Hedgehog And Tiger [Myanmar T...

By Prunus_Tae

327K 53.8K 1.3K

Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I do... More

|Intro|
|1|
|2|
|3|
|4|
|5|
|6|
|7|
|8|
|9|
|10|
|11|
|12|
|13|
|14|
|15|
|16|
|17|
|18|
|19|
|20|
|21|
|22|
|23|
|24|
|25|
|26|
|27|
|28|
|29|
|30|
|31|
|32|
|33|
|34|
|35|
|36|
|37|
|38|
|39|
|40|
|41|
|42|
|43|
|44|
|45|
|46|
|47|
|48|
|49|
|50|
|51|
|52|
|53|
|54|
|55|
|56|
|57|
|58|
|59|
|60|
|61|
|62|
|63|
|64|
|65|
|66|
|67|
|68|
|69|
|70|
|71|
|72|
|73|
|74|
|75|
|76|
|77|
|78|
|79|
|80|
|81|
|82|
|83|
|84|
|85|
|86|
|87|
|88|
|89|
|90|
|91|
|92|
|93|
|94|
|95|
|96|
|97|
|98|
|99|
|100|
|101|
|102|
|103|
|104|
|105|
|106|
|107|
|108|
|109|
|110|
|111|
|112|
|113|
|114|
|116|
|117|
|118|
|119|
|120|
|121|
|122|
|123|
|124|
|125|
|126|
|127|
|128|
|129 - END|
|Extra 1|
|Extra 2|
|Extra 3|
|Extra 4|
|Extra 5|
|Extra 6|
|Extra 7|
|Extra 8|
|Extra 9|

|115|

1.5K 244 9
By Prunus_Tae

[Unicode]

စာသင်ဆောင်ကြီးဟာ ဟောင်းနွမ်းပျက်စီးနေတဲ့ အဆောက်အအုံကြီးတစ်ခုပါ။
နံရံတစ်လျောက်တွင် နွယ်ပင်များယှက်နွယ်နေကာ...သစ်ရွက်ခြောက်များဟာလည်း ပြန့်ကျဲလို့။
ခြောက်ခြားစရာခံစားချက်များ ပေးစွမ်းနေသလိုလို။

ယန်ထန်က အပေါ်ထပ်တက်ဖို့ကို ပျင်းရိနေသောကြောင့်...လက်ညှိုးဖြင့်သာ ညွှန်ပြလာတယ်။
"ငါရယ် ဝူယွဲ့ရယ် ဖက်တီးရယ်က ဒီစာသင်ခန်းမှာတက်ရတာ၊ ဝူကျင်းနဲ့ချူးဖန်က ဘေးအခန်း။ ငါက အမြဲအပြင်မှာမတ်တပ်ရပ်ရတယ်၊ ဆရာက အပြစ်ပေးတာလေ။ အဲ့အချိန်ဆို ချူးဖန်တို့အတန်းထဲခိုးဝင်ပြီး၊ ကတ်ကစားကျတယ်။ မိသွားရင် အရမ်းအဆူခံရတာ"

ကျောင်းထဲလှည့်လည်နေပေမဲ့၊ သူတို့နှစ်ယောက်ကို ဘယ်သူကမှ မေးခွန်းမဆိုကျပါဘူး။

စားပွဲတင်တင်းနစ်အခန်းဆီ ရောက်တော့...ယန်ထန်က ဟယ်ရှင်းချွမ်ကိုတံတောင်နဲ့တို့ကာ၊ တစ်နေရာဆီ မျက်လုံးပင့်ပြတယ်။
"ဟေး၊ အဲ့အဘိုးကို ကြည့်လိုက်"

ဟယ်ရှင်းချွမ်က ယန်ထန်ညွှန်ပြရာဆီ လှမ်းကြည့်လိုက်တယ်။
အသက်၇၀ ၈၀အရွယ်အဘိုးအိုတစ်ယောက်...စားပွဲတင်တင်းနစ်ကို တစ်ယောက်တည်းလေ့ကျင့်နေခဲ့တာ။ ဘောလုံးကို ရိုက်တံဖြင့်မြှောက်ကစားနေကာ၊ မြေပြင်ပေါ်လုံးဝမကျလာတဲ့ဘောလုံးဟာ သူ့ရဲ့ကျွမ်းကျင်မှုကို ဖော်ပြနေပါတယ်။

