Hedgehog And Tiger [Myanmar T...

By Prunus_Tae

328K 53.9K 1.3K

Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I do... More

|Intro|
|1|
|2|
|3|
|4|
|5|
|6|
|7|
|8|
|9|
|10|
|11|
|12|
|13|
|14|
|15|
|16|
|17|
|18|
|19|
|20|
|21|
|22|
|23|
|24|
|25|
|26|
|27|
|28|
|29|
|30|
|31|
|32|
|33|
|34|
|35|
|36|
|37|
|38|
|39|
|40|
|41|
|42|
|43|
|44|
|45|
|46|
|47|
|48|
|49|
|50|
|51|
|52|
|53|
|54|
|55|
|56|
|57|
|58|
|59|
|60|
|61|
|62|
|63|
|64|
|65|
|66|
|67|
|68|
|69|
|70|
|71|
|72|
|73|
|74|
|75|
|76|
|77|
|78|
|79|
|80|
|81|
|82|
|83|
|84|
|85|
|86|
|87|
|88|
|89|
|90|
|91|
|92|
|93|
|94|
|95|
|96|
|97|
|98|
|99|
|100|
|101|
|102|
|103|
|104|
|105|
|106|
|107|
|108|
|109|
|110|
|111|
|112|
|113|
|114|
|115|
|116|
|118|
|119|
|120|
|121|
|122|
|123|
|124|
|125|
|126|
|127|
|128|
|129 - END|
|Extra 1|
|Extra 2|
|Extra 3|
|Extra 4|
|Extra 5|
|Extra 6|
|Extra 7|
|Extra 8|
|Extra 9|

|117|

1.5K 257 0
By Prunus_Tae

[Unicode]

အိုက်ထန်ဂိမ်းကုမ္ပဏီရဲ့ ပွဲဦးထွက်တုံ့ပြန်မှုက တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။
အဓိကအကြောင်းအရင်းကတော့ ပြည်တွင်းထုတ်ဂိမ်းတွေရဲ့ ကျော်ကြားမှုနည်းပါးခြင်းကြောင့်ပင်။
ယန်ထန့်အတွက် ကံကောင်းသွားတယ်လို့ပဲဆိုရမယ်။

အသေးစားဂိမ်းစျေးကွက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အထိတော့ စိတ်ကူးမရှိသေးဘူး။
အခုလောလောဆယ်ကိုပေါ့လေ။

မဟုတ်ရင်...နှမ်းစေ့အောင်ပြီး ဖရဲသီးတွေဆုံးရှုံးသွားရမယ်ဆို၊ သူတို့ရဲ့ဂိမ်းကုမ္ပဏီလေး မိုးထဲလေထဲ ပြိုလဲသွားကုန်မှာပေါ့။
အဲ့လိုအဖြစ်မျိုးက ရုပ်ပျက်ဆင်းပျက်နိုင်ပါလိမ့်မယ်...ဖြတ်သွားဖြတ်လာဖန်တွေတောင် ဂရုစိုက်ကုန်တော့မယ်မထင်မိဘူး။

အန်ဂျလာနဲ့လည်း သေချာဆွေးနွေးပြီးသွားပြီ။
လုပ်ဆောင်နိုင်စွမ်းမကောင်းမွန်ခင်ကို၊ စုံလုံးကန်းပြီး စျေးကွက်မချဲ့ထွင်သင့်ဘူး။

ကုမ္ပဏီရှိလူတိုင်းက၊ ယန်ထန်ရဲ့အချစ်ရေးဘဝကို သိရှိထားတယ်...ဆင်ဂယ်မဟုတ်ဘူးဆိုတာကိုပေါ့။

ဘော့စ်ယန်ထန်မှာ ချစ်သူရှိတယ်။

အဲ့ဒါကလည်း...ယောက်ျားတစ်ယောက်။

အစောပိုင်းတုန်းက၊ မုန့်တွေ ကော်ဖီတွေနဲ့အတူ ဟယ်ရှင်းချွမ်တစ်ယောက် ကုမ္ပဏီထဲပေါ်လာခဲ့သေးတယ်။
အန်ဂျလာ့လက်ထဲပါပါလာတဲ့ ကွတ်ကီးတွေကိုကြည့်ခြင်းအားဖြင့်လည်း...ယန်ထန့်ချစ်သူလေးဟာ ယဉ်ကျေးလိမ္မာလေးဖြစ်ရမယ်လို့၊ တီးတိုးဆိုနေကျပါတယ်။

