပ်မမေးတော့ချေ ______ ပေါ်ယွီ့မျက်၀န်းတွေထဲမှာ ၀မ်းနည်းမှုနဲ့ စိတ်အားငယ်ခြင်းတွေကို သူ မြင်တွေ့နေရသည်။
ပြီးတော့ အပြစ်ရှိစိတ်အများကြီးရော ......
ပေါ်ယွီ အခန်းလေးထဲကို ၀င်သွားကာ ဖရဲသီးလေးကို ပွေ့ချီလိုက်သည်။သူ့လက်မောင်းတွေထဲမှာ အိပ်တစ်၀က်နိုးတစ်၀က်ဖြစ်နေလေတဲ့ ဖရဲသီးလေးအား မွှေးမွှေးပေးလိုက်ပြီး ဖရဲသီးလေးကို ကုတ်အင်္ကျီလေးနဲ့ ဦးထုပ်လေး ၀တ်ဆင်ပေးကာ အပြင်ထွက်လာလိုက်သည်။
စုန့်ရှီလင်က တံခါးမှာ မတ်တပ်ရပ်ရင်း ပေါ်ယွီကို ငေးကြည့်နေသည်။
ပေါ်ယွီ စုန့်ရှီလင်ဘေးကနေ ဖြတ်လျှောက်သွားချိန်၌ ရုတ်တရက်ဆိုသလို ပြောလိုက်လေသည်။ " ဒီကိစ္စကို စုံစမ်းတာမျိုးမလုပ်ပါနဲ့။ ငါ ဆန္ဒရှိတဲ့အခါကျရင် ငါကိုယ်တိုင် အမှန်တရားကို မင်းဆီ ပြောပြပါ့မယ် "
စုန့်ရှီလင်ရဲ့မျက်နှာအမူအရာက တင်းမာနေရာကနေ ပြေလျော့သွားသည်။ " အင်း " သူ ခပ်တိုးတိုး ဆိုလိုက်သည်။
ပေါ်ယွီလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။
သူတို့နှစ်ယောက်လုံးဟာ soulmate တွေဖြစ်ကြပြီး တစ်ဦးကိုတစ်ဦး နားလည်ကြသည်။သူတို့တွေ မှောင်မိုက်နေတဲ့ အပြစ်ပေးခန်းငယ်လေးဘေးမှ ပခုံးချင်းယှဉ်တွဲလျက် ဖြတ်လျှောက်လာချိန်တွင် ပေါ်ယွီ မေးလိုက်သည်။ " မင်း သူ့ကို ဘယ်အချိန်ကျ လွှတ်ပေးဖို့ စီစဉ်ထားလဲ ??? "
" လူတွေက သူ့ကို လုံးလုံး မေ့သွားကြတဲ့ အချိန်ရောက်ရင်ပေါ့ " စုန့်ရှီလင် ဖြေလိုက်သည်။ ပြီးတော့ သူက ချီယန်ဆိုတာကို သူကိုယ်တိုင်တောင် မေ့သွားတဲ့အချိန်ကျရင်ပေါ့။
ပေါ်ယွီ အဲဒီအကြောင်းကို မေးမြန်းမနေတော့ပေ။
အမှောင်ခန်းငယ်ထဲ၌ ချီယန်က သူ့မျက်လုံးတွေကို အားစိုက်ရင်း သူ့ရှေ့တည့်တည့်ရှိ အမှောင်ထုကြီးအား စူးစိုက်ကြည့်ကာ တတွတ်တွတ် မြည်တမ်းနေသည်။ " ငါ ဘယ်တုန်းက လူသတ်ခဲ့တာလဲ ??? ဘယ်အချိန်တုန်းကလဲ ??? ငါ တစ်ခါမှ အဲလိုမလုပ်ဖူးပါဘူး "
_____________
လာမည့်သတင်းပတ်တွေနဲ့ နောက်လတွေမှာ ပေါ်ယွီ့အချိန်ဇယားက အလွန်ကြပ်လှသည်။အရင် မန်နေဂျာကျန်းက ပေါ်ယွီ အခုလေးမှ ဆေးရုံဆင်းလာပြီး သူ့ကျန်းမာရေးကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့ လိုအပ်တဲ့ အကြောင်းရင်းကြောင့် သူ့အလုပ်တွေကို ၀န်ပေါ့ပါးအောင် ကူညီပေးခဲ့ရုံသာမက သူ့အတွက် ရွေ့ဆိုင်း၍ရနိုင်တဲ့ အလုပ်မှန်သမျှကိုလည်း အချိန်ဆွဲထားပေးခဲ့သည်။
မန်နေဂျာကျန်းက စဉ်းစဉ်းစားစားနဲ့ ထောက်ထားသက်ညှာစွာ လုပ်ပေးခဲ့ပေမယ့် ပေါ်ယွီ ဆေးရုံကနေ အိမ်ပြန်အပြီးနောက်တွင် အပြင်၌ ငါးရက်လောက် ထွက်အလုပ်,လုပ်လိုက်ရသေးသည်။
ကံကောင်းထောက်မစွာနှင့်ပင် လုပ်စရာကိုင်စရာတွေ အများကြီးရှိသော်ငြား ပေါ်ယွီက အဲဒီအလုပ်တွေကို ဟွားချန်မြို့တော်မှာပဲ လုပ်၍ရသည်။ဒါ့ပြင် သူ့အတွက် အင်တာဗျူးတွေနဲ့ ကြော်ငြာရိုက်ကွင်းတွေကလည်း စိတ်ရောကိုယ်ပါ ခက်ခက်ခဲခဲ အားထုတ်ကာ ပင်ပင်ပန်းပန်း လုပ်ကိုင်ရန် မလိုအပ်ချေ။
ဒါက ပေါ်ယွီကို ကြီးကြီးမားမား သက်သာရာရစေသည်။
______ ဒါပေမယ့် ပေါ်ယွီ မသိတာက အကယ်၍ စုန့်ရှီလင်သာ သူ့နောက်ကွယ်ကနေ ဟန့်တားကူညီတာမျိုး မရှိခဲ့လျှင် သူ ဒီလောက်အကြာကြီး အနားယူလို့ရမှာ မဟုတ်ဘူးဆိုတာပင်။
ယနေ့ညတွင် ပေါ်ယွီ ပင်ပန်းနွမ်းနယ်စွာ အိမ်ပြန်လာခဲ့သည်။သူ အိမ်တံခါးကို ဖွင့်လိုက်တာနဲ့ အခန်းထဲမှာ မတ်တပ်ရပ်နေပြီး ထွက်သွားမလို့ပြင်နေတဲ့ စုန့်ရှီလင်ကို တွေ့လိုက်ရသည်။ပေါ်ယွီ ချက်ချင်းလက်ငင်း ပြုံးပြလိုက်သည်။
______ ဒီရက်တွေမှာ သူက မတရားတွေ အလုပ်များနေတာကြောင့် စုန့်ရှီလင်ကပဲ ဖရဲသီးလေးကို အိမ်နဲ့ကျောင်း အကြိုအပို့လုပ်ပေးတဲ့ ကားမောင်းတာ၀န်ကို ယူထားရသည်။ပြီးခဲ့တဲ့ရက်တွေက ပေါ်ယွီဟာ သူ့အလုပ်တွေကို အလွန်နောက်ကျတဲ့အချိန်မှ ပြီးစီးခဲ့သည်။ဒါကြောင့် သူ စုန့်ရှီလင်နဲ့ မဆုံခဲ့မိချေ။ပြီးတော့ ဒီနေ့မှ သူ တစ်နာရီလောက် အလုပ်စောပြီးခဲ့ပြီး စုန့်ရှီလင်ကို တွေ့ရဖို့ ဖြစ်လာသည်။
စုန့်ရှီလင်က အမျိုးသားငယ်လေးရဲ့နဖူးကို စမ်းကြည့်လိုက်တဲ့အခါ အနည်းငယ် အေးစက်နေတာကြောင့် မျက်နှာထားတင်းမာစွာနဲ့ ပေါ်ယွီအား ဧည့်ခန်းဆီ ဆွဲခေါ်သွားကာ သူ့အတွက် ရေနွေးပူပူလောလောလေးတစ်ခွက် လောင်းထည့်ပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ် " စုန့်ရှီလင်ဆီက ဖန်ခွက်ကို လက်ခံရင်း ပေါ်ယွီ ပြောလိုက်သည်။ပေါ်ယွီက ခွက်ကို လက်ဖက်ရည်စားပွဲပေါ် တင်လိုက်ပြီးနောက် စုန့်ရှီလင်ကိုယ်ပေါ်တွင် ၀င်လှဲလိုက်သည်။သူတို့တွေဟာ ဘာစကားမှမဆိုမိကြဘဲ ဆိုဖာပေါ်၌ လှဲလျောင်းနေကြသည်။
ပေါ်ယွီ သူ့ကိုယ်သူ ပိုသက်တောင့်သက်သာရှိအောင် ခန္ဓာကိုယ်အနေအထားကို အကြိမ်တော်တော်များများ အလိုက်သင့်လေး ပြောင်းလဲလိုက်သည်။ " ငါ အလုပ်ပြောင်းတော့မယ် "
တင်းဖန်အေဂျင်စီက မူမမှန်တဲ့ တစ်စုံတစ်ရာကို အနံ့ရသွားခဲ့သည်။လတ်တလောတွင် အထက်ပိုင်းစီမံအုပ်ချုပ်ရေးဘက်က ပေါ်ယွီနှင့်စကားပြောရန် ကြိုးပမ်းခဲ့သော်လည်း အလုပ်များလှတဲ့ ပေါ်ယွီရဲ့အချိန်ဇယားကြောင့် အချည်းနှီးသာဖြစ်ခဲ့သည်။အချိန်တစ်ခုကြာတဲ့အခါ လူထုရှေ့၌ သူ ထွက်ပေါ်လာနိုင်သည့် အခွင့်အရေးတွေဟာ ကြီးကြီးမားမား လျော့ချခံလိုက်ရမှန်း ပေါ်ယွီ သတိပြုမိသွားသည်။
ဒါပေမယ့် အဲဒီကိစ္စကြောင့် ပေါ်ယွီရဲ့အလုပ်ပမာဏက ယုတ်လျော့မလာခဲ့ချေ။
" ပင်ပန်းနေလား ??? " စုန့်ရှီလင် မေးလိုက်သည်။သူ့လက်မောင်းတစ်ဖက်က အမျိုးသားငယ်လေးရဲ့ တောင့်တင်းသန်မာပြီး အဆီပိုမရှိ ကျစ်လျစ်နေတဲ့ ခါးသိမ်သိမ်တစ်ဝိုက်အား လာရောက်ရစ်ပတ်တွယ်လိုက်သည်။
ပေါ်ယွီ သမ်းဝေရင်း " ငါ အဆက်ပြေပါတယ် "
ခဏလောက်ရပ်ကာ သူ ဆက်ပြောလိုက်သည်။ " အင်း ၊ မင်း ဒီည ဒီမှာပဲ နေမှာမလားဟင် ??? "
" မင်းလေးက ကျန်းမာရေးမကောင်းသေးဘူးလေ " စုန့်ရှီလင် ပြန်ဖြေလိုက်သည်။သူ့စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်က ပေါ်ယွီဟာ သူ့ဆန္ဒတွေကို ခြိုးခြံပြီး ဒီညကို သန့်ရှင်းစွာ နေထိုင်သင့်သည်ဟူ၍ဖြစ်သည်။