"အဲ့ဒါက ငါတို့ရဲ့သမိုင်းဆရာလေ၊ ဆရာဘဝကတည်းက စားပွဲတင်တင်းနစ်ဆော့ရတာ အရမ်းသဘောကျတယ်။ ချူးဖန်နဲ့ငါ့ကို စာကူးခိုင်းပြီးအပြစ်ပေးတုန်းကဆို၊ သူ့ရဲ့ရိုက်တံမှာ ကော်တွေသုတ်ထားပစ်လိုက်တာ။ အဲ့နေ့မှာပဲ ဆရာအဆင့်ချစ်ကြည်ရေးပြိုင်ပွဲကို ကစားရတာလေ၊ ဘောလုံးက ရိုက်တံမှာလုံးဝကြီးကပ်နေခဲ့တာ! ပြန်ကိုကျမလာဘူး!"

အတိတ်အကြောင်း စကားကောင်းနေတုန်းမှာ၊ ထိုအဘိုးက သူတို့ဘက်လှည့်ကြည့်လာလေရဲ့။
အိတ်ကပ်ထဲမှမျက်မှန်ကို ကောက်တပ်ရင်း၊ သူတို့ကို သေချာစူးစမ်းကြည့်ရှုနေပါတယ်။
"နှစ်ယောက်ဘာလုပ်နေကျတာလဲ? ကျောင်းဝင်ခွင့်ကတ်ပြားရှိလို့လား?"

"ဆရာ၊ ကျွန်တော်က ၁၂တန်းတုန်းက ကျောင်းသားပါ။ ကျောင်းကို ပြန်လာလည်တာပါ"
ပြောရင်းနဲ့ပဲ၊ ယန်ထန်က ရိုက်တံတစ်ခုကောက်ယူလိုက်တယ်။
"ဆရာ့လေ့ကျင့်ခန်းကို ကျွန်တော်ကူပေးပါ့မယ်!"

နိုဝင်ဘာလရဲ့အဆုံးသတ်ခါနီးကြီးကို...အမျိုးသားနှစ်ယောက်ဟာ အားကြိုးမာန်တက် ပင်းပေါင်ဆော့နေကျပါလား???
ဘေးမှာကြည့်နေရသူ ဟယ်ရှင်းချွမ်ကတော့၊ နှာခေါင်းတောင် အေးခဲသွားတော့မလိုပဲ။

ယန်ထန်က တန်ပြန်ရိုက်ချက်ကို မလုပ်ဆောင်တော့ဘူး။ ပြုတ်ကျသွားတဲ့ဘောလုံးကို ကောက်ယူကာ၊ ဆရာကျင်းဆီ ပြန်ကမ်းပေးလိုက်တယ်။

ဆရာကျင်းက ဘောလုံးကိုလက်ခံလိုက်ပြီး၊ သူတို့နဲ့အတူ ခန်းမအပြင်သို့လိုက်ထွက်လာပါတယ်။
"တင်းနစ်ကစားတာ ကျွမ်းကျင်တဲ့သူနဲ့မဆုံရတာကြာခဲ့ပြီ။ ကောင်လေး မင်းလည်းသိပ်မကစားဖြစ်ဘူးမဟုတ်လား?"

ယန်ထန်က လိမ္မာတဲ့ကျောင်းသားလေးအကြည့်ဖြင့် ဆရာကျင်းကိုပြန်ကြည့်နေတယ်။
ဟယ်ရှင်းချွမ်မျက်လုံးထဲမှာတော့...အမြီးဖွားဖွားကိုဝှက်ထားတဲ့ ဝံပုလွေဆိုးကြီးနဲ့ပိုတူနေပါတယ်။

"ကုမ္ပဏီကိစ္စတွေကြောင့် သိပ်မကစားဖြစ်တော့ဘူး၊ အရင်တုန်းကဆို ဘတ်စကတ်ဘောအရမ်းကစားခဲ့တာ"

"အလုပ်လုပ်ရတာနဲ့ပဲ၊ အားကစားကို လျစ်လျူရှုလိုက်လို့မဖြစ်ဘူးလေ။ အခုရော ဘာအလုပ်လုပ်နေတာလဲ?"