အန်ဂျလာဟာ ကုမ္ပဏီထဲဝင်ရောက်လာခဲ့တယ်။
ယုတုန်ကို ယန်ထန့်ရုံးခန်းဆီလိုက်ပို့ပြီးနောက်မှာတော့၊ ပြန်လည်ထွက်ခွါသွားလေရဲ့။

ဖိုင်တွဲတွေရှာဖွေနေခဲ့တဲ့ယန်ထန်က 'အန်ကယ်ထန်'ဟူသော အော်ခေါ်သံကိုကြားလိုက်ရတယ်။

ယုတုန်က ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားကာ၊သိုးမွေးအနွေးထည်ကိုလည်း အပေါ်မှထပ်ဝတ်ထားတယ်။ ရှူးဖိနပ်အနက်ရောင်လေးဟာဖြင့် အနည်းငယ်စိုစွတ်လို့။

"သားမာမီရော? ဘယ်ရောက်သွားတာလဲ?"

"ရုပ်ရှင်သွားကြည့်တယ်၊ သားကိုက အန်ကယ်ရှင်းချွမ်တို့အိမ်မှာ ညစာစားလိုက်တဲ့"

ယန်ထန်က ယုတုန်ခေါင်းကိုပွတ်သပ်ပေးနေရင်း၊ ကော်ဖီစားပွဲကို လက်ညှိုးထိုးပြကာ
"အိမ်စာတွေ အရင်လုပ်လိုက်ဦး၊ ပြီးမှ အိမ်ပြန်ကျတာပေါ့။ ဗိုက်ဆာရင် ဘီစကွတ်တွေရှိတယ်၊ ယူစား"

ဘယ်ရီနီဘီစကွတ်မုန့်ဗူးလေးကို ကော်ဖီစားပွဲပေါ်တင်ပေးလိုက်တယ်။
ယုတုန်က ချက်ချင်းနှိုက်စားလေရဲ့...အိမ်စာလေးလုပ်လိုက် မုန့်လေးစားလိုက်နဲ့။

ညဘက်ရောက်ချိန်အထိ၊ အန်ဂျလာဟာ မဆက်သွယ်လာခဲ့ဘူး။
ဟယ်ရှင်းချွမ်က ယုတုန်ကို ညအိပ်သိပ်ပေးဖို့ပြင်ဆင်နေတယ်။

ရေချိုးပြီးတဲ့ယုတုန်ဟာ ထိုင်ခုံပေါ်ထိုင်ကာ၊ ခြေထောက်လေးတွေကို ရှေ့နောက်လှုပ်ကစားနေပါတယ်။ သူ့အတွက် အိပ်ရာပြင်ဆင်ပေးနေတဲ့၊ ဟယ်ရှင်းချွမ်ကိုလည်း ငေးကြည့်ရင်းပေါ့။

"အန်ကယ်ရှင်းချွမ်၊ မာမီက ချစ်သူရနေပြီထင်တယ်"

ယုတုန်စကားက ဟယ်ရှင်းချွမ်ကို လည်ချောင်းနင်စေလုမတတ်ပင်။
"အာ?"

တရုတ်ပြည်မှာ ကျောင်းတက်ရကတည်းက...ပတ်ဝန်းကျင်နဲ့ပိုမိုထိတွေ့လာရတဲ့ ယုတုန်ဟာ၊ ယန်ထန်အသေးစားလေးနဲ့တောင် ဆင်တူနေသေးတယ်။

ဇဝေဇဝါရုပ်လေးနဲ့ ဟယ်ရှင်းချွမ်ကိုမြင်တော့၊ မျက်တောင်လေးတွေ တဖြတ်ဖြတ်ခတ်ပြကာ
"အခုတလော၊ မာမီက အမြဲယောက်ျားလေးတစ်ယောက်နဲ့ဖုန်းပြောနေတာ။ ဒယ်ဒီအသစ်လိုချင်လားလည်း မေးနေသေးတယ်"

ဒီလိုကြီးမေးတာ ဆိုလိုချက်ကအသိသာကြီးပဲဟာ!