ပေါ်ယွီ ခဏတဖြုတ်စာလောက် မည်သို့တုန့်ပြန်ရမည်မသိ ဖြစ်သွားရသည်။မနက်ဖြန်မနက်ရောက်ရင် သူ ကုမ္ပဏီဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံကာ အင်တာဗျူးလုပ်စရာတွေရှိသည်။ဒါကြောင့် ဒီနေ့ညမှာတော့ သူ ဘာမှမလုပ်ပါဘဲနှင့် စုန့်ရှီလင်နဲ့အတူတူ စောင်အောက်မှာ ရိုးရိုးသားသား အိပ်ဖို့ စီစဉ်ထားတာဖြစ်သည်။
___________
နောက်တစ်နေ့မနက်ခင်းတွင် သူ့ရဲ့ချစ်ရသူကြီး မစ္စတာစုန့်နဲ့အတူ စောင်တစ်ထည်တည်းအောက်မှာ အတူတူအိပ်ခဲ့ရတဲ့ ပေါ်ယွီဟာ အားအင်အပြည့်လန်းဆန်းစွာ နိုးထလာပြီး စုန့်ရှီလင် ချက်ကျွေးတဲ့ အချစ်မနက်စာအား စားသောက်လိုက်သည်။
ဖရဲသီးလေးက သူ့ပါးစပ်လေးထဲကို ကြက်ဥနွားနို့ပေါင်းတွေ အပြည့်ထိုးသိပ်ထည့်ရင်း သူ့ခေါင်းလေးအား ပျော်ရွှင်စွာ လှုပ်ယမ်းနေသည်။ " အရသာရှိတယ် !!! အရသာရှိတယ် !!! "
ပေါ်ယွီ ပြုံးကာ သတင်းစာဖတ်နေတဲ့ အမျိုးသားကို ကြည့်လိုက်သည်။ " ငါ ဒီနေ့ ကုမ္ပဏီကို နောက်ကျမှ သွားလို့ရလို့ သူ့ကို ကျောင်းလမ်းကြုံပို့ပေးလိုက်မယ်။ ဒါနဲ့ ငါ ဒီည စောစော အလုပ်ဆင်းလာမှာ။ မင်း စာချင်တာ ဘာရှိလဲ ??? "
" မင်းက ကိုယ့်အတွက် ချက်ပေးမှာလား ? " စုန့်ရှီလင်က ပေါ်ယွီကို စိတ်မ၀င်စားစွာ ကြည့်လိုက်သည်။
" အင်းပေါ့ ၊ မင်း တကယ်လို့ ငါနဲ့အတူ ဟော့ပေါ့စားရင်ရော ၊ အွန်း ... ပြီးတော့ ၀က်နံရိုးစွပ်ပြုတ် " ပေါ်ယွီ ပြုံးပြုံးရွှင်ရွှင်နှင့်ပင် သူ့ရဲ့အထူးသီးသန့်ဟင်းလျာတွေကို ရွတ်ပြနေသည်။
စုန့်ရှီလင်က ပေါ်ယွီကို လျစ်လျူရှူလိုက်ပြီး သတင်းစာကို ဘေးတစ်ဖက်ချကာ ပူပူနွေးနွေး ငါးဆန်ပြုတ်အား အလျင်စလို ယူသောက်တော့သည်။အဲဒီနောက် သူ မတ်တပ်ရပ်ကာ စားပွဲကနေ ထွက်သွားလိုက်သည်။
" အား ... ယား ... ယား ... " ဖရဲသီးလေးက သူ့အ၀တ်အစားတွေမှာ နွားနို့ကြက်ဥပေါင်းတွေ စွန်းထင်းပေရေနေပြီး နှုတ်ခမ်းလေး စူကာ ဝူးဝူးဝါးဝါးအော်ဟစ်နေသည်။
ပေါ်ယွီမှာ အကူအညီမဲ့စွာနဲ့ ဖရဲသီးလေးရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ကြည့်ရှူလိုက်ပြီး ဖုန်းကိုချကာ ဖရဲသီးလေးကို သန့်ရှင်းပေးဖို့အတွက် ရေချိုးခန်းဆီ ခေါ်သွားလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထမင်းစားစားပွဲပေါ် တင်ထားခဲ့တဲ့ ပေါ်ယွီ့ဖုန်းဟာ ရုတ်တရက် အသံမြည်လာခဲ့သည်။
စုန့်ရှီလင် အဲဒီနားကနေ ဖြတ်လျှောက်သွားရင်း screen ပေါ်တွင် လင်းနေလေတဲ့ ဟန်ကျစ်ယွီဆိုသည့် နာမည်တစ်လုံးကို အမှတ်မထင် ရိပ်ခနဲ မြင်လိုက်ရသည်။သူ့ခြေလှမ်းတွေ ရပ်တန့်သွားကာ ပေါ်ယွီ့ဟန်းဖုန်းကို တည်ငြိမ်စွာ ကောက်ကိုင်ပြီး password ဖြည့်လိုက်သည်။
/// ငါ မင်းရဲ့ခန္ဓာကိုယ်ဆေးစစ်မှုမှတ်တမ်းကို ရလာခဲ့ပြီ။ ဘာမှကြီးကြီးမားမား ပြင်းထန်တာမျိုးမရှိဘူး။ မင်းကိုယ်မင်း ကောင်းကောင်း ဂရုစိုက်ပြီး ပင်ပန်းမယ့်အလုပ်တွေ မလုပ်ရုံပဲ။ သြော် ... ဟုတ်သားပဲ , ကလေးအဖေက မင်းရဲ့ကျန်းမာရေးအခြေအနေအကြောင်း ငါ့ကို မေးသွားတယ်။ မင်းရဲ့မိတ်ဆွေအနေနဲ့ ငါ သူ့ကို အမှန်အတိုင်း ပြောမပြလိုက်ဘူး။ ဒါပေမယ့် နောက်တစ်ကြိမ်ဆိုရင်တော့ ငါ သူ့ကို မပြောပါဘူးလို့ အာမမခံနိုင်ဘူးနော် ///
စုန့်ရှီလင်ရဲ့မျက်ဆံအိမ်တွေ ကျဉ်းမြောင်းသွားရသည်။သံသယဖြစ်စရာ သော့ချက်တချို့ကို သူ လွဲချော်သွားခဲ့မှန်း စုန့်ရှီလင် သဘောပေါက်လိုက်သည်။
ဥပမာအနေနဲ့ message ထဲမှာ ဟန်ကျစ်ယွီ ရေးထားတဲ့ ကလေးက ဘယ်သူလဲ ??? ကလေးရဲ့အဖေဆိုတာကရော ဘယ်သူလဲ ??? ဘယ်သူက ပေါ်ယွီရဲ့ကျန်းမာရေးကို ဟန်ကျစ်ယွီဆီ မေးခဲ့တာလဲ ???
သူ အမှန်တရားနှင့် နီးကပ်လာပြီဟု စုန့်ရှီလင် ခံစားရသည်။
ရေချိုးခန်းဆီက အသံတချို့ကို ကြားလိုက်တာကြောင့် စုန့်ရှီလင် ဖုန်းကို နဂိုအတိုင်းလေး ပြန်ထားလိုက်ပြီး တံခါးနားမှာ ရပ်ကာ သူ့အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်နေသည်။
" ကိုယ် အလုပ်သွားတော့မယ် " စုန့်ရှီလင် အခန်းထဲက လူကြီးလေးနဲ့ ကလေးလေးကို ပြောလိုက်လေသည်။
" ဦးဦး , တာ့တာ။ သားနဲ့ပါးပါးကို လွမ်းနေနော် " ဖရဲသီးလေး ပြောလိုက်သည်။
စုန့်ရှီလင်က ပေါ်ယွီ့အား အဓိပ္ပါယ်အပြည့်ပါတဲ့ အကြည့်တို့နှင့်အတူ လှမ်းကြည့်လိုက်ပြီး သူ့အသံကတော့ လေးနက်ကာ ဆွဲဆောင်မှုရှိရှိ ညှို့ငင်နေသည်။ " အင်း ... "
ပေါ်ယွီ့မျက်နှာလေးက ရှက်သွေးဖြာကာ နီမြန်းသွားပြီး သူ့လက်မောင်းတွေထဲမှာ ကလေးဆန်ဆန် ပွင့်ပွင့်လင်းလင်း အမှာတော်ပါးနေလေတဲ့ ဖရဲသီးလေးကို အ၀တ်လဲဖို့အတွက် အခန်းထဲ ကတိုက်ကရိုက် ပြန်ခေါ်သွားလိုက်သည်။
ဒီလို ကို့ရို့ကားရားနိုင်တဲ့ အခိုက်အတန့်မျိုးက ဘာကြောင့်ရယ်မသိ သူ့အား သဘောတကျ ပြုံးရယ်ရွှင်မြူးစေသည်။
စုန့်ရှီလင်က ဂရုမစိုက်ဟန်ပြုထားတဲ့ မျက်နှာအမူအရာနဲ့အတူ တံခါးအပြင်ဘက်ဆီ လျှောက်လာပြီးနောက် ဖုန်းကို ထုတ်ယူလိုက်လေသည်။ " ဟယ်လို , ငါပါ "
ဟန်ကျစ်ယွီ အံ့အားသင့်သွားရသည်။
" လောင်စုန့် , ဘာကိစ္စရှိလို့လဲ ??? "
" ငါ မင်း သူ့ဆီ ပို့လိုက်တဲ့ message ကို ဖတ်ပြီးပြီ " သူ့ရဲ့စိတ်တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားရင်း စုန့်ရှီလင် ဆိုလိုက်သည်။
ဖုန်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြွတ်ဆတ်ဆတ် ဆူညံသံတစ်ခုကို စုန့်ရှီလင် သေချာ ကြားလိုက်ရပြီး အဲဒီအသံက ကြမ်းပြင်ပေါ်ကို ဖန်ခွက်ကျသွားတဲ့ ခွမ်းခနဲ အသံမျိုးဖြစ်ကြောင်း သတိပြုမိလိုက်သည်။
စုန့်ရှီလင် အသေအချာ အလေးအနက် စဉ်းစားကြည့်နေသည်။ ကြည့်ရတာ ပေါ်ယွီ ဆေးရုံတက်တဲ့ကိစ္စက ရိုးရှင်းမနေဘဲ တခြားအကြောင်းပြချက်ရှိရမယ်။
____________
ပေါ်ယွီက ဖရဲသီးလေးအား မူကြိုကျောင်းဆီ လိုက်ပို့ပေးပြီးနောက် သူ့ရဲ့စျေးပေါပေါယွမ်တစ်သိန်းတန်ကားလေးကို ဖြည်းညင်းစွာ မောင်းနှင်ကာ ကုမ္ပဏီရောက်လာခဲ့သည်။
သူ့ရဲ့ကားက လူပုံအလယ်၌ ထင်ထင်ပေါ်ပေါ်ကြီး ထင်းထွက်မနေပေ။တကယ်လို့ သူက အောက်ထပ်မှာ သူ့လမ်းကို လာပိတ်ကြမယ့် သတင်းထောက်တွေနဲ့ မတော်တဆ တွေ့ဆုံခဲ့ရင်တောင် ဒီကားက လူအုပ်ကြီးထဲကနေ အဝေးကို လျင်လျင်မြန်မြန် မောင်းထွက်သွားနိုင်အောင် သူ့အား ကူညီပေးနိုင်သည်။