"အသေးစားဂိမ်းကုမ္ပဏီတစ်ခုကို တည်ထောင်ထားပါတယ်။ ဒီနှစ်ထဲမှာပဲ ရုံးခန်းပြောင်းနိုင်မယ်လို့တော့တွက်ထားတယ်"

"အိုး! ထူးချွန်တဲ့ကောင်လေးပဲ! မင်းက ဘယ်အခန်းကလဲကွဲ့?"

ယန်ထန်က ပြုံးတယ်...ပြုံးရင်းနဲ့လဲ ဟယ်ရှင်းချွမ်လက်ကို တွဲလိုက်သေးတယ်။
"၁၂တန်း ဆရာ့ရဲ့အခန်းကကျောင်းသားပါ၊ ယန်ထန်လို့ခေါ်ပါတယ်"

"ယန် ထန်..."

ဆရာကျင်းရဲ့အတွေးများနေပုံကို မြင်တော့၊ ယန်ထန်က ထပ်မံဖြည့်စွက်ပြောပြလာပါတယ်။
"ဟုတ်ပါတယ်၊ ဆရာဆူတာအမြဲခံနေရတဲ့ ကျောင်းသားယန်ထန်ပါ။ အဖေ့လုပ်စာထိုင်စားနေပြီး၊ အဖြစ်မရှိတဲ့ကောင်လို့ အပြောခံရတဲ့သူပါ။ ဘယ်တော့မှထူးချွန်မှာမဟုတ်ဘူးဆိုတဲ့ ယန်ထန်လေ၊ မှတ်မိပြီလားခင်ဗျ?"

"......"

ထန်ကောက တကယ်ကိုအညှိုးကြီးတာပဲ!

စကားအဆုံးမှာတော့...ဆရာကျင်းရဲ့ဖြူဖတ်ဖြူရော်မျက်နှာကို ဂရုမစိုက်ဘဲ၊ ယန်ထန်က ဟယ်ရှင်းချွမ်လက်ကိုတွဲကာ အပြင်ပြန်ထွက်သွားတယ်။
ခံစားချက်တွေ ကောင်းမွန်နေပုံပါပဲ!

မြို့ငယ်လေးဖြစ်တာကြောင့်၊ ဟိုတယ်ခပ်ကြီးကြီးမျိုးတွေ မရှိဘူး။
အကောင်းဆုံးရနိုင်တာကတော့...အဲယားကွန်းရှိတဲ့ နှစ်ယောက်အိပ်အခန်း။

ဟယ်ရှင်းချွမ်ဟာ အေးစက်သောရာသီဥတုကို ခံနိုင်ရည်မရှိဘူး။ ယန်ထန်တို့ စားပွဲတင်တင်းနစ်ကစားနေချိန်ကတည်းက၊ နှာရည်ကျချင်နေခဲ့တာ။

အခန်းထဲပြန်ရောက်ရောက်ချင်း၊ ယန်ထန်က ရေချိုးခန်းထဲတန်းဝင်သွားတယ်။
ရေနွေးဖြည့်လိုက်ပြီး၊ ဟယ်ရှင်းချွမ်ကို ရေအရင်ချိုးစေတယ်။

ရေနွေးနွေးလေးကြောင့်...အတော်လေးသက်သာသွားပြီ။

ရေအမြန်ချိုးပြီးနောက်၊ အိပ်ရာပေါ်ရှိစောင်ပုံကြားထဲ အလျင်အမြန်တိုးဝင်လာတယ်။

"ရေချိုးဆပ်ပြာက အိမ်ကဟာနဲ့အရမ်းကွာတယ်!"