ခပ်ရှက်ရှက်ဖြစ်နေရတဲ့ဟယ်ရှင်းချွမ်ဟာ အပူပေးစက်ကို ခလုတ်လှမ်းဖွင့်လိုက်တယ်။
ထို့နောက်မှာတော့၊ ခြေထောက်တွေအေးစပြုနေတဲ့ယုတုန်ကို အိပ်ရာပေါ်ချီတင်ပေးတယ်။

ခြေထောက်လေးတွေကို လက်ဖဝါးနဲ့အုပ်မိုးပေးထားရင်း၊ ဟယ်ရှင်းချွမ်က မေးခွန်းတစ်ခုမေးတယ်။
"သားကကော လိုချင်လား?"

"သားမာမီကို လုယူသွားမှာလားဟင်?"

"တုန်တုန်၊ အန်ဂျလာက သားကိုပဲအချစ်ဆုံးပါ"

"သားတော့သိပ်စိတ်မချပါဘူး။ မာမီက အရမ်းတုံးတယ်၊ သားဒယ်ဒီကလည်း ခိုးပြီးဖောက်ပြန်ခဲ့တယ်လေ"

အန်ဂျလာရဲ့အိမ်ထောင်ရေးအခြေအနေကို ဟယ်ရှင်းချွမ်သိထားပြီးသားပါ။
သို့သော်လည်း...ကလေးငယ်လေးယုတုန်ကပါ သိနေလိမ့်မယ်လို့ မတွေးမိခဲ့တာတော့အမှန်ပင်။
နိုင်ငံခြားသားတွေရဲ့သွန်သင်ဆုံးမမှုက၊ သူတို့လူမျိုးတွေရဲ့နည်းနဲ့ ကွဲကွာနေလို့များလား?

သူဆိုရင်၊ ဟယ်ရှင်းလျန်စိတ်ပူရမဲ့ကိစ္စတွေကို ဘယ်တော့မှမဖွင့်ဟဖူးဘူး။
သူကိုယ်တိုင်ပဲ ဖြေရှင်းဖို့ကြိုးစားလေ့ရှိတယ်။

"တုန်တုန်၊ ဒီကိစ္စက သားနဲ့သားအမေကြားက ကိစ္စပဲ။ အန်ဂျလာရဲ့ရော သားရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ရော အန်ကယ်ရှင်းချွမ်က ဘာမှဝင်စွက်ဖက်လို့မဖြစ်ဖူးလေ။ အန်ကယ့်ကို နားလည်ပေးမယ်မဟုတ်လား?"

ယုတုန်မျက်နှာလေးဟာ အတွေးများစွာဖြင့်ပြည့်နှက်သွားရပုံပင်။
ခဏအကြာမှာတော့၊ ဟယ်ရှင်းချွမ်လည်ပင်းကို ဆွဲဖက်ကာ ပါးကိုအနမ်းပေးတယ်။
နောက်ပါးတစ်ဖက်ကိုပါ အနမ်းပေးလာပြီး
"အန်ကယ်ထန်က ရေချိုးတာအရမ်းကြာတယ်! အန်ကယ်ရှင်းချွမ်ကို အရင်ပေးထားမယ်နော်။ ပြီးမှ အန်ကယ်ထန်ကို တဆင့်ပေးပေး"

ထို့နောက်၊ စောင်လေးခြုံကာ ကွေးကွေးလေးအိပ်နေလေရဲ့။

ယုတုန်အိပ်ပျော်သွားခါမှ...ဟယ်ရှင်းချွမ်ဟာ အခန်းတံခါးကိုဖြေးညင်းစွာဖွင့်ပြီး၊ အခန်းအပြင်သို့ထွက်လာခဲ့တယ်။

"အန်ဂျလာ့အကြောင်းမလား?"

အခန်းအပြင်မှာရပ်နေသူက ယန်ထန်။
ဟယ်ရှင်းချွမ်ကတော့ ရုတ်တရပ်ဖြစ်သောကြောင့်၊ လန့်ဖြန့်သွားရသေးတယ်။
ပုခုံးပေါ်တင်ထားတဲ့တာဝါကို လှမ်းယူလိုက်ပြီး၊ ယန်ထန့်ဆံပင်တွေကို ရေသုတ်ပေးနေတယ်။

"ဘယ်လိုသိတာလဲ? ခိုးနားထောင်တာက ကောင်းတဲ့အကျင့်မဟုတ်ဘူးနော်၊ အန်ကယ်ထန်!"