မျှော်လင့်ထားသလိုပင် ကုမ္ပဏီကားပါကင်ထဲကို သူ ကားမောင်း၀င်သွားတဲ့အခါ အသည်းခိုက်အောင် အေးနေတဲ့ ချမ်းချမ်းစီးစီးလေတွေကို ရင်ဆိုင်လျက် ထောင့်ချိုးတစ်ခုမှာ ဇွဲကောင်းကောင်းရပ်နေသူ သတင်းထောက်ပါပါရာဇီတွေအား မြင်လိုက်ရသည်။ပေါ်ယွီမှာ ယခုခေတ်အခါကြီး၌ လုပ်ကိုင်စားသောက်ရတာ တကယ့်ကို မလွယ်ကူလှပေဘူးပဲဟု တွေးပြီး သက်ပြင်းမချဘဲမနေနိုင်တော့ချေ။
ပေါ်ယွီ ကားပေါ်ကနေ ဆင်းကာ နေကာမျက်မှန်ကို ၀တ်လိုက်သည်။သူ့လက်တွေကို အိတ်ကပ်ထဲမှာ ထည့်ထားရင်း ဓါတ်လှေကားဆီ လျှောက်သွားလိုက်ပြီး ဥက္ကဋ္ဌရုံးခန်းရှိရာ အထပ်ခလုတ်ကို ဖိနှိပ်လိုက်သည်။
" ကျေးဇူးပြုပြီး အထဲ၀င်သွားပေးပါရှင် "
ပေါ်ယွီ ၀င်သွားသည့်အချိန်တွင် အသက်ငါးဆယ်ခန့်ရှိပြီဖြစ်တဲ့ တင်းဖန်အေဂျင်စီ၏ဥက္ကဋ္ဌဖြစ်သူကို တွေ့လိုက်ရပြီး သူ တလေးတစား နှုတ်ဆက်စကားဆိုလိုက်သည်။ " ဥက္ကဋ္ဌ "
ဥက္ကဋ္ဌက လက်ကို ဝေ့ယမ်းပြကာ သူ့မျက်မှန်အား ဆွဲချွတ်လိုက်ပြီး မျက်လုံးထောင့်စွန်းတွေကို ပွတ်သပ်လိုက်သည်။ " မင်း ထွက်သွားချင်နေတယ်လို့ ငါ ကြားတယ် "
ပေါ်ယွီ တုန့်ဆိုင်းသွားသည်။တကယ်လို့ သူ့ကို ဒီမေးခွန်းမေးတဲ့လူဟာ အမှုဆောင်အဖွဲ့က တခြားလူတစ်ယောက်ယောက်သာဆိုရင် သူ ဟာသလုပ်ကာ ရယ်ရယ်မောမောပြုလိုက်မှာဖြစ်သည်။ဒါပေမယ့် အရင်တုန်းက သူ့အား အထက်လူကြီးတစ်ယောက်အနေနဲ့ ကူညီအားပေးခဲ့တဲ့ ဥက္ကဋ္ဌကိုတော့ သူ မလိမ်ညာချင်ပေ။
" ဟုတ်တယ် "
ပေါ်ယွီ အမှန်အတိုင်းဖြေဆိုလိုက်သည်။
" မင်း ကိုယ်ပိုင်အလုပ်,လုပ်ဖို့ ဆုံးဖြတ်လိုက်တာလား ??? ဒါမှမဟုတ် တခြားကုမ္ပဏီကို ပြောင်းချင်တာလား ??? " ဥက္ကဋ္ဌက နူးညံ့စွာ ပြောလိုက်သည်။ " ငါ ဒီမေးခွန်းကို မင်းဆီ မေးတာက တင်းဖန်အေဂျင်စီကိုယ်စား မဟုတ်ပါဘူး။ မစိုးရိမ်ပါနဲ့ "
အဲဒီတစ်ခဏတွင် လေထုက အေးခဲသွားလေသည်။
" တောင်းပန်ပါတယ် " ဘုရားသခင်ကို ယုံကြည်ပါ။တံခါးအား သော့ခတ်ရန် မမေ့ပါနှင့်။ပေါ်ယွီက စာချုပ်သက်တမ်း မကုန်ခင်မှာ ပြသာနာတွေဖြစ်စေဖို့ အစီအစဉ်မရှိချေ။
ဥက္ကဋ္ဌက သူ နားလည်ပေးနိုင်ကြောင်း ဖော်ပြသည့်အနေဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။ " ပြီးခဲ့တဲ့ရက်တွေတုန်းက မင်းအလုပ်တွေကို ကုမ္ပဏီက ၀င်ဟန့်လိုက်တဲ့ကိစ္စအတွက် ငါကပဲ တောင်းပန်ပါတယ်။ ငါ အဲဒီအကြောင်းတွေကို စောစောကြိုမသိခဲ့လို့ သူတို့ကို အချိန်မီ မတားလိုက်နိုင်ခဲ့ဘူးကွာ "
" ကိစ္စမရှိပါဘူး " ပေါ်ယွီ ပြုံးပြလိုက်သည်။
ဥက္ကဋ္ဌက ကော်ဖီတစ်ငုံကို စုပ်ယူသောက်လိုက်ပြီး ဆက်ပြောလာသည်။ " မင်းရဲ့ဆုံးဖြတ်ချက်က ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်း ကုမ္ပဏီကနေ ထွက်သွားရင်တောင် ငါတို့တွေ တစ်ချိန်တုန်းက မင်းကို ဘယ်လိုပျိုးထောင်ကူညီပေးခဲ့ရလဲဆိုတာ မေ့မပစ်ဖို့ မျှော်လင့်ပါတယ် "
Entertainment လောကဆိုတာက အလွန်ကြီးမားကျယ်ပြန့်လှသည်။နှစ်စဉ်နှစ်တိုင်း star တစ်ယောက်ဖြစ်ရဖို့အရေး အလုအယက် ခဲခဲယဉ်းယဉ်း တိုးဝှေ့ကြိုးပမ်းနေကြတဲ့ trainee တွေက မရေမတွက်နိုင်အောင်ရှိသည်။ဒါပေမယ့် သူတို့တွေထဲက အနည်းငယ်သော တချို့တလေကိုသာ ပရိသတ်တွေက မှတ်မိကြလေသည်။
ပေါ်ယွီဟာ သူ့အသက်တစ်ဆယ့်ခြောက်နှစ်တွင် ပွဲဦးထွက်ပြီးကတည်းက သုံးကြိမ်တိုင်တိုင် နေ့ချင်းညချင်း နာမည်ကြီးကျော်ကြားလာတဲ့ celebrity တစ်ဦးဖြစ်သည်။ပရိသတ်တွေကလည်း သူ့အလုပ်တွေ အောင်မြင်လာတဲ့အချိန်တိုင်း ပေါ်ယွီရဲ့အတွေ့အကြုံတွေ လက်ရာတွေနဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားထက်သန်ကာ ပြောဆိုဆွေးနွေးကြသည်။
သူ့ရဲ့ပထမဆုံး ပွဲဦးထွက်ဖြစ်တဲ့ idol တီဗွီဇာတ်လမ်းတွဲတွင် ပေါ်ယွီက နိုင်လိုမင်းထက်ပြုမူတတ်တဲ့ သခင်ငယ်လေးအဖြစ် သရုပ်ဆောင်ခဲ့သည်။အသက်နှစ်ဆယ်၌ ဒုတိယမြောက် ဇာတ်လမ်းတွဲတွင် အေးတိအေးစက်နဲ့ မာနကြီးတဲ့ ရုပ်ချောချော လူထူးလူဆန်း စုံထောက်လေးနေရာမှ ပါ၀င်သရုပ်ဆောင်ခဲ့ပြီး လူတိုင်းလူတိုင်းက သူ့အား စွဲမြဲမှတ်မိသွားကြတော့သည်။အသက်နှစ်ဆယ့်ငါးနှစ်တွင် သွေးကြွေးရန်ငြိုးဟောင်း ကြီးကြီးမားမားရှိတဲ့ စစ်သူကြီးငယ်လေးတစ်ယောက်အဖြစ် သူ့ရဲ့သရုပ်ဆောင်အလုပ်ကို ပြန်လည်နိဒါန်းသစ်အစပျိုးခဲ့သည်။
ပေါ်ယွီရဲ့၀က်၀က်ကွဲ အောင်မြင်ကျော်ကြားမှုက သူ့ရဲ့သရုပ်ဆောင်စွမ်းရည်နှင့် ကံကောင်းမှုအား ပရိသတ်မြောက်များစွာနဲ့တကွ entertainment လောကထဲမှာ အလုပ်,လုပ်နေကြတဲ့ လူအားလုံးဆီ သုံးကြိမ်သုံးခါတိုင်အောင် သက်သေပြနိုင်ခဲ့သည်။
ဒါတွေက တခြား star တွေ တော်တော်များများဆီမှာ မရှိကြတဲ့ အကျိုးအမြတ်ဖြစ်ပြီး အရေးသာမှုပင်။
ဒါကြောင့် ပေါ်ယွီက သူကိုယ်တိုင် သေခြင်းတရားကို မဖိတ်ခေါ်သ၍ entertainment လောကထဲရှိ သူ့အဆင့်အတန်းကလည်း မြင့်မားနေဦးမှာဖြစ်ကြောင်း ဥက္ကဋ္ဌက ရှင်းရှင်းလင်းလင်း သိသည်။ အဲဒါကြောင့်မို့လို့ပဲ သူတို့က သူ့ကို အပြစ်ပြုမိလို့မဖြစ်ဘူး !!!
တင်းဖန်အေဂျင်စီက အသက်ဆက်ရှင်သန်ဖို့ရာအတွက် star တွေနဲ့ ကောင်းကျိုးဆိုးပြစ်မှန်သမျှကို အတူခံစားရင်း star တွေအပေါ်မှာပဲ မှီခိုအားထားနေရတဲ့ entertainment ကုမ္ပဏီတစ်ခုဖြစ်သည်။
ပြီးတော့ ပေါ်ယွီက တကယ်လို့ တင်းဖန်ကနေ ထွက်သွားရင်တောင် ဆယ်နှစ်နီးပါးလောက် နေခဲ့တဲ့ သူ့ရဲ့အလုပ်ရှင်ကုမ္ပဏီဟာ တင်းဖန်အေဂျင်စီဆိုတဲ့အချက်ကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ချေ။
ဒါကြောင့် ယခု ဥက္ကဋ္ဌက သွယ်ဝိုက်ပြောဆိုလိုက်တာဆိုပေသိ ပေါ်ယွီကတော့ သူ့ရဲ့ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။ပေါ်ယွီ တွေဝေနေတာမျိုးမရှိဘဲ တန်းအဖြေပေးလိုက်လေသည်။ " ဒါပေါ့။ တင်းဖန်အေဂျင်စီက ကျွန်တော့်ကို ဆယ်နှစ်လောက် လေ့ကျင့်သင်ကြားပေးခဲ့တာပဲ။ ကျွန်တော် အဲဒါကို မမေ့ပါဘူး "
ဥက္ကဋ္ဌမှာ အသက်ရှူပေါက်ရသွားပြီး ...