ယန်ထန်က ဟယ်ရှင်းချွမ်ပြောတဲ့ရေချိုးဆပ်ပြာကို သွားကြည့်ဖို့ဟန်ပြင်တယ်။
လှဲနေရာမှ ထလာကာ
"ဘယ်တစ်ခုကို ပြောတာလဲ?"

တစ်ခုတည်းသောအနွေးဓာတ်လေး လွတ်ထွက်သွားမှာ စိုးရိမ်ရတာကြောင့်၊ ဟယ်ရှင်းချွမ်က ယန်ထန့်လည်ပင်းကို လှမ်းဆွဲဖက်လေရဲ့။
ယန်ထန်ဟာ ဟယ်ရှင်းချွမ်ပေါ်အုပ်မိုးလျက်သား...

"အနံ့က ငါ့ကိုယ်ပေါ်မှာလည်းရှိတယ်၊ အနံ့ခံကြည့်လိုက်"

...

ဟယ်ရှင်းချွမ်နိုးထလာချိန်မှာ၊ အရင်ဆုံးခံစားမိတာက...ခါးရဲ့နာကျင်မှုပါပဲ။
မနေ့ညက...ဘယ်နှကြိမ်လောက် အဖိခံခဲ့ရသလဲ?
လှုပ်ပဲ့ပဲ့ကုတင်တောင်၊ သူတို့လက်ချက်နဲ့ကျိုးကျသွားမှာ စိုးရိမ်ရတယ်!

အပြင်ဘက်မှာ မှောင်ရိပ်သမ်းနေတုန်းပင်။
တစ်ခန်းလုံးကို ကာရံထားတဲ့လိုက်ကာတွေကြောင့်၊ ပတ်ဝန်းကျင်ဟာ အနက်ရောင်ဖြစ်နေခဲ့တယ်။

ထိုအနက်ရောင်ထဲမှာပဲ၊ လိမ္မော်ရောင်တောက်ပနေတဲ့ စီးကရက်မီးကိုတွေ့မြင်နိုင်တယ်လေ။

လှုပ်ရှားသံကြားရတော့၊ ယန်ထန်က စီးကရက်ကိုမီးသတ်လိုက်တယ်။
ကုတင်ပေါ်ပြန်တက်လာကာ၊ ဖြူလေးကို ရင်ခွင်ထဲ ပွေ့ဖက်တယ်။
"စောသေးတယ်၊ ပြန်အိပ်ရင်အိပ်ဦး"

ယန်ထန့်ကိုယ်ပေါ်မှ ဆေးလိပ်နံ့ကြောင့်ရယ်လားမသိ...ဟယ်ရှင်းချွမ်ဟာ ပြန်မအိပ်ချင်တော့ပါဘူး။
မျက်လုံးတွေကို ပွတ်သပ်နေရင်း
"အစောဆုံးရထားက ဘယ်အချိန်လဲ?"

"...၆:၃၀"

ဖုန်းဖွင့်ကြည့်မိတော့၊ အချိန်က ၅:၂၀။

ထန်ကောကိုယ်ပေါ်က ထူထပ်လှတဲ့ဆေးလိပ်အနံ့ဟာ၊ တစ်ညလုံးမအိပ်ရသေးကြောင်း ပြသလို့နေတယ်။

"မျက်နှာသွားသစ်တော့မယ်! ပြောတော့ ဒီကဆိုဒါပေါင်မုန့်က အရမ်းအရသာရှိတယ်ဆို! နောက်ကျရင် မစားလိုက်ရဘဲဖြစ်သွားမှာ!"