ယန်ထန်က စီးကရက်တစ်လိပ်ကိုမီးညှိတယ်။
"ခိုးနားမထောင်ပါဘူး။ အန်ဂျလာ့ကို လိုက်နေတဲ့လူရှိတယ်လို့ ကုမ္ပဏီမှာလည်းပြောနေကျတာ။ မင်းက ယုတုန်နဲ့အကြာကြီးရှိနေတော့၊ အဲ့ပြဿနာက မင်းဆီရောက်လာမယ်ဆိုတာ သိနေတယ်လေ။"

ဟယ်ရှင်းချွမ်က ခြောက်သွေ့စပြုနေတဲ့ယန်ထန့်ဆံပင်တွေကို ဆွဲဖွလာတယ်။
"ဟုတ်ပါပြီ၊ အန်ကယ်ထန်ကိုက ဉာဏ်ကောင်းလွန်းနေတာပါ"

စကားဆုံးတော့၊ ယန်ထန့်ပါးကို လှမ်းနမ်းတယ်။
"ဒါက တုန်တုန်ပေးတဲ့အနမ်းကို တဆင့်ပြန်ပေးတာ"
ထို့နောက်၊ နောက်ပါးတစ်ဖက်ကို နမ်းရှိုက်ပြန်တယ်။
"ဒီတစ်ခုကတော့ ဟယ်ရှင်းချွမ်ရဲ့အနမ်း"

ယန်ထန့်မျက်လုံးတွေဟာ တလက်လက်တောက်ပလို့သွားပါတယ်။
ဟယ်ရှင်းချွမ်ကို ကုတင်ပေါ်တွန်းလှဲလိုက်ကာ...အဝတ်အစားတွေကို ဆွဲချွတ်စေရင်း၊ ခန္ဓာကိုယ်တစ်လျောက်ကို အနမ်းခြွေလာခဲ့တယ်။
"ဒါကတော့ ယန်ထန်ရဲ့အနမ်း~"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]

အိုက္ထန္ဂိမ္းကုမၸဏီရဲ႕ ပြဲဦးထြက္တုံ႔ျပန္မႈက ေတာ္ေတာ္ေလးေကာင္းမြန္ခဲ့ပါတယ္။
အဓိကအေၾကာင္းအရင္းကေတာ့ ျပည္တြင္းထုတ္ဂိမ္းေတြရဲ႕ ေက်ာ္ၾကားမႈနည္းပါးျခင္းေၾကာင့္ပင္။
ယန္ထန္႔အတြက္ ကံေကာင္းသြားတယ္လို႔ပဲဆိုရမယ္။

အေသးစားဂိမ္းေစ်းကြက္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အထိေတာ့ စိတ္ကူးမရွိေသးဘူး။
အခုေလာေလာဆယ္ကိုေပါ့ေလ။

မဟုတ္ရင္...ႏွမ္းေစ့ေအာင္ၿပီး ဖရဲသီးေတြဆုံးရႈံးသြားရမယ္ဆို၊ သူတို႔ရဲ႕ဂိမ္းကုမၸဏီေလး မိုးထဲေလထဲ ၿပိဳလဲသြားကုန္မွာေပါ့။
အဲ့လိုအျဖစ္မ်ိဳးက ႐ုပ္ပ်က္ဆင္းပ်က္ႏိုင္ပါလိမ့္မယ္...ျဖတ္သြားျဖတ္လာဖန္ေတြေတာင္ ဂ႐ုစိုက္ကုန္ေတာ့မယ္မထင္မိဘူး။

အန္ဂ်လာနဲ႔လည္း ေသခ်ာေဆြးေႏြးၿပီးသြားၿပီ။
လုပ္ေဆာင္ႏိုင္စြမ္းမေကာင္းမြန္ခင္ကို၊ စုံလုံးကန္းၿပီး ေစ်းကြက္မခ်ဲ႕ထြင္သင့္ဘူး။