" အင်းပါ။ တကယ်လို့ မင်း အလုပ်တွေရှုပ်နေတယ်ဆိုလည်း ပြန်ရင်ပြန်လေ "
ပေါ်ယွီ ခေါင်းငြိမ့်ပြကာ အပြန်အလှန် နှုတ်ဆက်စကားဆိုပြီးနောက် ဥက္ကဋ္ဌရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။သူ တံခါးအပြင်ဘက်ကို လျှောက်လာ,လာချင်းမှာပင် ဓါတ်လှေကားရှေ့၌ သူ့ကို ရပ်စောင့်နေတဲ့ မန်နေဂျာကျန်းအား တွေ့လိုက်ရသည်။
" အချိန်ရသေးရင် ငါတို့ ခဏတစ်ဖြုတ်လောက် စကားပြောကြမလား " မန်နေဂျာကျန်းက လက်ကောက်၀တ်ကို မြှောက်ကာ နာရီတစ်ချက်ကြည့်ရင်း ပေါ်ယွီကို မေးလိုက်သည်။ " ငါ့ရုံးခန်းမှာ လက်ဖက်ရည်တစ်ခွက်လောက် သောက်ကြရအောင် "
ပထမတော့ ပေါ်ယွီ မင်တက်သွားပေမယ့် ခဏအကြာတွင် အပြုံးတစ်ပွင့်နဲ့အတူ ပြန်ဖြေလိုက်သည်။ " ဟုတ်ပြီလေ "
ပေါ်ယွီ ထွက်သွားမယ့်ကိစ္စကို မန်နေဂျာကျန်း ခပ်ရေးရေးမျှ သဘောပေါက်ခဲ့ပြီးသားဖြစ်သည်။ရှောင်ကျန်းက ပေါ်ယွီ့အကြောင်းကို တိုးတိုးတိတ်တိတ် သူ့ဆီ သတင်းမပေးခင်ကတည်းက မူမမှန်တာ တစ်ခုခုကို မန်နေဂျာကျန်း ခံစားမိနေသည်။
မန်နေဂျာကျန်းက ပေါ်ယွီနဲ့ အတူအလုပ်,လုပ်လာတာ ခုနစ်နှစ် ၊ ရှစ်နှစ်လောက် ရှိပြီဖြစ်၍ သူ ပေါ်ယွီအား အတိုင်းအတာတစ်ခုအထိ ကောင်းကောင်းကြီး နားလည်သည်။
မန်နေဂျာကျန်းက လက်ဖက်ရည်ကြမ်းတစ်ခွက်အား ပေါ်ယွီဆီ ကမ်းပေးလိုက်ပြီး သူတို့တွေက ဆိုဖာပေါ်တွင် ဘေးချင်းယှဉ်လျက် ထိုင်နေကြသည်။ " မင်း ထွက်သွားလိမ့်မယ်ဆိုတာကို ငါ အစောကြီးကတည်းက ခန့်မှန်းပြီးသားပါ။ ဒါပေမယ့် ငါ တစ်ခါမှ မစဉ်းစားမိတာက မင်း တကယ်ကြီး ထွက်သွားဖို့ ရွေးချယ်လိုက်တာကိုပဲ "
ပေါ်ယွီ မျက်ခုံးပင့်ကာ အေးအေးဆေးဆေးရှိပြီး သဘာ၀ကျတဲ့ လေသံနှင့်အတူ ပြောလိုက်သည်။ " ခင်ဗျားက ကျွန်တော့်ကို တကယ်ပဲ ကောင်းကောင်းသိတယ်လို့ တွေးနေတာလား ??? "
" ငါ မင်းကို သေချာမသိပါဘူး။ ဒါပေမယ့် ငါက မင်းနဲ့ ရင်းနှီးခဲ့တာပဲလေ " မန်နေဂျာကျန်းရဲ့အသံက စိတ်ဓါတ်ကျမှုအပြည့်ဖြစ်နေပြီး သက်ပြင်းကြီးစွာ ချလိုက်သည်။
" မင်းမှာ ကလေးတစ်ယောက်ရှိပြီဆိုတော့ကား မင်းရဲ့အလုပ်ကလည်း ပိုပြီးလေးလံလာတာပေါ့။ ဂုဏ်ပြုပါတယ်ကွာ !!! "
" ကျွန်တော့်မယ် ကလေးကို ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ဖို့အတွက် ပိုက်ဆံရှာရဦးမယ်လေ။ အဲလိုမှမဟုတ်ရင် သူက ကျွန်တော်နဲ့အတူတူ ရေပဲသောက်နေရလိမ့်မယ် " ရယ်စရာအနေနဲ့ ပေါ်ယွီ ဟာသပြောလိုက်သည်။
မန်နေဂျာကျန်းရဲ့နှုတ်ခမ်းတွေက မဲ့ကျသွားပြီး ပြောလာခဲ့သည်။ " မင်းမိန်းမရော ??? ဘယ်အချိန်တုန်းကများ သခင်မလေးတစ်ယောက်ကို အချစ်ကွန်ရက်ကြီးထဲ သိမ်းထည့်ထားတာလဲဆိုတာ မင်း ငါ့ကို ပြောမပြရသေးဘူးနော်။ မင်း နှစ်နှစ်လောက် ပျောက်သွားပြီး အခု ပြန်ပေါ်လာတော့ မမျှော်လင့်ဘဲ ကလေးတစ်ယောက်ရှိနေပြီ "
" အမ်း ....... " ပေါ်ယွီက မန်နေဂျာကျန်းကို အသေးအဖွဲလေးတွေကအစ အပြည့်အစုံ အကုန်လုံး လိုက်ပြောပြမနေတော့ဘဲ မရေရာသည့်အဖြေတစ်ခုသာ ပြုလုပ်လိုက်သည်။
မန်နေဂျာကျန်းကလည်း အဖြေကို တကယ် သိချင်စိတ်ဖြစ်နေတာမဟုတ်ပေ။သူ သက်ပြင်းချကာ မပျော်မရွှင် ငြီးတွားလိုက်သည်။
" သြော် ဟုတ်သားပဲ။ ဟိုးအရင် ကုမ္ပဏီက မင်းဆီ ပေးခဲ့ဖူးတဲ့ လက်ထောက်ရှောင်ကျန်းကို မှိတ်မိသေးလား ??? " မန်နေဂျာကျန်း ရုတ်တရက် မေးလိုက်သည်။
ပေါ်ယွီ သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်လေသည်။
" အဲဒီကောင်လေးလားတော့ မသေချာဘူး။ ဒါပေမယ့် သူ တလောတုန်းက trainee ကောင်လေးတသ်ယောက်နောက်ကို လိုက်ပြီး ပါပါရာဇီတွေဆီ အဲဒီ trainee လေးရဲ့သတင်းတွေကို တိတ်တိတ်လေး ရောင်းစားခဲ့တယ်တဲ့လေ။ ဖြစ်ချင်တော့ အဲဒီ trainee က ပါပါရာဇီရဲ့ဆွေမျိုးတစ်ယောက်ဖြစ်နေသတဲ့။ သူ့ကံကြမ္မာကို ဖန်တီးချင်လို့ သွားတာဆိုပေမယ့် ပိုဆိုးတဲ့ အခြေအနေကြီးတစ်ခုကို ပိုက်ပြီးပဲ အိမ်ပြန်လာလိုက်ရတာပေါ့။ ခုတော့ သူ့ရဲ့ကံကောင်းခြင်းတွေက လုံး၀ အဆုံးသတ်သွားပြီ "
What the fuck !!!
ပေါ်ယွီခမျာ သူ့ပါးစပ်ထဲက လက်ဖက်ရည်တွေကိုတောင် ဖူးခနဲ ပန်းထုတ်ပစ်လိုက်မိလုနီးပါးပင်။ " ဘယ်လိုတောင် တိုက်ဆိုင်နေမှုကြီးလဲ !!! "
မန်နေဂျာကျန်း ရယ်မောလိုက်သည်။ " သူကိုက ကံဆိုးတာပါကွာ။ အဲ့ကောင်က အမြဲတမ်း ကလိမ်ကကျစ်တွေချည်းလုပ်နေတာ။ မဟုတ်ရင် သူ ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေထဲ ပြုတ်ကျသွားမှာမဟုတ်ဘူး "
" အဲဒါလည်း မှန်တာပဲ " ရှောင်ကျန်းက ပြန်ပေးဆွဲသည့်ကိစ္စတွင် ချီယန်အား အကူအညီပေးခဲ့တာကို သတိရလိုက်တဲ့အခါ ပေါ်ယွီ ဒေါသထွက်လာရသည်။
မန်နေဂျာကျန်းက လက်ဖက်ရည်ခွက်ကို မြှောက်ပြလိုက်တဲ့အချိန်တွင် ပေါ်ယွီ သူ ဆိုလိုတာကို နားလည်လိုက်ပြီး နှစ်ယောက်သား လေထဲ၌ ချွင်ခနဲမြည်အောင် ခွက်ချင်းတိုက်လိုက်ကြတော့သည်။
သူတို့တွေက ဘာစကားမှမဆိုဘဲ တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြလေသည်။
.
.
.
.
.
.
Hi guys , I'm back !!!!!!
မနေ့တုန်းက ဖြေတော့ဖြေခဲ့တာပဲ အဖြေတစ်ခုကို စိတ်ထင့်နေတာပဲရှိတယ်ရော် ...
ကဲ . . . ကဲ . . . တစ်ပတ်လောက်ကြာသွားလို့ တောင်းပန်ပါတယ်ညော် ... ဒီနေ့မနက် အစောကြီးထပြီး ရေးတင်ပေးလိုက်တယ်
နောက် Ch ခေါင်းစဉ်ကို စပွိုင်းရရင်တော့ဖြင့် " စုံစမ်းစစ်ဆေးခြင်း " ပါတဲ့ရှင်
Vote and vote and vote , please !!!!!!
Zawgyi
စုန္႔႐ွီလင္ ေပၚယြီကို နမ္း႐ိႈက္ၿပီးေနာက္ ေပၚယြီ႕ႏႈတ္ခမ္းသားေတြအား သူ႕လက္ေခ်ာင္း႐ွည္႐ွည္တို႔ႏွင့္ ပြတ္ဆြဲသြားလိုက္သည္။သူ႕မ်က္၀န္းေတြထဲက ႐ႈပ္ေထြးခက္ခဲေနတဲ့ အၾကည့္ေတြနဲ႔အတူ ဘာရယ္မဟုတ္ေမးျမန္းသလို ဟန္ေဆာင္လိုက္သည္။ " မင္း သူနဲ႔ ဘာေတြေျပာခဲ့တာလဲ ??? "
ေပၚယြီက အဲဒီအေၾကာင္းေတြကို ေျပာျပရမွာကေန ေ႐ွာင္လႊဲလိုက္သည္။ " ဘာမွမဟုတ္ပါဘူး "
ခဏေလာက္ စကားစရပ္တန္႔သြားၿပီး ေပၚယြီ ဆက္ေျပာလာသည္။ " ငါ အဲဒီအေၾကာင္းကို ေျပာမျပခ်င္ဘူး။ အရာအားလုံးက ေျဖ႐ွင္းၿပီးသြားခဲ့ပါၿပီ။ အဲဒီေတာ့ ငါ အရင္ျပန္လိုက္ဦးမယ္ "
" အိုး " စုန္႔႐ွီလင္က ေစ့ေစ့ေပါက္ေပါက္ ေမးခြန္းေတြ ထပ္မေမးေတာ့ေခ် ______ ေပၚယြီ႕မ်က္၀န္းေတြထဲမွာ ၀မ္းနည္းမႈနဲ႔ စိတ္အားငယ္ျခင္းေတြကို သူ ျမင္ေတြ႕ေနရသည္။
ၿပီးေတာ့ အျပစ္႐ွိစိတ္အမ်ားႀကီးေရာ ......