အကြောင်းပြချက်တစ်ခုကို ချပြလိုက်ရင်း၊ ဟယ်ရှင်းချွမ်က ယန်ထန့်ကိုပြုံးပြတယ်။

ထို့နောက်၊ အဝတ်တွေဝတ်ကာ ရေချိုးခန်းထဲဝင်သွားခဲ့တယ်။

<T/N:

ဆိုဒါပေါင်မုန့်(Irish Soda Bread)-တဆေးအစား ဆိုဒါအသုံးပြုသော ပေါင်မုန့်>

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]

စာသင္ေဆာင္ႀကီးဟာ ေဟာင္းႏြမ္းပ်က္စီးေနတဲ့ အေဆာက္အအုံႀကီးတစ္ခုပါ။
နံရံတစ္ေလ်ာက္တြင္ ႏြယ္ပင္မ်ားယွက္ႏြယ္ေနကာ...သစ္႐ြက္ေျခာက္မ်ားဟာလည္း ျပန္႔က်ဲလို႔။
ေျခာက္ျခားစရာခံစားခ်က္မ်ား ေပးစြမ္းေနသလိုလို။

ယန္ထန္က အေပၚထပ္တက္ဖို႔ကို ပ်င္းရိေနေသာေၾကာင့္...လက္ညႇိဳးျဖင့္သာ ၫႊန္ျပလာတယ္။
"ငါရယ္ ဝူယြဲ႕ရယ္ ဖက္တီးရယ္က ဒီစာသင္ခန္းမွာတက္ရတာ၊ ဝူက်င္းနဲ႔ခ်ဴးဖန္က ေဘးအခန္း။ ငါက အၿမဲအျပင္မွာမတ္တပ္ရပ္ရတယ္၊ ဆရာက အျပစ္ေပးတာေလ။ အဲ့အခ်ိန္ဆို ခ်ဴးဖန္တို႔အတန္းထဲခိုးဝင္ၿပီး၊ ကတ္ကစားက်တယ္။ မိသြားရင္ အရမ္းအဆူခံရတာ"

ေက်ာင္းထဲလွည့္လည္ေနေပမဲ့၊ သူတို႔ႏွစ္ေယာက္ကို ဘယ္သူကမွ ေမးခြန္းမဆိုက်ပါဘူး။

စားပြဲတင္တင္းနစ္အခန္းဆီ ေရာက္ေတာ့...ယန္ထန္က ဟယ္ရွင္းခြၽမ္ကိုတံေတာင္နဲ႔တို႔ကာ၊ တစ္ေနရာဆီ မ်က္လုံးပင့္ျပတယ္။
"ေဟး၊ အဲ့အဘိုးကို ၾကည့္လိုက္"

ဟယ္ရွင္းခြၽမ္က ယန္ထန္ၫႊန္ျပရာဆီ လွမ္းၾကည့္လိုက္တယ္။
အသက္၇၀ ၈၀အ႐ြယ္အဘိုးအိုတစ္ေယာက္...စားပြဲတင္တင္းနစ္ကို တစ္ေယာက္တည္းေလ့က်င့္ေနခဲ့တာ။ ေဘာလုံးကို ႐ိုက္တံျဖင့္ေျမႇာက္ကစားေနကာ၊ ေျမျပင္ေပၚလုံးဝမက်လာတဲ့ေဘာလုံးဟာ သူ႔ရဲ႕ကြၽမ္းက်င္မႈကို ေဖာ္ျပေနပါတယ္။

"အဲ့ဒါက ငါတို႔ရဲ႕သမိုင္းဆရာေလ၊ ဆရာဘဝကတည္းက စားပြဲတင္တင္းနစ္ေဆာ့ရတာ အရမ္းသေဘာက်တယ္။ ခ်ဴးဖန္နဲ႔ငါ့ကို စာကူးခိုင္းၿပီးအျပစ္ေပးတုန္းကဆို၊ သူ႔ရဲ႕႐ိုက္တံမွာ ေကာ္ေတြသုတ္ထားပစ္လိုက္တာ။ အဲ့ေန႔မွာပဲ ဆရာအဆင့္ခ်စ္ၾကည္ေရးၿပိဳင္ပြဲကို ကစားရတာေလ၊ ေဘာလုံးက ႐ိုက္တံမွာလုံးဝႀကီးကပ္ေနခဲ့တာ! ျပန္ကိုက်မလာဘူး!"