ကုမၸဏီရွိလူတိုင္းက၊ ယန္ထန္ရဲ႕အခ်စ္ေရးဘဝကို သိရွိထားတယ္...ဆင္ဂယ္မဟုတ္ဘူးဆိုတာကိုေပါ့။

ေဘာ့စ္ယန္ထန္မွာ ခ်စ္သူရွိတယ္။

အဲ့ဒါကလည္း...ေယာက္်ားတစ္ေယာက္။

အေစာပိုင္းတုန္းက၊ မုန္႔ေတြ ေကာ္ဖီေတြနဲ႔အတူ ဟယ္ရွင္းခြၽမ္တစ္ေယာက္ ကုမၸဏီထဲေပၚလာခဲ့ေသးတယ္။
အန္ဂ်လာ့လက္ထဲပါပါလာတဲ့ ကြတ္ကီးေတြကိုၾကည့္ျခင္းအားျဖင့္လည္း...ယန္ထန္႔ခ်စ္သူေလးဟာ ယဥ္ေက်းလိမၼာေလးျဖစ္ရမယ္လို႔၊ တီးတိုးဆိုေနက်ပါတယ္။

အန္ဂ်လာဟာ ကုမၸဏီထဲဝင္ေရာက္လာခဲ့တယ္။
ယုတုန္ကို ယန္ထန္႔႐ုံးခန္းဆီလိုက္ပို႔ၿပီးေနာက္မွာေတာ့၊ ျပန္လည္ထြက္ခြါသြားေလရဲ႕။

ဖိုင္တြဲေတြရွာေဖြေနခဲ့တဲ့ယန္ထန္က 'အန္ကယ္ထန္'ဟူေသာ ေအာ္ေခၚသံကိုၾကားလိုက္ရတယ္။

ယုတုန္က ေက်ာင္းယူနီေဖာင္းကို ဝတ္ဆင္ထားကာ၊သိုးေမြးအေႏြးထည္ကိုလည္း အေပၚမွထပ္ဝတ္ထားတယ္။ ရွဴးဖိနပ္အနက္ေရာင္ေလးဟာျဖင့္ အနည္းငယ္စိုစြတ္လို႔။

"သားမာမီေရာ? ဘယ္ေရာက္သြားတာလဲ?"

"႐ုပ္ရွင္သြားၾကည့္တယ္၊ သားကိုက အန္ကယ္ရွင္းခြၽမ္တို႔အိမ္မွာ ညစာစားလိုက္တဲ့"

ယန္ထန္က ယုတုန္ေခါင္းကိုပြတ္သပ္ေပးေနရင္း၊ ေကာ္ဖီစားပြဲကို လက္ညႇိဳးထိုးျပကာ
"အိမ္စာေတြ အရင္လုပ္လိုက္ဦး၊ ၿပီးမွ အိမ္ျပန္က်တာေပါ့။ ဗိုက္ဆာရင္ ဘီစကြတ္ေတြရွိတယ္၊ ယူစား"

ဘယ္ရီနီဘီစကြတ္မုန္႔ဗူးေလးကို ေကာ္ဖီစားပြဲေပၚတင္ေပးလိုက္တယ္။
ယုတုန္က ခ်က္ခ်င္းႏႈိက္စားေလရဲ႕...အိမ္စာေလးလုပ္လိုက္ မုန္႔ေလးစားလိုက္နဲ႔။

ညဘက္ေရာက္ခ်ိန္အထိ၊ အန္ဂ်လာဟာ မဆက္သြယ္လာခဲ့ဘူး။
ဟယ္ရွင္းခြၽမ္က ယုတုန္ကို ညအိပ္သိပ္ေပးဖို႔ျပင္ဆင္ေနတယ္။

ေရခ်ိဳးၿပီးတဲ့ယုတုန္ဟာ ထိုင္ခုံေပၚထိုင္ကာ၊ ေျခေထာက္ေလးေတြကို ေရွ႕ေနာက္လႈပ္ကစားေနပါတယ္။ သူ႔အတြက္ အိပ္ရာျပင္ဆင္ေပးေနတဲ့၊ ဟယ္ရွင္းခြၽမ္ကိုလည္း ေငးၾကည့္ရင္းေပါ့။

"အန္ကယ္ရွင္းခြၽမ္၊ မာမီက ခ်စ္သူရေနၿပီထင္တယ္"

ယုတုန္စကားက ဟယ္ရွင္းခြၽမ္ကို လည္ေခ်ာင္းနင္ေစလုမတတ္ပင္။
"အာ?"