ေပၚယြီ အခန္းေလးထဲကို ၀င္သြားကာ ဖရဲသီးေလးကို ေပြ႕ခ်ီလိုက္သည္။သူ႕လက္ေမာင္းေတြထဲမွာ အိပ္တစ္၀က္ႏိုးတစ္၀က္ျဖစ္ေနေလတဲ့ ဖရဲသီးေလးအား ေမႊးေမႊးေပးလိုက္ၿပီး ဖရဲသီးေလးကို ကုတ္အက်ႌေလးနဲ႔ ဦးထုပ္ေလး ၀တ္ဆင္ေပးကာ အျပင္ထြက္လာလိုက္သည္။
စုန္႔႐ွီလင္က တံခါးမွာ မတ္တပ္ရပ္ရင္း ေပၚယြီကို ေငးၾကည့္ေနသည္။
ေပၚယြီ စုန္႔႐ွီလင္ေဘးကေန ျဖတ္ေလွ်ာက္သြားခ်ိန္၌ ႐ုတ္တရက္ဆိုသလို ေျပာလိုက္ေလသည္။ " ဒီကိစၥကို စုံစမ္းတာမ်ိဳးမလုပ္ပါနဲ႔။ ငါ ဆႏၵ႐ွိတဲ့အခါက်ရင္ ငါကိုယ္တိုင္ အမွန္တရားကို မင္းဆီ ေျပာျပပါ့မယ္ "
စုန္႔႐ွီလင္ရဲ႕မ်က္ႏွာအမူအရာက တင္းမာေနရာကေန ေျပေလ်ာ့သြားသည္။ " အင္း " သူ ခပ္တိုးတိုး ဆိုလိုက္သည္။
ေပၚယြီလည္း စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္ေတာ့သည္။
သူတို႔ႏွစ္ေယာက္လုံးဟာ soulmate ေတြျဖစ္ၾကၿပီး တစ္ဦးကိုတစ္ဦး နားလည္ၾကသည္။သူတို႔ေတြ ေမွာင္မိုက္ေနတဲ့ အျပစ္ေပးခန္းငယ္ေလးေဘးမွ ပခုံးခ်င္းယွဥ္တြဲလ်က္ ျဖတ္ေလွ်ာက္လာခ်ိန္တြင္ ေပၚယြီ ေမးလိုက္သည္။ " မင္း သူ႕ကို ဘယ္အခ်ိန္က် လႊတ္ေပးဖို႔ စီစဥ္ထားလဲ ??? "
" လူေတြက သူ႕ကို လုံးလုံး ေမ့သြားၾကတဲ့ အခ်ိန္ေရာက္ရင္ေပါ့ " စုန္႔႐ွီလင္ ေျဖလိုက္သည္။ ၿပီးေတာ့ သူက ခ်ီယန္ဆိုတာကို သူကိုယ္တိုင္ေတာင္ ေမ့သြားတဲ့အခ်ိန္က်ရင္ေပါ့။
ေပၚယြီ အဲဒီအေၾကာင္းကို ေမးျမန္းမေနေတာ့ေပ။
အေမွာင္ခန္းငယ္ထဲ၌ ခ်ီယန္က သူ႕မ်က္လုံးေတြကို အားစိုက္ရင္း သူ႕ေ႐ွ႕တည့္တည့္႐ွိ အေမွာင္ထုႀကီးအား စူးစိုက္ၾကည့္ကာ တတြတ္တြတ္ ျမည္တမ္းေနသည္။ " ငါ ဘယ္တုန္းက လူသတ္ခဲ့တာလဲ ??? ဘယ္အခ်ိန္တုန္းကလဲ ??? ငါ တစ္ခါမွ အဲလိုမလုပ္ဖူးပါဘူး "
_____________
လာမည့္သတင္းပတ္ေတြနဲ႔ ေနာက္လေတြမွာ ေပၚယြီ႕အခ်ိန္ဇယားက အလြန္ၾကပ္လွသည္။အရင္ မန္ေနဂ်ာက်န္းက ေပၚယြီ အခုေလးမွ ေဆး႐ုံဆင္းလာၿပီး သူ႕က်န္းမာေရးကို ပိုမိုေကာင္းမြန္ေအာင္လုပ္ဖို႔ လိုအပ္တဲ့ အေၾကာင္းရင္းေၾကာင့္ သူ႕အလုပ္ေတြကို ၀န္ေပါ့ပါးေအာင္ ကူညီေပးခဲ့႐ုံသာမက သူ႕အတြက္ ေ႐ြ႕ဆိုင္း၍ရႏိုင္တဲ့ အလုပ္မွန္သမွ်ကိုလည္း အခ်ိန္ဆြဲထားေပးခဲ့သည္။
မန္ေနဂ်ာက်န္းက စဥ္းစဥ္းစားစားနဲ႔ ေထာက္ထားသက္ညႇာစြာ လုပ္ေပးခဲ့ေပမယ့္ ေပၚယြီ ေဆး႐ုံကေန အိမ္ျပန္အၿပီးေနာက္တြင္ အျပင္၌ ငါးရက္ေလာက္ ထြက္အလုပ္,လုပ္လိုက္ရေသးသည္။
ကံေကာင္းေထာက္မစြာႏွင့္ပင္ လုပ္စရာကိုင္စရာေတြ အမ်ားႀကီး႐ွိေသာ္ျငား ေပၚယြီက အဲဒီအလုပ္ေတြကို ဟြားခ်န္ၿမိဳ႕ေတာ္မွာပဲ လုပ္၍ရသည္။ဒါ့ျပင္ သူ႕အတြက္ အင္တာဗ်ဴးေတြနဲ႔ ေၾကာ္ျငာ႐ိုက္ကြင္းေတြကလည္း စိတ္ေရာကိုယ္ပါ ခက္ခက္ခဲခဲ အားထုတ္ကာ ပင္ပင္ပန္းပန္း လုပ္ကိုင္ရန္ မလိုအပ္ေခ်။
ဒါက ေပၚယြီကို ႀကီးႀကီးမားမား သက္သာရာရေစသည္။
______ ဒါေပမယ့္ ေပၚယြီ မသိတာက အကယ္၍ စုန္႔႐ွီလင္သာ သူ႕ေနာက္ကြယ္ကေန ဟန္႔တားကူညီတာမ်ိဳး မ႐ွိခဲ့လွ်င္ သူ ဒီေလာက္အၾကာႀကီး အနားယူလို႔ရမွာ မဟုတ္ဘူးဆိုတာပင္။
ယေန႔ညတြင္ ေပၚယြီ ပင္ပန္းႏြမ္းနယ္စြာ အိမ္ျပန္လာခဲ့သည္။သူ အိမ္တံခါးကို ဖြင့္လိုက္တာနဲ႔ အခန္းထဲမွာ မတ္တပ္ရပ္ေနၿပီး ထြက္သြားမလို႔ျပင္ေနတဲ့ စုန္႔႐ွီလင္ကို ေတြ႕လိုက္ရသည္။ေပၚယြီ ခ်က္ခ်င္းလက္ငင္း ျပဳံးျပလိုက္သည္။
______ ဒီရက္ေတြမွာ သူက မတရားေတြ အလုပ္မ်ားေနတာေၾကာင့္ စုန္႔႐ွီလင္ကပဲ ဖရဲသီးေလးကို အိမ္နဲ႔ေက်ာင္း အႀကိဳအပို႔လုပ္ေပးတဲ့ ကားေမာင္းတာ၀န္ကို ယူထားရသည္။ၿပီးခဲ့တဲ့ရက္ေတြက ေပၚယြီဟာ သူ႕အလုပ္ေတြကို အလြန္ေနာက္က်တဲ့အခ်ိန္မွ ၿပီးစီးခဲ့သည္။ဒါေၾကာင့္ သူ စုန္႔႐ွီလင္နဲ႔ မဆုံခဲ့မိေခ်။ၿပီးေတာ့ ဒီေန႔မွ သူ တစ္နာရီေလာက္ အလုပ္ေစာၿပီးခဲ့ၿပီး စုန္႔႐ွီလင္ကို ေတြ႕ရဖို႔ ျဖစ္လာသည္။
စုန္႔႐ွီလင္က အမ်ိဳးသားငယ္ေလးရဲ႕နဖူးကို စမ္းၾကည့္လိုက္တဲ့အခါ အနည္းငယ္ ေအးစက္ေနတာေၾကာင့္ မ်က္ႏွာထားတင္းမာစြာနဲ႔ ေပၚယြီအား ဧည့္ခန္းဆီ ဆြဲေခၚသြားကာ သူ႕အတြက္ ေရေႏြးပူပူေလာေလာေလးတစ္ခြက္ ေလာင္းထည့္ေပးလိုက္သည္။
" ေက်းဇူးတင္ပါတယ္ " စုန္႔႐ွီလင္ဆီက ဖန္ခြက္ကို လက္ခံရင္း ေပၚယြီ ေျပာလိုက္သည္။ေပၚယြီက ခြက္ကို လက္ဖက္ရည္စားပြဲေပၚ တင္လိုက္ၿပီးေနာက္ စုန္႔႐ွီလင္ကိုယ္ေပၚတြင္ ၀င္လွဲလိုက္သည္။သူတို႔ေတြဟာ ဘာစကားမွမဆိုမိၾကဘဲ ဆိုဖာေပၚ၌ လွဲေလ်ာင္းေနၾကသည္။
ေပၚယြီ သူ႕ကိုယ္သူ ပိုသက္ေတာင့္သက္သာ႐ွိေအာင္ ခႏၶာကိုယ္အေနအထားကို အႀကိမ္ေတာ္ေတာ္မ်ားမ်ား အလိုက္သင့္ေလး ေျပာင္းလဲလိုက္သည္။ " ငါ အလုပ္ေျပာင္းေတာ့မယ္ "
တင္းဖန္ေအဂ်င္စီက မူမမွန္တဲ့ တစ္စုံတစ္ရာကို အနံ႔ရသြားခဲ့သည္။လတ္တေလာတြင္ အထက္ပိုင္းစီမံအုပ္ခ်ဳပ္ေရးဘက္က ေပၚယြီႏွင့္စကားေျပာရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း အလုပ္မ်ားလွတဲ့ ေပၚယြီရဲ႕အခ်ိန္ဇယားေၾကာင့္ အခ်ည္းႏွီးသာျဖစ္ခဲ့သည္။အခ်ိန္တစ္ခုၾကာတဲ့အခါ လူထုေ႐ွ႕၌ သူ ထြက္ေပၚလာႏိုင္သည့္ အခြင့္အေရးေတြဟာ ႀကီးႀကီးမားမား ေလ်ာ့ခ်ခံလိုက္ရမွန္း ေပၚယြီ သတိျပဳမိသြားသည္။
ဒါေပမယ့္ အဲဒီကိစၥေၾကာင့္ ေပၚယြီရဲ႕အလုပ္ပမာဏက ယုတ္ေလ်ာ့မလာခဲ့ေခ်။
" ပင္ပန္းေနလား ??? " စုန္႔႐ွီလင္ ေမးလိုက္သည္။သူ႕လက္ေမာင္းတစ္ဖက္က အမ်ိဳးသားငယ္ေလးရဲ႕ ေတာင့္တင္းသန္မာၿပီး အဆီပိုမ႐ွိ က်စ္လ်စ္ေနတဲ့ ခါးသိမ္သိမ္တစ္ဝိုက္အား လာေရာက္ရစ္ပတ္တြယ္လိုက္သည္။
ေပၚယြီ သမ္းေဝရင္း " ငါ အဆက္ေျပပါတယ္ "
ခဏေလာက္ရပ္ကာ သူ ဆက္ေျပာလိုက္သည္။ " အင္း ၊ မင္း ဒီည ဒီမွာပဲ ေနမွာမလားဟင္ ??? "
" မင္းေလးက က်န္းမာေရးမေကာင္းေသးဘူးေလ " စုန္႔႐ွီလင္ ျပန္ေျဖလိုက္သည္။သူ႕စကားလုံးေတြရဲ႕ ေနာက္ကြယ္က အဓိပၸါယ္က ေပၚယြီဟာ သူ႕ဆႏၵေတြကို ၿခိဳးျခံၿပီး ဒီညကို သန္႔႐ွင္းစြာ ေနထိုင္သင့္သည္ဟူ၍ျဖစ္သည္။