အတိတ္အေၾကာင္း စကားေကာင္းေနတုန္းမွာ၊ ထိုအဘိုးက သူတို႔ဘက္လွည့္ၾကည့္လာေလရဲ႕။
အိတ္ကပ္ထဲမွမ်က္မွန္ကို ေကာက္တပ္ရင္း၊ သူတို႔ကို ေသခ်ာစူးစမ္းၾကည့္ရႈေနပါတယ္။
"ႏွစ္ေယာက္ဘာလုပ္ေနက်တာလဲ? ေက်ာင္းဝင္ခြင့္ကတ္ျပားရွိလို႔လား?"

"ဆရာ၊ ကြၽန္ေတာ္က ၁၂တန္းတုန္းက ေက်ာင္းသားပါ။ ေက်ာင္းကို ျပန္လာလည္တာပါ"
ေျပာရင္းနဲ႔ပဲ၊ ယန္ထန္က ႐ိုက္တံတစ္ခုေကာက္ယူလိုက္တယ္။
"ဆရာ့ေလ့က်င့္ခန္းကို ကြၽန္ေတာ္ကူေပးပါ့မယ္!"

ႏိုဝင္ဘာလရဲ႕အဆုံးသတ္ခါနီးႀကီးကို...အမ်ိဳးသားႏွစ္ေယာက္ဟာ အားႀကိဳးမာန္တက္ ပင္းေပါင္ေဆာ့ေနက်ပါလား???
ေဘးမွာၾကည့္ေနရသူ ဟယ္ရွင္းခြၽမ္ကေတာ့၊ ႏွာေခါင္းေတာင္ ေအးခဲသြားေတာ့မလိုပဲ။

ယန္ထန္က တန္ျပန္႐ိုက္ခ်က္ကို မလုပ္ေဆာင္ေတာ့ဘူး။ ျပဳတ္က်သြားတဲ့ေဘာလုံးကို ေကာက္ယူကာ၊ ဆရာက်င္းဆီ ျပန္ကမ္းေပးလိုက္တယ္။

ဆရာက်င္းက ေဘာလုံးကိုလက္ခံလိုက္ၿပီး၊ သူတို႔နဲ႔အတူ ခန္းမအျပင္သို႔လိုက္ထြက္လာပါတယ္။
"တင္းနစ္ကစားတာ ကြၽမ္းက်င္တဲ့သူနဲ႔မဆုံရတာၾကာခဲ့ၿပီ။ ေကာင္ေလး မင္းလည္းသိပ္မကစားျဖစ္ဘူးမဟုတ္လား?"

ယန္ထန္က လိမၼာတဲ့ေက်ာင္းသားေလးအၾကည့္ျဖင့္ ဆရာက်င္းကိုျပန္ၾကည့္ေနတယ္။
ဟယ္ရွင္းခြၽမ္မ်က္လုံးထဲမွာေတာ့...အၿမီးဖြားဖြားကိုဝွက္ထားတဲ့ ဝံပုေလြဆိုးႀကီးနဲ႔ပိုတူေနပါတယ္။

"ကုမၸဏီကိစၥေတြေၾကာင့္ သိပ္မကစားျဖစ္ေတာ့ဘူး၊ အရင္တုန္းကဆို ဘတ္စကတ္ေဘာအရမ္းကစားခဲ့တာ"

"အလုပ္လုပ္ရတာနဲ႔ပဲ၊ အားကစားကို လ်စ္လ်ဴရႈလိုက္လို႔မျဖစ္ဘူးေလ။ အခုေရာ ဘာအလုပ္လုပ္ေနတာလဲ?"

"အေသးစားဂိမ္းကုမၸဏီတစ္ခုကို တည္ေထာင္ထားပါတယ္။ ဒီႏွစ္ထဲမွာပဲ ႐ုံးခန္းေျပာင္းႏိုင္မယ္လို႔ေတာ့တြက္ထားတယ္"

"အိုး! ထူးခြၽန္တဲ့ေကာင္ေလးပဲ! မင္းက ဘယ္အခန္းကလဲကြဲ႕?"