တ႐ုတ္ျပည္မွာ ေက်ာင္းတက္ရကတည္းက...ပတ္ဝန္းက်င္နဲ႔ပိုမိုထိေတြ႕လာရတဲ့ ယုတုန္ဟာ၊ ယန္ထန္အေသးစားေလးနဲ႔ေတာင္ ဆင္တူေနေသးတယ္။

ဇေဝဇဝါ႐ုပ္ေလးနဲ႔ ဟယ္ရွင္းခြၽမ္ကိုျမင္ေတာ့၊ မ်က္ေတာင္ေလးေတြ တျဖတ္ျဖတ္ခတ္ျပကာ
"အခုတေလာ၊ မာမီက အၿမဲေယာက္်ားေလးတစ္ေယာက္နဲ႔ဖုန္းေျပာေနတာ။ ဒယ္ဒီအသစ္လိုခ်င္လားလည္း ေမးေနေသးတယ္"

ဒီလိုႀကီးေမးတာ ဆိုလိုခ်က္ကအသိသာႀကီးပဲဟာ!

ခပ္ရွက္ရွက္ျဖစ္ေနရတဲ့ဟယ္ရွင္းခြၽမ္ဟာ အပူေပးစက္ကို ခလုတ္လွမ္းဖြင့္လိုက္တယ္။
ထို႔ေနာက္မွာေတာ့၊ ေျခေထာက္ေတြေအးစျပဳေနတဲ့ယုတုန္ကို အိပ္ရာေပၚခ်ီတင္ေပးတယ္။

ေျခေထာက္ေလးေတြကို လက္ဖဝါးနဲ႔အုပ္မိုးေပးထားရင္း၊ ဟယ္ရွင္းခြၽမ္က ေမးခြန္းတစ္ခုေမးတယ္။
"သားကေကာ လိုခ်င္လား?"

"သားမာမီကို လုယူသြားမွာလားဟင္?"

"တုန္တုန္၊ အန္ဂ်လာက သားကိုပဲအခ်စ္ဆုံးပါ"

"သားေတာ့သိပ္စိတ္မခ်ပါဘူး။ မာမီက အရမ္းတုံးတယ္၊ သားဒယ္ဒီကလည္း ခိုးၿပီးေဖာက္ျပန္ခဲ့တယ္ေလ"

အန္ဂ်လာရဲ႕အိမ္ေထာင္ေရးအေျခအေနကို ဟယ္ရွင္းခြၽမ္သိထားၿပီးသားပါ။
သို႔ေသာ္လည္း...ကေလးငယ္ေလးယုတုန္ကပါ သိေနလိမ့္မယ္လို႔ မေတြးမိခဲ့တာေတာ့အမွန္ပင္။
ႏိုင္ငံျခားသားေတြရဲ႕သြန္သင္ဆုံးမမႈက၊ သူတို႔လူမ်ိဳးေတြရဲ႕နည္းနဲ႔ ကြဲကြာေနလို႔မ်ားလား?

သူဆိုရင္၊ ဟယ္ရွင္းလ်န္စိတ္ပူရမဲ့ကိစၥေတြကို ဘယ္ေတာ့မွမဖြင့္ဟဖူးဘူး။
သူကိုယ္တိုင္ပဲ ေျဖရွင္းဖို႔ႀကိဳးစားေလ့ရွိတယ္။

"တုန္တုန္၊ ဒီကိစၥက သားနဲ႔သားအေမၾကားက ကိစၥပဲ။ အန္ဂ်လာရဲ႕ေရာ သားရဲ႕သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ေရာ အန္ကယ္ရွင္းခြၽမ္က ဘာမွဝင္စြက္ဖက္လို႔မျဖစ္ဖူးေလ။ အန္ကယ့္ကို နားလည္ေပးမယ္မဟုတ္လား?"