ေပၚယြီ ခဏတျဖဳတ္စာေလာက္ မည္သို႔တုန္႔ျပန္ရမည္မသိ ျဖစ္သြားရသည္။မနက္ျဖန္မနက္ေရာက္ရင္ သူ ကုမၸဏီဥကၠ႒ႏွင့္ သြားေရာက္ေတြ႕ဆုံကာ အင္တာဗ်ဴးလုပ္စရာေတြ႐ွိသည္။ဒါေၾကာင့္ ဒီေန႔ညမွာေတာ့ သူ ဘာမွမလုပ္ပါဘဲႏွင့္ စုန္႔႐ွီလင္နဲ႔အတူတူ ေစာင္ေအာက္မွာ ႐ိုး႐ိုးသားသား အိပ္ဖို႔ စီစဥ္ထားတာျဖစ္သည္။
___________
ေနာက္တစ္ေန႔မနက္ခင္းတြင္ သူ႕ရဲ႕ခ်စ္ရသူႀကီး မစၥတာစုန္႔နဲ႔အတူ ေစာင္တစ္ထည္တည္းေအာက္မွာ အတူတူအိပ္ခဲ့ရတဲ့ ေပၚယြီဟာ အားအင္အျပည့္လန္းဆန္းစြာ ႏိုးထလာၿပီး စုန္႔႐ွီလင္ ခ်က္ေကြၽးတဲ့ အခ်စ္မနက္စာအား စားေသာက္လိုက္သည္။
ဖရဲသီးေလးက သူ႕ပါးစပ္ေလးထဲကို ၾကက္ဥႏြားႏို႔ေပါင္းေတြ အျပည့္ထိုးသိပ္ထည့္ရင္း သူ႕ေခါင္းေလးအား ေပ်ာ္႐ႊင္စြာ လႈပ္ယမ္းေနသည္။ " အရသာ႐ွိတယ္ !!! အရသာ႐ွိတယ္ !!! "
ေပၚယြီ ျပဳံးကာ သတင္းစာဖတ္ေနတဲ့ အမ်ိဳးသားကို ၾကည့္လိုက္သည္။ " ငါ ဒီေန႔ ကုမၸဏီကို ေနာက္က်မွ သြားလို႔ရလို႔ သူ႕ကို ေက်ာင္းလမ္းၾကဳံပို႔ေပးလိုက္မယ္။ ဒါနဲ႔ ငါ ဒီည ေစာေစာ အလုပ္ဆင္းလာမွာ။ မင္း စာခ်င္တာ ဘာ႐ွိလဲ ??? "
" မင္းက ကိုယ့္အတြက္ ခ်က္ေပးမွာလား ? " စုန္႔႐ွီလင္က ေပၚယြီကို စိတ္မ၀င္စားစြာ ၾကည့္လိုက္သည္။
" အင္းေပါ့ ၊ မင္း တကယ္လို႔ ငါနဲ႔အတူ ေဟာ့ေပါ့စားရင္ေရာ ၊ အြန္း ... ၿပီးေတာ့ ၀က္နံ႐ိုးစြပ္ျပဳတ္ " ေပၚယြီ ျပဳံးျပဳံး႐ႊင္႐ႊင္ႏွင့္ပင္ သူ႕ရဲ႕အထူးသီးသန္႔ဟင္းလ်ာေတြကို ႐ြတ္ျပေနသည္။
စုန္႔႐ွီလင္က ေပၚယြီကို လ်စ္လ်ဴ႐ွဴလိုက္ၿပီး သတင္းစာကို ေဘးတစ္ဖက္ခ်ကာ ပူပူေႏြးေႏြး ငါးဆန္ျပဳတ္အား အလ်င္စလို ယူေသာက္ေတာ့သည္။အဲဒီေနာက္ သူ မတ္တပ္ရပ္ကာ စားပြဲကေန ထြက္သြားလိုက္သည္။
" အား ... ယား ... ယား ... " ဖရဲသီးေလးက သူ႕အ၀တ္အစားေတြမွာ ႏြားႏို႔ၾကက္ဥေပါင္းေတြ စြန္းထင္းေပေရေနၿပီး ႏႈတ္ခမ္းေလး စူကာ ဝူးဝူးဝါးဝါးေအာ္ဟစ္ေနသည္။
ေပၚယြီမွာ အကူအညီမဲ့စြာနဲ႔ ဖရဲသီးေလးရဲ႕ အျပစ္ကင္းစင္တဲ့ မ်က္ႏွာေလးကို ၾကည့္႐ွဴလိုက္ၿပီး ဖုန္းကိုခ်ကာ ဖရဲသီးေလးကို သန္႔႐ွင္းေပးဖို႔အတြက္ ေရခ်ိဳးခန္းဆီ ေခၚသြားလိုက္သည္။
တိုက္တိုက္ဆိုင္ဆိုင္ပင္ ထမင္းစားစားပြဲေပၚ တင္ထားခဲ့တဲ့ ေပၚယြီ႕ဖုန္းဟာ ႐ုတ္တရက္ အသံျမည္လာခဲ့သည္။
စုန္႔႐ွီလင္ အဲဒီနားကေန ျဖတ္ေလွ်ာက္သြားရင္း screen ေပၚတြင္ လင္းေနေလတဲ့ ဟန္က်စ္ယြီဆိုသည့္ နာမည္တစ္လုံးကို အမွတ္မထင္ ရိပ္ခနဲ ျမင္လိုက္ရသည္။သူ႕ေျခလွမ္းေတြ ရပ္တန္႔သြားကာ ေပၚယြီ႕ဟန္းဖုန္းကို တည္ၿငိမ္စြာ ေကာက္ကိုင္ၿပီး password ျဖည့္လိုက္သည္။
/// ငါ မင္းရဲ႕ခႏၶာကိုယ္ေဆးစစ္မႈမွတ္တမ္းကို ရလာခဲ့ၿပီ။ ဘာမွႀကီးႀကီးမားမား ျပင္းထန္တာမ်ိဳးမ႐ွိဘူး။ မင္းကိုယ္မင္း ေကာင္းေကာင္း ဂ႐ုစိုက္ၿပီး ပင္ပန္းမယ့္အလုပ္ေတြ မလုပ္႐ုံပဲ။ ေၾသာ္ ... ဟုတ္သားပဲ , ကေလးအေဖက မင္းရဲ႕က်န္းမာေရးအေျခအေနအေၾကာင္း ငါ့ကို ေမးသြားတယ္။ မင္းရဲ႕မိတ္ေဆြအေနနဲ႔ ငါ သူ႕ကို အမွန္အတိုင္း ေျပာမျပလိုက္ဘူး။ ဒါေပမယ့္ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ ငါ သူ႕ကို မေျပာပါဘူးလို႔ အာမမခံႏိုင္ဘူးေနာ္ ///
စုန္႔႐ွီလင္ရဲ႕မ်က္ဆံအိမ္ေတြ က်ဥ္းေျမာင္းသြားရသည္။သံသယျဖစ္စရာ ေသာ့ခ်က္တခ်ိဳ႕ကို သူ လြဲေခ်ာ္သြားခဲ့မွန္း စုန္႔႐ွီလင္ သေဘာေပါက္လိုက္သည္။
ဥပမာအေနနဲ႔ message ထဲမွာ ဟန္က်စ္ယြီ ေရးထားတဲ့ ကေလးက ဘယ္သူလဲ ??? ကေလးရဲ႕အေဖဆိုတာကေရာ ဘယ္သူလဲ ??? ဘယ္သူက ေပၚယြီရဲ႕က်န္းမာေရးကို ဟန္က်စ္ယြီဆီ ေမးခဲ့တာလဲ ???
သူ အမွန္တရားႏွင့္ နီးကပ္လာၿပီဟု စုန္႔႐ွီလင္ ခံစားရသည္။
ေရခ်ိဳးခန္းဆီက အသံတခ်ိဳ႕ကို ၾကားလိုက္တာေၾကာင့္ စုန္႔႐ွီလင္ ဖုန္းကို နဂိုအတိုင္းေလး ျပန္ထားလိုက္ၿပီး တံခါးနားမွာ ရပ္ကာ သူ႕အက်ႌကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပဳျပင္ေနသည္။
" ကိုယ္ အလုပ္သြားေတာ့မယ္ " စုန္႔႐ွီလင္ အခန္းထဲက လူႀကီးေလးနဲ႔ ကေလးေလးကို ေျပာလိုက္ေလသည္။
" ဦးဦး , တာ့တာ။ သားနဲ႔ပါးပါးကို လြမ္းေနေနာ္ " ဖရဲသီးေလး ေျပာလိုက္သည္။
စုန္႔႐ွီလင္က ေပၚယြီ႕အား အဓိပၸါယ္အျပည့္ပါတဲ့ အၾကည့္တို႔ႏွင့္အတူ လွမ္းၾကည့္လိုက္ၿပီး သူ႕အသံကေတာ့ ေလးနက္ကာ ဆြဲေဆာင္မႈ႐ွိ႐ွိ ညိႇဳ႕ငင္ေနသည္။ " အင္း ... "
ေပၚယြီ႕မ်က္ႏွာေလးက ႐ွက္ေသြးျဖာကာ နီျမန္းသြားၿပီး သူ႕လက္ေမာင္းေတြထဲမွာ ကေလးဆန္ဆန္ ပြင့္ပြင့္လင္းလင္း အမွာေတာ္ပါးေနေလတဲ့ ဖရဲသီးေလးကို အ၀တ္လဲဖို႔အတြက္ အခန္းထဲ ကတိုက္က႐ိုက္ ျပန္ေခၚသြားလိုက္သည္။
ဒီလို ကို႔႐ို႕ကားရားႏိုင္တဲ့ အခိုက္အတန္႔မ်ိဳးက ဘာေၾကာင့္ရယ္မသိ သူ႕အား သေဘာတက် ျပဳံးရယ္႐ႊင္ျမဴးေစသည္။
စုန္႔႐ွီလင္က ဂ႐ုမစိုက္ဟန္ျပဳထားတဲ့ မ်က္ႏွာအမူအရာနဲ႔အတူ တံခါးအျပင္ဘက္ဆီ ေလွ်ာက္လာၿပီးေနာက္ ဖုန္းကို ထုတ္ယူလိုက္ေလသည္။ " ဟယ္လို , ငါပါ "
ဟန္က်စ္ယြီ အံ့အားသင့္သြားရသည္။
" ေလာင္စုန္႔ , ဘာကိစၥ႐ွိလို႔လဲ ??? "
" ငါ မင္း သူ႕ဆီ ပို႔လိုက္တဲ့ message ကို ဖတ္ၿပီးၿပီ " သူ႕ရဲ႕စိတ္တည္ၿငိမ္ေအးေဆးမႈကို ထိန္းသိမ္းထားရင္း စုန္႔႐ွီလင္ ဆိုလိုက္သည္။
ဖုန္းထဲကေန ႐ုတ္တရက္ ထြက္ေပၚလာတဲ့ ႂကြတ္ဆတ္ဆတ္ ဆူညံသံတစ္ခုကို စုန္႔႐ွီလင္ ေသခ်ာ ၾကားလိုက္ရၿပီး အဲဒီအသံက ၾကမ္းျပင္ေပၚကို ဖန္ခြက္က်သြားတဲ့ ခြမ္းခနဲ အသံမ်ိဳးျဖစ္ေၾကာင္း သတိျပဳမိလိုက္သည္။
စုန္႔႐ွီလင္ အေသအခ်ာ အေလးအနက္ စဥ္းစားၾကည့္ေနသည္။ ၾကည့္ရတာ ေပၚယြီ ေဆး႐ုံတက္တဲ့ကိစၥက ႐ိုး႐ွင္းမေနဘဲ တျခားအေၾကာင္းျပခ်က္႐ွိရမယ္။
____________
ေပၚယြီက ဖရဲသီးေလးအား မူႀကိဳေက်ာင္းဆီ လိုက္ပို႔ေပးၿပီးေနာက္ သူ႕ရဲ႕ေစ်းေပါေပါယြမ္တစ္သိန္းတန္ကားေလးကို ျဖည္းညင္းစြာ ေမာင္းႏွင္ကာ ကုမၸဏီေရာက္လာခဲ့သည္။
သူ႕ရဲ႕ကားက လူပုံအလယ္၌ ထင္ထင္ေပၚေပၚႀကီး ထင္းထြက္မေနေပ။တကယ္လို႔ သူက ေအာက္ထပ္မွာ သူ႕လမ္းကို လာပိတ္ၾကမယ့္ သတင္းေထာက္ေတြနဲ႔ မေတာ္တဆ ေတြ႕ဆုံခဲ့ရင္ေတာင္ ဒီကားက လူအုပ္ႀကီးထဲကေန အေဝးကို လ်င္လ်င္ျမန္ျမန္ ေမာင္းထြက္သြားႏိုင္ေအာင္ သူ႕အား ကူညီေပးႏိုင္သည္။