ယန္ထန္က ၿပဳံးတယ္...ၿပဳံးရင္းနဲ႔လဲ ဟယ္ရွင္းခြၽမ္လက္ကို တြဲလိုက္ေသးတယ္။
"၁၂တန္း ဆရာ့ရဲ႕အခန္းကေက်ာင္းသားပါ၊ ယန္ထန္လို႔ေခၚပါတယ္"

"ယန္ ထန္..."

ဆရာက်င္းရဲ႕အေတြးမ်ားေနပုံကို ျမင္ေတာ့၊ ယန္ထန္က ထပ္မံျဖည့္စြက္ေျပာျပလာပါတယ္။
"ဟုတ္ပါတယ္၊ ဆရာဆူတာအၿမဲခံေနရတဲ့ ေက်ာင္းသားယန္ထန္ပါ။ အေဖ့လုပ္စာထိုင္စားေနၿပီး၊ အျဖစ္မရွိတဲ့ေကာင္လို႔ အေျပာခံရတဲ့သူပါ။ ဘယ္ေတာ့မွထူးခြၽန္မွာမဟုတ္ဘူးဆိုတဲ့ ယန္ထန္ေလ၊ မွတ္မိၿပီလားခင္ဗ်?"

"......"

ထန္ေကာက တကယ္ကိုအညႇိဳးႀကီးတာပဲ!

စကားအဆုံးမွာေတာ့...ဆရာက်င္းရဲ႕ျဖဴဖတ္ျဖဴေရာ္မ်က္ႏွာကို ဂ႐ုမစိုက္ဘဲ၊ ယန္ထန္က ဟယ္ရွင္းခြၽမ္လက္ကိုတြဲကာ အျပင္ျပန္ထြက္သြားတယ္။
ခံစားခ်က္ေတြ ေကာင္းမြန္ေနပုံပါပဲ!

ၿမိဳ႕ငယ္ေလးျဖစ္တာေၾကာင့္၊ ဟိုတယ္ခပ္ႀကီးႀကီးမ်ိဳးေတြ မရွိဘူး။
အေကာင္းဆုံးရႏိုင္တာကေတာ့...အဲယားကြန္းရွိတဲ့ ႏွစ္ေယာက္အိပ္အခန္း။

ဟယ္ရွင္းခြၽမ္ဟာ ေအးစက္ေသာရာသီဥတုကို ခံႏိုင္ရည္မရွိဘူး။ ယန္ထန္တို႔ စားပြဲတင္တင္းနစ္ကစားေနခ်ိန္ကတည္းက၊ ႏွာရည္က်ခ်င္ေနခဲ့တာ။

အခန္းထဲျပန္ေရာက္ေရာက္ခ်င္း၊ ယန္ထန္က ေရခ်ိဳးခန္းထဲတန္းဝင္သြားတယ္။
ေရေႏြးျဖည့္လိုက္ၿပီး၊ ဟယ္ရွင္းခြၽမ္ကို ေရအရင္ခ်ိဳးေစတယ္။

ေရေႏြးေႏြးေလးေၾကာင့္...အေတာ္ေလးသက္သာသြားၿပီ။

ေရအျမန္ခ်ိဳးၿပီးေနာက္၊ အိပ္ရာေပၚရွိေစာင္ပုံၾကားထဲ အလ်င္အျမန္တိုးဝင္လာတယ္။

"ေရခ်ိဳးဆပ္ျပာက အိမ္ကဟာနဲ႔အရမ္းကြာတယ္!"

ယန္ထန္က ဟယ္ရွင္းခြၽမ္ေျပာတဲ့ေရခ်ိဳးဆပ္ျပာကို သြားၾကည့္ဖို႔ဟန္ျပင္တယ္။
လွဲေနရာမွ ထလာကာ
"ဘယ္တစ္ခုကို ေျပာတာလဲ?"

တစ္ခုတည္းေသာအေႏြးဓာတ္ေလး လြတ္ထြက္သြားမွာ စိုးရိမ္ရတာေၾကာင့္၊ ဟယ္ရွင္းခြၽမ္က ယန္ထန္႔လည္ပင္းကို လွမ္းဆြဲဖက္ေလရဲ႕။
ယန္ထန္ဟာ ဟယ္ရွင္းခြၽမ္ေပၚအုပ္မိုးလ်က္သား...