ယုတုန္မ်က္ႏွာေလးဟာ အေတြးမ်ားစြာျဖင့္ျပည့္ႏွက္သြားရပုံပင္။
ခဏအၾကာမွာေတာ့၊ ဟယ္ရွင္းခြၽမ္လည္ပင္းကို ဆြဲဖက္ကာ ပါးကိုအနမ္းေပးတယ္။
ေနာက္ပါးတစ္ဖက္ကိုပါ အနမ္းေပးလာၿပီး
"အန္ကယ္ထန္က ေရခ်ိဳးတာအရမ္းၾကာတယ္! အန္ကယ္ရွင္းခြၽမ္ကို အရင္ေပးထားမယ္ေနာ္။ ၿပီးမွ အန္ကယ္ထန္ကို တဆင့္ေပးေပး"

ထို႔ေနာက္၊ ေစာင္ေလးၿခဳံကာ ေကြးေကြးေလးအိပ္ေနေလရဲ႕။

ယုတုန္အိပ္ေပ်ာ္သြားခါမွ...ဟယ္ရွင္းခြၽမ္ဟာ အခန္းတံခါးကိုေျဖးညင္းစြာဖြင့္ၿပီး၊ အခန္းအျပင္သို႔ထြက္လာခဲ့တယ္။

"အန္ဂ်လာ့အေၾကာင္းမလား?"

အခန္းအျပင္မွာရပ္ေနသူက ယန္ထန္။
ဟယ္ရွင္းခြၽမ္ကေတာ့ ႐ုတ္တရပ္ျဖစ္ေသာေၾကာင့္၊ လန္႔ျဖန္႔သြားရေသးတယ္။
ပုခုံးေပၚတင္ထားတဲ့တာဝါကို လွမ္းယူလိုက္ၿပီး၊ ယန္ထန္႔ဆံပင္ေတြကို ေရသုတ္ေပးေနတယ္။

"ဘယ္လိုသိတာလဲ? ခိုးနားေထာင္တာက ေကာင္းတဲ့အက်င့္မဟုတ္ဘူးေနာ္၊ အန္ကယ္ထန္!"

ယန္ထန္က စီးကရက္တစ္လိပ္ကိုမီးညႇိတယ္။
"ခိုးနားမေထာင္ပါဘူး။ အန္ဂ်လာ့ကို လိုက္ေနတဲ့လူရွိတယ္လို႔ ကုမၸဏီမွာလည္းေျပာေနက်တာ။ မင္းက ယုတုန္နဲ႔အၾကာႀကီးရွိေနေတာ့၊ အဲ့ျပႆနာက မင္းဆီေရာက္လာမယ္ဆိုတာ သိေနတယ္ေလ။"

ဟယ္ရွင္းခြၽမ္က ေျခာက္ေသြ႕စျပဳေနတဲ့ယန္ထန္႔ဆံပင္ေတြကို ဆြဲဖြလာတယ္။
"ဟုတ္ပါၿပီ၊ အန္ကယ္ထန္ကိုက ဉာဏ္ေကာင္းလြန္းေနတာပါ"

စကားဆုံးေတာ့၊ ယန္ထန္႔ပါးကို လွမ္းနမ္းတယ္။
"ဒါက တုန္တုန္ေပးတဲ့အနမ္းကို တဆင့္ျပန္ေပးတာ"
ထို႔ေနာက္၊ ေနာက္ပါးတစ္ဖက္ကို နမ္းရႈိက္ျပန္တယ္။
"ဒီတစ္ခုကေတာ့ ဟယ္ရွင္းခြၽမ္ရဲ႕အနမ္း"

ယန္ထန္႔မ်က္လုံးေတြဟာ တလက္လက္ေတာက္ပလို႔သြားပါတယ္။
ဟယ္ရွင္းခြၽမ္ကို ကုတင္ေပၚတြန္းလွဲလိုက္ကာ...အဝတ္အစားေတြကို ဆြဲခြၽတ္ေစရင္း၊ ခႏၶာကိုယ္တစ္ေလ်ာက္ကို အနမ္းေႁခြလာခဲ့တယ္။
"ဒါကေတာ့ ယန္ထန္ရဲ႕အနမ္း~"

Continue Reading

You'll Also Like

460K 65.3K 48
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...
1.1M 47.5K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
189K 13.9K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
88.5K 8.1K 8
[Both Zawgyi and Unicode] ဒုတိယႀကိမ္ အခြင့္အေရးဆိုတာကိုသာ ရရင္...