ေမွ်ာ္လင့္ထားသလိုပင္ ကုမၸဏီကားပါကင္ထဲကို သူ ကားေမာင္း၀င္သြားတဲ့အခါ အသည္းခိုက္ေအာင္ ေအးေနတဲ့ ခ်မ္းခ်မ္းစီးစီးေလေတြကို ရင္ဆိုင္လ်က္ ေထာင့္ခ်ိဳးတစ္ခုမွာ ဇြဲေကာင္းေကာင္းရပ္ေနသူ သတင္းေထာက္ပါပါရာဇီေတြအား ျမင္လိုက္ရသည္။ေပၚယြီမွာ ယခုေခတ္အခါႀကီး၌ လုပ္ကိုင္စားေသာက္ရတာ တကယ့္ကို မလြယ္ကူလွေပဘူးပဲဟု ေတြးၿပီး သက္ျပင္းမခ်ဘဲမေနႏိုင္ေတာ့ေခ်။
ေပၚယြီ ကားေပၚကေန ဆင္းကာ ေနကာမ်က္မွန္ကို ၀တ္လိုက္သည္။သူ႕လက္ေတြကို အိတ္ကပ္ထဲမွာ ထည့္ထားရင္း ဓါတ္ေလွကားဆီ ေလွ်ာက္သြားလိုက္ၿပီး ဥကၠ႒႐ုံးခန္း႐ွိရာ အထပ္ခလုတ္ကို ဖိႏွိပ္လိုက္သည္။
" ေက်းဇူးျပဳၿပီး အထဲ၀င္သြားေပးပါ႐ွင္ "
ေပၚယြီ ၀င္သြားသည့္အခ်ိန္တြင္ အသက္ငါးဆယ္ခန္႔႐ွိၿပီျဖစ္တဲ့ တင္းဖန္ေအဂ်င္စီ၏ဥကၠ႒ျဖစ္သူကို ေတြ႕လိုက္ရၿပီး သူ တေလးတစား ႏႈတ္ဆက္စကားဆိုလိုက္သည္။ " ဥကၠ႒ "
ဥကၠ႒က လက္ကို ေဝ့ယမ္းျပကာ သူ႕မ်က္မွန္အား ဆြဲခြၽတ္လိုက္ၿပီး မ်က္လုံးေထာင့္စြန္းေတြကို ပြတ္သပ္လိုက္သည္။ " မင္း ထြက္သြားခ်င္ေနတယ္လို႔ ငါ ၾကားတယ္ "
ေပၚယြီ တုန္႔ဆိုင္းသြားသည္။တကယ္လို႔ သူ႕ကို ဒီေမးခြန္းေမးတဲ့လူဟာ အမႈေဆာင္အဖြဲ႕က တျခားလူတစ္ေယာက္ေယာက္သာဆိုရင္ သူ ဟာသလုပ္ကာ ရယ္ရယ္ေမာေမာျပဳလိုက္မွာျဖစ္သည္။ဒါေပမယ့္ အရင္တုန္းက သူ႕အား အထက္လူႀကီးတစ္ေယာက္အေနနဲ႔ ကူညီအားေပးခဲ့တဲ့ ဥကၠ႒ကိုေတာ့ သူ မလိမ္ညာခ်င္ေပ။
" ဟုတ္တယ္ "
ေပၚယြီ အမွန္အတိုင္းေျဖဆိုလိုက္သည္။
" မင္း ကိုယ္ပိုင္အလုပ္,လုပ္ဖို႔ ဆုံးျဖတ္လိုက္တာလား ??? ဒါမွမဟုတ္ တျခားကုမၸဏီကို ေျပာင္းခ်င္တာလား ??? " ဥကၠ႒က ႏူးညံ့စြာ ေျပာလိုက္သည္။ " ငါ ဒီေမးခြန္းကို မင္းဆီ ေမးတာက တင္းဖန္ေအဂ်င္စီကိုယ္စား မဟုတ္ပါဘူး။ မစိုးရိမ္ပါနဲ႔ "
အဲဒီတစ္ခဏတြင္ ေလထုက ေအးခဲသြားေလသည္။
" ေတာင္းပန္ပါတယ္ " ဘုရားသခင္ကို ယုံၾကည္ပါ။တံခါးအား ေသာ့ခတ္ရန္ မေမ့ပါႏွင့္။ေပၚယြီက စာခ်ဳပ္သက္တမ္း မကုန္ခင္မွာ ျပသာနာေတြျဖစ္ေစဖို႔ အစီအစဥ္မ႐ွိေခ်။
ဥကၠ႒က သူ နားလည္ေပးႏိုင္ေၾကာင္း ေဖာ္ျပသည့္အေနျဖင့္ ေခါင္းတဆတ္ဆတ္ၿငိမ့္လိုက္သည္။ " ၿပီးခဲ့တဲ့ရက္ေတြတုန္းက မင္းအလုပ္ေတြကို ကုမၸဏီက ၀င္ဟန္႔လိုက္တဲ့ကိစၥအတြက္ ငါကပဲ ေတာင္းပန္ပါတယ္။ ငါ အဲဒီအေၾကာင္းေတြကို ေစာေစာႀကိဳမသိခဲ့လို႔ သူတို႔ကို အခ်ိန္မီ မတားလိုက္ႏိုင္ခဲ့ဘူးကြာ "
" ကိစၥမ႐ွိပါဘူး " ေပၚယြီ ျပဳံးျပလိုက္သည္။
ဥကၠ႒က ေကာ္ဖီတစ္ငုံကို စုပ္ယူေသာက္လိုက္ၿပီး ဆက္ေျပာလာသည္။ " မင္းရဲ႕ဆုံးျဖတ္ခ်က္က ဘာပဲျဖစ္ျဖစ္ ကိစၥမ႐ွိပါဘူး။ ဒါေပမယ့္ မင္း ကုမၸဏီကေန ထြက္သြားရင္ေတာင္ ငါတို႔ေတြ တစ္ခ်ိန္တုန္းက မင္းကို ဘယ္လိုပ်ိဳးေထာင္ကူညီေပးခဲ့ရလဲဆိုတာ ေမ့မပစ္ဖို႔ ေမွ်ာ္လင့္ပါတယ္ "
Entertainment ေလာကဆိုတာက အလြန္ႀကီးမားက်ယ္ျပန္႔လွသည္။ႏွစ္စဥ္ႏွစ္တိုင္း star တစ္ေယာက္ျဖစ္ရဖို႔အေရး အလုအယက္ ခဲခဲယဥ္းယဥ္း တိုးေဝွ႔ႀကိဳးပမ္းေနၾကတဲ့ trainee ေတြက မေရမတြက္ႏိုင္ေအာင္႐ွိသည္။ဒါေပမယ့္ သူတို႔ေတြထဲက အနည္းငယ္ေသာ တခ်ိဳ႕တေလကိုသာ ပရိသတ္ေတြက မွတ္မိၾကေလသည္။
ေပၚယြီဟာ သူ႕အသက္တစ္ဆယ့္ေျခာက္ႏွစ္တြင္ ပြဲဦးထြက္ၿပီးကတည္းက သုံးႀကိမ္တိုင္တိုင္ ေန႔ခ်င္းညခ်င္း နာမည္ႀကီးေက်ာ္ၾကားလာတဲ့ celebrity တစ္ဦးျဖစ္သည္။ပရိသတ္ေတြကလည္း သူ႕အလုပ္ေတြ ေအာင္ျမင္လာတဲ့အခ်ိန္တိုင္း ေပၚယြီရဲ႕အေတြ႕အၾကဳံေတြ လက္ရာေတြနဲ႔ပတ္သတ္ၿပီး စိတ္လႈပ္႐ွားထက္သန္ကာ ေျပာဆိုေဆြးေႏြးၾကသည္။
သူ႕ရဲ႕ပထမဆုံး ပြဲဦးထြက္ျဖစ္တဲ့ idol တီဗြီဇာတ္လမ္းတြဲတြင္ ေပၚယြီက ႏိုင္လိုမင္းထက္ျပဳမူတတ္တဲ့ သခင္ငယ္ေလးအျဖစ္ သ႐ုပ္ေဆာင္ခဲ့သည္။အသက္ႏွစ္ဆယ္၌ ဒုတိယေျမာက္ ဇာတ္လမ္းတြဲတြင္ ေအးတိေအးစက္နဲ႔ မာနႀကီးတဲ့ ႐ုပ္ေခ်ာေခ်ာ လူထူးလူဆန္း စုံေထာက္ေလးေနရာမွ ပါ၀င္သ႐ုပ္ေဆာင္ခဲ့ၿပီး လူတိုင္းလူတိုင္းက သူ႕အား စြဲၿမဲမွတ္မိသြားၾကေတာ့သည္။အသက္ႏွစ္ဆယ့္ငါးႏွစ္တြင္ ေသြးေႂကြးရန္ၿငိဳးေဟာင္း ႀကီးႀကီးမားမား႐ွိတဲ့ စစ္သူႀကီးငယ္ေလးတစ္ေယာက္အျဖစ္ သူ႕ရဲ႕သ႐ုပ္ေဆာင္အလုပ္ကို ျပန္လည္နိဒါန္းသစ္အစပ်ိဳးခဲ့သည္။
ေပၚယြီရဲ႕၀က္၀က္ကြဲ ေအာင္ျမင္ေက်ာ္ၾကားမႈက သူ႕ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ႏွင့္ ကံေကာင္းမႈအား ပရိသတ္ေျမာက္မ်ားစြာနဲ႔တကြ entertainment ေလာကထဲမွာ အလုပ္,လုပ္ေနၾကတဲ့ လူအားလုံးဆီ သုံးႀကိမ္သုံးခါတိုင္ေအာင္ သက္ေသျပႏိုင္ခဲ့သည္။
ဒါေတြက တျခား star ေတြ ေတာ္ေတာ္မ်ားမ်ားဆီမွာ မ႐ွိၾကတဲ့ အက်ိဳးအျမတ္ျဖစ္ၿပီး အေရးသာမႈပင္။
ဒါေၾကာင့္ ေပၚယြီက သူကိုယ္တိုင္ ေသျခင္းတရားကို မဖိတ္ေခၚသ၍ entertainment ေလာကထဲ႐ွိ သူ႕အဆင့္အတန္းကလည္း ျမင့္မားေနဦးမွာျဖစ္ေၾကာင္း ဥကၠ႒က ႐ွင္း႐ွင္းလင္းလင္း သိသည္။ အဲဒါေၾကာင့္မို႔လို႔ပဲ သူတို႔က သူ႕ကို အျပစ္ျပဳမိလို႔မျဖစ္ဘူး !!!
တင္းဖန္ေအဂ်င္စီက အသက္ဆက္႐ွင္သန္ဖို႔ရာအတြက္ star ေတြနဲ႔ ေကာင္းက်ိဳးဆိုးျပစ္မွန္သမွ်ကို အတူခံစားရင္း star ေတြအေပၚမွာပဲ မွီခိုအားထားေနရတဲ့ entertainment ကုမၸဏီတစ္ခုျဖစ္သည္။
ၿပီးေတာ့ ေပၚယြီက တကယ္လို႔ တင္းဖန္ကေန ထြက္သြားရင္ေတာင္ ဆယ္ႏွစ္နီးပါးေလာက္ ေနခဲ့တဲ့ သူ႕ရဲ႕အလုပ္႐ွင္ကုမၸဏီဟာ တင္းဖန္ေအဂ်င္စီဆိုတဲ့အခ်က္ကို ေျပာင္းလဲပစ္ႏိုင္မွာမဟုတ္ေခ်။
ဒါေၾကာင့္ ယခု ဥကၠ႒က သြယ္ဝိုက္ေျပာဆိုလိုက္တာဆိုေပသိ ေပၚယြီကေတာ့ သူ႕ရဲ႕ဆိုလိုရင္းကို ခ်က္ခ်င္း နားလည္လိုက္သည္။ေပၚယြီ ေတြေဝေနတာမ်ိဳးမ႐ွိဘဲ တန္းအေျဖေပးလိုက္ေလသည္။ " ဒါေပါ့။ တင္းဖန္ေအဂ်င္စီက ကြၽန္ေတာ္႕ကို ဆယ္ႏွစ္ေလာက္ ေလ့က်င့္သင္ၾကားေပးခဲ့တာပဲ။ ကြၽန္ေတာ္ အဲဒါကို မေမ့ပါဘူး "
ဥကၠ႒မွာ အသက္႐ွဴေပါက္ရသြားၿပီး ...