"အနံ႔က ငါ့ကိုယ္ေပၚမွာလည္းရွိတယ္၊ အနံ႔ခံၾကည့္လိုက္"

...

ဟယ္ရွင္းခြၽမ္ႏိုးထလာခ်ိန္မွာ၊ အရင္ဆုံးခံစားမိတာက...ခါးရဲ႕နာက်င္မႈပါပဲ။
မေန႔ညက...ဘယ္ႏွႀကိမ္ေလာက္ အဖိခံခဲ့ရသလဲ?
လႈပ္ပဲ့ပဲ့ကုတင္ေတာင္၊ သူတို႔လက္ခ်က္နဲ႔က်ိဳးက်သြားမွာ စိုးရိမ္ရတယ္!

အျပင္ဘက္မွာ ေမွာင္ရိပ္သမ္းေနတုန္းပင္။
တစ္ခန္းလုံးကို ကာရံထားတဲ့လိုက္ကာေတြေၾကာင့္၊ ပတ္ဝန္းက်င္ဟာ အနက္ေရာင္ျဖစ္ေနခဲ့တယ္။

ထိုအနက္ေရာင္ထဲမွာပဲ၊ လိေမၼာ္ေရာင္ေတာက္ပေနတဲ့ စီးကရက္မီးကိုေတြ႕ျမင္ႏိုင္တယ္ေလ။

လႈပ္ရွားသံၾကားရေတာ့၊ ယန္ထန္က စီးကရက္ကိုမီးသတ္လိုက္တယ္။
ကုတင္ေပၚျပန္တက္လာကာ၊ ျဖဴေလးကို ရင္ခြင္ထဲ ေပြ႕ဖက္တယ္။
"ေစာေသးတယ္၊ ျပန္အိပ္ရင္အိပ္ဦး"

ယန္ထန္႔ကိုယ္ေပၚမွ ေဆးလိပ္နံ႔ေၾကာင့္ရယ္လားမသိ...ဟယ္ရွင္းခြၽမ္ဟာ ျပန္မအိပ္ခ်င္ေတာ့ပါဘူး။
မ်က္လုံးေတြကို ပြတ္သပ္ေနရင္း
"အေစာဆုံးရထားက ဘယ္အခ်ိန္လဲ?"

"...၆:၃၀"

ဖုန္းဖြင့္ၾကည့္မိေတာ့၊ အခ်ိန္က ၅:၂၀။

ထန္ေကာကိုယ္ေပၚက ထူထပ္လွတဲ့ေဆးလိပ္အနံ႔ဟာ၊ တစ္ညလုံးမအိပ္ရေသးေၾကာင္း ျပသလို႔ေနတယ္။

"မ်က္ႏွာသြားသစ္ေတာ့မယ္! ေျပာေတာ့ ဒီကဆိုဒါေပါင္မုန္႔က အရမ္းအရသာရွိတယ္ဆို! ေနာက္က်ရင္ မစားလိုက္ရဘဲျဖစ္သြားမွာ!"

အေၾကာင္းျပခ်က္တစ္ခုကို ခ်ျပလိုက္ရင္း၊ ဟယ္ရွင္းခြၽမ္က ယန္ထန္႔ကိုၿပဳံးျပတယ္။

ထို႔ေနာက္၊ အဝတ္ေတြဝတ္ကာ ေရခ်ိဳးခန္းထဲဝင္သြားခဲ့တယ္။

<T/N:

ဆိုဒါေပါင္မုန္႔(Irish Soda Bread)-တေဆးအစား ဆိုဒါအသုံးျပဳေသာ ေပါင္မုန္႔>

Continue Reading

You'll Also Like

178K 27.3K 65
Author : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and art...
5.2K 496 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...
310K 24.9K 29
Mini Story Uni Life Style Sweet Romance
3.3M 212K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်