" အင္းပါ။ တကယ္လို႔ မင္း အလုပ္ေတြ႐ႈပ္ေနတယ္ဆိုလည္း ျပန္ရင္ျပန္ေလ "
ေပၚယြီ ေခါင္းၿငိမ့္ျပကာ အျပန္အလွန္ ႏႈတ္ဆက္စကားဆိုၿပီးေနာက္ ဥကၠ႒႐ုံးခန္းထဲမွ ထြက္လာခဲ့လိုက္သည္။သူ တံခါးအျပင္ဘက္ကို ေလွ်ာက္လာ,လာခ်င္းမွာပင္ ဓါတ္ေလွကားေ႐ွ႕၌ သူ႕ကို ရပ္ေစာင့္ေနတဲ့ မန္ေနဂ်ာက်န္းအား ေတြ႕လိုက္ရသည္။
" အခ်ိန္ရေသးရင္ ငါတို႔ ခဏတစ္ျဖဳတ္ေလာက္ စကားေျပာၾကမလား " မန္ေနဂ်ာက်န္းက လက္ေကာက္၀တ္ကို ေျမႇာက္ကာ နာရီတစ္ခ်က္ၾကည့္ရင္း ေပၚယြီကို ေမးလိုက္သည္။ " ငါ့႐ုံးခန္းမွာ လက္ဖက္ရည္တစ္ခြက္ေလာက္ ေသာက္ၾကရေအာင္ "
ပထမေတာ့ ေပၚယြီ မင္တက္သြားေပမယ့္ ခဏအၾကာတြင္ အျပဳံးတစ္ပြင့္နဲ႔အတူ ျပန္ေျဖလိုက္သည္။ " ဟုတ္ၿပီေလ "
ေပၚယြီ ထြက္သြားမယ့္ကိစၥကို မန္ေနဂ်ာက်န္း ခပ္ေရးေရးမွ် သေဘာေပါက္ခဲ့ၿပီးသားျဖစ္သည္။ေ႐ွာင္က်န္းက ေပၚယြီ႕အေၾကာင္းကို တိုးတိုးတိတ္တိတ္ သူ႕ဆီ သတင္းမေပးခင္ကတည္းက မူမမွန္တာ တစ္ခုခုကို မန္ေနဂ်ာက်န္း ခံစားမိေနသည္။
မန္ေနဂ်ာက်န္းက ေပၚယြီနဲ႔ အတူအလုပ္,လုပ္လာတာ ခုနစ္ႏွစ္ ၊ ႐ွစ္ႏွစ္ေလာက္ ႐ွိၿပီျဖစ္၍ သူ ေပၚယြီအား အတိုင္းအတာတစ္ခုအထိ ေကာင္းေကာင္းႀကီး နားလည္သည္။
မန္ေနဂ်ာက်န္းက လက္ဖက္ရည္ၾကမ္းတစ္ခြက္အား ေပၚယြီဆီ ကမ္းေပးလိုက္ၿပီး သူတို႔ေတြက ဆိုဖာေပၚတြင္ ေဘးခ်င္းယွဥ္လ်က္ ထိုင္ေနၾကသည္။ " မင္း ထြက္သြားလိမ့္မယ္ဆိုတာကို ငါ အေစာႀကီးကတည္းက ခန္႔မွန္းၿပီးသားပါ။ ဒါေပမယ့္ ငါ တစ္ခါမွ မစဥ္းစားမိတာက မင္း တကယ္ႀကီး ထြက္သြားဖို႔ ေ႐ြးခ်ယ္လိုက္တာကိုပဲ "
ေပၚယြီ မ်က္ခုံးပင့္ကာ ေအးေအးေဆးေဆး႐ွိၿပီး သဘာ၀က်တဲ့ ေလသံႏွင့္အတူ ေျပာလိုက္သည္။ " ခင္ဗ်ားက ကြၽန္ေတာ္႕ကို တကယ္ပဲ ေကာင္းေကာင္းသိတယ္လို႔ ေတြးေနတာလား ??? "
" ငါ မင္းကို ေသခ်ာမသိပါဘူး။ ဒါေပမယ့္ ငါက မင္းနဲ႔ ရင္းႏွီးခဲ့တာပဲေလ " မန္ေနဂ်ာက်န္းရဲ႕အသံက စိတ္ဓါတ္က်မႈအျပည့္ျဖစ္ေနၿပီး သက္ျပင္းႀကီးစြာ ခ်လိုက္သည္။
" မင္းမွာ ကေလးတစ္ေယာက္႐ွိၿပီဆိုေတာ့ကား မင္းရဲ႕အလုပ္ကလည္း ပိုၿပီးေလးလံလာတာေပါ့။ ဂုဏ္ျပဳပါတယ္ကြာ !!! "
" ကြၽန္ေတာ္႕မယ္ ကေလးကို ႀကီးျပင္းေအာင္ ေကြၽးေမြးေစာင့္ေ႐ွာက္ဖို႔အတြက္ ပိုက္ဆံ႐ွာရဦးမယ္ေလ။ အဲလိုမွမဟုတ္ရင္ သူက ကြၽန္ေတာ္နဲ႔အတူတူ ေရပဲေသာက္ေနရလိမ့္မယ္ " ရယ္စရာအေနနဲ႔ ေပၚယြီ ဟာသေျပာလိုက္သည္။
မန္ေနဂ်ာက်န္းရဲ႕ႏႈတ္ခမ္းေတြက မဲ့က်သြားၿပီး ေျပာလာခဲ့သည္။ " မင္းမိန္းမေရာ ??? ဘယ္အခ်ိန္တုန္းကမ်ား သခင္မေလးတစ္ေယာက္ကို အခ်စ္ကြန္ရက္ႀကီးထဲ သိမ္းထည့္ထားတာလဲဆိုတာ မင္း ငါ့ကို ေျပာမျပရေသးဘူးေနာ္။ မင္း ႏွစ္ႏွစ္ေလာက္ ေပ်ာက္သြားၿပီး အခု ျပန္ေပၚလာေတာ့ မေမွ်ာ္လင့္ဘဲ ကေလးတစ္ေယာက္႐ွိေနၿပီ "
" အမ္း ....... " ေပၚယြီက မန္ေနဂ်ာက်န္းကို အေသးအဖြဲေလးေတြကအစ အျပည့္အစုံ အကုန္လုံး လိုက္ေျပာျပမေနေတာ့ဘဲ မေရရာသည့္အေျဖတစ္ခုသာ ျပဳလုပ္လိုက္သည္။
မန္ေနဂ်ာက်န္းကလည္း အေျဖကို တကယ္ သိခ်င္စိတ္ျဖစ္ေနတာမဟုတ္ေပ။သူ သက္ျပင္းခ်ကာ မေပ်ာ္မ႐ႊင္ ၿငီးတြားလိုက္သည္။
" ေၾသာ္ ဟုတ္သားပဲ။ ဟိုးအရင္ ကုမၸဏီက မင္းဆီ ေပးခဲ့ဖူးတဲ့ လက္ေထာက္ေ႐ွာင္က်န္းကို မွိတ္မိေသးလား ??? " မန္ေနဂ်ာက်န္း ႐ုတ္တရက္ ေမးလိုက္သည္။
ေပၚယြီ သူ႕ကို သံသယျဖစ္စြာ ၾကည့္လိုက္ေလသည္။
" အဲဒီေကာင္ေလးလားေတာ့ မေသခ်ာဘူး။ ဒါေပမယ့္ သူ တေလာတုန္းက trainee ေကာင္ေလးတသ္ေယာက္ေနာက္ကို လိုက္ၿပီး ပါပါရာဇီေတြဆီ အဲဒီ trainee ေလးရဲ႕သတင္းေတြကို တိတ္တိတ္ေလး ေရာင္းစားခဲ့တယ္တဲ့ေလ။ ျဖစ္ခ်င္ေတာ့ အဲဒီ trainee က ပါပါရာဇီရဲ႕ေဆြမ်ိဳးတစ္ေယာက္ျဖစ္ေနသတဲ့။ သူ႕ကံၾကမၼာကို ဖန္တီးခ်င္လို႔ သြားတာဆိုေပမယ့္ ပိုဆိုးတဲ့ အေျခအေနႀကီးတစ္ခုကို ပိုက္ၿပီးပဲ အိမ္ျပန္လာလိုက္ရတာေပါ့။ ခုေတာ့ သူ႕ရဲ႕ကံေကာင္းျခင္းေတြက လုံး၀ အဆုံးသတ္သြားၿပီ "
What the fuck !!!
ေပၚယြီခမ်ာ သူ႕ပါးစပ္ထဲက လက္ဖက္ရည္ေတြကိုေတာင္ ဖူးခနဲ ပန္းထုတ္ပစ္လိုက္မိလုနီးပါးပင္။ " ဘယ္လိုေတာင္ တိုက္ဆိုင္ေနမႈႀကီးလဲ !!! "
မန္ေနဂ်ာက်န္း ရယ္ေမာလိုက္သည္။ " သူကိုက ကံဆိုးတာပါကြာ။ အဲ့ေကာင္က အၿမဲတမ္း ကလိမ္ကက်စ္ေတြခ်ည္းလုပ္ေနတာ။ မဟုတ္ရင္ သူ ဒီေလာက္ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္ေတြထဲ ျပဳတ္က်သြားမွာမဟုတ္ဘူး "
" အဲဒါလည္း မွန္တာပဲ " ေ႐ွာင္က်န္းက ျပန္ေပးဆြဲသည့္ကိစၥတြင္ ခ်ီယန္အား အကူအညီေပးခဲ့တာကို သတိရလိုက္တဲ့အခါ ေပၚယြီ ေဒါသထြက္လာရသည္။
မန္ေနဂ်ာက်န္းက လက္ဖက္ရည္ခြက္ကို ေျမႇာက္ျပလိုက္တဲ့အခ်ိန္တြင္ ေပၚယြီ သူ ဆိုလိုတာကို နားလည္လိုက္ၿပီး ႏွစ္ေယာက္သား ေလထဲ၌ ခြၽင္ခနဲျမည္ေအာင္ ခြက္ခ်င္းတိုက္လိုက္ၾကေတာ့သည္။
သူတို႔ေတြက ဘာစကားမွမဆိုဘဲ တစ္ေယာက္ကို တစ္ေယာက္ ျပဳံးျပလိုက္ၾကေလသည္။
.
.
.
.
.
.
Hi guys , I'm back !!!!!!
မေန႔တုန္းက ေျဖေတာ့ေျဖခဲ့တာပဲ အေျဖတစ္ခုကို စိတ္ထင့္ေနတာပဲ႐ွိတယ္ေရာ္ ...
ကဲ . . . ကဲ . . . တစ္ပတ္ေလာက္ၾကာသြားလို႔ ေတာင္းပန္ပါတယ္ေညာ္ ... ဒီေန႔မနက္ အေစာႀကီးထၿပီး ေရးတင္ေပးလိုက္တယ္
ေနာက္ Ch ေခါင္းစဥ္ကို စပြိဳင္းရရင္ေတာ့ျဖင့္ " စုံစမ္းစစ္ေဆးျခင္း " ပါတဲ့႐ွင္
Vote and vote and vote , please !!!!!!